ဒါဆိုမင်းက အမှိုက်လား။ လောကအင်မော်တယ်ဂိုဏ်း
Vol. 20 Ch. 291
တကယ်တော့ ချီမင်က တက်လှမ်းခြင်းလမ်းကြောင်းထဲကနေ အင်မော်တယ်ချီကို မစုပ်ယူထားပေ။အကြောင်းပြချက်က ရိုးရှင်းပါ၏။သူယခင်မှ ပြောခဲ့သည့်အတိုင်းပင်။ ချီမင်သည် မဟာတာအိုကိုကျင့်ကြံသူဖြစ်သည်။သူက အင်မော်တယ်ချီကို စုပ်ယူလိုက်ရင်တောင် အဆင့်တတ်နိုင်မည်မဟုတ်ပေ။
အတော်လေးလှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်ကလည်း ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်က အထက်ကမ္ဘာအင်မော်တယ်ချီများကို ပမာဏကြီးစွာ စုပ်ယူသွား၍ဖြစ်၏။တက်လှမ်းသူခြောက်ယောက်စာပမဏနှင့်ညီမျှသည့်အတွက် သဘာဝအတိုင်း လှုပ်ရှားမှုကလည်းကြီးမားသည်။
ထူးခြားသည့်နောက်ခံဖြင့် အဖြူရောင်ဝတ်လူငယ်လေး၏ပေါ်ထွက်လာမှုသည် ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်ကြောင့် ဖြစ်သည်။
“တာအိုဂိုဏ်းရဲ့ အမွေခံတပည့်ကို နှုတ်ခွန်းဆက်သပါတယ်”
“…”
ပတ်ဝန်းကျင်မှ ဂိုဏ်အသီးသီး၏တပည့်များက ဦးညွှတ်လိုက်ကြသည်။သူတို့လေသံနှင့်ဟန်ပန်များက အင်မတန်လေးစားနေကြပါသည်။
တာအိုဂိုဏ်းသည် ပထမအထက်ကမ္ဘာပြည်နယ်ကိုးလောက၏နံပါတ်တစ်ဂိုဏ်းဖြစ်၏။သူတို့တွင် အင်မော်တယ်ဘုရင်အဆင့်များကိုပင် ဖိနှိပ်နိုင်သော သူများရှိပါ၏။သူတို့အခြေခံက နက်နဲပြီး တည်ရှိလာသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာခဲ့ပါပြီ။
ယခု တာအိုဂိုဏ်း၏အမွေခံတပည့် ပေါ်လာသည်က ချီမင်ကို တန်ဖိုးထား၍ဟု ဆိုရမည်။သို့ပေသော်လည်း ချီမင်၏စွမ်းဆောင်မှုက ထိုအမွေခံတပည့်၏အာရုံကို ဖမ်းစားနိုင်ဟန်မရပေ။အတော်လေးစိတ်ပျက်နေသည်ဟုတောင် ပြောရမည်။
ချီမင်က ခေါင်းညိတ်၏။”ကျွန်တော် အင်မော်တယ်အစောပိုင်းအဆင့်ကို မရောက်သေးပါဘူး။”
“ဘာ”
“ချီမင်က အသွင်ပြောင်းတာမပြီးသေးဘူးလား။”
“ဒါ....”
“ဘယ်လို ဖြစ်နိုင်မှာလဲ။ချီမင်တက်လှမ်းတာကြောင့် ပေါ်လာတဲ့ထူးခြားဖြစ်စဉ်တွေနဲ့ဆိုတက်လှမ်းခြင်းလမ်းကြောင်းကိုဝင်ရင် အင်မော်တယ်ချီကို လုံလုံလောက်လောက်စုပ်ယူပြီး အလွယ်လေးအဆင့်တက်နိုင်ရမှာကို။စည်းမျဉ်းကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကိုတောင် ခြေချဖို့ အခွင့်အရေးများတာကို။”
“ဘာလို့ အဆင့်မတတ်သွားတာတုန်း”
“ဘာများဖြစ်သွားလို့လဲ။”
“ငါတို့ပဲ မှားတာလား။တကယ်တော့ ချီမင်က အင်မော်တယ်အဆင့်တောင်မရောက်နိုင်တဲ့ အမှိုက်လား။”
“မဖြစ်နိုင်ပါဘူး။”
ထိတ်လန့်ခြင်း
အလွန်အမင်းထိတ်လန့်ခြင်း
ချန်ကျန့်နှင့်တခြားသောသူတို့မှာ ချီမင်ကို စိုက်ကြည့်ပြီး ဂရုတစိုက်ဖြင့် အာရုံခံနေသည်။သူတို့က ချီမင်ဆီကနေ ထူးခြားသည့်အင်မော်တယ်အရှိန်အဝါကို မတွေ့ရပေ။
တစ်နည်းဆိုသော်..
ချီမင်က အဆင့်မတက်ရသေးပေ။သူက မဟာယနအဆင့်၌သာရှိ၏။
စိတ်ပျက်သွားကြသည်။
ချန်ကျန့်နှင့်ကျန်သူများမှာ အင်မတန်စိတ်ပျက်သွားကြရ၏။
“ငါတို့ရဲ့အားအင်ကို ဖြုန်းတီးလိုက်မိတာပဲ။”
“ငါတို့အချိန်တွေ အလဟသကုန်သွားတာပဲ”
“ဒါဆို သူက အမှိုက်ပေါ့”
“အောက်ကမ္ဘာမှာကျ သူက ထူးခြားဖြစ်စဉ်တွေဖြစ် ရုတ်ရုတ်သဲသဲတွေဖြစ်အောင်လုပ်ပြီး ပထမအထက်ကမ္ဘာကိုတက်လှမ်းလာတော့ အင်မော်တယ်ချီတွေအများကြီးစုပ်ယူပြီးတာတောင် အင်မော်တယ်တစ်ပါးမဖြစ်နိုင်သေးဘူး။”
“အတော်လေး စိတ်မကောင်းစရာပဲ။”
“မေ့လိုက်တော့။ငါတို့မဟာနေမင်းဂိုဏ်းကဒီလို အထူးပါရမီရှင်ကို လက်ခံနိုင်မှာမဟုတ်တော့ဘူး။”
“ငါတို့ အစွန်းရောက်ကိုးပါးဂိုဏ်းကလည်း ဒီလိုပါရမီရှင်အကောင်းစားလေးကို လက်မခံနိုင်တော့ဘူး။”
“နှုတ်ဆက်ပါတယ်”
မျက်စိတစ်မှိတ်အတွင်းမှာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။သူတို့က လက်ထဲက တိုကင်များကို အသက်သွင်းလိုက်သည်။ဟင်းလင်းပြင်တုန်ခါမှုက ပြင်းထန်လာသည်။အဖြူရောင်အလင်းများ လင်းလက်လာပြီးနောက်မှာတော့ သူတို့က လက်ခံရာစင်မြင့်ကနေ ပျောက်ကွယ်သွားကြတော့သည်။
“အဟွတ် ဟွတ်....”
ချန်ကျန့်က ညင်သာစွာ ချောင်းဟန့်လိုက်၏။သူက တခြားဂိုဏ်းမှ တပည့်များထွက်သွားသည်ကို အနည်းငယ်ရှုပ်ထွေးစွာဖြင့်ကြည့်နေမိသည်။ချီမင်အပေါ် အကြည့်က ပိုပြီးတော့တောင် ရှုပ်ထွေးနေပါသေး၏။
“ချီမင် စိတ်မလျှော့လိုက်ပါနဲ့..”ချန်ကျန့်က ဆို၏။”မင်းရဲ့ကျင့်ကြံခြင်းက တစ်ခုခုဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ။ငါတို့ဘာလို့ ဒီလိုမလုပ်ရမှာလဲ။မင်းကောင်းကင်ဓားဂိုဏ်းကို အတွင်းစည်းတပည့်အနေနဲ့ လာမလား။မင်းရဲ့ပါရမီနဲ့ဆို အနာဂတ်မှာ အောင်မြင်မှုတချို့ ရနိုင်ဦးမယ်လို့ ငါယုံတယ်။”
“စီနီယာချန်ကျန့် ကျေးဇူးပြုပြီး စဉ်းစားခွင့်ပေးပါဦး...”ချီမင်က ပြန်ဖြေလိုက်သည်။
“ဟန့်..”ချန်ကျန့်၏အမူအရာက ချက်ချင်းမည်းသည်းသွား၏။”ချီမင် မင်းကတန်ဖိုးထားရကောင်းမှန်းမသိပါလား။ ကောင်းကင်ဓားဂိုဏ်းက ပြည်နယ်ကိုးလောကရဲ့ထိပ်သီးဂိုဏ်းတွေထဲက တစ်ခုဖြစ်တာတောင် ငြင်းနေသေးတယ်ပေါ့။ဂိုဏ်းမှာ အင်မော်တယ်ဘုရင်နောက်ခံရှိတာတောင်လေ။”
“မင်းသာ တက်လှမ်းတုန်းက ထူးခြားဖြစ်စဉ်တွေသာ ဖြစ်မလာရင် မင်းလိုအမှိုက်မျိုးကို ငါက လက်ခံနေမယ်ထင်လား။”
“အထက်ကမ္ဘာကို တက်လှမ်းလာပြီးမှ အင်မော်တယ်ဖြစ်မလာတဲ့သူတွေဆိုတာ မရှားဘူး။အဲ့သလိုလူတွေထဲမှာလည်း ကျိုးပဲအင်မော်တယ်ခန္ဓာရှိတဲ့သူဆိုတာ (၉၀)%ထိကိုရှိတယ်။ အဲ့လိုလူတွေက အင်မော်တယ်အဆင့်ကို ဘယ်တော့မှရောက်နိုင်မှာမဟုတ်ဘူး။”
“မင်းက ငါပေးတဲ့နောက်ဆုံးအခွင့်အရေးကို ဆုပ်ကိုင်ထားရမှာ။”
ချန်ကျန့်က ဘာမှပြောမလာတော့ပေ။သူက ပြင်းပြင်းထန်ထန်အပြစ်တင်ကြိမ်းမောင်းပြီးတာနဲ့ ကောင်းကင်ဓားဂိုဏ်းတိုကင်ကိုထုတ်ကာ တာအိုဂိုဏ်း၏အမွေခံတပည့်ကို ဦးညွှတ်ပြီး လက်ခံရာစင်မြင့်မှ ထွက်သွားတော့သည်။
တာအိုဂိုဏ်း၏အမွေခံတပည့် အဖြူရောင်ဝတ်လူငယ်လေးက ချီမင်ကို မျက်မှောင်ကြုတ်ကာ ကြည့်၏။”အကြောင်းအရင်းက ဘာများလဲ။မင်း အင်မော်တယ်အဆင့်ကို ဘာလို့ရောက်မသွားတာလဲ။”
“မင်းက တက်လှမ်းသူခြောက်ယောက်စာကျော်လောက်ထိ အင်မော်တယ်ချီတွေကို စုပ်ယူထားပြီးပြီလေ။မင်း အဆင့်တက်နိုင်သင့်တယ်။
“စီနီယာ..”ချီမင်က ခါးသီးစွာပြုံးလိုက်ပါ၏။”ကျွန်တော့်ရဲ့ ပါရမီက အရမ်းဆိုးနေတာမလို့နေမှာပါ။စီနီယာချန်ကျန့်ပြောသလိုပဲ ကျိုးပဲ့အင်မော်တယ်ခန္ဓာရှိနေလို့နေမှာပါ။”
“ချန်ကျန့်ကဘယ်သူမလို့လဲ။သူက အမှိုက်သာသာပဲ။”အဖြူရောင်ဝတ်လူငယ်လေးက အေးစက်စွာဆိုသည်။”ကျိုးပဲ့အင်မော်တယ်ခန္ဓာ? မင်းရဲ့တက်လှမ်းခြင်းကြောင့်ဖြစ်တဲ့ ထူးခြားဖြစ်စဉ်ကို ငါမျက်လုံးနဲ့မမြင်လိုက်ရပေမယ့် ဒဏ္ဍာရီတွေထဲက တာအိုကျင့်ကြံသူတွေနဲ့ဆက်စပ်နေလိမ့်မယ်။”
“ငါတော့ မင်းမှာ ကျိုးပဲ့အင်မော်တယ်ခန္ဓာရှိမယ်လို့ မယုံဘူး။”
အဖြူရောင်ဝတ်လူငယ်လေးက လက်ထုတ်ပြီး ချီမင်၏ညာလက်ကို ဆုပ်ကိုင်လိုက်သည်။သူက လက်ချောင်းများဖြင့် ချီမင်၏သွေးကြောကိုထိကာ ရုပ်ခန္ဓာကိုစစ်ဆေးလိုက်သည်။
သူ့ရှေ့က အဖြူရောင်ဝတ်လူငယ်လေးက တကယ့်ကို တာအိုဂိုဏ်း၏အမွေခံတပည့်ဖြစ်ထိုက်သည်။သူ့ကျင့်ကြံခြင်းအဆင့်က နက်နဲလှသည်။သူက ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကို ကျော်သွားလောက်ပြီ။ချီမင်လည်း အတိအကျတော့မသိနိုင်ပေ။
ချီမင်က အဖြူရောင်ဝတ်လူငယ်လေးထံမှ မရုန်းနိုင်ပေ။သူက ရုပ်ခန္ဓာစစ်ဆေးခြင်းကို လုပ်ခွင့်ပေးထာရုံသာ တတ်နိုင်၏။
“တကယ့်ကို ဖရိုဖရဲမြင့်မြတ်ခန္ဓာပဲ”
အဖြူရောင်ဝတ်လူငယ်လေးက သက်ပြင်းချလိုက်သည်။သူက ချီမင်ကို အနည်းငယ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။”ဖရိုဖရဲမြင့်မြတ်ခန္ဓာက အရမ်းသန်မာတယ်။ဒါပေမယ့် ကံမကောင်းတာက အောက်ကမ္ဘာမှာပဲ အသန်မာဆုံးရုပ်ခန္ဓာဖြစ်နေတာ။အထက်ကမ္ဘာမှာတော့ ဖရိုဖရဲမြင့်မြတ်ခန္ဓာဆိုတာ တကယ်တော့ အရှုပ်ထုပ်တစ်ခုပဲ။”
“မင်းဘာလို့ အင်မော်တယ်ချီတွေ ဒီလောက်အများကြီးစုပ်ယူတာတောင် ဘာလို့အဆင့်မတတ်သွားလဲမသိဘူး။ဒါက ဖရိုဖရဲမြင့်မြတ်ခန္ဓာနဲ့ ဆက်စပ်နေတာလည်းဖြစ်နိုင်တယ်။မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။”
“သနားစရာပဲ”အဖြူရောင်ဝတ်လူငယ်လေးက အကြိမ်အနည်းငယ် သက်ပြင်းချလိုက်သည်။”အစကတော့ မင်းက ငါ့ရဲ့ဂျူနီယာညီလေးဖြစ်လာမယ်ထင်နေတာ။ကြည့်ရတာတော့ မဖြစ်နိုင်တော့ဘူးထင်တယ်။”
“ငါ့နာမည်က ဟို့တောက်လင်”အဖြူရောင်ဝတ်လူငယ်လေးက ဆက်ပြော၏။”တကယ်လို့ ငါတို့တွေရေစက်မကုန်သေးရင်တော့ ပြန်တွေ့ကြရမှာပါ”
ဟို့တောက်လင်ဟုခေါ်သည့်တာအိုဂိုဏ်း၏အမွေခံတပည့် အဖြူရောင်ဝတ်လူငယ်လေးက လေထုထဲမှာပျောက်ကွယ်သွားတော့၏။သူက တိုကင်သုံးစရာမလိုဘဲ သူ့ကိုယ်ပိုင်အင်အားဖြင့် ထွက်ခွာသွားတော့သည်။
“ဒါ..”
ချီမင်က အနည်းငယ်အကူအညီမဲ့သလိုခံစားလိုက်ရသည်။သူက နှာခေါင်းကို ပွတ်ကာ ပြောင်ရှင်းသွားသည့်နေရာလွတ်ကို ကြည့်လိုက်၏။သူရောက်လာတုန်းကနှင့် အတော်လေးခြားနားသွားသည်။
သူရောက်လာတုန်းက အထက်ကမ္ဘာမှဂိုဏ်းအသီးသီး၏အင်မော်တယ်တပည့်များမှာ သူ့ကို ဆွဲဆောင်ဖို့ အပြုံးမျက်နှာများဖြင့် ရောက်လာကြသည်။
အဆုံးမှာတော့ မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်က အထူးပါရမီရှင်တစ်ယောက်အဖြစ်ကနေ အထူးအသုံးမဝင်တဲ့အမှိုက် အဖြစ်ပြောင်းလဲသွားသည်။အထက်ကမ္ဘာဂိုဏ်းများ၏တပည့်များမှာ အမူအရာများပြောင်းလဲသွားတော့သည်။
လူတိုင်းက ပြေးမထွက်သွားရုံတမယ်ပင်။
တခြားတစ်ဖက်မှာတော့ ချန်ကျန့်က ချီမင်ကို ကောင်းကင်ဓားဂိုဏ်းသို့ခေါ်သွားချင်ပေမယ့် ချီမင်က စဉ်းစားဦးမည်ဟုပြောလိုက်သဖြင့် ချန်ကျန့်ကို ဒေါသထွက်သွားစေသည်။
“အရမ်းကို လက်တွေ့ဆန်လွန်းတယ်”ချီမင်က ခေါင်းခါလိုက်သည်။”ငါက အထူးပါရမီရှင်တစ်ယောက်ဆိုတော့ သူတို့က ငါ့ကို ဂိုဏ်းထဲဆွဲသိမ်းချင်နေတယ်။ငါ အသုံးမဝင်တဲ့အမှိုက်လည်းဖြစ်သွားရော လူတိုင်းက ငါနဲ့မပတ်သက်ချင်တော့ဘူး။”
“အထက်ကမ္ဘာအင်မော်တယ်တွေက ဒဏ္ဍာရီထဲကလိုမဟုတ်ဘူး။ဒဏ္ဍာရီတွေမှာ သူတို့က အနန္တတန်ခိုးရှင်တွေလို အရာခပ်သိမ်း သိမြင်တယ်လို ဆိုစမှတ်ပြုကြတယ်။ဒါပေမယ့် သူတို့က အနှောင်အဖွဲ့တွေကနေ မလွတ်မြောက်သေးသလို သေမျိုးကမ္ဘာကသူတွေထင်သလို သာလွန်ထူးကဲနေတာမျိုးလည်းမဟုတ်ဘူး။”
“ပွင့်ပွင့်လင်းလင်းပြောရရင်..”
“သူတို့က ပိုပြီးစွမ်းအားကြီးတဲ့မျိုးစိတ်တွေဖြစ် နေရုံပဲ။”
“သူတို့မှာလည်း ခံစားချက်ခုနစ်မျိုးနဲ့လိုအင်ဆန္ဒခြောက်မျိုးရှိတယ်။”
တကယ်တော့ ချီမင်သည် သူကအမှိုက်မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသိပါ၏။သူက တက်လှမ်းခြင်းလမ်းကြောင်းထဲက အင်မော်တယ်ချီကို လုံးဝမစုပ်ယူခဲ့ပေ။ထို့ပြင် သူစုပ်ယူခဲ့ရင်တောင် အသုံးမဝင်ပေ။
ချီမင်က ခဏလောက်တွေးတောနေမိကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူ့ရှေ့တွင် ဝဲဂယက်တံခါးတစ်ချပ်ရှိသည်။သူက ပထမအထက်ကမ္ဘာကို ဝင်ရန် ထိုတံခါးထဲသို့ ဝင်လိုက်ရုံသာ လိုအပ်၏။
“ထားလိုက်ပါတော့”ချီမင်က ပခုံးတွန့်ကာ ဝဲဂယက်တံခါးထံသို့ လျှောက်သွားလိုက်၏။
“မင်္ဂ...မင်္ဂလာပါ...”
ထိုအခိုက်တွင် ချီမင်သည့် အားနည်းသည့် အသံငယ်လေးတစ်သံကြားလိုကရ၏။
“ဘာလဲ”
ချီမင်ရပ်လိုက်ကာ အသံလားရာဘက်ကို ကြည့်လိုက်၏။သူမျက်လုံးတွင် ထူးခြားလှပသည့်မျက်နှာသွင်ပြင်နှင့် အရပ်ပုပုသေးသေးသွယ်ဖြစ်ကာ ကြီးမားသည့်ရင်ဘက်တစ်စုံနှင့်မိန်းမငယ်လေးဖြစ်သည်။
“မင်းက...”ချီမင်သည် သူမကို အကြိမ်အနည်းငယ်မျှစူးစိုက်ကြည့်လိုက်မိ၏။
“ကျွန်မ...ကျွန်မနာမည်က နန်ကျောင်းကျောင်းပါ...”
ကလေးမျက်နှာနှင့် ရင်သားကြီးကြီးလော်လီမလေးက စိတ်လှုပ်ရှားစွာ ပြော၏။သူမက ချီမင်ကို မရဲတရဲကြည့်နေသည်။”ကျွန်မ...ကျွန်မက လောကအင်မော်တယ်ဂိုဏ်းရဲ့အမွေခံတပည့်ပါ။”
“ရှင်...ရှင်ကျွန်မတို့ လောကအင်မော်တယ်ဂိုဏ်းကို ဝင်ချင်လား။ကျွန်မတို့ လောကအင်မော်တယ်ဂိုဏ်းက အတိတ်မှာ အရမ်းစွမ်းအားကြီးခဲ့တာပါ။”
“လောကအင်မော်တယ်ဂိုဏ်း?”ချီမင်က ပြုံး၏။”အတိတ်မှာ အရမ်းစွမ်းအားကြီးခဲ့တယ်။အဲ့တော့ ပြောချင်တာက အခုစွမ်းအားမကြီးတော့ဘူးပေါ့။”
“အာ..အဲ့ဒါက..”
နန်ကျောင်းကျောင်းက အနည်းငယ်ကြောင်အသွားပြီး ဘာပြောရမှန်းမသိတော့ပေ။”အဲ့ဒါက..အဘိုးအင်မော်တယ်ဘုရင်က ထွက်သွာကြာပြီ။သူကပြန်မလာသေးဘူး။အဲ့ဒါ....အဲ့ဒါကြောင့်..”
“ပြီး..ပြီးတော့”
“တခြားဂိုဏ်းတွေကလည်း ရှင့်ကို မလိုချင်ဘူးလေ။ကျွန်မတို့ လောကအင်မော်တယ်ဂိုဏ်းကတော့ ရှင့်ကို လက်ခံဖို့ဆန္ဒရှိပါတယ်။”
“ငါသိချင်တာ အဲ့တာမဟုတ်ဘူ။”
ချီမင်က ပြောသည်။”ပြီးတော့ တခြားဂိုဏ်းတွေမလိုချင်ဘူးဆိုတာ ဘာပြောတာလဲ။ငါကသာ တခြားဂိုဏ်းတွေကို မဝင်ချင်တာပါ။ဟုတ်ပြီလား။”
“တကယ်လား”နန်ကျောင်းကျောင်းက သံသယဖြင့်မေးလိုက်သည်။”ဒါပေမယ့် ကျွန်မကြားတာတော့ ရှင်က အင်မော်တယ်ချီတွေ အများကြီးစုပ်ယူတာတောင် အင်မော်တယ်အဆင့်ကို မရောက်သွားဘူးဆို။သူတို့က ရှင့်ကို ကျိုးပဲ့အင်မော်တယ်ခန္ဓာရှိတယ်ထင်လို မလိုချင်တော့တာမဟုတ်ဘူးလား။”
“ဟီးဟီး..”ချီမင်က နှာခေါင်းရှုံ့ကာ ချော်လဲရောထိုင်ပြီးဆက်ပြော၏။”ငါ့မှာ ကျိုးပဲ့အင်မော်တယ်ခန္ဓာရှိမှန်းသိတာကို မင်းတို့ လောကအင်မော်တယ်ဂိုဏ်းကလိုချင်သေးတာလဲ။”
“ဘာလို့..ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ လောကအင်မော်တယ်ဂိုဏ်းက တပည့်သစ်တွေ လက်မခံနိုင်ရင် အဖျက်ခံရလိမ့်မယ်။ကျွန်မ...ကျွန်မလောကအင်မော်တယ်ဂိုဏ်းကို မပျက်စီးစေချင်ဘူး။အဲ့ဒါကြောင့် ရှင် ကျွန်မတို့ဂိုဏ်းကို ဝင်ချင်လား။”
နန်ကျောင်းကျောင်းက ချီမင်ကို စိတ်အားထက်သန်စွာဖြင့်ကြည့်လိုက်၏။
“မင်းရဲ့ လောကအင်မော်တယ်ဂိုဏ်းက အခြေအနေကအရမ်း ဆိုးနေတာလား။”ချီမင်က အနည်းငယ်အံ့ဩသွား၏။