မင်းကို လျော်ကြေးကောင်းကောင်းပေးမယ်
Vol. 129 Ch. 1931
သီးသန့်ခန်းထဲတွင်တော့ ကျန်းဝန်လိုင်နှင့် အခြားသူများမှာ အရက်ခွက်များကို ဆက်တိုက်မြှောက်ရင်း တို့စ်လုပ်နေကြကာ ပျော်ပျော်ပါးပါး သောက်စားနေခဲ့ကြ၏။
လင်းရီကို လေးလေးနက်နက်ပင် မမှတ်ယူခဲ့ကြချေ။ အားလုံး ပြီးသွားသည်နှင့် သူတို့ဘက်က ငွေအပြည့်ထုတ်ပေးကာ ဒရိုင်ဘာများအား နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရန်အတွက် စီစဉ်ပေးလိုက်မည်။
မည်သို့ပင်ဆိုစေ လင်းရီက ထွေထူး အရေးတယူပြုရလောက်သည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဟုတ်မနေချေ။ ထို့ကြောင့် သူတို့ လေးလေးနက်နက် သဘောမထားခဲ့ကြချေ။
“ လာ လာ လာ လာ လာ …. ဆက် သောက်ကြမယ်… သောက်ပြီးရင် နောက်ဒုတိယ တစ်ချီကို မာဆတ်မှာ ဆက်ကဲကြမယ်….” ကျန်းဝန်လိုင် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
အရက် နောက်တစ်ခွက် သောက်ပြီးနောက်တွင် ကျိုးကော်ထောင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
“ ဥက္ကဌကျန်း … မင်းလူတွေ အတော်ကြာနေပြီနော်… ဒီအချိန်လောက်ဆို ကိစ္စက ပြီးသင့်နေပြီ … ဖုန်းဆက်ပြီး တစ်ချက် မေးကြည့်ရအောင်လား …”
ကျန်းဝန်လိုင် နာရီတစ်ချက်ကြည့်လိုက်တော့ အမှန်ပင် မိနစ် ၂၀ ကျော်နေပြီ ဖြစ်ကြောင်းကို သတိထားမိလိုက်သည်။
“ အလုပ်ရှုပ်ခံမနေနဲ့ .. သူတို့အားလုံးက အတူ ရှိနေတာဆိုတော့ ငါပဲ မေးလိုက်မယ်..”
ကျန်းဝန်လိုင် သူ့ဖုန်းထုတ်ကာ ထန်ဖန့်ဖေး၏ နံပါတ်ကို နှိပ်လိုက်သည်။
သို့သော် ဖုန်းကျသွားသည့်တိုင် တစ်ဖက်က ပြန်ဖြေမလာချေ။
“ မကိုင်ဘူးတဲ့လား …”
ကျန်းဝန်လိုင် ရေရွတ်လိုက်မိပြီး ထို့နောက် ထန်ဖန့်ဖေးထံ တစ်ဖန် ဆက်သွယ်ကြည့်လိုက်သည်။ သို့တိုင် မည်သူမျှ ဖုန်းဖြေမလာချေ။
“ ဖုန်းကို ကားထဲ ထားခဲ့တယ်နဲ့ တူတယ်… ငါ့လူကို ဖုန်းဆက်ကြည့်လိုက်မယ်…”
ပြောပြီးနောက် မာအန်းနုန် ဖုန်းထုတ်ကာ သူ့ဘော်ဒီဂတ်ထံ ဆက်သွယ်လိုက်သည်။ သို့သော် ရလဒ်ကား မပြောင်းလဲသွားခဲ့ချေ။ ဖုန်းကို မည်သူမျှ မကိုင်ချေ။
“ ဘာတွေ ဖြစ်နေတာတုန်းဟ …” မာအန်းနုန် ရေရွတ်လိုက်ပြီး “ တစ်ယောက်က ဖုန်းထားခဲ့တာ ထားပါတော့ … ဒါပေမယ့် နှစ်ယောက်လုံး ဖုန်းထားခဲ့တယ်ဆိုတာကတော့ နည်းနည်းများသွားပြီ …”
“ လောစရာ မလိုပါဘူး … ကျုပ် ခေါ်ပြီး တစ်ချက် မေးကြည့်လိုက်မယ်…”
စားပွဲဝိုင်းရှိ အခြားသူများလည်း ဖုန်းကိုယ်စီ ထုတ်ကာ သူတို့၏ သက်ဆိုင်ရာ ဒရိုင်ဘာများထံသို့ ဆက်သွယ်လိုက်ကြ၏။
သို့သော် ထူးဆန်းစွာဖြင့် မည်သူကမျှ ဖုန်းမကိုင်ခဲ့ကြချေ။
ဤတစ်ကြိမ်တွင်တော့ လူတိုင်း စတင်ရေရွတ်မိသွားခဲ့ကြပြီး စားသောက်ဝိုင်းရှိ လေထုကလည်း ရုတ်ချည်း တိတ်ဆိတ်သွားလေတော့သည်။
ဘန်း …
ထိုအချိန်မှာပဲ လင်းရီ အပြင်ဘက်မှနေ၍ တံခါးကို ကန်ကျောက်ပြီး ဖွင့်ဝင်လာသည်။
“ ဘာတွေ အဲ့လောက်ထိ အရေးတကြီး ဖုန်းခေါ်နေတာ … အခြေအနေ ဘယ်လို ဖြစ်သွားလဲ အတော် သိချင်နေတယ် ဟုတ်လား …”
ကျန်းဝန်လိုင်နှင့် ကျန်သူများအားလုံး ရှော့ခ်ရသွားခဲ့ကြ၏။
လင်းရီ တစ်ဦးတည်းသာလျှင် ဝင်လာခဲ့သည်ဟုတ်ဘဲ သူတို့၏ ဘော်ဒီဂတ်များ ၊ ဒရိုင်ဘာများလည်း အနောက်က လိုက်ပါလာခဲ့သည်ကို သူတို့အားလုံး မြင်တွေ့လိုက်ကြရလေသည်။
အရေးကြီးဆုံးကတော့ သူတို့အားလုံးမှာ အညိုအမည်းစွဲအောင် ရိုက်နှက်ခံထားရခြင်းပင်။ သူတို့ ခန္ဓာကိုယ်တွင် သွေးများစွန်းထင်းနေခဲ့ပြီး အကုန်လုံးက ရှုမြင်မကောင်းသည့် အခြေအနေသို့ ကျရောက်နေခဲ့ကြသည်။
“ ဒါက …..”
ကျန်းဝန်လိုင်နှင့် ကျန်လူများအားလုံး ကြက်သေသေသွားခဲ့ကြ၏။ ကိစ္စရပ်တို့က ယခုလို အခြေအနေသို့ ဖြစ်ပျက်သွားလိမ့်မည်ဟု သူတို့တွေ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။
ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ် ဆယ်ယောက်ကျော်က ဤရဲအရာရှိကောင်လေး တစ်ယောက်တည်း၏ အမှောက်သိပ်ခြင်းကို ခံခဲ့ရသည်တဲ့လော။
“ ခင်များတို့တွေ အတော်လေး သတ္တိသိပ်ကောင်းကြပါတယ်… နစ်နာသူကို ခြိမ်းခြောက်ပြီး သဘောတူ လက်မှတ် ရေးထိုးခိုင်းရုံတင် မကသေးဘူး … ရဲကိုပါ ဘော်ဒီဂတ်တွေနဲ့ ခြိမ်းခြောက် ရိုက်နှက်ခိုင်းလိုက်သေးတယ် … ခင်များတို့ရဲ့ ဒီပြစ်မှုတွေက အနည်းဆုံးတော့ ထောင်ဆယ်နှစ်ပဲ …”
“ ငါတို့ကို ဒီစကားမျိုးပြောပြီး ခြိမ်းခြောက်နိုင်မယ်လို့ မင်းထင်လား …” ကျန်းဝန်လိုင် ပြောလိုက်ပြီး “ ငါတို့ကို သာမန်လူတွေလို့ မင်း တကယ်ကြီး ထင်နေတာလား …”
ဝုန်း …
လင်းရီ စားပွဲကို ကန်ပြီး မှောက်လှန်ပစ်လိုက်သည်။ မည်သူမျှ အချိန်မီ မရှောင်တိမ်းနိုင်လိုက်သည့်အတွက် ဟင်းရည်နှင့် ဝိုင်တို့မှာ သူတို့အပေါ် ဖိတ်ကျလာလေသည်။
“ ကျုပ် တကယ်ကြီး နားမလည်နိုင်တော့ဘူး … ခင်များတို့ကောင်တွေက တကယ်ပဲ ပိန်းနေတာလား … ဒါမှမဟုတ် ငပိန်းဆိုဒ်ပဲ ဖမ်းနေတာလား …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်မှာသာ အရည်အချင်း မရှိရင် ဒီအမှုကို လိုက်ဝံ့လိမ့်မယ်လို့ ခင်များတို့ ထင်လား …”
လင်းရီ၏ စကားက ကျန်းဝန်လိုင်နှင့် အခြားသူများကို ကြက်သေသေသွားစေခဲ့သည်။ သူတို့ ပြင်းထန်သည့် အဓိက ပြဿနာ တစ်ရပ်ကို ယခုမှ သတိပြုမိသွားခဲ့ကြ၏။
သူ့လို ဘာမဟုတ်တဲ့ ရဲအရာရှိတစ်ယောက်က ဘယ်သူမှ မလုပ်ဝံ့တဲ့ အလုပ်ကို လုပ်ရဲနေတာ ဘာကြောင့်ဖြစ်မလဲ …
တကယ်လို့ တခြားတစ်ယောက်သာဆိုရင် သူတို့ အနောက်တံခါးတွေ ဒီလောက်သုံးပြီးတာနဲ့ နောက်တစ်ရက်ဆို အလုပ်ပြုတ်နေလောက်ပြီ …
ဧကန္တ သူ့မှာ တခြား အထောက်အထား တစ်ခုခု ရှိနေတာများလား ….
“ အပိုတွေ လာမပြောနဲ့ …” ကျန်းဝန်လိုင် ပြောလိုက်ပြီး “ မင်းကြောင့်မို့ ငါ့ သမီး ထိန်းသိမ်းရေး စင်တာမှာ တစ်ညအိပ်လိုက်ရပြီ … ဒီ အတွက် မင်းဆီကနေ ကျိန်းသေပေါက် ဖြေရှင်းချက်တစ်ခု ယူရမှာပဲ …”
တစ်လှမ်းချင်း တစ်လှမ်း၊ လင်းရီသည် ကျန်းဝန်လိုင်ထံ လျှောက်လှမ်း၍ လာပြီး ၎င်းအား တစ်ဖန် ပိတ်ကန်လိုက်သည်။
ဘန်း ဘန်း …
ကျန်းဝန်လိုင် အနောက်ရှိ သစ်သားအင်္ကျီချိတ်တိုင်မှာ အပိုင်းပိုင်း ကျိုးသွားခဲ့ပြီး သူကိုယ်တိုင်လည်း ကြမ်းပြင်သို့ လဲကျသွားခဲ့ကာ အချိန်အတော်ကြာသည်ထိတိုင်အောင် ပြန်မထနိုင်ဘဲ ဖြစ်နေခဲ့သည်။
“ တကယ်လို့ ခင်များ သမီးက တရားဥပဒေရဲ့ ဆုံးမပဲ့ပြင်မှုကို မခံယူဘူးဆိုရင် လူတောသူတောထဲ ရောက်လာခဲ့ရင် ဘာစောက်သုံးမှမကျတဲ့ အလကား ဆန်ကုန်မြေလေး တစ်ယောက် ဖြစ်သွားခဲ့မှာ … ခင်များတို့ လူတွေက ကျုပ်ကို ကျေးဇူးတောင် တင်သင့်တာ ဘာလို့ ပြဿနာ ရှာချင်နေကြတာလဲ …”
“ မင်း စောက်ပေါက်တတ်ကရတွေ လျှောက်မပြောနဲ့ ဟေ့ကောင် ….” မာအန်းနုန် ငေါက်ငမ်းလိုက်ပြီး “ အ့ဒီ စွန်းပေ့ပေ့ဆိုတာ ကျေးတောသူမ … ငါတို့ သူ့ကို အနိုင်ကျင့်တော့ရော ဘာဖြစ်လဲ … ကျေးတောရွာက ဘာမှမဟုတ်တဲ့ ကျေးတောသူက ငါတို့ရဲ့ ရွှေကုတင်မြနန်းနဲ့ စံခိုင်းထားတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်လို့ရမှာလား …”
မာအန်းနုန်ကို လင်းရီ မှတ်မိသည်။ ထိုလူက ဆေးရုံရှိ စောင့်ကြည့်ကင်မရာ မြင်ကွင်းထဲတွင် အတော်လေး ဆိုးဆိုးရွားရွား ပြုမူခဲ့သည့်လူပင်။
“ ကျေးလက်က လူတွေထက် သာတယ်လို့ ထင်နေကြတာ ခင်များတို့လို လူချမ်းသာ လူတန်းစားတွေရဲ့ အတွေးပေါ့ … ဟုတ်လား .... ”
“ ဟုတ်တယ်… ငါတို့ တစ်နှစ်ရှာနိုင်တဲ့ ငွေက သူတို့ တစ်သက်လုံး ကြိုးစားလို့တောင် မမြင်ဖူးတဲ့ ပမာဏပဲ … ငါတို့က သူတို့ထက်သာတယ်… အနောက်မှာ ကျန်နေခဲ့ရင် လူတွေရဲ့ ချနင်းတာကို ခံရမှာပဲ … ကျေးကျွန် တစ်ယောက်လို အလုပ်လုပ်ရမယ်ဆိုရင်တောင် အဲ့တာ သူတို့နဲ့ တန်တဲ့ အရာပဲ …”
ဖြောင်း …
လင်းရီ လက်မြှောက်၍ မာအန်းနုန်၏ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။
“ ကျုပ်ပြောလိုက်မယ်… ခင်များတို့ရဲ့ နေ့ရက်ကောင်းလေးတွေ အဆုံးသတ်ပြီပဲ …”
“ ခင်များတို့တွေကိုပါ အထဲထည့်ရုံတင် မကဘူး … ခင်များတို့ မိသားစုကိုပါ ဒေဝါလီခံရအောင် ကျုပ် လုပ်ပေးမယ်…”
လင်းရီ တင်းမာစွာ ဆိုလိုက်ပြီး “ ခင်များတို့ လက်တွေကို ခင်များတို့ ပြန်ကြည့်လိုက် … စီးပွားရေး လုပ်ရင်းနဲ့ မကောင်းတဲ့ ကိစ္စတွေ အများကြီး လုပ်ထားကြတယ်… အချိန်ကျလာရင် မရေမတွက်နိုင်တဲ့ ပြစ်မှုတွေကြောင့် အပြစ်ပေးခံရလိမ့်မယ်… ဒီတစ်သက် ထောင်ထဲက ထွက်နိုင်ပါ့မလားဆိုတာတော့ တရားသူရဲ့ စိတ်အခြေအနေပေါ် မူတည်တာပဲ …”
“ ဟားဟား …”
ကျန်းဝန်လိုင်သည် သူ့ နှုတ်ခမ်းထောင့်စွန်းမှ သွေးစသွေးနများအား သုတ်၍ နှာမှုတ်လိုက်၏။
“ မင်းကိုယ်မင်း မှန်ထဲ အရင်ကြည့်ပြီးမှ စကားပြောပါလားကွ … ဟမ် … မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ ငါတို့ကို ဒေဝါလီ ခံသွားရမယ်ဆိုပြီး လာခြိမ်းခြောက်နေတာ … မင်းမှာ အဲ့လို အစွမ်းအစမျိုး ရှိလား … ဝိတ်မပါဘဲ စကားပြောရင် အဲ့တာ အာပလာကောင်ကွ … ငါတို့မှာ ပိုက်ဆံရှိတယ်… ကြိုက်တဲ့ ပြစ်ဒဏ်ပေး … ငွေနဲ့ပေါက်ပြီး ရှောင်တိမ်းပြမယ်…”
လင်းရီ သူ့ဖုန်းကို သက်တောင့်သက်သာဖြစ်စွာ ထုတ်၍ သူ့ ဘဏ်အကောင့်ထဲရှိ ငွေပမာဏကို ပြလိုက်သည်။
“ ခင်များတို့ အိတ်ထောင်ထဲ ရှိတဲ့ ပိုက်ဆံ နှစ်ပဲခြောက်ပြားလောက်လေးနဲ့ ကျုပ်ရှေ့မှာ လာမကြွယ်ပြနဲ့ …”
လင်းရီ၏ ဘဏ်အကောင့်ထဲရှိ ငွေပမာဏကို မြင်တော့ ကျန်းဝန်လိုင်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သူ့ မျက်လုံးတို့မှာ မယုံကြည်နိုင်ဟန် ပြူးကျယ်သွားခဲ့လေသည်။
“ မင်း … မင်းမှာ ဘာလို့ ပိုက်ဆံ ဒီလောက် အများကြီး ရှိနေတာလဲ …”
“ အဲ့မေးခွန်းကို တရားသူကြီး ဖြေပေးလိမ့်မယ်…”
ပြောပြီးနောက် … လင်းရီ ဝမ်ကျန်းနှင့် ကျန်သူများကို ခေါ်ကာ ပြဿနာအား လက်စသတ်ခိုင်းလိုက်သည်။
နောက်ဆုံး၌ ကျန်းဝန်လိုင်နှင့် ကျန်သူများအားလုံး ဖမ်းဆီး ခေါ်ဆောင်သွားခံခဲ့ရလေသည်။ နောက်ဆက်တွဲ ကိစ္စရပ်များကိုတော့ အစိုးရအရာတို့ ကိုင်တွယ်မည်ဖြစ်ကာ သူ ဘာမျှ ဝင်ပါစရာ မလိုတော့ပေ။
လင်းရီ သူ့စိတ်ထဲရှိ စနစ်၏ စာမျက်နှာကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။
မစ်ရှင်ပြဇယားက ( ၅/၁၀) ပဲ ပြနေသေးကာ အမှုက ယခုထိတိုင် မပြီးဆုံးသေးကြောင်း ဖော်ပြနေသည်။ ဂျူရီအဖွဲ့၏ စီရင်ချက်ကျပြီးမှသာ ပြီးဆုံးကြောင်း မှတ်ယူမည့်ဟန်ပင်။
ဟိုတယ်ထဲက ထွက်လာခဲ့ပြီးနောက် လင်းရီ ဝမ်ကျန်းနှင့် တွေ့ကာ ခေတ္တစကားပြောပြီး ရန်စီ၏ နေအိမ်သို့ မောင်းထွက်လာခဲ့လိုက်သည်။
လင်းရီ တံခါးခေါက်လိုက်၏။ ထိုအခါ အတွင်းမှ အလျင်လိုသည့် ခြေလှမ်းသံတို့ ထွက်ပေါ်လာသည်။
ချပ်ခနဲ မြည်သံနှင့်အတူ တံခါး ပွင့်လာခဲ့ပြီး ရန်စီမှာ ဝိုင်နီရောင် ဂါဝန်ဝတ်စုံဖြင့် တံခါးပေါက်ဝတွင် ရပ်နေခဲ့သည်။
သူမ လင်းရီကို မြင်တွေ့သည့် အခိုက်အတန့်မှာပဲ တုံ့ဆိုင်းခြင်း မရှိ သူ့လည်ပင်းကို ပြေးဖက်၏။
“ နင် တစ်ချိန်လုံး ဘယ်တွေရောက်နေတာ … ငါ အရမ်း စိတ်ပူနေခဲ့တာ နင် သိရဲ့လား …”
“ မစ်ရှင် တစ်ခု လုပ်နေရလို့လေ… အဲ့ဒါတော့ ငါလည်း ဘာတတ်နိုင်မှာ …”
ရန်စီကို ပွေ့ဖက်လိုက်ပြီး “ ကဲပါ … မငိုနဲ့တော့ … ငါ အခု ပြန်ရောက်လာပြီလေ…”
လင်းရီသည် ရန်စီကို ခါးမှ ပွေ့ချီကာ တံခါးကို ခြေထောက်ဖြင့် ပိတ်ပြီး အိမ်ထဲသို့ ခေါ်သွား၏။
“ နင် ပြန်လာတာ ငါ့ကို ဘယ်သူက မပြောပြခိုင်းလို့လဲ ..” ရန်စီ အလျှော့ပေးလိုစိတ် မရှိသေးဘဲ “ ငါသာ လိုင်းပေါ်မှာ အဲ့ဗွီဒီယိုကို မတွေ့လိုက်ရဘူးဆိုရင် အခုချိန်ထိတောင် သိသေးဦးမှာ မဟုတ်ဘူး ဟွန့် …”
“ ငါ ပြောပြီးပြီလေ… မစ်ရှင်ကြောင့်ပါလို့ …” လင်းရီသည် ရန်စီ၏ တင်ပါးကို ဖျစ်ညှစ်လိုက်ပြီး “ ဒီည မင်းကို လျော်ကြေးကောင်းကောင်းပေးမယ်လေ ဟုတ်ပြီလား …”