← Chapters

ငါ့ကို ကန်းနေတယ်များ ထင်နေတာလား

Vol. 13 Ch. 176

ငါ့ကို ကန်းနေတယ်များ ထင်နေတာလား

Vol. 13 Ch. 176

လှေကားပေါ် တက်လာသူသည် အသက် ၄၀ အစောပိုင်းရှိသူဟု ထင်ရသည်။

သူ၏အသွင်အပြင်ကို ကြည့်လျှင် ဧကန်မုချ ဆွဲကြိုးချ သေခဲ့တဲ့သူဟု တွေ့နိုင်သည်။

အထူးသဖြင့် အပြင်သို့ ထွက်ကျနေသော ရှည်လွန်းသည့် လျှာက သူရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ပြနေသည်။

"ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ"

ထိုသရဲက ခေါင်းငုံ့ကာ ဖြေကြားခဲ့သည်။

" သင်က မစ္စတာ ဝမ်ဆိုရင် တုလင်းရဲ့ ဝိညာဉ်ကို ဘာလို့ ဒုက္ခပေးဖို့ ကြံစည်ရတာလဲ?"

မစ္စတာဝမ် သည် ကျန်းရီ ကို မော့ကြည့်ပြီး တုလင်းကို ထပ်ကြည့်လိုက်ကာ ထပ်မံခေါင်းငုံ့ခဲ့သည်။

"သူမက ဆံထိုးကို ကောက်ယူခဲ့တယ်။ ကျွန်တော်သေသွားရင်တောင် ဒီအိမ်ထဲက အရာတွေကို ဘယ်သူမှ ယူလို့မရဘူး"

"ဒါပေမယ့် ဒါက မိုးကြီးခဲ့လို့ ဖြစ်တာပဲလေ။ မိုးရေတွေက ဒီအိမ်ကို ဖြတ်ပြီး တောင်အောက်ကို ဆင်းသွားတယ်။ သူမကို အပြစ်တင်လို့ ဘယ်ရမလဲ"

ကျန်းရီ က အေးစက်စွာ မေးလိုက်တယ်။ မစ္စတာဝမ်က ခေါင်းငုံ့နေပြီး ဘာကို တွေးနေမှန်း မသိပေ။ ထို့နောက် ဒူးထောက်ကာ "ကျွန်တော် အပြစ်ဝန်ခံပါတယ်" ဟု ဆိုခဲ့သည်။

"ဘာအပြစ်ကို ဝန်ခံတာလဲ"

" မကောင်းဆိုးဝါး ဝိညာဥ် အဖြစ် ပြောင်းသွားပြီးနောက်မှာ ကျွန်တော့်ရဲ့ နာကြည်းမုန်းတီးမှုတွေကပြေပျောက်ဖို့ တော်တော်ခက်ခဲခဲ့တယ်။ အဲ့ဒီညက ကျေးရွာထဲမှာ လှည့်ပတ်နေတုန်း သူမရဲ့အိမ်ပြတင်းပေါက်သို့ ရောက်တဲ့အခါမှာ သူမရဲ့ လှပတဲ့ မျက်နှာကို မြင်လိုက်ရတယ်၊ ပြီးတော့ သူမမှာ ဝိညာဉ်အရင်းအမြစ် ရှိတယ်လို့ ထင်ရတဲ့အတွက် သူမကို အရင်သတ်ပြီး ဝိညာဉ်ကို ဝါးမျိုမလို့ပါ"

မစ္စတာဝမ် သည် တုန်တုန်ရီရီဖြင့် ပြောဆိုခဲ့ပြီး ကျန်းရီ ၏မျက်နှာက အလွန်အေးစက်သွားခဲ့သည်။

"သူမရဲ့ ဝိညာဉ်ကို ဝါးမျိုလိုက်လို့ မင်းအတွက် ဘာအကျိုးမှမရှိဘူး၊ ဟုတ်တယ်မလား?"

"ဒီလိုထက်မြက်တဲ့ တဲ့မိန်းကလေးတွေကို ငါမုန်းတယ်။ မိန်းကလေးတစ်ယောက်က ဘာအသုံးဝင်မှာလဲ။ ဘယ်လောက်ပဲတော်တော် နောင်တစ်ချိန် တခြားသူတစ်ယောက်နဲ့ လက်ထပ်ပြီး ပါသွားမှာပဲ"

မစ္စတာဝမ် ပြောနေစဉ် ကျန်းရီက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး "မင်းရဲ့ ဇနီးနှင့် သမီးတွေကော" ဟု မေးလိုက်တယ်။

"ဟားဟား...

မရှိတော့ဘူး၊ အကုန်လုံး မရှိတော့ဘူး။

ငါသေပြီးတဲ့နောက် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဝါးမျိုလိုက်တယ်။ ငါ, ဝမ်တချန် ကို ဘယ်သူလို့ထင်လဲ။ ငါက နာမည်ကြီး သရုပ်ဆောင်တစ်ဦးပဲ။ ငါ့မိသားစုကလည်း ချမ်းသာတယ်၊ ငါကလည်း အောင်မြင်ကျော်ကြားတဲ့သူ။ ဒါပေမယ့် ငါက ဘာလို့ ဝမ် မိသားစုရဲ့ နောက်ဆုံးလူဖြစ်နေရတာလဲ။ သူတို့အားလုံးက သားယောကျာ်းလေးတောင် မမွေးနိုင်တဲ့ ခွေးမတွေသာသာပဲ။

သမီးသုံးယောက်က ဘယ်လောက်ပဲတော်တော်၊ ဘယ်သူမှ ငါ့ရဲ့အမွေကို ဆက်ခံလို့မရဘူး။

ဒါဆို သူတို့တွေက ပြန်လည်မွေးဖွားခွင့်တောင် မရှိဘူး"

မစ္စတာဝမ် သည် အေးစက်စွာ ရယ်မောခဲ့သသည်၊ သို့သော်လည်း နောက်တစ်စက္ကန့်လောက်တွင် သူ၏ခန္ဓာကိုယ်သည် တန်ချိန် တစ်ထောင်လေးသောအရာဖြင့် ဖိချလိုက်သကဲ့သို့ ဖြစ်ကာ မြေပြင်ပေါ်သို့ ပြားကျသွားခဲ့သည်။

"ကြည့်ရတာတော့ မင်းက ငါနဲ့ ဒူးထောက်ပြီးတောင် စကားပြောဖို့ မတန်ဘူးထင်တယ်"

ကျန်းရီ က အေးစက်စွာပြောလိုက်သည်။ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပုရိတ်သတ်တွေက နားမလည်စွာဖြင့်

"စတွင်မာ၊ တုလင်း က ဆံထိုးကို ကောက်ယူခဲ့တယ်ဆိုပေမယ့် ပထမဆုံး တောင်ပေါ်တက်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ တုလင်း ရဲ့အဖိုးက တောင်ပေါ်မှာရှိနေပြီး တုလင်း က နောက်မှ လိုက်နေတာလေ"

ကျန်းရီက လှေကားထစ်ပေါ်တွင် ထိုင်နေပြီး သူ၏လက်တွင် ဓာတ်မီးကိုင်ထားကာ ဘေးတွင် ဆုလင်းကလည်း နားမလည်စွာနဲ့ ထိုင်နေခဲ့သည်။

" တုလင်း ကို တစ်စုံတစ်ရာက လှည့်စားနေတယ်လို့ အရင်ကပြောခဲ့တယ်လေ။ အဲ့ဒီညက သူက တုလင်း ရဲ့အဖိုးအရင်းမဟုတ်ခဲ့ဘူး၊ အခုမြင်နေရတဲ့ ဒီလူပဲ။ သရဲ တစ္ဆေ တွေက လူတွေကို အာရုံရှုပ်ထွေးစေတဲ့နေရာမှာ ကျွမ်းကျင်ကြတယ်။ သူက တုလင်းရဲ့ အဖိုးအဖြစ် ပြောင်းလဲပြီးတော့ သူမကို တောင်ပေါ်သို့ တဖြည်းဖြည်း ခေါ်ဆောင်သွားခဲ့တာ"

"ဒီအိမ်နောက်က ဂူတွေကတော့ရော"

"ဒီအဆောက်အအုံနောက်က ဂူတွေက ဘယ်ကလာတာလဲ။ ဒီနေရာက အရင်က သင်္ချိုင်းတစ်ခု ဖြစ်နိုင်တယ်၊ ဒါပေမယ့် အခုတော့ အဲ့ဒီ ဂူတွေ၊ ကျောက်တိုင်တွေက မရှိတော့ဘူး။

သူက တုလင်း ရဲ့ဝိညာဉ်ကို ဆွဲဆောင်ခဲ့တယ်၊ အဲ့ဒီအချိန်က အရာအားလုံးက သူကြောင့်ပဲ။

သူက ဂူကျောက်တိုင်မှာ ရေးခဲ့တဲ့ အဖိုး ဖြစ်တယ်"

"ဒါဆို...ဒီအနက်ရောင်ကြောင်ကရော။ အဲ့ဒီ ကြောင်နက်က မကောင်းဆိုးဝါးဆန်တယ်"

"အနက်ရောင်ကြောင်တွေက ဘာလို့ မကောင်းတဲ့ အရာလို့ ဘယ်သူပြောတာလဲ။ ရှေးအခါက အနက်ရောင်ကြောင်တွေကို မကောင်းတာတွေကို နှိမ်နင်းဖို့ အမြဲသုံးခဲ့ကြတယ်၊ သူတို့ကို ကျားနက်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကောလဟာလတွေ ထွက်လာပြီး အနက်ရောင်ကြောင်တွေက မကောင်းတာတွေယူလာတယ်ဆိုတဲ့ အသိပညာတစ်ခုက ဖြစ်လာတယ်။ ကြောင်နက်အန်လိုက်တဲ့ လက်ညှိုးက မင်းဟာမလား"

ကျန်းရီ က မစ္စတာဝမ် ကို ခနဲ့လိုက်ပြီး ရယ်မောခဲ့တယ်။

"ဒီရွာမှာ ဆရာတစ်ယောက် ရှိခဲ့လို့သာပေါ့။

အဲ့ဒီလူက မစ္စတာနျူ ဖြစ်ပြီး အရင်မျိုးဆက်တွေရဲ့ အမွေကို ဆက်ခံထားတဲ့သူ ဖြစ်နေခဲ့တယ်။

မင်းက တုလင်း ရဲ့အသက်ကို လိုချင်တယ်၊ ဒါပေမယ့် မစ္စတာနျူ က သဘောမတူခဲ့ဘူး။

လူတိုင်းက မင်းကို ကြောက်ကြတယ်၊ ဒါပေမယ့် သူတို့က မင်းကို မခုခံရဲဘူးလို့တော့ မဆိုလိုဘူး။

မစ္စတာနျူက သူ့အသက်နဲ့ တုလင်း ကို ကာကွယ်ခဲ့​တယ်၊ ငါသူ့ကို တွေ့ခဲ့သလိုပေါ့"

"မင်းရဲ့ အကောင်းဆုံးအစီအစဉ်ကို မစ္စတာနျူ ဖျက်ဆီးတာကို ကြည့်နေရုံပဲ တက်နိုင်ခဲ့တယ်။ ဒါပေါ့ သူက ဒီအတွက်ကို တန်ဖိုးတော့ ပြန်ပေးရမှာပေါ့"

ကျန်းရီ သည် တုလင်း၏အဖိုး နှင့် စကားပြောရာမှ အမှန်တရားကို သိရှိခဲ့ပြီးဖြစ်သည်-

"သူဒီကို လာခဲ့တာက ဒီအနောက်တိုင်းပုံစံ အဆောက်အအုံထဲက မကောင်းဆိုးဝါးကို ဘယ်သူမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာ သိလို့ပါပဲ။

သူက လုံးဝကို မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေခဲ့တာဖြစ်သည်၊ အလွန်ရက်စက်ပြီးတော့ ဟွမ်ဂူရဲ့ အဒေါ်ထက်တောင် ရက်စက်နေခဲ့သည်။ ဒါပေမယ့် သူ့စွမ်းရည်က မျက်နှာမဲ့လူ ထက် မလျှော့နေခဲ့ပေ၊ သူ့ရဲ့အမျက်ဒေါသက မျက်နှာမဲ့လူ ထက်တောင် ပိုပြင်းထန်နေခဲ့တယ်။

ဘာလို့လဲဆိုတော့ ဒီနေရာက တစ်ခါက စစ်မြေပြင်ဖြစ်ပြီး အလောင်းစွန့်ပစ်ရာ နေရာဖြစ်ခဲ့တယ်။ အလောင်းတွေကို မြှုပ်နှံခဲ့ပြီး သေသူတွေက များလွန်းတဲ့အတွက် စုစည်းနေတဲ့ အမျက်ဒေါသတွေက သူ့ကို ဖန်တီးခဲ့တာပဲ"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေကလည်း ဒီအချိန်မှာ နားလည်သွားခဲ့ကြပြီး၊ သာမာန်လူတွေထဲမှာလည်း တကယ့်ကျွမ်းကျင်သူတွေ ရှိတယ်ဆိုတာကို သိခဲ့ကြတယ်။

အခြားဆရာတွေအားလုံးရဲ့ တစ်ချို့တစ်ဝက်ကလည်း တကယ့် ဆရာတွေဖြစ်ကြောင်း သိလိုက်ရသည်။

တုလင်း ကို သေမင်းလက်ထဲကနေ တားဆီးနိုင်ခဲ့တာဟာ မစ္စတာနျူ မှာ အစွမ်းအစရှိလို့ပါပဲ။

ကျန်းရီ ဒီကိုလာတာက တုလင်း ရဲ့အဖိုးအဖွားတွေကြောင့်လည်း ပါနေခဲ့တယ်၊ သူတို့လည်း သေတော့မှာ ဖြစ်သည်။

တုလင်း ရဲ့စာထဲက တောင်းဆိုချက်က သူ့အဖိုးအဖွားတွေကို ဘာမှမဖြစ်စေချင်ဘူးဆိုတာပါပဲ။

ကျန်းရီ သည် ထိုအချိန်တွင် ထရပ်လိုက်သည်၊ ဒါပေမယ့် ထိုအချိန်တွင် တောင်အောက်မှ မီးအလင်းရောင်များ အများအပြားရောက်ရှိလာခဲ့သည်။

ထိုအလင်းများသည် ကျေးရွာထဲက ကျေးရွာသားများဖြစ်သည်။ တုလင်း ၏အဖိုးက စိုးရိမ်နေပြီးတော့ ကျေးရွာထဲက အားကောင်းသော လူငယ်များကို အကူအညီတောင်းခဲ့သည်။

ကျန်းရီ သည် အပြင်ဘက်ရှိ အလင်းများကို ကြည့်ပြီး "ကျေးဇူးပြုပြီး အထဲကို မဝင်ပါနဲ့အုံး။ ဒီမှာ ဘာမှ စိုးရိမ်စရာမရှိဘူး၊ ဒါပေမယ့် ညဘက်ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးမဝင်ပါနဲ့" ဟု အပြင်သို့ အော်ဟစ်ခဲ့သည်။

ကျန်းရီ ၏အသံသည် အပြင်ဘက်ရှိလူများကို ရပ်တန့်စေခဲ့သည်။

"မစ္စတာဝမ်ကတော့ မြေပြင်ပေါ်မှာ လဲလျောင်းနေရင်း တုန်ယင်နေခဲ့သည်။ ကျန်းရီ သည် သူ့ကို ကြည့်လိုက်ပြီး "ဘာဖြစ်တာလဲ မစ္စတာဝမ် ကြောက်နေပြီလား။ မင်းစိတ်တိုင်းကျ ကစားလို့ရတဲ့ အရာတွေကို ကြောက်နေတာလား"

"မင်းက မရိုးသားသေးဘူးပဲ။ ဒီလိုအချိန်မှာ ငါ့ကိုအရူးလုပ်ချင်သေးတယ်"

ကျန်းရီ ၏ အပြုံးသည် ပိုပြီးထူးဆန်းလာခဲ့ပြီး နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်မှာ လဲလျောင်းနေသော မစ္စတာဝမ် သည် ရုတ်တရက် ပြန်ထလာခဲ့သည်။

တုလင်းက လန့်ပြီး ကျန်းရီ ၏ လက်မောင်းကို ချက်ချင်း ဖက်လိုက်သည်။ ကျန်းရီ က သူမ၏ ပခုံးကို ပုတ်ပြီး "ဦးဒီမှာပါ" ဟု ပြောလိုက်သည်။

"မင်းက တကယ်ပဲ ခေါင်းမာပြီး ရယ်စရာကောင်းတဲ့အထိကို ဖြစ်နေတာပဲ။ ငါ မင်းကို တစ်ချက်ကြည့်ရုံနဲ့ ဖျက်ဆီးနိုင်တယ်ဆိုတာကို သိလား"

ကျန်းရီ ၏မျက်နှာသည် လုံးဝကို အေးစက်သွားခဲ့ပြီး မစ္စတာဝမ် ၏ မူလက နာကြည်းမုန်းတီးမှုတွေသည် တဒင်္ဂအတွင်း ပျောက်ကွယ်သွားခဲ့သည်။

"မင်းက ငါ အဲ့ဒီအရာတွေကို မသိဘူးလို့ ထင်နေတာလား။ မင်းအသက်ရှင်နေတုန်းက ဖုန်းရွှေ၊ ယင်ယန် သဘာဝ ကျွမ်းကျင်မှုတွေကို သိတယ်ဆိုပြီး ငါ့ရှေ့မှာ တစ္ဆေ အယောင်ဆောင်လို့ ရမယ် ထင်နေတာလား။ မင်းက မစ္စတာဝမ် မိသားစုအတွက် ဖုန်းရွှေကြည့်ပေးတဲ့သူက မင်းဆိုတာ ငါမသိဘူးများ ထင်နေတာလား"

All Chapters