← Chapters

မင်းကို ဘယ်သူက လှည့်ကြည့်ခိုင်းတာလဲ

Vol. 13 Ch. 170

မင်းကို ဘယ်သူက လှည့်ကြည့်ခိုင်းတာလဲ

Vol. 13 Ch. 170

" မစ္စတာနျူ ဘာကြောင့် မြေပြင်ပေါ်လဲကျသွားတာလဲဆိုတာ သမီး မသိဘူး၊ သမီး အရမ်းခိုင်ခံ့စွာစိုက်ထားတဲ့ အမွှေးတိုင် ၃ တိုင် ရုတ်တရက် ဘာကြောင့်လဲကျသွားတာလဲဆိုတာလည်း မသိဘူး။ အဲဒီအချိန်မှာ အဖွားရဲ့မျက်နှာက အရမ်းဖြူဖတ်ဖြူရော် ဖြစ်နေတယ်လို့ပဲ ခံစားမိလိုက်တယ်။ သူမက သမီးကို တင်းကျပ်စွာ ဖတ်လိုက်ပြီး သူမရဲ့မျက်လုံးတွေက အမြဲလိုလို ပတ်ပတ်လည်ကို လှည့်ကြည့်နေတယ်။"

"တစ်ယောက်ယောက်က အဖွားဆီကနေ သမီးကို ခိုးယူဖို့လာနေသလိုပဲ။

သူမမျက်လုံးတွေက ကြည့်နေရင်းနဲ့ မျက်ရည်တွေ ကျလာခဲ့တယ်

အဖိုးက အမွှေးတိုင်ခွက်ထဲက အမွှေးတိုင်တွေကို မော့ကြည့်လိုက်တဲ့အခါ ဒူးထောက်ရာကနေ ထလိုက်တယ်။

သူ့မျက်လုံးတွေက နီရဲနေပြီး ခွက်ထဲက အမွှေးတိုင်တွေ အားလုံးကို နုတ်ပစ်လိုက်တယ်။

သူက တောင်ပေါ်က အနောက်တိုင်းပုံစံ အိမ်လေးကို ကြည့်ပြီး အရမ်းဒေါသထွက်နေပုံရတယ်၊ ဒါပေမယ့် အဖိုးက ဘာမှမပြောဘဲ မစ္စတာနျူ လုပ်ထားတဲ့ စားပွဲကို သက်ပြင်းချရင်း ရှင်းနေခဲ့တယ်"

" မစ္စတာနျူက ပိုပြီးထူးဆန်းတယ်

သူက တစ်ယောက်ယောက်အတွက် တစ်ခုခုလုပ်တိုင်း သူတို့အိမ်မှာ စားသောက်ပြီးနေလေ့ရှိတယ်။

ဒါပေမယ့် အဲဒီတစ်ခါတော့ သူပြန်ချင်နေခဲ့တယ်၊ အဖိုးကတော့ သူ့ကို မထွက်သွားစေချင်ဘူး။

အဖိုးက တံခါးနားမှာရပ်ပြီး တံခါးကိုပိတ်ကာ သူကို ထွက်သွားလို့ မရအောင် တားဆီးထားတယ်။

အဖွားကို ကြည့်လိုက်တဲ့အခါ ခြံထဲပြေးသွားပြီး အဖိုးမြေကြီးထဲမြှုပ်ထားတဲ့ အရက်ဟောင်းတွေကိုတူးပြီး ' မစ္စတာနျူ ဒီည ကျွန်မတို့အိမ်မှာ ညစာစားလိုက်ပါ။

ဒီအရက်က အဖိုးတု နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရှားပါးပစ္စည်းတစ်ခုပဲ။ မင်းပြန်လို့ မရဘူး..မင်းပြန်လိုက်ရင် ကောင်းကင်ပြိုလိမ့်မယ်' လို့ပြောလိုက်တယ်။"

"သမီးရဲ့ အဖိုးအဖွားတွေ အရမ်းထူးဆန်းတယ်လို့ ထင်မိတယ်။

သူများတွေက မစ္စတာနျူ ကို မြန်မြန်ထွက်သွားစေချင်ကြတယ်၊ ဒါပေမယ့် သူတို့က ဆက်နေဖို့ပဲ ဇွတ်ပြောနေတယ်။

မစ္စတာနျူ ကလည်း သမီးတို့အိမ်မှာ မလွှဲမရှောင်သာ နေလိုက်ရတယ်။

အဖွားက ဟင်းအမျိုးမျိုးချက်ပြီး အရက်ပုလင်းကိုဖွင့်လိုက်တယ်။

အဖိုးက သူ့ကို အရက်သောက်ဖို့ အကြိမ်ကြိမ်တိုက်တွန်းလိုက်တယ်၊ မစ္စတာနျူ နောက်ဆုံးမှာ မူးပြီး အဖိုးအခန်းထဲမှာ အိပ်သွားတယ်။

နောက်နေ့မိုးလင်းချိန်မှာ မစ္စတာနျူ ထွက်သွားခဲ့တယ်။

သူထွက်သွားတဲ့အခါ သမီးနိုးလာပြီး အဖိုးရဲ့အိပ်ရာမှာ မစင်နဲ့ဆီးတွေပြည့်နေတာ တွေ့လိုက်ရတယ်........."

တုလင်း ရေးတဲ့ ဒုတိယစာက ဒီမှာပဲ ပြီးသွားပါပြီ။ ကျန်းရီက ဖတ်ပြီးတဲ့အခါ အတွေ့အကြုံရင့်ကျက်နေခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူတွေဟာ အချက်အလက်တချို့ကို ဖမ်းမိသလိုဖြစ်နေပါပြီ။

ဒါပေမယ့် သူတို့မြင်ဖူးတာတွေများပေမယ့် တကယ့်အပြည့်အစုံကို သိရဖို့ နည်းနည်းလေးပဲလိုနေသေးသလို ခံစားရနေရတယ်။

ကြည့်ရှု့သူ A-" စတွင်မာ ဒီ 'လင်းလင်း 'လေး က သေတော့မှာလား...

ကြည့်ရှု့သူ B- " အမွှေးတိုင် လဲသွားတာက သာမန်နိမိတ်မဟုတ်ဘူး၊ အမွှေးတိုင်လဲသွားရင် မကောင်းဆိုးဝါးဝင်ပြီး မိသားစု ပျက်စီးတက်တဲ့ နိမိတ်လို့ ဆိုတယ်။ ဒီ လင်းလင်း က အဖြစ်အပျက်ရဲ့ဗဟိုချက်ဖြစ်နေသလိုပဲ၊ သူမသေတော့မှာလား?"

ကြည့်ရှု့သူ C-" သူမသာဆိုရင် အဖိုးက အဲ့ဒီညမှာ တောင်ပေါ်ကို ဘာကြောင့်တက်သွားတာလဲ? လင်းလင်း မြင်လိုက်ရတာက အဖိုးမဟုတ်ဘူးလား?"

ကြည့်ရှု့သူ D-" အဖိုးမဟုတ်ဘူးဆိုတာ သေချာတယ်။ အဖိုးဆိုရင် သူမကို ဘာလို့ဂရုမစိုက်တာလဲ?"

ကြည့်ရှုသူတွေဆွေးနွေးနေစဉ် ကျန်းရီ က တိတ်ဆိတ်စွာနေခဲ့ပြီး တစ်ခုခုကိုစဉ်းစားနေခဲ့တယ်။

ဒါမှမဟုတ် ကျန်းရီ က လင်းလင်း ရဲ့တတိယမြောက် စာကိုစောင့်နေတာလည်းဖြစ်နိုင်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်ခန်းက တိတ်ဆိတ်သွားခဲ့တယ်။ ကျန်းရီ က ကြည့်ရှုသူတွေရဲ့ဆွေးနွေးမှုကိုကြည့်ပြီး " လင်းလင်း က အခုထိအသက်ရှင်နေတယ် မဟုတ်ဘူးလား?" လို့ပြောလိုက်ပါတယ်။

ဟုတ်ပါတယ်၊ လင်းလင်း က အခုထိအသက်ရှင်နေပါသေးတယ်။ သူမ အသက်ရှင်နေသေးမှတော့ အခုအချိန်အတွက်တော့ သူမမှာ ပြဿနာမရှိတော့ပါဘူး။

ခဏစောင့်ပြီးတဲ့အခါ တုလင်း ရဲ့နောက်ထပ်စာတစ်စောင်ရောက်လာပါတယ်။

"အဲဒီအချိန်က စပြီး သမီးရဲ့ အဖိုးအဖွားတွေက သမီးကို အရမ်းဂရုစိုက်လာကြတယ်။

ကျောင်းသွားတာ ကျောင်းပြန်တာ ဘာဖြစ်ဖြစ် အဖိုးကိုယ်တိုင်လိုက်ပို့တယ်။

အဖိုးလိုက်ပို့တာကို သမီးအရမ်းပျော်တယ်၊ ဒါပေမယ့် အဖိုးနဲ့အဖွားက မစ္စတာနျူ ထွက်သွားပြီး ကတည်းက တစ်ခါမှမရယ်​တော့ဘူး။"

" သမီး အဖိုးနဲ့ အဖွားကို တစ်ခုခုမှားနေလားလို့မေးတဲ့အခါ သူတို့က ခေါင်းခါပြီး သက်ပြင်းပဲချနေကြတယ်။ ရက်ပေါင်းများစွာကြာပြီးနောက် တစ်ညမှာ သမီးအဖွားနဲ့အတူ အိပ်နေတုန်း အိမ်ရဲ့ပြတင်းပေါက်ကို တစ်ယောက်ယောက်ခေါက်တာကြားလိုက်ရတယ်။ အဲ့တာ မစ္စတာနျူ ပဲ"

"သူက အပြင်ဘက်မှာရပ်နေပြီး သမီးကို လက်လှမ်းပြနေတယ်။

သမီး အဖွားကို နှိုးမယ်လုပ်တော့ မစ္စတာနျူ က မြန်မြန်လက်ယမ်းပြပြီး အဖွားကိုမနှိုးဖို့ပြောတယ်။

ဒါနဲ့ မစ္စတာနျူ က သမီးကို ခေါ်ထုတ်လိုက်တယ်၊ သမီးက လက်ဟန်ခြေဟန်နဲ့မေးလိုက်တယ် " မစ္စတာနျူ ညဉ့်နက်တဲ့အချိန်မှာ ငါ့အိမ်ကိုဘာလို့လာတာလဲ?"

" မစ္စတာနျူ က ပတ်ပတ်လည်ကို ကြည့်ပြီး ကျေးရွာနောက်ဘက်က တောင်ပေါ်မှာရှိတဲ့ အနောက်တိုင်းပုံစံ အဆောက်အအုံကိုညွှန်ပြပြီး ' ကလေးမလေး၊ အဲဒီအပေါ်ကို သွားပြီးကြည့်ချင်လား' လို့မေးတယ်။"

"သမီး ခေါင်းကို အမြန်ခါလိုက်တယ်၊ ဒါပေမယ့် မစ္စတာနျူ က သမီးလက်ကိုကိုင်ပြီး ' ကလေးမ​လေး အတွင်းထဲဝင်ကြည့်ရင် ဘာဖြစ်နေတယ်ဆိုတာသိလာလိမ့်မယ်' လို့ပြောတယ်။

သမီး အရမ်းကြောက်နေတယ်၊ ဒါပေမယ့် သမီးအောက်ကို ငုံ့ကြည့်တဲ့အခါ မစ္စတာနျူ ရဲ့ခြေထောက်တွေက

အရမ်းထူးဆန်းနေတာ တွေ့လိုက်ရတယ်။

သူ့ခြေထောက်မှာ ချုပ်ထားတဲ့ ဖိနပ်တစ်ရံကို စီးထားတယ်၊ အဲဒါက အမည်းရောင်နဲ့ ချုပ်ထားတဲ့ဖိနပ်တစ်ရံပါ။

သမီးက မစ္စတာနျူ ကိုမေးလိုက်တယ် ဘာလို့ဒီလိုဖိနပ်ကို စီးရတာလဲ၊ မစ္စတာနျူ က သမီးကိုနောက်ထပ်မမေးဖို့ပြောပြီး အနောက်တိုင်းပုံစံ အဆောက်အအုံထဲကိုသာ လိုက်ဖို့ပြောတယ်။"

"သမီး မလိုက်ရဲဘူး၊ ဒါပေမယ့် မစ္စတာနျူ က သမီးပါးစပ်ကိုပိတ်ပြီး သမီးကို သယ်ပြီးတောင်ပေါ်တက်သွားတယ်။

သမီး ရုန်းကန်မှုတွေက အလကားပဲ

မစ္စတာနျူ က သမီးကိုသယ်ပြီး အနောက်တိုင်းပုံစံ အဆောက်အအုံရှေ့မှာရပ်လိုက်တယ်။

သမီးက ငိုနေခဲ့တယ်၊ ဒါပေမယ့် မစ္စတာနျူ က တောင်းပန်တဲ့ ပုံစံနဲ့ ' တောင်းပန်ပါတယ်ကလေးမလေး အဖိုးနျူ က သမီးအသက်ကိုကယ်ဖို့လုပ်နေတာ၊ သမီးက အသက်ငယ်ငယ်လေးပဲရှိသေးတယ်။

အဖိုးနျူ က သမီးအသက်ကို ကယ်ပြီးရင် သေကောင်းသေသွားလိမ့်မယ်၊ ဒါပေမယ့် အဖိုးနျူ က တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်။

ဘာပဲဖြစ်ဖြစ် အဖိုးနျူ မှာ ဇနီးလည်းမရှိ၊ သားသမီးလည်းမရှိ၊ မိဘတွေလည်းမရှိတော့ဘူး။

သမီးမိဘတွေက အရင်က အဖိုးနျူဆီကို မကြာခဏ လာလည်ဖူးတယ်၊ လာတိုင်း ဆီနဲ့ဆန်တွေ ပါလာတက်တယ်။

အခု ဒါက ကျေးဇူးပြန်ဆပ်တာပဲ' လို့ပြောတယ်။"

" မစ္စတာနျူ ပြောတဲ့စကားတွေကို သမီးသေချာနားမလည်ဘူး၊ ဒါပေမယ့် သမီး မိဘတွေအသက်ရှင်နေတုန်းက အလုပ်ကပြန်လာတဲ့အခါတိုင်း မစ္စတာနျူ ဆီကို သွားလာလည်ဖို့ သမီးကိုခေါ်သွားဖူးတယ်။

ဒါကြောင့် သူသံတံခါးကို ဖွင့်ပြီးတဲ့အခါ သမီးသူနဲ့အတူအတွင်းကို ဝင်သွားလိုက်တယ်။

သံတံခါးဖြတ်ဝင်ပြီး အနောက်တိုင်းပုံစံ အဆောက်အအုံရဲ့ တံခါးကိုတွေ့တယ်။

မစ္စတာနျူ ရဲ့ လက်ထဲမှာ သော့ရှိနေတယ်။

သူတံခါးဖွင့်လိုက်တဲ့အခါ တံခါးက ကျွီခနဲ အသံထွက်လာပြီး...အတွင်းမှာ အခေါင်းတစ်လုံးကို တွေ့လိုက်ရတယ်!"

"အဲဒီအမည်းရောင်အခေါင်းက ဘဲဥပုံစံ ဖြစ်နေပြီး၊အရမ်းမမြင့်ဘူး ဒါပေမယ့် ဧည့်ခန်းထဲမှာ ထားထားတယ်။ အရမ်းကို ကြောက်စရာကောင်းတယ်! အခေါင်းက ခုံနှစ်လုံးပေါ်မှာတင်ထားပြီး အခေါင်းအောက်မှာ ကြောင်နက်တစ်ကောင်ကို တွေ့လိုက်ရတယ်။ အဲဒီကြောင်က သမီးကို သိနေသလိုနဲ့ သမီးဝင်လာတာနဲ့ သူ့မျက်လုံးတွေက သမီးကိုစိုက်ကြည့်နေတယ်။"

" မြောင်...မြောင်...၊ ကြောင်နက်က ဆက်တိုက်အော်နေတယ်။

မစ္စတာနျူ ရဲ့ခန္ဓာကိုယ်ကလည်း တုန်နေတယ်။

သူက သမီး လက်ကိုကိုင်ပြီး အခေါင်းဆီသွားကာ 'ကလေးမလေး အဖိုးနျူ နဲ့ လိုက်ပြီး ဒီခေါင်းကို ရှိခိုးလိုက်ပါ' လို့ပြောတယ်။

သမီးက မစ္စတာနျူ ကိုမေးတယ်၊ ဒီအခေါင်းထဲမှာ ဘယ်သူလဲ? ဘာလို့ မြေကြီးထဲ မြှုပ်မထားတာလဲ? မစ္စတာနျူ က ' သူဘယ်သူလဲဆိုတာ ငါမသိဘူး၊ ဖွင့်ကြည့်မှသိမယ်' လို့ပြောတယ်။"

"သမီးက မစ္စတာနျူ ပြောတဲ့အတိုင်း ဒူးထောက်ပြီး အခေါင်းကိုရှိခိုးလိုက်တယ်။

ပြီးတော့ မစ္စတာနျူ က ထပြီး အခေါင်းကို ဖွင့်လိဒ်တယ်။

သမီးက သူ့နောက်ကနေ လိုက်နေခဲ့တယ်။

အခေါင်းက အရမ်းနိမ့်ပေမယ့် ခုံပေါ်မှာတင်ထားတော့ အတွင်းမှ ာဘယ်သူရှိမှန်းမတွေ့ရဘူး။

မစ္စတာနျူ အခေါင်းဖွင့်ပြီးတဲ့အခါ သူ့မျက်လုံးတွေက အနည်းငယ်ကျယ်သွားခဲ့တယ်။

ပြီးတော့ သူက အခေါင်းကို အမြန်ပြန်ပိတ်လိုက်တယ်။"

"သူ့မျက်နှာပေါ်မှာ ချွေးတွေအများကြီးထွက်နေတယ်၊ အခေါင်းအောက်က ကြောင်နက်ကလည်း ဆက်အော်နေခဲ့တယ်။

အရမ်းကို ကြောက်စရာကောင်းတယ်။

မစ္စတာနျူ က အခေါင်းကို ပိတ်ပြီးတဲ့အခါ သမီးကိုချီပြီး အပြင်ကိုပြေးခဲ့တယ်။

သူက အရမ်းကို အမြန်ပြေးနေခဲ့တယ်။

ဒါပေမယ့် အနောက်တိုင်းပုံစံ အဆောက်အအုံ ကနေထွက်ပြီး လှည့်ကြည့်တဲ့အခါ သံတံခါးအတွင်းမှာ တစ်ယောက်ယောက်ရပ်နေတာတွေ့လိုက်ရတယ်။

ဘယ်သူလဲဆိုတာ သေချာမမြင်ရဘူး။ ယောက်ျားလား၊ မိန်းမလားတောင် မခွဲခြားနိုင်ဘူး။

သမီးက မစ္စတာနျူ ကိုနှစ်ခါလောက်ခေါ်ပြီး

သူ့ကိုပြောဖို့ကြိုးစားတယ်၊ ဒါပေမယ့် မစ္စတာနျူ က သမီး လှည့်ကြည့်လိုက်တာကို မြင်တဲ့အခါ အကျယ်ကြီး အော်လိုက်တယ်၊ သူ့မျက်လုံးတွေမှာလည်း သွေးကြောတွေနဲ့ ပြည့်နေတယ်။ စာအုပ်ထဲမှာ ပါတဲ့စကားအတိုင်းပဲ အရူးအမူးကို အော်နေတယ်:

"ဘယ်သူက မင်းကို လှည့်ကြည့်ခိုင်းတာလဲ၊ ဘယ်သူက မင်းကို လှည့်ကြည့်ခိုင်းတာလဲ!"

All Chapters