မဟာတာအိုထူးခြားဖြစ်စဉ် အင်မော်တယ်တက်လှမ်းခြင်းလမ်းကြောင်း
Vol. 20 Ch. 289
“ဟားဟားဟား....”
“ဒီကလေးက တက်လှမ်းပြီးတာနဲ့ မဟာနေမင်းဂိုဏ်းကို ဝင်လို့ရတယ်။သူက မဟာနေမင်းဂိုဏ်းရဲ့ အမွေခံတပည့်တစ်ဦးဖြစ်လာနိုင်တယ်။”
“မယုံနိုင်စရာပဲ။”
“နှစ်တွေဘယ်လောက်တောင် ကြာခဲ့ပြီလဲ။အဆင့်နိမ့်ကမ္ဘာကနေ ဒီလိုအရည်အချင်းမျိုးနဲ့သူ တစ်ယောက်မှတက်မလာတာကြာပြီ။”
“…”
ကောင်းကင်နှင့်မြေကြီး၏ဒုတိယမြောက်ထူးခြားဖြစ်စဉ် ပေါ်လာတာနဲ့ တက်လှမ်းခြင်းတံခါးကနေ နောက်ထပ်အသံတွေ ထွက်ပေါ်လာသည်။ထို့အပြင် သူတို့အသံများက အံ့အားသင့်မှုများဖြင့်ပြည့်နေသည်။
“ဒါ...ဒါ....”
“စီနီယာချီမင်ဆိုတဲ့အတိုင်းပဲ”
“စိတ်ဝိညာဥ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုယန်လီ တက်လှမ်းတုန်းကတောင် သူကတက်လှမ်းခြင်းတံခါးနောက်ကနေ အသံတစ်သံပဲ ထွက်လာစေတယ်။အခု စီနီယာချီမင်ရဲ့တက်လှမ်းခြင်းက အသံတွေအများကြီးထွက်လာအောင် ဆွဲဆောင်လိုက်တာပဲ။”
“သူတို့က လုံးဝကို မတူညီတဲ့အဆင့်မှာပဲ။”
“စီနီယာချီမင်က တော်တော်သန်မာတာပဲ။”
“ငါတို့ စီနီယာချီမင်ရဲ့အင်အားကို ဘယ်လိုဖော်ပြရမလဲတောင် မသိတော့ဘူး။”
“…”
လျှို့ဝှက်နက်နဲကမ္ဘာတွင် မဟာယနအဆင့်ကျွမ်းကျင်သူများနှင့် အတိဒုက္ခကျော်လွှားခြင်းအဆင့်သူတို့မှာ ခေါင်းမော့ကာ ချီမင်၏တက်လှမ်းခြင်းကို ကြည့်နေကြသည်။သူတို့သည်လည်း တက်လှမ်းခြင်းတံခါးမှအသံကို ကြားလိုက်ရပါ၏။
ကမ္ဘာတစ်ခုလုံး တုန်ခါသွားသည်။
မဟာရွှေအမြူတေတာအိုထူးခြားဖြစ်စဉ်ပေါ်လာသည်က ချီမင်၏တက်လှမ်းခြင်းအစသာ ဖြစ်သည်။ပိုပြီးတောင် ခမ်းနားသည့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါ၏။
“ပြောပြလို့ရတဲ့ တာအိုက ထာဝရတာအိုမဟုတ်ဘူး။ နာမည်တပ်လို့ရတဲ့ နာမည်က ထာဝရနာမည်မဟုတ်ဘူး။”
“တာအိုက တစ်ကိုမွေးဖွားတယ်၊ တစ်က နှစ်ကိုမွေးဖွားတယ်၊ နှစ်က သုံးကိုမွေးဖွားတယ်၊ ပြီးတော့ သုံးက အရာအားလုံးကို မွေးဖွားတယ်”
“တကယ် ကောင်းတဲ့ လူက သူ့ရဲ့ ကောင်းခြင်းကို မသိဘူး၊ ဒါကြောင့် ကောင်းတယ်။ မိုက်မဲတဲ့ လူက ကောင်းဖို့ ကြိုးစားတယ်၊ ဒါကြောင့် မကောင်းဘူး။”
“…”
ထိုအခိုက်တွင် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံး၌ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်က လည်ပတ်စုစည်းလာပြီးကိုယ်ပွားသုံးခု ပေါ်လာသည်။ထိုအရာက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ သရုပ်သဏ္ဍာန်ဖြစ်သည်။
ထိုကိုယ်ပွားများက သန့်စင်ခြင်းသုံးပါးဖြစ်ပါ၏။
ကျောက်စိမ်းသန့်စင်၊အထွတ်အထိပ်သန့်စင်နှင့် မဟာသန့်စင်တို့ ပေါ်လာသည်။
သန့်စင်ခြင်းသုံးပါးက တာအို၏အဓိပ္ပာယ်စစ်ကို ရွတ်ဖတ်နေသည်။မရေမတွက်နိုင်သည့် တာအိုရတနာတို့မှာ ကောင်းကင်ယံမှ ပန်းပွင့်ချပ်လွှာတို့အသွင် ကျဆင်းလာသည်။တာအိုကျမ်းက ကမ္ဘာကြီးနှင့် ပဲ့တင်ထပ်လာသည်။
ပဲ့တင်ထပ်သံတို့မှာ တက်လှမ်းခြင်းတံခါးမှတစ်ဆင့် အထက်ကမ္ဘာသို့ ဝင်သွားတော့သည်။
“ဒါ...ဒါက...”
“ဟူး...”
“ဒီကလေး..ဒီကလေးက..”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
“မယုံနိုင်စရာကောင်းသွားပြီ။”
“ ငါတို့ဂိုဏ်းက ဒီကလေးကို ခေါ်ဖို့ အရည်အချင်းမပြည့်မီမှာပဲ ကြောက်နေရပြီ။”
“အရမ်း အံ့ဩဖို့ကောင်းသွားပြီ။”
“သူက မဟာယနအဆင့်မှာပဲရှိသေးတယ်။အင်မော်တယ်တောင် မဖြစ်သေးဘူး။ ဒါတောင်ဒီလိုထူးခြားဖြစ်စဥ်မျိုး ပြနေပြီ။”
“…”
ထိတ်လန့်ခြင်း
တက်လှမ်းခြင်းတံခါးထဲတွင် အထက်ကမ္ဘာမှအင်မော်တယ်များမှာ အင်မတန်မှထိတ်လန့်သွားကြရ၏။ချီမင်၏တက်လှမ်းခြင်းကြောင့် ဖြစ်လာသည့်ထူးခြားဖြစ်စဉ်များက အတော်လေးမယုံနိုင်စရာကောင်းပါ၏။
“ဟားဟား...ဒီကလေးက တက်လှမ်းပြီးတာနဲ့ တာအိုဂိုဏ်းမှာ ကျင့်ကြံလို့ရပြီ။”
ထိုအခိုက်တွင်လတက်လှမ်းခြင်းတံခါးမှ အသံတစ်သံ ထွက်ပေါ်လာ၏။ရှင်းလင်းပီသသည့် ထိုအသံက ချီမင်၏နားထဲသို့ ဝင်ရောက်လာသည်။အထက်ကမ္ဘာမှအင်မော်တယ်များကိုပင် တိတ်ဆိတ်သွားစေသည်။
“တာအိုဂိုဏ်း...”ချီမင်က စဉ်းစားလိုက်သည်။
ချီမင်ဖန်တီးလိုက်သည့် ထူးခြားဖြစ်စဉ်က မရပ်တန့်သေးပေ။ဆက်၍ ပြောင်းလဲနေသေးသည်။သန့်စင်ခြင်းသုံးပါးနောက်တွင် ဖရိုဖရဲကမ္ဘာကြီးတစ်ခု ထွက်ပေါ်လာသည်။ဖရိုဖရဲမြူခိုးတို့ ပျံ့လွင့်လာတော့၏။
ခရက်!ခရက်!
ဖရိုဖရဲကမ္ဘာကြီးထဲတွင် ကြီးမားသည့်ဖရိုဖရဲ ဥတစ်လုံးပေါ်လာသည်။ဥခွံက အက်ကွဲလာပြီး မဟာနတ်ဘုရားဖန်ကူးမွေးဖွားလာပါ၏။သူက ဖရိုဖရဲမဟာပုဆိန်ကို ကိုင်ဆွဲကာ ဖရိုရဲကြာပန်းစိမ်းပေါ်၌ ရပ်နေခဲ့သည်။ ထို့နောက်ဖရိုဖရဲထဲမှ မိုးမြေကို ပိုင်းခြားလိုက်တော့သည်။
ဒီဖရိုဖရဲထူးခြားဖြစ်စဉ်က ပထမဆုံးအကြိမ်ပေါ်လာခြင်းတော့ မဟုတ်ပေ။
ဒီတစ်ကြိမ်တော့ ပိုပြီးကြီးမားလာကာ ပိုပြီးအသက်ဝင်လာသည်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ပဲ့တင်ထပ်လာစေသည့် ထူးခြားဖြစ်စဉ်ဖြစ်သောကြောင့် မဟာတာအိုထူးခြားဖြစ်စဉ် ဖြစ်သွားပါတော့သည်။
“ဒါက..”
“ဖရိုဖရဲလား”
“ဒီကလေးက ဖရိုဖရဲဂိုဏ်းနဲ့ဆက်နွယ်နေတာလား။”
“…”
တက်လှမ်းခြင်းတံခါးတွင် တခြားအသံတစ်ခု ထွက်လာသည်။ထိုအသံတွင် ထိတ်လန့်မှုများ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
ဘုန်း!ဘုန်း!ဘုန်း!
နောက်တခဏမှာ ဖရိုဖရဲဓားကြာပန်းစိမ်းထူးခြားဖြစ်စဉ်က ပြိုကွဲသွားကာ အလင်းစက်များ ဖြစ်သွားတော့သည်။အလင်းစက်များက ကြယ်တာရာများအဖြစ်ပြောင်းလဲကာ ဖရိုဖရဲစစ်မှန်ခန္ဓာထဲသို့ ပေါင်းစပ်သွားတော့သည်။
“ဓားတာအိုထူးခြားဖြစ်စဉ်ပျောက်ကွယ်သွားပြီ။”
“တိုကရိုက်ချေမှုန်းခံရပြီး ဝါးမြိုခံလိုက်ရတာပဲ။”
“အံ့ဩဖို့ကောင်းတယ်”
တက်လှမ်းခြင်းတံခါးထဲမှာ အင်မော်တယ်များစွာက မနေနိုင်ဘဲ အံ့ဩသွားရသည်။
သိပ်မကြာလိုက်ရဘဲ မဟာရွှေအမြူတေတာအိုကျမ်းမှ ထူးခြားဖြစ်စဉ်လည်း ပျက်စီးပြီး ရွှေရောင်အလင်းစက်များအဖြစ် ပြောင်းလဲသွားရ၏။ရွှေရောင်နဂါးငွေ့တန်းများအလား တောက်ပလာပြီး ဖရိုဖရဲစစ်မှန်ခန္ဓာထဲသို့ ပေါင်းစပ်သွားသည်။
ချက်ချင်းပဲ သန့်စင်ခြင်းသုံးပါးထူးခြားဖြစ်စဉ်လည်း ပြောင်းလဲသွားရသည်။တာအိုကျမ်း၏အမှန်တရားတို့မှာ တောက်ပလာပြီး အလင်းတန်းသုံးဖြာကွဲထွက်ကာ ဖရိုဖရဲစစ်မှန်ခန္ဓာ၏ထူးခြားဖြစ်စဉ်ထဲသို့ပေါင်းစပ်သွားသည်။
ထိုအခိုက်တွင် ချီမင်၏ထူးခြားဖြစ်စဉ်များမှာ အပြည့်အဝပေါင်းစပ်သွားတော့သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုက ပဲ့တင်ထပ်လာသည်။ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ကျယ်ပြန့်ခမ်းနားမှုကို ခံစားလိုက်ရသည်။
ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို အပေါ်ယံအဆင့်သာ နားလည်ရသေးသည်။
သူက အောင်မြင်ဖို့ အတော်လေးလိုပါသေး၏။
နောက်ဆုံးတော့ ထူးခြားဖြစ်စဉ်များမှာ တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားသည်။
ဖရိုဖရဲစစ်မှန်ခန္ဓာတစ်ခုသာ ကျန်ခဲ့သည်။ထိုအရာက ချီမင်နှင့်တစ်ပုံစံတည်းတူကာ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်လည်း ပါဝင်ယှဉ်တွဲနေသည်။စစ်မှန်ရည်ရွယ်ချက်တို့မှာ အဆက်မပြတ် စီးဆင်းလာနေသည်။
“ဒါက ဖရိုဖရဲမြင့်မြတ်ခန္ဓာပဲ”
တာအိုဂိုဏ်း၏အင်မော်တယ်က အတော်လေးအံ့အားသင့်သွား၏။”ဖရိုဖရဲမြင့်မြတ်ခန္ဓာက အောက်ကမ္ဘာမှာ ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။”
“ဖရိုဖရဲမြင့်မြတ်ခန္ဓာ?”
“အာ..”
“ဒါက..”
“ဖရိုဖရဲမြင့်မြတ်ခန္ဓာဖြစ်နေတာပဲ”
“အဲ့ကောင်လေးမှာ တကယ်ရော ဖရိုဖရဲမြင့်မြတ်ခန္ဓာရှိတာ ဟုတ်ပါ့မလား”
“မယုံနိုင်စရာကောင်းလိုက်တာ”
“ဖရိုဖရဲဂိုဏ်းက ငါတို့ ပထမအထက်ကမ္ဘာကမဟုတ်ဘူး။နဝမအထက်ကမ္ဘာကပဲ။ပြီးတော့ ဖရိုဖရဲဂိုဏ်းပျောက်ကွယ်နေတာ နှစ်ပေါင်းများစွာ ကြာပြီလို့ကြားတယ်။အခုထိရှိနေသေးလားတော့ မသိဘူး။”
“ဖရိုဖရဲမြင့်မြတ်ခန္ဓာက အထက်ကမ္ဘာမှာတောင် ကျင့်ကြံဖို့ မလွယ်ကူဘူး။”
“ဖရိုဖရဲမြင့်မြတ်ခန္ဓာက အဆင့်နိမ့်ကမ္ဘာရဲ့ အသန်မာဆုံးရုပ်ခန္ဓာလို့ခေါ်လိုရတယ်။အင်မော်တယ်မဖြစ်သေးရင်တောင် ပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံပြီးသရွေ့ ပြီးပြည့်စုံခြင်းအင်မော်တယ်တောင် မခုခံနိုင်ဘူး။ဒါပေမယ့် အဲ့အဆင့်ထိတိုးတက်အောင်ကျင့်ကြံဖို့လည်း မလွယ်ဘူး။”
“…”
အထက်ကမ္ဘာမှအင်မော်တယ်များမှာ ဆွေးနွေးနေကြသည်။
“ပထမအထက်ကမ္ဘာ နဝမအထက်ကမ္ဘာ...”
“အထက်ကမ္ဘာက တစ်ခုတည်းမဟုတ်ဘူးလား”
“ဒါက..”
“ငါအတော်လေး လန့်သွားပြီ။”
“ဒီနေ့တော့ လျှို့ဝှက်ချက်တစ်ခုကို ကြားလိုက်ရမယ်လို့ မမျှော်လင့်ထားဘူး။”
“စီနီယာချီမင်ရဲ့ကျေးဇူးကြောင့် ငါတို့သိလိုက်ရတာ။ဒီကိစ္စကို မှတ်တမ်းတင်ထားပြီး နောက်မျိုးဆက်ကိုအမြဲတမ်းလက်ဆင့်ကမ်းပေးရမယ်။”
“အထက်ကမ္ဘာက ဘယ်လိုအခြေအနေမျိုးများလဲ”
“ပထမအထက်ကမ္ဘာနဲ့နဝမအထက်ကမ္ဘာက ဘာကွာလဲ”
“အထက်ကမ္ဘာကအင်မော်တယ်တွေ ပြောပုံအရတော့ အထက်ကမ္ဘာမှာလည်း ဂိုဏ်းတွေခွဲထားမယ်ထင်တယ်။”
“အထက်ကမ္ဘာက ဘယ်လောက်ကြီးလဲ”
“အင်မော်တယ်အဆင့်ပြီးရင် ဘာများလဲ။အထက်ကမ္ဘာမှာ အဆင့်တွေကို ဘယ်လိုခွဲလဲ။”
“…”
လျှို့ဝှက်နက်နဲကမ္ဘာမှ မျိုးနွယ်ခြောက်ခု၏စိတ်ထဲတွင် မေးခွန်းများစွာပေါ်လာသည်။အင်မော်တယ်များ၏စကားဝိုင်းမှတစ်ဆင့် လျှို့ဝှက်နက်နဲကမ္ဘာ၏သက်ရှိများမှာ သတင်းအချက်အလက်တစ်ချို့ကို သိလိုက်ရပေမယ့် မေးခွန်များစွာလည်း ဖြစ်ပေါ်လာစေသည်။
ချီမင်က ပြုံးလိုက်သည်။သူလည်း အထက်ကမ္ဘာ၏စကားဝိုင်းကို ကြားလိုက်ရသည်။သူမှာလည်း အတွေးများစွာထွက်လာပေမယ့် ထုတ်မပြပေ။
အထက်ကမ္ဘာတွင် တာအိုကျင့်ကြံခြင်းဆိုသည်က အထွတ်အထိပ်တားမြစ်ချက်တစ်မျိုးဖြစ်သည်။အခြေခံအားဖြင့် ဘယ်အင်မော်တယ်မှ မခံစားနိုင်ပေ။ ချီမင်တက်လှမ်းတော့ မဟာတာအိုပဲ့တင်ထပ်လာပေမယ့် သူက အဖော်ထုတ်မခံရပေ။
တဖြည်းဖြည်း မဟာတာအိုထူးခြားဖြစ်စဉ်များ ပျောက်ကွယ်သွားတော့၏။
ဖရိုဖရဲစစ်မှန်ခန္ဓာက ဖြေးညှင်းစွာ ပျောက်ကွယ်သွားတော့သည်။
လျှို့ဝှက်နက်နဲကမ္ဘာသည် ပြန်လည်ငြိမ်သက်သွား၏။
ချီမင်က သူ့အရှိန်အဝါကို ထိန်းချုပ်ထားလိုက်သည်။သူက တက်လှမ်းခြင်းတံခါးထံသို့ လေးနက်စွာ လျှောက်ဝင်သွားလိုက်ပါ၏။လျှို့ဝှက်နက်နဲကမ္ဘာ၏လူတိုင်းအကြည့်အောက်မှာ တက်လှမ်းခြင်းတံခါးက ဖြေးညှင်းစွာ ပိတ်သွားသည်။
ထိုအခိုက်တွင် ကမ္ဘာကြီးက တိတ်ဆိတ်သွားတော့သည်။
ထူးခြားဖြစ်စဉ်အားလုံး ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုကလည်း ပုံမှန်ပြန်ဖြစ်သွား၏။မဟာတာအိုစစ်မှန်ရည်ရွယ်ချက်များမှာ တစ်ခါမှ မဖြစ်ပေါ်ဖူးသည့်အလား လေထဲမှာတင် ပျောက်ကွယ်သွားတော့သည်။
“လျှို့ဝှက်နက်နဲကမ္ဘာရဲ့မျိုးနွယ်ခြောက်ခုက စီနီယာချီမင်ရဲ့တက်လှမ်းခြင်းအတွက် ဂုဏ်ပြုပါတယ်။”
“စီနီယာချီမင်ရဲ့တက်လှမ်းခြင်းအတွက် ဂုဏ်ပြုပါတယ်။”
“…”
လျှို့ဝှက်နက်နဲကမ္ဘာမှလူတိုင်းက ချီမင်ကို အရိုအသေပြုကာ လေးစားစွာ ဂုဏ်ပြုလိုက်ကြသည်။
“စီနီယာအစ်ကို...”စုချင်းယင်က အသက်ပြင်းပြင်းရှုကာ တည်ငြိမ်သွားတော့သည်။သူမက အနည်းငယ်တွန့်ဆုတ်နေပေမယ့်လည်း အထက်ကမ္ဘာကို ပိုပြီးစိတ်ဝင်စားသွား၏။”ကျွန်မလည်း သိပ်မကြာခင်မှာပဲ အထက်ကမ္ဘာကိုတက်လှမ်းလာပါမယ်။”
“ဂျူနီယာမောင်လေး”လုချင်းယန်က နူးညံ့စွာတီးတိုးရေရွတ်လိုက်၏။”ငါလည်း နင့်နောက်ကိုလိုက်ပြီး ပိုကျယ်ဝန်းတဲ့လောကကြီးကိုမြင်ရဖို့ အထက်ကမ္ဘာကိုတက်လှမ်းလာခဲ့မယ်။”
မြင်ကွင်းကပြောင်းလဲသွားသည်။
တက်လှမ်းခြင်းတံခါးထဲကို ချီမင်ခြေချပြီးတာနဲ့ အင်မော်တယ်တက်လှမ်းခြင်းလမ်းကြောင်းထဲသို့ ဝင်သွားတော့သည်။အင်မော်တယ်တက်လှမ်းခြင်းလမ်းကြောင်းတွင် ချီမင်က အထက်ကမ္ဘာ၏စွမ်းအားကို ခံစားလိုက်ရသည်။
တစ်နည်းနည်းဖြင့် ချီမင်က အထက်ကမ္ဘာ၏ကောင်းကင်တာအိုအသိစိတ်ကို ခံစားလိုက်မိ၏။
အင်မော်တယ်တက်လှမ်းခြင်းလမ်းကြောင်းထဲတွင် အထက်ကမ္ဘာ၏အင်မော်တယ်ချီများ ပြည့်နေသည်။အင်မော်တယ်ချီများတွင် အထက်ကမ္ဘာ၏စည်းမျဉ်းဥပဒေသများ ပါဝင်နေပြီး မယှဉ်သာလောက်သည့် ဖိအားကို ထုတ်လွှတ်နေသည်။
အလွန်အမင်းစွမ်းအားကြီးပါ၏။
အဆင့်နိမ့်ကမ္ဘာတွင် လျှို့ဝှက်နက်နဲကမ္ဘာဖြစ်စေကျင့်ကြံခြင်းကမ္ဘာဖြစ်စေထူးခြားကမ္ဘာဖြစ်စေ မဟာယွင်းကမ္ဘာဖြစ်စေ ကမ္ဘာ့အသိစိတ်များက ကောင်းကင်တာအို၏သန္ဓေသားအဆင့်သာ ရှိသည်။
အထက်ကမ္ဘာကတော့ ခြားနားပါ၏။
အထက်ကမ္ဘာ၏ကောင်းကင်တာအိုအသိစိတ်က ကောင်းကင်တာအို၏ပြီးပြည့်စုံသည့် ပုံစံဖြစ်သည်။ ပြီးပြည့်စုံကာ အပြစ်အနာဆာကင်း၏။
နှစ်ခုကြားကို ယှဉ်လို့တောင်မရပေ။
ကွာခြားချက်က အတော်လေးကြီးမား၏။
ယခု ချီမင်က အင်မော်တယ်တက်လှမ်းခြင်းလမ်းကြောင်းထဲမှ အထက်ကမ္ဘာ၏အင်မော်တယ်ချီကို စုပ်ယူရန်လိုသည်။ အင်မော်တယ်ချီတွင်ပါသည့်စည်းမျဉ်းဥပဒေသများကို အသုံးပြုကာ အထက်ကမ္ဘာ၏နှစ်ခြင်းကို ပြီးဆုံးစေမည်ဖြစ်သည်။ထို့နောက်မှာ ချီမင်က သေမျိုးခန္ဓာကို စွန့်ကာ အင်မော်တယ်တစ်ပါးဖြစ်လာပေမည်။
ဒါက တခြားတက်လှမ်းသူများအတွက်တော့ မှန်လိမ့်မည်။
အင်မော်တယ်တက်လှမ်းခြင်းလမ်းထဲမှ အထက်ကမ္ဘာအင်မော်တယ်ချီက ချီမင်အတွက် အသုံးမဝင်ပေ။သူသာ အထဲမှစည်းမျဉ်းဥပဒေသများကို စုပ်ယူလိုက်ရင်တောင် သူ့အဆင့်က တိုးလာလိမ့်မည်မဟုတ်ပေ။
ချီမင်က မဟာတာအိုကို ကျင့်ကြံသည်။သူ့တစ်ကိုယ်လုံးတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုများ ပါဝင်နေသည်။ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းများနှင့် ဥပဒေသများ မဆိုထားနှင့်။ မိုးမြေကောင်းကင်တာအိုတောင် ချီမင်ကို အဆင့်မတက်သွားစေနိုင်ပေ။
ချီမင်သည် အဆင့်တက်ချင်လျှင် သူကတော့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ပြီးမှသာ အဆင့်တက်ခြင်း ပြည့်စုံသွားမည်ဖြစ်၏။
ချီမင်သည် မဟာတာအိုကျင့်ကြံခြင်းကို စွန့်လွှတ်ပြီး သူ့ကျင့်ကြံခြင်းလမ်းစဉ်ကို လျှော့ချနိုင်သေးလေသည်။ထိုသို့သာဆိုလျှင် သူက အထက်ကမ္ဘာအင်မော်တယ်ချီကို စုပ်ယူနိုင်ပေလိမ့်မည်။
“မေ့လိုက်တော့”ချီမင်က ခေါင်းခါလိုက်သည်။”ငါ မသုံးနိုင်မှတော့ ဝိညာဉ်သားရဲတွေကိုပဲ အသွင်းပြောင်းခြင်းပြည့်စုံအောင် အင်မော်တယ်ချီစုပ်ယူခိုင်းလိုက်တော့မယ်။”