← Chapters

တတိယဦးလေး ပေါ်လာခြင်း

Vol. 13 Ch. 181

တတိယဦးလေး ပေါ်လာခြင်း

Vol. 13 Ch. 181

ဖုန်းရဲ့ တစ်ဖက်ခြမ်းက အစ်ကိုလီဟာ သူ့သားအကြောင်းကို ပြောပြနေခဲ့တယ်။ အဲ့ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာတော့ တိတ်ဆိတ်နေခဲ့တယ်။

သူ့တို့စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာနေသလို။ လင်းထိန်နေတဲ့ အခန်းတစ်ခုထဲမှာ သူ့ရဲ့ ဖခင်ဟာ ပြတင်းပေါက်အပြင်ဘက်မှာ ရှိနေပြီး သူ့ရဲ့ အကြောက်တရားတွေကို မောင်းထုတ်ပေးနေတယ်။ ဒါပေမယ့် ကြောက်စိတ်တွေက မပျောက်ဘဲ ပိုဆိုးလာခဲ့တယ်။

ဒါကြောင့် အခန်းထဲက အထက်တန်းကျောင်းသားလေးဟာ အကြောက်လွန်ပြီး ဟစ်အော်နေခဲ့တယ်။

အိမ်အပြင်က ဖခင်ဟာ ပြန်ဝင်လာပြီး ကလေးကို တင်းတင်းကျပ်ကျပ် ပွေ့ထားပေးရုံပဲ တက်နိုင်ခဲ့တယ်။ သူမှာ ဘာမှမတတ်နိုင်ဘဲ လုံးဝမျှော်လင့်ချက်မဲ့နေပြီး အရုဏ်တက်တဲ့အထိ စောင့်နေရတယ်။

" မနက်မိုးလင်းတော့ ကလေးက ဘယ်လိုဖြစ်သွားလဲ" လို့ ကျန်းရီက အစ်ကိုလီကို မေးလိုက်တယ်။

အစ်ကိုလီက "နေထွက်တော့ အိပ်ပျော်သွားတယ်၊ တစ်ညလုံးနီးပါး မအိပ်ဘဲနေတာခဲ့ကြောင့် မနက်မိုးလင်းတော့ မခံနိုင်တော့ဘူး။ တစ်နေ့လုံး သူ့အနားမှာပဲ ငါနေခဲ့တယ်။ ဒါပေမယ့် စတွင်မာ ငါပြောစရာရှိတယ်"

"ဟုတ်ကဲ့ အစ်ကို၊ ပြောပါ"

"နေထွက်တာနဲ့ ငါ့အခန်းထဲမှာ အနံ့ဆိုးတွေထွက်လာတယ်။ တကယ်ပါ၊ အချိန်ကြာလာတာနဲ့အမျှ အနံ့ဆိုးက ပိုထင်ရှားလာတယ်။ တစ်ရက်ပြီးတစ်ရက် အနံ့က ပိုပြင်းလာတယ်၊ ဒါပေမယ့် အခန်းကို သေချာစစ်ကြည့်တော့လည်း ဘာမှမတွေ့ရဘူး။

ငါကြွက်သေတွေ၊ တခြားအိမ်မွေးတိရစ္ဆာန်အလောင်းတွေကို ရှာကြည့်ခဲ့တယ်၊ ဒါပေမယ့် ဘာမှမတွေ့ဘူး။ ဒါပေမယ့် အနံ့ဆိုးက တစ်ချိန်လုံးရှိနေတယ်" လို့ ဆက်ပြောတယ်။

ဖုန်းနဲ့ အစ်ကိုလီပြောတာကို နားထောင်နေတဲ့ ကျန်းရီရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ် "အစ်ကိုလီ အခန်းထဲမှာ အနံ့ဆိုးရှိတာ သေချာလား? လူသေအလောင်းအနံ့လိုလား?"

"မဟုတ်ဘူး၊ တိတိကျကျပြောရရင် ငါ့အိမ်မှာ အနံ့ဆိုးထွက်နေတာ"

ကျန်းရီက မျက်မှောင်ကျုတ်လို​က်ပြီး "ငါနားလည်ပြီ၊ ဒါပေမယ့် နောက်ဘာဖြစ်သွားလဲ? အဲဒီကို နောက်ထပ်သွားသေးလား?"

"သွားတာပေါ့။ ဘယ်လောက်ပဲ ကြောက်ကြောက် သွားရမှာပဲ။ ငါ့မိသားစုရဲ့ အသက်မွေးဝမ်းကြောင်းက အဲဒီဖရဲခြံပဲလေ။ ဖရဲသီးတွေ ဘာမှ ဖြစ်လို့မရဘူး၊ မကြာခင် သူတို့က ရင့်မှည့်တော့မယ်။ ဝယ်သူတွေနဲ့လည်း အဆက်သွယ်လုပ်ထားပြီးသား၊ ခူးဖို့အချိန်ကိုပဲ စောင့်နေတာ။

သုံးရက်မြောက်တဲ့နေ့ နောက်ဆုံးတော့ ငါသွားကြည့်ခဲ့တယ့။ နှစ်ရက်လောက် မကြည့်ဖြစ်တော့ အခင်းထဲက ဖရဲသီးတွေ အကုန်ပျက်သွားမှာကို ကြောက်နေတာ"

"ညဘက် သွားတာလား၊ နေ့ဘက် သွားတာလား?"

"ညဘက်သွားတာ"

"ဘာလို့ညဘက်မှာ သွားရတာလဲ? ဖရဲခြံက အိမ်ကနေ ဘယ်လောက်ဝေးလို့လဲ?"

"သိပ်မဝေးပါဘူး၊ တစ်မိုင်နှစ်မိုင်လောက်ပဲ။ တကယ်တော့ အိမ်ရဲ့အမိုးကနေ ကြည့်လိုက်ရင် ဖရဲခင်းကို မြင်နိုင်တယ်"

"ဒါဆို အဲဒီညမှာ ဖရဲခင်းကိုသွားတုန်းမှာ အဲဒီမှာ အစ်ကိုလီ အခြောက်ခံရသေးလား?"

"ဟုတ်တယ်၊ အခင်းထဲမှာ ဓာတ်မီးအလင်းတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာ ငါမြင်လိုက်ရတယ်။ တစ်ယောက်ယောက်က ဖရဲသီးခိုးနေတယ်လို့ ထင်ခဲ့တယ်။ အဲဒီအချိန်မှာ ကြောက်မကြောက်ဆိုတာကို ငါဂရုမစိုက်တော့ဘူး။ ငါ့ခေါင်းထဲမှာ ရူးသွပ်ချင်လာသလိုပဲ ခံစားရတယ်။

အိမ်ကနေ ပုဆိန်တစ်လက်ကောက်ယူပြီး အဲဒီကိုသွားလိုက်တယ်။ ဒီလိုမျိုး မကောင်းတဲ့အရာတွေ ဖြစ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်က ဖရဲသီးလာခိုးတာကို ငါဘယ်လိုခံနိုင်မလဲ?"

"ပုဆိန်နဲ့ ဖရဲခင်းကိုပြေးသွားခဲ့တယ်၊ ဒါပေမယ့် အဲဒီကို ရောက်တော့ ဖရဲသီးခြံအတွင်းကို အနှံ့လိုက်ကြည့်တယ်၊ ဘယ်သူမှမရှိဘူး။ ဒါပေမယ့် ဖရဲခင်းထဲမှာ အလင်းတစ်ခု မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာ ငါသေချာမြင်လိုက်ပါတယ်။

ခြံအတွင်းမှာ ခြေရာတွေရှိတယ်၊ ဒါပေမယ့် ကြည့်လေလေ ပိုကြောက်လာလေလေ။ ငါ့ဖရဲခြံအတွင်းမှာ ခြေရာတွေအများကြီးရှိနေတယ်၊ ဘယ်လိုမှ မရေတွက်နိုင်ဘူး။ ပြီးတော့ ခြေရာတွေက သိပ်ပြီး ကြာသေးတဲ့ပုံ မရဘူး။

ငါ အလျင်အမြန်ပဲ ခြံအတွင်းကနေ ပြေးထွက်လိုက်တယ်၊ ဒါပေမယ့် ခြံအပြင်ဘက်မှာ ဘယ်သူမှ ပြေးနေတာကို မတွေ့ရဘူး။

ခြံအတွင်းထဲကို ပြန်ဝင်သွားတော့မှ အတွင်းထဲမှာ ခြေရာတွေ မရှိတော့ဘူး၊ ငါ့ခြေရာကလွဲရင် တခြားခြေရာတစ်ခုမှ မရှိဘူး။

ငါလမ်းလျှောက်နေတုန်း ရုတ်တရက် နောက်ပြန်လှည့်ပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ ငါ့နောက်မှာ ခြေရာတွေရှိနေတယ်။ အဲ့ဒါက ခြေရာအသစ် တစ်စုံပဲ။

ငါတဖြည်းဖြည်း မတ်တတ်ထရပ်လိုက်တယ် ငါ့ရှေ့မှာ တစ်ယောက်ယောက်ရပ်နေသလို ခံစားနေရတယ်။ ပြီးတော့... ပြီးတော့ မီးအိမ်က ကွဲသွားတယ်၊ အလင်းက လုံးဝမရှိတော့ဘူး။

ဖရဲခြံ အတွင်းအပြင် လုံးဝမှောင်နေခဲ့တယ်၊ ငါ့လက်ချောင်းတွေတောင် မမြင်ရဘူး။ ဒါပေမယ့် ငါ့ရှေ့မှာ တစ်ယောက်ယောက်ရပ်နေသလို အမြဲခံစားနေရတယ်။ အဲဒီခံစားမှုက အရမ်းကို အစစ်အမှန် ဖြစ်လွန်းတယ်လို့တောင် ခံစားလိုက်ရတယ်။

အဲ့ဒီခံစားမှုက တဖြည်းဖြည်း လည်ပင်းထိ ရောက်လာပြီး ငါ့နှာခေါင်းနားကို ကပ်လာတယ်၊ ပြီးတော့ တဖြည်းဖြည်းချင်း အသက်ရှူရ ကြပ်လာတယ်။

"ဟူး...ဟူး...ဟူး...ဟူး..." ဆိုတဲ့ အသက်ရှူသံတွေက ရှည်လိုက် တိုလိုက်နဲ့ ထွက်လာခဲ့တယ်။

ဖုန်းရဲ့ တစ်ဖက်အခြမ်းက အစ်ကိုလီဟာ အသက်ရှူကြပ်နေတဲ့ အကြောင်းကို ရှင်းပြနေစဥ် ရုတ်တရက် တစ်ခုခုနဲ့ ညှပ်မိသွားသလို ဖြစ်သွားခဲ့တယ်။ ကျန်းရီက မြန်မြန်မေးလိုက်တယ်

"ဟေ့၊ အစ်ကိုလီ ဘာဖြစ်တာလဲ?"

"ဟေ့...အစ်ကိုလီ မင်း ဘာတွေဖြစ်နေတာလဲ?"

ကျန်းရီက နှစ်ခါတိတိ အော်လိုက်တယ်၊ ဒါပေမယ့် အဖြေပြန်မလာခဲ့ဘူး။ ဖုန်းထဲက ကြားရတဲ့အသံဟာ "ဟူး...ဟူး..." ဆိုတဲ့ အသက်ရှူသံတွေပဲ။

ကျန်းရီက အမြန်ဆုံး ဆုံးဖြတ်လိုက်ပြီး ဗီဒီယိုခေါ်ဆိုဖို့ကို ကြိုးစားလိုက်တယ်၊ ဒါပေမယ့် ပို့လိုက်တာနဲ့ ချက်ချင်းဖြတ်တောက်သွားတယ်။ ဒါပေမယ့် ဖုန်းဆက်သွယ်မှုကတော့ ဆက်ရှိနေဆဲပဲ။ ခဏလောက်ကြာတော့ အစ်ကိုလီရဲ့အသံက ပြန်ထွက်လာခဲ့တယ်

"စတွင်မာ အခုနက ငါ့အသံကို ကြားရဲ့လား? ဖုန်းထဲကို အော်နေတာ၊ ဒါပေမယ့် မင်းက စကားမပြောဘူး"

ကျန်းရီက မျက်မှောင်ကျုတ်လိုက်ပြီး ခဏလောက် စဉ်းစားကာ " အစ်ကို အဆင်ပြေရင် ပြီးတာပါပဲ၊ အစ်ကို့ မျက်နှာကို တစ်ခုခုဖိထားသလို ခံစားရတာ ဘယ်လောက်ကြာခဲ့လဲ?"

"မိနစ်အနည်းငယ်လောက်ပဲ၊ ငါမလှုပ်ရှားနိုင်ခဲ့ဘူး။ မမြင်ရတဲ့အားတစ်ခုက ငါ့လက်တွေ ခြေတွေကို ချုပ်နှောင်ထားသလိုဖြစ်နေတယ်။ ငါ့နားထဲမှာ အသက်ရှူသံတွေကိုပဲ ကြားနေရတယ်၊ ရှည်လိုက် တိုလိုက်ဖြစ်နေတယ်၊ အရမ်းကို တိုးလွန်းတဲ့ အသံပဲ။

ငါလှုပ်ရှားနိုင်တဲ့အချိန်မှာ ရှေ့ကို အမြန်ဆုပ်ကိုင်လိုက်တယ်၊ ဒါပေမယ့် ဘာမှမကိုင်မိဘူး။ ငါ အိမ်ကို အမြန် ပြန်ပြေးလာလိုက်တယ်။

ငါ့ဖရဲခင်းထဲမှာ တစ်ခုခုမကောင်းတာရှိနေတယ်ဆိုတာ ငါသိသွားပြီ၊ တစ်ယောက်ယောက်ကို ရှာပြီး အကူအညီတောင်းရမယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်ရင် ငါ တစ်နေ့တောင် အေးအေးဆေးဆေး နေနိုင်မှာမဟုတ်ဘူး"

"နောက်ပိုင်းမှာ တစ်ယောက်ယောက်ကို ရှာဖူးလား?" ကျန်းရီက ထပ်မေးတယ်။

အစ်ကိုလီက သက်ပြင်းချလိုက်ပြီး "မရှာဖြစ်ဘူး၊ အဲဒီညက ဖရဲသီးခြံအတွင်းကနေ ပြေးထွက်လာပြီး ထိပ်ဆုံးရောက်တော့ တစ်ယောက်ယောက်နဲ့ တွေ့လိုက်တယ်"

"ဘယ်သူလဲ?"

"တတိယ ဦးလေး"

"အမ်? တတိယဦးလေးက သေသွားပြီ မဟုတ်လား?"

"ဟုတ်တယ်၊ တတိယဦးလေး သေသွားလို့ပဲ ငါရပ်လိုက်တာ။ ဒါပေမယ့် တတိယဦးလေးက ငါ့ရှေ့မှာ ပေါ်လာတာ မဟုတ်ဘူး။

ဖရဲခင်း၊ ငါ့အိမ်၊ တတိယဦးလေးရဲ့ သင်္ချိုင်းဂူ၊ ငါ့အိမ်က အလယ်မှာရှိတယ်။ ဖရဲခင်းက အိမ်နောက်ဘက်က လယ်ကွင်းထဲမှာ၊ တတိယဦးလေးရဲ့ သင်္ချိုင်းက ငါ့အိမ်ရဲ့ မျက်နှာချင်းဆိုင်က တောင်ကုန်းပေါ်မှာ။

ငါပြေးနေတုန်း အဝေးကနေ တတိယဦးလေးရဲ့ သင်္ချိုင်းဂူရှေ့မှာ တစ်ယောက်ယောက် ထိုင်နေတာကို မြင်လိုက်ရတယ်...

သူက သူ့သင်္ချိုင်းရှေ့က ခုံပေါ်မှာ ထိုင်နေတယ်"

"တတိယဦးလေးက ဘာလုပ်ခဲ့လဲ?"

"တတိယဦးလေး... သူက၊ သူငါ့ကိုမြင်တော့ ထလာပြီး ငါ့ဆီကို ကြည့်နေခဲ့တယ်၊ လက်နှစ်ဖက်နဲ့ တုတ်ကိုင်ထားပြီး ငြိမ်ငြိမ်လေး ကြည့်နေတယ်... ပြီးတော့... ပြီးတော့ ငါ့နောက်မှာ တစ်ယောက်ယောက်ရဲ့ အသက်ရှူသံတွေ ထွက်နေတယ်၊ ဟူး...ဟူး...ဟူး...ဟူး!"

All Chapters