← Chapters

သတ္တိ ဘယ်လောက်ကောင်းလဲ

Vol. 129 Ch. 1930

သတ္တိ ဘယ်လောက်ကောင်းလဲ

Vol. 129 Ch. 1930

“ သူလား … အဲ့ကောင် ဘာလို့ ဒီရောက်လာတာ …”

ကျန်းဝန်လိုင်နှင့် ကျန်သူများအားလုံး အနည်းငယ် အံ့အားသင့်သွားခဲ့ကြ၏။ ဆေးရုံက ထွက်လာခဲ့ပြီးသည်နှင့် သူတို့မှာ မည်သူ့ကိုမျှ မပြောပြဘဲ ဤနေရာသို့ တစ်ဝိုင်းလာအောင်ပွဲခံနေကြခြင်းပင်။ ထို့ကြောင့် သူတို့အကုန်လုံး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ကြ၏။

လင်းရီက ဒီနေရာကို ဘယ်လို ရှာတွေ့သွားခဲ့တာလဲတဲ့ ….

“ ကျွန်တော်လည်း အတိအကျတော့ မသိဘူး .. ဒါပေမယ့် သူ အခု ဒီကို ရောက်နေတယ် … ဒါပေမယ့် ဟိုတယ်ထဲတော့ ဝင်မလာသေးဘူး … သူက အပြင်မှာ ဖုန်းပြောနေတာ …”

ကျန်းဝန်လိုင်၏ ဘော်ဒီဂတ် ၊ ထန်ဖန့်ဖေးက ပြောလိုက်သည်။

လူတိုင်း၏ အမူအရာ ပြောင်းလဲသွားခဲ့၏။

လင်းရီ သူတို့ကြောင့်မို့ ဤနေရာသို့ ရောက်လာခဲ့သည်ကို သူတို့အားလုံး သိကြသည်။ ထို့ကြောင့် ဤကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုခုတော့ ကြံဆရတော့မည် ဖြစ်၏။

“ ငါတော့ … ငါတို့ကောင်တွေ အပိုလျှောက်လုပ်နေတာတွေ တော်သင့်ပြီ ထင်တာပဲ …..” မာအန်းနုန် ပြောလိုက်ပြီး “ သူက အခု ဒီတောင် ရောက်လာနေပြီလေ… သူ့ကို အမြန်ဆုံ ရှင်းပစ်လိုက်တာက ပိုမကောင်းဘူးလား …”

ကျန်းဝန်လိုင် ကျန်သူများဘက်သို့ တစ်ချက်ကြည့်လိုက်၏။

“ မင်းတို့ရဲ့ အမြင်ကရော …”

“ လောင်မာ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့ … တစ်ယောက်ယောက်ခေါ်ပြီး အဲ့ကောင်ခြေထောက်တွေ ရိုက်ချိုး ပစ်ခိုင်းလိုက် .. ပြီးရင် ထွက်ပြေးသွားခိုင်းလိုက် … အဲ့လိုဆို ဘာသက်သေမှလည်း ကျန်ခဲ့မှာ မဟုတ်ဘူး …” ကျိုးကော်ထောင် ပြောလိုက်သည်။

“ ကျန်တဲ့သူတွေကရော … တခြား ဘာအမြင်မှ မရှိကြဘူးလား …”

“ ကျုပ်ကတော့ ဒီအကြံ မဆိုးဘူးလို့ မြင်တယ်… သူက ဒီတိုင်း ရဲအရာရှိ သေးသေးလေး တစ်ယောက်ပဲ မဟုတ်လား … တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် သူတို့ ရုံးခွဲက ထွေထူး လုပ်ပြီး ဂရုစိုက်နေမှာ မဟုတ်ဘူး … ကျုပ်တို့တွေ တစ်ယောက်ယောက်ကို တိတ်တိတ်လေး လာဘ်ထိုးပြီး ဒီကိစ္စကို ဖြေရှင်းလိုက်လို့ ရနေတာပဲ…”

“ ဒီလိုဆိုလည်း လုပ်လိုက်ကြတာပေါ့ …” ကျန်းဝန်လိုင် ပြောလိုက်ပြီး “ ငါတို့ရဲ့ ဒရိုင်ဘာတွေကို ခေါ်ပြီး အဲ့ကောင်ကို တားခိုင်းလိုက် … ပြီးရင် လူရှင်းတဲ့ နေရာခေါ်သွားပြီး ရှင်းပစ်လိုက် .. ပြီးတာနဲ့ နိုင်ငံခြားမှာ ခဏလောက် ပုန်းနေလိုက်ရင် ဒီကိစ္စ ဖြေရှင်းပြီးသားပဲ …”

“ ကောင်းပြီ … လုပ်လိုက်ကြစို့ …”

….

ဟွားရုံ ဟိုတယ် အပြင်ဘက်၌ လင်းရီသည် ကားကို လမ်းတစ်ဘက်ခြမ်းတွင် ထိုးရပ်ထားပြီး ဝမ်ကျန်းနှင့် ဖုန်းပြောနေခဲ့၏။

မိနစ် အနည်းငယ်ခန့် ကြာပြီးနောက် မလှမ်းမကမ်း တစ်နေရာမှ လူတစ်ဦး အပြေးလေး ရောက်လာသည်။ သူက အသက် ၄၀ ခန့် ရှိမည် ဖြစ်ပြီး အနက်ရောင် အင်္ကျီလက်တိုနှင့် ဂျင်းကို ဝတ်ဆင်ထားခဲ့သည်။ သာမန် ရုပ်ရည်နှင့် ဖြစ်ကာ အရပ်အမောင်းကလည်း သာမန်ပင်။

သို့သော် ချိန်ပင်းချန်က သူ့ကို ဤလူနှင့် တွေ့ဖို့ စီစဉ်ပေးခဲ့သည့် တစ်ချက်နှင့်တင် ဤလူက အပေါ်ယံ မြင်နေရသလောက် မရိုးရှင်းကြောင်း သဘောပေါက်ဖို့ ကောင်းသည်။

“ မင်းက ဥက္ကဌလင်းပဲ ဖြစ်ရမယ်…”

လင်းရီကို မြင်သည်တွင် ဝမ်ကျန်း အရင်ဦးစွာ လက်ဆန့်တန်း၍ လက်ဆွဲနှုတ်ဆက်လာခဲ့၏။

“ ယဉ်ကျေးနေဖို့မလိုပါဘူး … ကျုပ်က ခင်များထက် အသက်ပိုငယ်တယ်… ရှောင်လင်းလို့ ခေါ်လို့ရတယ် .. ပြီးတော့ ကျုပ်တို့အကုန်လုံးက စနစ်တစ်ခုတည်းအောက်က လူတွေပဲလေ… ယဉ်ကျေးနေဖို့ မလိုပါဘူး …”

ဝမ်ကျန်း တဟားဟား ရယ်မောလိုက်၏။ “ ဒါဆိုလည်း ငါ အားမနာတော့ဘူးနော်… ငါ ခေါ်လာတဲ့ လူ ၂၀ က အပြင်မှာ စောင့်နေတယ်… အခု အထဲ ဝင်ကြတော့မလား …”

“ အလျင်လိုဖို့ မလိုပါဘူး … ကျုပ် အရင် အပေါ်တက်သွားပြီး အခြေအနေ တစ်ချက် ကြည့်လိုက်ဦးမယ်… ကျုပ်ဆီက သတင်းကို စောင့်နေလိုက် …”

“ အိုကေလေ… ဒါဆိုလည်း ငါစောင့်နေမယ်…”

“ အင်း …”

နှစ်ယောက်သား ခေတ္တ စကားပြောပြီးနောက် ဝမ်ကျန်း တစ်ယောက်တည်း ပြန်ထွက်ခွာသွားခဲ့သည်။ လင်းရီ သူ့အင်္ကျီ အဝတ်အစားကို သေချာ သပ်ရပ်အောင် ပြုလုပ်၍ ဟွားရုံ ဟိုတယ်ထဲသို့ ဝင်ရောက်လာသည်။

သို့သော် သူ ဟိုတယ်ဝင်ပေါက်ဝသို့ ရောက်သည့် အချိန်မှာပဲ ကားဆယ်စင်းကျော်၏ တံခါးများက တစ်ပြိုင်နက်တည်း ပွင့်လာခဲ့သည်ကို လင်းရီ သတိပြုမိလိုက်သည်။ ကျန်းဝန်လိုင်၏ ဒရိုင်ဘာနှင့် ကျန်သူများက လင်းရီထံသို့ လမ်းဓားပြများသဖွယ် ချီတက်လာခဲ့ကြ၏။

သူတို့၏ တရားဝင် ရာထူးက ဒရိုင်ဘာ ဆိုသော်လည်း သူတို့၏ အဓိက အခန်းကဏ္ဍက ဘော်ဒီဂတ်များပင်။

လူအုပ်ကြီးက ရုန့်ရင်းကြမ်းတမ်းသည့် မျက်နှာအမူအရာဖြင့် လင်းရီအနားသို့ ဝိုင်းရံလိုက်ကြ၏။

ဤသို့သော မြင်ကွင်းကိုတော့ လင်းရီ မျှော်လင့်မထားခဲ့ချေ။

သူ့မှာ တံခါးပေါက်ဝထဲသို့ မဝင်နိုင်သေးခင်မှာပဲ အပြင်၌မှာတင် ရပ်တန့်ခံလိုက်ရလေသည်။

သို့သော်လည်းပဲ ဤလူများ ယခုလို လုပ်ဝံ့သည့် အကြောင်းပြချက် တစ်ခုခုတော့ ရှိကိုရှိရမည်။

“ ညီကို … ငါတို့ မင်းနဲ့ စကားပြောစရာ ရှိတယ်…” ထန်ဖန့်ဖေးက ပြောလိုက်၏။

“ ငါ့ကိုလား ..” လင်းရီ ထန်ဖန့်ဖေးကို ကြည့်လိုက်ပြီး “ ဘာပြောမှာလဲပြော …”

“ ဒီမှာက လူတွေ အများကြီးနဲ့ဆိုတော့ ပြောလို့ဆိုလို့ သိပ်အဆင်မပြေဘူး … ဘေးကို သွားရအောင် …”

လင်းရီ အပြုံးလေးဖြင့် “ ငါက မလိုက်နိုင်ဘူး ဆိုရင်ကော ….”

“ မင်း မလိုက်ခဲ့လို့ မရဘူး … မင်း မလိုက်ဘူးဆိုရင် ငါတို့ အကြမ်းနည်း သုံးရမှာပဲ …”

“ ကောင်းပြီလေ… အကုန်လုံးက နိုင်ငံကြီးသားတွေချည်းကိုပဲ ဒီလိုမျိုး ကိစ္စတွေကို မသာမယာ ဖြစ်အောင် လုပ်ဖို့ မလိုပါဘူး … ငါ လိုက်ခဲ့ပေးမယ်…”

ထန်ဖန့်ဖေးနှင့် ကျန်သူများမှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာထက်တွင် အထင်အမြင်သေးသည့် အပြုံးတို့က ပန်းချီရေးဆွဲထားသကဲ့သို့ ပေါ်လွင်နေသည်။

၎င်းတို့ ပြောချင်နေသည်ကတော့ …

‘ မင်းဘာမင်း ဘာကောင်ကြီး ဖြစ်နေနေ … ဒီအချိန်မှာတော့ ငါတို့ပြောတာ နာခံရမယ် ‘ ဟူ၍ပင်။

“ ဒါဆိုလည်း ငါတို့နဲ့ လိုက်ခဲ့ …”

ထို့နောက် ထန်ဖန့်ဖေးသည် လင်းရီကို လမ်းကြားတစ်နေရာသို့ ခေါ်ဆောင်သွာခဲ့သည်။

“ မင်း ဒီနေ့ ရောက်လာခဲ့တာ ငါတို့ ဘော့စ်နဲ့ တွေ့ဖို့ ဟုတ်တယ်ဟုတ် …”

“ သိသိကြီးနဲ့ လာမေးနေတာလား … မဟုတ်လို့ ငါက ဒီကို ထမင်းစားဖို့ လာခဲ့ရမှာလား …”

“ ဒါဆိုရင်တော့ ငါ့ဘက်က အားနာပါတယ်လို့ပဲ ပြောနိုင်မယ်… ငါ့ဘော့စ်နဲ့ တွေ့ဖို့က မဖြစ်နိုင်ဘူး … ”

“ ဘာလို့ …”

“ ဘာလို့ဆို ဥက္ကဌကျန်းက မင်းနဲ့ မတွေ့ချင်ဘူး … နောက် ဒုတိယ တစ်ချက်အနေနဲ့ ငါမင်းကို တစ်ခု သတိပေးလိုက်မယ်… စွန်းပေ့ပေ့ရဲ့ အမှုကို မင်း ဒီလောက်နဲ့တင် တော်လိုက်တော့ … ထပ်ဝင်မစွက်ဖက်နဲ့တော့ … တစ်လ ယွမ်သုံးလေးထောင်လောက်ရတဲ့ အလုပ်လေးအတွက်နဲ့ ကိုယ့်အသက်ကိုယ် စွန့်စားရတာက မတန်ပါဘူး … ဟုတ်တယ်မလား … သူစိမ်းအတွက်နဲ့ မင်း အလုပ်ပြုတ်မယ်ဆိုရင် အဲ့တာက တန်တယ်လို့ မင်းထင်လား …”

“ အဲ့ဒီတော့ …. မင်းတို့ ငါ့ကို ဒီစကားပြောချင်လို့ ဒီနေရာ ခေါ်လာခဲ့တယ် ဆိုပါတော့ …” လင်းရီ မျက်ခုံးပင့်သွားခဲ့သည်။

“ သေချာပေါက်ပဲပေါ့ကွ …. မင်းသာ ဒီကိစ္စမှာ ထပ်ပြီး ဝင်မစွက်ဖက်တော့ဘူးဆိုရင် ငါတို့ ဘော့စ်က မင်းကို ဝမ်းပန်းတသာကြီး တွေ့ပေးလို့ရတယ်… ဒါပေမယ့် မင်းက ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ အဲ့ဒီရဲ့ အကျိုးဆက်တွေကို မင်းကိုယ်တိုင် ခံရမှာပဲ …”

“ စောက်ကျိုးနည်း စိတ်ဝင်စားဖို့ ကောင်းနေပြီ … ရဲကိုတောင် ဗြောင်တင်းတင်း ခြိမ်းခြောက်ဝံ့တဲ့ လူတွေကို ဒါ ပထမဆုံး ကြုံဖူးတာပဲ … မင်းတို့ကောင်တွေက တကယ်လည်း အထင်ကြီးစရာ ကောင်းကြပါတယ်…”

ပြောပြီးနောက် လင်းရီ ခြေထောက်မြှောက်၍ ထန်ဖန့်ဖေးကို ပိတ်ကန်လိုက်သည်။

တစ်ဖန်သူမှာ အချိန်မီ မတုံ့ပြန်လိုက်နိုင်ဘဲ နောက်သို့ လွင့်ပျံထွက်သွားခဲ့လေသည်။ သူ၏ အော်သံက လမ်းကြားတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့ပြီး အချိန်အတော်ကြာအောင် တည်ရှိနေတော့သည်။

ဤသို့သော ရုတ်တရက် ဖြစ်ပေါ်လာသည့် မြင်ကွင်းက အခြားသူများကို ကြက်သေသေသွားစေခဲ့၏။

သူက တစ်ယောက်တည်းလေ … လူဆယ်ယောက်ကျော်နဲ့ ရင်ဆိုင်ရတာ‌တောင် သူ့ဘက်က အရင်စပြီး တိုက်ခိုက်ဝံ့နေတယ်…

စစချင်းတုန်းက ထန်ဖန့်ဖေး၏ အတွေးတို့မှာ ရှိန်လောက်စရာ လူအုပ်ကြီးနှင့်တင် လင်းရီကို အပိုးကျိုးသွားစေရန် လုံလောက်နေပြီ ဟူ၍ပင်။ တစ်ဖက်သူ၏ ကန်ကျောက်ခြင်းကို ခံလိုက်ရလိမ့်မည်လို့ သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

“ မင်းကိုယ်မင်း ‘ရဲ’ဆိုတဲ့ အထောက်အထား ရှိနေရုံနဲ့ ငါတို့က မထိရဲဘူးဆိုပြီး ထင်နေတာလား …” ထန်ဖန့်ဖေး ရင်ဘက်ကို လက်ဝါးဖြင့် ဖိထား၍ အံကြိတ်ပြီး “ ငါ ဒီနေ့ မင်းခြေထောက်တွေကို ချိုးလိုက်ရင်တောင် မင်းမှာ ပြစရာ သက်သေ မရှိဘူးကွ ….”

“ မင်းတို့ကောင်တွေ တကယ်လွန်တယ်… ကြည့်ရတာ သူများအပေါ် နိုင်လိုမင်းထက် ပြုမူတာတွေက လုပ်ရတာ နေသားကျနေပြီနဲ့ တူတယ်… ဘာလို့ လူတိုင်းရဲ့ ခြေထောက်ကို ချိုးချင်နေရတာ … မင်းတို့ ကိုယ့်ကိုယ်ကို အဲ့လို အရည်အချင်းမျိုး ရှိရဲ့လားလည်း ပြန်မေးကြည့်လိုက်ဦး …”

“ ငါ -ိုးပဲ …” ထန်ဖန့်ဖေး ဒေါတကြီး ကျိန်ဆဲ၍ “ ညီကိုတို့ … အတူတိုက်ခိုက်ကြမယ်… ငါတို့ ဒီနေ့ ဒီကောင့် ခြေထောက်တစ်ဖက် ရိုက်ချိုးကြမယ်…”

လူဆယ်ယောက်ကျော်မှာ လင်းရီထံသို့ တစ်ပြိုင်နက် ချီတက်လာခဲ့ကြသည်။

သို့သော် သူတို့၏ အမြန်နှုန်းက လင်းရီ၏ မျက်လုံးထဲတွင် ပက်ကျိများ အပြေးပြိုင်နေသကဲ့သို့ ဖြစ်ပြီး ခြိမ်းခြောက်မှုကိုပင် မခံစားရချေ။

လင်းရီ တုံ့ဆိုင်းမနေဘဲ ထန်ဖန့်ဖေးကို ချက်ချင်း ပစ်မှတ်ထားလိုက်၏။

ရှေ့သို့ လှမ်းအနည်းငယ်ခန့် ပြေးတက်ပြီးနောက် လေပေါ်သို့ ခုန်တက်ကာ ထန်ဖန့်ဖေး၏ မျက်နှာကို ဖြတ်ကန်လိုက်သည်။

တစ်ဖက်သူမှာ အင့်ခနဲ မြည်သံပေး၍ ပါးစပ်ထဲမှ သွားအကျွတ်လိုက် ပျံထွက်သွားခဲ့လေသည်။

ထန်ဖန့်ဖေးကို ဖယ်ရှားပြီးနောက် လင်းရီ ကျန်သူများထံသို့ ပြေးသွားပြီး ၎င်းတို့ တစ်ယောက်ချင်းစီတိုင်းကို သူ၏ ခြေကန်ချက်များနှင့် အမှောက်သိပ်ပေးလိုက်၏။

တစ်မိနစ်ခန့်ကြာပြီးနောက် မှောက်နေသည့် လူဒါဇင်ကျော်၏ ရှေ့တွင် လင်းရီ တစ်ဦးတည်းသာလျှင် ထီးထီးကြီး မားမားမတ်မတ် ရပ်တည်နေခဲ့၏။

“ ပြောတော့ ခြေထောက်ချိုးမယ်လေး ဘာလေးနဲ့ .. အခုကျ ဘာလို့ မြေကြီးပေါ် မှောက်နေတာ …”

ထန်ဖန့်ဖေး၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုတို့ ကြီးစိုးနေခဲ့၏။ သူတို့အကုန်လုံးက ကိုယ်ခံပညာ လေ့ကျင့်ထားသူများ ဖြစ်ကြပြီး ကိုယ့်အရည်အချင်းအပေါ်တွင် ယုံကြည်ချက် အပြည့် ရှိသည်။

သို့သော် ယခု … ဤလူတစ်ယောက်တည်းက သူတို့ အားလုံးကို အသာအယာ အမှောက်သိပ်သွားခဲ့ရာ ဤတစ်ချက်ကပင် သူ၏ အရည်အချင်းက စိတ်ကူးမယဉ်နိုင်သည့် အဆင့်သို့တိုင် ရောက်ရှိနေပြီး ဖြစ်ကြောင်း ဖော်ပြနေသည်။

“ မြေကြီးပေါ် အိပ်မနေနဲ့တော့ … ငါ အခု ကျန်းဝန်လိုင်နဲ့ တခြားလူတွေဆီ စကားသွားပြောတော့မယ်… မင်းတို့ကောင်တွေလည်း လိုက်ခဲ့ရမယ် …” လင်းရီ အေးစက်စွာ ပြောလိုက်သည်။

All Chapters