အသွင်ပြောင်းမှု ပြီးဆုံးခြင်းကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး
Vol. 20 Ch. 286
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က မသေနိုင်သည့် သဘဝမျိုးရှိသည်။သူက အထက်ကမ္ဘာမှ အင်မော်တယ်ဘုရင်တစ်ပါးလည်းဖြစ်သည်။ချီမင်က မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို သန်စင်ပြီးပေါင်းစပ်ပစ်ဖို့က အတော်လေးခက်ခဲပါ၏။မဖြစ်နိုင်လုနီးပါးပင်။
ချီမင်တွင် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရှိသည်။ထို့ကြောင့် သူက အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနိုင်ပြီး သန့်စင်ပစ်နိုင်စွမ်းရှိသည်။အခြေခံအားဖြင့် ခိုးဆော့နေသလိုတောင် ပြောလို့ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ရာကြာသွားခဲ့ပြန်သည်။
ချီမင်က မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို သန့်စင်သည်မှာ အနည်းငယ်သာတိုးတက်သေးသည်။သူက ကမ္ဘာ့မူလအစထောင်ချီလောက်သာ စုပ်ယူသန့်စင်ရသေး၏။တည်တည်ငြိမ်ငြိမ်တော့ တိုးတက်နေပါသေးသည်။
သူသည် ယခင်က စိတ်ဝိညာဉ်ဘုရင်များ၏စစ်မှန်ဝိညာဉ်အသိစိတ်ကို နှစ်တိုင်းသန့်စင်နိုင်လေသည်။
ထိုအရာကိုကြည့်လျှင် သိသာပါ၏။
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က စိတ်ဝိညာဉ်ဘုရင်များ၏စစ်မှန်ဝိညာဉ်အသိစိတ်ထက်ပို၍ သန်မာ၏။နှစ်ဖက်က အဆင့်တစ်ခုတည်း၌ မဟုတ်ပေ။
ထိုသို့ဖြင့်သာ အချိန်ကုန်ဆုံးသွားသည်။
မသိလိုက်စွာဖြင့် နှစ်ပေါင်း(၈၃၄)နှစ် ကုန်လွန်သွားခဲ့လေသည်။
ဂရုတစိုက်စဉ်းစားကြည့်မည်ဆိုပါက ချီမင်သည် ကမ္ဘာတံခါးကို လွန်ခဲ့သည့်နှစ်တစ်ထောင်တွင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့၏။ မျက်တောင်တစ်ခတ်အတွင်း ဖြစ်သွားခဲ့သည့်ပမာပင်။
ယနေ့ နေ့လည်ခင်းမှာတော့
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ။သင် အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို နှစ်နှစ်ထောင်ကြာ ကျင့်ကြံခဲ့ပါတယ်။သင်၏ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်အပေါ် နားလည်မှုသည် ပြီးပြည့်စုံသွားပြီး ပညာရပ်ကို နားလည်ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ပြီးပြည့်စုံခြင်းအဆင့်မှ နက်နဲခြင်းအဆင့်ထိ တိုးတက်သွားပြီးအံ့ဖွယ်စွမ်းအားအဆောင် တစ်ခုကို သိပ်သည်းနိုင်ခဲ့ပါတယ်။”
…
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ။သင် အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို နှစ်နှစ်ထောင်ကြာ ကျင့်ကြံခဲ့ပါတယ်။သင်၏ မဟာကပ်ဘေးဒုက္ခနည်းစနစ်အပေါ် နားလည်မှုသည် ပြီးပြည့်စုံသွားပြီး ပညာရပ်ကို နားလည်ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ပြီးပြည့်စုံခြင်းအဆင့်မှ နက်နဲခြင်းအဆင့်ထိ တိုးတက်သွားပြီးအံ့ဖွယ်စွမ်းအားအဆောင် တစ်ခုကို သိပ်သည်းနိုင်ခဲ့ပါတယ်။”
…
အသိပေးချက်နှစ်ခု ဆက်တိုက်ပေါ်လာတော့သည်။
ချီမင် ခေါင်းအသာညိတ်လိုက်၏။
နှစ်ပေါင်းများစွာ ဆက်တိုက်ဆိုသလိုကျင့်ကြံပြီးနောက် မဟာအံ့ဖွယ်စွမ်းအားနှစ်ခုက တဖြည်းဖြည်းဖြင့် နက်နဲမှုအဆင့်ထိ ရောက်လာကြသည်။
သူက လေဟာနယ်အလွှာထဲတွင်သာ တင်ပျဉ်ခွေချိတ်ထိုင်၍သာ နေနေမြဲဖြစ်သည်။ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နှင့် မဟာကပ်ဘေးဒုက္ခနည်းစနစ်တို့၏များစွာသော လျှို့ဝှက်ဆန်းကြယ်မှုများမှာ သူ့စိတ်ထဲသို့ ချက်ချင်းဝင်ရောက်လာသည်။သူက တဖြည်းဖြည်း နားလည်ဆင်ခြင်နေလိုက်သည်။
ထိုအခိုက်တွင် ချီမင်သည် နက်နဲသည့်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားသည်။သူ့အသိစိတ် ထူးဆန်းနက်နဲသည့်လောကတစ်ခုသို့ ရောက်သွားသည့်အလား ခံစားလိုက်ရ၏။ ထိုလောကတွင် အချိန်၏ဖြစ်တည်မှုက မသိရပေ။သူ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နှင့်မဟာကပ်ဘေးဒုက္ခနည်းစနစ်တို့ကို တစိုက်မတ်မတ် နားလည်ဆင်ခြင်နေခဲ့သည်။
နောက်ဆုံးတော့ ချီမင်၏တစ်ကိုယ်လုံးသည် လှုပ်ခါလာပြီး စိတ်ကဗလာဖြစ်သွားတော့၏။သူသည် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နှင့်မဟာကပ်ဘေးဒုက္ခနည်းစနစ်တို့ကို နက်နဲခြင်းအဆင့်ထိ နားလည်သွားတော့သည်။
ချက်ချင်းဆိုသလိုပဲ ချီမင်၏ဒန်တျန်းထဲတွင်
ပထမဆုံး ချီမင်၏ခန္ဓာကိုယ်ထဲမှ ဓမ္မစွမ်းအားများမှာ တိုးထွက်လာပြီး လျှို့ဝှက်ဆန်ကြယ်မှုများ စုစည်းဖြစ်ပေါ်လာသည်။ဖရိုဖရဲစစ်မှန်ခန္ဓာ၏အထက်တွင် ကြယ်သဏ္ဍာန် အံ့ဖွယ်စွမ်းအားအဆောင်(၃၆)ရွက်သည် တဖြည်းဖြည်းသိပ်သည်းလာနေသည်။
ကြယ်တာရာတိုင်းက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၏လျှို့ဝှက်နက်နဲနည်းစနစ်တစ်ခုစီကို ကိုယ်စားပြု၏။ကြယ်တာရာစီတန်းထားပုံကလည်း ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ခုအတိုင်းဖြစ်သည်။
လင်းလက်တောက်ပလျက်ရှိသည်။
သိပ်မကြာခင်မှာ မရေမတွက်နိုင်သော ကပ်ဘေးဒုက္ခများဖြစ်ပေါ်လာသည်။ ကပ်ဘေးဒုက္ခထူးခြားဖြစ်စဉ်များ မြင့်တက်လာပြီး မှော်စာလုံးများ ဖြစ်ပေါ်လာပါ၏။ထိုနှစ်ခုလုံးက ပေါင်းစည်းကာ ကပ်ဘေးဒုက္ခတွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
တွင်းနက်ကြီးက အလယ်ခေါင်တွင် လွင့်မြောနေပြီး ပြင်းထန်လေးနက်သည့် တန်ခိုးအရှိန်အဝါကို ထုတ်ဖော်နေသည်။ထိုအရာသည် မဟာကပ်ဘေးဒုက္ခနည်းစနစ်၏အံ့ဖွယ်စွမ်းအားအဆောင်ဖြစ်၏။
ထိုသို့ဖြင့် ချီမင်ကျင့်ကြံထားသည့် မဟာအံ့ဖွယ်စွမ်းအားနှစ်ခုလုံး နက်နဲခြင်း အဆင့်သို့ ရောက်သွားသည်။
“မဆိုးဘူး။မဆိုးဘူး။”
ချီမင်သည် ပြောင်းလဲသွားမှုကိုလည်း ခံစားလိုက်ရသည်။ သူက အတွေးတစ်ချက်ဖြင့် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နှင့်မဟာကပ်ဘေးဒုက္ခနည်းစနစ်တို့ကို သုံးလာနိုင်သည်။သူသာ ပိုပြီးကျွမ်းကျင်ပိုင်နိုင်လာလေ အရှိန်က ပိုမြန်လာမှာဖြစ်သည်။ ထို့အပြင် စွမ်းအားများကလည်း ပြီးပြည့်စုံခြင်း အဆင့်တုန်းကထက် ပိုပြီးပြင်းထန်ပါ၏။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကြာသွား၏။
ကမ္ဘာ့တံခါးက လှုပ်ခါသွားသည်။မိုးမြေကောင်းကင်တာအိုစွမ်းအားသည် စုစည်းလာပြီး တံခါးထဲသို့ တိုးဝင်သွားသည်။ နက်နဲမှုအရှိန်အဝါများ ထွက်ပေါ်လာလေသည်။
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ။သင် အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ပစ္စည်းစိတ်ဝိညာဉ်ကို နှစ်တစ်ထောင်ကြာ သန့်စင်ခဲ့ပါတယ်။သင် ကမ္ဘာ့မူလအစအားလုံးကို အချိန်ကာလရတနာ:ကမ္ဘာတံခါးထဲသို့ ပေါင်းစပ်နိုင်ခဲ့သောကြောင့် ပစ္စည်းစိတ်ဝိညာဉ်မွေးဖွားဖို့ စွမ်းအင်လုံလောက်သွားပါပြီ။”
…
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ။သင် အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ပစ္စည်းစိတ်ဝိညာဉ်ကို နှစ်တစ်ထောင်ကြာ အောင်မြင်စွာသန့်စင်နိုင်ခဲ့ပါတယ်။သင် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်နှင့် စိတ်ဝိညာဉ်ဘုရင်များ၏စစ်မှန်ဝိညာဉ်အသိစိတ်များကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ သင် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို အချိန်ကာလရတနာ:ကမ္ဘာတံခါးနှင့် အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့ပါတယ်။”
…
မနက်ခင်းမှာ ချီမင် အသိပေးချက်နှစ်ခု ရလိုက်သည်။
နောက်ဆုံးတော့ သူသည် နှစ်တစ်ထောင်သုံးကာ မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါးအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်သွားပါတော့၏။
ချီမင်က တကယ့်ကို အောင်မြင်သွားပါသည်။
ထိုအချိန်တွင် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသည် ထူးခြားစွာ စတင်ပြောင်းလဲလာသည်။
ချီမင်သည် မူလအစအင်မော်တယ်ဘုရင်၏ အသိစိတ်ကို သန့်စင်ပြီးစီးသွားတာနဲ့ ပစ္စည်းစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲခဲ့သည်။ထိုအရာက သူ့ထိန်းချုပ်မှုအောက်သို့ လုံးလုံးကျရောက်သွားခဲ့သည်။
မူလအစအင်မော်တယ်ဘုရင်သည် ချီမင်၏အစေခံဖြစ်သွားတော့သည်။ သူက ပစ္စည်းစိတ်ဝိညာဉ်လည်းဖြစ်သွားတော့၏။
အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှသော အရာရာတိုင်းသည် တင်္ဒဂမျှသာကြာသည် ဟုထင်ရသည်။
အရာအားလုံးက ချီမင်မျှော်လင့်ထားသလိုသာ ဖြစ်လာခဲ့သည်။
ကမ္ဘာ့တံခါးက ကမ္ဘာ့မူလအစအားလုံးကို စုပ်ယူသွားခဲ့သည်။ကမ္ဘာမူလအစများသည် ပစ္စည်းစိတ်ဝိညာဉ်ကို မွေးဖွားပေးနိုင်သည့်အပြင် မိုးမြေကောင်းကင်တာအို၏ လျှို့ဝှက်ဆန်းကြယ်မှုများလည်း သိမ်းဆည်းထားသေးသည်။
အခြေအနေအားလုံးက တည့်မတ်လာနေသည်။
အထက်ကမ္ဘာရတနာသည် ကောင်းကင်တာအိုရတနာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မိုးမြေကောင်းကင်တာအို၏ မမြင်နိုင်သည့်စွမ်းအား များထွက်ပေါ်လာသည်။မြူခိုးဝေဝေတို့မှာ ပျံ့နှံ့လာပြီး ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာသည်။မီးခိုးရောင်စွမ်းအားသည် ထွက်ပေါ်လာပြီး ကမ္ဘာ့တံခါးကို ဖုံးအုပ်သွားသည်။
ပြောင်းလဲမှုတိုင်းက အချိန်လိုအပ်ပါ၏။
“ငါ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ထည့်မယ်”
ချီမင်က ဆိုသည်။”အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို အလိုအလျောက်ကျင့်ကြံခြင်းစနစ်နဲ့ အသွင်ပြောင်းမယ်။”
တင်း!
“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်”
“အချိန်ကာလရတနာ:ကမ္ဘာတံခါးကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ပြောင်းလဲနေပါတယ်။”
အသိပေးချက်တစ်ခုပေါ်လာသည်။
“အရမ်းကောင်းတယ်။”ချီမင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုအခိုက်တွင် ကမ္ဘာ့တံခါးထဲမှ အလင်းစီးကြောင်းတစ်ခု ပျံထွက်လာပြီး ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။ထိုသူက မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်မှ ပြောင်းလဲထားသည့် ပစ္စည်းစိတ်ဝိညာဉ်ဖြစ်သည်။
“အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ပစ္စည်းစိတ်ဝိညာဉ်က သခင့်ကို အရိုအသေပြုပါတယ်။”
ပစ္စည်းစိတ်ဝိညာဉ်က ဦးစွာကိုယ်ထင်ပြလာသည်။သူက ချီမင်ကို လေးစားစွာဖြင့် ဂါဝရပြုလိုက်သည်။
“မဆိုးဘူး။”
ချီမင်က အကြိမ်အနည်းငယ်မျှ စူးစမ်းပြီးတော့ အလွန်စိတ်ကျေနပ်သွားသည်။”ပစ္စည်းစိတ်ဝိညာဉ် မင်းမှာ မှတ်ဉာဏ်တွေအကုန်ရှိသေးလား။မင်းက မူလအစအင်မော်တယ်ဘုရင်ဖြစ်နေတုန်းလား။”
ပစ္စည်းစိတ်ဝိညာဉ်က ပြန်ဖြေလိုက်သည်။”ကျွန်တော် မှတ်ဉာဏ်အားလုံးရထားပါတယ်။မူလအစအင်မော်တယ်ဘုရင်ရဲ့မှတ်ဉာဏ်အပြင် စိတ်ဝိညာဉ်ဘုရင်(၁၆၆)ပါးရဲ့မှတ်ဉာဏ်လည်းရှိပါတယ်။”
“ပြီးတော့...”
“ကျွန်တော့်မှာ မှတ်ဉာဏ်အားလုံးရှိပေမယ့် မူလအစအင်မော်တယ်ဘုရင်တော့ မဟုတ်တော့ပါဘူး။သူက သေသွားခဲ့ပါပြီ။ကျွန်တော်က ဖြစ်တည်မှုအသစ် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့စိတ်ဝိညာဉ် ဖြစ်သွားပါပြီ။
“အရမ်းကောင်းတယ်”ချီမင်က ပိုပြီးတော့တောင် ကျေနပ်သွားသည်။”ဒီနေ့ကစပြီး မင်းကို နာမည်သစ်ပေးလိုက်မယ်။မူလဇာစ်မြစ်လို့ခေါ်ရအောင်။”
“အာ..”ပစ္စည်းစိတ်ဝိညာဉ်မူလဇာစ်မြစ်က ခဏလောက်ကြောင်သွားသည်။ မူလဇာစ်မြစ်?နာမည်အသစ်? မူလအစအင်မော်တယ်ဘုရင်ရဲ့အရင် နာမည်နဲ့ ဘာများကွာသွားလို့တုန်း။
သူကပြန်ဖြေလိုက်ရသေးသည်။”ပစ္စည်းစိတ်ဝိညာဉ်မူလဇာစ်မြစ်က သခင့်ကို ကျေးဇူးတင်ပါတယ်။”
ချီမင်က ပြုံးကာဆိုသည်။”မူလဇာစ်မြစ် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ဘယ်အချိန်လောက် ပြောင်းလဲခြင်းက ပြီးမှာလဲ။ကောင်းကင်တာအိုရတနာဖြစ်သွားမှာလား။”
မူလဇာစ်မြစ်က ခဏလောက် စဉ်းစားကာဆိုသည်။”လမ်းခုလတ်မှာ ဘာမတော်တဆမှ မရှိရင် နှစ်တစ်ရာလောက်ပဲ ကြာမှာပါ။”
“ကောင်းပြီ။”ချီမင်က ခေါင်းညိတ်လိုက်သည်။”နှစ်တစ်ရာပဲဆိုတော့ ငါစောင့်နိုင်တယ်။”
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာ ကုန်သွားခဲ့သည်။
တင်း!
“ဂုဏ်ပြုပါတယ် လက်ခံသူ။အချိန်ကာလရတနာ:ကမ္ဘာတံခါးကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာ ပြောင်းလဲခဲ့ပါတယ်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့်ပေါင်းစပ်သွားကာ ကောင်းကင်တာအိုစစ်မှန်အမှတ်အသားကို ထွင်းထုနိုင်ခဲ့ပါတယ်။ကောင်းကင်တာအိုရတနာတစ်ပါးအဖြစ် ပြောင်းလဲသွားပါပြီ။စွမ်းအားကြီးမားစွာ တိုးတက်လာခဲ့ပါတယ်။”
အသိပေးချက်တစ်ခုပေါ်လာသည်။
“အောင်မြင်သွားပြီ။”
ချီမင်က ပျော်ရွှင်သွားတော့သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ပြောင်းလဲသွားသည်။ မိုးမြေကောင်းကင်တာအို၏စွမ်းအားသည် ရတနာထဲသို့ တိုးဝင်သွားပြီး ကောင်းကင်တာအိုအမှတ်အသားဖျော့ဖျော့လေး ထွက်ပေါ်လာသည်။
သူ၏ကနဦးထင်ကြေးကတော့ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသည် များစွာမပြောင်းလဲသလို ဘယ်ထူးခြားဖြစ်စဉ်မှလည်း ဖြစ်မလာပေ။သို့ပေသော်လည်း ချီမင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားနှင့် အရည်အသွေးသည် အဆပေါင်းများစွာ တိုးသွားသည်ကိုခံစားလိုက်ရ၏။
ယခု အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသည် ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးဖြစ်သွားတော့သည်။
ပစ္စည်းစိတ်ဝိညာဉ်မူလဇာစ်မြစ်က ပေါ်လာသည်။
ပစ္စည်းစိတ်ဝိညာဉ်မူလဇာစ်မြစ်၏ကိုယ်ထည်က သက်ရှိတစ်ကောင်လိုမျိုး အစိုင်အခဲဖြစ်တည်လုနီးပါး ဖြစ်သွားသည်။သူ့တစ်ကိုယ်လုံးတွင် ကောင်းကင်တာအိုစစ်မှန်ရည်ရွယ်ချက်ပါဝင်လာသည်။
“သခင့်ကို ကျေးဇူးတင်ပါတယ်။ ရတနာက အပြည့်အဝ ပြောင်းလဲသွားပါပြီ။”
မူလဇာစ်မြစ်က ချီမင်ကို ဦးညွှတ်လိုက်သည်။
“ဟုတ်ပြီ”ချီမင်က ခေါင်းအသာညိတ်ပြလိုက်သည်။
ချီမင်က တစ်ချက်တွေးမိကာ ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။ယခင် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး ယခုတော့ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးက အလျင်အမြန်သေးသွားကာ ချီမင်၏လက်ဖဝါးပေါ်သို့ ပျံသန်းလာသည်။
အဖြူရောင်အလင်းတစ်ခု လင်းလက်သွားသည်။
ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးက ချီမင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားတော့သည်။တံခါးက သူ့ဒန်တျန်းထဲမှာ လွင့်မြောနေပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုပါဝင်သည့် ဖရိုဖရဲစစ်မှန်ခန္ဓာဘေးတွင် ရပ်တန့်သွားသည်။
ချီမင်သည် သူ၏ကိုယ်ပိုင်ရတနာ ကမ္ဘာဖျက်ဓား၊ဓားတောင်၊သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားများကို အဆင့်နိမ့်ကမ္ဘာ၏အမြင့်ဆုံးအဆင့် မဟာယနထိပ်တန်းအဆင့်ထိ သန့်စင်ထားသည်။လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်ကိုလည်း ထိပ်တန်းအဆင့်ထိသန့်စင်ထားသည်။
လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်တွင် ကြီးမားသည့် အလားအလာမျိုးရှိသည်။သူ့ကို သင့်တော်သည့် အံ့ဖွယ်စွမ်းအားနှင့်လည်း ပေါင်းစပ်လို့ရသည်။
ချီမင်က ထိုဓမ္မရတနာကို သုံးဖို့အခွင့်အရေးမရသေးပေ။သူက တစ်ခါမှမသုံးခဲ့ရပေ။သူက အထက်ကမ္ဘာသို့တက်လှမ်းသည့်အခါတွင်တော့ သုံးခွင့် ရကောင်းရနိုင်ပေလိမ့်မည်။