← Chapters

မောက်မာမှု

Vol. 129 Ch. 1925

မောက်မာမှု

Vol. 129 Ch. 1925

ပြောလိုက်သူက ပိန်ပါးပြီး ဆံပင် ခပ်တိုတိုနှင့် အမျိုးသား တစ်ယောက်ပင်။

သူ့နာမည် မာအန်းနုန် ဖြစ်ပြီး မာပိုထောင်၏ ဖခင် ဖြစ်၏။

နေ့ခင်းတုန်းက အလုပ်များနေသဖြင့် သူ့ ဒရိုင်ဘာကိုသာ စေလွှတ်လိုက်ရသည်။

ဤနည်းလမ်းဖြင့် သူ့သားကို ကျောင်းကြိုနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရဲအစုတ်အပျက်များက သူ့ အစီအစဉ်ကို ဖျက်စီးသွားခဲ့သည်။

“ လျိုဇီချန်း ကျုပ်ကို ပြောပြတာပဲ … အမှားအယွင်း ရှိမယ်တော့ မထင်ဘူး …”

ကျန်းဝန်လိုင် နက်မှောင်နေသည့် အမူအရာဖြင့် “ ကလေးတွေက ဟိုမှာပဲ ရှိသေးတယ်… စခန်းက ဘယ်လို ကိုင်တွယ်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲသေးဘူး .. ကျုပ်တို့တွေ သီးသန့်ဖြေရှင်းဖို့ သဘောတူညီချက် ရမှ အဆင်ပြေမှာ … မဟုတ်ရင် ဒီကိစ္စ ဖြေရှင်းနိုင်ဖို့က မလွယ်ဘူး …”

“ ချီးတဲ့မှပဲ …” မာအန်းနုန် ကျိန်ဆဲလိုက်ပြီး “ ဒီကောင်တွေ သူတို့ ဘယ်လိုလူတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ တကယ် နားမလည်ကြဘူး .. ဒီကိစ္စ ပြီးတာနဲ့ ကျုပ်တို့ အဲ့ကောင်ကို သင်ခန်းစာ ပေးဖို့လိုတယ်.. ကျုပ် သူ့ခြေထောက်တွေကို ချိုးပစ်ဦးမယ်…”

သူ ငယ်စဉ်တုန်းက ရူးမိုက်ပြီးမြေအောက်လောကတွင် ခေတ္တ ကျင်လည်ခဲ့ဖူးသည်။

ဤနှစ်များ၌ သန့်သန့်ရှင်းရှင်း နေထိုင်လာခဲ့သော်လည်း မာအန်းနုန်သည် အခြား မိဘများနှင့် နှိုင်းယှဉ်ပါက ပိုပြီး စရိုက်ကြမ်းသည့်ဘက်သို့ ယိမ်း၏။

“ အလျင်လိုစရာ မလိုဘူး … အရင်ဆုံး သူတို့နဲ့ သဘောတူညီမှု လက်မှတ် ရအောင် လုပ်ကြစို့ … အဲ့တာမှလည်း ကလေးတွေကို မနက်ဖြန် ပြန်ထုတ်လို့ရမှာ … ကျန်တာကိုတော့ ဖြည်းဖြည်းချင်းပဲ ကိုင်တွယ်ကြတာပေါ့ .. အဲ့ကောင်ကို ချိတ်က လွှတ်ပေးလိုက်လို့ မဖြစ်ဘူး …”

“ ခင်များပြောတာ မှန်တယ်… “ မာအန်းနုန် ခေါင်းညိတ်လိုက်သည်။ “ ဝင်ပြီး အရင် တစ်ချက်ကြည့်ကြတာပေါ …”

လူ နှစ်ဆယ်ကျော် အုပ်စုကြီးမှာ ဆေးရုံထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ကျိုးဟိုင် တတိယတန်းစား ဆေးရုံကြီးမှာ အစကတည်းက လူတို့ များများစားစား မရှိပါဘဲ ည အချိန် ဖြစ်သည့်အတွက်ကြောင့် ပိုပြီး တိတ်ဆိတ်လို့ နေခဲ့သည်။

ဧရာမ လူအုပ်ကြီး အထဲသို့ ဝင်လာသည်ကို မြင်တော့ ဧည့်ကောင်တာတွင် ဒရာမဇာတ်လမ်းတွဲ တိတ်တိတ်လေး ခိုးကြည့်နေကြသည့် သူနာပြုများနှင့် နာ့စ်များမှာ တုန်လှုပ်သွားခဲ့ကြ၏။

ပုံမှန်ဆို သူတို့လူနာဆောင်က ပြင်းထန်သည့် ကေ့စ်တို့ ဖြစ်လေ့ ဖြစ်ထ မရှိပေ။ အဘယ်ကြောင့် လူအများကြီး ရုတ်တရက်ကြီး ရောက်ချလာခဲ့ရသနည်း။

ထို့ပြင် ၎င်းတို့ အားလုံး၏ အမူအရာက ကြောက်မက်ဖွယ်ရာလည်း ကောင်းနေခဲ့၏။

“ ရှင်တို့ ဒီကို ဘာလာလုပ်တာလဲ ..” ငယ်ရွယ်သည့် နာ့စ်တစ်ဦးက ထပြီး မေးမြန်းသည်။

“ ငါတို့ ဒီကို လူနာလာကြည့်တာ ..” ကျန်းဝန်လိုင်က အသံနိမ့်ပြီး ပြန်ဖြေလိုက်၏။

ပြောပြီးနောက် လူအုပ်ကြီးမှာ ဧည့်ကောင်တာကို လျင်မြန်စွာ ဖြတ်ကျော်၍ တတိယ အလွှာသို့ ဦးတည်လိုက်ကြသည်။

တစ်ခုခု မူမမှန်သည်ကို ခံစားမိတော့ နာ့စ်မှာ တာဝန်ကျ ဒေါက်တာနှင့် လုံခြုံရေး ရုံးခန်းထံ အလျင်အမြန် ဖုန်းခေါ်လိုက်တော့၏။

ထိုစဉ် ကျန်းဝန်လိုင်နှင့် ကျန်သူများက အရိုးအကြော ကုသဆောင်သို့ ရောက်ရှိလာခဲ့ပြီး စွန်းပေ့ပေ့၏ လူနာခန်းကို ရှာတွေ့သွားခဲ့ကြသည်။

ပြီးနောက် ..

တံခါးကို ကန်ဖွင့်ပြီး အထဲသို့ ဝင်လိုက်သည်။

ကလေးမလေးကို ဂရုစိုက်နေသည့် သက်လတ်ပိုင်း စုံတွဲမှာ ဝုန်းဒိုင်း အသံများကြားတော့ ရှော့ခ်ရသွားခဲ့ကြ၏။ အလျင်အမြန် နောက်လှည့်ကြည့်လိုက်တော့ သူစိမ်းအုပ်လိုက်ကြီးက လူနာခန်းထဲ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

သို့သော်လည်း ထိုအချိန်ရောက်သည့်နှယ် စုံတွဲ နှစ်ဦးမှာ ဘာတွေဖြစ်နေလဲ နားမလည်ကြသေးချေ။

“ မင်းက စွန်းပေ့ပေ့ရဲ့ အဖေဖြစ်မယ်…”

“ ကျွန်တော်ပါပဲ … ဘာဖြစ်လို့လဲ …” စွန်းဖု ပြန်ဖြေလိုက်သည်။

“ ငါ လီရန်ဖုန်းရဲ့ အဖေပဲ … ငါ့သားက မင့်သမီးရဲ့ အတန်းဖော်ပဲ …”

လီရန်ဖုန်း ဟူသည့် နာမည်ကို ကြားတော့ စွန်းစုံတွဲမှာ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် လီရန်ဖုန်းက သူတို့ သမီးလေးကို ကျောင်းတွင် အနိုင်ကျင့်သည့် ကောင်လေးများထဲမှ တစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

“ မင်းတို့ ဒီကိုဘာလာလုပ်တာလဲ …”

စွန်းဖု၏ အမူအရာမှာ စောနကကဲ့သို့ ယဉ်ကျေးနေခြင်း မရှိတော့ချေ။ သူ၏ မျက်ဝန်းထဲ၌ ရန်လိုမှုတို့ဖြင့် ပြည့်နှက်နေသည်။

“ ဈေးပြောလိုက် … သဘောတူလက်မှတ်ထိုးဖို့ မင်း ဘယ်လောက်လိုချင်လဲ …”

“ ငါတို့ ပိုက်ဆံ မလိုဘူးကွ … ငါ့သမီး ဒီလိုမျိုး ဖြစ်သွားခဲ့တာ ငါတို့ တရားမျှတမှုပဲ လိုချင်တယ်…”

“ ငါ့ယီးကို တရားမျှတမှု ..” ကျန်းဝန်လိုင် ကျိန်ဆဲ၍ စွန်းဖုကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။

“ ငါ့ကို ပေါက်တတ်ကရတွေ လာမပြောနဲ့ … မင်း ဘာမှ ရစရာအကြောင်း မရှိဘူး .. မြန်မြန် သဘောတူညီကြောင်း လက်မှတ်ထိုးစမ်း …”

“ ထွက်သွား …. ငါ့သမီး အနားယူနေတာကို လာမနှောင့်ယှက်နဲ့ …” စွန်းဖု အော်ဟစ်လိုက်သည်။ “ပြီးတော့ တစ်ခါတည်း ပြောလိုက်မယ်… ငါတို့ တစ်ပြားတစ်ချပ်မှ လက်ခံမှာ မဟုတ်ဘူး … ဒီကိစ္စကို ရေဆုံးမြေဆုံးထိ လိုက်မှာ …”

“ ငိုးမသား မင်းက သေချင်နေတာပဲ ….”

“ ရှင်တို့ ဒါ ဘာလုပ်နေကြတာလဲ …”

ထိုအချိန်မှာပဲ လုံခြုံရေး ဌာနက လူများနှင့် ဝမ်လီမှာ အပြင်ကနေ ရောက်လာခဲ့ပြီး ဒေါသတကြီးဖြစ်နေသည့် ကျန်းဝန်လိုင်နှင့် မာအန်းနုန်ကို ရပ်တန့်စေလိုက်သည်။

မာအန်းနုန် တစ်ချက်လှည့်ကြည့်လိုက်၏။ သူ၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်။

“ ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး … ဘေးဖယ်နေ …”

“ လူနာ အနားယူနေတာကို မနှောင့်ယှက်နဲ့ … အခုချက်ချင်း ထွက်သွား … မဟုတ်ရင် ကျွန်မတို့ ရဲကို ဆက်သွယ်ရလိမ့်မယ်….”

ဖြောင်း …

မာအန်းနုန် ထောင်းခနဲ ဖြစ်သွားခဲ့ပြီး ဝမ်လီ၏ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။

“ ထွက်သွား … ဒီလာပြီး မျက်စိစပါးမွှေး လာစူးမနေနဲ့ …”

ဝမ်လီ ကြမ်းပြင်သို့ လဲကျသွားခဲ့ပြီး သူမနောက်ရှိ နာ့စ်များက အလျင်အမြန် ထူမပေးလိုက်ကြသည်။

ထိုအချိန်တွင် ဆေးရုံ၏ လုံခြုံရေး ဌာနရှိ လူများက မာအန်းနုန်နှင့် ကျန်သူများထံ ပြေးဝင်လာကြပြီး ၎င်းတို့အား အပြင်သို့ ခေါ်ထုတ်သွားရန် ကြိုးစားလိုက်ကြ၏။

သို့သော်လည်းပဲ ကျန်းဝန်လိုင်နှင့် မာအန်းနုန်တို့ ခေါ်လာခဲ့ကြသည့် ဘော်ဒီဂတ်များနှင့် အခြားသူများက ဆေးရုံ၏ လုံခြုံ‌ရေး အစောင့်များကို တားမြစ်လိုက်ကြကာ အပြင်သို့ မောင်းထုတ်လိုက်ကြသည်။

“ ဆက်ပြီး လွန်လာရင် ငါ့အဆိုးမဆိုနဲ့ …”

ဆေးရုံ လုံခြုံရေး အစောင့်များက သာမန်လူများသာ ဖြစ်ကြပြီး ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်များနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ဘာကောင်မှ မဟုတ်ကြချေ။

သူတို့အကုန်လုံးက တံခါးပေါက် အပြင်ဝတွင် ရပ်နေကာ တုတ်တုတ်မလှုပ်ဝံ့ကြတော့ချေ။

“ အစ်မဝမ် .. ဒီလူတွေ ကြည့်ရတာ ကိုင်တွယ်ရ လွယ်မယ့်ပုံ မပေါ်ဘူးနော်… ရဲကို ဖုန်းဆက်ကြရအောင် …”

“ ငါ့ရုံးခန်းထဲမှာ အရာရှိတစ်ယောက်ရဲ့ နံပါတ်ရှိတယ်… ငါနဲ့ အရင်လိုက်ခဲ့ …”

“ ဟုတ် …”

ကျန်းဝန်လိုင်နှင့် မာအန်းနုန်တို့က အပြင်ဘက်ရှိ လူများကို လျစ်လျူရှုထားပြီး စွန်းမိသားစုကို ဆက်ပြီးဖိနှိပ်ကြသည်။

“ ငါတို့အချိန်က အကန့်အသတ်ရှိတယ်… မင်းနဲ့ ပေါက်ကရတွေ ပြောဖို့ အချိန်မရှိဘူး …” ကျန်းဝန်လိုင် ပြောလိုက်ပြီး “ ယွမ်နှစ်သိန်း ၊ လောက်လား … ဒါ မင်းတို့ မိသားစု သုံးယောက်ကို တစ်သက်လုံး ကောင်းစားသွားစေနိုင်မယ့် ပမာဏနော်…."

ထိုသို့ ပြောပြီးနောက် ကျန်းဝန်လိုင်သည် သဘောတူညီမှု စာချုပ်ကို စွန်းဖုထံ ပစ်ပေါက်လိုက်ကာ “ မြန်မြန် လက်မှတ်ထိုးတော့ … ဒါ မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ …”

“ ဘယ်လို သဘောတူညီမှုမျိုးမှ လုပ်မှာ မဟုတ်ဘူးလို့ ငါ ပြောပြီးပြီ … မင်းတို့ ငါ့ကို ပိုက်ဆံ ဘယ်လောက်ပဲပေးပေး အသုံးမဝင်ဘူး …”

စွန်းဖု၏ စိတ်ခံစားချက်တို့က မြဲမြံပြီး ငွေပမာဏကြောင့် မယိမ်းယိုင်သွားခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် နေ့ခင်းဘက်တုန်းက ရဲအရာရှိတစ်ယောက် သူ့ကို ပြောသွားခဲ့သည်။ အကယ်၍ သူသာ သူ့သမီးအတွက် တရားမျှတမှုကို ရယူပေးစေလိုပါက သဘောတူညီမှု စာချုပ်တွင် မည်သို့မျှ လက်မှတ်မထိုးပေးဖို့ လိုသည်။

ထို့ကြောင့် သူ့ အသက် သေရင်သေပါစေ။ သူ လုံးဝ လက်မှတ် ထိုးပေးမှာ မဟုတ်ချေ။

ကျန်းဝန်လိုင်၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့ပြီး “ ငါက သဘောကောင်းတဲ့ လူမဟုတ်ဘူး … ညလယ်ကြီး ပဒီးပဒါးတွေ လာမပြောနဲ့ … မင်းအတွက် ကောင်းမှာ မဟုတ်ဘူး …”

“ ပြောနေတာတွေ တော်လိုက်တော့ … မင်း ဘာပဲ ပြောပြော ငါ မထိုးပေးနိုင်ဘူး … ငါ့ဘက်က ပြတ်တယ်… ငါ ဒီကိစ္စကို အဆုံးထိ လိုက်မယ်…”

“ ငါ - ိုးတဲ့မှပဲကွာ …”

ကျန်းဝန်လိုင် ခြေထောက်မြောက်ပြီး စွန်းဖုကို ကြမ်းပြင်သို့ ကန်ချလိုက်သည်။

ဟန်ကွေ့ကျစ်က စွန်းဖူကို အထိတ်ထိတ်အလန့်လန့်ဖြင့် ထူမပေးပြီး အော်ငေါက်လိုက်၏။ “ နင်တို့ အရမ်းလွန်မလာနဲ့ …”

“ ငါ … ကျန်းဝန်လိုင်က ကျိုးဟိုင်မှာ ဥပဒေပဲ …” ကျန်းဝန်လိုင် မောက်မာစွာ ဆိုလိုက်ပြီး “ ပြီးတော့ ရှင်းအောင် တစ်ခါတည်း ပြောလိုက်မယ်… မင်း ဒီနေ့ လက်မှတ်မထိုးဘူးဆို မင်း ထိုးတဲ့အထိ သေအောင် ရိုက်မယ်…”

“ သေတောင် မထိုးဘူး…”

“ ငိုးပဲ … မင်းက လွယ်တာကို ခက်အောင်လုပ်ချင်နေတယ်…”

မာအန်းနုန် ပြေးလာပြီး ဟန်ကွေ့ကျစ်းကို ဆောင့်ကန်လိုက်သည်။

တစ်ဖက်သူမှာ ကန်ချက်ကြောင့် နောက်သို့ လွင့်သွားခဲ့ပြီး နံရံနှင့် ခေါင်းဆောင့်ကာ ဘန်းခနဲ မြည်သံနှင့်အတူ သူမ၏ အမြင်များ ဝေဝါးသွားခဲ့သည်ဟု ခံစားလိုက်ရ၏။

“ ချီးပဲ ဒီခွေးသားကို ရိုက်ကြစမ်း … သူ သေတောင် လက်မှတ်မထိုးဘူးဆိုတာ ငါမယုံဘူး …”

ဒါဇင်ချီသည့် ဘော်ဒီဂတ်များက ရှေ့သို့ ပြေးတက်လာပြီး ပြင်းထန်သည့် လက်သီးချက်များနှင့် ခြေကန်ချက်များက စွန်းဖု၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့တော့သည်။

စွန်းဖုက သန်မာသော်လည်း ဤလူများ၏ ပြိုင်ဘက်တော့ မဟုတ်ချေ။ သူ့မှာ ဦးခေါင်းကို လက်ဖြင့်သာ ကာကွယ်ထားရင်း ရောက်လာသည့် ထိုးနှက်ချက်များကို တိမ်းရှောင်နေရသည်။

သို့သော် ဘော်ဒီဂတ်များက ငဲ့ညှာမှု လုံးဝ မပြကြချေ။ အနည်းငယ်မျှ ထိုးနှက်ရုံဖြင့်ပင် စွန်းဖု ခေါင်းပြဲသွားခဲ့ပြီး ကြမ်းပြင်တစ်ခုလုံး သွေးအိုင်လာသည်။

“ သမီးရဲ့ ဖေဖေကို မရိုက်ကြပါနဲ့ … သမီးရဲ့ ဖေဖေကို မရိုက်ကြပါနဲ့လို့ … ”

စွန်းပေ့ပေ့မှာ ကုတင်ပေါ်မှနေပြီး ကျယ်လောင်စွာ ငိုကြွေးနေလျက် ရှိ၏။ သူမ အောက်သို့ ဆင်းပြီး ပြေးကာ တားလိုက်ချင်သော်လည်း ကျိုးထားသည့် ခြေထောက်ကြောင့် မလှုပ်ရှားနိုင်ခဲ့ချေ။

အနီးအနားတွင် ရပ်နေသည့် မာအန်းနုန်သည် စွန်းစုံတွဲကို ကြည့်၍ နှာခေါင်းရှုံ့လိုက်ပြီး “ စွန်းဖု … မင်းက လက်မှတ်ထိုးဖို့ကို ငြင်းတယ်ပေါ့ ဟက် … အဲ့တော့လည်း ငါ့ အဆိုးမဆိုနဲ့ပေါ့ကွာ …”

All Chapters