ပြီးပြည့်စုံခြင်းအင်မော်တယ်ကို ထပ်မံသတ်ဖြတ်ခြင်း အင်မော်တယ်သလင်းကျောက်များသည် နတ်ဆိုးဂိုဏ်းတွင် လမ်းခင်းပေးသည်အရာများသာ
Vol. 20 Ch. 295
“မင်း...မင်း...”ယန်ချန်းရှီက သတိပြန်ဝင်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။သူ၏ပြင်းထန်သည့် ဒေါသများအောက်တွင် များပြားသည့် ဓမ္မစွမ်းအားများပေါက်ကွဲထွက်လာသည်။သူက မျက်လုံးတစ်ထောင်ကင်းခြေများ အသွင်ပြောင်းသွားပြီး ချီမင်ကို ခုန်အုပ်လိုက်သည်။ “မင်းဘယ်သူလဲ။ငါ့ရဲ့ဂျူနီယာညီမလေး ဘယ်မှာလဲ။”
ချီမင်က ရိုက်ချလိုက်သည်။ သူ့လက်ဖဝါးထဲမှာ မဟာကပ်ဘေးဒုက္ခနည်းစနစ်က အနက်ရောင်တွင်းပေါက်ဝဲဂယက်ကြီးအဖြစ်ပြောင်းလဲသွားသည်။ထိုလက်ဖဝါးက မျက်လုံးတစ်ထောင်ကင်းခြေများအပါအဝင်အရာအားလုံးကို ဖျက်ဆီးဝါးမြိုပစ်လိုက်သည်။
သနားစဖွယ်ငိုကြွေးသံတစ်ချက်ထွက်ပေါ်လာသည်။
ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်မှုအောက်မှာ ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်၏စွမ်းအားကိုသုံးပြီး ယန်ချန်းရှီကို တစ်ချက်တည်းဖြင့်အနိုင်ယူလိုက်သည်။
“မဟုတ်ဘူး။”
ယန်ချန်းရှီက သနားစဖွယ်အော်ဟစ်လိုက်သည်။သူ့အသံထဲတွင် မလိုလားမှုများ ဒေါသများဖြင့် ပြည့်နှက်နေ၏။သူက နားလည်သွားပါတော့သည်။”အဲ့ဒါမင်းပဲ။ မင်းက ဂျူနီယာညီမလေးနန်းပုံစံအယောင်ဆောင်ဖို့ သူမကိုသတ်ပစ်လိုက်တာပဲ”
“သေပေတော့”
သူမသေခင် ယန်ချန်းရှီက နောက်ဆုံးရုန်းကန်မှုပြုလိုက်၏။သူ့အကြည့်ထဲတွင် ဒေါသများသတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။သူက တားမြစ်နည်းစနစ်ကို အသက်သွင်းပြီး ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲကာ ချီမင်ကို သူနှင့်အတူအပါခေါ်သွားချင်ဟန်ရှိသည်။
“ောက်ခွက် လာမပြောင်နဲ့”ချီမင်က အေးစက်စွာနှာခေါင်းရှုံ့ကာ အထင်သေးသည့်လေသံဖြင့် ပြောလိုက်၏။အတွေးတစ်ချက်ဖြင့် သူ၏ဓမ္မစွမ်းအားများ မြင့်တက်လာသည်။သူ့ခေါင်းပေါ်မှသန့်စင်သည့်အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီး ကိုယ်ပွားသုံးယောက်ဖြစ်ပြောင်းလဲသွားတော့၏။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများထွက်ပေါ်လာသည်။
“မဟာကပ်ဘေးဒုက္ခနည်းစနစ်”
ချီမင်၏လက်သီးချက် ကျရောက်လာသည်။သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကလည်း မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို တပြိုင်တည်းသုံးလိုက်သည်။သူတို့ ကယန်ချန်းရှီကို အရပ်လေးမျက်နှာကနေဝန်းရံထားသည်။ ကျယ်ပြန်သည့်ကပ်ဘေးအရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။
“အား!”ယန်ချန်းရှီက နောက်ဆုံးအကြိမ် အော်ဟစ်လိုက်သည်။
နောက်ဆုံးတော့ ယန်ချန်းရှီက ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲရန် အချိန်မရလိုက်ပေ။သူက ချီမင်၏မဟာကပ်ဘေးဒုက္ခနည်းစနစ်ကြောင့် တန်းကို သေသွားတော့၏။သူ့တစ်ကိုယ်လုံးနှင့်ဝိညာဉ်ပါမကျန် ပြာဖြစ်သွားပြီး ပျောက်ကွယ်သွားရတော့သည်။
အလောင်းတောင်မကျန်ခဲ့ပေ။
“ယန်ချန်းရှီ”
ချီမင်က တိုက်ပွဲ၏ဆုလာဘ်များကို ကောက်ယူလိုက်သည်။သူက ယန်ချန်းရှီ၏သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ခြင်းဖြစ်ပါ၏။အင်မော်တယ်သလင်းကျောက်အတော်များများ၊အထက်ကမ္ဘာကုန်ကြမ်းများနှင့် ကျင့်ကြံခြင်းနည်းစနစ်အနည်းငယ်ဖြစ်ပါသည်။အတော်လေး တန်ဖိုးရှိသည်။”သစ္စာရှိလိုက်တဲ့ယောက်ျားပဲ။ကံမကောင်းတာက နန်ကျောင်းကျောင်းက မင်းရဲ့သစ္စာရှိမှုနဲ့မထိုက်တန်ဘူး။သူမက ဂူထဲမှာ အမျိုးသားအစေခံတွေတောင် အများကြီးပျိုးထောင်ထားတယ်။”
“အရှင်”
“ဘာများဖြစ်လို့ပါလဲ”
“…”
ချီမင်က နှင့်ယန်ချန်းရှီ၏တိုက်ပွဲက မကြီးမားပေမယ့် အတော်လေးဆူဆူညံညံဖြစ်သွားသေးသည်။ထို့ကြောင့် ယန်ချန်းရှီ၏နောက်လိုက်များက ချက်ချင်းကို အပြေးလာကြသည်။
“ရုပ်ခန္ဓာပြောင်းလဲခြင်း..”
အတွေးတစ်ချက်ဖြင့် ချီမင်၏တစ်ကိုယ်လုံးကို သိပ်သည်းသည့်အဖြူရောင်အလင်းတို့ ဖုံးအုပ်သွားစေသည်။အဖြူရောင်အလင်းပျောက်ကွယ်သွားတော့ ချီမင်က ယန်ချန်းရှီအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။သူ့အရှိန်အဝါနှင့်အမူအရာများက တစ်ထပ်တည်းနီးပါး တူသွားသည်။
ယန်ချန်းရှီ၏နောက်လိုက်များက တံခါးကိုဖျက်ပြီး အထဲဝင်လာကြသည်။
“အရှင်..”
နောက်လိုက်တွေရောက်လာတော့ ချီမင်က ယန်ချန်းရှီဖြစ်နေပြီဖြစ်သည်။သူတို့က မသင်္ကာစရာဘာတစ်ခုမှ မသိနိုင်ပေ။သူတို့က အခန်းပတ်လည်ကို ကြည့်လိုက်တော့ တိုက်ပွဲလက်စလက်နများကို တွေ့လိုက်ရ၏။
“မင်းတို့နဲ့မဆိုင်ပါဘူး။”
ချီမင်က မျက်မှောင်ကြုံ့ကာ ယန်ချန်းရှီ၏လေသံကို တုပလိုက်သည်။သူက လေးနက်စွာပြောလိုက်၏။”မင်းတို့ အကုန်ပြန်ကြတော့”
“ဟုတ်ကဲ့”
ထို နောက်လိုက်လေးများက ဘာသံသယမှမဝင်ဘဲ လေးလေးစားစားထွက်သွားကြရတော့သည်။
“ဟူး...”
ချီမင်က ဟူးခနဲသက်ပြင်းချလိုက်သည်။”မိခါနီးလေးပဲ”
ချက်ချင်းဆိုသလိုပဲ ချီမင်က သက်ဆိုင်ရာအံ့ဖွယ်စွမ်းအားများကိုသုံးကာ ယန်ချန်းရှီ၏နောက်ခံနှင့်အထောက်အထားကို တွက်ချက်လိုက်သည်။အချို့သောလျှို့ဝှက်ချက်များမှလွဲရင် သူက အရာအားလုံးကို သိသွားတော့၏။
တွက်ချက်ကြည့်ပြီးတော့ ချီမင်က ကောင်းကင်၏တန်ပြန်မှုကို ခံစားလိုက်ရပြန်သည်။မမြင်နိုင်သည့်လောကတစ်ခုမှ သေဆုံးခြင်းစွမ်းအားများထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးပေါ် ဖုံးအုပ်သွားသည်။ထိုအရာက အထက်ကမ္ဘာ၏မမြင်နိုင်သည့်ကပ်ဘေးဒုက္ခစွမ်းအားဖြစ်သည်။အင်အားအရဖြစ်စေ စွမ်းအားအရဖြစ်စေ အဆင့်နိမ့်ကမ္ဘာများထက် အတော်လေး သာလွန်သည်။
“သန့်စင်ရွှေခန္ဓာ”
ချီမင်က တစ်ချက်တွေးကာ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တို့ကို လှည့်ပတ်လိုက်သည်။သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းဖျော့ဖျော့ထွက်ပေါ်လာသည်။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ထွက်ပေါ်လာမှုနှင့်အတူ သူကနည်းစနစ်အားလုံးကိုခုခံနိုင်သွားပြီး မိုးမြေသတ်ဖြတ်ခြင်းကပ်ဘေးကို ခုခံနိုင်သွား၏။
ချီမင်က နန်ကျောင်းကျောင်းကိုတွက်ချက်တုန်းကလည်း သူက ကောင်းကင်လျှို့ဝှက်ချက်၏တန်ပြန်မှုကို ခံစားခဲ့ရသည်။သို့သာ် ယန်ချန်းရှီကိုတွက်ချက်ခြင်းလောက် မပြင်းထန်ပေ။သို့ပေမယ့် သူက သန့်စင်ရွှေခန္ဓဖြင့် အသာအယာဖြေရှင်းနိုင်လိုက်၏။
“ယန်ချန်းရှီရဲ့နောက်ခံက မရိုးရှင်းဘူးပဲ”
ချီမင်က ခဏလောက်ကြောင်အသွားပြီး တွေးမိသွားသည်။”သူ့ရဲ့သရုပ်မှန်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကပဲ။သူထာဝရညအင်မော်တယ်ကမ္ဘာကနေတက်လှမ်းလာတော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နဲ့ကြုံလိုက်ရတယ်။အဲ့ဒီမြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်က တကယ်တော့ အမှောင်အဖွဲ့နန်းတော်ရဲ့ ဒုနန်းတော်သခင်ဖြစ်နေတယ်။”
“ ပြီးတာနဲ့ယန်ချန်းရှီက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အမှောင်အဖွဲ့နန်းတော်ကို ဝင်ခဲ့တယ်။လွန်ခဲ့တဲ့နှစ်(၃၀၀၀)ကမှ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို နန်းကျောင်းကျောင်းနဲ့အတူဝင်လာတာပဲ။ပြီးတော့ အပြင်စည်းတပည့်တစ်ယောက်ဖြစ်လာတယ်။”
“နန်ကျောင်းကျောင်းဖော်ထုတ်ခံလိုက်ရတာလည်း ယန်ချန်းရှီက သူမအကြောင်းသတင်းပေးလိုက်လို့ပဲ။”
“မယုံနိုင်စရာပဲ”
ချီမင်က မျက်ခုံးပင့်လိုက်သည်။
“မအံ့ဩတော့ပါဘူး။ငါ နန်ကျောင်းကျောင်းအယောင်ဆောင်ပြီး အပြင်စည်းဂိုဏ်းတာဝန်ခန်းမကို တာဝန်သွားလွှဲပြောင်းတော့ ယန်ချန်းရှီနဲတွေ့လာရတာကို”
ချီမင် ခဏလောက်စဉ်းစားကာဆိုသည်။”ယန်ချန်းရှီက ဘာဖြစ်နေလဲဆိုတာ သိထားတယ်။အဲ့ဒါကြောင့် သူက အပြင်စည်းဂိုဏ်းတာဝန်ခန်းမမှာ အထူးတလည် လာစောင့်နေတာပဲ”
သစ္စာရှိတဲ့ယောက်ျား?
ဟာသတစ်ခုသက်သက်ပဲ။ဒါကလည်း ဟန်ဆောင်ထားတာပါပဲ။ယန်ချန်းရှီက သေတဲ့အထိတောင် ဟန်ဆောင်သွားတုန်းပဲ။
နောက်တစ်နေ့မနက်မှာတော့...
ချီမင်က ရုပ်ခန္ဓာပြောင်းလဲခြင်းအံ့ဖွယ်စွမ်းအားသုံးကာ ယန်ချန်းရှီအဖြစ် အယောင်ဆောင်ထားသည်။သူက မျက်လုံးတစ်ထောင်တောင်ထွတ်ကနေ ထွက်လာပြီး ရုပ်သေးတောင်ထွတ်ကို သွားလိုက်သည်။ယန်ချန်းရှီ၏အထောက်အထားဖြင့် သူက ရုပ်သေးတောင်ထွတ်ကို တိုက်ရိုက်ဖျက်ဆီးလိုက်သည်။ဂူတစ်ခုလုံးက ဖျက်ဆီးခံလိုက်ရတော့သည်။
ချီမင်၏လုပ်ရပ်က အတော်လေးဆူဆူပူပူဖြစ်သွားသည်။
အပြင်စည်းတပည့်နှစ်ယောက်ကြားမှ အငြိုးတစ်ခုဖြစ်ပေမယ့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတွေ မျိုးနွယ်(၁၀၈)ခု ရှိသည်။မျိုးနွယ်တစ်ခုစီမှ တပည့်များက အတော့်ကို များသည်။ပြီးပြည့်စုံခြင်းအင်မော်တယ်များမှာ မရေမတွက်နိုင်လောက်အောင်များပြားပြီး နေရာတိုင်းတွင်တွေ့နေရသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတွင်လည်း စည်းမျဉ်းများစွာရှိသည်။
ချီမင်က ယန်ချန်းရှီအယောင်ဆောင်လျက် နန်ကျောင်းကျောင်း၏ဂူစံအိမ်နှင့်တောင်ကို လူမြင်ကွင်းတွင် ဖျက်ဆီးပစ်လိုက်သည်။နန်ကျောင်းကျောင်းက ပျောက်ဆုံးနေသေးသည်။ထို့ကြောင့် ထိုအရာက ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဥပဒေခန်းမကို အာရုံစိုက်လာစေသည်။
နေ့လည်ခင်းမှာ...
မျက်လုံးတစ်ထောင်တောင်ထွတ်တွင်...
ဥပဒေခန်းမ၏တပည့်များ ရောက်လာကြသည်။သူတို့ထဲက တစ်ယောက်သည် ဆန်းကြယ်အင်မော်တယ်အဆင့်ဖြစ်ပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ထက်များစွာသာလွန်သော အင်အားမျိုးရှိသည်။
ချီမင်၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် သူက သေချာပေါက် ပြိုင်ဘက်မဟုတ်ပေ။ချီမင်က မဟာတာအိုကိုကျင့်ကြံပြီး မဟာအံ့ဖွယ်စွမ်းအားနှစ်ခုကို ပြီးဆုံးသည်အထိနားလည်သဘောပေါက်ထားပေမယ့် နှစ်ယောက်ကြားက ခြားနားမှုက အတော်လေးကြီးသည်။
လေးထောင့်ကျကျမျက်နှာနှင့်တပည့်၏အကြည့်က အေးစက်နေသည်။”ဥပဒေခန်းမရဲ့စုံစမ်းမှုအပြီးမှာ မင်းက ကိုယ့်ရဲ့ဂူစံအိမ်ထဲမှာပဲ ရုပ်သေးမျိုးနွယ်ရဲ့အပြင်စည်းတပည့်နန်ကျောင်းကျောင်းကို သတ်ဖြတ်ခဲ့တယ်။မင်းက သူမရဲ့တောင်ကိုရော ဂူစံအိမ်ကိုပါ ဖျက်ဆီးပစ်လိုက်သေးတယ်။”
“ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့စည်းမျဉ်းတွေအရ”
“မင်းက အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာပေးရမယ်။အချိန်တစ်လရမယ်။မင်း အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာမပေးနိုင်သေးတဲ့အချိန်ထိ မျက်လုံးတစ်ထောင်တောင်ထွတ်ကနေ ထွက်ခွာခွင့်ပိတ်မယ်။”
“မင်းသာ တစ်လပြည့်တဲ့အထိ မပေးနိုင်ရင် ဥပဒေခန်းမက ဂိုဏ်းစည်းမျဉ်းအရ အပြစ်ပေးမယ်။”
“ဘယ်လိုအပြစ်ပေးမလဲဆိုတော့..”
“ငါတော့ မင်းသိချင်မယ်မထင်ဘူး။”
“မင်းထွက်ပြေးကြည့်ဖို့ ကြိုးစားနိုင်တယ်။”
“ဟီးဟီး”
ပြောပြီးတာနဲ့ ဥပဒေခန်းမ၏တပည့်သုံးယောက်က အနည်းငယ်ရယ်မောလိုက်သည်။သူတို့ ချီမင်ထွက်ပြေးမည်ကို လိုချင်နေသည့်အတိုင်းပင်။
ထိုအရာက ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏စည်းမျဉ်းဖြစ်သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းထဲမှာ နယ်ပယ်အသီးသီး၌ဂိုဏ်းစည်းမျဉ်းစုစုပေါင်း(၁၂၉,၆၀၀)ရှိသည်။ဂိုဏ်းစည်းမျဉ်းများကိုသာ စုပြီးစာအုပ်ထုတ်လိုက်ရင် ဖတ်လို့တောင်မနိုင်ပေ။
ဥပမာအနေဖြင့် ပထမဆုံးစည်းမျဉ်း:ဂိုဏ်းတူတပည့်တစ်ဦးကို သတ်ဖြတ်ရင် သေဒဏ်ခံရမည်။ထပ်ဆောင်းအကျိုးသက်ရောက်မှု:သင့်တင့်သည့် အင်မော်တယ်သလင်းကျောက်ပမာဏကို ပေးလျော်ပြီး သေဒဏ်ကို ရှောင်လွှဲနိုင်သည်။အစေခံတပည့်တစ်ယောက်ကသတ်လျှင် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် တစ်သန်း၊အပြင်စည်းဂိုဏ်းတပည့်က အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာ၊ အတွင်းစည်းတပည့်က အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် သန်းတစ်ရာ၊ အဓိကတပည့်က အဆင့်မြင့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာ၊အမွေခံတပည့်တစ်ယောက်က ထိပ်တန်းအဆင့် အင်မော််သလင်းကျောက်သန်းတစ်ရာ လျော်ကြေးပေးဆောင်ရမည်ဖြစ်သည်။
ဒုတိယစည်းမျဉ်း:ဂိုဏ်းလျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း။ထိုအရာကလည်း သေဒဏ်ဖြစ်သည်။ထပ်ဆောင်းအကျိုးသက်ရောက်မှု:သင့်တင့်သည့် အင်မော််တယ်သလင်းကျောက်များကို လျော်ကြေးပေးဆောင်လျှင် သေဒဏ်ကိုရှောင်လွဲနိုင်မည်ဖြစ်သည်။ ပေါက်ကြားသွားသည့်လျှို့ဝှက်ချက်၏အရေးပါမှုအရ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာမှ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာထိ ပေးဆောင်ရမည်ဖြစ်သည်။ထို့အပြင် ကန့်သတ်ချက်မရှိပေ။
(ဒီမှာ ကန့်သတ်ချက်မရှိဆိုတာက လျှို့ဝှက်ချက်ရဲ့အရေးပါမှုကို မူတည်ပြီး ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာထက်လည်း ကျော်နိုင်တယ်ပြောတာပါ)
တတိယစည်းမျဉ်း:.....
…
(၁၂၉,၆၀၀)မြောက်စည်းမျဉ်း:......
“နောက်ဆုံးတရားစီရင်ပိုင်ခွင့်ကို ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ချမှတ်နိုင်တယ်။”
ချီမင်က အကြမ်းဖျဉ်းနားလည်သွား၏။သူက သူ့ဘာသာတွေးနေလိုက်၏။”ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာ အင်မော်တယ်သလင်းကျောက်တွေလုံလောက်နေသရွေ့အပြစ်အားလုံးကိုရှောင်ရှားနိုင်တယ်။မင်းကကမ္ဘာဦးကောင်းကင်အရှင်ရဲ့ရုပ်တုကို ဖျက်ဆီးနေရင်တောင် အင်မော်တယ်သလင်းကျောက်တွေပြန်လျော်ပေးနေသရွေ့ ဘာမှမဖြစ်နိုင်ဘူး။”
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာ၏။သူက ညာဘက်လက်ကိုဝေ့ယမ်းကာ သာမန်သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်လိုက်သည်။အထဲမှာ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာရှိ၏။”ဂိုဏ်းအတွက် အပြင်းစည်းတပည့်ပြီးပြည့်စုံခြင်းအင်မော်တယ်တစ်ပါးကို ပျိုးထောင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။အဲ့ဒါကြောင့် ကျွန်တော်က ဂိုဏ်းရဲ့ဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်။”
“ဒီမှာ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာပါ။စီနီယာအစ်ကိုတို့ ကျေးဇူးပြုပြီးလက်ခံပေးပါ”
လေးထောင့်မျက်နှာနှင့်တပည့်က အနည်းငယ်အံ့ဩသွားဟန်ပေါ်သည်။သူက ချီမင်ကို အကြိမ်အနည်းငယ်စိုက်ကြည့်ကာ လက်ထဲက သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်သည်။ နတ်ဘုရားအာရုံသုံးကာ စစ်ဆေးကြည့်တော့ အမှန်ပေ။အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာကား မနည်းသည့်ပမာဏပင်။သူက ချီမင်အသင့်ပြင်ထားမည်ဟု မမျှော်လင့်ထားပေ။”မဆိုးဘူး။တကယ်ပဲ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာ ရှိတယ်။”
“ဒီလိုဆိုမှတော့ ဒီကိစ္စကို မေ့လိုက်တာပေါ့”
“စီနီယာအစ်ကိုတို့ ဂရုစိုက်ပါ”
ချီမင်က လက်နှစ်ဖက်ကိုစုကာ ဂါဝရပြုလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဥပဒေခန်းမ၏တပည့်သုံးယောက်မှာ ပျောက်ကွယ်သွားတော့သည်။
“ဟူး..”ချီမင်က ဟူးခနဲ သက်ပြင်းချလိုက်သည်။”ပြီးပြီ”
“ဒီလိုဆိုတော့လည်း ကြယ်ရွှေ့ပြောင်းခြင်း လျှို့ဝှက်နက်နဲနည်းစနစ်က အရမ်းစွမ်းအားကြီးတာပဲ”
ချီမင်က ခဏမျှစဉ်းစားလိုက်သည်။”အမှန်တရားတွေကို ဖုံးပေးထားနိုင်တယ်။ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ဥပဒေခန်းမတောင် မရှာနိုင်ဘူး။ပိုပြီးအရေးကြီးတာက ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်တပည့်တစ်ယောက် သေတာမလို့ဘဲ။အဲ့ဒါကြောင့် ဥပဒေခန်းမကလည်း သေချာအာရုံစိုက်ပြီး အထူးနည်းလမ်းတွေသုံးပြီး မစစ်ဆေးဘူး။မဟုတ်ရင် ငါဖော်ထုတ်ခံရဖို့ သေချာတယ်။”
“ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာ အပြင်စည်းတပည့်တစ်ယောက်ကိုသတ်လိုက်လို့ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာပဲပေးရတယ်။အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို ငါရှင်းတိုင်း အနည်းဆုံးတော့ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းရတယ်။”
“အံ့ဩဖို့ကောင်းတယ်”
ချီမင်က တွက်ချက်ကြည့်လိုက်တော့ အနည်းငယ်အံ့အားသင့်သွားသည်။”အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်တစ်တုံးက အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်တစ်သောင်းနဲ့ညီတယ်။အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာက အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်(၁၀,၀၀၀)နဲ့ညီတယ်။”
“ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့တန်ဖိုးအရဆိုရင် အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းက ဂိုဏ်းရဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကသက်ရှိဆယ်သန်းရဲ့အသက်ကိုလဲလို့ရတယ်။အတွင်းစည်းတပည့်အတွက်ဆိုရင်တော့ လူတစ်ထောင်ရဲ့အသက်နဲ့လဲလို့ရတယ်။”
“ကျွတ် ကျွတ်”ချီမင်က သက်ပြင်းချလိုက်သည်။”အင်မော်တယ်တစ်ပါးရဲ့အသက်က တန်ကြေးမရှိပါလား”
ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အခြေအနေကိုနားလည်သွားတော့ ချီမင်မှာ အစီအစဉ်တစ်ခုရှိလာသည်။သူက အင်မော်တယ်သလင်းကျောက်များကိုသုံးကာ လမ်းဖောက်ရမည်ဖြစ်သည်။ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာ အင်မော်တယ်သလင်းကျောက်များရှိနေသရွေ့ အရာရာက လွယ်ကူနေမည်ဖြစ်သည်။
ကောင်းပါ၏။
ချီမင်တွင် အင်မော်တယ်သလင်းကျောက်မှလွဲ၍ ဘာမှမရှိပေ။သူက ဆယ်ရက်နေတိုင်း အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို ရှင်းလို့ပြီးသည်။ရှင်းပြီးတိုင်းလည်း အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် သန်းတစ်သိန်းရပါ၏။