← Chapters

ကမ္ဘာဦးနတ်‌ဆိုးဂိုဏ်း

Vol. 20 Ch. 292

ကမ္ဘာဦးနတ်‌ဆိုးဂိုဏ်း

Vol. 20 Ch. 292

“ကျွန်မ..”နန်ကျောင်းကျောင်းက ခေါင်းငုံ့ကာ တိတ်‌ဆိတ်သွားတော့သည်။

“ဒီလိုဆိုရင်ရော...”ချီမင်က ခဏလောက်စဉ်းစားလိုက်သည်။”ငါ့ကို အရင်လောကအင်မော်တယ်ဂိုဏ်းရဲ့လက်ရှိအခြေအနေကိုပြောပြ။ငါစဉ်းစားကြည့်ပေးမယ်။”

“ကောင်းပါပြီ”နန်ကျောင်းကျောင်းက လျင်မြန်စွာခေါင်းညိတ်၏။သူမက ချီမင်ငြင်းသွားမှာကို ကြောက်နေသည်မှာ သိသာလှသည်။ထို့ကြောင့် သူမက အလွန်အမင်း‌သဘောကောင်းပြနေ၏။

“ကိစ္စမရှိပါဘူး။”

“အတိတ်မှာတုန်းက ကျွန်မတို့လောကအင်မော်တယ်ဂိုဏ်းက....”

ထို့နောက်မှာတော့ ချီမင်သည် နန်ကျောင်းကျောင်းထံမှ လောကအင်မော်တယ်ဂိုဏ်း၏အခြေအနေကို တိတိကျကျသိလိုက်ရသည်။သူကြားပြီးတဲ့နောက်မှာ အင်မတန်အံ့ဩသွားရပါ၏။

လောကအင်မော်တယ်ဂိုဏ်း၏လက်ရှိအခြေအနေက အတော်လေးသနားစရာကောင်းသည်။သို့ပေမယ့် အတိတ်တွင် လောကအင်မော်တယ်ဂိုဏ်းသည် ပထမအင်မော်တယ်ကမ္ဘာပြည်နယ်ကိုးလောက၏တာအိုဂိုဏ်းနှင့်တောင် နှိုင်းယှဉ်နိုင်သည်။

ကံမကောင်းစွာဖြင့်.....

နှစ်တစ်သောင်းဆိုသည့်အချိန်အတွင်း လောကအင်မော်တယ်ဂိုဏ်း၏အခြေအနေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆိုးရွားလာခဲ့သည်။လစ်ဟာသွားသည့်ယခင်နေရာများတွင်ပြန်လည်ဖြည့်တင်းရန် ဂိုဏ်း၏စီးပွားရေးလုပ်ငန်းများကို ရောင်းချခဲ့ရသည်။အကြီးအကဲများနှင့်တပည့်များက ဂိုဏ်း၏အခြေအနေပိုမိုဆိုးရွားလာသည့်အတွက် ထွက်ခွာသွားကြကာ တခြားဂိုဏ်းများထံသို့ ဝင်ရောက်သွားကြသည်။

ထိုဖြစ်ရပ်များကပဲ လောကအင်မော်တယ်ဂိုဏ်း၏အခြေအနေကို ဆိုးရွားသွားစေပြီး ပျက်သုဉ်းခါနီးအခြေအနေကို ရောက်လာစေသည်။

လောကအင်မော်တယ်ဂိုဏ်းကျဆင်းသွားရသည့်အကြောင်းအရင်းကတော့ ပထမအထက်ကမ္ဘာပြည်နယ်ကိုးလောကနယ်ပယ်တွင် လွန်ခဲ့သည့်နှစ်(၁၀၀,၀၀၀)ကဖြစ်ပွားခဲ့သည့်အင်မော်တယ်နတ်ဆိုးစစ်ပွဲနှင့် သက်ဆိုင်နေသည်။

အင်မော်တယ်နတ်ဆိုးတိုက်ပွဲအကြောင်းဆိုရရင် ဇာတ်လမ်းက ပိုရှည်သွားလိမ့်မည်။တတိယအထက်ကမ္ဘာနှင့် သက်ဆိုင်နေသည်။

ပိုပြီးတောင်မယုံနိုင်စရာကောင်းသည်က လောကအင်မော်တယ်ဂိုဏ်းတစ်ခုလုံးက လက်ရှိတွင် ဂိုဏ်းချုပ်တစ်ဦး၊အကြီးအကဲတစ်ဦး၊တပည့်သုံးယောက်နှင့် တောင်တံခါးတစ်ဖက်၊စာကြည့်တိုက်တစ်ခုသာရှိသည်။

ဘာမှကို ထပ်မရှိတော့ပေ။

ယုံချင်စရာတောင် မကောင်းပေ။

ထိုအရာမျိုးကို ဂိုဏ်းဟုပင်သတ်မှတ်လို့ရနိုင်ဦးမည်လား။နန်ကျောင်းကျောင်းက လောကအင်မော်တယ်ဂိုဏ်းပြိုကွဲတော့မည်ဟုပြောတာ အံ့ဩစရာတော့မဟုတ်ပေ။ထိုအခြေအနေအောက်တွင် လောကအင်မော်တယ်ဂိုဏ်းက ဆက်တည်ရှိနေသည်ဟု ပြောဖိုပင်ခက်ခဲပါ၏။

ချီမင်အတွက်တော့ နေရာကောင်းလေးဖြစ်၏။

ပထမဆုံးအချက်က သူ့မှာ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရှိသည်။သူက ကျင့်ကြံခြင်းနည်းစနစ်ဖြစ်စေ အရင်းအမြစ်များဖြစ်စေ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကနေ ရနိုင်သည်။သူက သက်စွန့်ဆံဖျား ရှာဖွေတိုက်ခိုက်နေရန်မလိုပေ။

ချီမင်လိုအပ်သည်က လုံခြုံတည်ငြိမ်သည့် ကျင့်ကြံဖို့နေရာတစ်ခုသာဖြစ်သည်။လောကအင်မော်တယ်ဂိုဏ်းက ကျဆင်းနေပြီး တစ်ဂိုဏ်းလုံးမှာ နန်ကျောင်းကျောင်းအပါအဝင် ခြောက်‌ယောက်သာရှိသည်။

သို့ဖြစ်ပါ၍ သူက ဂိုဏ်းထဲမှ ပဋိပက္ခများကို ရှောင်ရှားနိုင်ပေမည်။

ချီမင်သာ တာအိုဂိုဏ်းကဲ့သို အင်အားကြီးဂိုဏ်းကို ဝင်သွားပါက သူက သဘာဝအတိုင်း ထိုပဋိပက္ခများကို မရှောင်နိုင်ပေ။

ချီမင်က ခေါင်းမော့ကာ ပြုံးလိုက်သည်။သူက နန်ကျောင်းကျောင်းကို ကြည့်ရင်းဆို၏။”ငါ သဘောတူတယ်။ငါ မင်းရဲ့လောကအင်မော်တယ်ဂိုဏ်းကို ဝင်မယ်။”

“ကောင်းလိုက်တာ”နန်ကျောင်းကျောင်းက အပျော်လွန်သွားတော့သည်။

“ဂျူနီယာ..ဂျူနီယာမောင်လေးချီ သွားကြရအောင်လား။”

နန်ကျောင်းကျောင်းက လက်ဆန့်ကာ ချီမင်၏လက်ကို ကိုင်လိုက်သည်။သူမက သလင်းကျောက်တိုကင်တစ်ခုကို ထုတ်လိုက်ပြီး ဓမ္မစွမ်းအားများထည့်သွင်းကာ အသက်သွင်းလိုက်သည်။

“နေပါဦး”ချီမင်က စပ်စုချင်သွားသည်။” ကျွန်တော်ကြားတာတော့ ချန်ကျန့်က လက်ခံရာစင်မြင့်ကို လာတဲ့ဂိုဏ်းတွေအကုန်လုံးကို အင်မော်တယ်ဘုရင်တစ်ပါးနောက်ခံထားပေးတယ်ဆို။လက်ရှိလောကအင်မော်တယ်ဂိုဏ်းမှာ အင်မော်တယ်ဘုရင်တစ်ပါးမှ မရှိဘူးမလား။မဟုတ်ရင် စီနီယာအစ်မတို့လည်း ဒီလိုအခြေအနေဖြစ်နေမှာမဟုတ်ဘူး။”

“စီနီယာ ဘယ်လိုဝင်လာတာတုန်း”

“ဒါ...အဲ့ဒါက...”နန်ကျောင်းကျောင်းကခေါင်းအနည်းငယ် ငုံ့သွားသည်။”ငါ..ငါ စာကြည့်တိုက်ထဲကနေ တက်လှမ်းခြင်းလက်ခံရာတိုကင်ကို တွေ့သွားတာ။ ပြီးတော့မတော်တဆအသက်သွင်းလိုက်မိသွားတယ်။”

“တက်လှမ်းခြင်းလက်ခံရာတိုကင်”

ချီမင်က နန်ကျောင်းကျောင်းလက်ထဲမှ သလင်းကျောက်တိုကင်လေးကို ကြည့်လိုက်သည်။

“ဟုတ်တယ်”နန်ကျောင်းကျောင်းက ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ”ချီမင်က ပခုံးတွန့်ကာ နန်ကျောင်းကျောင်း၏ရှင်းပြချက်ကို လက်ခံလိုက်သည်။

ထိုအခိုက်တွင် တက်လှမ်းခြင်းလက်ခံရာတိုကင်က အပြည့်အဝအသက်ဝင်သွားတော့သည်။ဟင်းလင်းပြင်တုန်ခါမှုက တိုးမြှင့်ထွက်ပေါ်လာပြီး ချီမင်နှင့်နန်ကျောင်းကျောင်းကို ဖုံးအုပ်သွားတော့သည်။

သူ့ရှေ့တွင် အဖြူရောင်အလင်းတစ်ချက်လက်သွားသည်။

ချီမင်နှင့်နန်ကျောင်းကျောင်းက တစ်ချိန်တည်းမှာ ပျောက်ကွယ်သွားပြီး တက်လှမ်းခြင်းလက်ခံရာစင်မြင့်မှ ထွက်သွားတော့သည်။

တစ်မိနစ်တောင် မပြည့်လိုက်ရပါဘဲ တက်လှမ်းခြင်းလက်ခံရာစင်မြင့်တွင် ပုံရိပ်သုံးခုပေါ်လာသည်။သူတို့အကြည်များက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အလွန်အမင်းအေးစက်နေ၏။

“ပျောက်သွားပြီ။”

“အံ့ဩဖို့ကောင်းတဲ့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့နတ်ဆိုးမပဲ။ပြေးသွားတာများ မြန်လိုက်တာ”

“သူမက တက်လှမ်းခြင်းလက်ခံရာစင်မြင့်ကနေ လွတ်သွားပြန်ပြီ။”

ပုံရိပ်သုံးခုက မျက်မှောင်ကြုံကာ ဆို၏။

“လက်ခံရာစင်မြင့်စိတ်ဝိညာဉ်ထွက်ခဲ့စမ်း”

ပုံရိပ်သုံးခုထဲမှာ အလယ်မှာရပ်နေသည့်မျက်နှာလေးထောင့်ဖြင့်သက်လတ်ပိုင်းအမျိုးသားက စင်မြင့်ကို ညာခြေဖြင့် စောင့်ချလိုက်သည်။

အစိမ်းရောင်အလင်းများ စုဆုံလာပြီး အဖြူရောင်ဆံပင်လူငယ်လေးအဖြစ် ပြောင်းသွားပါ၏။

အဖြူရောင်ဆံပင်လူငယ်လေးက တက်လှမ်းခြင်းလက်ခံရာစင်မြင့်၏စိတ်ဝိညာဉ်ဖြစ်သည်။သူက ပစ္စည်းစိတ်ဝိညာဉ်လိုမျိုးဖြစ်ပါ၏။တက်လှမ်းခြင်းလက်ခံရာစင်မြင့်၏စိတ်ဝိညာဉ်ကပေါ်လာတာနဲ့ ပုံရိပ်သုံးခုကို အရိုအသေပြုလိုက်၏။

“အင်မော်တယ်ဗိုလ်ချုပ်များကို ဂါဝရပြုပါတယ်”

သူက ဦးညွှတ်လိုက်၏။

“လက်ခံရာစင်မြင့်မှာ ခုနတုန်းက ဘာဖြစ်သွားသေးလဲ။”

မျက်နှာလေးထောင့်နှင့်သက်လတ်ပိုင်းအရွယ်အမျိုးသားက အသံနိမ့်နိမ့်ဖြင့်မေး၏။”မင်း ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကနတ်ဆိုးမရဲ့ခြေရာလက်ရာတွေကို တွေ့လား။”

“အရှင်အင်မော်တယ်ဗိုလ်ချုပ်တို့”

တက်လှမ်းခြင်းလက်ခံရာစင်မြင့်၏စိတ်ဝိညာဉ်က အသက်ပြင်းပြင်းရှုကာ အလျင်အမြန်အ‌ဖြေပေးလိုက်သည်။သူက ဖြစ်ပျက်ခဲ့သမျှကို စီကာပတ်ကုံးဖြေလိုက်၏။

“အဆင့်နိမ့်ကမ္ဘာရဲ့တက်လှမ်းသူတစ်ယောက်”

မျက်နှာလေးထောင့်နှင့်သက်လတ်ပိုင်းအရွယ်အမျိုးသားက ခဏလောက်စဉ်းစားနေသည်။”သူက တာအိုဂိုဏ်းရဲ့အမွေခံတပည့်ကိုတောင် ဆွဲဆောင်နိုင်လိုက်တယ်။အတော်လေးတော့ အရည်အချင်းရှိသား။ကံမကောင်းတာက ကျိုးပဲ့အင်မော်တယ်ခန္ဓာရှိနေတယ်။”

“မင်းပြောသလောက်ဆို အဆင့်နိမ့်ကမ္ဘာက ချီမင်ဆိုတဲ့တစ်ယောက်ကို လောကအင်မော်တယ်ဂိုဏ်းက နန်ကျောင်းကျောင်းက ခေါ်သွားတာလား။ဟက်ဟက် လောကအင်မော်တယ်ဂိုဏ်းပြိုကွဲသွားတာ နှစ်(၁၀၀၀)ရှိပြီ။”

“မမှားနိုင်ဘူး။”

“ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့နတ်ဆိုးမက နန်ကျောင်းကျောင်းအဖြစ်အယောင်‌ဆောင်ပြီးအမွေခံတပည့်အဖြစ်နေရာယူဝင်ယူထားတာဖြစ်မယ်။အဆင့်နိမ့်ကမ္ဘာက ကျင့်ကြံသူ‌ကတော့ နတ်ဆိုးမရဲ့ထောင်ချောက်ထဲမိသွားပြီ။”

“သူကတော့ ကိစ္စတုံးပြီ။”

“ဒီကိစ္စကို တင်ပြလိုက်တော့”

အင်မော်တယ်ဗိုလ်ချုပ်သုံးပါးက တစ်‌ယောက်ကိုတစ်ယောက်ကြည့်ကာ အမှန်တရားကို ခန့်မှန်းမိလိုက်ကြသည်။

သူတို့သုံးယောက်က ထွက်ခွာသွားကြသည်။

“ကမ္ဘာဦးနတ်ဆိုးဂိုဏ်း”

လက်ခံရာစင်မြင့်၏စိတ်ဝိညာဉ်က တံတွေးမြိုချမိသွား၏။”အတော်ကြောက်ဖို့ကောင်းတာပဲ။ကံကောင်းတာက ငါမထွက်လာလိုက်လို့ပေါ့။မဟုတ်ရင် ဒုက္ခရောက်နေလောက်ပြီ။”

“ဒီလိုဆိုရင် ချီမင်ဆိုတဲ့အောက်ကမ္ဘာက ကျင့်ကြံသူလေးက သေချာပေါက်သေပြီ။နတ်ဆိုးမရဲ့လက်ထဲရောက်သွားပြီဆိုတော့ ဘယ်လိုမှအဆုံးသတ်မကောင်းနိုင်ဘူး။”

လက်ခံရာစင်မြင့်၏စိတ်ဝိညာဉ်က ပြန်ပျောက်သွားတော့၏။

မြင်ကွင်းက ပြောင်းလဲသွားသည်။

ချီမင်က နန်ကျောင်းကျောင်းနောက်လိုက်ကာ တက်လှမ်းခြင်းတိုကင်ကို အသက်သွင်းလိုက်တော့သည်။သူက ဟင်းလင်းပြင်းလမ်းကြောင်းကိုဖွင့်ကာ ဝင်ရောက်သွားတော့၏။

ချီမင်နှင့်နန်ကျာင်းကျောင်းက ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ လျှောက်ဝင်သွားတော့သည်။

“ငါတို့ ရောက်ပြီ”နန်ကျောင်းကျောင်းက ပြုံးကာ ခုန်ချလိုက်သည်။

“ဒီနေရာလား..”ချီမင်က မျက်မှောင်ကြုံ့လိုက်သည်။

ပတ်ဝန်းကျင်က ချီမင်၏မျှော်လင့်ထားတာထက် ကျော်လွန်နေသည်။ချီမင်၏မျက်လုံးများက ကြောက်မက်ဖွယ်အငွေ့အသက်နှင့် နတ်ဆိုးချီးများ ပြည့်နေသည့် ညစ်နွမ်းနေသည့် တောအုပ်ကြီးကို တွေ့လိုက်သည်။

သူတို့ကို ‌အမှောင်သစ်တောတစ်ခုက ဝန်းရံထားပါ၏။

ပြင်းထန်သိပ်သည်းသည့်နတ်ဆိုးချီနှင့်ယင်ချီများ ပြည့်နှက်နေသည်။ကြီးမားသည့်သစ်ပင်များက သရဲမျက်နှာကြီးများဖြင့် ကြီးထွားပေါက်ရောက်နေကြသည်။

(T/nသရဲမျက်နှာဆိုတာ ပင်စည်မှာကြောက်စရာမျက်နှာကြီးတွေပုံစံဖြစ်နေတာကိုပြောတာ။ရေမြေဒေသ ‌မကောင်းတဲ့ယုတ်ညံ့တဲ့နေရာတွေက အပင်တွေမှာအဲ့လိုဖြစ်တတ်တယ်ဆိုတဲ့ဟာလေးဖတ်ဖူးပါတယ်။)

ကြမ်းကြုတ်ထူးဆန်းသည့်သန္ဓေပြောင်းများ ကျက်စားနေကြသည်။

ချီမင်က တစ်စုံတစ်ခုက တိတ်ဆိတ်စွာဖြင့် ချည်းကပ်လာတာကို ခံစားလိုက်ရသည်။

ချီမင်က ပထမအထက်ကမ္ဘာကို အမှန်တကယ်ခြေချမိတော့ သူက အထက်ကမ္ဘာနှင့်အဆင့်နိမ့်ကမ္ဘာများ၏ကြီးမားသည့်ခြားနားချက်ကို ခံစားလိုက်ရသည်။အထက်ကမ္ဘာက ပိုမြင့်သည်ဒိုင်မေးရှင်းများဖြင့်ဖွဲ့စည်းထားပြီး ကောင်းကင်တာအိုကလည်း ပြည့်စုံ၏။

အောက်ကမ္ဘာမှာချီမင်က တောင်နှင့်မြစ်ကို ပြောင်းပြန်လှန်နိုင်သည်။နေရာလွတ်ကို လက်သီးတစ်ချက်ဖြင့်ဖြိုခွဲနိုင်ပြီး ကံကြမ္မာကို ပြောင်းလဲနိုင်သည်။ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သကဲ့သို့ သေလွန်သူကို ရှင်သန်ထမြောက်စေနိုင်သည်။အနန္တတန်ခိုးရှင်အလားပင်။

အထက်ကမ္ဘာမှာတော့ ချီမင်က မလုပ်နိုင်တော့ပေ။သူ့အဆင့်နှင့်အင်အားက မပြောင်းလဲသွာတောင် မလုပ်နိုင်ပေ။ခြားနားမှုက သိသာပါ၏။

ချီမင်က အင်အားကုန်တိုက်ခိုက်လိုက်ရင် တောင်တစ်တောင်ထိပဲအများဆုံးပြိုကွဲနိုင်သည်ဟု ခံစားလိုက်ရသည်။

“လောကအင်မော်တယ်ဂိုဏ်းတော့မဟုတ်လောက်ဘူးမလား”ချီမင်က နန်ကျောင်းကျောင်းကို ကြည့်ကာ အေးစက်စွာဆို၏။”ဘယ်နေရာလဲ”

ထို့နောက် သူက ခေါင်းမော့ကာ ကောင်းကင်ကို ‌ကြည့်လိုက်မိ၏။ကောင်းကင်တစ်ခုလုံးကို အလွန်အမင်းပြင်းထန်သည့်ရှေးဦးနတ်ဆိုးချီများဖုံးအုပ်နေပြီး ထက်ကောင်းကင်ကို ပိတ်ဆို့ထားသည်။

ချီမင်က နတ်ဆိုးနယ်နိမိတ်အတွင်း ရောက်နေသည့်အလား ခံစားလိုက်ရသည်။

“ဟီးဟီး”

နန်ကျောင်းကျောင်းက ပြုံးလိုက်သည်။”ခန့်မှန်းကြည့်ပေါ့။”

“ငါက မင်းဆီကနေ လှည့်စားခံလိုက်ရတာလား။”

“ဟုတ်တာပေါ့ရှင်”နန်ကျောင်းကျောင်းက ခေါင်းညိတ်သည်။”ရှင်က အရမ်းကိုတုံးအလွန်းတယ်လေ။လောကအင်မော်တယ်ဂိုဏ်းကဖြင့် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကြောင့် ပြိုကွဲသွားတာ ကြာရောပေါ့။လောကအင်မော်တယ်ဂိုဏ်းဆိုတာ မရှိတော့ဘူး။”

“မင်းဘာလိုချင်လို့လဲ”ချီမင်က မေးလိုက်သည်။

“ကျွန်မဘာလိုချင်တယ်လို့ ရှင်ထင်လဲ”နန်ကျောင်းကျောင်းက အမေးကိုအမေးဖြင့် ပြန်တုံ့ပြန်လိုက်၏။”ပြောရမယ်ဆိုရင် ကျွန်မကကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ ဗိုလ်ချုပ်တွေဆီကနေ ထွက်ပြေးလာရင်းမတော်တဆ တမ်းလှမ်းခြင်းလက်ခံရာနေရာလွတ်ထဲကို ရောက်လာတာ။ဒီလိုကိစ္စမျိုးနဲ့လည်းကြုံရမယ်လို့ မထင်လိုက်မိဘူး။”

“ကျွန်မအခု အရမ်းသိချင်နေပြီ။ အောက်ကမ္ဘာကတက်လှမ်းသူလေးရေ ရှင့်ရဲ့ဘယ်အရာကများ အထက်ကမ္ဘာရဲ့ဂိုဏ်းတွေအများကြီးကို ဆွဲဆောင်နိုင်လိုက်တာလဲ။တာအိုဂိုဏ်းကတပည့်တောင် ပါလာတယ်နော်။”

“ပြီးတော့...”

“သူတို့က ရှင့်မှာကျိုးပဲ့အင်မော်တယ်ခန္ဓာရှိတယ်လို့လည်းပြောတယ်။အင်မော်တယ်ချီတွေအများကြီးစုပ်ယူလိုက်တာတောင် အင်မော်တယ်အစောပိုင်းအဆင့်မရောက်သွားဘူးဆိုပဲ။ရိုရိုးသားသားပြောရရင် ကျွန်မတော့ ရှင့်မှာ အသုံးမဝင်တဲ့အင်မော်တယ်ခန္ဓာရှိမယ်လို့ မယုံဘူး။”

“အဲ့ဒါကြောင့်လည်း ရှင့်ကိုဖမ်းလာပြီးလေ့လာမလို့လေ။”

“တကယ်လို့ရွေးချယ်စရာမရှိတော့ရင်လည်း ရှင့်ကို အင်မော်တယ်နတ်ဆိုးရုပ်သေးအဖြစ်သန့်စင်ပစ်မယ်။ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။”

“ရှင်ကလည်း အရမ်းတုံးအနေမယ်လို့မမျှော်လင့်ထားဘူး။ ကျွန်မပြောသမျှကို အကုန်ယုံတယ်နော်။”

“မင်းက ငါ့ကိုအရူးလုပ်လိုက်တာပဲ။”

ချီမင်က အသက်ပြင်းပြင်းရှုကာ နန်ကျောင်းကျောင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။”ဒါ ဘယ်နေရာလဲ။”

“ရှင်သိချင်လို့လား”နန်ကျောင်းကျောင်းက သူမနှုတ်ခမ်းကို လက်နဲ့ကွယ်လိုက်ပြီး နူးညံ့စွာရယ်မောလိုက်သည်။သူမရင်ဘက်တွေက အဝတ်အစားထဲမှာ ပြည့်လျှံတင်းကားနေသည်။”ဒူးထောက်ပြီး တောင်းဆိုလေ။ရှင်သာ ဒူးထောက်အရိုအသေပေးနေရင် ကျွန်မက ဒါဘယ်နေရာလဲပြောပြပေးမယ်။”

“ဟက်..”ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။”ဒါက မင်းတောင်းဆိုတာပဲ။”

နောက်တခဏမှာ ချီမင်က အကြောက်အရွံ့ကင်းစွာ တိုက်ခိုက်တော့သည်။စွမ်းအားများက သူ့ကိုယ်ထဲကနေ ပေါက်ကွဲထွက်လာသည်။သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး နန်ကျောင်းကျောင်းထံသို့ ကျားသစ်တစ်ကောင်အလား ပြေးဝင်သွားသည်။

မြေပြင်က လှုပ်ခါသွားပြီး တွင်းပေါက်များ ဖြစ်ပေါ်လာသညါ။

အက်ကွဲရာများသည် ပင့်ကူအိမ်တစ်ခုသဖွယ် ပျံ့နှံ့လာသည်။

All Chapters