← Chapters

တစ်နှစ်ကြာပြီးနောက် အလိုအလျောက်ကျင့်ကြံခြင်းစနစ်အဆင့်မြှင့်တင်ခြင်းပြီးဆုံး အစေခံစနစ်အသက်ဝင် တွက်ချက်ခြင်းစနစ်အသက်ဝင်

Vol. 20 Ch. 296

တစ်နှစ်ကြာပြီးနောက် အလိုအလျောက်ကျင့်ကြံခြင်းစနစ်အဆင့်မြှင့်တင်ခြင်းပြီးဆုံး အစေခံစနစ်အသက်ဝင် တွက်ချက်ခြင်းစနစ်အသက်ဝင်

Vol. 20 Ch. 296

နေ့ရက်များကတော့ လျင်မြန်စွာကုန်ဆုံးသွားပါပြီ။ချီမင်က ပြသနာထပ်မရှာထားပေ။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ဝက်ကား ကုန်ဆုံးသွားတော့သည်။

ဒီနှစ်ဝက်အတွင်းမှာ ချီမင်က အင်မော်တယ်သလင်းကျောက်များကိုသုံးကာ အဆက်အသွယ်များတည်ဆောက်ခဲ့သည်။ဖော်ထုတ်မခံရဘဲ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာ လုံခြုံစွာဖြင့် အခြေချလာနိုင်ခဲ့သည်။ထို့ပြင် ချီမင်က အင်မော်တယ်သလင်းကျောက်များစွာကိုသုံးစွဲကာ အထက်ကမ္ဘာကျင့်ကြံခြင်းနည်းစနစ်အတော်များများကို ဝယ်ယူခဲ့သည်။

သူက ဖရိုဖရဲမဟာတာအိုကျမ်းကို ပြီးပြည့်စုံသည်အထိဖန်တီးချင်ပါက အထက်ကမ္ဘာကျင့်ကြံခြင်းနည်းစနစ်များစွာကို လိုအပ်ပါသည်။

နှစ်ဝက်အတွင်း ချီမင်သည် အင်မော်တယ်သလင်းကျောက်များစွာကိုသုံးစွဲခဲ့သောကြောင့် နတ်ဆိုးဂိုဏ်းတပည့်များ၏အကြည့်ကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့ပေမယ့် ချီမင်ကစွမ်းအားကြီးသည်။ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အပြင်စည်းတပည့်များမှာ ချီမင်၏ပြိုင်ဘက်မဟုတ်ပေ။သူက သူ့ဆီလာသည့်ဘယ်သူမဆို သတ်ဖြတ်ခဲ့သည်။နှစ်ဝက်ဆိုသည့်အချိန်တိုလေးအတွင်း အပြင်စည်းဂိုဏ်းတပည့်ဆယ်ယောက်ထက်မနည်း သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့်လည်း ချီမင်သည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဥပဒေခန်းမကို အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ထောင်တိတိ လျော်ပေးခဲ့ရပြီးပြီဖြစ်၏။

ချီမင်၏ကြွယ်ဝမှုက မသေးငယ်ပေမယ့် အတွင်းစည်းတပည့်များကို မဆွဲဆောင်နိုင်ပေ။ရန်သူက ဆန်းကြယ်အင်မော်တယ်အဆင့်မဟုတ်သရွေ့ ချီမင်က ပြိုင်ဘက်ကင်းပေ၏။

မျက်လုံးတစ်ထောင်တောင်ထွတ်...

“မသိမသာနဲ့ ငါကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုရောက်တာ နှစ်ဝက်ကျိုးနေပြီ။”

ချီမင်က ခဏလောက်စဉ်းစားနေမိသည်။အတွေးတစ်ချက်ဖြင့် သူကအလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို ဖွင့်လိုက်သည်။အလိုအလျောက်ကျင့်ကြံခြင်းစနစ်ထဲတွင် ချီမင်က အထက်ကမ္ဘာကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံပြီး တောက်လျှောက် လေ့လာနေသည်။

နောက်ထပ်နှစ်ဝက်အကြာမှာတော့ အလိုအလျောက်ကျင့်ကြံခြင်းစနစ်က အဆင့်မြှင့်တင်ခြင်း ပြီးတော့မည်ဖြစ်သည်။

ထိုအချိန်ကျရင် သေချာပေါက်အပြောင်းအလဲများ ရှိလာပေလိမ့်မည်။

“နှစ်ဝက်အတွင်း ငါ ယန်ချန်းရှီရဲ့သရုပ်ကို နောကျေသွားပြီ။နတ်ဆိုးဂိုဏ်းရဲ့ဘယ်တပည့်မှ ငါ့ကိုသံသယမဝင်တော့ဘူး။တကယ်တော့ လွန်ခဲ့တဲ့တစ်လက ကိုးပြည်ထောင်အင်မော်တယ်စစ်တပ်ရဲ့လျှို့ဝှက်အစောင့်တွေကလည်း ငါ့ကိုဆက်သွယ်လာတယ်။”

ချီမင်က ခဏလောက်တွေးနေမိရင်းဆိုလိုက်သည်။”ဒါပေမယ့် နတ်ဆိုးဂိုဏ်းမှာနေရတာ အရမ်းအန္တရယ်များတယ်။ရေရှည်ဆိုမကောင်းဘူး။အမြဲတမ်းအယောင်ဆောင်ထားဖို့က မဖြစ်နိုင်ဘူး။”

“အဲ့ဒါကြောင့် ငါ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကနေ ထွက်ဖို့လိုတယ်”

နေ့လည်ခင်းမှာတော့

“ဂျူနီယာညီလေးယန်”

ပုံရိပ်တစ်ခုက လေထဲက နေထိုးခွဲပျံသန်းလာကာ မျက်လုံးတစ်ထောင်တောင်ထွတ်၏ဂူစံအိမ်ရှေ့တွင် ရပ်လိုက်သည်။ချီမင်က ချက်ချင်းမတ်တပ်ရပ်ပြီး အိမ်ထဲကနေထွက်လာလိုက်ကာ အပြုံးတစ်ခုနှင့်ကြို‌ဆိုလိုက်သည်။

“စီနီယာအစ်ကိုကျန်း နောက်ဆုံးတော့ ဒီကိုရောက်လာပြီ။”

ချီမင်က မျက်နှာလေးထောင့်နှင့်သက်လတ်ပိုင်းအရွယ်အမျိုးသားကို အိမ်ထဲသို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။

“ဟားဟား..”ကျန်းပိုင်ယွီကလည်း ပြုံးလိုက်သည်။”သေချာတာပေါ့”

ကျန်းပိုင်ယွီက ဥပဒေခန်းမ၏တပည့်တစ်ဦးဖြစ်သည်။သူ့ကျင့်ကြံခြင်းအဆင့်က မြင့်မားပြီး ဆန်းကြယ်အင်မော်တယ် နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။သူက မဟာဆန်းကြယ်အင်မော်တယ်အဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်။

လွန်ခဲ့သည့်ခြောက်လအတွင်း ချီမင်သည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အပြင်စည်းတပည့်များကို သတ်ဖြတ်ခဲ့သည့်အတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ထောင်ကို ပေးလျော်ရပြီး ကျန်းပိုင်ယွီနှင့် အကြိမ်များစွာ‌ တွေ့ဆုံခဲ့ရသည်။

ချီမင်က အင်မော်တယ်သလင်းကျောက်များစွာသုံးရင်း မိတ်ဖွဲ့ခဲ့သည်။သူက ဥပဒေခန်းမ၏တပည့်ကျန်းပိုင်ယွီနှင့် ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ခဲ့၏။သူတို့က ညီအစ်ကိုများဖြစ်လာကြပေသည်။

“စီနီယာအစ်ကိုကျန်း ခင်ဗျားမှာ ကျွန်တော်အကူအညီတောင်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဖြေရသွားလို့လား။”ချီမင်က ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတွင် မျိုးနွယ်(၁၀၈)ခု၏အပြင်စည်းတပည့်များအတွက် နတ်ဆိုးနယ်မြေထဲမှ ထွက်ခွာရဖို့ မလွယ်ကူချေ။သူတို့က ခွင့်ပြုချက်အသီးသီးကို လိုအပ်သည်။

ဥပမာအနေဖြင့်ဆို...

နန်ကျောင်းကျောင်းက စိမ့်ဝင်ခြင်းတာဝန်ကို လက်ခံယူခဲ့သည်။ထို့ကြောင့်လည်း သူမက ကမ္ဘာဦးနတ်ဆိုးနယ်မြေကနေ ထွက်လာနိုင်တာဖြစ်သည်။သူမလိုတာဝန်ကိုလက်ခံပြီး ထွက်ခွာချင်ရင် တာဝန်နှင့်သက်ဆိုင်သည့်စမ်းသပ်ချက်ကို ကျော်ဖြတ်ရမှာဖြစ်သည်။

ထိုအခြေအနေအောက်တွင် ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းထဲကနေ ထွက်ခွာဖို့ တာဝန်လက်ခံ‌ဖို့စီစဥ်ထားပေမယ့် နယ်မြေထဲမှထွက်သွားသည့်တာဝန်များမှာ အများကြီးမရှိပေ။ထို့အပြင် အရမ်းလည်းအန္တရာယ်များသည်။ဆက်စပ်နေသည့်စမ်းသပ်ချက်တောင် ဖြတ်ကျော်ဖို့ မလွယ်ပေ။

လဝက်ကြာတော့ ချီမင်က ကျန်းပိုင်ယွီနှင့် အထူးတလည်မိတ်‌ဆွေဖွဲ့ပြီး အကူအညီတောင်းလိုက်သည်။ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်‌ထောင်ပေးပြီးသွားတော့ သူက စဉ်းစားပေးမည်ဟု ပြောလာသည်။

သေချာတာက သူသာ မျိုးနွယ်(၁၀၈)စု၏အတွင်းစည်းတပည့်ဖြစ်လာရင်တော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေထဲမှာ ကန့်သတ်မခံရဘဲ စိတ်ကြိုက်လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ရသည်။

“ဟုတ်တယ်”ကျန်းပိုင်ယွီက ပြုံးလိုက်သည်။”ကိစ္စက ဒီလို။ ရုပ်သေးမျိုးနွယ်က လေတိမ်တိုက်ဂိုဏ်းကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်။ဒီကိစ္စက အချိန်ကြာကြီးပြင်ဆင်ထားရတာ။ ငါတို့က ဒီနှစ်ထဲမှာတိုက်ဖို့ ပြင်ထားတယ်။”

“အချိန်ကျလာရင်...”

“စီနီယာအစ်ကိုကြီးငါက မင်းကို လေတိမ်တိုက်ဂိုဏ်းကိုတိုက်ခိုက်မယ့်အသင်းထဲမှာ ထည့်ပေးမယ်။မင်းက အသင်းနောက်ကိုလိုက်ပြီး နယ်မြေထဲကနေ ထွက်လို့ရပြီ။”

“ကောင်းလိုက်တာ။ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

ချီမင်က အရိုအသေပြုကာ သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်လိုက်သည်။အထဲတွင် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာ ထည့်ထားပါ၏။”ဒါက ကျေးဇူးတင်မှုသေးသေးလေးပါ။ စီနီယာအစ်ကို ကျေးဇူးပြုပြီး လက်ခံပေးပါ”

“ကောင်းတယ်”

ကျန်းပိုင်ယွီက လက်ခါလိုက်သည်။သူက ငြင်းနေပေမယ့် လက်ကတော့မနှေးပေ။သူက ချီမင်ပေးထာတဲ့အင်မော်တယ်သလင်းကျောက်များကို ယူလိုက်၏။”ဂျူနီယာညီလေး မင်းကအရမ်းကို အားနာလွန်းနေပြီ။ဒါက ပါးပါးလေးပါ။ မင်းဒီလိုဆက်လုပ်နေရင် ငါစိတ်ဆိုးရလိမ့်မယ်။”

“မင်းရဲ့စီနီယာအစ်ကိုကြီးကို ငွေမက်တဲ့သူလို့ထင်နေတာလား။ငါက ငါတို့အချင်းချင်းအဆင်ပြေလို့ လုပ်ပေးတာလေ။ မင်းရဲ့အစ်ကိုကြီးအနေနဲ့ ကူညီပေးရမှာသဘာဝပဲ။”

“မင်း နောက်တစ်ကြိမ်ဒါမျိုးမလုပ်နဲ့”

“ကျွန်တော် နားလည်ပါပြီ”

“အနာဂတ်ကျရင် ထပ်မလုပ်‌တော့ပါဘူး”

ကျန်းပိုင်ယွီက ဆိုသည်။”မင်းဘာလို့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေထဲက ထွက်ချင်လဲမသိပေမယ့် မင်းလိုအပ်တာတွေအားလုံး ကူညီပေးထားမယ်။”

“စောင့်နေလိုက်”

“ကိစ္စက ဒီနှစ်ထဲမှာပဲ”

ချီမင်က ခေါင်းအသာညိတ်လိုက်၏။

အချိန်များ ကုန်ဆုံးသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်ဝက်ကုန်သွား၏။

ယနေ့နေ့လည်မှာတော့

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။အလိုအလျောက်ကျင့်ကြံခြင်းစနစ်က အထက်ကမ္ဘာရဲ့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်သွားပါပြီ။အဆင့်မြှင့်တင်ခြင်းကလည်း ပြီးဆုံးပါတော့မယ်။ကျန်ရှိသောအချိန်:10,9,8,7....”

အသိပေးချက်တစ်ခု တက်လာသည်။

ချီမင် အပျော်လွန်သွားတော့သည်။

တင်း!

ဆယ်စက္ကန့်ကြာတော့

“အဆင့်မြှင့်တင်ခြင်း အောင်မြင်ပါတယ်။ပြန်လည်စတင်နေပါပြီ”

“အစေခံစနစ်၊တွက်ချက်ခြင်းစနစ်အသက်ဝင်လာပါပြီ”

အသိပေးချက်တစ်ခု ပေါ်လာ၏။

“အစေခံစနစ်၊တွက်ချက်ခြင်းစနစ်?”

ချီမင်က ခဏလောက်စဉ်းစားနေမိသည်။”အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့အဓိကမျက်နှာပြင်ကို အသက်သွင်း”

…

လက်ခံသူ:ချီမင်

အဆင့်:မဟာယနအဆင့်

ကျင့်ကြံခြင်းနည်းစနစ်:ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲ

သိုင်းနည်းနစ်:တိမ်စိမ်းဓားနည်းစနစ်၊ဓားချီပိုင်းဖြတ်ခြင်း၊အကြိုလိုအပ်ချက်နည်းစနစ်၊စိတ်ဝိညာဉ်ကိုးဖြာပုံရိပ်‌ယောင်ခြေလှမ်း...”

ဓမ္မရတနာ:ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၊လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်”

ကိုယ်ပိုင်ဓမ္မရတနာ:သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား၊ဓားတောင်၊ကမ္ဘာဖျက်ဓား”

မွေးရာပါနည်းစနစ်:ကြာပန်းစိမ်းဓားတာအို ၊အသင်္ချေသဏ္ဍာန်မဲ့မုန်တိုင်း၊ပါ့ကွား‌ပြောင်းလဲခြင်းဖွဲ့စည်းပုံ၊သန့်စင်ရွှေခန္ဓာ၊သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ၊ဖန်ကူးစစ်မှန်ခန္ဓာ

(အဲ့ဒီနည်းစနစ်တွေက ကျင့်ကြံခြင်းနည်းစနစ်တွေကျင့်ရင်း နားလည်သွားတာတွေ)

‌အသေးစားအံ့ဖွယ်စွမ်းအား:လျှို့ဝှက်နက်နဲနည်းစနစ်၊ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအား၊ဓာတ်ငါးပါးလည်ပတ်ခြင်းအံ့ဖွယ်စွမ်းအား၊အံ့ဖွယ်ဓားလျှပ်စီးထိန်းချုပ်ခြင်းနည်းနစ်၊သမာဓိမီးလျှံအံ့ဖွယ်စွမ်းအား

မဟာအံ့ဖွယ်စွမ်းအား:ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၊မဟာကပ်ဘေးဒုက္ခနည်းစနစ်၊မဟာမူလအစနည်းစနစ်

ပစ္စည်း:.....

ပစ္စည်းစာရင်း:....

တစ်ချက်နှိပ်ကျင့်ကြံခြင်း:အသက်သွင်းနိုင်

ဝိညာဉ်သားရဲကျင့်ကြံခြင်း:အသက်သွင်းနိုင်

ဂိမ်းမြေအောက်စခန်း:အသက်သွင်းနိုင်

အစေခံစနစ်:အသက်သွင်းနိုင်

တွက်ချက်ခြင်းစနစ်:အသက်သွင်းနိုင်

…

ချီမင်၏မြင်ကွင်းထဲတွင် မျက်နှာပြင်တစ်ခုပေါ်လာသည်။သူ့အကြောင်း အခြေခံအချက်အားလုံးဖော်ပြထားပြီး အမှားမပါပေ။

ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာမှာတုန်းက မူလအစအင်မော်တယ်ဘုရင်ကို ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စိတ်ဝိညာဉ်အဖြစ်သန့်စင်ခဲ့သည်။သူက ပစ္စည်းစိတ်ဝိညာဥ်မူလဇာစ်မြစ်ထံမှ မဟာမူလအစနည်းစနစ်ကိုရခဲ့သည်။

ထိုသို့ဖြင့် ချီမင်နားလည်ထားသည့် သုံးခုမြောက်မဟာအံ့ဖွယ်စွမ်းအားက မဟာမူလအစနည်းစနစ်ဖြစ်လာသည်။

“အစေခံစနစ်ကို အသက်သွင်း”

တင်း!

“အစေခံစနစ် အသက်သွင်းခြင်းအောင်မြင်ပါတယ်”

အသိပေးချက်တစ်ခုတက်လာသည်။

ချီမင်က အစေခံစနစ်၏အချက်အလက်များကို သိလိုက်ရသည်။အစေခံစနစ်က ဝိညာဉ်သားရဲစနစ်နဲ့အနည်းငယ်ဆင်သည်။သို့ပေမယ့်ဝိညာဉ်သားရဲကြီးထွားရာနေရာက ဝိညာဉ်ကျောက်တုံး၊အင်မော်တယ်သလင်းကျောက်များလိုပြီး အစေခံစနစ်ကတော့ မလိုပေ။

တစ်နည်းဆိုသော်

ချီမင်မှာ ဂိမ်းမြေအောက်စခန်းထဲမှ အစေခံများအလုံအလောက်ရနေသရွေ့ သူက အစေခံစစ်တပ်ကိုဖန်တီးနိုင်သည်။အရေအတွက်မကန့်သတ်ထားပေ။

အစေခံစနစ်၏အားနည်းချက်ကတောပ အစေခံများကို အဆင့်တက်အောင်မလုပ်ပေးနိုင်ပေ။

“မဆိုးပါဘူး”

ချီမင်က ခဏလောက်စဉ်းစားလိုက်သည်။

ပစ္စည်းစာရင်းက ပွင့်လာသည်။

ဒီနှစ်တွေအတွင်းမှာ ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးကာ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို ရှင်းလင်းခဲ့သည်။သူက အစေခံများအပါအဝင် အရင်းအမြစ်များစွာရခဲ့ပါ၏။

ဥပမာအနေဖြင့် ချီမင်၏ပထမဆုံးအစေခံက ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းချုပ်၏နောက်လိုက်ဖြစ်သည်။

“အရမ်းကောင်းတယ်”

ချီမင်က အနီးကပ်ဆွဲကြည့်ရင်းစိတ်ကျေနပ်စွာခေါင်းညိတ်၏။”အစေခံတွေအကုန်လုံးကို အစေခံစနစ်ထဲပေါင်းထည့်လိုက်”

အလင်းများတောက်ပလာသည်။

အစေခံစနစ်မျက်နှာပြင်မှာတော့ မြင်ကွင်းများပေါ်လာသည်။

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင့် အစေခံ(၁၃၀၀)ရရှိထားပါတယ်။အင်မော်တယ် အစောပိုင်းအဆင့်(၅၀၀)၊အင်မော်တယ်အလယ်ပိုင်းအဆင့်(၃၀၀)၊အင်မော်တယ်နှောင်းပိုင်းအဆင့်(၁၅၀)၊ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်(၉၀)နဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်(၁၀)ယောက် ရရှိထားပါတယ်”

အသိပေးချက်တစ်ခုပေါ်လာသည်။

“မဆိုးဘူး”

“တွက်ချက်ခြင်းစနစ်ကို အသက်သွင်းမယ်”ချီမင်က ဆက်ပြောသည်။

တင်း!

“တွက်ချက်ခြင်းစနစ်ကို အသက်သွင်းခြင်းအောင်မြင်ပါတယ်”

အသိပေးချက်တစ်ခုပေါ်လာသည်။

ထို့နောက် ချီမင်က တွက်ချက်ခြင်းစနစ်၏လုပ်ဆောင်နိုင်စွမ်းနှင့်သင့်တော့်သည့်အချက်အလက်များကို ရလိုက်ပါသည်။အခုမှ အသက်သွင်းထားလို့ဖြစ်မည်။တွက်ချက်မည့်နေရာတစ်ခုသာရှိသေး၏။

တစ်နည်းဆိုသော်...

ချီမင်က တွက်ချက်ခြင်းစနစ်ကိုသုံးကာ ကျင့်ကြံခြင်းနည်းစနစ်နှင့်အံ့ဖွယ်စွမ်းအားများကို တွက်ချက်ဖန်တီးလိုက်သည်။

“တွက်ချက်ခြင်းစနစ်ကမဆိုးဘူး။အချိန်ကိုက်ပေါ်လာတာပဲ”ချီမင်က ခဏလောက်စဉ်းစားကာ ဆို၏။”ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကို တွက်ချက်မယ်”

တင်း!

“ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကို တွက်ချက်နေပါတယ်။သင် အင်မော်တယ်သလင်းကျောက်များကိုသုံးကာ တွက်ချက်နှုန်းကို မြှင့်တင်နိုင်ပါတယ်။အများဆုံး အဆသန်းတစ်သိန်းထိမြှင့်တင်နိုင်ပါတယ်။အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် ဆယ်လုံးတိုင်းက တစ်ဆမြှင့်တင့်နိုင်ပါတယ်”

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။”ဒီလိုဆို ငါဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကိုတွက်ချက်ဖို့ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို မှီခိုစရာမလိုတော့ဘူး။အလိုအလျောက်ကျင့်ကြံခြင်းစနစ်က မတွက်ချက်ပေးဘဲ ကျင့်ပဲကျင့်ကြံနိုင်တာ။”

“ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်ရာထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကို ကျင့်ကြံမယ်”

တင်း!

“ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်”

“ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်”

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က ကျေနပ်သွားတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်ဝက်ကုန်သွားသည်။

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။ဖရိုဖရဲမဟာတာအိုကျမ်းပထမတွဲကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် နှစ်ဝက်ကြာတွက်ချက်ခဲ့ပါတယ်။သင် ဖရိုဖရဲမဟာတာအိုကျမ်း: အင်မော်တယ်အခန်း၏ကောင်းကင်အင်မော်တယ်အပိုင်းကို တွက်ချက်နိုင်ခဲ့ပါတယ်။”

ယနေ့နေ့လည်မှာတော့

ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အသိပေးချက်ကို ရလိုက်သည်။အင်မော်တယ်သလင်းကျောက်များစွာသုံးပြီးနောက်မှာတော့ သူနောက်ဆုံးတော့ ကျင့်ကြံခြင်းနည်းစနစ်၏နောက်ခန်းကိုဖန်တီးနိုင်ခဲ့ပေသည်။

“အရမ်းကောင်းတယ်”ချီမင်က အပျော်လွန်သွား၏။

တစ်နေ့တည်းမှာ ကျန်းပိုင်ယွီက ချီမင်ကို သတင်းစကားပါးလာ၏။ယနေ့ညတွင်တော့ သူတို့က ရုပ်သေးမျိုးနွယ်တပည့်များနှင့်အတူ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှ ထွက်ခွာမှာဖြစ်သည်။

All Chapters