ကြောင်နက်က သေသွားပြီ
Vol. 13 Ch. 171
" မစ္စတာနျူ က အရမ်းကို ဒေါသထွက်နေခဲ့တယ်။
သူသမီးကို အော်လိုက်တော့ သမီး နောက်ပြန်မကြည့်ရဲတော့ဘူး။
ဒါပေမယ့် တကယ်ပဲ အနောက်တိုင်းပုံစံ အိမ်ရဲ့ သံဂိတ်နောက်မှာ လူတစ်ယောက်ရဲ့အရိပ်ကို မြင်ခဲ့ရတယ်။
မစ္စတာနျူ အော်လိုက်တဲ့အချိန်မှာ သူ့ကို ပြန်မပြောရဲခဲ့ဘူး။
သူသမီးကို သယ်ပြီး ရွာကိုရောက်တဲ့အထိ အရူးလိုပြေးနေခဲ့တယ်၊ ဒါပေမယ့် သမီးအိမ်ကို မပြန်ခဲ့ဘူး။"
"သမီးက မစ္စတာနျူ ရဲ့ကော်လံကိုဆွဲပြီး သူသမီးကိုဘယ်ကိုခေါ်သွားနေတာလဲလို့မေးကာ သူ့ကိုတားဖို့ကြိုးစားခဲ့တယ်၊
ဒါပေမယ့် မစ္စတာနျူ က တစ်ညလုံး သမီးနဲ့အတူပြေးနေခဲ့တယ်၊
သမီးရဲ့ အဖိုးအဖွားတွေကလည်း သမီး ပျောက်နေတာကိုသတိမထားမိခဲ့ဘူး။
မိုးသောက်ချိန်ရောက်မှသာ မစ္စတာနျူ က သမီးကိုတစ်ခြားတောင်တစ်ခုဆီ ခေါ်သွားပြီး ကောင်းကင်ကိုညွှန်ပြကာ နေထွက်ချိန်ကို ကြည့်ဖို့ ပြောနေသလိုပဲ"
"သမီး မစ္စတာနျူ နဲ့အတူ တောင်ထိပ်မှာ နေထွက်တာကို ကြည့်နေခဲ့တယ်။
ဒါဟာ ဘာအဓိပ္ပါယ်ဘာလဲဆိုတာ မသိပေမယ့် မစ္စတာနျူ က သမီးကို ထွက်သွားခွင့်မပြုဘူး၊ သမီးလည်းမထွက်ရဲဘူး။
ဒီလိုနဲ့ မိုးသောက်လာပြီး မစ္စတာနျူ က အဝေးက ကောင်းကင်ကို ကြည့်ရင်း နောက်ဆုံး သူသက်ပြင်းချလိုက်တယ်။
သမီးက မြေကြီးပေါ်ကို သစ်ကိုင်းနဲ့ရေးပြီး မေးခဲ့တယ် ' မစ္စတာနျူ မနေ့ညက ဘာတွေ မြင်ခဲ့တာလဲ'
" မစ္စတာနျူ က သမီးကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီး ပြုံးကာ ခေါင်းခါပြခဲ့တယ်။
'ကလေး အဖိုးနျူက သမီးကို ပြောမှာမဟုတ်ဘူး။ နောက်တစ်ခါ ဒီအနောက်တိုင်ပုံးစံအိမ်လေးကို ဘယ်တော့မှ မသွားရဘူးနော်' လို့ပြောခဲ့တယ်။"
"သမီးက ခေါင်းညိတ်ပြီး မစ္စတာနျူ ကို ဒီလိုကြောက်စရာကောင်းတဲ့နေရာကို နောက်တစ်ခါမ ဘယ်တော့မှ သွားတော့ဘူးလို့ ကတိပေးခဲ့တယ်။
သိပ်မကြာခင်မှာပဲ မစ္စတာနျူ က သမီးကိုတောင်အောက်ကို ခေါ်သွားခဲ့တယ်။
သမီးအဖိုးနဲ့ အဖွားက တံခါးဝမှာရပ်နေပြီး မစ္စတာနျူကို သမီးကို ဘာကြောင့်ခေါ်သွားတာလဲမေးမြန်းခဲ့ကြတယ် "
စာက နောက်တစ်ကြိမ် ရပ်သွားပြန်တယ်။ ကျန်းရီ ဟာ စိတ်ထဲကနေ ကြည့်ရှုနေသူတစ်ယောက်လို ဖြစ်နေပေမယ့် ဖြစ်ရပ်တစ်ခုလုံးကို မြန်မြန်ဖတ်ချင်နေခဲ့တယ်။
ဒါပေမယ့် သူ့ကို ကူညီပေးဖို့ လာပြောတဲ့သူက ၁၀နှစ်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်နေတယ်။
ဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်တွေမှာ မိန်းကလေးငယ်ပါဝင်နေပေမယ့် သူ့မိသားစုက သူ့ကို ကူညီပြီး ပြောပေးနိုင်တယ်လေ။
ဒါပေမယ့် တုလင်း က စကားမပြောတတ်တဲ့ကလေးဖြစ်နေတော့ သူကြုံတွေ့ခဲ့ရတဲ့အရာတွေကို သူမကိုယ်တိုင်ပြောပြမှသာ အမှန်တကယ်ပြဿနာကိုဖော်ထုတ်နိုင်မှာဖြစ်တယ်။
ဒီစာသုံးစောင်ထဲမှာ ကျန်းရီ ဟာ အလွန်ထူးဆန်းတဲ့ပြဿနာတစ်ခုကို တွေ့ရှိခဲ့ပြီး ဖြစ်တယ်။
ဒါပေမယ့် သူက တုလင်း အကုန် ပြောပြီးမှသာ ဆက်လုပ်ဖို့စောင့်နေခဲ့တယ်။
ဘယ်လောက်ကြာကြာ စောင့်နေရမှန်းမသိပေမယ့် နောက်ဆုံးမှာ တုလင်း ရဲ့စာက ရောက်လာခဲ့တယ်။
"ချစ်ရတဲ့ ဦးလေးကျန်းရီ သမီးလက်တွေက ကိုက်ခဲပြီး ကျိုးတော့မလိုလို ဖြစ်နေပြီ။
ဒါပေမယ့် သမီးမှာ ပြောစရာတွေ အများကြီးကျန်သေးတယ်၊ ဒါကြောင့် သမီးကို စောင့်ပေးပါနော်။
သမီး ဒီညမှာပဲ အရာအားလုံးကို ပြောပြချင်တယ်။"
"အဲ့ဒီနေ့ပြီးတော့ အတော်ကြာပြီးတဲ့နောက် တစ်နေ့မှာ သမီးရဲ့ အဖိုးနဲ့အဖွားတို့က မစ္စတာနျူ အကြောင်းပြောနေတာကို ကြားလိုက်ရတယ်။
သမီးက အဖွားကိုမေးတယ် မစ္စတာနျူ ဘာဖြစ်နေတာလဲလို့။
အဖွားက မစ္စတာနျူ နေမကောင်းတာကြောင့် သူတို့ သွားကြည့်မလို့ ပြောတယ်။
ဘာကြောင့် အဖိုးအဖွားတို့က ညအချိန်မှ မစ္စတာနျူ ကိုသွားကြည့်ရတာလဲဆိုတာ သမီး နားမလည်ခဲ့ဘူး။
သမီးလည်း လိုက်ချင်တဲ့အတွက် အဖွားကိုလက်ဟန်ခြေဟန်နဲ့ပြောပြခဲ့တယ်၊ ဒါပေမယ့် အဖွားကမခွင့်ပြုခဲ့ဘူး။
သူမက သမီးကို အိမ်မှာတစ်ယောက်တည်းနေခိုင်းပြီး အပြင်မထွက်ဖို့ပြောတယ်။"
"ဒီလိုနဲ့ အဖိုးအဖွားတို့က မစ္စတာနျူ ကိုသွားကြည့်ပြီး သမီးကို အိမ်မှာထားခဲ့တယ်။
အိမ်ထဲမှာ မီးလုံးတစ်လုံးတည်း ဖွင့်ထားတော့ အလင်းက နည်းနည်းမှိန်နေတယ်။
သမီးက စားပွဲမှာတစ်ယောက်တည်း ထိုင်ပြီးစားနေတယ်။
စားပြီးတော့ ပန်းကန်ဆေးတယ်။
ပန်းကန်ဆေးပြီးတော့ အခန်းထဲဝင်ပြီး မီးဖွင့်ကာ စာဖတ်နေခဲ့တယ်။
သမီးအဖေချန်ထားခဲ့တဲ့ ဖုန်းကိုကြည့်လိုက်တော့ ည ၉ နာရီလောက်ရှိပြီ၊ ဒါပေမယ့် အဖိုးအဖွားတို့ မပြန်မလာသေးဘူး။"
"သမီးနည်းနည်း စိတ်ပူလာခဲ့တယ်၊ ဒါပေမယ့် မကြာခင်မှာပဲ တံခါးဖွင့်သံကိုကြားလိုက်ရတယ်။
သမီးတို့ အိမ်ရဲ့တံခါးက သစ်သားနဲ့လုပ်ထားပြီး သော့ခတ်ထားတယ်။
ဖွင့်လိုက်ရင် ကလစ်လို့အသံမြည်တယ်။
တံခါးဖွင့်သံနဲ့အတူ အဖိုးချောင်းဆိုးသံကိုလည်းကြားလိုက်ရတယ်။
သူတို့ပြန်လာပြီထင်ပြီး သမီးက ချက်ချင်းအိပ်ရာကနေထပြီး ဧည့်ခန်းကိုပြေးသွားလိုက်တယ်။"
"ဒါပေမယ့် ဧည့်ခန်းထဲမှာ အလင်းမရှိဘူး၊ တံခါးကိုလည်းပိတ်ထားတာ တွေ့လိုက်ရတယ်။
အိမ်အပြင်က လရောင်က သစ်သားတံခါးရဲ့ကြားအက်ကြောင်းကနေ ဝင်လာတယ်။
အဖိုးလည်းမရှိ၊ အဖွားလည်း ပြန်မလာသေးဘူး။
သမီးက သစ်သားတံခါးနားမှာရပ်ပြီး စဥ်းစားမိသွားတယ်။
နောက်တော့ သမီး အသံပေးလိုက်တယ်၊ အဖို့တို့ကို ခေါ်လိုက်တာ မဟုတ်ပေမယ့် အရင်က သမီး ဒီလို အသံပေးလိုက်ရင် အမြဲတမ်း အဖိုးတို့က တုန့်ပြန်လေ့ရှိတယ်။
ဒါပေမယ့် သမီး ဘယ်လိုအော်အော် သူတို့ မတုန့်ပြန်ခဲ့ဘူး။
ဧည့်ခန်းထဲက မှောင်နေတယ်၊ တစ်ခါတစ်ရံ ကြွက်တွေရဲ့ အသံတွေကိုလည်း ကြားနေရတယ်။
ကြွက်တွေက သမီးတို့အိမ်က ကျီထဲမှာရှိတဲ့ စားစရာတွေကိုစားနေမှာကို စိုးရိမ်မိခဲ့တယ်။
ဒါကြောင့် သမီး ဓာတ်မီးရှာပြီး ကျီဆီကိုသွားခဲ့တယ်။"
"ကျီထဲမှာ ကြွက်တွေအများကြီးရှိနေပြီး အသံတွေက စိတ်ရှုပ်စရာကောင်းတယ်။
သမီး ဘေးနားက တုတ်တစ်ချောင်းကိုကောက်ယူပြီး ကျီတံခါးကိုခေါက်လိုက်တယ်၊
ဒါပေမယ့် ကြွက်တွေက မကြောက်ကြဘူး။
သူတို့က ဆက်ပြီးတော့ အသံထွက်နေခဲ့ကြတယ်။
သမီးက ဓာတ်မီးနဲ့ ကျီတံခါးရဲ့ ကြားအက်ကြောင်းထဲကို ထိုးကြည့်လိုက်တယ်၊
ပြီးတော့ သမီးမျက်လုံးကို တံခါးနားကပ်လိုက်တော့... အလင်းက မျက်လုံးနှစ်လုံးကို ထိုးထွင်းလိုက်တယ်...
အဲ့ဒီမျက်လုံးတွေက သမီးကို ကြည့်နေတယ်..."
"အဲ့ဒါက အနောက်တိုင်းပုံစံ အိမ်လေးထဲက ကြောင်နက်ပဲ!
ကြောင်နက်က သေနေပြီ၊ သူ့အလောင်းက သမီးတို့ကျီထဲမှာ ရှိနေခဲ့တယ်။
ကြွက်တွေက သူ့ခန္ဓာကို ကိုက်စားနေကြတယ်။
ဒါပေမယ့် ဘာကြောင့် ကြောင်နက်ရဲ့ မျက်လုံးတွေက သမီးကို ကြည့်နေရတာလဲ?
အဲ့ဒါက သမီး တစ်ကိုယ်လုံးကို ကြက်သီးထစေတယ်။"
"အဲ့ဒီအချိန်မှာ သမီး ကြောက်လန့်ပြီးတော့ အပြင်ကို ပြေးထွက်သွားခဲ့တယ်။
သမီး အဖိုးအဖွားတို့ကို ရှာချင်တယ်။
သစ်သားတံခါးကိုဖွင့်ပြီး အပြင်ကိုပြေးထွက်သွားတယ်။
သမီး ဘယ်လောက်ဝေးဝေး ပြေးသွားမိမှန်းတောင် မသိခဲ့ဘူး၊
ရွာထဲက သစ်သား တံတားကလေးကို ဖြတ်ပြေးသွားခဲ့တယ်။
တံတားကိုဖြတ်ပြီးတာနဲ့ မိုးက သည်းထန်စွာရွာသွန်းလာခဲ့တယ်။
မိုးရေတွေက သမီးမျက်နှာကို ထိတော့ နည်းနည်း နာခဲ့တယ်။"
"သမီးမျက်လုံးတွေက တဖြည်းဖြည်နဲ့ ဘာမှ မမြင်ရတော့ဘူး၊
အဲ့ဒါနဲ့ ပြန်ပြေးဖို့စဉ်းစားမိလိုက်တယ်။
ဒါပေမယ့် ပြေးနေရင်း သစ်သားတံတားက ပျောက်ကွယ်သွားတယ်။
မြစ်ကမ်းပါးမှာ ထီးတွေကိုင်ထားတဲ့ လူတွေအများကြီးကို မြင်လိုက်ရတယ်၊
မြစ်ထဲမှာလည်း လှေလှော်နေတဲ့လူတွေရှိနေတယ်။
သမီးက အဲ့ဒီဘက်ကို လှမ်းအော်ခေါ်လိုက်တယ်၊
ဒါပေမယ့် အဲ့ဒီလူတွေက သမီးအသံကို မကြားနိုင်ကြဘူး၊
သမီး ငိုပဲငိုနေရတယ်။"
"ဒါပေမယ့် မကြာခင်မှာပဲ မြစ်ထဲက လှေပေါ်ကလူတွေက တစ်ခုခုကို ဆယ်ယူနေတာကိုမြင်လိုက်ရတယ်။
အဲ့ဒါက အဖွားအိုတစ်ယောက်ပါ၊
ဒါပေမယ့် သူမဝတ်ထားတဲ့အဝတ်အစားက သမီးအဖွားနဲ့တူနေတယ်။
'အဲ့ဒါ သမီးရဲ့ အဖွားပဲ!'"
"အဖွားကို မြစ်ထဲကဆယ်ယူလိုက်တယ်၊
ဒါပေမယ့် ဆယ်ယူတဲ့ သူတွေက ရပ်မသွားဘူး။
နောက်ထပ်တစ်ယောက်ကို ထပ်ပြီးဆယ်ယူလိုက်တယ်
အဲ့ဒီလူက သမီး အဖိုးဖြစ်နေတယ်!"
"အဖိုးနဲ့အဖွားကို မြစ်ထဲကဆယ်ယူလိုက်တယ်
သူတို့က ရေနစ်ပြီး သေဆုံးသွားပြီ... အဖိုးနဲ့အဖွားက ရေနစ် သေဆုံးသွားတယ်။
ဒါပေမယ့် ဘာကြောင့် ဘယ်သူကမှ သမီးကို မမြင်ရတာလဲ၊
သမီး ဆက်တိုက် အော်ခေါ်နေခဲ့တယ်
သမီး အိမ်ပြန်ချင်တယ်…………………"
"သမီးက မြစ်ကမ်းပါးမှာထိုင်ပြီး ဆက်တိုက်ငိုနေခဲ့တယ်၊
မိုးက ဆက်တိုက်ရွာနေတယ်။
ငိုရတာကလည်း ပင်ပန်းလာပြီ၊
မိုးရေကလည်း အရမ်းနာကျင်နေတယ်။
ပြီးတော့ ဘာမှမသိတော့ဘူး၊
အရင်ညကလို အနောက်တိုင်းပုံစံ အိမ်ကလေးဆီသွားသလိုမျိုးပဲ။
သမီး သတိလစ်သွားခဲ့တယ်၊
ဒါပေမယ့် နောက်တစ်နေ့မနက်မှာ နိုးလာတော့ အဖွားက သမီးအိပ်ရာဘေးမှာထိုင်နေပြီး လက်ထဲမှာလည်း ဆေးတွေကိုင်ထားတယ်။
သူမက သမီးကို မျက်နှာထား တင်းတင်း နဲ့ဆူနေတယ်၊ ဘာလို့ ပြောစကား နားမထောင်ဘဲ အပြင်ထွက်သွားရတာလဲ။
သမီးက သူမကိုပြောတယ်၊ အနောက်တိုင်းပုံစံ အိမ်လေးထဲက ကြောင်နက်က သမီးတို့ ကျီထဲမှာသေနေတယ်၊
သမီးက အရမ်းကြောက်လာပြီး အဖွားတို့ကို ရှာဖို့အပြင်ထွက်ပြေးခဲ့တာ၊
ဒါပေမယ့် တံတားဆီရောက်တော့ တံတားက ပျောက်သွားခဲ့တယ်
ပြီးတော့ မြစ်ထဲမှာ တစ်ယောက်ယောက်က အဖွားနဲ့အဖိုးကို ဆယ်ယူနေတာကို မြင်လိုက်ရတယ်လို့။"
"အဖွားက သမီးပြောတာကိုကြားတော့ ရယ်နေခဲ့တယ်။ သူမက 'ဆယ်ယူလိုက်တာ ကောင်းတယ်၊ ဆယ်ယူလိုက်ရင် ဘာမှမဖြစ်တော့ဘူး!' လို့ပြောခဲ့တယ်။"