လျှို့ဝှက်နက်နဲကမ္ဘာ၏မျိုးနွယ်ခြောက်ခုမှ ချီမင်ကို နှုတ်ဆက်ခြင်း
Vol. 20 Ch. 287
ချီမင်က သူ့အင်အားကို ချုပ်တည်းထားသေးသည်။ သူက အဆင့်နိမ့်ကမ္ဘာ၏အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။သူသည် ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကိုလည်း ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးသွားပါ၏။
ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲသည် မဟာယနအဆင့်ထိသာ ကျင့်ကြံနိုင်၏။
ချီမင်က ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို ဆက်လက်နားလည်ဆင်ခြင်နေဖို့ လိုအပ်နေသေးပြီး နောက်ထပ်ကျင့်ကြံခြင်းနည်းလမ်းဖန်တီးရန် ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကို ဆက်လက်ကျင့်ကြံရဦးမည်။
သူက ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။သူက တိုးတက်မှုတချို့ရှိလာပေမယ့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ဖန်တီးရန်တော့ မလုံလောက်သေးပေ။
အနည်းငယ် လစ်ဟင်းနေသေးသည်။
တစ်နည်းဆိုသော်
ချီမင်က အင်မော်တယ်အဆင့်ကို ကျင့်ကြံရန် အထက်ကမ္ဘာ၏ကျင့်ကြံခြင်းနည်းစနစ်ကို လိုအပ်ပါ၏။
“ငါ့မှာ အချိန်အများကြီး မရှိတော့ဘူး။”
ချီမင်က ခေါင်းမော့လိုက်ပါသည်။သူက အဆုံးမဲ့နေရာလွတ်နှင့်အချိန်တို့ကို ဖြတ်ကျော်ကာ အထက်ကမ္ဘာကို မြင်နေရသည့်အတိုင်း ကောင်းကင်ကို စိုက်ကြည့်နေလိုက်သည်။”ငါ တက်လှမ်းရတော့မယ်။ဒီခံစားချက်က ပိုပြီးသိသာလာတယ်။”
သူက မဟာယနအဆင့်ကို တက်လှမ်းပြီးတော့ လျှို့ဝှက်နက်နဲကမ္ဘာတွင် နေလာသည်မှာ နှစ်(၂၀၀၀)ကျော်ကြာသွားခဲ့ပါပြီ။အထက်ကမ္ဘာ၏ဆင့်ခေါ်မှုက ပိုပြီးရှင်းလင်းလာသည်။သူက တက်လှမ်းခြင်းတံခါးကိုတောင် ရှင်းလင်းစွာဖြင့် ခံစားမိနေပြီဖြစ်သည်။
ချီမင်က သူ့အရှိန်အဝါကိုသာ အပြည့်အဝဖော်ထုတ်လိုက်တာနဲ့ တက်လှမ်းခြင်းတံခါးက ပေါ်လာပေလိမ့်မည်။သူက အထက်ကမ္ဘာကို တက်လှမ်းခြင်းတံခါးကနေတစ်ဆင့် ဝင်လိုက်ရုံသာကျန်တော့သည်။
ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကနေလည်း ချီမင်က အထက်ကမ္ဘာ၏တည်ရှိမှုကို ခံစားနိုင်ခဲ့သည်။ထို့အပြင် အထက်ကမ္ဘာက တစ်ခုတည်းရှိတာမဟုတ်ပေ။
ချီမင်၏ပုံရိပ်က နေရာမှပျောက်ကွယ်သွားသည်။ သူက လေဟာနယ်အလွှာထဲမှ ထွက်လာလိုက်သည်။သူက နှစ်(၂၀၀၀)ကျော်လောက်နေခဲ့ရာမှာ နောက်ဆုံတော့ တံခါးပိတ်ကျင့်ကြံရာနေရာမှ ထွက်လာခဲ့လိုက်တော့သည်။
သူက ဗဟိုနတ်ဘုရားတောင်၏ထိပ်သို့ ရောက်လာသည်။
တောင်ထိပ်တွင်ရပ်ရင်း ချီမင်သည် လက်နောက်ပစ်ကာ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ကြည့်နေခဲ့သည်။သူက ခြုံငုံကြည့်လိုက်သည်။မိုးမြေဝိညာဉ်ချီက ပေါကြွယ်ဝလာပြီး လျှို့ဝှက်နက်နဲကမ္ဘာ၏ပြောင်းလဲမှုကို ခံစားနေလိုက်သည်။
လျှို့ဝှက်နက်နဲကမ္ဘာက ပြောင်းလဲသွားတာတောင် ကြာခဲ့ပါပြီ။
အသစ်တဖန်စတင်နေပြီဖြစ်၏။
နောက်တခဏမှာ ချီမင်၏ဘေးတွင် ပုံရိပ်ခုနစ်ခု ပေါ်လာသည်။
ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်နှင့်ကြာပန်းနက်တို့ ဖြစ်သည်။သူတို့က ချီမင်၏အရှိန်အဝါကို အာရုံခံလိုက်မိပြီး ချက်ချင်းရောက်လာခြင်းဖြစ်၏။
“သခင့်ကို ဂါဝရပြုပါတယ်။”
“သခင့်ကို ဂုဏ်ပြုပါတယ်”
ဟော့ချန်ချင်း၊ကြာပန်းနက်နှင့်ကျန်သူများက ညီညာစွာပြောလိုက်ကြသည်။
ချီမင်က ခေါင်းအသာညိတ်ကာ ဟော့ချန်ချင်းတို့ကို တစ်ချက်မျှ ကြည့်လိုက်သည်။”လွန်ခဲ့တဲ့နှစ်(၂၀၀၀)အတွင်း မင်းတို့အတွက်လည်း ဒီနေရာကို စောင့်ရှောက်ရတာ ခက်ခဲခဲ့မှာပဲ။”
“ဒါက ကျွန်တော်တို့ လုပ်သင့်တာပါ။”ဟော့ချန်ချင်းတို့က ချက်ချင်းပြန်ဖြေသည်။
“သွားကြစို့”ချီမင်က ဆိုသည်။”သွားဖို့ အချိန်ကျပြီ။”
“ဟုတ်ကဲ့”
“…”
ဟော့ချန်ချင်းတို့က ပြန်ဖြေလိုက်သည်။
ချီမင်တို့က အလင်းစီးကြောင်းအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။သူတို့ ဗဟိုနတ်ဘုရားတောင်မှ ထွက်လာကြသည်။ချီမင်က စိတ်မလောနေပေ။သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကိုပြန်ဖို့ အလျင်လိုမနေဘဲ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို စတင်လည်ပတ်လိုက်သည်။
နှစ်(၂၀၀၀)တောင် ကြာသွားခဲ့ပါပြီ။
လျှို့ဝှက်နက်နဲကမ္ဘာက ကြီးမားစွာပြောင်းလဲသွားသည်။မျိုးနွယ်ခြောက်ခုက အတူတကွတည်ရှိနေကြပြီး စည်ပင်သာယာလျက်ရှိသည်။လျှို့ဝှက်နက်နဲကမ္ဘာတဝှမ်းမှ မဟာယနအဆင့်ကျင့်ကြံသူအများစုမှာ အထက်ကမ္ဘာသို့ တက်လှမ်းသွားပြီဖြစ်၏။အတော်လေး အေးချမ်းလျက်ရှိသည်။
နှစ်တစ်ဝက်လောက်ကြာတော့ ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာတဝှမ်းတွင် လည်ပတ်မှုပြီးဆုံးသွားပြီးကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းသို့ ပြန်သွားလိုက်သည်။
တောင်ပိုင်းဒေသ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတွင်....
ယနေ့တော့ ချီမင်ပြန်ရောက်လာပြီဖြစ်၏။ကောင်းကင်မှာတော့ သူသည် ကံတရားအတိဒုက္ခကို ခံစားမိလိုက်သည်။သူက ခေါင်းမော့ကာကြည့်မိတော့ အတော်လေးကြီးမားသည့် ဖန်တီးခြင်းနတ်ဘုရားသစ်ပင်ကို မြင်လိုက်ရပါ၏။အတော်လေးခမ်းနားပြီး အရွက်များဝေဆောနေသည်။သူက ထိပ်ကိုတော့ မမြင်နိုင်ပေ။နတ်ဘုရားသစ်ပင်က ကမ္ဘာတစ်ခုလုံးကို ထောက်ပံ့ထားသယောင်ယောင်ပင်။
ထိုအချိန်တွင် ကံတရားအရှိန်အဝါက လှုပ်ခါလာပြီး ကံတရာအတိဒုက္ခ၏စွမ်းအားက ပေါက်ကွဲထွက်လာသည်။အတိဒုက္ခက ဖန်တီးခြင်းနတ်ဘုရားသစ်ပင်ကို အစွမ်းကုန်ဖျက်ဆီးချင်နေသည့်အလားပင်။
ကောင်းကင်တွင်တော့ ကပ်ဘေးချီမြူခိုးများပြည့်နေပြီး ကျက်သရေရှိသည့်ပုံရိပ်ကလေးတစ်ခုလည်း ပေါ်လာပါ၏။
သူမက သေမျိုးကမ္ဘာသို့သက်ဆင်းလာသည့် နတ်မိမယ်တစ်ပါးအလားအပင်။
အတော်လေး မှင်သက်ဖွယ်ကောင်းပါ၏။
“စုချင်းယင်”
ချီမင်က ချက်ချင်းမှတ်မိသွားသည်။”သူမရဲ့ ကံတရားအတိဒုက္ခကျော်လွှားခြင်းလား။နှစ်(၂၀၀၀)ကြာပြီးတဲ့နောက်မှာ စုချင်ယင်းရဲ့ကျင့်ကြံခြင်းအဆင့်က အတော်လေးတိုးတက်လာတာပဲ။သူမက အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခရဲ့ပထမရှစ်ဆင့်ကိုတောင် ကျော်လွှားပြီးပြီပဲ။ကံတရားအတိဒုက္ခကို စပြီးကျော်ဖြတ်နေပြီလား။”
“မဆိုးဘူး။”ချီမင်က ခေါင်းအသာညိတ်လိုက်သည်။
ရုတ်တရက် ချီမင်သည် နောက်ထပ်ခပ်အုပ်အုပ်အသံကျယ်ကြီးကြားလိုက်ရ၏။အသံက မတူညီသည့်အရပ်က လာခြင်းဖြစ်သည်။ထို့အပြင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏နယ်နိမိတ်ထဲမှပဲ ဖြစ်သည်။
သူက စောင့်ကြည့်နေလိုက်သည်။
ချီမင်၏အမြင်အာရုံထဲတွင် ရင်းနှီးနေသည့်ပုံရိပ်ကလေးတစ်ခု ပေါ်လာပြန်၏။
“စီနီယာ အစ်မ”
ချီမင်သည် ကောင်းကင်၌ပြည့်နှက်နေသည့် ကံတရားအတိဒုက္ခကို တွေ့လိုက်သည်။အထဲက တင်ပျဥ် ခွေချိတ်ထိုင်နေသည့် ပုံရိပ်လေးက ချီမင်၏စီနီယာအစ်မ လုချင်းယန်ဖြစ်သည်။ သူမကလည်း စုချင်းယင်ကဲ့သို့ပင်။ နှစ်(၂၀၀၀)ကြာပြီးနောက်မှာ ကျင့်ကြံခြင်းအဆင့် မြင့်မားလာခဲ့ပြီဖြစ်သည်။လက်ရှိတွင် ကံတရားအတိဒုက္ခကို ကျော်လွှားနေခြင်းပါပေ။
စုချင်းယင်နှင့်လုချင်းယန်တို့၏အတိဒုက္ခကျော်လွှားသည့် သတင်းက ပျံ့နှံ့သွားပြီး များစွာသော ဂိုဏ်းအဖွဲ့အစည်းများ၏အာရုံကို ဆွဲဆောင်လိုက်မိသည်။လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက အာရုံစိုက်လာသည်ဟု ဆိုရမည်။
စိတ်ဝိညာဉ်မျိုးနွယ်မှ မဟာယနအဆင့်ကျင့်ကြံသူသုံးယောက်လည်း ဒီကိစ္စကို စိတ်ဝင်စားနေသည်။
လက်ရှိလျှို့ဝှက်နက်နဲကမ္ဘာတွင် မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများမှာ အခြေခံအားဖြင့် အကုန်လုံးနီးပါးတက်လှမ်းသွားကြပြီဖြစ်သည်။မဟာယနအဆင့်ကျင့်ကြံသူများကို လက်တစ်ဖက်တည်းနှင့်တောင် ရေတွက်လို့ရပါသည်။
စုချင်းယင်နှင့်လုချင်းယန်တို့သာ ကံတရားအတိဒုက္ခကို ကျော်လွှားနိုင်ပါက သူတို့ကကျိန်းသေပေါက် မဟာယနအဆင့်သို့ တက်လှမ်းသွားလိမ့်မည်ဖြစ်သည်။ထိုကဲ့သို့အရေးကြီးသည့်ကိစ္စမျိုးက ဂိုဏ်းများစွာကို အာရုံစိုက်လာစေသည်။
အချိန်ကုန်လွန်သွားသည်။
ရက်အနည်းငယ်ကြာပြီးနောက်
နောက်ဆုံးအချိန်တွင် စုချင်းယင်းနှင့် လုချင်းယန်တို့၏ကံတရားအတိဒုက္ခသည် ကံတရားအတိဒုက္ခချီအများစုကို တားဆီးပေးထားပြီး ကံကြွေးများကို ပေးဆပ်လိုက်စေသည်။
ချီမင်အတွက်တော့ သူက လုချင်းယန်ကို အံ့ဖွယ်စွမ်းအားသုံးကာ အသက်သွင်းပေးဖူးသည်။သို့သော်လည်း လုချင်းယန်းက ချီမင်ကို နဂါးမိကျောင်းအရှင်ထံမှ အသက်စွန့်ကာ အရင် ကယ်တင်ပေးထားခြင်းဖြစ်သည်။
ကံကြွေးက ထိုသို့ဖြေရှင်းပြီးသွားသည်။
ကပ်ဘေးချီများ မြင့်တက်လာပြီး ကံတရားအရှိန်အဝါသည် ပေါက်ကွဲထွက်လာသည်။
နောက်ဆုံးအခိုက်ကို ရောက်လာပေသည်။
ပေါက်ကွဲသံတစ်ချက်ထွက်လာသည်။
ယင်းအချိန်တွင် ပုံရိပ်တစ်ခုက အဆင့်နိမ့်ကမ္ဘာ၏အကန့်အသတ်ရောက်နေသည့် အမြန်နှုန်းဖြင့် လေထုကို ဖြတ်ကာ လာသည်။ထိုပုံရိပ်က စိတ်ဝိညာဉ်မျိုးနွယ်၏ မဟာယနအဆင့် စိတ်ဝိညာဉ်ဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်သည်။
ထိုသူ့ကို လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင် ဟုခေါ်သည်။
လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်က လက်ရှိအခွင့်အရေးကိုယူကာ စုချင်းယင်နှင့်လုချင်းယန်တို့ကို သတ်ဖြတ်လိုခြင်းဖြစ်သည်။ထိုအခြင်းအရာက ဂိုဏ်းအဖွဲ့အစည်းများစွာကို တုန်လှုပ်သွားစေပါသည်။
“သူ..သူမပဲ”
“လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်”
“အတင့်ရဲလှချည်လား”
“သူမက တကယ်ကြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့မဟာအကြီးအကဲတွေကို သတ်ရဲတယ်ပေါ့။”
“…”
ပတ်ဝန်းကျင်မှာ ဂိုဏ်းပေါင်းများစွာက အံ့ဩသင့်နေကြသည်။
စုချင်းယင်နှင့်လုချင်းယန်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏မဟာအကြီးအကဲများ ဖြစ်နေကြပြီဖြစ်သည်။
“အာ မဟုတ်သေးဘူး။”
“သူမကို တား”
“သေစမ်းကွာ”
“…”
ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏မဟာအကြီးအကဲများက ဒေါသထွက်နေကြသည်။သူတို့က လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်ကို တားဆီးချင်ပေမယ့် သူမရဲ့အရှိန်က အလွန်အမင်းမြန်ဆန်လှသည်။ထို့အပြင် သူမတွင် မဟာအကြီးအကဲများချည်းကပ်မလာစေနိုင်ရန် တားဆီးထားနိုင်သည့် စွမ်းအားကြီးလောကတစ်ခုလည်းရှိသေးသည်။
သူမက အတော်လေးစွမ်းအားကြီးသည်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏အတိဒုက္ခကျော်လွှားခြင်းအဆင့် မဟာအကြီးအကဲများမှာ သူမ၏ပြိုင်ဘက်မဟုတ်ပေ။
“သေ”
ချီမင်က ထိုအခိုက်တွင် တိုက်ခိုက်လိုက်သည်။သူက ရှေ့တစ်လှမ်းတိုးကာ ပေါ်ပေါက်လာသည်။သူ့ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ကြီးမားသည့်လက်ဖဝါးအဖြစ်ပြောင်းလဲကာ ကောင်းကင်ကိုဖုံးအုပ်သွား စေ၏။
“ဘာ..ဘာကြီးလဲ။”
“အိုး ဘုရားရေ ကြောက်ဖို့ကောင်းလိုက်တဲ့ အရှိန်အဝါ”
“သူ..သူက....သူက စီနီယာချီ...စီနီယာချီမင်ပဲ။”
“နှစ်(၂၀၀၀)တောင်ကြာသွားပြီ။ငါက စီနီယာချီမင်အထက်ကမ္ဘာကို တက်လှမ်းသွားတာ ကြာလှပြီထင်နေတာ။စီနီယာချီမင် ပြန်ပေါ်လာလိမ့်မယ်လို့မထင်ထားဘူး။”
“ဘုရား ဘုရား...”
ချက်ချင်းပဲ အနားမှလူများမှာ အံ့အားသင့်စွာ အော်လိုက်ကြသည်။ သူတို့အကြည့်က ချီမင်အပေါ်သို့ ကျရောက်လာသည်။သူတို့က ချီမင်ကို မှတ်မိသွားကြပြီး အံ့အားသင်နေကြရသည်။
“ချီ...ချီမင်...”
လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်က ကြောက်ရွံ့စွာအော်လိုက်သည်။သူမက ချီမင်ကိုမြင်တာနဲ့လှည့်ကာပြေးသည်။ အကြောက်တရားက ဆက်တိုက်မြင့်တက်လာသည်။တုန့်ဆိုင်းမနေတော့ဘဲ စုချင်းယင်နှင့်လုချင်းယန်တို့ကို လက်လွတ်ကာ ပြန်ဆုတ်ခွာလိုက်သည်။
ယခုမှတော့ လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်သည် နောက်ကျသွားပြီဖြစ်သည်။ချီမင်က သူ့ကိုအလွတ်ပေးစရာအကြောင်းမရှိပေ။သူတိုက်ခိုက်လိုက်တည်းက ပတ်ဝန်းကျင်က နေရာလွတ်ကို ချိတ်ပိတ်ထားပြီဖြစ်သည်။
“မဟုတ်ဘူး။မဟုတ်ဘူး။မလုပ်ပါနဲ့။”
လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်က ထပ်ခါတလဲအော်ဟစ်လိုက်သည်။
ချီမင်၏လက်ဖဝါးက ခြင်ရိုက်သလိုရိုက်ချလိုက်သည်။သူ့လက်ဖဝါးအောက်မှာပဲ လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်၏နည်းစနစ်များမှာ လေပူဖောင်းအတိုင်းပင်။တစ်ချက်ကလေးတောင် မခံနိုင်ဘဲ အလွယ်တကူရှုံးနိမ့်သွားတော့သည်။
လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်၏တစ်ကိုယ်လုံးက ပေါက်ကွဲထွက်သွားသည်။သူမက အသက်ထွက်သွားတော့ပါ၏။ပြာဖြစ်သည်အထိချေမှုန်းခံလိုက်ရပြီး အလောင်းတောင်မကျန်ခဲ့ပေ။
“ရူးလောက်တယ်။”
“အရမ်း အရမ်းသန်မာတယ်။”
“စီနီယာချီမင်က ပြိုင်ဘက်ကင်းပဲ။”
“လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်က မဟာယနအဆင့်ကပဲ။သူမက လျှို့ဝှက်နက်နဲကမ္ဘာရဲ့အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ။ဒါတောင် စီနီယာချီမင်ရဲ့လက်ထဲမှာက သူမက ပုရွက်ဆိတ်တစ်ကောင်အတိုင်းပဲ။
“လက်ဖဝါးတစ်ချက် တစ်ချက်တည်းပဲ”
“စီနီယာချီမင်က အရမ်းသန်မာတာပဲ။”
“ စီနီယာချီမင်ပေါ်လာပြီးတိုက်ခိုက်လိုက်တာနဲ့ လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်က ပေါ့ပေါ့တန်တန်ကို သတ်ခံလိုက်ရတာပဲ။”
“ဟုတ်တယ်။”
ပတ်ဝန်းကျင်မှာ ဂိုဏ်းအဖွဲ့အစည်းအသီးသီးမှ သက်ရှိများမှာ အကြိမ်ကြိမ်အံ့ဩသွားရပြီး လေးစားမှုများဖြင့် ကြည့်နေကြသည်။သူတို့က ချီမင်ကို အလွန်အမင်းလေးစားစွာဖြင့် အရိုအသေပြုနေကြသည်။
“ဒီလိုဆို စုချင်းယင်နဲ့လုချင်းယန်တို့က ကံတရားအတိဒုက္ခကို သေချာပေါက် ကျော်လွှားနိုင်ပြီပေါ့။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက မဟာယနအဆင့်နှစ်ယောက်ကို မွေးထုတ်ပေးလိုက်တာပဲ။စီနီယာချီမင်လည်း ပြန်ရောက်လာပြီ။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက လျှို့ဝှက်နက်နဲကမ္ဘာမှာ ကမ္ဘာ့နံပါတ်တစ်ဂိုဏ်းဖြစ်တော့မှာပဲ။”
“ဟုတ်တယ်”
“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကတော့ လျှို့ဝှက်နက်နဲကမ္ဘာရဲ့အထွတ်အထိပ်ထိ မြင့်တက်လာတော့မယ်။”
“…”
သက်ရှိများစွာက သက်ပြင်းချရပြန်သည်။
“နတ်ဘုရားမျိုးနွယ် အံ့ဖွယ်နံ့သာဂိုဏ်းက စီနီယာချီမင်ကို ပြန်လည်ကြိုဆိုပါတယ်။”
“မိစ္ဆာမျိုးနွယ် ကောင်းကင်နတ်ဆိုးဂိုဏ်းက စီနီယာချီမင်ကို ပြန်လည်ကြိုဆိုပါတယ်။”
“နတ်ဆိုးနန်းတော်က စီနီယာချီမင်ကို ပြန်လည်ကြိုဆိုပါတယ်။”
“သရဲမျိုးနွယ် ငရဲကိုးထပ်ဂိုဏ်းက စီနီယာချီမင်ကို ပြန်လည်ကြိုဆိုပါတယ်။”
“စိတ်ဝိညာဉ်....စိတ်ဝိညာဥ်မျိုးနွယ် လျှို့ဝှက်ဆန်းကြယ်ကိုးပါးစိတ်ဝိညာဥ်ဂိုဏ်းက စီနီယာချီမင်ကို ပြန်လည်ကြိုဆိုပါတယ်။”
“လူသားမျိုးနွယ် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက စီနီယာချီမင်ကို ပြန်လည်ကြိုဆိုပါတယ်။”
“လျှို့ဝှက်နက်နဲကမ္ဘာရဲ့မျိုးနွယ်ခြောက်ခုက စီနီယာချီမင်ကို ပြန်လည်ကြိုဆိုပါတယ်။”
“…”
ထိုအချိန်တွင် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံး၏ဂိုဏ်းအားလုံး မျိုးနွယ်အားလုံးက ပေါ်လာတော့သည်။သူတို့က ဆက်ပြီးကိုယ်ယောင်ဖျောက်မနေရဲတော့ပေ။သူတို့က ချီမင်ကို ဦးညွှတ်ကာ ညီညာစွာအော်ဟစ်လိုက်ကြသည်။သူတို့က ဒူးထောက်ဝပ်တွားကာ အလွန်အမင်းလေးစားသည့် အသံဖြင့် ကြိုဆိုနေကြသည်။
ချီမင်၏ မူလအစအင်မော်တယ်ဘုရင်ကို ဖြေရှင်းပေးထားသည်ကြောင့်သာ မဟုတ်ရင် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံး ဝါးမြိုခံရကာ သက်ရှိအားလုံးလည်း သေကြေရပေမည်။
သူက ကယ်တင်ရှင်တစ်ဦးဖြစ်ပါ၏။