← Chapters

အင်မော်တယ်အဆင့်သတ်မှတ်ချက်

Vol. 20 Ch. 294

အင်မော်တယ်အဆင့်သတ်မှတ်ချက်

Vol. 20 Ch. 294

ချီမင်က အမျိုးသမီးတစ်ဦးအဖြစ်ပြောင်းလဲလိုက်ရသည့်အတွက် အစပိုင်းမှာ အနည်းငယ်အနေရခက်နေသည်။သူက ခန္ဓာကိုယ်အပြောင်းအလဲကို ကျင့်သားရရန် ချိန်ညှိလိုက်ရ၏။

ပုံရိပ်သုံးခုက လေထဲကနေ ပျံသန်းလာသည်။အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးတစ်တစ်ယောက်ဖြစ်ပါ၏။နန်ကျောင်းကျောင်းကဲသို့ပင် သူတို့သည်လည်း ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏တပည့်များ ဖြစ်ကြသည်။

“ဂျူနီယာညီမလေး နန်”

“မင်း...”

“ခုနက တိုက်ပွဲဖြစ်သွားတာလား။”

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏တပည့်သုံးယောက်က မေးလိုက်သည်။

“ဟုတ်ပါတယ်”ချီမင်က တခစ်ခစ်ရယ်မောကာ နန်ကျောင်းကျောင်း၏ဟန်ကို တုပကာပြောလိုက်သည်။”ကံမကောင်းတာက ကျွန်မရဲ့အင်အားကို မထိန်းလိုက်နိုင်ဘူးရှင့်။အလောင်းတောင်မကျန်ခဲ့ဘူး။မဟုတ်ရင် အင်မော်တယ်နတ်ဆိုးရုပ်သေးသန်စင်ဖို့ နောက်ထပ်ပစ္စည်းကောင်းလေး ရလာမှာကို”

“အဟွတ် ဟွတ်...”

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏တပည့်သုံးယောက်က ချောင့်ဟန့်ကာ ဆက်မမေးလာတော့ပေ။သူတို့က တိုက်ပွဲအကြွင်းအကျန်ကိုသာ ကြည့်နေသည်။သံသယအနည်းငယ်တောင် မဝင်သွားပေ။

“ဂျူနီယာညီမလေးနန်အဆင်ပြေရင် ရပါပြီ”ဆံပင်နီဖြင့် အမျိုးသားကဆိုသည်။

“ဒါဆိုလည်း စီနီယာအစ်ကိုအစ်မတို့ ကျွန်မအရင်သွားလိုက်ပါဦးမယ်။ကျွန်မအခု ပြန်ပြီးတင်ပြစရာရှိသေးလို့ပါရှင်။”

ချီမင်က နန်းကျောင်းကျောင်း၏လေသံဖြင့် တုပကာပြောလိုက်၏။

“ဂျူနီယာညီမလေး အရင်သွားပါ”ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏တပည့်သုံးယောက်က ဆိုလိုက်သည်။

ချီမင်က အလင်းစီးကြောင်းအဖြစ်ပြောင်းလဲကာ လေထုကိုဖြတ်ကျော်လျက် ထွက်ခွာသွားတော့သည်။မျက်စိတစ်မှိတ်အတွင်းမှာ သူ့ပုံရိပ်က ပျောက်သွားတော့၏။ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏တပည့်သုံးယောက်က ချီမင်ကို လုံးဝသံသယမဝင်ပေ။

သူတို့၏ကျင့်ကြံခြင်းအဆင့်လောက်ဖြင့်ဆိုလျှင် ချီမင်၏အံ့ဖွယ်စွမ်းအားကို ဖောက်မမြင်နိုင်ပေ။

“ဂျူနီယာညီမလေးနန်က လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က စိမ့်ဝင်တဲ့တာဝန်တစ်ခုကို ယူထားတာမလား။အခု သူမက ရုတ်တရက်ကြီး ဂိုဏ်းကို ပြန်ရောက်လာတယ်။ပြီးသွားလို့လား ဒါမှမဟုတ် ဖော်ထုတ်ခံလိုက်ရတာလား။”ဆံနီအမျိုးသားက ခဏလောက်စဉ်းစားလိုက်သည်။

“ဟီးဟီး...”တခြားအနက်ရောင်ဆံပင်ဖြင့်လူငယ်လေးက နှာမှုတ်လိုက်သည်။”ကျွန်တော့်အမြင်မှာတော့ သူမကို ဖမ်းမိသွားတာပဲဖြစ်မယ်။မဟုတ်ရင် ဘာလို့ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို ပြန်လာမှာလဲ။”

“ပြီးတော့ ခုနတိုက်ပွဲအရဆို သူမကဒီကို ပြေးလာတာဖြစ်နိုင်တယ်။”

နောက်ဆုံးတစ်ယောက်ဖြစ်သည့် အပြာရောင်ဆံပင်များဖြင့်အမျိုးသမီးက ခပ်အုပ်အုပ်ပြော၏။”ဟုတ်ပါပြီ။ ပြောနေလို့ရောဘာထူးမှာလဲ။ဒီနေရဲ့ကင်းလှည့်တာဝန်ပြီးသွားဖို့က ပိုအရေးကြီးတယ်။”

‌မြင်ကွင်းက ပြောင်းလဲသွားသည်။

ချီမင်က နန်ကျောင်းကျောင်းအဖြစ်ပြောင်းလဲပြီးသွားတော့ သူက သဘာဝအတိုင်း ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတွင်သူမ၏အထောက်အထားအတိုင်းနေရမည်ဖြစ်သည်။တွက်ချက်ထားသည့်အချက်အလက်များအရဆို ချီမင်က သူမ၏ဂူသို့ရောက်လာပြီဖြစ်သည်။

မီတာ(၃၀၀)မြင့်သည့် တောင်ထွတ်တစ်ခုပေါ်တွင်ဖြစ်သည်။

နှစ်တစ်ထောင်ကြာသွားခဲ့ပါပြီ။

စိမ့်ဝင်မည့်တာဝန်ဖော်ထုတ်ခံရမည်ကို ရှောင်ရှားဖို့ နန်ကျောင်းကျောင်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ ပြန်လာခဲပါသည်။သို့ပေသော်လည်း သူမ၏ဂူကို အစေခံများက ရှင်းလင်းထားကြသည်။

လောလောဆယ်တွင် ချီမင်သည် နန်ကျောင်းကျောင်း၏အထောက်အထားကိုသုံးကာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို လှည့်ပတ်နိုင်သေး၏။အရာအားလုံးအခြေချသွားမှ သူက နတ်ဆိုးနယ်မြေမှထွက်ခွာရန် အခွင့်အရေးရှာရမည်ဖြစ်သည်။

…

တောင်ထွတ်တွင် ဟောခန်းမတစ်ခုရှိနေ၏။ကြီးလည်းမကြီးသလို သေးလည်းမသေးဘဲ အနေတော်လေးဖြစ်ကာ ရိုးရိုးစင်းစင်းသာ အလှဆင်ထားသည်။အလွန်အကျွံအလှဆင်ထားခြင်းမရှိပေ။သို့ပေမယ့် သွေးရင့်ရောင်နတ်ဆိုးအရှိန်အဝါများ သိပ်သည်းနေသည်။

“ပြန်လာတာကြိုဆိုပါတယ်။သခင်”

“သခင်..”

ချီမင်က ရောက်လာတာနဲ့ဂူတံခါးက ပွင့်လာတော့လေသည်။ချောမောသည့် အမျိုးသားအစေခံများမှာ အထဲကနေလျှောက်ထွက်လာကြသည်။သူတို့က လှပစွာဝတ်စားဆင်ယင်ထားပြီး မိန်ကလေးဆန်ဆန်ချောမောကြ‌သည်။

နန်ကျောင်းကျောင်းက ချောမော့သည်အမျိုးသားအစေခံလေးများကို သူမဂူထဲတွင် မွေးမြူထားတာဖြစ်သည်။

“တကယ်ပါပဲ”

ချီမင်က စိတ်ထဲတွင် သုန်မှုန်သွားသည်။သူက အံ့ဖွယ်စွမ်းအားသုံးကာ သိထားပြီးပြီဖြစ်ပေမယ့် ကိုယ်ပိုင်မျက်လုံးနဲ့မြင်လိုက်ရတဲ့အခါ စိတ်မပျက်ဘဲမနေနိုင်ပေ။သူက ညစ်ညမ်းသွားသည့်သူ့မျက်လုံးများကို ဆေးကြောပစ်ရန် ထိုအမျိုးသားများကို သတ်ပစ်ချင်သွားသည်။

သို့ပေမယ် အဲ့သလိုလုပ်လိုက်မိရင် သူ့သရုပ်မှန်ကပေါ်သွားပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတပည့်များသိသွားပေလိမ့်မည်။ချီမင်က သတ်ဖြတ်ချင်စိတ်ကို စိတ်ထဲ၌သာ ယာယီသိမ်းထားလိုက်ရသည်။

“ဘေးဖယ်..”

ချီမင်က လက်ဝေ့ယမ်းကာ ထိုအမျိုးသားကျွန်များကို အော်ထုတ်လိုက်သည်။”ငါ တံခါးပိတ်ကျင့်ကြံစရာရှိတယ်။ကိစ္စမရှိဘူးဆိုရင် လာမနှောက်ယှက်နဲ့”

“ဟုတ်ကဲပါ သခင်”

“သခင် တခြားညွှန်ကြားထားလိုတာတွေ ရှိရင်လည်းပြောပါ။ကျွန်တော်တို့ သခင့်ကို စိတ်ကျေနပ်စေမယ့် အထူးနည်းစနစ်တစ်ခုကို သိပ်မကြာသေးခင်တုန်းကပဲ လေ့လာထားတယ်။”

အမျိုးသားအစေခံများက ဖားယားနေကြသည်။

“သွားကြစမ်း”ချီမင်က အေးစက်စွာ နှာမှုတ်လိုက်သည်။

“ဟုတ်..ဟုတ်”

“…”

အမျိုးသားအစေခံများက ‌ထိတ်လန့်သွားကြပြီး ‌ဖြူဖျော့သွားသည့်မျက်နှာများဖြင့် နောက်ဆုတ်သွားကြသည်။

“ဟူး..”

ချီမင်က မျက်ခုံးတွန့်သွားသည်။”ဒီလိုဆက်သွားနေလို့မရဘူး။နန်ကျောင်းကျောင်းရဲ့အထောက်အထားနဲ့ ယာယီပဲနေလို့ရမယ်။ငါရဲ့သရုပ်ကို ဖြစ်နိုင်သမျှ မြန်မြန်ပြန်ပြောင်းရမယ်။”

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားခဲ့သည်။ချီမင်က နန်ကျောင်းကျောင်း၏ဂူထဲမှာ တစ်ချိန်လုံးကျင့်ကြံနေခဲ့သည်။သူက ရထားသည့်သတင်းအချက်အလက်အားလုံးကို ချေဖျက်နေသည်။

ပထမဆုံး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းအကြောင်းပြောရရင်

“ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ပထမအထက်ကမ္ဘာပြည်နယ်ကိုးလောကရဲ့ အသန်မာဆုံးဂိုဏ်းပဲ။ပြီးတော့ သူတို့ ကိုးကွယ်တဲ့ဘိုးဘေးက ကမ္ဘာဦးကောင်းကင်အရှင်ပဲ။ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို ဝင်တဲ့တပည့်တိုင်းက ကမ္ဘာဦးကောင်းကင်အရှင်ရဲ့ ရုပ်တုရှေ့မှာ ကျိန်ဆိုရတယ်။”

ချီမင်က ခဏလောက်တွေးပြီးမှ ပြောလိုက်၏။”ပြီးတော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုလုံးက မျိုးနွယ်(၁၀၈)ခုဆိုပြီးခွဲထားတယ်။မျိုးနွယ်တိုင်းမှာ မျိုးနွယ်သခင်တစ်ယောက်စီရှိပြီး တစ်ယောင်းချင်းစီကလည်း အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်တွေပဲ”

“မျိုးနွယ်သခင်အထက်မှာတော့”

“နန်ကျောင်းကျောင်းရဲ့အဆင့်က နိမ့်လွန်းတယ်။သူမက ဘာမှကိုထပ်မသိတော့ဘူး။ငါတွက်ချက်ကြည့်တော့လည်း အဲ့ဒီအဆင့်နဲ့ပတ်သက်တဲ့အရာမှန်သမျှက မြူခိုးတွေ ဖုံးလွှမ်းနေတယ်။ငါဘာမှကို မမြင်နိုင်ဘူး။အရမ်းကို မှုန်ဝါးနေတယ်။”

“ပထမအထက်ကမ္ဘာမှာတော့ အင်မော်တယ်အဆင့်ကို ဘယ်လိုခွဲလဲ သိလိုက်ရပြီ။အင်မော်တယ်အဆင့် တွေကို အင်မော်တယ်၊ပြီးပြည့်စုံခြင်းအင်မော်တယ်၊‌ဆန်းကြယ်အင်မော်တယ်၊မဟာဆန်းကြယ်အင်မော်တယ်၊ရွှေအင်မော််တယ်၊မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆိုပြီး ခွဲထားတယ်။”

“အဆင့်တိုင်းကို အစောပိုင်းအဆင့်၊အလယ်ပိုင်းအဆင့်နဲ့နှောင်းပိုင်းအဆင့်ဆိုပြီး ခွဲထားတယ်။”

“အဲ့ထဲမှာ အင်မော်တယ်အဆင့်က အနိမ့်ဆုံးပဲ”

“အခြေခံအားဖြင့် ပထမအထက်ကမ္ဘာမှာ အင်မော်တယ်တွေက နေရာတိုင်းမှာရှိတယ်။သူတို့က အနိမ့်ဆုံးအဆင့်ပဲ။ပထမအထက်ကမ္ဘာအင်မော်တယ်ဘုရင်ကတော့ အင်မော်တယ်အဆင့်ရဲ့ထိပ်ဆုံးအဆင့်ပဲ”

“ငါသာ အင်မော်တယ်ဘုရင်အဆင့်ကိုကျော်သွားရင် နောက်ထပ်ဒိုင်မေးရှင်းတစ်ခုကို ရောက်မယ်ထင်တယ်။အခုထိတော့ မသေချာသေးဘူး။”

“နန်ကျောင်းကျောင်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့မျိုးနွယ်(၁၀၈)ခုထဲက ရုပ်သေးမျိုးနွယ်ရဲ့အပြင်းစည်းတပည့်တစ်ယောက်ပဲ။ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကို ရောက်မှ အပြင်စည်းတပည့်တစ်ယောက် ဖြစ်နိုင်တယ်။အင်မော်တယ်အဆင့်တွေကတော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာ အစေခံတစ်ဦးသာ ဖြစ်နိုင်တယ်။”

“ရုပ်သေးမျိုးနွယ်သခင်ကိုတော့ ကောင်းကင်နတ်ဆိုးဘုရင်လို့ခေါ်ကြတယ်။သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကို ရောက်နေပြီ။”

နောက်တော့ ချီမင်က ‌နန်း‌ကျောင်း‌ကျောင်းပြီးမြောက်သွားသည့်ဖုံးကွယ်တာဝန်ကို လွှဲပြောင်ပေးဖို့ကောင်းကင်မြင့်မြတ်တောင်ထွတ်ကိုသွားဖို့လိုအပ်သည်။

ချီမင်သာ တာဝန်လွှဲပြောင်းပေးဖို့မသွားရင် သူက ကျိန်းသေပေါက် ရုပ်သေးမျိုးနွယ်၏စစ်မေးမှုကို ခံရမှာဖြစ်သည်။သူသာ ဖမ်းမိခံလိုက်ရရင် နတ်ဆိုးနယ်မြေထဲမှ လွတ်ရန်လမ်းမရှိတော့ပေ။

ချီမင်က ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။

သူက အထောက်အထားလည်း ပြောင်းရတော့မည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် ချီမင်က ကောင်းကင်မြင့်မြတ်တောင်ကို သွားလိုက်သည်။ထိုအရာ ရုပ်သေးတောင်ထွတ်နဲ့ အတော်လေးဝေးသည်။ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏နယ်နိမိတ်က အတော်လေးကျယ်ပြန့်ပါ၏။ချီမင်က အရွယ်အစားအတိအကျကိုမသိပေ။

ချီမင်၏အရှိန်နှင့် နာရီဝက်ကြာသွားလိုက်ရသည်။သူရောက်သွားတော့ ကြီးကျယ်ခမ်းနားပြီး မတ်စောက်သည့် တောင်ကြီးကို ‌တွေ့လိုက်ရသည်။တောင်ထိပ်က ကောင်းကင်တောင် ထိလုနီးနီးရှိသည်။ချီမင်မြင်နိုင်သမျှက မီတာ(၁၀၀,၀၀၀)ကျော်အထိဖြစ်သည်။

နောက်တော့ ချီမင်က ကောင်းကင်မြင့်မြတ်တောင်၏ အပြင်စည်းဂိုဏ်းတာဝန်ခန်းမသို့သွားကာ စိမ့်ဝင်ခြင်းတာဝန်ကို လွှဲပြောင်းပေးလိုက်သည်။သူက နန်ကျောင်းကျောင်းရထားသည့် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏သတင်းအချက်အလက်များကို ပေးလိုက်သည်။

ထို့ကြောင့်စိမ့်ဝင်ခြင်းတာဝန်ပြီးဆုံးသွားသည်ဟု ယူဆနိုင်ပြီး သင့်တော်သည့်ဆုလာဘ်ကို ရလိုက်သည်။အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်(၁၀,၀၀၀)နှင့်ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်နတ်ဆိုးရတနာတစ်ခုရလိုက်သည်။

ရိုးရိုးသားသားပြောရရင်ဆုလာဘ်များက ချီမင်သုံးလို့တောင်မရပေ။

“ဂျူနီယာညီမလေးနန်း”

ချီမင်က မိန်းမချောချောသည့်လူငယ်လေးတစ်ယောက် အပြင်စည်းဂိုဏ်းတာဝန်းခန်းမကို လျှောက်လာတာ‌တွေ့ရသည်။သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ရှိနေပြီး မျက်လုံးများကတော့ နှစ်သက်သဘောကျမှုများပြည့်နေသည်။

“စီနီယာအစ်ကို ယန်”ချီမင်က ပြုံးလိုက်သည်။

မိန်းမချော ချောသည့်‌ သူ့ရှေ့က လူငယ်လေးက ယန်ချန်းရှီဖြစ်သည်။သူကလည်း ရုပ်သေးမျိုးနွယ်၏အပြင်စည်းဂိုဏ်းတပည့်ဖြစ်ကာ ပြီးပြည့်စုံခြင်းအင်မော်တယ် နှောင်းပိုင်းအဆင့်ဖြစ်သည်။

ပိုပြီးအရေးကြီးသည်က

ယန်ချန်းရှီရော နန်ကျောင်းကျောင်းရော ထာဝရညကမ္ဘာမှ တက်လှမ်းလာကြတာဖြစ်သည်။လွန်ခဲ့တဲ့နှစ်သုံး‌သောင်းကပဲ သူတို့က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ တစ်ချိန်တည်းမှာ ဝင်ရောက်လာတာဖြစ်သည်။နှစ်သုံးထောင်ကြာပြီးနောက်မှာ သူတို့ကလက်ရှိကျင့်ကြံခြင်းအဆင့်ကိုရောက်လာကာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အပြင်စည်းတပည့်များ ဖြစ်လာကြသည်။

“ကိုယ်တို့ မတွေ့ရတာ ကြာပြီ”

ယန်ချန်းရှီက ဆိုသည်။”မင်း အပြင်စည်းဂိုဏ်းရဲ့စိမ့်ဝင်ခြင်းတာဝန်ကိုလက်ခံယူပြီးတည်းက ကိုယ်မင်းကို စိုးရိမ်နေခဲ့ရတာ။မင်းအဖော်ထုတ်ခံလိုက်ရပြီး အင်မော်တယ်မင်းဆက်က အင်မော်တယ်ဗိုလ်ချုပ်တွေလိုက်ဖမ်းခံရမှာကို ကိုယ်ကြောက်နေခဲ့ရတယ်။”

“စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။စီနီယာအစ်ကို”

ချီမင်က ပြုံးကာဆို၏။”အခုစိမ့်ဝင်ခြင်းတာဝန်ကလည်း မပြီးသေးပါဘူး။ကျွန်မနှစ်တစ်ထောင်လောက်ပုန်းပြီး ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို ခိုးဝင်ရတာ မလွယ်ကူခဲ့ဘူး။ဒါတောင် ရှာတွေ့သွားကြသေးတယ်။ကံကောင်းလို့ ကျွန်မလွတ်လမ်းကို ပြင်ဆင်ထားမိလို့ပေါ့။မဟုတ်ရင် ပြန်လာဖို့မဖြစ်နိုင်တော့ဘူး။”

“ကောင်းတယ်”ယန်ချန်ရှီက ခေါင်းအနည်းငယ်ညိတ်လိုက်၏။”ဂျူနီယာညီမလေး မတွေ့ရတာကြာပြီကိုယ့်နေရာကို လိုက်မလား”

“ကောင်းပါပြီရှင်”ချီမင်က ပြုံးလိုက်သည်။

ချီမင်နှင့်ယန်ချန်းရှီတို့က ကောင်းကင်မြင့်မြတ်တောင်ထွတ်ကနေ အတူတကွပြန်ထွက်လာပြီး ပျံသန်းသွားလိုက်သည်။ တစ်နာရီလောက်ကြာတော့ သူတို့ မျက်လုံးတစ်‌ထောင်တောင်ထွတ်ရှိယန်ချန်းရှီ၏ဂူစံအိမ်သို့ရောက်လာသည်။

နန်ကျောင်းကျောင်းနှင့်ယန်ချန်းရှီက ထာဝရညကမ္ဘာကနေ အတူတူတက်လှမ်းလာကြတာဖြစ်သည်။သူတို့နှစ်ယောက်က ဆက်ဆံရေးအရမ်းကောင်းပြီး ကောင်းအတူဆိုးအတူ နေထိုင်လာကြသည်ဟုဆိုရမည်။

ယန်ချန်းရှီက နန်ကျောင်းကျောင်းပုံစံအယောင်ဆောင်ထားသည့်ချီမင်ကို ဖြတ်မမြင်ချေ။

ညရောက်တော့ စံအိမ်ထဲမှာ..

“ကြယ်ရွှေ့ပြောင်းခြင်း”

ချီမင်က ယန်ချန်းရှီကို ဦးစွာတိုက်ခိုက်လိုက်သည်။သူက ဘယ်လက်ကိုယမ်းပြီး ကြယ်ရွှေ့ပြောင်းခြင်းကိုသုံးလိုက်သည်။အနားကနေရာလွတ်က ပြောင်းလဲသွားပြီး သူ့အံ့ဖွယ်စွမ်းအားက ဖုံးကွယ်ပေးလိုက်တယ်။ကောင်းကင်လျှို့ဝှက်ချက်ကပြောင်းလဲသွားကာ အရာအားလုံးကို ဖုံးကွယ်လိုက်သည်။

“ဂျူနီယာညီမလေး မင်း...”ယန်ချန်းရှီက ထိတ်လန့်သွားသည်။သူက မူလတုန်းက ဒီညတော့ ဂျူနီယာညီမလေးနှင့်အဆင့်တက်တော့မည်ဟုတွေးထားတာဖြစ်သည်။ယခုလိုဖြစ်လာမည်ဟု မမျှော်လင့်ထားချေ။

“မဟာကပ်ဘေးဒုက္ခနည်းစနစ်...”

ချီမင်၏လက်သီးက ကျရောက်လာသည်။တုံ့ဆိုင်းမနေဘဲ သူက နက်နဲခြင်းအဆင့်ထိရောက်နေသည့်မဟာအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။

ချီမင်က မဟာယနအဆင့်မှာပဲ ရှိနေသေးပေမယ့် ယန်ချန်းရှီကဲ့သို့ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကသူက ခုခံနိုင်သည့်စွမ်းအားမျိုးမဟုတ်ပေ။

ပိုပြီးအရေးကြီးသည်က

ချီမင်က ယန်ချန်းရှီကို ခြုံခိုတိုက်ခိုက်လိုက်ခြင်းသည်။

“မဟုတ်ဘူး”ယန်ချန်းရှီက ကြောက်လန့်သွားပြီး မလိုလားမှုများဖြင့် ပြည့်နှက်သွားသည်။သူက သူနှင့်အေးအတူပူအမျှ ဖြတ်သန်းလာသည့် ဂျူနီယာညီမလေးက ထိုသို့လုပ်မည်ဟုမထင်ထားပေ။”ဂျူနီယာညီမလေး မင်းဘာလို့ဒီလိုလုပ်ရတာလဲ”

“ယန်ချန်းရှီ ငါကမင်းရဲ့ဂျူနီယာညီမနန်းမဟုတ်ဘူး။”

အဖြူရောင်း‌အလင်းတစ်ချက်လက်သွားသည်။ချီမင်က ရုပ်ခန္ဓာပြောင်းလဲခြင်းအံ့ဖွယ်စွမ်းအားကိုသုံးကာ သူ၏မူလပုံစံသို့ ပြန်ပြောင်းလိုက်သည်။”မင်းရဲ့ ဂျူနီယာညီမနန်းက သေသွားပြီ။”

All Chapters