← Chapters

ပြိုင်ဆိုင်ခြင်း

Vol. 20 Ch. 290

ပြိုင်ဆိုင်ခြင်း

Vol. 20 Ch. 290

ချီမင်က သဘာဝအတိုင်း သူ့ကျင့်ကြံခြင်းလမ်းစဉ်ကို နိမ့်ချပစ်မှာတော့ မဟုတ်ပေ။သူက သူ့အလားအလာအနာဂတ်များကို မဖြုန်းတီးပစ်ချင်ပေ။

“ထွက်လာခဲ့”

အလင်းဖြတ်ခနဲ လက်သွား၏။ပုံရိပ်ခြောက်ခုက သူ့ရှေ့ကို ခုန်ထွက်လာပါ၏။ဟော့ချန်ချင်း၊သေမင်း၊လင်းနို့လေး၊ယင်လေး၊အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ဖြစ်ပါသည်။

“သခင် ဒါက....”ဟော့ချန်ချင်းက ချီမင်ကို အံ့ဩနေသည့် အမူအရာဖြင့် ကြည့်နေ၏။

“ဒီထဲကနေ...”

“ကျွန်တော် ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေနဲ့ဥပဒေသတွေကို အာရုံခံမိပါတယ်။”

“ဒါ...”

သေမင်း၊အမှောင်မီးလျှံနှင့် ကျန်သောသူများက အံ့အားသင့်နေကြ၏။

“ဒါက တက်လှမ်းခြင်းလမ်းကြောင်းပဲ။”ချီမင်က ဆိုလိုက်ပါ၏။”ပတ်ဝန်းကျင်မှာ အထက်ကမ္ဘာရဲ့အင်မော်တယ်ချီတွေ ပြည့်နှက်နေတယ်။အင်မော်တယ်ချီရဲ့အရည်အသွေးက ဝိညာဉ်ချီထက် အတော်လေး သာတယ်။”

“ပြီးတော့..”

“အထက်ကမ္ဘာအင်မော်တယ်ချီတွေမှာ ကောင်းကင်နဲ့မြေကြီးရဲ့စည်းမျဉ်းတွေ ဥပဒေသတွေ ပါဝင်နေတယ်။စုပ်ယူပြီး အင်မော်တယ်အဆင့်ကို မြန်မြန်တက်လိုက်တော့။”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့!”

“…”

ဟော့ချန်ချင်းနှင့် တခြားသောသူများမှာ ပြန်ဖြေလိုက်ကြ၏။

ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်က တင်ပျဉ်ခွေချိတ်ကာ ထိုင်လိုက်ကြပါ၏။သူတို့က ကျင့်ကြံခြင်းနည်းစနစ်များကို လည်ပတ်ကာ အထက်ကမ္ဘာအင်မော်တယ်ချီများကို စုပ်ယူလိုက်၏။အလင်းရောင်များတောက်ပလာကာ သူတို့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသောကြောင့် ဟော့ချန်ချင်းတို့ကို များစွာသော ပြောင်းလဲမှုများဖြစ်သွားစေ၏။

ထိုပြောင်းလဲမှုသည် သက်ရှိများ၏ဖြစ်တည်မှုကို မြင့်တင်ပေးနိုင်သည်။

ထိုအခိုက်တွင် ချီမင်က တက်လှမ်းခြင်းလမ်းကြောင်းကို လေ့လာရန်အချိန်ရသွားသည်။သူ့အနားတွင် အင်မော်တယ်ချီများ ပြည့်နှက်နေပြီး ထူးဆန်းသည့် မြင်ကွင်းများကိုလည်း ပြသနေသေး၏။အထဲတွင် အချိန်နှင့်နေရာလွတ်၏အနှစ်သာရနှင့် လျှို့ဝှက်ချက်များ ပါဝင်နေပြီး ချီမင်က နားလည်သဘောပေါက်နိုင်၏။

တက်လှမ်းခြင်းလမ်းကြောင်း၏အပြင်ဘက်ကို ဂရုတစိုက်စောင့်ကြည့်လိုက်လျှင် ကြယ်တာများပြည့်နှက်နေသည့် တောက်ပနေသည့်ကောင်းကင်ကြီးကို မြင်ရပါ၏။ထိုအချိန်တွင် မမြင်နိုင်သည့် အားတစ်ခုက ချီမင်ကို လမ်းဆုံးထိ အတင်းအကြပ်လျှောက်လှမ်းလာစေသည်။

အချိန်များ ကုန်ဆုံးသွားပါ၏။

သိပ်မကြာခင်မှာပဲ ချီမင်သည် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရ၏။အထွတ်အထိပ်ဖိအားတစ်ခုက လေထဲမှ ထွက်လာသည်။ထိုဖိအားက အထက်ကမ္ဘာအသိစိတ်၏ဖိအားဖြစ်သည်။

သူက တက်လှမ်းခြင်းလမ်းကြောင်း၏အဆုံးကို ရောက်လာပြီး အထက်ကမ္ဘာသို့ ဝင်ရောက်သွားတော့၏။

တစ်ချိန်တည်းမှာ ဟော့ချန်ချင်း၊သေမင်း၊လင်းနို့လေး၊ယင်လေး၊အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်သွားကြကာ အရှိန်အဝါများက ကြီးစွာ တိုးတက်သွားတော့၏။

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင့်ရဲ့သာမန်အင်မော်တယ်သားရဲ လေဟာနယ်နဂါးက ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းတွေနဲ့ဥပဒေသများပါဝင်သည့် အထက်ကမ္ဘာအင်မော်တယ်ချီကို ပမာဏအများကြီးစုပ်ယူခဲ့ပါတယ်။သူက အသွင်ပြောင်းခြင်း ပြီးပြည့်စုံသွားပါပြီ။နေရာလွတ်ဥပဒေသနဲ့ ပြင်းထန်ယန်ဥပဒေသများကို နားလည်ဖမ်းဆုပ်နိုင်ခဲ့ပြီး ဥပ‌ဒေသကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့ပါပြီ။အင်မော်တယ် အစောပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။”

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင့်ရဲ့ရှားပါးဝိညာဥ်သားရဲ ပြင်းထန်ယင်ဘုရင်မက ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းတွေနဲ့ဥပဒေသများပါဝင်သည့် အထက်ကမ္ဘာအင်မော်တယ်ချီကို ပမာဏအများကြီးစုပ်ယူခဲ့တာကြောင့် သူမက အသွင်ပြောင်းခြင်း ပြီးပြည့်စုံသွားပါပြီ။သူမက ပြင်းထန်ယင်ဥပဒေသများကို နားလည်ဖမ်းဆုပ်နိုင်ခဲ့ပြီး ဥပ‌ဒေသကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့ပါပြီ။ ရှားပါးဝိညာဥ်သားရဲ ပြင်းထန်ယင်ဘုရင်မမှ သာမန်အင်မော်တယ်သားရဲ ပြင်းထန်ယင်နတ်သမီးအဖြစ်ပြောင်းလဲသွားပါတယ်။အင်မော်တယ် အစောပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။”

…

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင့်ရဲ့ရှားပါးဝိညာဥ်သားရဲ ကပ်ဘေးဒုက္ခအရှင်က ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းတွေနဲ့ဥပဒေသများပါဝင်သည့် အထက်ကမ္ဘာအင်မော်တယ်ချီကို ပမာဏအများကြီးစုပ်ယူခဲ့တာကြောင့် သူမက အသွင်ပြောင်းခြင်း ပြီးပြည့်စုံသွားပါပြီ။သူမက ကပ်ဘေးဥပဒေသများကို နားလည်ဖမ်းဆုပ်နိုင်ခဲ့ပြီး ဥပ‌ဒေသကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့ပါပြီ။ ရှားပါးဝိညာဥ်သားရဲ ကပ်ဘေးဒုက္ခအရှင်မှ သာမန်အင်မော်တယ်သားရဲ ကပ်ဘေးတောကောင် အဖြစ်ပြောင်းလဲသွားပါတယ်။အင်မော်တယ် အစောပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။”

…

တင်!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင့်ရဲ့ရှားပါးဝိညာဥ်သားရဲ ထိုက်ချီလင်းနို့ဘုရင်က ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းတွေနဲ့ဥပဒေသများပါဝင်သည့် အထက်ကမ္ဘာအင်မော်တယ်ချီကို ပမာဏအများကြီးစုပ်ယူခဲ့တာကြောင့် သူက အသွင်ပြောင်းခြင်း ပြီးပြည့်စုံသွားပါပြီ။သူက ထိုက်ချီဥပဒေသများကို နားလည်ဖမ်းဆုပ်နိုင်ခဲ့ပြီး ဥပ‌ဒေသကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့ပါပြီ။ ရှားပါးဝိညာဥ်သားရဲ ထိုက်ချီလင်းနို့ဘုရင်မှ သာမန်အင်မော်တယ်သားရဲ ထိုက်ချီအင်မော်တယ်လင်းနို့အဖြစ်ပြောင်းလဲသွားပါတယ်။အင်မော်တယ် အစောပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။”

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင့်ရဲ့ရှားပါးဝိညာဥ်သားရဲ အဆုံးစွန်သေမင်းက ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းတွေနဲ့ဥပဒေသများပါဝင်သည့် အထက်ကမ္ဘာအင်မော်တယ်ချီကို ပမာဏအများကြီးစုပ်ယူခဲ့တာကြောင့် သူက အသွင်ပြောင်းခြင်း ပြီးပြည့်စုံသွားပါပြီ။သူက သေဆုံးခြင်းဥပဒေသများကို နားလည်ဖမ်းဆုပ်နိုင်ခဲ့ပြီး ဥပ‌ဒေသကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့ပါပြီ။ ရှားပါးဝိညာဥ်သားရဲ အဆုံးစွန်သေမင်းမှ သာမန်အင်မော်တယ်သားရဲ သေမင်းအင်မော်တယ်စိတ်ဝိညာဥ် အဖြစ်ပြောင်းလဲသွားပါတယ်။အင်မော်တယ် အစောပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။”

…

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင့်ရဲ့ရှားပါးဝိညာဥ်သားရဲ ရှုတောင်အကန့်အသတ်မဲ့ဓားသူ‌တော်စင်က ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းတွေနဲ့ဥပဒေသများပါဝင်သည့် အထက်ကမ္ဘာအင်မော်တယ်ချီကို ပမာဏအများကြီးစုပ်ယူခဲ့တာကြောင့် သူက အသွင်ပြောင်းခြင်း ပြီးပြည့်စုံသွားပါပြီ။သူက ထိုက်ချီဥပဒေသ၊ဓားတာအိုဥ‌ပဒေသနှင့် ယင်ယန်ဥပဒေသများကို နားလည်ဖမ်းဆုပ်နိုင်ခဲ့ပြီး ဥပ‌ဒေသကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့ပါပြီ။ ရှားပါးဝိညာဥ်သားရဲ ရှုတောင်အကန့်အသတ်မဲ့ဓားသူ‌တော်စင်မှ သာမန်အင်မော်တယ်သားရဲ ရှုတောင်ဓားအင်မော်တယ် အဖြစ်ပြောင်းလဲသွားပါတယ်။အင်မော်တယ် အစောပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။”

…

ချီမင်သည် အသိပေးချက်ခြောက်ခုလုံးကို လက်ခံရလိုက်သည်။

အမှောင်မီးလျှံက အင်မော်တယ်အစောပိုင်းအဆင့်သို့ တက်သွားသည်။ကျန်သည့်သူများကတော့ အင်မော်တယ်အစောပိုင်းအဆင့်သို့ ရောက်သွားသည့်အပြင် ရှားပါးဝိညာဉ်သားရဲမှ သာမန်အင်မော်တယ်ဝိညာဉ်သားရဲအဖြစ်ပါ တိုးတက်သွားကြ၏။

ပြောင်းလဲမှုက ကြီးမားသည်။

ဝိညာဉ်သားရဲ ခြောက်ကောင်လုံးက အင်အားတိုးသွားကြသည်။

“ကျွန်တော်တို့ အားလုံးအဆင့်တက်သွားပါတယ်။”

“အင်မော်တယ် အစောပိုင်းအဆင့်ကို ရောက်သွားကြပါပြီ။”

“…”

ဟော့ချန်ချင်းတို့က ချီမင်ကို ပြန်လျှောက်တင်လိုက်သည်။

ချီမင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်၍ ဆို၏။”မင်းတို့အကုန် ဝိညာဉ်သားရဲကြီးထွားတဲ့ နေရာလွတ်ထဲဝင်တော့”

“ဟုတ်...”

“ဟုတ်...”

ဟော့ချန်ချင်းတို့က ပြန်ဖြေလိုက်ကြပါ၏။

အဖြူရောင်အလင်းများ လက်သွားသည်။

ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်က အလင်းတန်းများအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။သူတို့က ဝိညာဉ်သားရဲအကွက်ထဲသို့ ပြန်သွားခြင်းဖြစ်သည်။ထိုအချိန်တွင် ချီမင်ကလည်း တက်လှမ်းခြင်းလမ်းကြောင်းအဆုံးသို့ ရောက်လာပါ၏။

ချီမင်က စူးစမ်းကြည့်လိုက်သည်။သူက နေရာလွတ်တစ်ခုထဲကို ရောက်နေသည်။နေရာလွတ်၏အလယ်ဗဟိုတွင် ချီမင်က ကြီးမားသည့် ဟောခန်းမကြီးကို တွေ့လိုက်ရသည်။

ကြီးမားသည့် စတိတ်စင်ကြီးနှင့်တောင် တူ၏။

အနီးကပ်ကြည့်မိတော့ ဆိုင်းဘုတ် ချိတ်ဆွဲထားသည်ကို တွေ့ရ၏။

လက်ခံရာစင်မြင့်ဟု ရေးသားထား၏။

“လက်ခံရာစင်မြင့်”ချီမင် စဉ်းစားလိုက်သည်။

အဲ့ဒီလောက်ကြီးမားကျယ်ပြန့်သည့် လေးထောင့်ခန်းမကြီးထဲတွင် ပုံရိပ်များစွာ ရပ်နေကြပါသည်။တစ်ယောက်ချင်းစီတိုင်းက နားလည်ရခက်သည့် အရှိန်အဝါများ ရှိပြီး အင်မော်တယ်ချီများ ထွက်နေသည်။သူတို့က အထက်ကမ္ဘာ၏ အင်မော်တယ်အစစ်များ ဖြစ်ကြပါ၏။

ချီမင်က ကောင်းကင်ပေါ်သို့ ခုန်တက်သွားကာ လက်ခံရာစင်မြင့်ပေါ် တက်လိုက်၏။

နာမည်အတိုင်းပင် အောက်ကမ္ဘာမှ တက်လှမ်းလာသည့်သူများကို ကြိုဆိုသည့်နေရာဖြစ်သည်။ဒီနေရာထဲတွင် အထက်မ္ဘာမှအင်မော်တယ်များ စောင့်ရှောက်နေကြပါသေးသည်။သူတို့က အောက်ကမ္ဘာမှတက်လှမ်းလာသူများကို အထက်ကမ္ဘာမှ ဂိုဏ်းများတွင် ဝင်ရောက်နိုင်ရန် လမ်းညွှန်ပေးတာဖြစ်သည်။

ယခု ချီမင်တက်လှမ်းတော့ အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားသည်။ထို့ကြောင့် အထက်ကမ္ဘာ၏ဂိုဏ်းများစွာကို ဆွဲဆောင်သွားမိ၏။

ထိုဂိုဏ်းအဖွဲ့အစည်းများက သူတို့၏အင်မော်တယ်နှင့်ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်တပည့်များကို စေလွှတ်ကာ လက်ခံရာစင်မြင့်တွင် ချီမင်ကို သူတို့ဂိုဏ်းထဲသို ဝင်လာအောင် ဆောင်ရွက်ခိုင်းထားသည်။

ထို့အပြင် ချီမင်၏လျှို့ဝှက်နက်နဲကမ္ဘာက ပထမအထက်ကမ္ဘာ၏အုပ်ချုပ်ခွင့်အောက်တွင် ဖြစ်သည်။ထို့ကြောင့် လျှို့ဝှက်နက်နဲကမ္ဘာ၏တက်လှမ်းသူတိုင်းက တက်လှမ်းရင် ပထမအထက်ကမ္ဘာကို ရောက်သွားကြရသည်။

“ဟားဟားဟား...”

ချီမင်က လက်ခံရာစင်မြင့်ကို ရောက်ရောက်ချင်း ရယ်သံကြားလိုက်ရသည်။သူလှမ်းကြည့်မိတော့ ရွက်ကြမ်းရေကျိုမျက်နှာနှင့် လူငယ်တစ်‌ယောက် လျှောက်လာနေသည်။သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နောက်တွင် အနက်ရောင်ဓားပြားကြီးကို သယ်ဆောင်ထား၏။

“ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပေးပါရစေ။”

လူငယ်က ပြုံးကာဆိုလိုက်၏။”မင်းငါ့ကို ချန်ကျန့်လို့ ခေါ်လို့ရတယ်။ငါက ပထမအထက်ကမ္ဘာက ကောင်းကင်ဓားဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်ပဲ။ကောင်းကင်ဓားဂိုဏ်းဆိုတာ ပြည်နယ်ကိုးလောကရဲ့ ထိပ်သီးဂိုဏ်းတစ်ခုပဲ။မင်းသာ ကောင်းကင်ဓားဂိုဏ်းကိုဝင်ရင် သေချာပေါက်အမွေခံတပည့်ဖြစ်လာမယ်လို့ ငါအာမခံတယ်။အနာဂတ်မှာ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာမယ့် အခွင့်အရေးလည်းရမယ်။”

“ဘယ်လိုလဲ။”

သူ့ကိုယ်သူ ချန်ကျန့်ဟုခေါ်သည့် လူငယ်လေးကပြုံးလိုက်၏။”မင်းသာ ကောင်းကင်ဓားဂိုဏ်းကို ရွေးရင် မနစ်နာစေရဘူးလို့ ငါအာမခံတယ်။မင်း စိတ်ကြိုက်ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရဖို့ ငါ အကောင်းဆုံးကြိုးစားပေးမယ်။”

“ဒါ..”ချီမင်က ခဏလောက်စဉ်းစားလိုက်သည်။”စီနီယာချန်ကျန့် ကျွန်တော်က အောက်ကမ္ဘာကနေ ခုလေးတင် တက်လှမ်းလာတာဆိုတော့ အခြေအနေတွေကို မရင်းနှီးသေးဘူး။‌အထက်ကမ္ဘာကလည်း အောက်ကမ္ဘာလို ဂိုဏ်းတွေ ခွဲထားသေးတာလား။”

ချန်ကျန့်က ခေါင်းအသာညိတ်ကာ ချီမင်၏မေးခွန်းကို ပြန်ဖြေပေးလိုက်သည်။”ငါလည်း တခြားနေရာတွေတော့ မသိဘူး။ပထမပထမအထက်ကမ္ဘာ ပြည်နယ်ကိုးလောကမှာတော့ ဂိုဏ်းတွေအများကြီးရှိတယ်။”

“တခြားမျိုးနွယ်စုတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်။”

“စီနီယာရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”ချီမင်က အရိုအသေပြုလိုက်၏။

“ရပါတယ်ကွ”ချန်ကျန်းက ဆိုသည်။”ဘယ်လိုလဲ။ကောင်းကင်ဓားဂိုဏ်းကို ဝင်ချင်လား။”

“မင်းသိဖို့လိုအပ်တဲ့ တစ်ခုရှိသေးတယ်။”

“လက်ခံရာစင်မြင့်ကို တပည့်တွေပို့ထားတဲ့ ဂိုဏ်းတွေက များသောအားဖြင့်ဆိုရင်တော့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်နောက်ခံရှိတဲ့ အဖွဲ့အစည်းတွေ ဂိုဏ်းတွေပဲ။တစ်ယောက်ထက်တောင် ပိုရှိကြတာမျိုးတွေလည်း ရှိတယ်။”

“အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆိုတာ အင်မော်တယ်အဆင့်ရဲ့ အထွတ်အထိပ်အဆင့်ပဲ။”

“ အင်မော်တယ်အဆင့်ရဲ့ အထွတ်အထိပ်အဆင့်”ချီမင်က ထပ်တွေးမိသွားသည်။

“ကောင်းကင်ဓားဂိုဏ်းကရော”

တခြားဂိုဏ်းများမှ တပည့်များသည်လည်း တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြ၏။သူတို့က ချီမင်ကို သူတို့ဂိုဏ်းများနှင့် ချည်နှောင်ရန် ဖိတ်ခေါ်လာကြသည်။

“ချီမင် မင်းရဲ့အရည်အချင်းနဲ့ဆို ကောင်းကင်ဓားဂိုဏ်းကို ဝင်တာက မင်းရဲ့ပါရမီကိုသက်သက်ဖြုန်းတီးပစ်လိုက်တာပဲ။ငါတို့ မဟာနေမင်းဂိုဏ်းကို ဝင်သင့်တာ”

“မဟာနေမင်းဂိုဏ်းက အရမ်းများကောင်းနေလို့လား။လွန်ခဲ့တဲ့ဆယ်နှစ်ကပဲ မင်းတို့ရဲ့မဟာနေမင်းအင်မော်တယ်ဘုရင်က ငါတို့ မြူခိုးဂိုဏ်းက အင်မော်တယ်ဘုရင်ကို ရှုံးသွားတာမလား။ချီမင် မင်းက ငါတို့မြူခိုးဂိုဏ်းကို ဝင်သင့်တာ။”

“မင်းက ငါတို့ အစွန်းရောက်ကိုးပါးဂိုဏ်းကို ဝင်သင့်တာ။”

“…”

ပတ်ဝန်းကျင်မှာ အထက်ကမ္ဘာ၏ဂိုဏ်းအဖွဲ့အစည်းများမှ တပည့်များမှာ ချီမင်ကို ဖိတ်ခေါ်နေကြသည်။

သူတို့က ချီမင်၏အကြောင်းတချို့ကို သိထားကြသည်။

ထိုအချိန်တွင် ထူးခြားသည့်အရှိန်အဝါဖြင့် ပုံရိပ်တစ်ခု ရောက်ချလာသည်။သူက ပတ်ဝန်းကျင်မှအင်မော်တယ်များထက် သန်မာသည်မှာသိသာ၏။ချန်ကျန့်နှင့်တခြားသူများက အလျင်အမြန်လမ်းဖွင့်ပေးလိုက်ပြီး လေးစားစွာ ခေါင်းငုံ့ထားလိုက်ကြသည်။

“မင်း အင်မော်တယ်အဆင့်ကို မတက်ရသေးဘူးလား။”

ထိုပုံရိပ်က အဖြူရောင်သာ ဝတ်ဆင်ထားသည်။ဆံပင်ရှည်များကို နောက်ဘက်တွင်စုစည်းထားသည်။သူ့မှာ ထင်ရှားတဲ့မျက်နှာသွင်ပြင်မျိုးရှိပြီး အတော်လေးလည်း ချောမော၏။သူက လက်နှစ်ဖက်ကို နောက်ပို့ထားလျက် ချီမင်ကို အကြိမ်အနည်းငယ်မျှ စူးစမ်းကြည့်နေ၏။သူက မျက်မှောင်ကြုံကာ အံ့ဩသွားသည့်လေသံဖြင့်ဆို၏။”ဘယ်လိုဖြစ်နိုင်မှာလဲ။ငါခုနလေးတင် တက်လှမ်းခြင်းလမ်းကြောင်းထဲမှာ အရမ်းသန်မာတဲ့ နိယာမလှုပ်ခတ်မှုကို ခံစားလိုက်ရတယ်။မင်းက အထက်ကမ္ဘာအင်မော်တယ်ချီတွေအများကြီး စုပ်ယူထားသင့်တာလေ။အင်မော်တယ်အဆင့်ကို တက်ဖို့ ကျရှုံးသွားစရာ အကြောင်းမရှိဘူး။”

(T/N ထင်ရှားတဲ့သွင်ပြင်ဆိုတာ မေးရိုးထင်းထင်းသွယ်သွယ် နှာတံဖြောင့်ဖြောင့် မျက်နှာအဆီနည်းပြီး မျိုးဗီဇကောင်းတဲ့ အာရှအလှစံနှုန်းထဲကတစ်ခုပါ)

All Chapters