ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှထွက်ခွာခြင်း လေတိမ်တိုက်ဂိုဏ်း၏စစ်မြေပြင်
Vol. 20 Ch. 297
ညရောက်လာသည်။
ကောင်းကင်မြင့်မြတ်တောင်ခြေတွင် ရုပ်သေးမျိုးနွယ်၏အစေခံတပည့်များ၊အတွင်းစည်းအပြင်စည်းတပည့်များနှင့် အဓိကတပည့်များအမွေခံတပည့်များ စုဝေးနေကြသည်။တစ်သန်းနီးပါးရှိ၏။
ထိုအရာက ရုပ်သေးမျိုးနွယ်၏ရေခဲပြင်ထိပ်ဖျားလေးသာရှိသေးသည်။အင်အားစုအနည်းအကျဉ်းသာဖြစ်သည်။ရုပ်သေးမျိုးနွယ်၏အကြီးအကဲများနှင့်တပည့်များအားလုံးသာစုဝေးလိုက်လျှင် သန်းတစ်ရာလောက်ရှိမည်။
ချီမင်က ကြည့်ရှုနေသည်။
ကောင်းကင်ယံမှာတော့ အဆုံးမဲ့တန်ခိုးအရှိန်အဝါများဖြင့် ပုံရိပ်သုံးခု ရပ်နေသည်။သွေးရောင်အလင်းတန်းများသဖွယ် နတ်ဆိုးချီများနှင့်မိစ္ဆာချီများထွက်ပေါ်နေသည်။သူတို့ပတ်လည်မှာတော့ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းစွမ်းအားများ စုဝေးနေသည်။
“အရမ်းကောင်းတယ်”
အလင်းရောင်များပျောက်ကွယ်သွားတော့သည်။
ပုံရိပ်သုံးခု၏ခန္ဓာကိုယ်အစစ်ကပေါ်လာတော့သည်။သူက လက်နှစ်ဖက်နောက်ပစ်ထားကာ သူ့အကြည့်များကစူးရှနေသည်။သူ့အင်အားနှင့်ကျင့်ကြံခြင်းအဆင့်က အတော်လေးကြောက်မက်ဖွယ်ကောင်းသည့်အဆင့်၌ ဖြစ်သည်။
ထိုပုံရိပ်၌ ကြက်သွေးရောင်ဆံပင်များမှာရေတံခွန်သဖွယ်ဖြာဆင်းနေပြီး သွေးများစီးဆင်းနေသည့်အလားပင်။သူ့မျက်နှာဘယ်ဘက်ခြမ်းကို သွေးရောင်ကင်းခြေများတက်တူးပုံစံထိုးထားပြီး ညာဘက်ခြမ်းကတော့ အမဲရောင်အရိုးခေါင်းတက်တူးပုံရှိနေပြီး အတော်လေးထူးဆန်းလှသည်။
“ငါက ရုပ်သေးမျိုးနွယ်ရဲ့အမွေခံအကြီးအကဲဝူရှပဲ”
ဆံပင်အနီဖြင့်ထိုအမျိုးသားက အသံနက်ကြီးဖြင့်ဆိုသည်။”လေတိမ်တိုက်ဂိုဏ်းကိုဖျက်ဆီးဖို့ ငါက အမွေခံအကြီးအကဲတျန်းလုံနဲ့လိန်လီတို့နဲ့အထူးတလည်ပူးပေါင်းထားတယ်။ဒီနေ့ပဲ လေတိမ်တိုက်ဂိုဏ်းကို တစ်ချက်တည်းနဲ့ဖျက်ဆီးပစ်ဖို့ မင်းတို့ကို စုစည်းလိုက်တာပဲ”
“ဟုတ်ကဲ့”
“ကျွန်တော်တို့ အမွေခံအကြီးအကဲတို့ရဲ့အမိန့်ကို လိုက်နာပါမယ်။”
“လေတိမ်တိုက်ဂိုဏ်းကို တိုက်”
“လေတိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးကြ”
“…”
တောင်ခြေမှာတော့ နတ်ဆိဂိုဏ်းဝင်တပည့်များက တညီတညွှတ်တည်းအော်ဟစ်လိုက်ကြသည်။
လေဟာနယ်ထဲတွင်ရပ်နေသည့် ပုံရိပ်သုံးခုက ရုပ်သေးမျိုးနွယ်၏အမွေခံအကြီးအကဲများဖြစ်ကြသည်။သူတို့က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်၌ဖြစ်ပြီး စည်းမျဉ်းစွမ်းအားကို နားလည်ထာကြသည်။
“ကျွတ်ကျွတ်..”
ချီမင်က သက်ပြင်းချသည်။”မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်တစ်ပါးရဲ့အင်အားလား။အတော်လေးသန်မာတာပဲ။အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ဆို ဘယ်လောက်စွမ်းအားကြီးမလဲ။”
“ပြန်တွေးကြည့်ရင် ငါမူလအစအင်မော််တယ်ဘုရင်ကိုသတ်နိုင်တာကသူက အရမ်းအားနည်းနေလို့ပဲ။သူက မဟာယနအဆင့်ကျသွားလို့သာ အခွင့်အရေးရသွားတာ။”
ချီမင်က မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်တစ်ပါး၏ဖိအားကိုခံစားလိုက်ရသည်။သူက နက်နက်ရှိုင်းရှိုင်းနားလည်သွားတော့သည်။သူက မဟာတာအိုကိုကျင့်ကြံထားရင်တောင် ကျင့်ကြံခြင်းအဆင့်ခြားနားမှုကြောင့် ချီမင်က မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်တစ်ပါး၏ရှေ့မှာ အင်အားမဲ့နေမှာဖြစ်သည်။ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကိုသုံးရင်တောင် မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်တစ်ပါး၏လက်က မလွတ်မြောက်နိုင်ပေ။
“သွားကြစို့”
ရုပ်သေးမျိုးနွယ်၏မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်အဆင့်အမွေခံအကြီးအကဲများက တပည့်များကိုဦးဆောင်ကာ လေတိမ်တိုက်ဂိုဏ်းထံသို့သွားကြ တော့သည်။
“အစီအရင် မြင့်တက်”
အမွေခံအကြီးအကဲလိန်လီက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အစီအရင်၏စွမ်းအားထွက်ပေါ်လာသည်။မှော်စာလုံးတို့မှာပျံ့နှံ့လာပြီး ကြီးမားသည့်ဟင်းလင်းပြင်အင်မော်တယ်အစီအရင်တစ်ခုဖြစ်ပေါ်လာသည်။
ဟင်းလင်းပြင်အင်မော်တယ်အစီအရင်က ကြီးမားလာသည်။ထိုအရာက ကောင်းကင်မှာပျံ့ကားလာပြီး အကြီးအကဲများနှင့်တပည့်များကို ဖုံးအုပ်သွားတော့သည်။ချီမင်ကလည်း တပည့်များကြားတွင် ရှိလေသည်။
ဟင်းလင်းပြင်က လှုပ်ခတ်လာသည်။
အတော်လေး ပြင်းထန်ပါ၏။
“နေရာရွှေ့ပြောင်း”
ချီမင်က သူ့ရှေ့မှာ အတော်လေးတောက်ပသည့်အဖြူရောင်အလင်းတစ်ချက်လက်သွားသည်ကိုခံစားလိုက်ရသည်။ သူက ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းလမ်းကြောင်းထဲကိုဝင်တော့ ကမ္ဘာကြီးက လည်သွားသည့်အတိုင်းပင်။
နောက်တခဏမှာ အဖြူရောင်အလင်းကပျောက်ကွယ်သွား၏။သူ့အမြင်အာရုံက ပုံမှန်ပြန်ဖြစ်သွားတော့ အလင်းက ပျောက်ကွယ်သွားပြီဖြစ်သည်။သူက ပတ်ဝန်းကျင်ကို စတင်စူးစမ်းကာ အာရုံစိုက်လိုက်တော့သည်။
“ဒါက...”
ချီမင်က အသက်ပြင်းပြင်းရှုလိုက်၏။သူ့မျက်လုံးများဖြင့်မြင်လိုက်ရတာက ကြောက်မက်ဖွယ် ကောင်းသည့်နတ်ဆိုးချီသို့မဟုတ်ကျောချမ်းဖွယ်မြင်ကွင်းများမပါရှိသည့် ထူထဲသည့်တောအုပ်တစ်အုပ်ဖြစ်သည်။
သူ့က ကြီးမားသည့် ရှေးဦးသစ်တောကြီးထဲတွင်ဖြစ်သည်။
ချီမင်က ပေါကြွယ်ဝသည့်အင်မော်တယ်ချီများကို အာရုံခံမိလိုက်သည်။ပတ်ဝန်းကျင်ရှိ သစ်ပင်သစ်နွယ်များတောင် သာမန်မဟုတ်ပေ။ပတ်ဝန်းကျင်တခွင်လုံးက အင်မော်တယ်ချီများပြည့်လျှံနေသည့်အတွက် ထိုအပင်များကလည်း အင်မော်တယ်များနှင့်တူလာသည်။
ရုပ်သေးမျိုးနွယ်၏စစ်အင်အားတစ်သန်းက ရောက်ရှိလာသည်။ချီမင်က အကြိမ်အနည်းငယ်စူးစမ်းကကြည့်လိုက်တော့ နတ်ဆိုးတပည့်များစွာမြင်လိုက်ရသည်။
ထို့အပြင် အဝေးကိုလှမ်းကြည့်လိုက်ရင် ကောင်းကင်၌လွင့်မြောနေသည့်တောင်ထွတ်ကြီး(၈၁)တောင်ကို တွေ့လိုက်ရသည်။ထိုကြီးမားသည့် တောင်ထွတ်တွေကြားမှာ အင်မော်တယ်မြူခိုးများဝေ့ဝဲနေသည်။အင်မော်တယ်ချီများမှာလည်း အင်မော်တယ်များကဲ့သို့ လောကကြီးနှင့်အလှမ်းဝေးဟန်တူသည်။
တောင်ထွတ်များကို ကြီးမားသည့်ချိန်းကြိုးများဖြင့်ချိတ်ဆက်ထား၏။ချိန်းကြိုးတိုင်းကို အင်မော်တယ်ပုံစံကွက်များဖြင့် ပုံဖော်ထား၏။
ထို့အပြင် မျက်စိအဖမ်းစားနိုင်ဆုံးနေရာကတော့ ကြီးမားသည့် ဂိုဏ်းကာကွယ်ရေးအစီအရင်ဖြစ်သည်။အလင်းမျက်နှာပြင်ကြီးတစ်ချက်နှင့်တူ၏။ အလင်းရောင်များတောက်ပနေပြီး အတော်လေးခမ်းနားသည်။လေတိမ်တိုက်ဂိုဏ်းတစ်ခုလုံးကို ဖုံးအုပ်နေသည်။
ထိုနေရာက လေတိမ်တိုက်ဂိုဏ်းတည်ရှိရာဖြစ်သည်။
“ဟားဟားဟား..”
အမွေခံအကြီးအကဲဝူရှကပေါ်လာတော့သည်။သူကကောင်းကင်အမြင့်လေဟာနယ်ထဲ၌ ရပ်နေတာဖြစ်သည်။လက်နှစ်ဖက်ကိုနောက်သို့ပို့ထားကာ လေတိမ်တိုက်ဂိုဏ်းကို ကြည့်နေသည်။သူက ကျယ်လောင်စွာရယ်မောလိုက်၏။မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါး၏အရှိန်အဝါထွက်ပေါ်လာသည်။လေဟာနယ်တစ်ခုလုံးလှုပ်ခါသွားသည်။”လေတိမ်တိုက်ဂိုဏ်း ဒီနေ့က မင်းတို့ရဲ့ပျက်စီးခြင်းနေ့ပဲ။”
“အစီအရင်ချိုးဖောက်ဆူးချွန်”အမွေခံအကြီးအကဲက အော်ဟစ်လိုက်သည်။သူက ညာဘက်လက်ကို ရိုက်ချလိုက်တော့ စည်းမျဉ်းများ၏စွမ်းအားထွက်ပေါ်လာသည်။ငွေရောင်အလင်းတစ်ချက်က သူ့လက်ဖဝါးထဲမှ ပျံသန်းလာသည်။
အနီးကပ်ကြည့်လိုက်ရင် ငွေရောင်အလင်းတန်းက အင်မော်တယ်ရတနာဖြစ်သည့်ဆူးချွန်တစ်ချောင်းဖြစ်သည်။ထိုအရာက အစီအရင်များကိုဖျက်ဆီးနိုင်စွမ်းရှိသည်။
“အားး သွားပြီ။”
“ကမ္ဘာဦးနတ်ဆိုးဂိုဏ်းပဲ။ရုပ်သေးမျိုးနွယ်က နတ်ဆိုးအိုကြီး ဝူရှပဲ”
“တိုက်ပွဲအတွက် အသင့်ပြင်ထား”
“မြန်မြန်”
“…”
လေတိမ်တိုက်ဂိုဏ်းထဲတွင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်သုံးပါးပေါ်လာသည်။သူတို့က လေတိမ်တိုက်ဂိုဏ်း၏ဘိုးဘေးသုံးပါးဖြစ်သည်။သူတို့က ဂိုဏ်း၏အနက်ရှိုင်းဆုံးနေရာ၌ နှစ်ပေါင်းများစွာ ကျင့်ကြံနေကြတာဖြစ်သည်။
ယနေ့တော့ လေတိမ်တိုက်ဂိုဏ်းကဖျက်ဆီးခံရနိုင်၍ ထွက်လာကြခြင်းဖြစ်၏။စွမ်းအားကြီးအရှိန်အဝါများ ထွက်ပေါ်လာပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်က အစွမ်းကုန်လည်ပတ်လာသည်။
အမွေခံအကြီးအကဲဝူရှ၏အစီအရင်ချိုးဖောက်ဆူးချွန်က ကျဆင်းလာတော့ လေတိမ်တိုက်ဂိုဏ်း၏ကာကွယ်ရေးအစီအရင်က ညှိုးနွမ်းနေသည့်သစ်နွယ်တို့ပမာ အက်ကွဲသွားတော့သည်။
ခရက်!ခရက်!
အစီအရင်အတားအဆီးတစ်ခုလုံးက လုံးဝအက်ကွဲသွားတော့သည်။
“ဘယ်လိုလုပ်..”
“မဖြစ်..လုံးဝမဖြစ်နိုင်ဘူး။”
“နတ်ဆိုးအိုကြီးဝူရှက အစီအရင်ချိုးဖောက်ဆူးချွန်ကိုသုံးရင်တောင် ငါတို့ဂိုဏ်းရဲ့ကာကွယ်ရေးအစီးအရင်က အဲ့လောက်အားမနည်းဘူး။ဘယ်လိုတောင်တစ်ချက်တည်းနဲ့ ပျက်စီးသွားရတာလဲ။”
“ဒါ...ဒါက....”
“သူလျှို၊ သူလျှိုရှိရမယ်”
လေတိမ်တိုက်ဂိုဏ်း၏အကြီးအကဲများနှင့်တပည့်များက အော်ဟစ်လိုက်ကြသည်။
“ဟားဟားဟား..”
အမွေခံအကြီးအကဲဝူရှက ကျယ်လောင်စွာရယ်မောလိုက်သည်။”မင်းတို့ဂိုဏ်းတော့ ပြီးပြီ။”
“ငါ့ကောင်တို့ နားထောင်ကြ။လေတိမ်တိုက်ဂိုဏ်းကို ဝင်ပြီးသွေးခင်းလမ်းကို လျှောက်ကြ”
“တိုက်”
“ဝင်တိုက်တော့”
“…”
အမွေခံအကြီးအကဲတျန်းလုံနှင့်လိန်လီကလည်း အမိန့်ပေးလိုက်ကြသည်။
“သတ်”
“တိုက်”
“လေတိမ်တိုက်ဂိုဏ်းကို သုတ်သင်ကြ”
“ဟီးဟီးဟီး..”
“ငါက အင်မော်တယ်နတ်ဆိုးရုပ်သေးတွေသန့်စင်ဖို့ အလောင်းမလောက်မှာစိတ်ပူနေတာ”
“တိုက်”
“…”
သတ်ဖြတ်အော်ဟစ်သံများမှာ မိုးမြေကို လှုပ်ခါသွားစေသည်။
အမွေခံအကြီးအကဲသုံးဦး၏ဦးဆောင်မှုအောက်တွင် နတ်ဆိုးဂိုဏ်းတပည့်တစ်သန်းပါဝင်သည်။အားအနည်းဆုံးအစေခံတပည့်များက အင်မော်တယ်အဆင့်မှာဖြစ်ပြီး အသန်မာဆုံးအမွေခံတပည့်များက ရွှေအင်မော်တယ်အဆင့်မှာဖြစ်သည်။
နတ်ဆိုးချီများမှာကောင်းကင်ထိတောင်မြင့်တက်နေပြီး မိစ္ဆာချီများယင်ချီများမှာ တိမ်တိုက်များအသွင် စုဝေးလာကြသည်။မြူခိုးလွှာအပါးလေးမှာပျံ့နှံ့လာပြီးအလင်းတန်းများမှာ လေတိမ်တိုက်ဂိုဏ်းသို့ တိုးဝင်သွားကြ၏။
“တပည့်အားလုံး အကြီးအကဲတွေအားလုံး နားထောင်ကြ သေတဲ့အထိတိုက်ကြ”
“သတ်”
“အယုတ်တမာနတ်ဆိုးတွေကို တိုက်ခိုက်ကြ”
“တဟုန်ထိုးတက်”
“သူတို့ကို သတ်”
“…”
လေတိမ်တိုက်ဂိုဏ်းမှာ ဘိုးဘေးသုံးယောက်၏ဦးဆောင်မှုနဲ့အတူ တပည့်များအကြီးအကဲများ၏စိတ်ဓာတ်များ မြင့်တက်လာကြသည်။သူတို့က နတ်ဆိုးဂိုဏ်းတပည့်များကိုအရပ်မျက်နှာအနှံ့ရင်ဆိုင်ရင်နေရပြီးပြင်းထန်ရက်စက်သည့်တိုက်ပွဲဖြစ်ပေါ်လာသည်။
မရေမတွက်နိုင်လောက်သည့်ပေါက်ကွဲသံများထွက်ပေါ်လာသည်။
ထိုအရာကို အင်မော်တယ်နှင့်နတ်ဆိုးကြားမှ အသေးစားတိုက်ပွဲတစ်ခုဟုသာယူဆနိုင်သည်။
“ဟူး..”ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။တိုက်ပွဲအစတည်းက ချီမင်က စစ်မြေပြင်ကနေ မထွက်ခွာရသေးပေ။အမွေခံအကြီးအကဲသုံးဦး၏အာရုံက စစ်မြေပြင်အပေါ်၌သာ ကျရောက်နေသည်။ချီမင်သာ ထွက်ပြေးဖို့ကြိုးစားလိုက်ပါက အမွေခံအကြီးအကဲသုဲးဦးက ကျိန်းသေသတိထားမိသွားလိမ့်မည်။
ချီမင်က ယာယီတော့ တခြားသောနတ်ဆိုးဂိုဏ်းတပည့်များနောက်လိုက်ကာ စစ်မြေပြင်သို့ ပူးပေါင်းလိုက်ရသည်။သူတို့က လေတိမ်တိုက်ဂိုဏ်းကို အတူတကွတိုက်ခိုက်နေကြသည်။
“မင်းက မဟာယနအဆင့်မှာပဲရှိသေးတယ်”
ချီမင်က လေတိမ်တိုက်ဂိုဏ်းတပည့်နှင့် တိုက်ကွက်အနည်းငယ်ဖလှယ်ပြီးနောက်မှာ ထိုသူက အနည်းငယ်ကြောင်အသွားသည်။”ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့အစေခံတပည့်တွေတောင် အင်မော်တယ်အဆင့်ပဲ။ဒါပေမယ့် မင်းကမဟာယနအဆင့်မှာပဲရှိသေးတယ်။”
“မင်း..”
ချီမင်၏လက်သီးက ကျဆင်းလာသည်။ကြီးမားသည့်အင်အားက ပေါက်ကွဲထွက်လာပြီး လေတိမ်တိုက်ဂိုဏ်း၏ခုခံရေးကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။ထိုတပည့်၏တစ်ကိုယ်လုံးက သွေးမြူအဖြစ်ပြိုသွားပြီး အလောင်းတောင်မကျန်ခဲ့ပေ။
“မဟာယနအဆင့်ဖြစ်တော့ရော ဘာဖြစ်လဲ။မင်းက မဟာယနအဆင့်တွေကို အထင်သေးတာလား။”
ချီမင်၏အကြည့်က မထူးမခြားနားဖြစ်နေ၏။
လက်သီးတစ်ချက်တည်းသာ ဖြစ်သည်။
ချီမင်က အင်မော်တယ်တစ်ပါးကိုချက်ချင်းသတ်ပစ်လိုက်၏။
“တိုက်”
ပတ်ဝန်းကျင်မှာ တခြားသောလေတိမ်တိုက်ဂိုဏ်းတပည့်များ၏မျက်လုံးများက နီရဲသွား၏။သူတို့က ထိတ်လန့်သွားပြီးနောက်မှာတော့ ဒေါသတရားများသတ်ဖြတ်လိုစိတ်များ တိုးထွက်လာကြသည်။လေတိမ်တိုက်ဂိုဏ်းတပည့်လေးငါးယောက်လောက်က ချီမင်ကို ဝိုင်းရံလာကြသည်။
“မင်းတို့က တကယ်သေချင်နေတာပဲ။”ချီမင်က မျက်မှောင်ကြုံလိုက်သည်။
သူက မူလတုန်းက တိုက်ပွဲကိုဝင်မစွက်ဖက်ချင်ပေ။လေတိမ်တိုက်ဂိုဏ်းတပည့်များက ချီမင်ကို သိသိသာသာပစ်မှတ်ထားလာပြီး သူ့ကိုသတ်ချင်လာသည်။
ရိုးရိုးသားသားပြောရရင် အခုထိ ချီမင်က ဘာလိုရုပ်သေးမျိုးနွယ်က လေတိမ်တိုက်ဂိုဏ်းကိုရုတ်တရက်တိုက်ရသည့်အကြောင်းအရင်းကို မသိရသေးပေ။နောက်ကွယ်ကလျှို့ဝှက်ချက်ကဘာများလဲ။ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အစီအစဉ်ရှေ့ပြေးလား။ဒါမှမဟုတ် အမွေခံအကြီးအကဲတွေက လေတိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးချင်ရုံသက်သက်လား။
ချီမင် ပထမအထက်ကမ္ဘာသို့တက်လှမ်းလာသည်မှာ တစ်နှစ်ခွဲကျော်ပြီဖြစ်သည်။သူက အရာများစွာကိုနားလည်နေပြီဖြစ်သည်။ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှာတော့ မင်းဆက်က အမိန့်အာဏာကိုထိန်းသိမ်းကာ ပြည်နယ်ကိုးခု၏တည်ငြိမ်မှုကိုစောက်ရှောက်ရသည်။
ထို့အပြင် ဂိုဏ်းများမျိုးနွယ်စုများအဖွဲ့အစည်းများစွာရှိသေးပါ၏။
သာမန်အတိုင်းသာဆိုရင်ဂိုဏ်းအဖွဲ့အစည်းမျိုးနွယ်များကို အဆင့်မဲ့၊တတိယတန်းစား၊ဒုတိယတန်းစား၊ပထမတန်းစားနှင့်ထိပ်သီးဟူ၍ ခွဲထားသည်။
ဆန်းကြယ်အင်မော််တယ်အဆင့်အောက်ဖြင့်ဖွဲ့စည်းထားသည့်ဂိုဏ်းအဖွဲ့စည်းများကို အဆင့်မဲ့ဟုသတ်မှတ်ထားသည်။မဟာဆန်းကြယ်အင်မော်တယ်အဆင့်များပါရင်တော့ တတိယတန်းစားဖြစ်ကာ ရွှေအင်မော်တယ်အဆင့်များပါရင်တော့ ဒုတိယတန်းစားဖြစ်၏။မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ရှိရင်တော့ ပထမတန်းစားဖြစ်၏။အထက်ကမ္ဘာအင်မော်တယ်ဘုရင်ပါဝင်သည့် ဂိုဏ်းအဖွဲ့အစည်းမျိုးနွယ်များမှာတော့ ထိပ်သီးအဆင့်ဖြစ်သည်။
လေတိမ်တိုက်ဂိုဏ်းက ပထမတန်းစားအင်မော်တယ်ဂိုဏ်းဖြစ်သည်။
ကလန်!ကလန်!ကလန်
ချီမင်က သူ့ဓားကိုရှေ့ကိုညွှန်လိုက်တော့ သောင်းပြောင်းဓားကြာပန်းအဖြစ်ပြောင်းသွား၏။မရေမတွက်နိုင်သောဓားချီများထွက်လာပြီး ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားသည်။ချက်ချင်းပဲ သူ့နားကိုဝိုင်းရံလာသည့် လေတိမ်တိုက်ဂိုဏ်းတပည့်များမှာ သတ်ဖြတ်ခံလိုက်ရ၏။
“မင်းတို့က ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာပဲ”
ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။သူ့အကြည့်က အေးစက်နေသောကြောင့် ကျန်ရှိနေသေးသည့်လေတိမ်တိုက်ဂိုဏ်းတပည့်များကို ကြောက်ရွံ့သွားစေပြီး သူ့နားကို ကပ်မလာရဲတော့ပေ။သူတို့၏ မျက်နှာများက ဖြူဖျော့သွားကြသည်။
ထိုအခိုက်တွင် ကောင်းကင်၌ လေတိမ်တိုက်ဂိုဏ်း၏ဘိုးဘေးသုံးယောက်က အမွေခံအကြီးအကဲသုံးယောက်နှင့်တိုက်ခိုက်နေပြီဖြစ်သည်။သို့မှသာ ချီမင်က သက်ပြင်းချလိုက်နိုင်သည်။သူက စစ်မြေပြင်မှထွက်ခွာဖို့ အခွင့်အရေးရှာနိုင်ပြီဖြစ်သည်။