← Chapters

မြို့စောင့်နတ်ကွန်း

Vol. 13 Ch. 182

မြို့စောင့်နတ်ကွန်း

Vol. 13 Ch. 182

“အဲ့ဒီတုန်းကကျွန်တော် ရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်း မရ ဖြစ်နေခဲ့တယ်။ သူတို့က ကျွန်တော့်ကို လမ်းဆုံးတစ်နေရာကို တွန်းပို့နေသလိုခံစားနေရတယ်။

ဒါပေမယ့် ကျွန်တော် အံကြိတ်ပြီး ရှေ့ကိုသွားဖို့ ဆုံးဖြတ်ပြီး ရှေ့ကို လှမ်းလိုက်တဲ့အခါ၊ တတိယဦးလေးလည်း ကျွန်တော့်ဆီကို လာနေခဲ့တယ်။

ဒါပေမယ့် သူလာတာနဲ့ တစ်ပြိုင်နက် ကျွန်တော့်နောက်က အသက်ရှူသံက ရုတ်တရက်ပျောက်သွားခဲ့တယ်။

တတိယဦးလေးက ရပ်လိုက်ပြီး သူ့ဂူအနီးမှာ တိတ်တဆိတ်ရပ်နေပြီး ကျွန်တော့်ကိုစောင့်ကြည့်နေတယ်။ သူရယ်နေတယ်လို့လည်း ထင်မိလိုက်တယ်။”

“တတိယဦးလေး ဘာကြောင့်ရယ်နေတာလဲတော့ မသိဘူး၊ ခဏနေတော့ သူပျောက်သွားတယ်။ အဲ့ဒီတုန်းကကျွန်တော်အများကြီးမတွေးဘူး၊ အိမ်ကို အပြေး ပြန်ခဲ့လိုက်တယ်။”

“အဲ့ဒီညက ကျွန်တော်သား အနီရောင်ခေါင်းဆောင်းမတင်ခဲ့တဲ့ ညဖြစ်တယ်။

ကျွန်တော်စဉ်းစားမိတာက အနီရောင်ခေါင်းဆောင်းကို မီးရှို့လိုက်လို့ ဖြစ်တာလားပေါ့။

ဖရဲသီးတွေကို ရောင်းပြီးတဲ့နောက် ငါ ဒီအလုပ်တွေမလုပ်တော့ဘူး။

ငါ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်သွားရှာခဲ့တယ်။

ဖရဲသီးစိုက်တဲ့ မြေပေါ်ကို ဘယ်တော့မှပြန်မသွားချင်တော့ဘူး။”

“အစ်ကိုလီ၊ နောက်ပိုင်းမှာ တတိယဦးလေး ဂူကိုသွားသေးလား”

ကျန်းရီက မေးလိုက်တယ်၊ အစ်ကိုလီက ခဏလေးတုံ့ဆိုင်းပြီးမှ

“သွားခဲ့တယ်၊ နေသာတဲ့ နေ့တစ်နေ့မှာ သွားခဲ့တာ

တတိယဦးလေးရဲ့ မိသားစုထဲက လူတစ်ယောက်ကိုလည်း ခေါ်သွားခဲ့တယ်။

ကျွန်တော့်မိသားစုကိစ္စကို ရွာသားတွေကိုတော့ ဘာမှ မပြောခဲ့ဘူး။

ကျွန်တော့်သားရဲ့စိတ်နေစိတ်ထားကို သိနေတယ်လေ။

လူတိုင်းက သူ့ကို မကောင်းဆိုးဝါး ပူးကပ်နေတယ်လို့ပြောရင် သူဘယ်လို ခံစားရမလဲတောင် မသိဘူး။

ဒါ့ကြောင့် အဲ့ဒီတုန်းက တတိယဦးလေးက အိပ်မက်ထဲမှာပြောခဲ့တယ်လို့ ဆိုပြီး သူ့မိသားစုကို စုပြီးပူဇော်ဖို့ပြောခဲ့တယ်။”

“တတိယဦးဟာ အသက်ရှည်ရှည် နေခဲ့ရတဲ့သူတင်မကဘူး၊ ရွာမှာလည်း လေးစားခံရတဲ့သူဖြစ်တယ်။ ပြီးတော့... တတိယဦးက စစ်ပွဲတွေမှာတောင်ပါဝင်တိုက်ခိုက်ခဲ့ဖူးပြီး ဆုတံဆိပ်တွေလည်း ရခဲ့သူဖြစ်တယ်။ သူအသက်ရှင်နေတုန်းက အရမ်းကောင်းတဲ့သူပါ၊ သူသေပြီးနောက်မှာ ဘာကြောင့်ကျွန်တော့်ကိုဒုက္ခပေးရတာလဲမသိဘူး”

အစ်ကိုလီပြောပြီးတဲ့အခါ ကျန်းရီက ပြုံးပြီးမေးလိုက်တယ်၊

“ပူဇော်ပသတဲ့အချိန်မှာ ဂူထဲက သက်ပြင်းချသံ ထပ်ကြားရသေးလား”

“အဲ့ဒါတော့ မကြားရဘူး၊ ဒါပေမယ့် ပူဇော်ပသချိန်မှာ တတိယဦးလေးရဲ့မြေးက ကျွန်တော့်ကို တစ်ခုခု ပြောခဲ့တယ်”

“ဟမ်? ဘာပြောတာလဲ”

အစ်ကိုလီ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောလိုက်တယ်၊

“တတိယဦးလေးရဲ့မြေး ပြောတာက တတိယဦးလေးသေဆုံးတဲ့အချိန်က မနက်စောစော အချိန်

အဲ့မနက်စောစောမှာ မိသားစုထဲက အိမ်ပြန်နိုင်တဲ့ သူတွေ အားလုံးပြန်လာကြတယ်။

လူတွေအရမ်းများတယ်။

သူကအကြီးဆုံးမြေးဖြစ်တော့ ဈာပနပြီးတဲ့အခါ ရွာသားတွေလာကြတော့ သူကနှုတ်ဆက်ရတာပေါ့။

တတိယဦးလေးက ၉၈နှစ်အထိ ရှင်သန်ခဲ့တာဆိုတော့ ဝမ်းသာစရာ ဖြစ်တာပေါ့”

“သူပြောတာက လူတွေများတော့ သစ်သီးတွေ၊ နေကြာစေ့တွေ၊ ဆေးလိပ်နဲ့ လက်ဖက်ရည်တွေ ထုတ်ကျွေးရတယ်။

လူတွေများတော့ ပိုထုတ်ရတာပေါ့၊ စားပွဲအလိုက် ခွဲထားတယ်။

ဒါပေမယ့် စားပွဲတစ်ခုမှာ ဘယ်သူမှ မယူစားဘဲနဲ့ ပစ္စည်းတွေနည်းနေခဲ့တယ်။

စားပွဲပေါ်မှာ မသုံးရသေးတဲ့လက်ဖက်ရည်ခွက်တစ်ခုရှိနေတယ်၊ ကြမ်းပြင်ပေါ်လည်း နေကြာစေ့ခွံတွေအများကြီးရှိနေတယ်။

သူက လူတွေကိုမေးကြည့်လိုက်တယ် ဒီစားပွဲပေါ်က ဟာတွေ ဘယ်သူယူစားလဲဆိုပြီး၊ အားလုံးကမယူဘူးလို့ပြောကြတယ်။

သူ့မိသားစုထဲက လူတွေကိုပဲမေးတာပေါ့။

သူသေချာတာက ဒီစားပွဲမှာ ဘယ်သူမှ မရှိဘူးဆိုတာပဲ

ဘာလို့လဲဆိုတော့ ကြမ်းပြင်ပေါ်က ဒီလောက်များတဲ့ နေကြာစေ့ခွံတွေ ရှိဖို့ဆိုတာ အချိန်အကြာကြီးယူရတယ်လေ”

“သူတို့မိသားစုထဲက ဘယ်သူမှ အဲ့လိုကြာကြာ မရပ်ခဲ့ဘူး။

တတိယဦးလေးသေဆုံးခါနီးအချိန်မှာ သူတို့ပြောတာက တတိယဦးလေးက အိပ်ရာဘေးကို ကြည့်နေပြီးတော့ စားပွဲပေါ်က လက်ဖက်ရည်ခွက်ကိုညွှန်ပြနေတယ်တဲ့

အဲ့ဒီတုန်းက အားလုံးက တတိယဦးရေသောက်ချင်နေတာလို့ ထင်ပြီး ရေတိုက်ပေးခဲ့ကြတယ်၊

ဒါပေမယ့် တတိယဦးလေးက ခေါင်းခါလိုက်တယ်၊ ဘာဆိုလိုတာလဲဆိုတာမသိကြဘူး။”

“ကျွန်တော် တတိယဦးလေးရဲ့ ဂူကိုပူဇော်ပသတဲ့အချိန်မှာ သူ့မြေးက ကျွန်တော့်ကိုမေးတယ်၊ ‘အစ်ကိုလီ၊ ကျုပ်အဖိုးသေတဲ့အချိန်မှာ လက်ဖက်ရည်ခွက်ကို ညွှန်ပြနေတာက အိပ်ရာဘေးမှာတစ်ယောက်ယောက်ရှိနေလို့လား။ သူတို့ကိုရေတိုက်ဖို့ပြောတာလား’ ဆိုပြီး ​မေးခဲ့တယ်”

“တတိယဦးလေး မြေးရဲ့စကားက ကျွန်တော့်နှလုံးကို ခုန်သွားစေတယ်။

ကျွန်တော် ပြုံးပြီးမေးလိုက်တယ်၊ ‘မင်းလဲ အဲ့လိုထင်လား’

တတိယဦးလေးရဲ့ မြေးက ခေါင်းညှိတ်ပြီး ခေါင်းပြန်ခါပြတယ်၊ ‘ကျုပ်လည်းမသိဘူး၊ ဒါပေမယ့် စဉ်းစားလေလေ ပိုပြီးထူးဆန်းလာတယ်’

အဲ့ညကတည်းက အရမ်းထူးဆန်းနေတာ။

အဲ့ဒီအချိန်မှာ ကျွန်တော်ပြောလိုက်တယ် ‘ငါဝက်ခေါင်းယူလာတဲ့နေ့က မင်းအဖိုးဂူထဲကနေ သက်ပြင်းချသံကြားလိုက်ရတယ်’ ဆိုပြီးတော့”

“တတိယဦးလေးရဲ့ မြေးက ချက်ချင်းပြန်ပြောတယ်၊ ‘နေ့ခင်းကြောင်တောင်ကြီး ပေါက်ကရတွေ လာမပြောနဲ့ ’

“ငါ တကယ်ကြားတာဟ! “ လို့ ပြန်ပြောတော့

တတိယဦးလေး မြေးရဲ့မျက်နှာအမူအရာပြောင်းသွားပြီး သူထပ်မေးတယ်၊

‘အစ်ကိုလီ ၁၀နှစ်အကြာတုန်းက ကျုပ်အဖိုး နာမကျန်း ဖြစ်တုန်းကအကြောင်းမှတ်မိသေးလား’

ကျွန်တော်က ‘ မှတ်မိတာပေါ့၊ အဲ့ဒီတုန်းက အိမ်ကိုတောင် ရှင်းထားပြီး ရေခဲအခေါင်းတောင် ကြိုမှာထားတာလေ၊ သူ အသက်ထွက်မယ့် အချိန်ကိုပဲစောင့်နေတာ ”

“သူပြောတာက ‘ကျုပ်အဖိုးက အိပ်ရာဘေးကိုကြည့်ပြီး လက်ဖက်ရည်ခွက်ကို ညွှန်ပြနေတယ်!’

ကျွန်တော်ကြားတော့ ‘အမ် မင်းအဖိုးက ၁၀နှစ်တုန်းကလည်း အဲ့လိုပဲလား’

အဲ့ဒီတုန်းက တကယ်ကို ထိတ်လန့်သွားခဲ့တယ်၊

ဒါပေမယ့် သူ့မြေးက ဆက်ပြီးတော့

‘အစ်ကိုလီ၊ ဒီကမ္ဘာမှာ အဖြူအမည်း ဝူချန် ( ငရဲ ရဲ့ နတ်စေတမာန်) တကယ်ရှိတယ်လို့ ထင်လား၊ သူက ငရဲကလာပြီး အသက်ဝိညာဉ်တွေကို ခေါ်ဆောင်သွားရတဲ့ တမန်တော်လေ’ ဆိုပြီး ထက်​မေးခဲ့တယ်”

“ကျွန်တော်က ‘ အဖြူအမည်း ရှိမရှိတော့ မသိဘူး၊ ဒါပေမယ့် သရဲတော့ရှိတယ်’ လို့ပြောလိုက်တယ်။

ကျွန်တော်ပြောတော့ သူလည်းရယ်သွားတယ်၊ ပြီးတော့ နံ့သာတိုင်ထွန်းပြီး ပူဇော်ခဲ့ကြတယ်။

ကျွန်တော်ဆုတောင်းနေတုန်း စိတ်ထဲမှာ ‘တတိယဦးလေး ကျွန်တော့်ကိုမနှောင့်ယှက်နဲ့တော့’ လို့အကြိမ်ကြိမ်ရွတ်နေတယ်။

ကျွန်တော်ပြောပြီးတဲ့အချိန်မှာ လေတွေက တိုက်လာခဲ့တယ်၊ တတိယဦးလေးက ဘာကို ဆိုလိုချင်တာလဲ မသိခဲ့ဘူး။

ဒါပေမယ့် ကျွန်တော် မျက်နှာမော့ကြည့်လိုက်တဲ့အခါ ဂူကျောက်တိုင်ပေါ်မှာ နာမည်တစ်ခုတွေ့လိုက်ရတယ်။

သူက တတိယဦးလေး မိသားစုထဲက မြစ်တစ်ယောက်ဖြစ်နေတယ်၊ ဒါပေမယ့် ကျွန်တော့် သားနာမည်နဲ့တူနေတယ်!”

“ကျွန်တော့်သားက အသက်ပိုကြီးတယ်၊ သူ့ရဲ့ မြစ်က ပိုငယ်တယ်။

အဲ့နာမည်ကိုမြင်တော့ ကျွန်တော်စဉ်းစားမိလိုက်တယ်၊ တတိယဦးလေးက တစ်ခုခုကို ညွှန်ကြားချင်တာလား၊

ဒီကိစ္စက ကျွန်တော့်သား အမှားလား?

စတွင်မာ ကျေးဇူးပြုပြီး ကျွန်တော့်ကို စဥ်းစားပေးပါအုံး တတိယဦးလေးက ဘာကို ဆိုလိုတာလဲ ဆိုတာ”

အစ်ကိုလီက ဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်ကိုပြောပြီးတဲ့အခါ ကျန်းရီက မဖြေဘဲ မေးခွန်းတစ်ခုမေးလိုက်တယ်၊

“ဒီကမ္ဘာမှာ အဖြူအမည်းဝူချန် တကယ်ရှိတယ်လို့ မင်းထင်လား”

ကျန်းရီဒီလိုမေးတာကိုကြားတော့ အစ်ကိုလီက ခဏတုံ့ဆိုင်းသွားပြီး

“အရင်ကတော့မယုံခဲ့ဘူး၊ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲဝင်ပြီးတဲ့နောက် မယုံဘူးပြောရင် ဒီက လူတွေအများကြီးက ငါ့ကို ဝိုင်း​ပြောကြမှာပေါ့”

“ရှိတာ မရှိတာ အသာထား၊ ကျွန်တော်အတိအကျပြောနိုင်တာက အဖြူအမည်းတွေက လွတ်လွတ်လပ်လပ် မရှိဘူး။

ဒီကမ္ဘာပေါ်မှာ လူတွေက အရမ်းများတယ်။

မြို့ကြီး တွေမှာ နေ့တိုင်း၊ နာရီတိုင်းမှာ လူတွေ သေကြတယ်။

တကယ်တော့ ဝိညာဉ်ခေါ်ဆောင်တဲ့တမန်တွေရှိတယ်၊ ဒါပေမယ့် လူတိုင်းကို ခေါ်ဖို့က မဖြစ်နိုင်ဘူး။

မရဏနိုင်ငံမှာ သရဲတွေရှိသလို လူ့လောကမှာလည်း သရဲတွေရှိတယ်။”

“အစ်ကိုလီ၊ ကျွန်တော့် ခန့်မှန်းချက်မှန်ရင် မင်းနေရာနားမှာ မြို့စောင့်နတ်ကွန်းရှိတယ်မလား”

အစ်ကိုလီက ဒါကို ကြားတော့ ချက်ချင်းအော်ပြောလိုက်တယ်

“ရှိတယ်၊ နီးနီးလေးပဲ။ ၁၀မိုင်လောက် အကွာမှာ မြို့စောင့်နတ်ကွန်းတစ်ခုရှိတယ်!”

All Chapters