ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်နှင့်တိုက်ခိုက်ခြင်း၊
Vol. 20 Ch. 293
အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို အဆင့်မြှင့်တင်ခြင်း
“ကောင်းလိုက်တဲ့အမြန်နှုန်း..”နန်ကျောင်းကျောင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ချီမင်၏ရုတ်တရက်တိုက်ခိုက်လာမှုက သူမကို့အငိုက်ဖမ်းနိုင်သွားသည်။အင်မော်တယ်တောင်ဖြစ်မလာသေးတဲ့ချီမင်က သူမကို တကယ်ကြီးတိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
နန်ကျောင်းကျောင်းက ပြီးပြည့်စုံခြင်းအင်မော်တယ် နှောင်းပိုင်းအဆင့်ဖြစ်သည်။
ချီမင်၏အရှိန်က အတ်ေလေးကိုမြန်ပြီးသူမ၏မျှော်လင့်ချက်ထက်ကျော်သွားသည်။
နန်ကျောင်းကျောင်းကလက်ဝေ့ယမ်းကာ အနက်ရောင်ဒိုင်းတစ်ခုကို ချက်ချင်းထုတ်ကာ ရှေ့တွင်ကာလိုက်ရတော့သည်။ဒိုင်းက သူ့မရှေ့ကို ပိတ်ဆို့ကာကွယ်ပေးထားပြီး နတ်ဆိုးမှော်စာလုံးတို့စုစည်းလာကာ လင်းလက်တောက်ပလာသည်။
အသံကျယ်ကြီးတစ်ချက် ထွက်လာပါ၏။
ချီမင်၏လက်သီးချက်က ကျရောက်လာသည်။အင်အားက အတော်လေးများပြီး ပြင်းထန်ကြီးမားသည့်အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။အလွန်အမင်းစွမ်းအားကြီးသည့်အင်အားက နန်ကျောင်းကျောင်း၏ဒိုင်းကို အက်ကွဲသွားစေသည်။
“အား!”
နန်ကျောင်းကျောင်းက ထိတ်လန့်တကြားအော်လိုက်ရ၏။ထိုစွမ်းအားကြီးသည့်လက်သီးချက်က သူမကို ဆက်တိုက်နောက်ဆုတ်သွားစေပြီး သွေးလေခြောက်ခြားသွားစေသည်။အလွန်အမင်းထိတ်လန့်နေသည့်အမူအရာက နန်ကျောင်းကျောင်း၏မျက်နှာလှလှလေးတွင် ပေါ်လာသည်။”နင်...နင်....”
“ဖန်ကူးစစ်မှန်ခန္ဓာ”
ချီမင်က တုံ့ဆိုင်းမနေဘဲ အသန်မာဆုံးအံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို သုံးလိုက်သည်။ မီးခိုးရောင်ဖရိုဖရဲတို့မှာ သူ့ကိုယ်ပတ်လည်တွင် ထွက်လာသည်။
လျှို့ဝှက်နက်နဲကမ္ဘာတွင် ချီမင်က ဖန်ကူးစစ်မှန်ခန္ဓာကိုသုံးပါက အထွတ်အထိပ်လူဘီလူးကြီးတစ်ကောင်အသွင်ပြောင်းရန်လုံလောက်ပါသည်။လက်မြှောက်လိုက်ရုံနဲ့ သူက ကမ္ဘာကြီးကိုတောင် ကြိတ်ချေချနိုင်သည်။
ပထမအထက်ကမ္ဘာကိုရောက်လာပြီးနောက် သူက ကောင်းကင်တာအို၏ကန့်သတ်မှုကို ခံထားရသည်။ဖိနှိပ်ထားတာမဟုတ်သော်လည်း ကန့်သတ်ခံထားရသေးသည်။ခမ်းနားသည့်ပုံရိပ်အဖြစ်ဖန်တီးဖို့က မဖြစ်နိုင်သေးပေ။
အထက်ကမ္ဘာမှ ရေတစ်စက်က အောက်ကမ္ဘာသို့ကျသွားလျှင် ထိုရေစက်က ပင်လယ်မြစ်ချောင်းတို့အဖြစ် ပြောင်းလဲသွားနိုင်သည်။အထက်ကမ္ဘာမှကျောက်တုံးတစ်တုံးကျလာခဲ့ရင် မရေမတွက်နိုင်လောက်အောင်များပြားသည့် တောင်စဉ်တောင်တန်းတို့အသွင် ဖြစ်လာစေသည်။
ဓမ္မစွမ်းအားများမြင့်တက်လာပြီး မြူခိုးတို့မှာ ပျံ့နှံ့လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်က ကိုးမီတာမြင့်သည့်ကြေးနီရောင်လူကြီးအဖြစ် ပြောင်းသွားတော့သည်။သူ့ကိုယ်ပတ်လည်မှာ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက စုစည်းလာပြီး စွမ်းအားကြီးအရှိန်အဝါတစ်ခု ဖြစ်လာသည်။သူက အတော်လေး စွမ်းအားကြီးပါသည်။
“နင်...”
နန်ကျောင်းကျောင်း၏လှပသည့်မျက်လုံးလေးများက ပြူးကျယ်သွားရသည်။သူမက ချီမင်ဆီမှပြင်းထန်သည့်ကြောက်မက်ဖွယ်ဖိအားအရှိန်အဝါကို ခံစားနေရပြီး သူမမျက်နှာက ဖွေးဆုတ်ဖြူလျော်သွားတော့သည်။အင်မော်တယ်ဗိုလ်ချုပ်များနှင့်ရင်ဆိုင်ရတုန်းကထက် ပိုပြီးကြောက်မက်ဖွယ်ရာကောင်းပါ၏။
အလွန်အမင်းသန်မာလှသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
နန်ကျောင်းကျောင်းက အံ့ဩသွားရတော့သည်။”နင်..နင်က မဟာယနအဆင့်မှာပဲ ရှိသေးတာလေ။အင်မော်တယ်အဆင့်တောင် မရောက်သေးဘူး။ဘယ်လိုလုပ် အဲ့သလောက်စွမ်းအားကြီးနေရတာလဲ။”
“မဖြစ်နိုင်ဘူးဆိုတာမရှိဘူ။”
“အရွယ်အစားချိန်ညှိခြင်း”
ချီမင်က လျှို့ဝှက်နက်နဲနည်းစနစ်နှင့် အံ့ဖွယ်စွမ်းအားတို့ကို ထပ်မံလည်ပတ်လိုက်သည်။ကိုးမီတာမြင့်သည့် ကြေးနီရောင်လူသန်ကြီးက ချက်ချင်းကို သုံးမီတာအမြင့်လောက်ထိ ကျုံ့ဝင်သွားသည်။
သူ့ကိုယ်က ပိုပြီးသေးသွားပေမယ့် အရှိန်အဝါကပိုပြီး သန်မာလာသည်။
“အင်မော်တယ်နတ်ဆိုးသုံးထောင်ရုပ်သေးဖွဲ့စည်းပုံ”,
နန်ကျောင်းကျောင်းက သူမ၏ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်၏။သူမ၏လက်တစ်ချက်အဝေ့မှာ မည်းနက်နေသည့် အလင်းစီးကြောင်းက လေထုကို ထိုးခွဲထွက်လာပြီး အင်မော်တယ်နတ်ဆိုးရုပ်သေး(၃,၀၀၀)အဖြစ် ပြောင်းလဲသွားတော့သည်။ ထို(၃၀၀၀)က ရုပ်သေးအစီအရင်အဖြစ် ဖွဲ့စည်းလိုက်ပြီး ချီမင်ကို ဝိုင်းထားလိုက်သည်။
“ပဲစေ့စစ်သည်များ”
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ချက်ချင်းပဲ အဝါရောင်ပဝါစစ်သား(၁၂၉၆၀၀) ယောက်ပေါ်လာသည်။တစ်ယောက်ချင်းစီတိုင်းက မဟာယနအဆင့်တွင်ဖြစ်သည်။
မြင်ကွင်းက ရှုပ်ထွေးလာသည်ဟုဆိုရမည်။
သူတို့က နန်ကျောင်းကျောင်း၏အင်မော်တယ်နတ်ဆိုးသုံးထောင်ဖွဲ့စည်းပုံကို တားဆီးပိတ်ဆို့လိုက်တော့သည်။
“ဘယ်..ဘယ်လိုအံ့ဖွယ်စွမ်းအားမျိုးလဲ”နန်ကျောင်းကျောင်းက ထိတ်လန့်သွားသည်။
ချီမင်က ခြေရာမဲ့ပျံသန်ခြင်းကို သုံးကာတိုက်ခိုက်လိုက်သည်။သူက နန်ကျောင်းကျောင်းအရှေ့ကို နေရာရွှေ့ပြောင်းလိုက်သလိုမျိုး ရောက်သွားသည်။သူက လက်သီးကိုပင့်ကာ ထိုးချလိုက်သည်။
လက်သီးချက်၏စွမ်းအားက အတော်လေးကြီးမားသည်။
နေရာလွတ်ကို လှိုင်းထသွားစေသည်။
“မှော်စာလုံးကာကွယ်ခြင်း”
အတွေးတစ်ချက်ဖြင့် နန်ကျောင်းကျောင်းက မန္တာန်တစ်ခုကို ရွတ်ဖတ်လိုက်သည်။အနက်ရောက်နတ်ဆိုးပုံစံကွက်များက သူမကိုယ်ပေါ်တွင် ပေါ်လာပြီး နေရာလွတ်ကိုကာပေးကာ ခုခံရေးမျက်နှာပြင်တစ်ခုကို ဖန်တီးပေးလိုက်သည်။
ရှစ်ဆယ့်တစ်လွှာရှိသည့်ဒိုင်းများ ပေါ်လာသည်။
အသုံးမဝင်ပေ။
ချီမင်က အလွယ်တကူ မှော်စာလုံးကာကွယ်ခြင်းအရံအတားကို အက်ကွဲသွားစေလိုက်သည်။သူ့လက်သီးအောက်မှာ လေပူပေါင်းလေးများအလားပင်။
“ပုံရိပ်ယောင် ဥပဒေသ ဘဝတစ်ရာ ပြန်လည်ဝင်စားခြင်း”
နန်ကျောင်းကျောင်းက သူမလက်ကိုယမ်းလိုက်သည်။ ချီမင်က ကောင်းကင်နှင့်မြေကြီး၏ဥပဒေသစွမ်းအားကို ခံစားလိုက်ရသည်။ထိုစွမ်းအားက ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို ဖန်တီးလိုက်ပြီး ချီမင်၏အသိစိတ်ကို ဘဝတစ်ရာပြန်လည်ဝင်စားခြင်းကို ကြုံတွေ့ခိုင်းမှာ ဖြစ်သည်။သူသာ ပုံရိပ်ယောင်ကို ကျရှုံးသွားပါက သေသွားလိမ့်မည်ဖြစ်သည်။
“သန့်စင်ရွှေခန္ဓာ”
ချီမင်၏ကိုယ်ပေါ်တွင် ရွှေရောင်အလင်း လင်းလက်သွားသည်။သူက ပြိုင်ဘက်ကင်းဖြစ်သွားတော့ည်။ နန်ကျောင်းကျောင်း၏စည်းမျဉ်းဥပဒေသမှာ အသုံးမဝင်ဖြစ်သွားရ၏။
“မဟုတ်..မဟုတ်ဘူး”နန်ကျောင်းကျောင်းက ကြောက်ရွံ့စပြုလာသည်။
အချိန်ခဏလေးအတွင်းမှာ တိုက်ကွက်များစွာ ဖလှယ်ပြီးတော့ နန်ကျောင်းကျောင်းက ကြောက်ရွံ့လာသည်။သူမက ထပ်ခါထပ်ခါနောက်ဆုတ်နေရပြီး သိုင်းနည်းစနစ်တွေကို တစ်ခုပြီးတစ်ခု သုံးနေရသည်။
ကံမကောင်းစွာဖြင့်...
အကုန်လုံးက အသုံးမဝင်ပေ။
အသံကျယ်ကြီးထွက်ပေါ်လာ၏။
ချီမင်၏လက်သီးက ထိမှန်သွားတော့သည်။ထိုအခိုက်တွင် ဖျက်ဆီးခြင်းစွမ်းအားကို မျက်ဝါးထင်ထင်မြင်လိုက်ရသည်။ထိုကြီးမားသည့် လက်သီးက နေရာလွတ်ကိုတောင် တုန်ခါသွားစေ၏။
“အား!”
နန်ကျောင်းကျောင်း၏မျက်လုံးက ပြူးကျယ်သွားပြီး သနားစဖွယ်အော်လိုက်ရသည်။ချီမင်၏လက်သီးချက်တွင်ပါဝင်သည့်စွမ်းအားက အတော်လေးကြီးမားပါ၏။
လက်ဆတ်သည့်သွေးတို့ ပက်ဖြန်းလာ၏။
နန်ကျောင်းကျောင်း၏ခန္ဓာကိုယ်အပေါ်ပိုင်းက ချီမင်၏လက်သီးကြောင့်ပေါက်ကွဲသွားပြီး အသားစများအဖြစ်ပြောင်းလဲသွားတော့သည်။သွေးနံ့က ပြင်းထန်နေပြီး သူမ၏နှင်းဖြူရောင်ခြေတံသွယ်သွယ်လေးမှာတော့ အသွေးအသားစများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထိုလက်သီးထဲတွင် မဟာကပ်ဘေးဒုက္ခနည်းစနစ်၏ မမြင်နိုင်သည့်ကပ်ဘေးချီတို့ပါဝင်နေခြင်းကြောင်းဖြစ်သည်။တစ်ချိန်တည်းမှာ ချီမင်၏လက်သီးက နန်ကျောင်းကျောင်း၏ခန္ဓာကိုယ်ကို အက်ကွဲသွားစေပြီး သူမ၏ဝိညာဉ်နှင့်စစ်မှန်ဝိညာဉ်ကို ဖျက်ဆီးသွားသည်။
သူမ၏ဝိညာဥ်ကပျောက်ကွယ်ကာ သေဆုံးသွားတော့၏။
အစကနေအဆုံးထိ ချီမင်က နန်ကျောင်းကျောင်းနှင့်တိုက်ပွဲတွင် သူ့ဘက်က လုံးဝအရေးသာနေတာဖြစ်သည်။လုံးဝကို တစ်ဖက်သတ်တိုက်ပွဲပေ။
ထိုသို့ကြည့်လျှင် သိသာပါ၏။
ချီမင်က အင်မော်တယ်အဆင့်သို့မရောက်သေးပေမယ့် သူက မဟာတာအိုကိုကျင့်ကြံထားပြီး မဟာအံ့ဖွယ်စွမ်းအားနှစ်ခုကိုလည်း နားလည်သဘောပေါက်ထားသည်။ထိုအရာက ပြီးပြည့်စုံခြင်းအင်မော်တယ်ကို ခုခံနိုင်သည်။သတ်တောင်သတ် ဖြတ်နိုင်သေး၏။
“ဟူး..”
ချီမင်က သက်မချပြီး စွမ်းအားတို့ကို ပြန်ရုတ်သိမ်းလိုက်သည်။ဖန်ကူးစစ်မှန်ခန္ဓာက ပျောက်ကွယ်သွားပြီး သူ၏မူလပုံစံသို့ ပြန်ရောက်သွားသည်။သူက အနားကဝံပုလွေများကို မျက်မှောင်ကြုံကာ ကြည့်၏။
“ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်”
ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။”ကောင်းကင်စူးစမ်းခြင်း၊ အနာဂတ်အာရုံ”
“ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအား”
သူက ဓမ္မစွမ်းအားကို လည်ပတ်လိုက်သည်။
ချီမင်က အံ့ဖွယ်စွမ်းအားကို အသုံးပြုလိုက်သည်။ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏အကူအညီဖြင့် သူက အချိန်မြစ်ကို ထောက်လှမ်းကာ အတိတ်နှင့်အနာဂတ်ကို တွက်ချက်လိုက်သည်။
ချီမင်က နန်ကျောင်းကျောင်းနှင့်ပတ်သက်သည့်အရာမှန်သမျှကို တွက်ချက်နေလိုက်သည်။
“ကမ္ဘာဦးနတ်ဆိုးဂိုဏ်း”
ပြီးတာနဲ့ ချီမင်က မျက်လုံးပွင့်လာသည်။သူက နန်ကျောင်းကျောင်းနှင့်ပတ်သက်သည့်အရာရာတိုင်းကို သိသွား၏။
မြူခိုများဖုံးကွယ်နေသည့် လျှို့ဝှက်ကိစ္စများနှင့် စွမ်းအားကြီးတည်ရှိမှုများအကြောင်းကို တွက်ချက်လို့မရတာကလွဲရင် သူကအခြေခံအားဖြင့် အကုန်လုံးသိသွား၏။
နန်ကျောင်းကျောင်းက ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ဆိုပေမယ့် သူမကသေသွားပြီဖြစ်သည်။ထို့အပြင် သူမက ချီမင်ထံမှ သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ထို့ကြောင့် ချီမင်က ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကို တွက်ချက်နိုင်သွားသည်။
ထို့အပြင်....
ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအားက လျှို့ဝှက်နက်နဲတံခါးခြောက်ခု၊ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားနှင့်ဓာတ်ငါးပါးလည်ပတ်ခြင်းအံ့ဖွယ်စွမ်းအား သို့မဟုတ် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်များဖြင့်ပေါင်းစပ်ကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။
ချီမင်က ထိုပညာရပ်များကို နက်နဲခြင်းအဆင့်ထိကျင့်ကြံထားသည်။
“ဟူး...”
ချီမင်က နောက်ထပ်သက်ပြင်းချလိုက်သည်။သူက ထုတ်မပြောခင် အရင်သူ့အတွေးများကိုစီကာစဉ်ကာစဉ်းစားနေလိုက်သည်။”ပထမအထက်ကမ္ဘာပြည်နယ်ကိုးလောကမှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက အသန်မာဆုံးနတ်ဆိုးဂိုဏ်းပဲ။ပြီးတော့ ဂိုဏ်းက တတိယအထက်ကမ္ဘာနဲ့လည်းဆက်စပ်နေတယ်။”
“လွန်ခဲ့တဲ့နှစ်တစ်သောင်းက ပထမအထက်ကမ္ဘာပြည်နယ်ကိုးလောကမှာ အင်မော််တယ်တွေနဲ့နတ်ဆိုးတွေကြားကတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်။အဲ့ဒီတိုက်ပွဲက ပထမအထက်ကမ္ဘာပြည်နယ်ကိုးလောကကို အထိနာသွားစေခဲ့တယ်။”
“နန်ကျောင်းကျောင်းဆိုတာက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့အပြင်စည်းတပည့်တစ်ယောက်ပဲ။လွန်ခဲ့တဲ့နှစ်တစ်ထောင်ကပဲ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့တာဝန်ကို လက်ခံပြီး ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို စိမ့်ဝင်ခဲ့တယ်။ဒါပေမယ့် လွန်ခဲ့တဲ့တစ်လလောက်က နန်ကျောင်းကျောင်း ဖော်ထုတ်ခံလိုက်ရတယ်။သူမက အင်မော်တယ်ဗိုလ်ချုပ်သုံးယောက်လိုက်ဖမ်းနေတာကနေ ထွက်ပြေးရင်းနဲ့ တက်လှမ်းခြင်းလက်ခံရာတိုကင်ကိုသုံးပြီးတော့ စင်မြင့်ကိုရောက်လာတယ်။”
“ပြသနာတော့ နည်းနည်းများမယ့်ပုံပဲ”
ချီမင်က ခပ်တိုးတိုးပြောနေသည်။”ငါအခု ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့နယ်နိမိတ်ထဲရောက်နေပြီ။ဒီထဲကလူတိုင်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့တပည့်တွေပဲ။”
“ပြီးတော့..”
“နတ်ဆိုးနယ်မြေထဲကနေ ထွက်ချင်ရင် မြင့်မားတဲ့နောက်ခံအထောက်အထားရှိရမယ်။”
ရိုးရိုးသားသားပြောရရင် ချီမင်က လက်ခံရာစင်မြင့်မှာတုန်းက နန်ကျောင်းကျောင်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့နတ်ဆိုးမမှန်း မထင်ထားခဲ့ပေ။သူက သူမ၏အခြေ အနေကိုတွက်ချက်ဖို့အံ့ဖွယ်စွမ်းအားတောင်မသုံးမိပေ။
ချီမင်က အမှန်တကယ် လှည့်စားခံခဲ့ရသည်။
ယခုတော့ ချီမင်သည် နန်ကျောင်းကျောင်းထံမှ နတ်ဆိုးနယ်မြေသို့ ဆွဲခေါ်ခံလာရပြီဖြစ်၏။
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ။သင် ပထမအထက်ကမ္ဘာကို အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပါတယ်။အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ရန် အဆင့်မြှင့်တင်နေပါတယ်။”
“ခန့်မှန်းကြာချိန်:ဆယ်နှစ်”
“အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို မြှင့်တင်နေစဉ်အတွင်း လုပ်ဆောင်ချက်အားလုံးကို သုံးနိုင်ပါတယ်”
ထိုအခိုက်တွင်ချီမင်က စဉ်းစားနေတုန်းမှာ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အသိပေးချက်တစ်ခု တက်လာသည်။ထိုအရာက သူ့ကို ခဏလောက်ရပ်တန့်သွားပြီး သေသေချာချာကြည့်လိုက်မိစေသည်။
“အလိုအလျောက်ကျင့်ကြံခြင်းစနစ်က အဆင့်မြှင့်တော့မယ်”ချီမင်က ဆိုသည်။”ပြီးတော့ ဆယ်နှစ်ကြာမယ်။ကံကောင်းသွားတာက မြှင့်တင်နေတဲ့အတောအတွင်း အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့လုပ်ဆောင်ချက်အားလုံးကို သုံးလို့ရတယ်။မဟုတ်ရင် အတော်လေးဒုက္ခရောက်သွားလိမ့်မယ်။”
ဆွတ်ရှ်!ဆွတ်ရှ်
ထိုအခိုက်တွင် ချီမင်က သူ့ပတ်ဝန်းကျင်က ရွေ့လျားသံများကို အာရုံခံမိလိုက်သည်။အရှိန်အဝါတချို့က ဒီဘက်ကိုအပြေးအလွှားလာနေ၏။သူတို့ကို ချီမင်နှင့် နန်ကျောင်းကျောင်း၏တိုက်ပွဲက ဆွဲဆောင်လိုက်မိတာ ဖြစ်သည်။
“ရုပ်ခန္ဓာပြောင်းလဲခြင်း”
အတွေးတစ်ချက်ဖြင့် ချီမင်က သူ့ကျင့်ကြံခြင်းနည်းစနစ်နှင့်အံ့ဖွယ်စွမ်းအားတို့ကိုလည်ပတ်လိုက်သည်။မဟာအံ့ဖွယ်စွမ်းအားက နက်နဲခြင်းအဆင့်သို့ရောက်နေပြီဖြစ်သည်။သူပြောင်းလဲလိုက်တဲ့ပုံရိပ်မှာ ဘာအားနည်းချက်မှမရှိတော့ပေ။ချီမင်ထက်ကျင့်ကြံခြင်းအဆင့်နိမ့်နေပါက သူသာပုံစံပြောင်းထားရင် သူတို့က ချီမင်၏ပြောင်းလဲထားမှု၊အယောင်ဆောင်ထားမှုကို မြင်ဖို့မဖြစ်နိုင်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်၏ကိုယ်ပေါ်မှ အဖြူရောင်အလင်းများ ပျောက်ကွယ်သွား၏။
ချီမင်က နန်ကျောင်းကျောင်း အဖြစ်ပြောင်းလဲသွားတော့၏။
သူက ပုံစံတစ်ခုတည်းပြောင်းလဲလိုက်ခြင်းမဟုတ်ပေ။အရှိန်အဝါအသေးစိတ်ကအစ နန်ကျောင်းကျောင်းပုံစံ ပြောင်းထားခြင်းဖြစ်သည်။
“ကြယ်ရွှေ့ပြောင်းခြင်း”
ချီမင်က ညာလက်ကိုဝေ့ယမ်းလိုက်သည်။ဓမ္မစွမ်းအားက မြင့်တက်လာသည်။အံ့ဖွယ်စွမ်းအားက လည်ပတ်လာပြီး ပတ်ဝန်းကျင်က ချက်ချင်းပြောင်းလဲသွား၏။သူက သဲလွန်စများကိုဖျက်ဆီးလိုက်တော့သည်။နန်ကျောင်းကျောင်း၏အလောင်းက ပြာအဖြစ်ပြောင်းလဲသွားသည်။
“စုဆောင်း!”
ချီမင်က သူ့ဘယ်ဘက်လက်ကိုဝေ့ယမ်းလိုက်တော့အဝါရောင်ပဝါစစ်သား(၁၂၉၆၀၀)လည်းပျောက်ကွယ်သွားကာ ရွှေအလင်းစီးကြောင်းများက ချီမင်သလက်ထဲသို့ ပြန်ရောက်လာသည်။