← Chapters

တက်လှမ်းခြင်းနှင့် တာအိုပဲ့တင်ထပ်ခြင်း

Vol. 20 Ch. 288

တက်လှမ်းခြင်းနှင့် တာအိုပဲ့တင်ထပ်ခြင်း

Vol. 20 Ch. 288

ချီမင်၏အကြည့်က သက်ရှိအားလုံးအပေါ်သို့ ကျရောက်သွားသည်။လျှို့ဝှက်နက်နဲကမ္ဘာ၏မျိုးနွယ်ခြောက်ခုမှ ချီးမြှောက်ခံရတာတောင် ချီမင်က ဘာမှမပြောသလို စိတ်ထဲလည်းထားမနေပေ။သူက ခေါင်းသာညိတ်ပြလိုက်၏။

သူက လျှို့ဝှက်နက်နဲကမ္ဘာမှသက်ရှိအားလုံး၏ကယ်တင်ရှင်ဖြစ်သည်။သူ၏အင်အားဖြင့် တစ်ကမ္ဘာလုံး၏လေးစားမှုကို ရရှိနိုင်သည်။ဤကမ္ဘာကြီးသည် သန်မာသူများကိုလေးစားကြသည့်ကမ္ဘာကြီးပင်။

“မင်းတို့အားလုံး သွားကြတော့”ချီမင်က ဆိုသည်။”လာလမ်းကိုသာ ပြန်ကြွတော့”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့ပါ”

“စီနီယာချီမင်ရဲ့ အမိန်ကို့ နာခံလျက်ပါ။”

“…”

ဂိုဏ်းအသီးသီးမှသူများက လျင်မြန်စွာပြန်ဖြေလိုက်ပြီး ဘာမှအထွန့်မတက်ရဲတော့ပေ။

ဆွစ်ရှ်!ဆွစ်ရှ်!

သူတို့က ချီမင်ပြောပြီးတာနဲ့ အလျင်အမြန်ထွက်သွားကြသည်။ဘယ်သူများ ဆက်နေရဲပါမလဲ။သူတို့က ပြေးထွက်သွားကြတော့သည်။သူတို့က လမင်းအရိပ်စိတ်ဝိညာဉ်ဘုရင်ကဲ့သို့ အဆုံးမသတ်ချင်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

ခုနစ်ရက်ကြာပြီးနောက်

စုချင်းယင်နှင့်လုချင်းယန်တို့က ကံတရားအတိဒုက္ခကို တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်သွားကြ၏။ကပ်ဘေးချီကများပျောက်ကွယ်သွားပြီး ကံတရားအတိဒုက္ခလည်း ပျောက်ကွယ်သွားတော့သည်။သူတို့က တင်ပျဉ်ခွေချိတ်ထိုင်ကာ အားအင်ပြန်လည်ဖြည့်တင်းနေကြသည်။သူတို့က တံခါးပိတ်ကျင့်ကြံမှုထဲ ဝင်ရောက်သွားတော့၏။

“မဆိုးဘူး။”

ချီမင်က ခေါင်းအသာညိတ်လိုက်၏။သူက စုချင်းယင်နှင့်လုချင်းယန်တို့အတွက် နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း ဝမ်းသာသွားသည်။နှစ်ယောက်လုံးက ကံတရားအတိဒုက္ခကို ကျော်ဖြတ်ပြီးသွားပြီဖြစ်၍ မဟာယနအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်သည်။

သတင်းကောင်းလေးဖြစ်သည်။

“စီနီယာ..စီနီယာချီမင်”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏လက်ရှိဂိုဏ်းချုပ်က ချီမင်နှင့်မရင်းနှီးပေ။

စုချင်းယင်က စိတ်ဝိညာဉ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုယန်လီ၏ကိုယ်ပိုင်တပည့်ဖြစ်သည့်အတွက် သူမက ဂိုဏ်းချုပ်မဖြစ်နိုင်ပေ။

ရှောင်ဖန်းကလည်း တပည့်လက်မခံထားပေ။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏လက်ရှိဂိုဏ်းချုပ်က မူလမဟာအကြီးအကဲများထဲမှ ရွေးချယ်ထားခြင်ဖြစ်သည်။သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ယခင်မဟာအကြီးအကဲတစ်ပါးဖြစ်ပြီး ‌တာအိုဆရာသူတော်စင်ကိုးဟု ခေါ်သည်။

ချီမင်က တာအိုဆရာသူတော်စင်ကိုးကို ကြည့်လိုက်သည်။

ပတ်ဝန်းကျင်မှာတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏မဟာအကြီးအကဲများကလည်း ဦးညွှတ်နေကြသည်။

“ကျွန်တော်တို့ စီနီယာချီမင်ပြန်လာမယ်ဆိုတာမသိလိုက်လို့ ကြိုဆိုဖို့ အခမ်းအနားတောင်မလုပ်ထားရသေးဘူး။မသိတတ်မှုအတွက် ခွင့်လွှတ်ပေးပါ။စီနီယာချီမင် ဂိုဏ်းမှာဝင်ပြီး အနားယူလိုက်ပါဦး။”

“ကောင်းပြီ။”ချီမင်က ‌ခေါင်းညိတ်လိုက်သည်။

“စီနီယာချီမင်ကို ကြိုဆိုပါတယ်။”တာအိုဆရာသူတော်စင်ကိုးက အော်လိုက်သည်။

“စီနီယချီမင်ကို ပြန်လည်ကြိုဆိုပါတယ်။”

“…”

ချက်ချင်းပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏မဟာအကြီးအကဲ၊ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်၏အမွေခံတပည့်၊တောင်ထွတ်သခင်များနှင့်တပည့်သာဝက အကြီးအကဲများစွာတို့က ညီညာစွာအော်လိုက်သည်။

အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

နောက်ပိုင်းမှာ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကိုပြန်လာပြီး အနားယူနေခဲ့သည်။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကတော့ ကြီးမားစွာပြောင်းလဲသွားခဲ့ပါ၏။ဘိုးဘေးသုံးပါးလုံး တက်လှမ်းသွားကြပြီဖြစ်၏။

ထို့အပြင် ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ယူမသွားပေ။အထဲတွင် ကောင်းကင်ဂူကိုးခုရှိနေသည့်အတွက်ပင်။ထို့ကြောင့် သူက မယူသွားရခြင်းဖြစ်သည်။

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာပဲ နေထိုင်လိုက်သည်။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်၏စိတ်ဝိညာဉ် စုချီမန်က ချီမင်ကို အရိုအသေပြုလိုက်၏။”ပြန်လည်ကြိုဆိုပါတယ်။”

ချီမင် ခေါင်းအသာညိတ်လိုက်သည်။

ကောင်းကင်ဂူကိုးခုမှကျွမ်းကျင်သူများလည်း ထွက်လာကြသည်။လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူ၏ဂိုဏ်းချုပ်များ၊ပါ့ကွားကောင်းကင်ဂူ၏ပါ့ကွားသခင်များစသဖြင့်ပင်။

“ပြန်လည်ကြိုဆိုပါတယ်။သခင်”

သူတို့က ညီညာစွာနှုတ်ဆက်လိုက်ကြသည်။

ချီမင်က သူတို့ကို ကြည့်လိုက်သည်။ ကောင်းကင်ဂူများထဲမှ ကျင့်ကြံသူများလည်း များစွာတိုးတက်လာပြီဖြစ်သည်။သူတို့အားလုံးက အတိဒုက္ခကျော်လွှားခြင်းကျွမ်းကျင်သူများဖြစ်နေကြပေပြီ။

“ရှန်ကွမ်းဝမ်ကော ရော”

စုချီမန်၏မျက်လုံးက မနာလိုမှုများ ပြည့်သွားလျက်ပြန်ဖြေလိုက်သည်။”ရှန်ကွမ်းဝမ်ကောက အရင်ကတည်းက သူက မဟာယနအဆင့်မှာ။အခု မိုးမြေက ပြန်ကောင်းသွားလို့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်နဲ့အတူ အထက်ကမ္ဘာကို တက်လှမ်းသွားပြီ။”

“ငါသိပြီ”ချီမင်က ခေါင်းသာညိတ်ပြလိုက်သည်။

အချိန်ကုန်ဆုံးသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်လကုန်သွားပါတော့၏။

ယနေ့မှာတော့ စွမ်းအားကြီးအရှိန်အဝါနှစ်ခုက ကောင်းကင်ပေါ်သို့ တက်လာသည်။ မဟာယနအဆင့်သို့ရောက်သွားသည့် စုချင်းယင်နှင့်လုချင်းယန်ဖြစ်ကြသည်။

သူတို့က ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်‌အောင်လုပ်လိုက်သည်။

ပတ်ဝန်းကျင်တွင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏မဟာအကြီးအကဲများနှင့် တာအိုဆရာသူတော်စင်ကိုးလည်း ရောက်လာသည်။

“ငါ မဟာယနအဆင့်ကို ရောက်သွားပြီ။”

စုချင်းယင်က မျက်စိပွင့်လာသည်။သူမ၏အရှိန်အဝါက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ရိုးစင်းမှုနှင့်ငယ်ရွယ်မှုတို့ကို သူမ၏ကိုယ်ပေါ်၌ မတွေ့ရတော့ပေ။

ယခု စုချင်းယင်က အကောင်ကြီးတစ်ကောင် ဖြစ်လာခဲ့ပေပြီ။

“အခုကစပြီး..”စုချင်းယင်က အသက်ပြင်းပြင်းရှုလိုက်သည်။သူက အေးစက်စွာဖြင့် ကမ္ဘာကြီးကို ငုံ့ကြည့်လိုက်သည်။သူမအရှိန်အဝါက ကြီးကျယ်မြင့်မြတ်လှသည်။”ငါက ဘိုး‌ဘေးဖန်တီးခြင်းသစ်သားပဲ။”

“ဟုတ်ကဲ့”

“ကျွန်တော်တို့က ဘိုး‌ဘေးဖန်တီးခြင်းသစ်သားကို ဂုဏ်ပြုပါတယ်။”

“…”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏မဟာအကြီးအကဲများက သံပြိုင်အော်ဟစ်လိုက်ကြသည်။

“ဟားဟားဟား....”

ချီမင်က ရယ်မောကာ ထွက်လာသည်။”ဘိုး‌ဘေးဖန်တီးခြင်းသစ်သား မင်းရဲ့ဘွဲ့က အရမ်းကို ရှေးဆန်လိုက်တာ။မင်းရဲ့လက်ရှိ အခြေအနေနဲ့ မလိုက်ဖက်ဘူး။”

“မင်းက ငါ့ကို ရယ်အောင်လုပ်နေတာပဲ။”

“ဘယ်သူလဲ”စုချင်းယင်က မျက်မှောင်ကြုံကာ အော်လိုက်သည်။

“ငါပါ”

ချီမင်က စုချင်းယင်၏ရှေ့တွင် ပေါ်လာသည်။

“စီနီယာ....စီနီယာချီ...”စုချင်းယင်၏မျက်ဝန်းလှလှလေးများက ကျယ်သွားပြီး ပျော်ရွှင်သွားတော့သည်။သူမက ချီမင်၏လက်မောင်းထဲသို့ ကလေးလေးတစ်ဦးကဲ့သို့ ပြေးဝင်သွားပြီး ဖက်လိုက်သည်။”စီနီယာ ပြန်လာပြီပေါ့။”

ချီမင်ကပြုံးကာ စုချင်းယင်၏ဆံနွယ်လေးများကို သပ်ပေးလိုက်သည်။”နှစ်တွေ ကြာသွားခဲ့ပြီ။မင်းတောင် အတော်လေးကြီးပျင်းလာခဲ့ပြီပဲ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ဘိုးဘေးတစ်ပါးတောင် ဖြစ်လာပြီ။”

“မဟုတ်..မဟုတ်ပါဘူး။”

စုချင်းယင်က သတိပြန်ဝင်လာကာ ခေါင်းမော့လိုက်သည်။သူမက မျက်နှာ အနည်းငယ် နီလာသည်။

“အဟွတ်..ဟွတ်...”

တခြားတစ်ဖက်တွင်တော့ လုချင်းယန်က လျှောက်လာသည်။သူမကလည်း ကျင့်ကြံခြင်းကိုတည်ငြိမ်အောင်လုပ်ပြီးတော့ ချောင်းဟန့်လိုက်ခြင်းဖြစ်ပါ၏။စုချင်းယင်က ချီမင်၏လက်မောင်းထဲမှ ပြန်ထွက်လာလိုက်သည်။

“စီနီယာအစ်မ”ချီမင်က ပြုံးလိုက်သည်။”ဂုဏ်ပြုပါတယ် စီနီယာအစ်မ။စီနီယာအစ်မလည်း ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်ထိရောက်လာပြီ။”

“ဂျူနီယာမောင်လေး ပြန်လာပြီပဲ။”လုချင်းယန်၏မျက်နှာလှလှလေးတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။သူမလည်း ပျော်ရွှင်နေပါသည်။ထို့အပြင် သူမကနှစ်‌ပေါင်းများစွာ ကြာပြီးနောက်မှာ မှတ်ဉာဏ်များကို ပြန်သတိရလာပြီဖြစ်သည်။

ချီမင်က ခေါင်းညိတ်၏။”ကျွန်တော်ပြန်လာပါပြီ။ဒါပေမယ့် အကြာကြီးနေလို့မရတော့ဘူး။နောက်ဆုံးတော့ လျှို့ဝှက်နက်နဲကမ္ဘာမှာ ကျွန်တော်နေလာတာနှစ်(၂၀၀၀)ရှိသွားပြီ။အထက်ကမ္ဘာကို တက်လှမ်းဖို့ အချိန်ကျလာပြီ။”

“အရမ်းမြန်တာပဲ။”စုချင်းယင်က တုန့်ဆိုင်းသွားသည်။

“…”

လုချင်းယန်လည်း တိတ်ဆိတ်သွားသည်။

ပတ်ဝန်းကျင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏မဟာအကြီးအကဲများက ဘာမှမပြောရဲပေ။

အချိန်က လျင်မြန်စွာကုန်ဆုံးသွားသည်။

သုံးရက်ကြာပြီးနောက်...

ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာတွင် လုပ်စရာမကျန်တော့ပေ။သူက လိုအပ်တာမှန်သမျှကို လုပ်ဆောင်ပြီးပြီဖြစ်သည်။

ယနေ့ နေ့လည်ခင်းမှာတော့

“အချိန်ကျပြီ”

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကနေ လျှောက်ထွက်လာသည်။သူက ကြာပန်းနက်ကိုတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို စောက်ရှောက်ဖို့ ထားခဲ့၏။အလောင်းရုပ်သေး၏သက်တမ်းဖြင့်ဆိုလျှင် သူမက နှစ်သန်းတစ်ရာမျှ ရှင်သန်နိုင်သည်။ဂိုဏ်းကိုလည်း နှစ်သန်းတစ်ရာလောက် ကာကွယ်ပေးနိုင်သည်။

ကြာပန်းနက်က အလောင်းရုပ်သေးသာဖြစ်ပြီး ဝိညာဉ်သားရဲမဟုတ်ပေ။မဟာယနအဆင့်က သူမ၏အကန့်အသတ်ဖြစ်ပြီး ဆက်မတိုးတက်နိုင်ပေ။ထို့ကြောင့်လည်း ထားခဲ့ရခြင်းဖြစ်သည်။

ထို့အတူ သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင် နှင်းလေးကလည်း နေခဲ့သည်။

ထို့အပြင် ချီမင်က သူ့ပစ္စည်းစာရင်းထဲမှ အရင်းအမြစ်တွေ ကုန်ကြမ်းတွေ ထားခဲ့သည်။အဆင့်မြင့်များတော့ မဟုတ်ပေ။သူက အထက်ကမ္ဘာကို ယူသွားရင်တောင် အသုံးမဝင်ပေ။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတွင်ထားခဲ့သည့်က ပိုကောင်း၏။

ဟုတ်ပါသည်။ဟော့ချန်ချင်းနှင့်တခြားသူများက မဟာယနအဆင့်၌ရှိကြသည်။သူတို့ပါ ချီမင်နှင့်အတူ တက်လှမ်းမှာဖြစ်သည်။

တက်လှမ်းဖို့အချိန်ကျလာသည်။

ချီမင်က သူတို့ကို အထက်ကမ္ဘာထိ ခေါ်သွားဖို့စီစဉ်ထားသည်။

“ဒါက..”

“စီနီယာချီမင်။ဟိုမှာ စီနီယာချီမင်ပဲ။”

“သူ..”

“စီနီယာချီမင် တက်လှမ်းတော့မှာပဲ။”

“ဒါဆို...”

“…”

ပတ်ဝန်းကျင်တွင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းလည်း ထိတ်လန့်သွားသည်။ဂိုဏ်းထဲက လူတိုင်းသည် ချီမင်ကို လေးစားမှု စိတ်လှုပ်ရှားမှုဖြင့် မော့ကြည့်လာကြသည်။

တစ်ချိန်တည်းမှာ လျှို့ဝှက်နက်နဲကမ္ဘာ၏မျိုးနွယ်ခြောက်ခုလုံးက သတင်းရလိုက်ကြသည်။မျိုးနွယ်ခြောက်ခု၏စိတ်အခြေအနေက အတော်လေးရှုပ်ထွေးသွားသည်။

ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ကယ်ခဲ့ခြင်းဖြစ်သည်။သူက သူတို့၏ကယ်တင်ရှင်ဖြစ်ပေမယ့် အတော်လေးစွမ်းအားကြီးပြီး သူတို့နားမလည်နိုင်သည့် အဆင့်၌ ဖြစ်သည်။

ချီမင်သာ လျှို့ဝှက်နက်နဲကမ္ဘာမှာရှိနေသရွေ့ လျှို့ဝှက်နက်နဲကမ္ဘာ၏မျိုးနွယ်ခြောက်ခုလုံးက သူတို့ခေါင်းပေါ်ကကြောက်မက်ဖွယ်ဖိအားကိုခံစားရပြီးအသက်မရှုနိုင် အောင်လုပ်နေသည်။သူတို့က ဘာမှလည်းမပြောရဲပေ။သူတို့က ချီမင်ကို စော်ကားမိမှာကို ကြောက်နေရသည်။

ယခု ချီမင်က အထက်ကမ္ဘာသို့ တက်လှမ်းတော့မှာဖြစ်သည်။ထို့ကြောင့် သူတို့ခေါင်းပေါ်က ဖိအားလည်း ပျောက်ကွယ်တော့ပေမည်။ထိုအရာက လျှို့ဝှက်နက်နဲကမ္ဘာ၏မျိုးနွယ်ခြောက်ခုလုံးကို စိတ်သက်သာသွားစေသည်။

“စီနီယာအစ်ကို”စုချင်းယင်က ချီမင်၏နောက်ကျောကို ကြည့်နေသည်။

“ဂျူနီယာမောင်လေး”လုချင်းယန်က ချီမင်ကို အေးချမ်းစွာ ကြည့်နေသည်။

ချီမင်က ခေါင်းညိတ်ပြလိုက်သည်။”ကျွန်တော် အရင်သွားတော့မယ်။”,

“ဟားဟားဟား...”

ချီမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူက ဘာဖိအားမှမခံစားရပေ။ဘာနောင်တမှလည်း ရှိမနေတော့ပေ။သူက အောက်ကမ္ဘာတွင် နှစ်ထောင်များစွာနေခဲ့ပြီး များစွာကြုံတွေ့ခဲ့ရသည်။

အရာအားလုံးကို သူ့အသိစိတ်ဖြင့်သာ လုပ်ခဲ့သည်။

သူက နှလုံးသားလမ်းညွှန်ရာကိုသာ လိုက်ခဲ့သည်။

“ကူးပြောင်းသူတစ်ဦးအနေနဲ့ ငါက သက်ရှည်ခြင်းကို ရှာခဲ့တယ်။ဖရိုဖရဲက မဟာတာအိုကို ဖန်တီးပေးတယ်။ငါက အင်မော်တယ်တံခါးကို ထိတွေ့လာခဲ့ပြီ။”

ချီမင်က တစ်လှမ်းခြင်းတက်သွားလိုက်သည်။ဖရိုဖရဲမြူခိုးတို့မှာ ပျံ့နှံ့လာပြီး ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲက လည်ပတ်လာသည်။

ထိုအခိုက်တွင် ချီမင်ကို ဗဟိုပြုကာ ထူးခြားဖြစ်စဉ်မျိုးစုံ ထွက်ပေါ်လာသည်။

ကောင်းကင်တွင် တက်လှမ်းခြင်းတံခါးပွင့်လာသည်။ချီမင်က လှမ်းကြည့်လိုက်ပေမယ့် အထဲကိုတော့ မမြင်ရသေးပေ။

ချီမင်က တက်လှမ်းခြင်းတံခါးထဲသို့ တည်ကြည်စွာ သွားလိုက်သည်။

မိုးမြေထူးခြားဖြစ်စဉ်များ ပေါ်လာသည်။

ကလန်!ကလန်!ကလန်!

ပထမဆုံး ကောင်းကင်တွင် ဓားမြည်ကျွေးသံများ ထွက်လာသည်။မရေမတွက်နိုင်သည့် ဓားအလင်းတို့မှာ ဖရိုဖရဲမဟာတာအိုဓားရည်ရွယ်ချက်အဖြစ်ပြောင်းလဲကာ စုစည်းသွားသည်။အစိမ်းရောင် ဖရိုဖရဲဓားကြာပန်းတို့ပွင့်လန်းလာသည်။

“ဒါ...”

ရုတ်တရက်တက်လှမ်းခြင်းတံခါးတွင် နောက်ထပ် အံ့အားသင့်နေသည့် အသံတစ်ခုထွက်ပေါ်လာသည်။”ဒီလို ဓားပါရမီမျိုး...ရူးလောက်တယ်။ဒီကလေးက ‌တက်လှမ်းပြီးရင်ကောင်းကင်ဓားဂိုဏ်းမှာ အမွေခံတပည့်တောင် ဖြစ်နိုင်တယ်။”

ချီမင်၏ကိုယ်တွင် ထူးခြားဖြစ်စဉ်က အစပဲရှိသေးသည်။

နောက်တခဏတွင် ရွှေရောင်အလင်းတစ်ချက် လင်းလက်လာပြီး ကောင်းကင်ကို ပျံတက်သွား၏။အလင်းက ကောင်းကင်၌ မြင့်မားစွာ ချိတ်ဆွဲသွားသည်။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားထွက်ပေါ်လာသည်။ထိုအရာက မဟာရွှေအမြူတေတာအိုကျမ်း၏ထူးခြားဖြစ်စဉ်ဖြစ်သည်။

မိုးမြေက လှုပ်ခါလာသည်။လျှို့ဝှက်နက်နဲကမ္ဘာက တုန်ခါလာပါ၏။

All Chapters