← Chapters

ဇာတ်စင်ပေါ်က သွေး

Vol. 13 Ch. 174

ဇာတ်စင်ပေါ်က သွေး

Vol. 13 Ch. 174

မစ္စတာဝမ်ရဲ့ မိသားစုငါးယောက်လုံးက ဆွဲကျိုးချ သေနေခဲ့တယ်။ အိမ်ထဲမှာ သွေးစက်တစ်စက်မှ မရှိဘူး။ အကုန်လုံး မျက်လုံးတွေ ပြူးကျယ်ပြီးတော့ အမြင့်ကနေ ချိတ်ဆွဲထားသည်။"

"ဟူး... အလွန်ကို ဝမ်းနည်းစရာကောင်းတယ်

အလောင်းတွေကို တွေ့တဲ့အချိန်မှာ အနံ့ဆိုးတွေတောင် ထွက်နေပြီ။

အဲ့ဒီအချိန်က တော်တော် ပူပြင်းတဲ့ နေ့ရက်တွေဖြစ်တယ်။

သူတို့ခန္ဓာပေါ်မှာ လောက်ကောင်တွေနဲ့ ဖုံးလွှမ်းနေပြီး အောက်ကို အပြုံလိုက်ပဲ ပြုတ်ကျနေခဲ့တယ်။

မစ္စတာဝမ်ရဲ့ သမီးသုံးယောက်ရဲ့ အလောင်းတွေလည်းရှိသေးသည်။

အကြီးဆုံးက အသက် ၁၈ နှစ် ၁၉ နှစ်လောက်သာ ရှိသေးတယ်၊ အငယ်ဆုံးကတော့ ၁၁ နှစ် ၁၂ နှစ်လောက်ပဲ ရှိအုံးမယ် ဘာကြောင့်လဲ.... ဘာကြောင့် ဒီလောက် ကောင်းကောင်းမွန်မွန်နဲ့ ရှိနေချိန်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားရတာလည်း!"

"နောက်ပိုင်း စစ်ဆေးဖို့ လာတဲ့သူတွေ ရှိခဲ့တယ်၊ ဒါပေမယ့် အကြောင်းရင်းကို မတွေ့ခဲ့ဘူး၊ ဒါကြောင့် ကိုယ့်ကိုကိုယ် သတ်သေတယ်လို့ပဲ ထင်ခဲ့ကြတယ်၊ ဒါကြောင့် ဒီကိစ္စကို လူတိုင်း ဂရုမစိုက်တော့ဘူး။

စစ်ဆေးဖို့လာတဲ့သူတွေက တံခါးကိုသော့ခတ်လိုက်ပြီး တဖြည်းဖြည်း လူတွေကလည်း ဂရုမစိုက်ခဲ့တော့ပေ။

နောက်ပိုင်း တောင်ပေါ်မှ ရုတ်တရက်မီးများလင်းလာပြီး တစ်ချို့ကတောင်ထိပ်မှ အော်ပရာသံများကြားရတယ်လို့ ပြောကြတယ်"

"မစ္စတာဝမ်က ကျော်ကြားတဲ့ သရုပ်ဆောင်ဖြစ်ပြီးတော့ မစ္စဝမ်ကလည်း ကျော်ကြားတဲ့ မင်းသမီးဖြစ်တယ်။

သူတို့ အသက်ရှင်နေစဉ်က အမြဲတမ်း အဲ့ဒီနေရာမှာ သီချင်းတွေ ဆိုလေ့ရှိတယ်။

တောင်ခြေကလူတွေက သူတို့ရဲ့ ကျော်ကြားမှုကြောင့် အဲ့ဒီနေရာကို တက်လာပြီး သူတို့ရဲ့ အိမ်ထောင့်မှာ ပုန်းကွယ်ပြီး နားထောင်ခဲ့ကြသည်။

သူတို့သီချင်းဆိုတာက အရမ်းကောင်းတယ်။

ဒါပေမယ့်... မစ္စတာဝမ်နဲ့ သူရဲ့ မိသားစုတွေအားလုံးသေဆုံးပြီးနောက် သီချင်းသံတွေက နှစ်သက်ဖွယ်မဟုတ်ဘဲ လန့်စရာဖြစ်လာခဲ့တယ်"

"မစ္စတာဝမ်ရဲ့ မိသားစု ငါးဦးလုံး သေဆုံးပြီးနောက် တစ်နှစ်လောက်အကြာမှာ ကျွန်ုပ်တို့ရွာကို လူသစ်တွေ ပြောင်းလာခဲ့တယ်။

အိမ်ထောင်စုတစ်စုပဲ၊ ယောက်ျားက ခွန်အားကောင်းပြီး မိန်းမက အလွန်ယဉ်ကျေးတယ်။

အဲ့ဒီယောက်ျားက တောင်ပေါ်ရှိအနောက်တိုင်းပုံစံ အိမ်လေးမှာ လူတွေ နေထိုင်သလားလို့ မကြာခဏမေးလေ့ရှိတယ်။ ကျွန်ုပ်တို့က ဘယ်သူမှ မနေဘူးလို့ဖြေတော့ ဘယ်သူပိုင်တာလဲလို့ ထပ်မေးတယ်၊ မစ္စတာဝမ်ရဲ့ အိမ်လို့ဖြေပြီး သူတို့အကြောင်းတွေ ပြောပြလိုက်တယ်။

ဒါပေမယ့် အဲ့ဒီယောက်ျားက ရူးနေမှန်း ဘယ်သူက ထင်ထားမှာလည်း။

သူက အဲ့ဒီနေရာမှာ တစ္ဆေရှိတယ်လို့ ကြားလိုက်တဲ့ာအခါ မဖြစ်နိုင်ဘူးလို့ ရယ်မောပြီး လူတိုင်းက သူ့ကိုယုံကြည်မှုမရှိတော့ ဂရုမစိုက်ခဲ့ဘူး။"

"အဲ့ဒီ အဲ့ဒီယောက်ျားက တစ်ညမှာ အရက်အိုးတစ်လုံးယူပြီး တောင်ပေါ်သို့ တက်သွားခဲ့တယ်။

သူက မစ္စတာဝမ်ရဲ့ အိမ်ထဲမှာ တစ်ညလုံးအိပ်ခဲ့တယ်။

မစ္စတာဝမ်ရဲ့ အိပ်ရာက အလွန် သက်သောင့်သက်သာ ရှိတယ်လို့ဆိုတယ်။

အဲ့ဒီအချိန်မှာ ရွာသားတွေက စုဝေးလာခဲ့ကြသည်၊ မစ္စတာဝမ်က လူချမ်းသာဖြစ်ပြီးတော့ ရွာထဲက လူတွေက သူ့မိသားစုက ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို လိုချင်ခဲ့ကြတယ်။

ဒီအရူးက အိမ်ပေါ်တက်ပြီး ပြဿနာမရှိကြောင်းကို သက်သေပြခဲ့ပြီးနောက်မှာတော့ ရွာသားတွေက

မစ္စတာဝမ်ရဲ့ အိပ်ရာ၊ အံဆွဲ၊ စားပွဲနဲ့ အိုးခွက်ပန်းကန်တွေကိုတောင်မချန် ကြံနေခဲ့ကြတယ်။"

"တစ်ယောက်ပြီးတစ်ယောက် ပစ္စည်းတွေကို ရွှေ့ဖို့ ပြေးခဲ့ကြတယ်။

အဲ့ဒီအချိန်က မယူခဲ့ရတဲ့ သူတွေက နောင်တတောင် ရခဲ့ကြတယ်။

အချို့သောမိန်းမတွေဆို သူတို့ ယောကျာ်းတွေကို ငကြောက်တွေလို့တောင် ဆဲဆိုခဲ့ကြတယ်။

မစ္စတာဝမ်ရဲ့ အိမ်က ပစ္စည်းတွေကို ရွှေ့ပြီး မကြာမီ ရွာထဲမှာ အော်ပရာ အဖွဲ့တစ်ဖွဲ့ဖြတ်သန်းလာပြီး ရွာအဝင်းကမ်းပါးနားမှာ ဇာတ်စင်ဆင်ကာ သီဆိုခဲ့ကြတယ်။"

"အဲ့ဒီအချိန်က ရွာလုံးကျွတ်သွားခဲ့ကြပြီးတော့ ပျော်ရွှင်ဖွယ် အခမ်းအနားကြီးဖြစ်ခဲ့တယ်။

မစ္စတာဝမ်ရဲ့ အိမ်က ပစ္စည်းတွေ ရွှေ့တဲ့သူတွေလည်း ပါခဲ့တယ်။

ဇာတ်စင်ပေါ်က သီဆိုမှုတွေက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ပရိသတ်တွေကလည်း အားပေးခဲ့ကြတယ်။

ဒါပေမယ့်... ရုတ်တရက် မစ္စတာဝမ်ရဲ့ အိမ်သို့သွားအိပ်ခဲ့သူက ရူးသွပ်သွားသလိုမျိုးပဲ"

"သူက ရုတ်တရက် ဇာတ်စင်ပေါ်သို့ခုန်တက်ပြီး မိန်းကလေးတစ်ယောက်လိုမျိုး လက်တွေကို မြှောက်ကာ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောပြီး သီချင်းဆိုခဲ့တယ်။

အဲ့ဒီအချိန်က လူတိုင်းက သူ့ကို နောက်နေတယ်လို့ပဲ ထင်ခဲ့တာပေါ့။

မျှော်လင့်မထားဘဲ ရုတ်တရက် သူက သူ့ရဲ့ မျက်နှာကို ကုတ်ဖဲ့နေခဲ့တယ်။

သူက အလွန်ပြင်းပြင်းကို ကုတ်ဖဲ့လိုက်ပြီး မျက်နှာတစ်ခုလုံးသွေးစီးနေသည်။

သူရဲ့ ဇနီးကလည်း အလွန်ကြောက်လန့်ပြီးတော့ ငိုတော့တာပေါ့၊ ရွာထဲက လူတွေက ချက်ချင်းပဲ သူ့ကို သွားတားကြတယ်။"

"ဒါပေမယ့် မျက်လုံးတစ်မှိတ်အတွင်းမှာပဲ သူက... သူရဲ့ လည်ပင်းကို ကိုယ်တိုင်ဆုတ်ဖြဲလိုက်သည်။ ငါပြောတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်နိုင်မှာတောင် မဟုတ်ဘူး၊ ဒါက လည်ပင်းတစ်ဖက်ကို ဆုပ်ကိုင်ပြီး အရေပြားကဲ့သို့ဆွဲဖြဲလိုက်တဲ့အခါ အသားတွေနဲ့ သွေးတွေအားလုံးပဲ့ထွက်ကျလာခဲ့တယ်"

"အဲ့ဒီအချိန်မှာ လူတိုင်း လန့်ဖျပ်သွားခဲ့ကြပြီး ဇာတ်စင်ပေါ်မှာ သီဆိုနေတဲ့ အော်ပရာအဖွဲ့ဝင်တွေလည်းအံ့အားသင့်နေခဲ့ကြတယ်။

ဒါပေမယ့် လူတွေကို ပိုပြီး စဉ်းစားမိစေတဲ့ အရာက မစ္စတာဝမ်ရဲ့ အိမ်က ပစ္စည်းတွေ ရွှေ့ထားတဲ့ သူတွေက တစ်ယောက်ပြီးတစ်ယောက် ရယ်မောပြီးတော့ ဇာတ်စင်ဆီကို လျှောက်သွားခဲ့ကြတယ်။

ဒါကို ရွာသူကြီးမြင်တဲ့အခါ အခြားလူတွေကို အမြန်သွားတားဖို့ အော်လိုက်တယ်"

"နောက်ကျသွားခဲ့တယ်၊ သူတို့အားလုံးက မူးယစ်ဆေးသုံးထားတဲ့ သူတွေလို ပြေးခဲ့ကြတယ်။

သူတို့က ဇာတ်စင်ပေါ်မှာ ရယ်မောပြီး သူတို့ရဲ့ မျက်နှာတွေကို ကုတ်ဖဲ့ကြတယ်။

တစ်စုံတစ်ယောက်က ဇာတ်စင်ဆီကို ပြေးလာတာကို မြင်တဲ့အခါမှာ သူတို့က လည်ပင်းတွေကို ဆုတ်ဖြဲလိုက်ကြတယ်။

ခြောက်ယောက်မှ၊ ခုနှစ်ယောက်ခန့်ရှိပြီးတောာ့ အများစုက အဲ့ဒီက ယောက်ျားနှစ်ယောက်ရဲ့ ဇနီးတွေလည်း ပါခဲ့တယ်၊ သူတို့အားလုံး ဇာတ်စင်ပေါ်တွင်ပဲ သေဆုံးခဲ့ကြတယ်။

အော်ပရာအဖွဲ့ဝင်တွေလည်း ညတွင်းကြီးပဲ ပြေးခဲ့ကြပြီး ရွာထဲမှာတော့ ငိုကြွေးသံတွေနဲ့ ပြည့်နေခဲ့တယ်။

တစ်ချို့က မစ္စတာဝမ်ရဲ့ မိသားစုငါးယောက်က လုပ်ခဲ့တာလို့ ဆိုကြတယ်။

ဒါကြောင့် သူတို့က အဲ့ဒီတစ္ဆေအိမ်ကို မီးရှို့ပစ်မယ်လို့ ဆိုခဲ့ကြတယ်"

"ဒါပေမယ့် အဲ့ဒီလို အော်ဟစ်နေတဲ့သူကို သွားရှို့ဖို့ မေးလိုက်တဲ့အခါ သူက တစ်လှမ်းတောင် မလှမ်းရဲ့ဘူး။ ဟားဟား... လှမ်းတောင် မလှမ်းရဲဘူး။ မစ္စတာဝမ်ရဲ့ ပစ္စည်းတွေကို ယူလိုက်တယ်၊ ပြီးတော့ ဆိုးရွားစွာနဲ့ သေဆုံးခဲ့ရတယ်၊ သူ့ရဲ့ အိမ်ကို မီးသာသွားရှို့လိုက်လို့ကတော့ ဘယ်လိုတောင် ဖြစ်မလဲ?"

"ထိုသို့ အော်နေတဲ့ သူတွေက အခြားသူတွေကို သွားစေလိုခြင်းသာဖြစ်တယ်။

ဒါပေမယ့် အခြားသူတွေက အရူးမှ မဟုတ်တာ၊ ဒါ့ကြောင့် ဘယ်သူမှ တောင်ပေါ်ကို မသွားရဲတော့ဘူး။

ဒါပေမယ့် တောင်ပေါ်မှ ကလေးသီချင်းသံများကိုတော့ ကြားနေရသေးတယ်။

ဥပမာ- ချင်းမင် ပွဲတော်အချိန်မှာဆိုရင် မစ္စတာဝမ်တို့ မိသားစုသီချင်းသံတွေကို အမှန်တကယ်ကြားနေရတယ်။

အထူးသဖြင့် မစ္စဝမ်ရဲ့အသံက ကြည်လင်ပြီး စူးရှ တဲ့အတွက် လူတွေကို အိပ်မက်ကနေတောင် နိုးစေခဲ့တယ်။"

"ဒီဖြစ်ရပ်ကြောင့်ပဲ ရွာထဲက လူတော်တော်များများက ပြောင်းရွှေ့သွားကြပြီး ဆယ်စုနှစ်တွေ ကြာ​တာတောင် သူတို့တွေ ပြန်မလာခဲ့တော့ဘူး"

တုလင်း၏အဖိုးသည် အနောက်တိုင်းပုံစံ အိမ်လေးအကြောင်းကို ပြောနေခဲ့သည်။ ကျန်းရီက အလွန်အာရုံစိုက်စွာ နားထောင်နေခဲ့သည်။ ဒါပေမယ့် သူက မစ္စတာနျူး ကို ကြည့်ကာ သူ့ကို မေးလိုက်သည်- " အနောက်တိုင်းပုံစံ အိမ်ထဲက အခေါင်းကိစ္စကရော ဘာလဲ?"

"ငါ... ငါ့အဖေက ဒီပြဿနာကို ဖန်တီးခဲ့တာ...

"ကောင်းပြီ၊ မစ္စတာနျူရဲ့ အဖေ ဦးလေးနျူက လုပ်ခဲ့တာပါ။

မိသားစု အမွေပေါ့

သူရဲ့ အဖေက အရင်က အလွန်တန်ခိုးကြီးခဲ့တယ်။

အဲ့ဒိအချိန် ရွာထဲမှာ လူတွေ သေတော့ ငါတို့က ဦးလေးနျူကို ဖိတ်ခဲ့ကြတယ်။

သူကအနောက်တိုင်းပုံစံ အိမ်ရဲ့ အပြင်ဘက်မှာ ရပ်ပြီးကြည့်ကာ ရွာထဲရှိ အခေါင်းပြုလုပ်သူကို အခေါင်းငါးလုံး ပြုလုပ်စေခဲ့တယ်။

ဦးလေးနျူက အလွန်ခွန်အားကောင်းတယ်၊ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ထိုအခေါင်းတွေက အရမ်းကြီးမနေခဲ့ဘူး။

မစ္စတာဝမ်ရဲ့ မိသားစုက တော်တော်ပိန်တယ်၊ ဒါပေမယ့် ဦးလေးနျူက တစ်ယောက်တည်း အခေါင်းတွေကိုသယ်ပြီး တောင်ပေါ်က အိမ်ထဲသို့ ကိုယ်တိုင်ထည့်ခဲ့တယ်"

"နှစ်များစွာကြာပြီးနောက် ဦးလေးနျူက အနောက်တိုင်းပုံစံ အိမ်ကို မထိဖို့ပြောပြီး ၎င်းက သူ့အလိုလိုပြိုကျသွားမယ်လို့ ပြောတယ်။ တစ်ခုခု ထူးဆန်းတာထပ်ဖြစ်ပါက အိမ်ထဲသို့ဝင်ပြီး အခေါင်းကို ဖွင့်ကြည့်လိုက်ပါ။ ဘာတွေ ဖြစ်နေလဲဆိုတာကို သိလိမ့်မယ်လို့ ဆိုခဲ့တယ်"

"လင်းလင်း မတော်တဆဖြစ်ပြီးနောက် ငါက မစ္စတာနျူကို ရှာခဲ့တယ်။

မစ္စတာနျူက လင်းလင်းကို ကိုယ်တိုင်ခေါ်ဆောင်ပြီး တောင်ပေါ်ကို တက်ခဲ့တယ်။

သူက အခေါင်းကို ဖွင့်ကြည့်လိုက်တဲ့အခါ လင်းလင်းက အတွင်းမှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်! နောက်ပိုင်း မစ္စတာနျူက သူမကိုပွေ့ပြီးပြေးခဲ့တယ်။

ဤနည်းလမ်းကို ဦးလေးနျူ ဆီကနေ အမွေဆက်ခံထားပြီး ပတ်ဝန်းကျင်ရှိ ဘုရားကျောင်းတွေဆီကိုပြေးရမယ်၊ ဒါပေမယ့် ဘုရားကျောင်းအတွင်းသို့မဝင်ရဘူးလို့ ဆိုခဲ့တယ်။

အဇူတောင်သို့ ရောက်တဲ့အခါ မစ္စတာဝမ်နှင့် သူရဲ့မိသားစုက လင်းလင်း ကို လွှတ်မလွှတ်ကို သိရှိမှာဖြစ်တယ်"

"စိတ်မကောင်းစရာက

အဇူတောင်ပေါ်မှာ မစ္စတာနျူက ငါတို့ရဲ့ အသက်တွေနဲ့ လင်းလင်းရဲ့ အသက်ကို လဲလှယ်ရလိမ့်မယ်လို့ ပြောခဲ့တယ်။

ငါတို့က လက်ခံလိုက်တဲ့အတွက် မစ္စတာနျူက အနောက်တိုင်းပုံစံအိမ်ရဲ့ တံခါးဝမှာ ငါတို့ရဲ့ မွေးသက္ကရာဇ်တွေကို မီးရှို့ခဲ့တယ်။

အဲ့ဒီနောက်ပိုင်း ငါတို့က တစ်နေ့ပြီးတစ်နေ့ဆုတ်ယုတ်လာခဲ့တယ်။

ဒါပေမယ့် အဖိုးတို့ သေသွားတာက ပြဿနာမဟုတ်ဘူး၊ အဖိုးတို့က အသက်ကြီးနေပြီဖြစ်တယ်။

အဖိုးတို့သမီးလေးက အလွန်ငယ်ရွယ်နေသေးတယ်၊ အဖိုးတို့ သေဆုံးသွားခဲ့ရင် သူမတစ်ယောက်တည်း ဘာလုပ်ရမှာလဲ?"

တုလင်း၏ အဖိုးသည် နက်ရှိုင်းစွာသက်ပြင်းချလျက် ပြောဆိုနေခဲ့သည်။ ကျန်းရီသည်အနောက်တိုင်းပုံစံ အိမ်ကို ထပ်မံကြည့်ကာ မေးလို​က်သည် " ဘာလို့ မစ္စတာဝမ်နဲ့ သူ့မိသားစုက လင်းလင်းကို နှောင့်ယှက်နေရတာလဲ?"

"သေချာတာပေါ့၊ သူမက ဘာဖြစ်ခဲ့တာကို မသိခဲ့ဘူး ဟားဟား...

အရင်ရက်တွေမှာ မိုးက သည်းထန်စွာ ရွာနေခဲ့တယ်။

တောင်က ပြိုလုနီးပါးတောင် ဖြစ်ခဲ့တယ်။

ဒါပေမယ့် ပြောရတာတော့ ထူးဆန်းတယ် တောင်မပြိုကျဘဲ ဆံထိုးတစ်ခုက စီးကျလာခဲ့တယ်။

အဲ့ဒီဆံထိုးက မစ္စတာဝမ်ရဲ့ အကြီးဆုံးသမီးဝတ်ဆင်ခဲ့တဲ့ဟာ ဖြစ်နေတယ်။

အဖိုး အဲ့ဒါကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။

အဲ့ဒီအချိန်က လင်းလင်းက အဲ့တာက တောင်ပေါ်က စီးကျလာတဲ့ ပစ္စည်းဖြစ်မှန်းကို မသိခဲ့ဘူး။

သူမက ကြည့်ကောင်းတယ်လို့ထင်ပြီး သူမနဲ့လိုက်ဖတ်မယ်လို့ ထင်ခဲ့တယ်"

"မစ္စတာဝမ်ရဲ့ မိသားစုက တော်တော်ကို အဆိပ်ပြင်းတယ်! သူတို့နဲ့ ပတ်သတ်သူ ဘယ့သူမဆို သေဆုံးရတယ်!"

All Chapters