← Chapters

လင်းရီရဲ့ အခွင့်အရေး

Vol. 129 Ch. 1929

လင်းရီရဲ့ အခွင့်အရေး

Vol. 129 Ch. 1929

ဆေးရုံဝင်ပေါက်ဝရှိ ကားထဲတွင် လင်းရီ ဖုန်းချလိုက်သည်။ ထို့နောက် ခရီးသည် ထိုင်ခုံသို့ ပစ်တင်လိုက်၏။

ယခုလို အချိန်မျိုး၌ ချင်းဟန်ဆီက ဖုန်းကို လက်ခံရရှိလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိသည်မှာ အမှန်ပင်။

အနည်းငယ် ဗြုတ်စဗျင်းတောင်း နိုင်သော်လည်း သေချာ ဂရုတစိုက်နှင့် တွေးတောကြည့်မည်ဆိုပါက ထိုအရာကလည်း ကောင်းသည့်အရာတစ်ခုပင်။

ကျီချင်းရန် သူတို့နှင့် အတူ ရှိမနေခဲ့လျှင်ပင် သတင်းက အချိန်တိုအတွင်း သူမနားထဲသို့ ရောက်ရှိသွားမှာ ဖြစ်၏။

သူမလည်း သူ အသက်ရှင်နေသေးသည့် ကိစ္စကို သိရှိသွားနိုင်သည်။

ဤသည်က သူ လိုချင်ပြီး မရနိုင်ခဲ့သည့် အခွင့်အရေးကောင်း တစ်ခုပင်။

သူ အသက်ရှိနေသေးကြောင်းကို လျှို့ဝှက်သည့် အသံတိတ်နည်းလမ်းပေါင်းစုံဖြင့် သူမသိအောင် အသိပေးရပေမည်။

ဤသို့ဖြင့် နောက်ဆက်တွဲ အစီအစဉ်များကိုလည်း ဖြည်းဖြည်းချင်း အကောင်အထည် ဖော်နိုင်သွားလိမ့်မည်။

ယခုလေးတင် ဖုန်းထဲ ပြောသွားခဲ့သည့် အကြောင်းအရာတို့ကတော့ လင်းရီ ရုတ်ချည်း ဖန်တီးလိုက်သည့် ဆင်ခြေတစ်ခုမျှသာ ဖြစ်၏။ မဟုတ်ပါက ဤကိစ္စကို ရှင်းပြနိုင်မည့် နည်းလမ်း သူ့တွင် ရှိမနေချေ။

ထို့ပြင် ဤကိစ္စက ရန်ချိန်သို့ ပျံ့နှံ့သွားပြီး မကြာမီ သူ့မိဘများလည်း အမှန်တရားကို သိရှိသွားခဲ့မည် ဖြစ်ကာ သူ့အတွက် အလုပ်အများအပြားကို သက်သာသွားစေလိမ့်မည်။

ဟူး …..

လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ရုတ်တရက်ကြီး အများအပြား သက်တောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရသည်။

သို့သော် သူ့ကိုယ်သူ တစ်တော့ပေါ် ရောက်နေခဲ့လိမ့်မည်လို့တော့ လင်းရီ မျှော်လင့်မထားခဲ့ချေ။ ကြည့်ရသည်မှာ အစိုးရ အရာရှိများက အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘဲ ပိတ်စို့တားမြစ်ဖို့ မေ့လျော့နေခဲ့ဟန်ပင်။

ကလင် ကလင် ကလင် …

မကြာမီ လင်းရီ၏ ဖုန်းသံမှာ တစ်ဖန် မြည်ဟည်းလာပြန်သည်။ သူ ယူကြည့်လိုက်တော့ ရန်စီထံက ဆက်သွယ်လာခဲ့ဖြစ်ကြောင်း သိရှိလိုက်သည်။

ထွေထူး စဉ်းစားနေစရာ မလိုချေ။ ကြည့်ရသည်မှာ သူမလည်း ဗွီဒီယို အတိုလေးမှတဆင့် သူ အသက်ရှင်နေသေးကြောင်းကို သိသွားခဲ့ဟန်ရသည်။

“ လင်း … လင်းရီလား ….”

ဖုန်းဝင်သွားသည်နှင့် ရန်စီ၏ တုန်ယင်နေသည့် အသံကို သူကြားလိုက်ရသည်။

“ ဘာတွေ စိတ်လှုပ်ရှားနေတာ … ငါ မသေသေးပါဘူးဟ …”

“ လင်းရီ … နင် … ကောင်စုတ် … နင် ငါ့ကို ပုန်းနေတယ်ပေါ့ ဟုတ်လား …”

ရန်စီ၏ အော်ဟစ်သံက ဖုန်းထဲမှ ထွက်ပေါ်လာပြီး သူမ၏ စိတ်ခံစားချက်တို့အား မည်သို့မျှ ဆက်လက် ချုပ်ထိန်းနိုင်ခြင်း မရှိတော့ချေ။

ကူကယ်ရာမဲ့စွာဖြင့် … လင်းရီ ထပ်မံ ရှင်းပြလိုက်ရပြီး သူမ၏ စိတ်ခံစားချက်များ တည်ငြိမ်စေရန်အတွက် ဖျောင်းဖျနှစ်သိမ့်ပေးလိုက်ရသည်။

“ အခု နင် ဘယ်မှာလဲ .. ငါ နင်နဲ့ တွေ့ချင်တယ်…”

“ တခြား လုပ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့ အခုတော့ အဆင်မပြေသေးဘူး … အဲ့တာတွေ ပြီးရင် အိမ်လာခဲ့လိုက်မယ်လေ…”

“ ဟုတ်ပြီ … နင် ဒီနေ့ လာကို လာခဲ့ရမယ်နော်… မလာရင် နင့်ကို ခုကစပြီး မခေါ်တော့ဘူး …”

“ ဟုတ်ပါပြီ … အိမ်မှာသာ စောင့်နေလိုက်ပါ မမရယ် …”

စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ ဖုန်းထဲက ပြောသည်နှင့် နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး စကားပြောသည်က ပိုကောင်းလေသည်။

လင်းရီ လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်ထားရင်း အတွေးနက်သွားခဲ့၏။ ယခုဆို သူ့အနားရှိ လူတိုင်း သူ မသေသေးကြောင်း သိသွားခဲ့ချေပြီ။ ဝမ်ရင်း တစ်ယောက်သာလျှင် ကျန်တော့၏။

ဗွီဒီယို မဖျက်ရသေးခင် သူမလည်း တစ်နည်းနည်းနှင့် သိသွားပါစေဟု သူ ဆုတောင်းမိသည်။ သို့မှသာ ဤကိစ္စက ရာနှုန်းပြည့် အောင်မြင်သည်ဟု မှတ်ယူ၍ ရပေမည်။

သတိမထားမိလိုက်ခင် အချိန်အတွင်းမှာပဲ နာရီဝက်ကျော် ကုန်ဆုံးသွားခဲ့ကာ လင်းရီ၏ ဖုန်းသံမှာ နောက်တစ်ကြိမ် မြည်ဟည်းလာပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ချိန်ပင်းချန်ထံမှ ဖြစ်၏။

“ ခေါင်းဆောင်ချိန် … “

“ မင်းငါ့ကို ပေးတဲ့ လိုင်စင် နံပါတ်ပြား လေးခုက ကျန်းဝန်လိုင် ၊ မာအန်းနုန်၊ လျောင်ကော်ရှန်းနဲ့ လျိုကျုံးတို့ ပိုင်တဲ့ ကားတွေပဲ … ဒီကားတွေ အကုန်လုံး အခု ဟွားရုံ ဟိုတယ် ဝင်ပေါက်ဝမှာ ထိုးရပ်ထားတယ်… ကြည့်ရတာ သူတို့အထဲမှာ ညစာ စားနေကြတယ်နဲ့ တူတယ်…” ချိန်ပင်းချန် ပြောလိုက်သည်။

“ ငါတို့ လူတွေ အခု အဲ့ကို ရောက်နေပြီ … တစ်ခါတည်း ဖမ်းလိုက်ရမလား …”

“ အလျင်လိုဖို့ မလိုဘူး … ကျုပ် အခုပဲ သွားလိုက်မယ်.. ခင်များလူတွေကိုသာ ကျုပ်နဲ့ ပူးပေါင်းပေးဖို့ မှာထားလိုက် …”

“ ငါ လာဖို့‌ရော လိုလား …”

“ မလိုဘူး မလိုဘူး မလိုဘူး …” လင်းရီ အလျင်စလို ပြန်ပြောလိုက်ပြီး “ ခင်များလို ဒိတ်ဒိတ်ကျဲကြီး ကိုယ်တိုင် ရောက်ချလာရင် သူတို့ကို သေအောင် ခြောက်လှန့်သလို ဖြစ်သွားတော့မှာပေါ့ … ကျုပ်ပဲ သွားလိုက်မယ်…”

ချိန်ပင်းချန် ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး “ ဒါဆိုလည်း ဟုတ်ပြီလေ… ဟိုမှာ တာဝန်ယူထားတဲ့လူက ဝမ်ကျန်းဆိုတဲ့သူပဲ … ငါ မင်းကို ခဏကျရင် သူ့အချက်အလက်တွေ ပို့ထားပေးမယ်… မင်းတို့နှစ်ယောက် တွေ့ကြပေါ့ … လိုအပ်တာရှိရင်လည်း သူ့ကို ခိုင်းလိုက် …”

“ ကောင်းပြီ … ကျေးဇူးပါ ခေါင်းဆောင်ချိန် …"

ညဉ့်နက်နေပြီ ဖြစ်ရာ လင်းရီ ချိန်ပင်းချန်၏ အနားယူမှုကို မနှောင့်ယှက်ချင်ခဲ့ချေ။ ထို့ကြောင့် လိုရင်းရောက်သည်နှင့် ဖုန်းချကာ ဟွားရုန် ဟိုတယ်သို့ ကားမောင်းထွက်လာခဲ့လိုက်လေသည်။

………..

ကျိုးဟိုင် ဟွားရုံဟိုတယ်က နှစ်တစ်ရာသက်တမ်း ရှိသည့် သမိုင်းနောက်ခံဖြင့် ကျော်ကြားသည့် နေရာတစ်ခု ဖြစ်သည်။

သို့သော်လည်းပဲ လွန်ခဲ့သည့် ငါးနှစ်ခန့်က ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုတို့ကြောင့် ဒေဝါလီခံလိုက်ရသေးသည်။ သို့သော်လည်းပဲ အဆုံး၌ ကုမ္ပဏီတစ်ခုက ၎င်းကို သိမ်းပိုက်လိုက်ကာ သူ့ရှိရင်းစွဲ နဂို ကျော်ကြားမှုကို ပြန်လည် အသက်သွင်းလာသည်။

၎င်းနောက် … ထိုနေရာက ကျိုးဟိုင်ရှိ ကြွယ်ဝသည့် လူတန်းစားတို့အတွက် ပထမ ရွေးချယ်စရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဟွားရုံ ဟိုတယ် အခန်း ၇၀၈တွင် လူဆယ်ယောက်ကျော်က ကြီးမားသည့် စားပွဲဝိုင်းကြီး တစ်ခုတွင် ဝန်းရံထိုင်နေခဲ့ကြ၏။

၎င်းတို့ အကုန်လုံးက အဖမ်းခံထားရသည့် ဒါဇင်ကျော်သည့် ကျောင်းသားများ၏ မိဘများပင်။

ထိုအထဲ သနားစရာ အကောင်းဆုံးကတော့ လီရန်ဖုန်း၏ အုပ်ထိန်းသူ ဝမ်နန်ပင်။

သူမသားက အထဲတွင် ရောက်နေရုံသာမက သူမသည်လည်း တရားစွဲခံရမလို ဖြစ်သွားခဲ့လိုက်သေးသည်။ သို့သော်လည်း သူမတို့ မိသားစု၏ နောက်ခံနှင့် ကြွယ်ဝသည့် အရင်းအမြစ်များကြောင့် အထဲ၌ ထိန်းသိမ်းခံထားရသည့်တိုင် တုန်လှုပ်ခြင်း မရှိပေ။

ယင်းက ထွေထူး ကိစ္စရပ်တစ်ခု မဟုတ်ပေ။

“ လာကြ … ကိုယ့်လူတို့ … ဒီနေ့ တစ်ခွက် သောက်ကြမယ်….”

ယခု ဖြစ်ရပ်၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ကျန်းဝန်လိုင်သည် သူ့ခွက်ကို မြှောက်၍ စိတ်အားတက်ကြွသည့် လေသံဖြင့် “ ငါတို့ဘက်က သဘောတူညီမှု လက်မှတ်ကို ရခဲ့ပြီးပြီ … မနက်ဖြန်ကျရင် ကလေးတွေကို အကုန် ခေါ်ထုတ်နိုင်ပြီ …”

“ ဒီအတွက် ညီကိုကျန်းကို ငါ တကယ် ကျေးဇူးတင်ရမယ်… သူ့ အိုင်ဒီယာကြောင့်သာ မဟုတ်ရင် ဒီပြဿနာက အခုလို လွယ်လွယ်လေး ဖြေရှင်းလိုက်နိုင်မှာ မဟုတ်ဘူး …” မာအန်းနုန် ပြောလိုက်သည်။

လူတိုင်း ကိုယ်စီ ဖန်ခွက်များကို မြှောက်လိုက်ကြက စားသောက်ပွဲရှိ လေထုက ပိုပြီး လှုပ်ရှားသက်ဝင်လာခဲ့တော့သည်။

“ ဒီပြဿနာက ဟို ရဲအရာရှိကြောင့်မို့သာ ပိုပြီး အလုပ်ရှုပ်သွားခဲ့တာ …” ကျိုးကော်ထောင် စကားဆိုလိုက်၏။

ရှိနေကြသည့် လူတိုင်းအတွက် သူတို့ ကလေးများ၏ ပြဿနာက ဖြေရှင်းပြီး ဖြစ်သဖြင့် နောက်ထပ် လှမ်းရမည့် ခြေလှမ်းကား လင်းရီ အမည်ရသည့် ရဲအရာရှိကို သင်ခန်းစာပေးဖို့ပင်။

“ ငါတို့ အဲ့ကောင်ကို ပြည်သူ့လုံခြုံရေး စနစ်အောက်က မောင်းထုတ်ဖို့ ကြံဆရမယ်… အဲ့လိုမှပဲ သူနဲ့ ရှင်းတဲ့အချိန်ကျ ပိုပြီး လွယ်ကူသွားမှာ …” ကျန်းဝန်လိုင် ပြောဆိုလိုက်သည်။

“ ကဏ္ဍ နှစ်ရပ်ကနေ ကျုပ်တို့ စလို့ရတယ်..” ကျိုးကော်ထောင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ဖြည်းညင်းစွာ ဆိုသည်။ “ ကျုပ်မှာက မီဒီယာနဲ့ ပတ်သက်ပြီး လွှမ်းမိုးမှု တချို့ရှိတော့ သူ့အကြောင်း မကောင်းသတင်းတစ်ချို့ ဖန်တီးပြီး ဖော်ထုတ်လို့ရတယ်… ပြီးရင် ခင်များတို့တွေက အဆက်အသွယ် တချို့ ရှာပြီး သူ့ကို ကန်ထုတ်လိုက် … ပြီးတာနဲ့ သူ့ကို လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ စာရင်းရှင်းလို့ရပြီ …’

ကျန်းဝန်လိုင် ခေါင်းညိတ်လိုက်သည်။ အဆိုပါ ချဉ်းကပ်နည်းလမ်း နှစ်သွယ်က တကယ်ကို ကောင်းသည့် အိုင်ဒီယာပင်။

“ အဲ့တာက နည်းနည်းလေး အလုပ်မရှုပ်လွန်းဘူးလား …” မာအန်းနုန်လည်း စီးကရက်တစ်လိပ်ကို ကောက်ကိုင်၍ ဖွာလိုက်ပြီး “ လူငှားပြီး အဲ့ကောင်ကို ရိုက်ခိုင်းလိုက်ရင် ဘယ်သူ သူ့ကို လုပ်သွားလဲ သူက သိမှာလား …”

ဤလူများ၏ မျက်လုံးထဲတွင် လင်းရီကို မည်သို့ ကိုင်တွယ်သည်က အရေးမကြီးပေ။ သူတို့အကုန်လုံးက ကျန်းဝန်လိုင်ကဲ့သို့ ချမ်းသာပြီး ကျိုးကော်ထောင်ကဲ့သို့ အဆင့်အတန်းနှင့် လူမှုရေးပိုင်းတွင် လွှမ်းမိုးမှု တချို့ ရှိကြသူများပင်။

အခြားတစ်ဖက်ရှိ လင်းရီကတော့ ဤအတိုင်း ပါမွှား ရဲအရာရှိလေး တစ်ယောက်သာ ဖြစ်ပြီး သူတို့၏ ရှုထောင့်အမြင်မှ ကြည့်ပါက လင်းရီသည် ဟောင်ရုံမျှသာ ဟောင်တတ်သည့် အာဝု‌လေးပင်။

နောက်ဆုံး၌ သူ ဘယ်လို အခြေအနေမျိုး ကျရောက်သွားမလဲဆိုသည်က သူတို့ ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းအပေါ် မူတည်နေသည်။

“ အဲ့အကြံလည်း မဆိုးဘူး … ဒါပေမယ့် သမာရိုးကျ နည်းလမ်းနဲ့ ဖြေရှင်းလို့ရမယ်ဆိုရင် မလိုအပ်တဲ့ စွန့်စားမှု‌တွေ မလုပ်တာ အကောင်းဆုံးပဲ … သူနဲ့ မတန်ဘူး ..” ကျန်းဝန်လိုင် ပြောလိုက်ပြီး “ ဘယ်လိုပဲပြောပြော သူ့အထောက်အထားက နည်းနည်း ရှော့ခ်ရှိတယ်လေ…”

“ ကောင်းပြီလေ…” မာအန်းနုန် ခုံနောက်သို့ မှီလိုက်ရင်း “ ဘယ်လိုပဲ ဖြစ်ဖြစ် ငါကတော့ ဒီကောင့်ကို သင်ခန်းစာ ပေးမှာပဲ .. မြေအောက်လောကမှာ ကျင်လည်နေတဲ့ ငါ့ညီကိုကောင်း တချို့ ရှိတယ်… ကြိုက်တဲ့ တစ်ယောက်ခေါ်ပြီး သူ့ကို သင်ခန်းစာ ပေးခိုင်းလိုက်လို့ရတယ်…”

“ ဒါဆိုလည်း အခု ဒီလောက်ပဲ … သူ့အကြောင်း ဆွေးနွေးတာ တော်ပြီ ..” ကျန်းဝန်လိုင် သူ့အရက်ခွက်ကို တစ်ဖန်ကိုင်မြှောက်လိုက်ပြီး “ သောက်ကြစို့ … ပြီးရင် ကံနိမ့်တာတွေ ပျောက်သွားအောင် ရေပူစမ်းနဲ့ မာဆတ် စီစဉ်ထားတယ်… ဘယ်နှယ့် … အသေးမွှား ကိစ္စလေးက ဒီလောက် စောက်လုပ်ရှုပ်ရတယ်လို့ကွာ …”

“ ဟို စွန်းပေ့ပေ့ ဆိုတဲ့ စောက်ကလေးလည်း ကျောင်းပြန်လာရဲလာကြည့် … ငါ့သားကို ခြေထောက်ရိုက်ချိုးပစ်ခိုင်းဦးမယ်.. ချီးပဲ …”

ဒေါက် ဒေါက် ဒေါက် …

ဒါဇင်ကျော်သည့် လူများက သူတို့ ဖန်ခွက်ကိုမြှောက်၍ ချီးယား လုပ်တော့မည့် အချိန်မှာပဲ ရုတ်ချည်း တံခါးခေါက်သံ တစ်သံကို ကြားလိုက်ကြရသည်။ ထို့နောက် တံခါး တွန်းပွင့်လာသည်။

ကျန်းဝန်လိုင်၏ ဒရိုင်ဘာနှင့် ဘော်ဒီဂတ်က အထဲသို့ ဝင်လာခဲ့ပြီး “ ဥက္ကဌကျန်း … ဒီနေ့ အစောပိုင်းက ရဲအရာရှိ ဒီကို ရောက်လာပါတယ်…”

All Chapters