← Chapters

ကျန်းရီ လာပြီ

Vol. 13 Ch. 172

ကျန်းရီ လာပြီ

Vol. 13 Ch. 172

"အဲဒီနေ့မှာ အဖွားက အရမ်းပျော်နေတယ်၊ အဖိုးပုံစံကလည်း ပိုပြီးရွှင်လန်းလာသလိုပဲ။ သူက သမီးကိုကြည့်ပြီး မကြာခဏ ပြုံးပြတယ်၊ ပြီးရင် သမီးခေါင်းကိုလည်း ပွတ်ပေးတယ်။ သူ့မျက်လုံးထဲမှာ အရင်က ဘယ်တော့မှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့အကြည့်တစ်ခု အမြဲရှိနေခဲ့တယ်။"

"ဘာလို့လဲဆိုတော့ အဖိုးက အရမ်းကြပ်မတ်တဲ့သူ၊ ဒါပေမယ့် ဒီနေ့တွေမှာ သမီးကို ကြည့်တိုင်း အကြာကြီးကြည့်နေခဲ့တယ်။ ကြည့်တိုင်းလည်း ပြုံးပြတယ်။ ဒါဘာကိုဆိုလိုတာလဲဆိုတာ သမီး မသိဘူး။ ဒါပေမယ့် မနေ့ကပဲ တစ်ယောက်ယောက်က သမီးတို့အိမ်ကို အရာနှစ်ခု ယူလာခဲ့တယ်။"

"အဲဒါတွေက ရွာက အခေါင်း လုပ်တဲ့သူ ပို့လိုက်တဲ့ အခေါင်းနှစ်လုံးဖြစ်နေတယ်။ ဒီအခေါင်းတွေကိုမြင်တော့ သမီး အရမ်းလန့်သွားတယ်၊ ကြောက်လို့တော့ မဟုတ်ဘူး၊ တစ်ခုခုက သမီးဆီကနေ ထွက်ခွာသွားနေသလို ခံစားလိုက်ရလို့ပါ။ သမီးက အခေါင်းလုပ်တဲ့ ဦးလေးကို ဘာလို့ အခေါင်းတွေကို သမီးတို့အိမ်ကို ပို့တာလဲလို့။"

"အခေါင်းလုပ်တဲ့ ဦးလေးက သမီးရဲ့ အဖိုးနဲ့ အဖွားက ဝယ်ထားတာလို့ ပြောတယ်။ အဖိုးနဲ့အဖွားက အိုမင်းနေပြီ၊ တစ်နေ့မဟုတ်တစ်နေ့ ဒီကမ္ဘာကနေ ထွက်ခွာသွားကြရမယ်။ အခေါင်းက သူတို့ရဲ့အိပ်ရာပဲ "

"သမီး အရမ်းဒေါသထွက်သွားတယ်။

သူ့ကို သမီးရဲ့ အဖိုးနဲ့အဖွားက မအိုသေးဘူး၊ သူတို့တွေ အရမ်းငယ်နေသေးတယ်လို့ ပြောလိုက်တယ်။ အခေါင်းလုပ်တဲ့ ဦးလေးက ပြုံးပြီး ထွက်သွားတယ်။

သမီးရဲ့ အဖိုးအဖွားတွေက သမီးကို ထိန်းထားပြီး လူကြီးတွေကို ဒီလိုမျိုး ပြန်မပြောရဘူးလို့ ပြောတယ်။

သမီး မြင်နေရတာက အဖွားမျက်လုံးထဲက ထူးဆန်းတဲ့ အကြည့်တွေက အဖိုးနဲ့ တူနေခဲ့တယ်။

သူတို့တွေက သမီးကို အာရုံပျံ့လွင့်နေသလိုမျိုး ကြည့်နေကြတယ်။

ဒါဘာကိုဆိုလိုတာလဲဆိုတာ သမီး မသိဘူး...

သမီး သိတာက သမီး တဖြည်းဖြည်းနဲ့ ပိုပြီးကြောက်လာနေတယ် ဆိုတာပဲ၊ ဦးလေးကျန်းရီ... သမီးကို ကူညီပေးနိုင်မလား?"

"ဦးလေးရဲ့ပရိတ်သတ်လေး - တုလင်း။"

စာက အပြီးသတ်သွားခဲ့ပါပြီ။ တုလင်းက ဒီစာ လေးစောင်ကို ရေးဖို့ နာရီအတော်ကြာ အချိန်ယူခဲ့ရတယ်။

တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲက ကျွန်တော်တို့ဟာ ညတစ်နာရီလောက်ကနေ မနက်ခင်း အထိကို စောင့်ဆိုင်းခဲ့ကြတယ်။

အဲ့ဒီအချိန်မှာ ကျန်းရီက တုလင်းကို ဗီဒီယိုခေါ်ဆိုမှု ပို့လိုက်ပြီး၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို မေးလိုက်တယ် - "တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲမှာ လက်ဟန်ခြေဟန်စကား နားလည်တဲ့သူတွေ ရှိလား?"

ချက်ချင်းပဲ လူအတော်များများက နားလည်ကြောင်း ဖြေကြားခဲ့ကြတယ်။ ကျန်းရီက ကျပန်းတစ်ယောက်ကိုရွေးပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲ ခေါ်လိုက်တယ်၊ တုလင်းရဲ့ ဗီဒီယိုလည်း ပေါ်လာခဲ့တယ်။

ပုံရိပ်တွေက အရမ်းမကြည်ပေမယ့် တုလင်းဆိုတဲ့ ကျေးလက်က ညိုပြီး ပိန်နေတဲ့ မိန်းကလေးကို မြင်နေရတယ်။

သူမက ဆံပင်ကို ချည်ထားပြီး စောင်အောက်မှာ ရှိနေသလိုပဲ။ ဝင်လာတာနဲ့ ကျန်းရီကို လက်ဟန်ခြေဟန်နဲ့ ပြောခဲ့တယ်၊ လက်ဟန်ခြေဟန်စကား ဘာသာပြန်သူက - "ဦးလေးကျန်းရီ၊ အဖွားက အနားယူနေတယ်၊ တိုးတိုးလေးပြောပေးပါလား?" လို့ ပြောခဲ့တယ်။

ကျန်းရီက ပြုံးပြီး ခေါင်းညိတ်ကာ - "ဟုတ်ပါပြီ၊ လင်းလင်းရေ သမီး အဖွားကို ဦးလေး ကြည့်လို့ရမလား?" လို့ မေးလိုက်တယ်။

ဗီဒီယိုရဲ့အခြားဘက်က မိန်းကလေးက နည်းနည်းတွေဝေနေခဲ့တယ်၊ ဒါပေမယ့် ခေါင်းညိတ်ပြီး ဖုန်းကို အဖွားဆီ လှည့်ပြလိုက်တယ်။

အဖွားက တကယ်တော့ အရမ်းမအိုသေးဘူး၊ အသက် ၆၀ လောက်ပဲရှိမယ်။

အရင်တုန်းကဆို ၆၀ က အရမ်းအိုတယ်လို့ ယူဆကြတယ်၊ ဒါပေမယ့် ဒီခေတ်မှာတော့ ၆၀ က တကယ်တော့ မအိုသေးဘူး။

ဒါပေမယ့် လင်းလင်းရဲ့အဖွားဆီကနေ ကျန်းရီက မျက်နှာကြည့်တာနဲ့တင် အရမ်းအိုနေတယ်လို့ ခံစားလိုက်ရတယ်။

ဒီလို တစ်ချက်လောက် ကြည့်တာနဲ့တင် ကျန်းရီက ဘာလုပ်ရမလဲဆိုတာ သိသွားပြီး ပြုံးကာ ပြောလိုက်တယ် - "လင်းလင်း သမီးက ဒီစာကို ဦးကျန်းရီအတွက် နာရီအတော်ကြာ အချိန်ယူပြီး ရေးခဲ့တာဆိုတော့ သမီးစိတ်ထဲမှာ ဦးကို အပြည့်အဝ ယုံကြည်နေတယ်လို့ ယူဆလို့ရတယ်။ ဟုတ်တယ်မလား?"

တုလင်း ခေါင်းညိတ်လိုက်တယ်၊ ကျန်းရီရဲ့ အပြုံးက ပိုပြီးနူးညံ့လာတယ် - "အိုကေ၊ ဦးလေးပေးထားတဲ့ ဖုန်းနံပါတ်ကို မှတ်ထားနော်။

အခု နေက ထွက်လာနေပြီ၊ ဦးလေးက သမီးတို့ အိမ်ကို ညမတိုင်ခင် ရောက်အောင် လာခဲ့မယ်။

ဒီနေ့ တစ်နေကုန် သမီးရဲ့ အဖိုးနဲ့ အဖွားကို နေရောင်ခြည်များများရအောင် ထားပေးနော်၊ ဖြစ်နိုင်ရင် မစ္စတာနျူ ကိုလည်း ဖိတ်ထားပေးအုံး၊ ဟုတ်ပြီလား?"

တုလင်းက အရမ်းအံ့သြသွားတယ်။ သူမရဲ့စိတ်ထဲမှာ ကျန်းရီဆိုတာ ဘယ်လောက်တောင် အစွမ်းထက်တဲ့သူလဲ?

သူဟာ လူသိန်းချီက ယုံကြည်ကြတဲ့ စတွင်မာ တစ်ယောက်ပါ။ စတွင်မာဆိုတာ ဘာလည်းမသိပေမယ့် သူမအတွက်တော့ ကျန်းရီဆိုတာ ကြယ်တစ်ပွင့်လိုပါပဲ၊ သရဲတွေကို ကိုင်တွယ်နိုင်တဲ့ နာမည်ကြီးတစ်ယောက်ပေါ့။

"ဦးလေးကျန်းရီ၊ ... တကယ် ပြောတာလား?"

"ဒါပေါ့၊ ဒါပေမယ့် ဦးလေးပြောတဲ့အတိုင်း လုပ်ဖို့ မမေ့နဲ့နော်။

သမီးရဲ့ အဖိုးအဖွားတွေကို နေရောင်ခြည်များများရအောင် ထားပေးပါ၊ ပြီးရင် မစ္စတာနျူကိုလည်း ဖိတ်ထားပေးအုံး။

သမီးက တစ်နေကုန် သူတို့နဲ့အတူနေပါ၊ တခြားဘယ်နေရာမှ မသွားရဘူး။

နောက်ပြီး အခေါင်းလုပ်တဲ့သူ ပို့လိုက်တဲ့ အခေါင်းတွေကို ဒီနေ့တစ်နေကုန် ဘယ်သူမှ မထိရဘူး၊ အဖိုးအဖွားတွေတောင် မထိရဘူးနော်၊ သိပြီလား? ဒါက အရေးအကြီးဆုံးအချက်ပဲ သမီး သေသေချာချာ မှတ်ထားရမယ်!"

ကျန်းရီပြောပြီးတဲ့အခါ ဗီဒီယိုရဲ့အခြားဘက်က တုလင်းက ခေါင်းညိတ်လိုက်တယ်။

"အိုကေ၊ ဦးလေးက အခု လက်မှတ်ဝယ်ပြီး သမီးဆီကို အမြန်ဆုံး လာခဲ့မယ်။ အခြား ဘာမှမဖြစ်ဘူးဆိုရင် ညနေခင်းမတိုင်ခင် ရောက်မယ်။ ကလေးလေး... ညနေမှာ တွေ့မယ်နော်။"

ကျန်းရီပြောပြီးတော့ တုလင်းက ပြုံးပြီး ဗီဒီယိုကို ပိတ်လိုက်တယ်။

သူမ ထွက်သွားတာနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက ပရိတ်သတ်တွေက မေးခဲ့ကြတယ် - " စတွင်မာ ဒီဖြစ်ရပ်ကို ကျွန်တော်တို့ နားမလည်ဘူး။"

ကြည့်ရှု့သူ A-"ဟုတ်တယ်၊ တုလင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက ထူးဆန်းတယ်၊ ဒါပေမယ့် ကျွန်တော့် မသိစိတ်က ပြောနေတာက ဒီကိစ္စက အဖိုးအဖွားတွေနဲ့ တစ်ခုခု ပတ်သတ်နေတာ ဖြစ်နေနိုင်တယ်၊ ဒါပေမယ့် ဘာက သူတို့ကို နှောင့်ယှက်နေတာလဲ?"

ကြည့်ရှု့သူ B-" အနောက်တိုင်း အိမ်ထဲက ကြောင်နက်က လက်ချောင်း အန်ထုတ်တာ၊ မစ္စတာနျူ အိမ်ထဲက ဖွင့်လိုက်တဲ့ အခေါင်းထဲမှာ ဘာကိုမြင်ခဲ့တာလဲ? မေးခွန်းတွေက အများကြီးပဲ။"

ကျန်းရီက ပြုံးပြီး ပြောလိုက်တယ် - "ဒီညမှာ အဖြေပေါ်ပါလိမ့်မယ်"

ဒါက တစ်ညထဲမှာ နှစ်ခုထက် မကတဲ့ ဖြစ်ရပ်တွေကို ဖြေရှင်းတဲ့ ပထမဆုံးဖြစ်စဉ်ပဲ။

ဒါပေမယ့် တုလင်းအတွက် ကျွန်တော့် နှလုံးသားထဲကနေပါ ဝမ်းသာပါတယ်။

သူမက အရေးကြီးဆုံးအချိန်မှာ ကျွန်တော့်ကို ရှာတွေ့ခဲ့တယ်။

ဒီစာတွေကိုလည်း ကျွန်တော့်အတွက် နာရီအတော်ကြာ အချိန်ယူပြီး ရိုက်ထားတာ။

ကောင်းပြီ၊ ဘာကြောင့်လဲဆိုတာ သိချင်ရင် ကျွန်တော် တုလင်းဆီရောက်အောင် စောင့်မှရမယ်"

ကျန်းရီက အများကြီး မပြောတော့ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး တုလင်းရဲ့ ရွာကို ရောက်မဲ့ ဘတ်စ်ကားလက်မှတ်ကို ဝယ်လိုက်တယ်။

အကြာကြီး စီးပြီးတဲ့နောက် ညနေခင်းမှာ ကျန်းရီက သစ်သားတံတားတစ်ခုရဲ့အစွန်းမှာ ရပ်နေခဲ့တယ်။

ဒီတံတားက တုလင်းစာထဲမှာ ဖော်ပြထားတဲ့ သစ်သားတံတားပါ။ မိုးသည်းထန်စွာရွာပြီး တံတားအောက်က မြစ်ထဲမှာ တစ်ယောက်ယောက် ရေထဲကနေ အရာတွေဆယ်နေတာကို တုလင်း မြင်ခဲ့တဲ့နေရာပါ။

ပြီးတော့ သူမရဲ့ အဖိုးအဖွားတွေကို ဆယ်ယူခဲ့တယ်။

မြစ်ကို အနည်းငယ်ကြည့်ပြီးတဲ့အခါ ကျန်းရီက မတ်တတ်ရပ်ပြီး တောင်ကို မော့ကြည့်လိုက်တယ်။

အဲဒီမှာ အိမ်တစ်လုံး တကယ်ရှိနေတယ်၊ ဒါပေမယ့် အိမ်က တကယ်တော့ အရမ်းပျက်စီးနေပြီဖြစ်တယ်။

နံရံတွေမှာ အစိမ်းရင့်ရောင် ရေညှိတွေဖုံးနေတယ်။ ကျန်းရီက တောင်ပေါ်က အိမ်ကို ပြုံးလိုက်ပြီး ရွာထဲကို ဝင်ခဲ့လိုက်တယ်။

အိမ်လမ်းကို မေးပြီးတဲ့အခါ ကျန်းရီက တုလင်းရဲ့အိမ်တံခါးနားကို ရောက်လာခဲ့တယ်။

တံခါးဝမှာ ရပ်ကြည့်နေရင်း နေဝင်ဆည်းဆာရဲ့ အနီရောင်အလင်းထဲမှာ ခြံထဲမှာထိုင်နေတဲ့ အဖိုးအဖွားနှစ်ယောက်နဲ့ ဘေးမှာ ထိုင်နေတဲ့ မိန်းကလေးကို မြင်လိုက်ရတယ်။

အဖိုးအဖွားနှစ်ယောက်က အကြာကြီး ငေးနေပြီး တစ်ခါတလေ ကောင်းကင်ကို မော့ကြည့်ကာ မဆုံးနိုင်တဲ့ တမ်းတမှုတွေ နဲ့ မျက်လုံးထဲမှာလည်းဝမ်းနည်းမှုတွေနဲ့ ပြည့်နေခဲ့တယ်။

ကျန်းရီက ဒီတစ်ချက်နဲ့တင် တုလင်းစာထဲမှာ ပြောထားတဲ့ အဖိုးအဖွားတွေရဲ့ မျက်လုံးထဲက ထူးဆန်းတဲ့အကြည့်က ဘာကိုဆိုလိုတာလဲဆိုတာ နားလည်သွားတယ်။

ဖြစ်နိုင်တာက အဖိုးအဖွားနှစ်ယောက်က သူတို့ရဲ့မြေးမလေးအပေါ် နက်ရှိုင်းတဲ့ တုန့်ဆုတ်ခြင်းတွေကို ပြသနေတာပါ။

အဖိုးအဖွားနှစ်ယောက်က ပြန်လှည့်ကြည့်တဲ့အခါ ကျန်းရီကို တွေ့လိုက်ရတယ်။

တုလင်းကတော့ ကျန်းရီကိုမြင်တာနဲ့ ဝမ်းသာပျော်ရွှင်စွာနဲ ကျန်းရီဆီ ပြေးခဲ့လိုက်တယ်။

All Chapters