← Chapters

ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စွမ်းအား ဆန်းကြယ်အင်မော်တယ်များ သေဆုံးခြင်း

Vol. 20 Ch. 298

ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စွမ်းအား ဆန်းကြယ်အင်မော်တယ်များ သေဆုံးခြင်း

Vol. 20 Ch. 298

ထိုအခိုက်တွင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း ရုပ်သေးမျိုးနွယ်၏အမွေခံအကြီးအကဲသုံးဦးနှင့်လေတိမ်တိုက်ဂိုဏ်း၏ဘိုးဘေးသုံးဦးတို့ကြားမှ တိုက်ပွဲသည် ပိုပြီးပြင်းထန်လာသည်။အမွေခံအကြီးအကဲသုံးဦး၏အာရုံက စစ်မြေပြင်၌ ရှိမနေတော့ပေ။

ချီမင်က ထွက်ပြေးရန်အခွင့်အရေးရသွားသည်။

“သွား!”

ချီမင်က အခွင့်ကောင်းကိုစောင့်ရင်း စစ်မြေပြင်ကနေအမြန်လစ်ထွက်လာလိုက်သည်။ သူကအတော်လေးမြန် နေပြီဖြစ်ပေမယ့် ခြေရာမဲ့ပျံ့သန်ခြင်းအံ့ဖွယ်စွမ်းအားကိုသုံးလိုက်သေးသည်။

‌နာရီဝက်လောက်ကြာတော့ ချီမင်က စစ်မြေပြင်ကိုချန်ခဲ့ပြီးအတော်ဝေးဝေးကို ရောက်သွားတော့၏။သူက အကြိမ်အနည်းငယ်နောက်ပြန်လှည့်ကြည့်လိုက်မိတော့ စစ်မြေပြင်၏နောက်ဆက်တွဲလှိုင်းတွေကို ဝေဝေဝါးဝါးသာမြင်ရတော့သည်။

သူက ခြေလှမ်းအနည်းငယ်ထပ်လှမ်းပြီးသွားတော့ ရပ်တန့်လိုက်သည်။

“ယန်ချန်းရှီ မင်းဘယ်များသွားချင်လို့လဲ”

“ဟီးဟီး...”

“မင်းထွက်ပြေးမယ်လို့ထင်သား”

“ငါတို့မင်းကို စောင့်ကြည့်နေတာ ကြာပြီ”

“…”

ပတ်ဝန်းကျင်မှာ ပုံရိပ်များစွာပေါ်လာသည်။သူတို့က ချီမင်၏လမ်းကို ပိတ်ကာ သူ့နားကို ဝိုင်းလာကြသည်။အများကြီးတော့မဟုတ်ပေမယ့် ကိုးယောက်လောက်တော့ရှိသည်။

သူတို့အားလုံးက ရုပ်သေးမျိုးနွယ်၏အပြင်စည်းဂိုဏ်းတပည့်များဖြစ်ကြသည်။သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။

“မင်းတစ်ယောက်တည်းလား”

ချီမင်က ရပ်တန့်လိုက်သည်။သူ့အကြည့်က တည်ငြိမ်နေပေမယ့် သတ်ဖြတ်လိုစိတ်များထွက်ပေါ်နေသည်။”မင်းတို့က တကူးတကကိုကိုယ့်သေတွင်းကိုယ်လာတူးတာပဲ။”

“တိုက်”

“သူနဲ့လေကုန်ခံပြီး စကားပြောမနေနဲ့”

“တိုက်”

“…”

အပြင်စည်းဂိုဏ်းတပည့်ကိုးယောက်က အော်ဟစ်ကာ ချီမင်ကို သတ်ဖြတ်ရန် ဝိုင်းတိုက်ခိုက်လာကြသည်။

“မင်းတို့အကုန်လုံး ထွက်ခဲ့တော့”

ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းကာ အစေခံစနစ်ကို အသက်သွင်းလိုက်သည်။သူက အစေအားလုံးနှင့်ဝိညာဉ်သားရဲခြောက်ကောင်လုံးကို ဆင့်ခေါ်လိုက်၏။

အစေခံ(၁၃၀၀)နှင့် ဝိညာဉ်သားရဲခြောက်ကောင်ထွက်လာ၏။

အင်မော်တယ် အစောပိုင်းအဆင့်(၅၀၀)၊အင်မော်တယ်အလယ်ပိုင်းအဆင့်(၃၀၀)၊အင်မော်တယ်နှောင်းပိုင်းအဆင့်(၁၅၀)၊ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်(၉၀)နဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်(၁၀)ယောက်ပေါ်လာသည်။

ရုပ်သေးမျိုးနွယ်၏ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ကိုး‌ယောက်က‌ မခုခံနိုင်ပေ။သူတို့က အခြေအနေကိုမြင်လိုက်တော့ အမူအရာက ပြောင်းလဲသွားတော့၏။

“ဘာ..”

“ဒါကြီးက..”

“ယန်ချန်းရှီက ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့နောက်လိုက်တွေရသွားတာလဲ။”

“မင်း..”

သူတို့အားလုံးအလွန်အမင်းထိတ်လန့်သွား‌တော့သည်။

“တိုက်”

ချီမင်ကအေးစက်စွာ ကြည့်နေသည်။သူက လက်ဝေ့ယမ်းကာ အမိန့်ပေးလိုက်သည်။အစေခံ(၁၃၀၀)နှင့်ဝိညာဉ်သားရဲခြောက်ကောင်က အပြင်စည်းတပည့်ကိုးယောက်ကို ဝိုင်းလိုက်သည်။

အခြေအနေကပြောင်းလဲသွားသည်။

ပေါက်ကွဲသံမျိုးစုံထွက်ပေါ်လာသည်။တိုက်ပွဲက ဖြစ်ပေါ်နေသည်။နတ်ဆိုးဂိုဏ်းတပည့်ကိုးယောက်က ချီမင်၏ပြိုင်ဘက်မဟုတ်ပေ။သူတို့က ဆက်တိုက်နောက်ဆုတ်နေရသည်။

ကြေကွဲဖွယ်အော်ဟစ်သံများ ထွက်လာသည်။

တစ်မိနစ်တောင် မပြည့်လိုက်ရဘဲ တိုက်ပွဲကပြီးသွားသည်။နတ်ဆိုးဂိုဏ်းတပည့်များမှာ အသက်ခံလိုက်ရသည်။

“သေ”

ထိုအခိုက်တွင် အရိပ်ထဲကနေ နောက်ထပ်ပုံရိပ်လေးခု ထွက်လာသည်။အတော်လေးမြန်ဆန်ပြီး ဥပ‌ဒေသစွမ်းအားများ ပါဝင်နေသည်။ထိုအရာက နိယာမဓားသွားအဖြစ်ပြောင်းလဲကာ ချီမင်ကို ခုတ်ပိုင်းလိုက်သည်။

သိပ်မကြာခင်ဘဲ အမြန်ရောက်လာကြသည်။

ကလန်!

ချီမင်က လက်ဝေ့ယမ်းကာ ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကို ဖွင့်လိုက်၏။ရှေးကျပြီးရိုးစင်းသည့် တံခါးတစ်ချပ်ထွက်လာပြီး ချီမင်၏နောက်ဘက်မှတိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သည်။

“တကယ်ကြီး တားဆီးနိုင်တာပဲ...”

ပုံရိပ်က အံ့ဩသွားရသည်။သူက မမျှော်လင့်ထားပေ။သူက ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကို လောဘများဖြင့်ကြည့်လိုက်သည်။”ရတနာကောင်းပဲ”

“ယန်ချန်းရှီ”

“လွန်ခဲ့တဲ့နှစ်တွေမှာ မင်းက အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် သန်းတစ်ထောင်သုံးထားတယ်။မင်းရဲ့ကြွယ်ဝမှုကို ဒီလောက်ထိထုတ်ပြပြီး ကြွားမယ်လို့တွေးထားတာမလား။”

“ချမ်းသာမှုက ပြသနာတွေကို မဆွဲဆောင်နိုင်ဘဲနေမယ်ထင်လို့များလား။”

ချက်ချင်းပဲ ပတ်ဝန်းကျင်မှာပုံရိပ်သုံးခုပေါ်လာသည်။

ချီမင်ကို ခြုံခိုတိုက်ခိုက်ခဲ့သည့် တစ်‌ယောက်နှင့်ဆိုရန်သူက စုစုပေါင်းလေးယောက်ဖြစ်သည်။

ရုပ်သေးမျိုးနွယ်စုက အတွင်းစည်းဂိုဏ်းတပည့်ကျင့်ကြံသူတိုင်းက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်၌ဖြစ်သည်။သူတို့တစ်ယောက်ချင်းစီတိုင်းက အတော်လေးသန်မာပြီး ချီမင်ကို လောဘများဖြင့် ကြည့်နေကြသည်။

ချီမင်က ကြွယ်ဝမှုများကို ထုတ်ပြထားသည့်အတွက် ရုပ်သေးမျိုးနွယ်၏အတွင်းစည်းဂိုဏ်းတပည့်များက ပစ်မှတ်ထားလာတာဖြစ်သည်။ချီမင်က အတွေးတစ်ချက်ဖြင့် အံ့ဖွယ်စွမ်းအားသုံးကာ တွက်ချက်လိုက်သည်။သူက လိုချင်သည့်အဖြေကို မြန်မြန်ရလိုက်သည်။

“အဲ့တော့ ကျန်းပိုင်ယွီက မင်းတို့ကို ငါသွားမယ့်အကြောင်းပြောလိုက်တာလား။”ချီမင်က တိုက်ရိုက်မေးလိုက်သည်။

“ဟီးဟီးဟီး..”

“သေတော့မယ်လူက ဘာ‌တွေသိချင်နေတာလဲ။”

“သေလိုက်တော့”

ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်လေးယောက်က ချီမင်ကို ပူးပေါင်းတိုက်ခိုက်နေကြသည်။ဆန်းကြယ်အင်မော်တယ်အဆင့်တိုင်းက အ‌တော်လေးစွမ်းအားကြီးပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ထက် အပုံကြီးသာသည်။

“ကောင်းလိုက်တဲ့ကျန်းပိုင်ယွီ”

ချီမင်၏အကြည့်ကအေးစက်သွားသည်။”တကယ့်ကို ညီအစ်ကိုကောင်းပဲ”

“တိုက်”

“သေလိုက်တော့”

“ကျန်းပိုင်ယွီက အကျိုးအမြတ်(၉၀)%လိုချင်တယ်ပြောထားတယ်။”

အတွင်းစည်းဂိုဏ်းတပည့်လေး‌ယောက်က ကိုယ်ပိုင်ရတနာများကို ဆင့်ခေါ်လိုက်ကြသည်။ဆေဘာ၊ဓား၊တုတ်နှင့်လှံတို့ကိုခေါ်လိုက်ကြသည်။နတ်ဆိုးချီများမှာ အဆုံးမဲ့ထွက်ပေါ်လာပြီး ခမ်းနားသည့်ဥပဒေသစွမ်းအားတို့မှာ လေထုထဲတွင် ပေါင်းစပ်သွားသည်။

(ဆေဘာဆိုတာ တစ်ဖက်ပဲအသွားချွန်ပြီး ကောက်နေတဲ့ဓားအမျိုးအစားတစ်ခုပါ)

“ဖန်ကူးစစ်မှန်ခန္ဓာ”

အတွေးတစ်ချက်ဖြင့် ချီမင်ကခြေတစ်လှမ်းတိုးကာ ဖန်ကူးစစ်မှန်ခန္ဓာကို သုံးလိုက်သည်။သူ့ကိုယ်က ကြီးမားလာပြီး ကိုးမီတာမြင့်သည့်ကြေးနီရောင်လူသန်ကြီးအဖြစ်ပြောင်းလဲသွားတော့၏။

“သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ”

ချက်ချင်းပဲ ချီမင်၏ခေါင်းပေါ်မှ သန့်စင်သည့်ချီတစ်စထွက်ပေါ်လာသည်။ထိုချီစက သုံးပိုင်းကွဲထွက်သွားကာ သန့်စင်ခြင်းသုံးပါးကိုယ်ပွားများဖြစ်သွားသည်။သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကလည်း ဖန်ကူးစစ်မှန်ခန္ဓာကိုသုံးလိုက်၏။

ထိုသို့ဖြင့်ကိုးမီတာမြင့်သည့်ကြေးနီရောင်လူသန်ကြီးလေး‌ယောက် ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် အတွင်းစည်းတပည့်လေးယောက်ကို တစ်ပြိုင်နက်တိုက်ခိုက်တော့သည်။ပြင်းထန်ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုဖြစ်ပေါ်လာသည်။

ပေါက်ကွဲသံမျိုးစုံထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်မှာတော့ မြေပြင်က အက်ကွဲလာသည်။ဥပဒေသတို့မှာ ပျံ့နှံ့လာ၏။သစ်ပင်များမှာပြိုလဲကုန်ပြီး စွမ်းအင်မျိုးစုံတို့မှာ ပေါက်ကွဲထွက်လာသောကြောင့် မြေပြင်ပေါ်၌နက်ရှိုင်းသည့်တွင်းပေါက်ကြီးများ ဖြစ်လာသည်။

“ရူးလောက်တယ်..”

“ယန်ချန်းရှီ မင်းကတော်တော်လေးစွမ်းအားကြီးတာပဲ။”

“ဒါက..”

“…”

ထိတ်လန့်ခြင်း

အလွန်အမင်းထိတ်လန့်ခြင်း

ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် အတွင်းစည်းတပည့်လေးယောက်မှာ ထိတ်လန့်သွားကြရ၏။

“အချိန်နေရာလွတ်ဝဲဂယက်”

ချီမင်ကအေးစက်စွာဖြင့် စိုက်ကြည့်ရင်း သူကကောင်းကင်ပေါ်သို့ခုန်တက်သွားသည်။

လက်ကိုဝေ့ယမ်းလိုက်ပြီး ကောင်းကင်တာအို၏စွမ်းအားကို တိုက်ရိုက်အသက်သွင်းလိုက်သည်။ရိုးရှင်းသည့် တံခါးတစ်ချပ်ပွင့်လာသည်။

ထို့နောက်မှာ ကြီးမားသည့်ဟင်းလင်းပြင်ဝဲဂယက်တစ်ခု ပေါ်လာပြီး ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် အတွင်းစည်းတပည့်လေးယောက်ကို ဖမ်းချုပ်ကာ ဝါးမြိုလိုက်တော့သည်။

အလွန်စိတ်မ‌ချမ်းမြေ့ဖွယ်ကောင်းသည့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ပေါက်ကွဲမှုနှင့်အတူ ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် အတွင်းစည်းတပည့်တစ်ယောက်က ကြေမွသွားပြီး သူ့ဝိညာဉ်က ပျောက်ကွယ်သွားတော့သည်။အလောင်းတောင်မကျန်ခဲ့ဘဲ ပြာအဖြစ်ပြောင်းလဲသွားတော့၏။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် ချီမင်မှာ သီးသန့်နေရာများစွာရှိပါ၏။သို့‌သော် သူက ကောင်းကင်တာအိုရတနာ:အချိန်ကာလတံခါးကို မသုံးရဲပေ။ကျွမ်းကျင်သူတစ်‌ယောက်က ရှာတွေ့သွားနိုင်ချေရှိလို့ပေ။

သို့ပေမယ်ယခုက...

ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှ ထွက်လာခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူကစိုးရိမ်နေစရာမလိုပေ။

“အား မဟုတ်ဘူး။”

“ပြေး..”

“…”

တခြားဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် အတွင်းစည်းတပည့်သုံးယောက်က ထိုဖြစ်ရပ်ကြောင့် အလွန်အမင်းကြောက်လန့်သွားတော့သည်။သူတို့မျက်နှာများက ဖျော့တော့သွားပြီး ဆက်လက်တိုက်ခိုက်ရန်သတ္တိမရှိတော့ပေ။

“အချိန်နေရာလွတ် မုန်တိုင်း”

ချီမင်က လက်ယမ်းလိုက်တော့ ကောင်းကင်တာအိုရတနာ:အချိန်ကာလတံခါး၏ဓမ္မစွမ်းအားများတိုးမြင့်ထွက်ပေါ်လာသည်။ပြင်းထန်သည့် အချိန်နေရာလွတ် မုန်တိုင်းသည် တော်နေဒိုးတစ်ခုပမာ ရှေးကျရိုးရှင်းသည့် တံခါးချပ်ကြီးမှ ထွက်ပေါ်လာ၏။

“မဟုတ်ဘူး။”

“…”

ဘုန်း!

ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာသည်။

ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် အတွင်းစည်းတပည့်သုံးယောက်ကက စက္ကန့်အနည်းငယ်တောင် မခံနိုင်ပေ။ အချိန်နေရာလွတ်မုန်တိုင်းက သူတို့ကို ပြာဖြစ်သွားတဲ့အထိ ဖျက်ဆီးလိုက်တော့သည်။

“ပြန်လာတော့”

ချီမင်က လက်ဝေ့ယမ်းကာ ကောင်းကင်တာအိုရတနာ:အချိန်ကာလတံခါးကို သူ့ကိုယ်ထဲသို့ ပြန်ထည့်လိုက်သည်။ထိုရတနာက သူ့ဒန်တျန်းထဲမှာ လွင့်မြောနေပြီး မိုးမြေမဟာတာအိုနှင့်ချီမင်၏ဓမ္မစွမ်းအားများဖြင့် အားပြန်ဖြည့်နေသည်။

ချီမင်၏အစေခံများနှင့်ဝိညာဉ်သားရဲခြောက်ကောင်က ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်တပည့်ကိုးယောက်ကို လက်စသတ်လိုက်သည်။သုံးမိနစ်တောင်မပြည့်လိုက်ရပါဘဲ တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။

“သခင့်ကို တင်ပြပါတယ်”

“ရန်သူအားလုံး သေသွားပါပြီ”

“သခင် ဒါကအထက်ကမ္ဘာလား”

“…”

ဟော့ချန်ချင်း၊အမှောင်မီးလျှံနှင့်ကျန်သူများက လျှောက်လာနေကြသည်။

ချီမင် အထက်ကမ္ဘာကိုရောက်လာတည်းက သူတို့ကို ဝိညာဉ်သားရဲကြီးထွားရာနေရာထဲက မထုတ်ရသေးပေ။ယနေ့က ဟော့ချန်ချင်းတို့အဖို့ ပထမဆုံးအကြိမ် အပြင်ပြန်ထွက်ရခြင်းဖြစ်သည်။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

ထို့နောက်သူက အစေခံတွေကို ‌အစေခံစနစ်ထဲပြန်ထည့်ကာ ဝိညာဉ်သားရဲခြောက်ကောင်ကိုလည်း ဝိညာဉ်သားရဲကြီးထွားရာနေရာထဲ ပြန်ထည့်လိုက်သည်။လက်တစ်ချက်ရမ်းကာ ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားကိုသုံးပြီး ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်လိုက်သည်။

“ရုပ်သွင် ပြောင်းလဲခြင်း”

ချီမင်၏ကိုယ်ပေါ်တွင် အဖြူရောင်အလင်းများ ထွက်ပေါ်လာသည်။အဖြူရောင်အလင်းများပျောက်ကွယ်သွားချိန်တော့ သူက ယန်ချန်းရှီမဟုတ်တော့ဘဲ သူ့ပုံစံအမှန်ပြန်ဖြစ်သွားတော့သည်။

နောက်တော့ ချီမင်က သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခုချလိုက်သည်။သူက ဘယ်ဂိုဏ်းဘယ်အဖွဲ့အစည်းကိုမှ မပူးပေါင်းချင်ပေ။သူက လှည့်လည်အင်မော်တယ်တစ်ပါးအဖြစ်နေထိုင်ရန်စီစဉ်ထားသည်။

ပထမဆုံး ချီမင်က တွက်ချက်ခြင်းစနစ်ကိုသုံးကာ ဖရိုဖရဲမဟာတာအိုကျမ်း၏နောက်ဆက်တွဲ အခန်းများကို တွက်ချက်နိုင်မည်ဖြစ်သည်။သူက ကျင့်ကြံခြင်းနည်းစနစ်ရဖို့ ဘယ်အဖွဲ့ထဲမှ ဝင်ရန်မလို‌တော့ပေ။

အရင်းအမြစ်အနေဖြင့်လည်း ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကိုရှင်းတိုင်း ရနိုင်သည်။

တည်ငြိမ်သည့်ကျင့်ကြံခြင်းပတ်ဝန်းကျင်အပြင် ထိုဂိုဏ်းများထံမှ ဘာအကျိုးများမရနိုင်ပေ။ပြသနာတချို့တောင် တက်လာနိုင်သည်။

ယခု ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းဖှ ထွက်လာပြီဖြစ်သည်။သူကို့ ကန့်သတ်ထားတာမျိုး ရှိမနေတော့ပေ။သူက သူကျေနပ်သလို သွားလာနိုင်ပြီဖြစ်သည်။ပထမအထက်ကမ္ဘာက ကျယ်ပြန့်ကြီးမားပြီး သူကဘယ်နေရာမဆိုသွားနိုင်သည်။သူက လွတ်လပ်စွာနေထိုင်နိုင်ပြီး အချုပ်အနှောင်ကင်းမဲ့နိုင်သည်။

အချိန်ကုန်ဆုံးသွား၏။

ခုနစ်ရက်ကြာပြီးနောက်...

ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေကနေ အပြီးတိုင်ထွက်ခွာလာပြီးနောက် သူကရှေးဟောင်းအင်မော််တယ်မြို့သို့ရောက်လာသည်။မယှဥ်သာလောက်အောင်ခမ်းနားသည့်အင်မော်တယ်မြို့တော်တစ်ခုဖြစ်ပါသည်။မြို့ထဲမှာ အင်မော်တယ်များစွာဖြင့် စည်ကားနေ၏။

သူက ရှေးဟောင်းအင်မော််တယ်မြို့သို့ဝင်လာပြီး အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်ထောင်သုံးကာ မြို့စွန်ကခြံဝန်းအသေးစားလေးဝယ်လိုက်သည်။

တခြားတစ်ဖက် လေတိမ်တိုက်ဂိုဏ်း စစ်မြေပြင်တွင်တော့

ခုနစ်ရက်ကုန်သွားပြီဖြစ်သည်။

ကြည်လိုက်ရင် စစ်မြေပြင်က ရှုပ်ထွေးနေသည်။

လေတိမ်တိုက်ဂိုဏ်းတစ်ခုလုံးက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။တိုက်ပွဲတွင် တပည့်များနှင့်အကြီးအကဲများ သန်းဝက်ကျော် ကျဆုံးခဲ့ပြီး ကျန်ရှိနေသောသူများကလည်း ဖမ်းဆီးခံလိုက်ရပြီဖြစ်သည်။‌မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဘိုးဘေးသုံးပါးကတော့ တိုက်ပွဲထဲတွင် သေဆုံးသွားပြီဖြစ်သည်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရုပ်သေးမျိုးနွယ်က လုံးဝကိုအောင်ပွဲရသွားသည်။

“ဒီမှာတကယ်ရှိတယ်”

အမွေခံအကြီးအကဲဝူရှက လေတိမ်တိုက်ဂိုဏ်း၏ ဝင်ပေါက်တွင်မတ်တပ်ရပ်ကာ မြေပြင်ကိုငုံ့ကြည့်နေသည်။သူ့အကြည့်များကတော့ အေးစက်နေ၏။”ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ ဘိုးဘေးနဂါးသွေးကြောရဲ့ ကံကြမ္မာဆုံမှတ် (၁၂၉,၆၀၀) ခုထဲက တစ်ခုပဲ။”

All Chapters