← Chapters

စေ့စပ်ညှိနှိုင်းခြင်း

Vol. 4 Ch. 31

စေ့စပ်ညှိနှိုင်းခြင်း

Vol. 4 Ch. 31

စုချန်းသည် စုမျိုးနွယ်စု ခြံဝင်းသို့ ပြန်လာခဲ့၏။ သူသည် ဟိုဝင်သည်ထွက် မလုပ်တော့ပဲ မြူခိုးလက်သီးရင်ပြင်ဆီသို့ တည့်တည့်မတ်မတ်ပင် ဦးတည်လျှောက်လာခဲ့၏။ ဝင်ပေါက်သို့ရောက်သည်နှင့် စုချန်းတယောက် သစ္စာဖောက်တပည့်ကျော် ကျန်းစင်းနှင့် တည့်တည့်ပင် တိုးတော့သည်။ ထိုအခါ ကျန်းစင်းက

"သခင်လေး သခင်လေး ဒီကနေ ကျွန်တော့ကို မခေါ်ပဲ ထွက်ခွာသွားမယ်လို့ ကြားထားတာ တကယ်ပဲလား ကျွန်တော်တော့ တကယ်ပဲ နားမလည်တော့ဘူး ကျွန်တော်ဟာ သခင်လေးရဲ့ ကိုယ်ရေးကိုယ်တာ အစေခံ လက်ကတုံးတောင်ဝှေး မဟုတ်တော့ဘူးလား ခင်ဗျာ"

စုချန်းက ချိုသာစွာပြုံးရင်း နှစ်သိမ့်လိုက်သည်။

"ကျောက်စိမ်းနန်းတော်ကို နောက်ဆုံးတခေါက်သွားလည်တဲ့နေရာမှာ ခင်ဗျားကို ခေါ်သွားစရာ ဘာများလိုသလဲဗျ ခင်ဗျာဟာ ကျွန်တော့ရဲ့ လက်ကတုံးတောင်ဝှေးတင်မဘူး ဘဏ္ဍစိုးအကြီးအကဲတယောက် ဖြစ်နေဆဲပါပဲ"

ကျန်းစင်းက သူ့မေးစေ့ကို အသာအယာ ပွတ်သပ်ရင်း ပြောလိုက်သည်။

"သခင်လေးရဲ့ ရက်ရောမှုအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ တနေ့က သခင်လေးရဲ့လုပ်ရပ်ကတော့ တကယ့်ကို အံ့မခန်းပဲဗျို့ သခင်လေးရဲ့သတင်းက ဟိုးလေးတကြော်ကြော် ဖြစ်သွားပြီဗျ ဘယ်သူမှ ဂရုမထားပဲ မနေရဲတော့ဘူး ဒီကနေ့ ကျင်းညီအစ်ကိုတွေ ကျွန်တော့ကိုေွ့တော့ အတော်လေး ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံနေကြတယ်"

စုချန်းက အတွင်းသို့ လှမ်းဝင်ရင်း ရယ်ရယ်မောမောနှင့် ပြောလိုက်၏။

"ဒါကြောင့်မို့ ခင်ဗျားကိုကြည့်ရတာ ရွှင်ရွှင်လန်းလန်းနဲ့ ဖြစ်နေတာကိုးဗျ"

ကျန်းစင်းက စုချန်း၏ နောက်မှ ကပ်လိုက်လာ၏။ သူက မေးလိုက်ပြန်သည်။

"ဒါနဲ့ ကျွန်တော် စဉ်းစားလို့မရတာ တခုရှိတယ်ဗျ သခင်လေးဟာ စုယွဲ့ မြင်းလှည်းပေါ်မှာ အကောက်ကြံထားမှန်း ဘယ်လိုများ သိနေတာလဲလို့"

ထိုအခါ စုချန်းက လမ်းလျှောက်ခြင်းကို ရပ်တန်ပြီး လေးနက်တည်ကြည်သော လေသံနှင့် ပြောလိုက်သည်။

"ဟေ့ မင်းက ကိုယ့်သခင်လေးရဲ့ လျှို့ဝှက်ချက်ကို လာပြီး အစ်အောက်နေတာလားကွ"

ကျန်းစင်းက သူ့ခေါင်းကို မလုံမလဲနှင့် ကုတ်ရင်း ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်။

"ကျွန်တော်က သိချင်ရုံသက်သက်ပါ သခင်လေးရဲ့"

စုချန်းက ပြောလိုက်သည်။

"ကောင်းပြီ ခင်ဗျားသိချင်ဆိုရင် ကျွန်တော် ပြောပြမယ် တကယ်တော့ စုယွဲ့ရဲ့လုပ်ရပ်ကို ကျွန်တော် တကယ် မမြင်ပါဘူး ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်ကို မြင်တဲ့ တခြားလူတွေ ရှိတယ်ဗျ ဒီလူတွေက ကျွန်တော့ကို သတိပေးကြတယ် ဒါကြောင့် ကျွန်တော် စုယွဲ့ကို ဆုံးမလိုက်တာပဲ"

ကျန်းစင်းက

"ဘယ်လို ဘယ်လို သခင်လေးကို တိတ်တဆိတ် သတိပေးတဲ့လူရှိတယ် ဟုတ်လား ဘယ်သူများလဲဗျ မင်ချူးလား"

စုချန်းက ဖြေလိုက်သည်။

"အဲဒီအချိန်တုန်းက မင်ချူးက ကျူးဟုန်ကို သွားခေါ်တောဗျ ဒါကြောင့်မို့ သူ့အနေနဲ့ ကျွန်တော့ကို သတိပေးဖို့ မဖြစ်နိုင်ဘူး ခင်ဗျားကို ကျွန်တော် အမှန်အတိုင်းပဲ ပြောလိုက်မယ် အဲဒီလူဟာ စုယွဲ့ရဲ့ လူတွေထဲက တယောက်ပဲ"

"ဗျာ"

ကျန်းစင်းတယောက် အံ့သြသင့်လွန်း၍ မှင်တက်သွား၏။ စုယွဲ့၏ လူများထဲတွင် စုချန်းကို တိတ်တဆိတ် သစ္စာခံထားသူမှာ မည်သူများ ဖြစ်လေသနည်း။ ထိုအခိုက်မှာပင် စုချန်းသည် သူ၏ လျှို့ဝှက်ချက်များအား ဖွင့်ပြောမိနေသည်ကို သတိထားမိလာဟန်ဖြင့် တိုးညှင်းသော လေသံနှင့် ပြောလိုက်သည်။

"ကဲ ကဲ ဒီလောက်သိရရင် တော်ရော့ပေါ့ နောက်ထပ် ဘာမှ မမေးနဲ့တော့"

စုချန်းတယောက် သူ့အပေါ် အနည်းငယ် စိမ်းကားနေသည်ဟု ခံစားရသော်လည်း ကျန်းစင်းအနေနှင့် မည်သို့မျှ မတတ်နိုင်ပါ။ သူက ခေါင်းညိတ်နာခံလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ သခင်လေး ဒါနဲ့ နောက်ထပ် ဘာများအမိန့်ပေးစရာ ကျန်အုံးမလဲခင်ဗျာ"

မည်သည့်အမိန့်မျှ ပေးစရာမရှိတော့ကြောင်း လက်ကာပြရင်း စုချန်းတယောက် အခန်းတွင်းသို့ လှမ်းဝင်သွား၏။ အခန်းအတွင်းသို့ရောက်သော် သူက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ အတန်ကြာသော် သူက ခေါင်းကို နောက်သို့လှည့်ရင်း အော်ဟစ်လိုက်သည်။

"ဟေ့ ကျန်းစင်း"

ကျန်းစင်းက စုချန်းကို စိုက်ကြည့်ရင်း ဖြေလိုက်သည်။

"သခင်လေး ဘာကိစ္စများ ရှိလို့ပါလဲ ခင်ဗျာ"

စုချန်းက

"ကျွန်တော့အတွက် ရေနွေးနည်းနည်းလောက် ရနိုင်မလားဗျ ပြီးတော့ ဒုတိယပုံစံ ရေချိုးကန်ကို အသုံးပြုလို့ ရမရ သေချာအောင် ကြည့်ခဲ့ပေး"

ရုတ်တရက် စိတ်ရှုပ်ထွေးသွားဟန် ရှိသော်လည်း ကျန်းစင်းက အာမဘန္တေပြုလိုက်သည်။ ထိုအချိန်တွင် စုချန်းသည် အတွင်းသို့ လိုက်မဝင်ပဲ အပြင်ဘက်၌သာ စောင့်လျက် ကျန်ခဲ့၏။ အတန်ကြာသောအခါ ကျန်းစင်းတယောက် ရေအပြည့်ထည့်ထားသော စည်ပိုင်းငယ်တခုကို သယ်ပိုးလျက် ရောက်ရှိလာ၏။ အနှီစည်ပိုင်းငယ်သည် ရှေးဟောင်းကြေးနီတမျိုးနှင့် ပြုလုပ်ထားခြင်း ဖြစ်လေရာ အတော်ပင် လေးလံလှသည်။ ကျန်းစင်းတယောက်တည်း သယ်ယူရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ကြေးနီစည်ပိုင်းငယ်ကို နေရာချပြီးသောအခါ စုချန်းက ကျန်းစင်းကို သူမိခင်အား ကြည့်ရှုရန် စေလွှတ်လိုက်၏။ ထို့နောက်တွင်မှ သူက အခန်းတွင်းသို့ လှမ်းဝင်လိုက်သည်။ အခန်းတွင်းသို့ရောက်သည်နှင့် စုချန်းက ပြတင်းပေါက်ကို တဝက်ခန့်ဖွင့်ထားကာ စည်ပိုင်းအတွင်းရှိ ရေနွေးနှင့် မျက်နှာကို ပွတ်သပ်ရင်း သက်တောင့်သက်သာရှိသော အမူအရာနှင့် ပြောလိုက်၏။

"ခုချိန်ထိ ထွက်မသွားသေးဘူးဆိုရင်လည်း ဝင်လာခဲ့ပါလား ကျုပ်တို့နှစ်ယောက် စကားလေးဘာလေး ပြောကြတာပေါ့ဗျ"

အပြင်ဘက်တွင်ကား တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်သည့် တုံ့ပြန်သံမျှပင် ပေါ်ထွက်မလာ။ စုချန်းက ပြုံးလိုက်သည်။ ထို့နောက် သူက ကြေးနီစည်ပိုင်းငယ်ကို လက်တဖက်ဖြင့် ဆုပ်ကိုင်ကာ ကိုယ်ခန္ဓာကို တပတ်လှည့်လိုက်၏။ ဆူပွက်နေသော ရေနွေးမှ ထွက်ပေါ်လာသော အငွေ့များသည် စုချန်း၏ ပတ်ပတ်လည်တွင် ထူထပ်သိပ်သည်းသော အလွှာတခုပမာ ဖြစ်ပေါ်လာ၏။

ကြေးနီစည်ပိုင်းသည် ရေများသာ မရှိတော့လျင် ဒိုင်းတခုပမာ ကာကွယ်ထားသော အနေအထားမျိုး ရောက်အောင် စုချန်းက အလိုက်သင့် ကိုင်တွယ်ထားခြင်း ဖြစ်သည်။ သူ့ကိုယ်ဟန်နေအထားမှာ ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း ခံစစ်ကား လုံလှပေ၏။

စုချန်းက စကားဆက်ပြန်သည်။

"စုမျိုးနွယ်စုခြံဝင်းထဲက ဘယ်သူမှမသိအောင် ဝင်လာနိုင်တဲ့အတွက် တကယ့်ကို ကျွမ်းကျင်သူတယောက် ဖြစ်လိမ့်မယ်လို့ ယူဆရတယ် ဒါပေမဲ့ ခင်ဗျားဟာ ကျွန်တော် ဒီနေရာကို ရောက်တဲ့အချိန်ထိ ဘာလှုပ်ရှားမှုမှ မစသေးပဲ ငြိမ်သက်နေတာကို တွေ့ရတယ် ဖြစ်နိုင်တာကတော့ ကျွန်တော်သာ တချက်တည်းနဲ့ မသေလို့ရှိရင် စုမျိုးနွယ်စုတခုလုံးကို သတိပေးလိုက်သလို ဖြစ်သွားမှာကို ခင်ဗျား စိုးရိမ်နေလို့ပဲ မဟုတ်လား နောက်ဆုံးမှာတော့ ခင်ဗျားက အပိုင်အခွင့်အရေး ရတဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပုံရတယ် ကံမကောင်းတာက ကျွန်တော်ဟာ ကိုယ့်ဟာကိုယ် ကာကွယ်ဖို့ ပြင်ဆင်ပြီးပြီဖြစ်လို့ ဒီလိုအခွင့်အရေးမျိုးက ရမလာနိုင်တော့ဘူးဗျ ဒီတော့ ဒုက္ခခံမနေပါနဲ့ အိပ်ယာဘေးက မိတ်ဆွေ ထွက်သာထွက်လာခဲ့ပါဗျာ ကျွန်တော်တို့ စကားပြောကြရအောင်"

စုချန်း၏ နောက်ဆုံးစကားသည် မိမိကိုယ် မိမိ လုံလှပြီအထင်နှင့် ပုန်းအောင်းနေသောလူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို ပျက်ပြားသွားစေခဲ့၏။ ပြာနှမ်းအက်ကွဲနေသော အသံတသံ ထွက်ပေါ်လာ၏။

"ကျုပ်ကိုကျုပ် ပုံဖျက်ဖုန်းကွယ်တဲ့နေရာမှာ တော်လှပြီလို့ ထင်ထားတာ မင်းက ကျုပ်ကို ဘယ်လိုများ ရှာတွေ့သွားတာလဲ"

သိပ်မကြာမီ အနက်ရောင်ဝတ်ဆင်ထားသော လူတယောက် စုချန်း၏ ဆယ်စွယ်ကုတင် အရိပ်ထဲမှ တိုးထွက်လာ၏။ ထိုလူ နဂိုပြောကြားထားသည့်အတိုင်း မည်သူတဦးတယောက်မျှပင် ထိုလူကို ရှာတွေ့နိုင်ဖွယ်ရာ မရှိ။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် အရိပ်အတွင်းသို့ တိုးဝင်လိုက်သောအခါ ၎င်း၏ ကိုယ်ခန္ဓာနှင့် အရိပ်သည် ရောနှောသွားပြီး မည်သည်က အရိပ်၊ မည်သူကလူမှန်း ခွဲခြားရန် ခက်ခဲသည့် အြခေအနေမျိုး ဖြစ်လာတော့သည်။

ထိုပညာရပ်မျိုးကို အနက်ရောင်ဖုံးကွယ်ခြင်းဟု ခေါ်၏။ လောကတွင် ပြီးပြည့်စုံသည့် ပညာရပ်မျိုး မရှိသည့်နည်းတူ အနက်ရောင်ဖုံးကွယ်ခြင်းပညာတွင်လည်း အားနည်းချက်၊ အပြစ်အနာအဆာတို့ ရှိကြသည်သာ။ အကယ်၍ တစုံတယောက်သည် ၎င်းတို့ရှိမှန်း ရိပ်မိ၍ ပြင်ဆင်ထားခဲ့လျင် ဆက်လက် ပုန်းကွယ်ရန် အလွန် ခက်ခဲ၏။ အထူးသဖြင့် ရေနွေးပူ တဇလုံခန့်နှင့်သာ ဖြန်းပက်ခံရလျင် အနက်ရောင်ဖုံးကွယ်ခြင်းသည် အသုံးမကျတော့ချေ။

စုချန်းက ပြုံးလိုက်သည်။

"မျက်ကန်းတယောက်ဟာ အခန်းထဲမှာ လူရှိမရှိဆိုတာ မျက်လုံးတွေမပါပဲလည်း ရှာဖွေနိုင်တယ်ဗျ"

ထိုစကားမှာ အမှန်ပင် ဖြစ်သည်။ စုချန်းသည် ထိုလူအား အကြားအရုံကြောင့် ရှာဖွေတွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။ အခန်းတွင်းသို့ ရောက်ကတည်းက မိမိအခန်းတွင်း၌ မဖိတ်ခေါ်ပဲ လာသော ဧည့်သည်တယောက်တော့ ရောက်နှင်နေပြီ ဖြစ်ကြောင်း စုချန်းက အတပ်သိလိုက်၏။ ထိုလူသည် အသက်အောင့်ထားသော်လည်း ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ မရောက်သေးသူ ဖြစ်လေရာ နှလုံးခုန်နှုန်းကိုကား မထိန်းချုပ်နိုင်ခဲ့ချေ။ ထိုအချိန်တွင် စုချန်း၏ အခန်းကလည်း အတော်ပင် တိတ်ဆိတ်နေသည့်အပြင် သူတို့၏ အကွာအဝေးကလည်း နီးကပ်နေရာ စုချန်းသည် ထိုလူ၏ နှလုံးခုန်သံကို ကြားသိနိုင်ခဲ့၏။

အခန်းထဲတွင် လူတယောက်ရှိနေမှန်း သေသေချာချာ သိနေသော်လည်း ထိုလူ၏ အရိပ်အယောက်ကိုပင် မမြင်ရလေရာ ထိုလူသည် ကောင်းသောရည်ရွယ်ချက်နှင့် လာသောဧည့်သည်မဟုတ်မှန်း သိသာနေခဲ့လေပြီ။ရက်ပိုင်းအတွင်းဝယ် ကံဆိုးခြင်းပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်ဖြစ်လေရာ မဖိတ်ခေါ်ပဲရောက်လာသော ဧည့်သည်သည် မည်သူမည်ဝါမှန်း စုချန်း ချက်ချင်းရိပ်မိလိုက်၏။

စုချန်း၏ သတ္တိအရာကိုမူကား ချီးမွမ်းရပေလိမ့်မည်။ အကြီးအကဲစန်းသည် မိမိကို သတ်ဖြတ်ရန် တစုံတယောက်ကို စေလွှတ်လိုက်ပြီးမှန်း သူသဘောပေါက်၏။ သို့သော်သူသည် ထွက်ပြေးရန် မစဉ်းစားခဲ့ချေ။ လာမည့်ဘေးကို ပြေးတွေ့ရန်သာ ကြိုးစား၏။ သူ့အနေနှင့် ရန်သူကိုရင်ဆင်ရန် ပြင်ဆင်ထားခဲ့လေပြီ။

အနက်ရောင်ဝတ်ဆင်ထားသော လူသတ်သမားသည် ဖိအားများစ ပြုလာလေပြီ။ သူက မတတ်သာပဲ ထုတ်ဖော်ဝန်ခံလိုက်ရ၏။

"မင်းအနေနဲ့ လင်ချီးကို သတ်နိုင်ခဲ့တာ အံ့သြစရာတော့ မရှိဘူး မင်းက တော်တော်လေးတော့ ကျွမ်းကျင်မှု ရှိသားပဲ ကဲ ပြောစမ်းပါအုံး မင်းက ကျုပ်ကို ဘာပြောချင်တာလဲ"

ထိုလူ၏ စကားကို ကြားလိုက်ရသောအခါ စုချန်း၏ မျက်နှာပေါ်တွင် ထိမ်းမနိုင်သိမ်းမရသော အပြုံး ပေါ်ပေါက်လာ၏။ သူ၏ ထင်မြင်ယူဆချက်မှာ မှန်ကန်နေခဲ့လေပြီ။ သူမူလက ယူဆထားသည့်အတိုင်း အလည်ရောက်လာသော ဧည့်သည်သည် အကြီးအကဲစန်း၏ လူတယောက်ပေတကား။ ယမန်နေ့က အဖြစ်အပျက်များ ဖြစ်ပွားနေသည့်အချိန်တွင် အကြီးအကဲစန်းသည် စုချန်းအား သတ်ဖြတ်ရန် လူတယောက် စေလွှတ်ခဲ့ပုံရသည်။ အကြီးအကဲစန်း၏ လုပ်ရပ်မှာကား တိကျပြတ်သားပြီး ရက်စက်လှ၏။

လူသတ်သမားအတွက်မှာကား တညမျှသာ ပြင်ဆင်ချိန် ရခဲ့ခြင်းဖြစ်လေရာ ကံဆိုးခဲ့လေပြီဟု ဆိုသော်ရ၏။ အကြောင်းမှာ ထိုအချိန်တွင် စုချန်းသည် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ခဲ့ပြီးလေပြီ။ စုချန်းက ပြုံးစိစိနှင့် ပြောလလိုက်သည်။

"ကျွန်တော်ပြောမှာက ရိုးရိုးလေးပါဗျာ ခင်ဗျားဟာ ကျွန်တော့အိပ်ယာပေါ်မှာ အကြာကြီး ထိုင်နေပြီးတော့ ဘာဖြစ်လို့ ခေါင်းအုံးအောက်ကို လှန်မကြည့်တာလည်း မေးမလို့ပါ"

ထိုအခါ အနက်ရောင်ဝတ်ဆင်ထားသော လူသတ်သမားက ခေါင်းအုံးကို ယူကာ လှန်လှောကြည့်လိုက်၏။ ထိုလူသည် ခေါင်းအုံးကို ထောင်ချောက်တခု၏ မောင်းခလုတ်ဖြစ်နေမည် စိုးရိမ်သည့် ဟန်ပန်ဖြင့် ဂရုတစိုက်နှင့် ဆွဲယူလိုက်ခြင်းဖြစ်သည်။ သို့သော် ထိုနေရာတွင် မည်သည့်ထောင်ချာက်မျှ ရှိမနေပါ။ အလုံပိတ်ထားသော စာတစောင်သာ ငြိမ်းချမ်းစွာ လဲလျောင်းလျက်ရှိသည်။

စုချန်းက ပြောလိုက်သည်။

"စာကိုယူပြီး ဖွင့်ဖတ်ကြည့်လိုက်ပါဗျ"

အနက်ရောင်ဝတ်ဆင်ထားသူက စာကိုယူ၍ ဖွင့်ဖတ်လိုက်၏။ ထိုလူသည် မျက်နှာကို ဖုံးကွယ်ထားသော်လည်း စုချန်း၏ အမူအရာက မည်သည့်အရာကိုမျှ မမြင်ရသည့်ဟန်ပန်ဖြင့် မျက်ကန်းတယောက်ပမာ ပုံဖမ်းထားလေသည်။ ထိုစာမှာ အခြားစာမဟုတ်။ ယမန်နေ့က တောအုပ်အတွင်းဝယ် ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာတို့ကို အသေးစိတ် မှတ်တမ်းတင်ထားသော စာတစောင်သာ ဖြစ်သည်။

"ဟာ"

အာမေဋိတ်သံ ထွက်ပေါ်လာ၏။ ထိုလူသည် စာကိုဖတ်ပြီးသည်နှင့် ရုတ်တရက် ခုန်ထကာ မီးဖိုချောင်အတွင်းသို့ ပြေးဝင်၍ လက်ထဲရှိစာကို ပြာချပစ်လိုက်လေသည်။ အတော်ပင် လျင်မြန်ဖြတ်လတ်သည့် လူပေတည်း။ ထိုလူ၏ လှုပ်ရှားမှုကို ကြည့်ကာ စုချန်းက တွေးလိုက်သည်။

"ကြည့်ရတာ ဒီလူက ချီစွမ်းအားပညာတော်သင်တယောက် ဖြစ်မယ် အရမ်းသန်မာတဲ့အဆင့်ထိတော့ မရောက်သေးပေမဲ့ မုချ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အဆင့်တခုမှာ ရှိရမယ်"

သွေးဆူပွက်ခြင်းနယ်ပယ် သို့ ယန်လမ်းကြောင်းဖွင့်လှစ်ခြင်းနယ်ပယ်ဟူသည်မှာ အဘယ်နည်း။ လက်ရှိ အခြေအနေအရ ထိုလူသည် ယန်လမ်းကြောင်းဖွင့်လှစ်ခြင်းနယ်ပယ်မှလူတော့ ဟုတ်ပုံမရ။ အကြောင်းမှာ စုချန်းတို့၏ သခင်ကြီးဘုရားသည် ယန်လမ်းကြောင်းဖွင့်လှစ်ခြင်းနယ်ပယ်မှ လူတယောက် ဖြစ်နေသောကြောင့်ပင်။ ထိုအခြေအနေ အဆင့်အတန်းမှ လူတယောက်အား မျိုးနွယ်စု၏ သာမာန်သခင်လေးတယောက်ကို သတ်ဖြတ်ရန် စေလွှတ်ခြင်းမှာ ယုတ္တိမတန်လှ။

ဤသို့ဆိုလျင် ထိုလူသည် သွေးဆူပွက်ခြင်းနယ်ပယ်မှ လူတယောက်သာ ဖြစ်ကောင်းပေလိမ့်မည်။ သို့သော် ထိုလူ၏ ပုံစံမှာ ချီစွမ်းအားစုဆောင်းခြင်နယ်ပယ်မှ လူတယောက်နှင့်သာ ပို၍ တူနေ၏။ စုချန်းသည် သူ့စိတ်ထဲတွင် ပအလွန် လျင်မြန်စွာ တွက်ချက်နေ၏။

အနက်ရောင်ဝတ်ဆင်ထားသောလူသည် စုချန်းတယောက် သူ့ခွန်အားကို တွက်ဆနေခြင်းကို ရိပ်မိပုံမရ။ သူက သာမာန်လေသံနှင့် ပြောလိုက်သည်။

"ဒီလိုနည်းလမ်းနဲ့ ကျုပ်ကို လှည့်စားလို့ရမယ်လို့ မင်းမတွေးသင့်ဘူး ဒါက မင်းရဲ့ နောက်ဆုံးကောက်ရိုးတမျှင်ပဲ ဆိုပါစို့ ဘာပဲဖြစ်ဖြစ် ကျုပ်က မင်းကိုသတ်လိုက်ရင် ဒီကိစ္စက မြုပ်နှံပီးသား ဖြစ်သွားမှာပဲ"

စုချန်းက ထိုလူကို သနားဂရုဏာသက်သော လေသံနှင့် ပြောလိုက်သည်။

"ခင်ဗျားက တကယ့်လူမိုက်ပဲ ခင်ဗျားအနေနဲ့ ကိုယ့်ဟာကို ပြန်မေးကြည့်သင့်တယ်ဗျ မျက်မမြင်တယောက်က ဒီလို စာမျိုူးကို ဘယ်လိုလုပ် ရေးနိုင်သလဲဆိုတာကိုပေါ့"

အနက်ရောင်ဝတ်ဆင်ထားသူ မှင်သက်ငေးမောသွား၏။ စုချန်း၏ စကားက မဆုံးသေးပါ။ ထိုလူကို နောက်တကြိမ် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

"ခင်ဗျားက သက်သေကို မြန်မြန်ဆန်ဆန်ပဲ ဖျက်ဆီးလိုက်တာကိုးဗျ တကယ်လို့သာ မဖျက်ဆီးလိုက်ရင် ခင်ဗျားအနေနဲ့ လက်ရေးကို စစ်ဆေးကြည့်နိုင်မှာပဲ"

All Chapters