← Chapters

နှစ်တစ်ရာကြာပြီးနောက် အင်မော်တယ်အဆင့်

Vol. 20 Ch. 299

နှစ်တစ်ရာကြာပြီးနောက် အင်မော်တယ်အဆင့်

Vol. 20 Ch. 299

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သည် ပြည်နယ်ကိုးခုလုံးကို အုပ်စိုးနေ၏။ကြီးကျယ်မြင့်မြတ်လှပါ၏။ထိပ်သီးဂိုဏ်းများတောင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရှေ့တွင် ခေါင်းငုံ့ထားရ၏။

ဒဏ္ဍာရီများထဲမှာတော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က အင်မော်တယ်ဘိုးဘေးနဂါးသွေးကြောကိုသုံးကာ ကံကြမ္မာကိုတည်ငြိမ်စေပြီး ကျဆင်းလာမှုကို ငြင်းပယ်ခဲ့သည်။ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက လျှို့ဝှက်စွာဖြင့်စုံစမ်းခဲ့သည်။ မရေမတွက်နိုင်လောင်အောင်များသောအချိန်နှင့်အ‌ရင်းအမြစ်တို့ကိုသုံးစွဲပြီးတော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်မော်တယ်ဘိုးဘေးနဂါးသွေးကြောကို ဖျက်ဆီးရန်စီမံဆောင်ရွက်လေသည်။

လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဝူရှတို့က လေတိမ်တိုက်ဂိုဏ်းတွင်ပုန်းကွယ်နေသည့်အင်မော်တယ်ဘိုးဘေးနဂါးသွေးကြောကံကြမ္မာဆုံမှတ်(၁၂၉,၆၀၀)ထဲက တစ်ခုကို ရှာတွေ့သွားကြသည်။ထို့ကြောင့် သူတို့က အစီအစဉ်ချပြီး ဖျက်ဆီးရခြင်းသာ။

သုံးရက်ကြာပြီးနောက် ပေါက်ကွဲသံတစ်ချက်ထွက်လာ၏။

လေတိမ်တိုက်ဂိုဏ်း၏တောင်တံခါးကို ဗဟိုပြုကာ ကီလိုမီတာ(၅၀)ပတ်လည်က ကောင်းကင်၏ အပြစ်ပေးမှုကို ခံလိုက်ရသည့်အလားပင်။မမြင်နိုင်သည့် ကြောက်မက်ဖွယ်အင်အားတစ်ခုဆင်းသက်လာသောကြောင့် တောင်စဉ်တောင်တန်းတစ်ခုလုံး ပြိုကျပျက်စီးရကာ ကြီးမားသည့်တွင်းပေါက်ကြီးများ ဖြစ်ပေါ်လာ၏။

ဘာနဂါးကံကြမ္မာမြင်ကွင်းမျိုးမှတော့ မတွေ့ရပေ။

“ခွေးမသားတွေ”

“အတုကြီးပဲ”

“ငါ့လခွမ်း”

“သေလိုက်ပါတော့”

“…”

ကြောက်မက်ဖွယ်အော်ဟစ်သံများထွက်‌ပေါ်လာပြီး အရပ်မျက်နှာတိုင်းကို ပျံ့နှံ့သွားတော့သည်။ဝူရှတို့ထင်ထားတာက လေတိမ်တိုက်ဂိုဏ်းတွင် အင်မော်တယ်ဘိုးဘေးနဂါးသွေးကြော၏ကံကြမ္မာဆုံမှတ်တစ်ခု ပုန်းကွယ်နေမည်ဟုဖြစ်သည်။သူတို့က လေတိမ်တိုက်ဂိုဏ်းကို တစ်ခါတည်းနဲ့ဖျက်ဆီးနိုင်ရန် နှစ်တစ်ထောင်ကျောက်လောက် စီစဉ်ထားခဲ့ကြရသည်။သို့ပေမယ့် သူတို့က ကံကြမ္မာ‌ဆုံမှတ်အတုကြီးနဲ့သွားတိုးမည်ဟု မထင်ထားကြပေ။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ပြည်နယ်ကိုးလောကတွင် နှစ်ပေါင်မရေမတွက်နိုင်အောင် ရပ်တည်လာတာဖြစ်သည်။သူတို့အခြေခံက အတော်လေးနက်ရှိုင်းပြီး တွေးကြည့်လိုပင်မရပေ။အင်မော်တယ်ဘိုးဘေးနဂါးသွေးကြော အမှန်ဟုတ်မဟုတ် မသိရပေမယ့် ဟုတ်ခဲ့ရင်တောင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က အင်မော်တယ်ဘိုးဘေးနဂါးသွေးကြော၏ကံကြမ္မာဆုံမှတ်ကို ကာကွယ်ဖို့ လူလွှတ်ထားမှာဖြစ်သည်။ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်မည်မဟုတ်ပေ။

ရှေးဟောင်း‌အင်မော်တယ်မြို့တော်...

မြို့စွန်‌တွင်တော့

ချီမင်၏ခြံဝန်းထဲတွင်

သူက ယခုနေရာတွင် အခြေချနေပြီဖြစ်သည်။

ရှေးဟောင်း‌အင်မော်တယ်မြို့တော်သည် အတော်လေးကြီးမား၏။မြို့ထဲမှ အဖွဲ့အစည်းများမှာလည်း အချင်းချင်းဆက်နွယ်လျက်ရှိပြီး အတော်လေးရှုပ်ထွေလျက်ရှိ၏။သို့ပေသော်လည်း ရှေးဟောင်း‌အင်မော်တယ်မြို့တော်တစ်ခုလုံးကို ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက ကာကွယ်ပေးထားသည်။

နောက်ပိုင်းအချိန်များမှာ ချီမင်က ခြံဝန်းထဲတွင်သာ ကျင့်ကြံနေခဲ့သည်။သူက နေ့စဉ်နေ့တိုင်း အင်မော်တယ်သလင်းကျောက်များစွာ သုံးစွဲသည်။ဖရိုဖရဲမဟာတာအိုကျမ်းကျင့်ကြံဖို့ဖြစ်စေ တွက်ချက်ဖို့ဖြစ်စေ အင်မော်တယ်သလင်းကျောက်များစွာ လိုအပ်ပါ၏။

ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို ဆက်ရက်တစ်ကြိမ်ရှင်းလင်းပြီး အင်မော်တယ်သလင်းကျောက်များစွာပြန်ရသည်။ထို့ကြောင့် အင်မော်တယ်သလင်းကျောက်မလုံလောက်ရန် စိတ်မပူရပေ။ထို့ပြင် သူ့မှာ ပိုတောင်ပိုနေသေးသည်။

ယင်းအပြင် ယခင်တုန်းကလည်း ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတွင် အင်မော်တယ်သလင်းကျောက်များသုံးကာ အင်မော်တယ်အဆင့်နှင့်ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များဝယ်ယူဖူးသည်။ထို့ကြောင့် ချီမင်က ဆန်းကြယ်အင်မော်တယ်အဆင့်မတက်ခင်အထိ ကျင့်ကြံခြင်းနည်းစနစ်အကြောင်း စဉ်းစားရန်မလိုပေ။သူက ဖရိုဖရဲမဟာတာအိုကျမ်းကိုတွက်ချက်ဖို့ အထက်ကမ္ဘာ၏ကျင့်ကြံခြင်းနည်းစနစ်များစွာလည်း စုဆောင်းနေရန်မလိုပေ။

အချိန်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ရာကုန်ဆုံးသွားသည်။

ယနေ့နေ့လည်ခင်းမှာတော့

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာကျင့်ကြံခဲ့ပါတယ်။နွေဦးကုန်၍ဆောင်းဦးရောက်လာခဲ့ပြီ။အချိန်တို့ လျင်မြန်စွာဖြင့် ကုန်ဆုံးသွားတော့ပြီ။သင် ဖရိုဖရဲမဟာတာအိုကျမ်း: အင်မော်တယ်အခန်း၏ကောင်းကင်အင်မော်တယ်အပိုင်းကို နားလည်ခဲ့ပါပြီ။သင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏လျှို့ဝှက်ဆန်းကြယ်မှုများကို ထပ်မံနားလည်ခဲ့ပါတယ်။ မဟာတာအိုပန်းသုံးပွင့်အဖြစ် ပြောင်းလဲသွားပြီး လျှို့ဝှက်ဆန်းကြယ်မှုများကို သိမြင်နိုင်ခဲ့ပါတယ်။ သင် အင်မော်တယ်အစောပိုင်းအဆင့်သို့ အောင်မြင်စွာတက်ရောက်သွားပါပြီ။”

အသိပေးချက်တစ်ခုပေါ်လာသည်။

ခြံဝန်းထဲမှာ ချီမင်သည် မျက်လုံးပွင့်လာပြီး သူ၏မျက်နှာ‌ပေါ်တွင်တော့ အပြုံးတစ်ခုဖြစ်ပေါ်ရလာသည်။သူကစိတ်အခြေအနေကောင်းသဖြင့် ပျော်ရွှင်နေရသည်။”ငါ ပထမအထက်ကမ္ဘာကိုတက်လှမ်းလာတာ နှစ်တစ်ရာရှိသွားပြီ။‌နောက်ဆုံးတော့ အင်မော်တယ်အဆင့်ကို အောင်အောင်မြင်မြင်နဲ့ ‌ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီ။”

အထက်ကမ္ဘာတွင် အင်မော်တယ်နယ်ပယ်ဟုခေါ်ရခြင်းမှာ အင်မော်တယ်အဆင့်ကြောင့်ဖြစ်သည်။အင်မော်တယ်အဆင့်ဆိုသည်ကား အင်မော်တယ်နယ်ပယ်၏စဦးခြေလှမ်းဖြစ်သည်။ထို့အပြင် ကောင်းကင်အင်မော်တယ်ဟုလည်းခေါ်ကြသည်။

အင်မော်တယ် ကောင်းကင်‌အင်မော်တယ်နှင့် ဒေဝ....

တကယ်တော့ အကုန်လုံးက အဆင့်တစ်ခုတည်း၌ဖြစ်သည်။သူတို့အားလုံးက အင်မော်တယ်နယ်ပယ်၏စဦးအဆင့်ဖြစ်သည်။

အင်မော်တယ်နယ်ပယ်တွင် အစောပိုင်း၊အလယ်ပိုင်း‌နှင့် နှောင်းပိုင်းအဆင့်အပြင် ကျင့်ကြံခြင်းအဆင့်ကိုလိုက်ပြီး မတူညီသည့်အဆင့်များလည်းရှိသေး၏။

ဥပမာအနေဖြင့် ‌မိုးမြေဥပဒေသများကို နားမလည်သည့် ကျင့်ကြံသူများက ဓမ္မစွမ်းအားကိုသာကျင့်ကြံပြီး အနှစ်သာရ၊ချီနှင့်ဝိညာဉ်ကို သိပ်သည်းနိုင်သည်။သူတို့က သာမန်အင်မော်တယ်များဖြစ်ကြသည်။

ဥပ‌ဒေသကျင့်ကြံသူများကတော့ ဓမ္မစွမ်းအားကိုကျင့်ကြံရသည့်အပြင် မိုးမြေဥပဒေသကိုပါ နားလည်ဆင်ခြင်ပြီး ကောင်းကင်၊မြေကြီးနှင့်လူသားပန်းသုံးပွင့်အဖြစ်သိပ်သည်းရသည်။ထိုအရာက ကောင်းကင်အင်မော်တယ်အဆင့်သို့ဝင်မည့် ခြေတစ်လှမ်း ဖြစ်သည်။

စည်းမျဉ်းကျင့်ကြံသူများကတော့ တစ်လှမ်းပိုဝေးသည်။သူတို့က ဓမ္မစွမ်းအားကိုကျင့်ကြံနေရင်း မိုးမြေစည်းမျဉ်းကို နားလည်ဆင်ခြင်ပြီး ကိုယ်ပိုင်လျှို့ဝှက်ဆန်းကြယ်မှုတို့ကို ရှာဖွေရသည်။ကောင်းကင်၊မြေကြီးနှင့်လူသားပန်းသုံးပွင့်အဖြစ်သိပ်သည်းရသည့်အချိန်တွင်း သူတို့က စည်းမျဉ်းပန်းပွင့်များကို ထပ်မံသိပ်သည်းရပြီး ပန်းလေးပွင့်အထိ သိပ်သည်းနိုင်သည်။ထိုသူမျိုးကို စည်းမျဥ်းကောင်းကင်အင်မော်တယ်ဟုခေါ်ကြသည်။

ကောင်းကင်တာအိုကျင့်ကြံသူများက ပိုပြီးတောင်ကွဲပြားသေ၏။သူတို့က သာမန်ကျင့်ကြံသူများ၏အတိုင်းအတာထက် များစွာသာသည်။မိုးမြေကောင်းကင်တာအိုကိုဆင်ခြင်နိုင်ပြီး အရာအားလုံး၏မူလဇာစ်မြစ်ကို နားလည်နိုင်ရမည်ဖြစ်သည်။ကောင်းကင်၊မြေကြီးနှင့်လူသားပန်းသုံးပွင့်အဖြစ်သိပ်သည်းရစဉ် ကောင်းကင်တာအိုပန်းကိုလည်း ထပ်မံသိပ်သည်းရသည်။စုစုပေါင်းပန်းလေးပွင့်အထိသိပ်သည်းနိုင်ပြီး ကောင်းကင်တာအိုအင်မော်တယ်ဟုခေါ်ကြသည်။

မဟာတာအိုကျင့်ကြံသူများအတွက်တော့....

ချီမင်သည် မဟာတာအိုကိုကျင့်ကြံ၏။သူက ကောင်းကင်နှင့်မြေကြီး၏မဟာတာအိုကို နားလည်သဘောပေါ်ထားသည်။သူက အဆင့်ကျော်တိုက်နိုင်ပြီး နက်နဲသည့်ခွန်အားမျိုးရှိသည်။သူက အထက်ကမ္ဘာ၌ရန်သူများကို အလွယ်တကူခြေမွနိုင်သည်။

သူက အဆင့်တူ၌ ပြိုင်ဘက်ကင်းဖြစ်ပေ၏။

“ငါ လျှို့ဝှက်နက်နဲကမ္ဘာမှာ မဟာယနအဆင့်ကိုတက်တုန်းက ကောင်းကင်နဲ့မြေကြီးထူးခြားဖြစ်စဉ်တွေကို အတော်လေး ဆွဲဆောင်လိုက်မိတယ်။ငါ အင်မော်တယ်အဆင့်ကိုတက်ရင် ကောင်းကင်နဲ့မြေကြီးထူးခြားဖြစ်စဉ်ကို ဆွဲဆောင်မိမလားမသိပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့တော့ ရှေးဟောင်းအင်မော်တယ်မြို့တော်မှာ အဆင့်ချိုးဖြတ်လို့မရဘူး။”

ချီမင်က ခဏလောက်စဉ်းစားပြီး သူ့ဘာသာသူတွေးနေလိုက်သည်။”ငါသာ အဆင့်တက်နေတုန်းကောင်းကင်နဲ့မြေကြီးထူးခြားဖြစ်စဉ်‌ကို ‌ဆွဲခေါ်လိုက်မိရင် အတော်လေးကြီးမှာ။သေချာပေါက် ရှေးဟောင်းအင်မော်တယ်မြို့တော်ထဲက ကျွမ်းကျင်သူတွေကို သတိထားမိစေလိမ့်မယ်။အဲ့သလိုဆို ပြသနာတွေများလာလိမ့်မယ်။”

“ငါ ရှေးဟောင်းအင်မော်တယ်မြို့တော်ထဲနေထွက်ပြီး အဆင့်တက်ဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခုရှာဖို့လိုတယ်။ပြီးတော့ အစီအရင်တွေကို အလွှာလိုက်ဆောက်ထားပြီး အံ့ဖွယ်စွမ်းအားနဲ့ မိုးမြေထူးခြားဖြစ်စဉ်ကို ဖုံးထားရမယ်။”

ဆုံးဖြတ်ချက်ချပြီးတာနဲ့ ချီမင်က လျင်မြန်စွာ ဆောင်ရွက်တော့သည်။

သူက တံခါးကိုတွန်းဖွင့်လိုက်ကာ ကျင့်ကြံခြငအခန်းထဲကနေ အလျင်အမြန်ထွက်လာလိုက်သည်။

“သခင့်ကို အရိုအသေပြုပါတယ်”

“…”

ခြံဝန်းထဲမှာ ချီမင်က ကျင့်ကြံနေတုန်း သူက အင်မော်တယ်အဆင့်အစေခံတွေကို ထုတ်ထားပြီး ခြံဝန်းကို ထိန်းသိမ်းခိုင်းထားပြီး သူ့ကိုကာကွယ်ခိုင်းထားသည်။

နောက်ထပ် နှစ်တစ်ရာ ကုန်သွားသည်။

အမှောင်မီးလျှံ၊ဟော့ချန်ချင်းနှင့်ကျန်သူများက ‌အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။သို့ပေမယ့် သူတို့၏အရည်အသွေးကန့်သတ်ချက်ကြောင့် အင်မော်တယ်နှောင်းပိုင်းအဆင့်ထိသာ ရောက်နိုင်သည်။

ချီမင်သာ ဆက်လက်ကြီးထွားစေလိုပါက သူက ဟော့ချန်ချင်းတို့၏ အရည်အသွေးကို မြှင့်တင်ပေးရမည်ဖြစ်သည်။

“ငါ အချိန်ခဏလောက်တော့ ထွက်သွားဦးမယ်”

ချီမင်က ညွှန်ကြားထားလိုက်သည်။”ငါသွားနေတုန်း ခြံကို ဂရုစိုက်ထား။ဘယ်သူမှ အနားမကပ်စေနဲ့”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့”

“…”

အစေခံများက ပြန်ဖြေလိုက်ကြသည်။

ချီမင်က စိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားသည်။

ရှေးဟောင်းအင်မော်တယ်မြို့တော်အပြင်ဘက်မှာ ချီမင်က များစွာအားစိုက်ထုတ်ပြီး သုံးရက်ကြာတွက်ချက်ခဲ့သည်။သူက သင့်တော်သည့်တန်ကြေးတစ်ခုပေးပြီးနောက်မှာ နောက်ဆုံးတော့ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်ဖို့ နေရာကောင်းတစ်ခုတွေ့သွား၏။

ကျိလိန်တောင်တန်း၏အနက်ရှိုင်းဆုံးအပိုင်းတွင်

ချီမင်က ကောင်းကင်ပေါ်မှပျံသန်းလာသည်။သူက လက်နှစ်ဖက်ကိုနောက်ပို့ထားကာ ကောင်းကင်ပေါ်မှ ဆင်းသက်လိုက်သည်။သူက တောင်ထိပ်တစ်ခုတွင် ရပ်လိုက်သည်။ပတ်ဝန်းကျင်က သစ်တောများထူထဲနေပြီး စိမ်းလန်းစိုပြေနေ၏။တောအုပ်များတောင်တန်းများထဲတွင် များစွာသော အင်မော်တယ်သားရဲများရှိသည်။

အင်မော်တယ်သားရဲများမှာ အထက်ကမ္ဘာ၏ထူးခြားသည့်သက်ရှိတစ်မျိုးဖြစ်သည်။အင်မော်တယ်သားရဲများစွာရှိသည်။ယင်းတို့ကအင်မော်တယ်အဆင့်များဖြစ်ကြပြီး ထိုထက်မြင့်သည့်အဆင့်များလည်းရှိကြသည်။သူတို့မှာ ဉာဏ်ရည်ဉာဏ်သွေးမရှိပေ။သာမန်သားရဲများကဲ့သို့ ဝိညာဥ်သိစိတ်နှင့် ဝမ်းတွင်းသိစိတ်တချို့သာရှိသည်။

အင်မော်တယ်သားရဲများအပြင် ကြမ်းကြုတ်သားရဲများလည်းရှိသည်။

ကြမ်းကြုတ်သားရဲများက ဉာဏ်ရည်မရှိပေ။သူတို့က ဝိညာဥ်သိစိတ်နှင့် ဝမ်းတွင်းအသိတောင်မရှိပေ။သူတို့က သတ််ဖြတ်ဖျက်ဆီးဖို့သာသိသည်။

“နိမိတ်ဖတ်ထားသလောက် ဒီနေရာက ကျင့်ကြံခြင်းအဆင့်ကျော်ဖြတ်ဖို့ အကောင်းဆုံးနေရာပဲ။”

ချီမင်က ခဏလောက်စဉ်းစားမိသည်။သူက ညာဘက်လက်ကိုဝေ့ယမ်းပြီးတော့ ပစ္စည်းစားရင်းထဲမှ ဂူစံအိမ်ရတနာတစ်ခုကို ထုတ်လိုက်သည်။အပြင်ထွက်လာတော့ စိမ်းပြာရောင်အိမ်တော်တစ်ခု ဖြစ်သွားသည်။သူက တောင်ထိပ်ပေါ်၌ နေရာချလိုက်သည်။

ထိုဓမ္မရတနာကို ကောင်းကင်အင်မော်တယ်ဂူစံအိမ်ဟုခေါ်သည်။

“ငါ အစီအရင်ကို နေရာချရဦးမယ်”

ချီမင်က ပစ္စည်းစာရင်းထဲမှ ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူလိုက်သည်။သူက တင်ပျဉ်ခွေချိတ်ထိုင်ကာ အစီအရင်ဖွဲ့စည်းပုံများကို စတင်သန့်စင်လိုက်သည်။

နောက်ထပ်သုံးရက်ကုန်သွားသည်။

ချီမင်က သုံးရက်အတွင် ဒုတိယအရံအစီအရင်(၁၂၉,၆၀၀)၊အဓိကအစီအရင်(၃၀၀၀)၊ဒုတိယအရံအစီအရင်အမြူတေ(၁၀၈)ခု၊အဓိကအစီအရင်အမြူတေကိုးခုနှင့် အစီအရင်ကားချပ်တစ်ခုကို သန့်စင်လိုက်သည်။

“ပြီးပြီ”ချီမင်က ဟူးခနဲသက်ပြင်းချလိုက်သည်။

“အစီအရင် မြင့်တက်”

ချီမင်က ဓမ္မစွမ်းအားကို လည်ပတ်လိုက်သည်။သူ့အနားမှာ အလင်းလုံးများ လွင့်မြောလာပြီး တောက်ပလာသည်။အလင်းလုံးတိုင်းက ဖရိုဖရဲအရောင်များပြည့်နှက်နေ၏။လေထုထဲတွင် မြူခိုးများပျံ့လွင့်လာပြီး ရှုပ်ထွေးလာသည်။

“ကြယ်ရွှေ့ပြောင်းခြင်း မဟာအစီအရင်”

ချီမင်ကသူ့လက်ထဲတွင် အစီအရင်ကားချပ်ကို ကိုင်ထားလိုက်၏။မရေမတွက်နိုင်သောအလင်းလုံးတို့မှာ လေထုထဲတွင်‌လွင့်မြောလာပြီး ကြယ်တာရာကောင်းကင်ကြီးတစ်ခုအလားပင်။သူတို့က ချီမင်နားမှာလွင့်မြောနေပြီး နေရာလွတ်ထဲသို့ ပေါင်းစပ်သွားတော့၏။

“ပွင့်”ချီမင်က ခပ်ဖျော့ဖျော့အော်လိုက်သည်။ညာဘက်လက်ကိုဝေ့ယမ်းလိုက်တာနဲ့ အစီအရင်ကားချပ်က ကောင်းကင်ပေါ်မြှောက်တက်သွားပြီး ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပဲ အလင်းလုံးအားလုံး ပျောက်ကွယ်သွားသည်။

ကြယ်ရွှေ့ပြောင်းခြင်း မဟာအစီအရင်သည် အောင်မြင်စွာတည်ဆောက်ပြီးသွား၏။

ထိုအစီအရင်က ချီမင်သည်တွက်ချက်ခြင်းစနစ်ကိုသုံးကာ ကြယ်ရွှေ့ပြောင်းခြင်းနှင့်ကောင်းကင်လျှို့ဝှက်ချက်အစီအရင်တို့မှ တွက်ချက်ထားခြင်းဖြစ်သည်။

အစီအရင်တည်ဆောက်ခြင်းအောင်မြင်သွားတော့ ချီမင်က ကောင်းကင်လျှို့ဝှက်ချက်ကို အပြည့်အဝတားဆီးနိုင်သွား၏။

“လုံလောက်ပြီ”

ချီမင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ကောင်းကင်အင်မော်တယ်ဂူစံအိမ်ထဲသို့ ဝင်သွားလိုက်သည်။သူက အချိန်ယူကာ အားမွေးပြီးသွား‌တော့ အထွတ်အထိတ်အခြေအနေရောက်အောင် ညှိယူလိုက်သည်။သူက တင်ပျဉ်ခွေချိတ်ထိုင်ကာ ဆိုလိုက်၏။”အဆင့်ချိုးဖြတ်တော့မယ်”

ခဏ‌အတွင်းမှာပဲ ချီမင်က စိတ်ဖြေလျှော့လိုက်သည်။သူက ဖရိုဖရုဲမဟာတာအိုကျမ်းကို နားလည်ဆင်ခြင်လိုက်တော့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုက သူ့စိတ်ထဲသို့တိုးဝင်လာ၏။

မဟာတာအိုပန်းပွင့်များမှာ ချီမင်အနားတွင်ပေါ်လာတော့သည်။

All Chapters