လက်တစ်ချောင်းကို အန်ထုတ်လိုက်တဲ့ ကြောင်
Vol. 13 Ch. 169
စာက ဒီနေရာတွင်ပဲ ပြီးဆုံးသွားခဲ့သည်။
စကားလုံးတွေက အများကြီး၊ အများကြီးပဲ ရှိနေခဲ့တယ်။
ကလေးမလေး တုလင်းဟာ ဘယ်လို ရှင်သန်ခဲ့တာလဲ။
စတုတ္ထတန်းအရွယ် ကလေးမတစ်ယောက်က ဒီလိုရှည်လျားတဲ့စာကို ရေးနိုင်တယ်ဆိုတာ ထူးဆန်းပေမယ့်၊ ယုတ္တိရှိသလိုလည်း ခံစားရတယ်။
သူ့မိသားစုရဲ့ အခြေအနေကရော ဘယ်လိုလဲ။ သူမ ဘယ်ကနေ ဖုန်းကို ရခဲ့တာလဲ။
ကျန်းရီက အနည်းငယ် ရှုပ်ထွေးနေသော်လည်း၊ သူသည် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ပြောလိုက်သည်—
"စာက ဒီနေရာမှပဲာ ပြီးသွားပြီ။
သူမအနေနဲ့ အားလုံးကို အချိန်မှီ မရေးဖြစ်ခဲ့တာလည်း ဖြစ်နိုင်တယ်။
လင်းလင်းရေ.. သမီး အခုထိ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ရှိသေးလား? ရှိသေးရင် ညာဘက်အောက်ခြေက စာရိုက်ဘောက်စ်ထဲမှာ အကြောင်းပြန်ပေးပါ။"
ကွန့်မန့်ဧရိယာထဲတွင် ဘာတုံ့ပြန်မှုမှမရှိ၊ ပရိတ်သတ်များလည်း တိတ်ဆိတ်နေခဲ့ကြသည်။ သူတို့ရဲ့ ကွန့်မန့်များက တုလင်းဆိုသည့် ကလေးမလေး၏ အကြောင်းပြန်မှုကို မဖုံးကွယ်စေရန် စိုးရိမ်သောကြောင့်ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ၊ ငါးလိုရေသောက်က " စတွင်မာ ကလေးမလေး အဆင်ပြေတယ်မလား?" ဟု မေးလိုက်သည်။
"သူမ အွန်လိုင်းပေါ်ရှိနေတုန်းပဲ၊ ငါ့အတွက် နောက်စာတစ်စောင် ရေးနေတယ်ထင်တယ်" ဟု ကျန်းရီက မှန်းဆပြောလိုက်သည်။
အခြားသူများက ထပ်မမေးတော့ဘဲ၊ ဆက်စောင့်နေလိုက်ကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်၊ ကျန်းရီ၏ ထံ တုလင်း၏ နောက်ထပ်စာတစ်စောင် ရောက်ရှိလာသည်။
သူမလေးဟာ စကားမပြောနိုင်ပဲ အနေတဲ့သူပါ။ ဒါကြောင့် ကျန်းရီအား ဖုန်းနဲ့ပြောပြနိုင်ခြင်းမရှိဘဲ စာနဲ့သာ ရှင်းပြရပါတယ်။
" ဦးလေးကျန်းရီ၊ လျှန်ဇီ လို့ခေါ်တဲ့ အကို့ရဲ့ပြဿနာကို ရှင်းပေးနေတုန်း ဒီတိုက်ရိုက်ထုတ်လွှင့်ခန်းထဲ သမီးရောက်လာပြီး ဒီစာကို ရေးနေတာပါ
သမီးသုံးနေတဲ့ဖုန်းက အဖေကျန်ခဲ့တဲ့ဖုန်းပါ
သမီး အားလုံးကို ပြောပြချင်ပါတယ်
ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ ဖတ်ပေးပါနော်။ သမီး အဖိုး အဖွားတို့ကို ဘာမှမဖြစ်စေချင်ဘူး။
သမီးက အခြားသူတွေနဲ့ စကားမပြောနိုင်ပေမယ့် အဖိုးတို့ ပြောတာတော့ သမီးက ကြီးလာရင် အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်လိမ့်မယ်တဲ့
သမီး သာမန်ကျောင်းသူလေးတစ်ယောက်အဖြစ်ပဲ နေချင်တယ်။
စာကိုဖတ်ပြီးနောက် ကျန်းရီက
"ကောင်းပါပြီ၊ စာကို ဖြေးဖြေးပဲရေးပါ။ ဦးလေးက အလျှင်မလိုပါဘူး။ ဒီတိုက်ရိုက်ထုတ်လွှင့်ခန်းက ဦးလေးတွေ အဒေါ်တွေ၊ အစ်ကိုအစ်မတွေကလည်း သမီးရဲ့စာကို စိတ်ရှည်ရှည်နဲ့ စောင့်နေကြပါတယ်"ဟု ဖြေလိုက်သည်။
ထို့နောက် တုလင်း၏ ဇာတ်လမ်းကို ဆက်ပြီးဖတ်လိုက်တယ်
"အဖိုး တောင်ပေါ်က ဆင်းသွားခဲ့တယ်။
သူက သမီးကို မတွေ့ခဲ့ဘူး ဒါပေမယ့် သမီးကတော့ တောင်ပေါ်မှာပဲရှိနေခဲ့တယ်။
အဲဒီမှာ ဂူတွေအများကြီးရှိပြီး၊ လေတွေတိုက်လို့ စက္ကူငွေတွေကလည်း တောင်ပေါ်မှာ လွင့်နေခဲ့တယ်။
သမီး မနေနိုင်တော့ဘဲ ငိုလိုက်မိတယ်...၊ သမီး အကျယ်ကြီး ငိုလိုက်တယ် သမီးငိုသံကို အဖိုးကြားပြီး သမီးကိုပြန်လာခေါ်မယ်လို့ မျှော်လင့်ခဲ့တယ်၊ ဒါပေမယ့် ဘယ်လောက်အကျယ်ကြီးငိုငို အဖိုးက မကြားခဲ့ဘူး...။
အဖိုးက ပြန်မလာတော့ သမီးကိုယ်တိုင်ပဲ ပြန်ပြေးခဲ့ရတယ်။
ဒါပေမယ့် အဖိုးလမ်းလျှောက်တာ အရမ်းမြန်တယ်။
သမီးတို့ အချိန်ခဏပဲ ကွာလိုက်တာဆိုပေမယ့်၊ သမီး အနောက်တိုင်းအိမ်လေးဆီရောက်တဲ့အခါ အဖိုး ကိုမတွေ့ရတော့ဘူး။
သမီးငိုပြီး အဖိုးကိုခေါ်နေစဉ် ခြေချော်လဲသွားခဲ့တယ်...။
"ခြေကျင်းဝတ် လွဲသွားခဲ့တယ်၊ အဲ့ဒီအချိန်မှာ အနောက်တိုင်းအိမ်ထဲက လူတစ်ယောက်ချောင်းဆိုးသံကိုကြားလိုက်ရတယ်။
အသံက တစ်ယောက်တည်းအသံမဟုတ်ဘူး၊ အဖိုး ရဲ့အသံလည်းပါနေတယ်
သမီး အဲ့ဒီအိမ်ဘက်ကို လှည့်ကြည့်လိုက်တယ် ဒါပေမယ့် အိမ်ထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရဘူး...။
အသံကိုပဲ ကြားရတယ်၊ အဲ့ဒါနဲ့ အဲ့ဒီအိမ်ဘက်ကို လှမ်းအော်လိုက်တယ် ' အဖိုး သမီးကို အိမ်မြန်မြန် ခေါ်သွားပါတော့ '
ရုတ်တရက် ချောင်းဆိုးသံတွေရပ်သွားပြီး၊ အိမ်က တိတ်ဆိတ်သွားခဲ့တယ်။
လေတွေတိုက်လို့ ပြတင်းပေါက်တွေ တရွရွမြည်လာတဲ့အခါ၊ သမီး လှည့်ပြေးဖို့ကြိုးစားတုန်း
"ကြောင်နက်ကြီးတစ်ကောင် သမီး ရှေ့မှာပေါ်လာပြီး မြောင် ဆိုတဲ့အသံကို ဆိုးရွားစွာ အော်နေခဲ့တယ်၊ ပြီးတော့ ရုတ်တရက် ပါးစပ် အကျယ်ကြီး ဟပြီးတော့ ဝမ်းထဲကနေ လူလက်ချောင်းတစ်ချောင်းကို အန်ထုတ်လိုက်တယ်!
သမီးလည်း အကြောက်လွန်သွားပြီး သတိလစ်သွားခဲ့တယ်...။ ကြောင်ဘယ်ကို ရောက်သွားမှန်းလည်း မသိတော့ဘူး၊ ပြီးတော့ အဲ့လက်ချောင်းက ဘယ်သူ့ လက်ချောင်းမှန်းလည်း မသိခဲ့ဘူး၊ လက်သည်းထိပ်မှာ အသားစ ရှိနေတယ် ဆိုတာပဲ တွေ့လိုက်ရတယ်။
"နိုးလာတော့ အိမ်ကို ပြန်ရောက်နေပြီ။
အဖွားက သမီးအနားမှာ ယက်ခပ်ပေးနေခဲ့တယ်...။
အဲဒီနေ့ အပြင်မှာ မိုးရွာနေပြီး၊ အဖိုးက အိမ်က ပြက္ခဒိန်ကို ကြည့်ပြီး သက်ပြင်းချနေတယ်
သမီးနိုးတာနဲ့ ငိုပြီး၊ တောင်ပေါ်မှာ တစ္ဆေတွေ၊ လူစားကြောင်နက်တွေရှိတယ်လို့ အဖွားကိုပြောပြလိုက်တယ်။
"အဖွားနဲ့အဖိုးတို့ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့တယ်၊ ဒါပေမယ့် ဘာမှတော့ မပြောခဲ့ဘူး၊ ညမှောင်တော့မှ မစ္စတာနျူ ဆိုတဲ့ တာအိုရသေ့ တစ်ဦးကိုခေါ်လာခဲ့တယ်။
မစ္စတာနျူက ဒီရွာရဲ့ အလွန်စွမ်းတဲ့ တာအိုရသေ့ တစ်ပါးပါ၊ သူက ရွာထဲမှာ ဗေဒင်ပြောတဲ့သူ၊ ဒါပေမယ့် သူက ဗေဒင်ပြောတိုင်း အဲ့ဒီလူရဲ့ အိမ်မှာ အိပ်ပြီး သောက်စားလေ့ရှိတယ်၊ မကြာခဏဆိုသလို ဗေဒင်ဟောပြီး အဲ့အိမ်မှာပဲ သောက်ပြီး မူးလေ့ရှိတယ်၊ ပြီးတော့ မူးပြီး အခြားသူရဲ့ အိပ်ရာထဲဆီးသွားတတ်တဲ့သူပါ။
ဒါကြောင့် သမီးက သူ့ကို မကြိုက်ဘူး။
ဒါပေမယ့် သူက သမီးကို တွေ့တာနဲ့ မျက်မှောင်ကျုတ်နေခဲ့တယ်၊ ပြီးတော့ သူ့အင်ကျီထဲကနေ ရုပ်တုလေးတစ်ခု ထုတ်လိုက်တယ်။
အဲ့ရုပ်ထုလေးကို ခြံဝင်းထဲက စားပွဲခုံမှာတင်ပြီးတော့ တာအိုရသေ့ ဝတ်စုံကိုဝတ်ပြီး လှည့်ပတ်ပြီး ရွတ်ဖတ်နေတယ်
အဖွားက သမီးကို ဖတ်ထားပြီးတော့ အဖိုးက ဖူတွန်ပေါ်မှာ ဒူးထောက်နေတယ်၊ မစ္စတာနျူက အမွှေးတိုင် ၃ တိုင်ကို မီးညှိကာ သမီးကိုပေးလိုက်ပြီး အမွှေးတိုင်အိုးထဲကို ထည့်ခိုင်းခဲ့တယ်၊ သမီးက သူ့ကို မကြိုက်ပေမယ့် သူခိုင်းတဲ့အတိုင်းပဲ လုပ်လိုက်တယ်။
"သမီးက အမွှေးတိုင်တိုင် ၃ တိုင် အမွေးတိုင်အိုးထဲ ထိုးလိုက်တဲ့အခါ၊ အကြောင်းပြချက်မရှိဘဲ တောင်ပေါ်က အနောက်တိုင်းအိမ်ဘက်ကို လှမ်းကြည့်လိုက်တယ် ရုတ်တရက် အနောက်တိုင်းအိမ်ထဲက မီးလင်းလာပြီး
မစ္စတာနျူ ရုတ်တရက် လဲကျသွားတယ်၊ ပြီးတော့ ထွန်းထားတဲ့ အမွှေးတိုင် ၃ တိုင်လည်း ဘေးကို လဲကျသွားတယ်!"