ပန်းသုံးပွင့်စုဆုံ တာအိုသတ်ဖြတ်ခြင်းနည်းစနစ်
Vol. 20 Ch. 300
ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုက ကောင်းကင်အင်မော်တယ်အဆင့်သို့ရောက်လာသည်။ထိုအရာက ချီမင်အဆင့်တက်ဖို့လုံလောက်ပေမယ့် ဖြစ်စဉ်တစ်ခုကြုံတွေ့ရန်တော့လိုသေးသည်။
ထိုအခိုက်တွင် မမြင်နိုင်မထိတွေ့နိုင်သည့် လောကပြင်ပမှလာသော ကောင်းကင်နှင့်မြေကြီး၏မဟာတာအိုက စီးဆင်းလားသည်။မဟာတာအိုပန်းပွင့်တို့မှာ လေဟာနယ်ထဲတွင် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာကြ၏။
သူက ဂရုတစိုက်လေ့လာလိုက်သည်။မဟာတာအိုပန်းတို့မှာ ဖရိုဖရဲအရောင်ဖြစ်ပြီး မြူခိုးများ ဝေ့ဝဲနေသည်။ထို့ပြင် ပွင့်လွှာ(၂၄)ချပ်ရှိသည်။ပွင့်လွှာတိုင်းက မဟာတာအိုပုံစံကွက်များ ဖြစ်သည်။
သိပ်မကြာလိုက်ဘဲ မဟာတာအိုပန်း(၁၂၉,၆၀၀)ပွင့် ပွင့်လန့်လာသည်။သူတို့က ချီမင်ကိုဝန်းရံကာ လှည့်ပတ်လာ၏။အင်မော်တယ်တေးသံများမြည်လာပြီး နက်နဲမှုမျိုးစုံပါဝင်သည့် တာအိုတေးသံများ အဆုံးမဲ့ထွက်ပေါ်လာသည်။
“ပန်းသုံးပွင့်အနှစ်သာရ၊ချီ၊ဝိညာဉ်သိပ်သည်း”
ချီမင်က ခပ်ဖျော့ဖျော့အော်ဟစ်လိုက်သည်။သူက ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်တော့ ဓမ္မစွမ်းအားကတိုးမြှင့်ထွက်ပေါ်လာ၏။သူက ပစ္စည်းစာရင်းကို ဖွင့်လိုက်သည်။အင်မော်တယ်သလင်းကျောက်များမှာ ခမ်းနားသည့်နဂါးငွေ့တန်းအသွင် ထွက်လာသည်။
ထို့နောက် ချီမင်က အင်မော်တယ်သလင်းကျောက်များထဲမှ အင်မော်တယ်ချီကိုစုပ်ယူကာ သူ့ကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။သူက ကျင့်ကြံခြင်းနည်းစနစ်ထဲတွင် သန့်စင်ပစ်လိုက်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း၏နက်နဲမှုများကိုသုံးကာ အနှစ်သာရ၊ချီနှင့်ဝိညာဉ်တို့ကို သိပ်သည်းလိုက်သည်။
အချိန်တိုလေးအတွင်းမှာ အနှစ်သာရပန်း၊ချီပန်းနှင့်ဝိညာဉ်ပန်းတို့မှာ သိပ်သည်းသွားတော့သည်။ပန်းသုံးပွင့်သိပ်သည်းနေသည့် မြင်ကွင်းပေါ်လာသည်။
ထိုအရာက အစသာရှိသေးသည်။
“စုစည်း”
ချီမင်က နောက်တစ်ကြိမ်အော်ဟစ်လိုက်သည်။သူ့ခေါင်းထက်မှာ အနှစ်သာရပန်း၊ချီပန်းနှင့်ဝိညာဉ်ပန်းတို့မှာ အတူတကွပေါင်းစပ်သွားပြီး ခမ်းနားသည့်ပန်းတစ်ပွင့်ဖြစ်သွားသည်။
လူသာပန်းတွင် (၂၄)လွှာရှိသည်။ထိုအရာက ဖြည်းညင်းစွာလွင့်မြောလာပြီး လှပသည့်အလင်းထုတ်လွှတ်လာသည်။
“မြေကြီးပန်း”
အတွေးတစ်ချက်ဖြင့် ချီမင်က သူ့ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုက သူ့နောက်က ထွက်လာသည်။အရပ်မျက်နှာအနှံ့က ကြီးမားသည့်တောင်များနှင့် ကမ္ဘာမြေချီတို့ကို လျင်မြန်စွာဖြင့် ဖုံးလွှမ်းသွားတော့သည်။
တဖြည်းဖြည်းနှင့် ချီမင်အထက်တွင် (၂၄)လွှာမြေကြီးပန်းတစ်ပွင့် သိပ်သည်းသွားသည်။
“ကောင်းကင်ပန်း”
သိပ်မကြာခင်မှာပဲ လေဟာနယ်ထဲကနေ နေမင်းလမင်းကြယ်တာရာတို့အထိ မြင့်တက်သွားတော့သည်။ကောင်းကင်ချီနှင့်လေဟာနယ်စွမ်းအားတို့မှာ စုစည်းလာပြီး (၂၄)လွှာကောင်းကင်ပန်းတစ်ပွင့်အဖြစ်သိပ်သည်းသွားသည်။
ထိုသို့ဖြင့် ကောင်းကင်ပန်း၊မြေကြီးပန်း၊လူသားတို့မှာ ထိပ်တွင်စုစည်းသွားကြတော့သည်။
ချက်ချင်းဆိုသလိုပဲ ကောင်းကင်နှင့်မြေကြီးဥပဒေသစွမ်းအားတို့ တဟုန်ထိုးတက်လာပြန်သည်။ကောင်းကင်နှင့်မြေကြီးဥပဒေသစွမ်းအားနှင့် ချီမင်၏ဓမ္မစွမ်းအားကပေါင်းစပ်သွားပြီး လေးပွင့်မြောက်ဥပဒေသပန်း သိပ်သည်းသွားသည်။
ထိုသို့ဖြင့် ပန်းလေးပွင့်လုံး စုဆုံသွားတော့သည်။
ဒါတောင် အဆုံးမသတ်သေးပေ။
ပန်းလေးပွင့်လုံးစုဆုံပြီးသွားနောက်မှာ ကောင်းကင်နှင့်မြေကြီးဥပဒေသစွမ်းအားက ပိုးဖလံကမီးကိုတိုးနေသည့်အလား မြင့်တက်လာပြန်သည်။ထိုအရာက (၂၄)လွှာစည်းမျဉ်းပန်းပွင့်အဖြစ် ချီမင်၏ခေါင်းထက်တွင်စုစည်းသွားသည်။
ပန်းငါးပွင့်ကထိပ်တွင် စုဝေးသွား၏။
ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်က စတင်လည်ပတ်လာသည်။မမြင်နိုင်သည့်အင်အားတစ်ခုက တောင်ထိပ်တစ်ခုလုံးကိုပျံ့နှံကာ ချီမင်၏အရှိန်အဝါလှုပ်ခါမှုကို ဖုံးအုပ်ပေးလိုက်သည်။
ထို့ကြောင့် ချီမင်၏အဆင့်တက်ခြင်းထူးခြားဖြစ်စဉ်က ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်အပြင်ဘက်မထွက်သလို ပထမအထက်ကမ္ဘာ၏မိုးမြေက အာရုံမခံမိသွားပေ။ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်မရှိသည့်အလား သဘာဝအတိုင်း အရာအားလုံးက တည်ငြိမ်နေ၏။
ရုတ်တရက် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကအကန့်အသတ်ထိလည်ပတ်လာ၏။အစီအရင်(၁၂၉,၆၀၀)ပေါ်လာပြီး ကောင်းကင်၌ချိတ်ဆွဲ နေသည့်ကြယ်များအလား မျက်စိကျိန်းဖွယ်တောက်ပလာသည်။
ချီမင်အနားတွင် မိုးမြေကောင်းကင်တာအိုစွမ်းအား ထွက်ပေါ်လာသည်။မမြင်နိုင်သည့် သဏ္ဍာန်မဲ့ကောင်းကင်တာအိုစွမ်းအားက ချီမင်ကို ဖုံးအုပ်သွားကာ ကောင်းကင်တာအိုပန်းအဖြစ် တဖြည်းဖြည်းသိပ်သည်းသွားသည်။
ချီမင်၏အရှိန်အဝါက အလျင်အမြန်တိုးတက်လာသည်။သူက အင်မော်တယ်အဆင့်ကို မရောက်သေးပေမယ့် ကောင်းကင်၊မြေကြီးနှင့်လူသားပန်းသုံးပွင့်က ထိပ်တွင်စုဆုံနေပြီး စည်းမျဉ်းနှင့်ဥပဒေသပန်းမှာလည်း ပေါ်လာပြီဖြစ်သည်။အတော်လေး စွမ်းအားကြီးနေပြီဖြစ်သည်။
ယခု (၂၄)လွှာကောင်းကင်တာအိုပန်းသိပ်သည်းသွားတော့ ပိုပြီးတောင်ထူးခြားသွားသည်။ပိုပြီးအရေးကြီးသည်က ပထမအထက်ကမ္ဘာတွင် တာအိုကျင့်ကြံသူတိုင်း၏ပေါ်ထွက်လာမှုက ထူးခြားဖြစ်စဉ်ကိုဖြစ်စေသည်။
ထိုအခိုက် ချီမင်တည်ဆောက်ထားသည့် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်က စွမ်းအားပြသလာသည်။ထိုအစီအရင်က ချီမင်ကိုယ်တိုင်သုံးသည့် မဟာအံ့ဖွယ်စွမ်းအားထက်တောင် သာလွန်သေးသည်။
ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်၏အစွမ်းကုန်လည်ပတ်မှုအောက်တွင် ချီမင်၏အဆင့်ချိုးဖြတ်နေသည့် အရှိန်အဝါကို ပိတ်ဆို့ထားပေးပြီး ပေါ်ပေါက်နေသည့် ထူးခြားဖြစ်စဉ်များကို ဖုံးကွယ်ပေးထားလိုက်သည်။
ကောင်းကင်အင်မော်တယ်ဂူစံအိမ်တွင်..
ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။သူ့ခေါင်းထက်မှာ မိုးမြေကောင်းကင်တာအို၏စွမ်းအားက စုစည်းလာသောကြောင့်(၂၄)လွှာကောင်းကင်တာအိုပန်းအဖြစ် ဖွဲ့စည်းသွားသည်။
ထိုသို့ဖြင့် စုစုပေါင်းပန်းခြောက်ပွင့်က ထိပ်ဆုံး၌နေရာယူလိုက်သည်။ထူးခြားဖြစ်စဉ်တစ်ခုပေါ်ပေါက်လာပြီး ထိုအရာကပထမအထက်ကမ္ဘာတစ်ခုလုံးကို လှုပ်ခါသွားစေရန်ပင်လုံလောက်၏။
“ကောင်းကင်နှင့်မြေကြီးမဟာတာအိုပန်းသိပ်သည်း”
အတွေးတစ်ချက်ဖြင့် ချီမင်က လက်ချိတ်စည်းကိုဖွဲ့ကာ ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်၏။မြူခိုးလွှားပါးပါးမှာ ပျံ့နှံ့လာပြီး မဟာတာအိုပန်း(၁၂၉,၆၀၀)ပွင့်က သူ့အနားတွင်လွင့်မြောလာသည်။
ယခု ထိုမဟာတာအိုပန်းများက အလျင်အမြန်စုဝေးလာပြီး ချီမင်ထံသို့ တဟုန်ထိုးတိုးဝင်လာသည်။သူ့ထိန်းချုပ်မှုအောက်တွင် ပန်းပွင့်တို့မှာ အလျင်အမြန်စုဝေးလာပြီး ပွင်လွှာခုနစ်ချပ်ပန်းအဖြစ် သိပ်သည်းသွားသည်။
ထိုအရာက မဟာတာအိုပန်းဖြစ်လေသည်။
ဖရိုဖရဲမဟာတာအိုဟုလည်းခေါ်ပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုပန်းဖြစ်သည်။
ပွင့်လွှာခုနစ်ချပ်ပန်းမျိုးဖြစ်သည်။
နောက်ဆုံးပန်းလည်းဖြစ်သည်။
ချီမင်၏အရှိန်အဝါက အထွတ်အထိပ်ထိရောက်လာပြီး အတားအဆီးနှင့်ထိတွေ့မိသွားသည်။သို့ပေမယ့်သူက အတားအဆီးကိုချိုးဖြတ်ပြီး အင်မော်တယ်အဆင့်သို့ မရောက်နိုင်ပဲရှိနေသည်။
“မဟာတာအိုပန်းသုံးပွင့် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်း၊ကောင်းကင်၊မြေကြီးနဲ့လူသားပန်း စုစည်း”ချီမင်က အော်ဟစ်လိုက်သည်။
ချီမင်၏ထိန်းချုပ်မှုအောက်တွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်က ကောင်းကင်ပန်၊မြေကြီးပန်းနှင့်လူသားပန်းတို့ကြားဝင်သွားသည်။ ပန်းသုံးပွင့်က တစ်ပွင့်တည်းအဖြစ်ပေါင်းစပ်ကာ မဟာတာအိုပန်းသုံးပွင့်ထဲက ဝါနက်ရောင်ပန်းပွင့်ဖြစ်သွားသည်။
ကောင်းကင်၊မြေကြီး၊အနက်၊အဝါ၊စကြဝဠာ၊ယိုယွင်းခြင်း
ထိုပန်းကို မဟာတာအို ဝါနက်ပန်းဟုခေါ်သည်။
“ဥပဒေသပန်း၊စည်းမျဉ်းပန်း၊ကောင်းကင်တာအိုပန်း စုစည်း”ချီမင်က ခပ်နိမ့်နိမ့်ပြောလိုက်သည်။
ဥပဒေသစွမ်းအား၊စည်းမျဉ်းစွမ်းအားနှင့်ကောင်းကင်တာအိုစွမ်းအားတို့ အတူတူစုပေါင်းပြီးတော့ ပိုသန်မာသည့် လှုပ်ခါမှုမျိုးဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ ရောက်သွားတော့၏။
ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ထိန်းချုပ်မှုအောက်တွင် မဟာတာအိုစစ်မှန်ရည်ရွယ်ချက်မှာ လှိုင်းလုံးပမာစီးဝင်လာသည်နှင့်အမျှ ဥပဒေသပန်း၊စည်းမျဉ်းပန်းနှင့်ကောင်းကင်တာအိုပန်းတို့သည် လျင်မြန်စွာပေါင်းစပ်သွားပြီး ကမ္ဘာဦးခရမ်းရောင် မဟာတာအိုပန်းသုံးပွင့်ထဲမှ တစ်ပွင့်ဖြစ်သွားသည်။
ကမ္ဘာဦးခရမ်းချီ ဖရိုဖရဲတို့၏မူလအစ
ထိုပန်းကို မဟာတာအို ကမ္ဘာဦးပန်းဟုလည်းခေါ်သည်။
ထိုသို့ဖြင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည်လည်း ကောင်းကင်နှင့်မြေကြီးမဟာတာအိုပန်းအဖြစ်သိပ်သည်းသွားတော့၏။
ထိုအခိုက်တွင် ချီမင်၏အထက်၌ မဟာတာအိုပန်းသုံးပွင့်၏သိပ်သည်းနေသည့်မြင်ကွင်းပေါ်လာသည်။
မဟာတာအိုပန်းသုံးပွင့်ကို မဟာတာအိုဝါနက်ပန်း၊မဟာတာအို ကမ္ဘာဦးပန်းနှင့်ကောင်းကင်နှင့်မြေကြီးမဟာတာအိုပန်းဟုခေါ်ကြသည်။ပန်းသုံးပွင့်က ထိပ်မှာစုဆုံလာပြီး အတူတကွပွင့်လန်းလာကာ တောက်ပစွာလင်းလက်သွားသည်။
ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။သူ့အရှိန်အဝါက မြင့်တက်လာပြီး နောက်ဆုံးအတားအဆီးကို ချိုးဖြတ်သွားတော့သည်။သူက မဟာယနအဆင့်မှ အင်မော်တယ်အစောပိုင်းအဆင့်ဖြစ်သွားတော့သည်။
သူက အင်မော်တယ်နယ်ပယ်တွင် ခြေချနိုင်ခဲ့ပြီဖြစ်သည်။
သူက အကုန်လုံးကိုဖိနှိပ်နိုင်သည့် မဟာတာအိုကောင်းကင်အင်မော်တယ်ဖြစ်သည်။
ချီမင်က အင်မော်တယ်သလင်းကျောက်များစွာထုတ်ယူလိုက်သည်။သူက ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်ကာအင်မော်တယ်ချီပမာဏများစွာကို သူ့ကိုယ်ထဲသို့ စုပ်ယူလိုက်၏။သူ့ကိုယ်ကနေ ဝိညာဉ် အနှစ်သာရဝိညာဉ်နှင့်စစ်မှန်ဝိညာဉ်ထိဖြစ်သည်။
အရာအားလုံးက မမျှော်လင့်ထားသည့်ပြောင်းလဲမှုမျိုး ကြုံလိုက်ရသည်။
ပိုပြီးအရေးကြီးသည်က..
ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း၏လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်သွားသည်။ပန်းသုံးပွင့်က သူ့ခေါင်းပေါ်မှာစုဝေးလာပြီး လျှို့ဝှက်ဆန်းကြယ်မှုအမျိုးမျိုးက သူ့စိတ်ထဲသို့တိုးဝင်လာ၏။နားလည်မှုအမျိုးမျိုးဖြစ်ပေါ်လာသောကြောင့် သူက စွမ်းအားကြီး အံ့ဖွယ်စွမ်းအားကို ရရှ်ိသွား၏။
တာအိုသတ်ဖြတ်ခြင်းနည်းစနစ်ဟုခေါ်သည်။
တာအိုသတ်ဖြတ်ခြင်းနည်းစနစ်ဆိုတာဘာလဲ။
နာမည်အတိုင်းပင်။လုံးဝကို တိုက်ခိုက်ရေးသီးသန့်အံ့ဖွယ်စွမ်းအားနည်းစနစ်ဖြစ်သည်။ဖရိုဖရဲမဟာတာအိုကျမ်း:အင်မော်တယ်အခန်း၏ကောင်းကင်အင်မော်တယ်အပိုင်းမှ ရရှိခြင်းဖြစ်သည်။ထိုနည်းစနစ်ကိုသုံးပါက ရန်သူ၏ပန်းသုံးပွင့်ကို တိုက်ရိုက်ပိုင်းဖြတ်နိုင်သည်။
အင်မော်တယ်အဆင့်အတွက်တော့ ပန်းသုံးပွင့်ဆိုတာ အရာအားလုံး၏အစဖြစ်သည်။မျှော်စင်တစ်ခု၏အခြေခံအလားပင်။ပန်းသုံးပွင့်သာဖျက်ဆီးခံလိုက်ရရင် အခြေခံဖျက်ဆီးခံလိုက်ရသည့်အလားပင်။ချက်ချင်းပဲ အဆောက်အအုံတစ်ခုလုံးကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။
“ကောင်းတယ်”
ချီမင်က အပျော်လွန်သွား၏။သူက ထိုအံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို အလွန်ကျေနပ်သွား၏။
ခရက်!ခရက်!
ထိုအခိုက်တွင် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်က အကန့်အသတ်ထိလည်ပတ်လာပေမယ့် ချီမင်၏အဆင့်ချိုးဖြတ်မှုလှုပ်လှုပ်ရှားရှားဖြစ်စဉ်က အတော်လေးကြီးမား၏။အထူးသဖြင့် သူ မဟာတာအိုပန်းသုံးပွင့်ကိုသိပ်သည်းပြီးကောင်းကင်နှင့်မြေကြီးမဟာတာအိုက မြင့်တက်လာသောကြောင့် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်၏အကန့်အ သတ်ထိရောက်ရှိသွားသည်။
ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်တွင် အက်ကွဲရာများပေါ်လာသည်။အစီအရင်အမြူတေတောင်အက်ကွဲလာခြင်းဖြစ်သည်။
ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကပြိုကျတော့မည်ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်အပြင်ဘက်သို့ စွမ်းအင်အမျှင်တန်းလေးထွက်လာသည်။အစအန အည်းငယ်ဆိုရင်တောင် ချက်ချင်းပဲ ပထမအထက်ကမ္ဘာက အာရုံခံမိသွားသည်။
ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်ပေါ်ပေါက်လာသည်။
ထိုအခြေအနေအောက်တွင် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်က ချီမင်၏တည်နေရာနှင့် ခြေရာကိုသာ ဖုံးကွယ်ပေးထားနိုင်တော့သည်။ချီမင်၏ထူးခြားဖြစ်စဉ်ကို အပြည့်အဝဖုံးကွယ်မပေးနိုင်တော့ချေ။
ယနေ့မှာတော့ ပထမအထက်ကမ္ဘာ:ပြည်နယ်ကိုးလောကတွင်..
ကောင်းကင်တွင် အရှေ့အရပ်မှ ခရမ်းရောင်ချီများထွက်ပေါ်လာသည်။အင်မော်တယ်တေးသံများထွက်လာပြီး ထူးဆန်းသည့်ရနံ့များလွှမ်းခြုံလာကာ ရတနာအလင်းများ ကောင်းကင်ကိုပြည့်နှက်သွားသောကြောင့် ကောင်းကင်နှင့်မြေကြီးကို တိမ်စိမ်းများ ဖုံးအုပ်သွားတော့သည်။ကောင်းကင်ပန်းများကျဆင်းလာပြီး မဟာတာအိုကပဲ့တင်ထပ်လာသည်။
မရေမတွက်နိုင်သော အလင်းများလင်းလက်လာသည်။
မဟာတာအိုပန်းများပွင့်လန်းလာသည်။
သူ့အရှိန်အဝါတစွန်းတစထွက်လာသည့်အတွက် ထူးခြားဖြစ်စဉ်က အရမ်းတော့ကြောက်ဖို့ကောင်းမနေပေ။သို့ပေမယ့် ကောင်းကင်တာအိုပန်းများပွင့်လန်းလာသည်က ဂိုဏ်းအဖွဲ့အစည်းများ၏အာရုံကိုဖမ်းစားနိုင်လိုက်သည်။
ချီမင်၏အရှိန်အဝါက ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကြောင့် ပျောက်ကွယ်နေသေးသည်။ထူးခြားဖြစ်စဉ်ပေါ်လာပေမယ့် ချီမင်တည်နေရာကို မသိရသလို အကြောင်းအရင်းကိုလည်း မသိရပေ။
ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်က ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်နိမိတ်အတွင်း ပေါ်လာသည်။
ထိုအခိုက်တွင် ရှေးဟောင်းအင်မော်တယ်မြို့တော်ကမှ ဂိုဏ်းအသီးသီးက သတိထားမိသွားသည်။ရှေးဟောင်းအင်မော်တယ်မြို့တော်ကို ကာကွယ်ထိန်းချုပ်ထားသည့် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက စစ်ဆေးလာသည်။
“ကောင်းကင်တာအို ပဲ့တင်ထပ်မှု၊ကောင်းကင်ပန်းဆင်းသက်ခြင်း”
“ဒါက ကောင်းကင်တာအိုထူးခြားဖြစ်စဉ်ပဲ”
“ကောင်းကင်တာအိုကျင့်ကြံသူတစ်ဦးပေါ်လာတာလား”
“ရတနာတစ်ခုခုများ ပေါ်လာတာလား”
“ဒီထူးခြားဖြစ်စဉ်က ရှေးဟောင်းအင်မော်တယ်မြို့တော်မှာပေါ်လာတာပဲ။”
“ချက်ချင်းစုံစမ်း”
“…”
အချိန်တိုအတွင်းမှာ ရှေးဟောင်းအင်မော်တယ်မြို့တော်၏ဂိုဏ်းပေါင်းများစွာက လှုပ်ရှားလာကြသည်။