← Chapters

အခန်း (၁၄၆)

Vol. 11 Ch. 146

အခန်း (၁၄၆)

Vol. 11 Ch. 146

"ဘာ မေနီဝါ သေပြီလား။ လိုက်ဖမ်းတဲ့အဖွဲ့မှာ လေးယောက်သေပြီး နှစ်ယောက် ဒဏ်ရာရတာလား "

အနီရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ဘုန်းတော်ကြီး ဟို့ခ်က ဒေါသထွက်နေခဲ့သည်။ သူ၏ပိန်

သွယ်သော မျက်နှာက ပြာတာကနေ ဖြူ၊ ဖြူတာကနေ ပြာ ပြန်ဖြစ်နေသည်။ သူ၏ထက်မြက်ပြီး ဆံပင်မရှိသော ခေါင်းပေါ်မှာဆို မီးခိုးများ ထွက်တော့မလိုပင်။

ဟို့ခ်သည် အံ့အားသင့်ပြီး ဒေါသထွက်မဆုံး ဖြစ်နေခဲ့သည်။ သူသည် ကြီးမားသည့် စစ်တပ်ကြီးကို ဦးဆောင်နေသော်လည်း စစ်သည်တစ်သောင်းလုံးကို လွတ်လွတ်လပ်လပ် အမိန့်ပေးနိုင်သည်ဟု မဆိုလိုပေ။ အမှန်စင်စစ် ဤစစ်သည်တစ်သောင်းထဲ၌ နောက်ခံနှင့် ရည်ရွယ်ချက် မတူညီသည့် အဖွဲ့အစည်းများစွာ ရှိနေသည်။

သန့်ရှင်းသော ဘုရားကျောင်း၏ သန့်ရှင်းသော သူရဲကောင်းများ၊ တရားစီရင်ရေးအဖွဲ့၏ အနက်ရောင် မြင်းစီးသူရဲကောင်းများ၊ ဂါးလိုရင် ဘုရင့်နိုင်ငံနှင့် ရိုင်းနီ ဘုရင့်နိုင်ငံ၏ စစ်တပ်များ၊ လမ်းတစ်လျှောက်မှ ဒေသခံ မြေပိုင်ရှင်များ၏ ကိုယ်ပိုင်တပ်များ စသည်ဖြင့် ဖြစ်သည်။

တစ်ဦးစီ၌ ကိုယ်ပိုင်အတွေးများ ရှိကြသည်။ တစ်ဦးစီ၌ ကိုယ်ပိုင်ကျောထောက်နောက်ခံများ ရှိကြသည်။

တော်ဝင်စစ်တပ်ကမူ အမြဲတမ်း သူတို့၏ အင်အားကို ထိန်းသိမ်းရန် ရည်ရွယ်သည်။

ဒေသခံ မြေပိုင်ရှင်များထဲ၌မူ သဘာဝနတ်ဘုရားမကို ပတ်၍ လှည့်ပတ်နေသည့် လူငယ်လေးများ အမြဲရှိသည်။

တရားကျင့်ကြံသည့် ဘုန်းကြီးများကမူ ဘုရားသခင်၏ ဘုန်းတော်မှလွဲ၍ မည်သည့်အရာကိုမျှ ဂရုမစိုက်ကြပေ။

တရားစီရင်ရေးအဖွဲ့ကမူ တစ်ခါတရံ လူတစ်ဦးကို ဖမ်းဆီး၍ ကွပ်မျက်ခြင်းမျိုး ပြုလုပ်တတ်သည်။

ဤစစ်တပ်၏ တပ်မှူးတစ်ဦးအနေဖြင့် သူသည် သန့်ရှင်းသော ဘုရားကျောင်းမှ ကြိုတင်သတ်မှတ်ထားသည့် မဟာဗျူဟာအတိုင်း စစ်တပ်ကို ကိုင်တွယ်နိုင်သော်လည်း အထူးတလည် လူသိရှင်ကြားမဟုတ်သည့် ကိစ္စရပ်များ…. ဥပမာအားဖြင့် ဘာသာခြားအချို့ကို ဖမ်းဆီး၍ ကွပ်မျက်ခြင်း၊ သင်္ဘောနစ်မြုပ်ပြီး မြစ်ကို ပိတ်ဆို့သည့် ဘာသာခြားများကို ရှာဖွေခြင်း၊ တပ်မှူးတစ်ဦးအနေဖြင့် သူ၏မျက်နှာကို ကယ်တင်ခြင်း….ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ရာ၌မူ...

သူ့အတွက် မေနီဝါအဖွဲ့က ရှားပါးပြီး အလွန်အစွမ်းထက်သည့် လက်နက်တစ်ခုပင်။

ထို့အပြင် ဂေါ်ဒွန် မေနီဝါကိုယ်တိုင်ကလည်း အဆင့် ၉ သူရဲကောင်းဖြစ်ပြီး မဟာသူရဲကောင်းဖြစ်ဖို့ တစ်လှမ်းသာ လိုတော့သည်။ ယခုလို အခြေအနေကို ပြန်မကယ်တင်နိုင်လျှင် မျက်နှာကို အတီးခံရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

"သဘာဝနတ်ဘုရားအကြီးအကဲရဲ့ ဂုဏ်သိက္ခာကို စော်ကားလို့မရဘူး! သန့်ရှင်းတဲ့ ဘုရားကျောင်းရဲ့ သန့်ရှင်းတဲ့ သူရဲကောင်းတွေကို ထိခိုက်စေသူတိုင်း သွေးနဲ့ ပြန်ပေးဆပ်ရမယ်!"

ခဏတာအတွင်း၌ပင် ဟို့ခ် ဆုံးဖြတ်ချက်ချလိုက်ပြီး ဂုဏ်သိက္ခာရှိစွာ မတ်တပ်ရပ်လိုက်ရာ သူ၏အနီရောင်ဝတ်ရုံက လေထဲ၌ တလွင့်လွင့် ဖြစ်နေ၏။

"ဆရာကြီး တာလန်တို ကျေးဇူးပြုပြီး လာပေးပါ။ သူရဲကောင်း ဖေလ်မော် ကျေးဇူးပြုပြီး လာပေးပါ။ ပြီးတော့ ဒုတိယ တရားသူကြီး လူဆန် ကျေးဇူးပြုပြီး လာပေးပါ"

ဆရာကြီး တာလန်တိုက ပထမဆုံး ရောက်လာသူဖြစ်သည်။ သူသည် ပြီးခဲ့သည့်ညက ကောင်းကင်ယံတွင် ဆုတောင်းခဲ့သူဖြစ်သည်။ အေးခဲသော ရာသီဥတုတွင်ပင် သူသည် ခြေဗလာနှင့် ရိုးရိုးပိတ်ဖြူဝတ်ရုံကို အနားသတ်ခြင်းမရှိဘဲ ဝတ်ဆင်ထားပြီး ဆူးသရဖူကို ခေါင်းတွင် ဆောင်းထားသည်။ ခေါင်းငုံ့ကာ သစ်သားပုတီးစေ့များကို လက်ဖြင့် လှည့်နေပြီး အရာအားလုံးကို ဂရုမစိုက်ဟန် ပြနေသည်။

ဂေါ်ဒွန် မေနီဝါ၏ မီးလောင်ကျွမ်းနေသော ရုပ်အလောင်းကို မြင်မှသာ သူသည် ခဏတာ ပုတီးစေ့လှည့်ခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဘာသာခြားလား"

"အစ်ကို မေနီဝါကို ဘာသာခြားတွေက သတ်ခဲ့တာ သေချာပါတယ်"

အနီရောင်ဝတ်ရုံဝတ် ဘုန်းတော်ကြီး ဟို့ခ်က လေးစားစွာ ဦးညွှတ်လိုက်သည်။

"ဆရာကြီး သူ ဘယ်လို ဆိုးယုတ်တဲ့ မှော်ပညာနဲ့ သေဆုံးသွားလဲဆိုတာ ကျေးဇူးပြုပြီး ခွဲခြားပေးပါဦး"

ဆရာကြီး တာလန်တိုက ခေါင်းငုံ့ကြည့်လိုက်သည်။ လွတ်မြောက်လာသော သူရဲကောင်းအကူတစ်ဦးက သူ၏ဘေးတွင် ရပ်လျက် တီးတိုးရေရွတ်နေပြီး ကပ္ပတိန်၏ ကြေကွဲဖွယ်ရာ အခြေအနေကို ဖော်ပြနေသည်။ ဆရာကြီး တာလန်တိုမှာ ဘာကိုမှ သတိမပြုမိဟန်ဖြင့် စစ်ဆေးခြင်းအပေါ်တွင်သာ အာရုံစိုက်နေပြီး ကောက်ကွေ့နေသော သံချပ်ကာ၏ အစွန်းကိုပင် လှမ်းကိုင်ကြည့်နေသည်။

မကြာမီ သံချပ်ကာများ တချွန်းချွန်းမြည်သံ ထွက်ပေါ်လာပြီး သူရဲကောင်း ဖေလ်မော်နှင့် ဒုတိယ တရားသူကြီး လူဆန်တို့ အတူတကွ ရောက်ရှိလာကြသည်။ အခန်းထဲသို့ ဝင်ရောက်လာသည်နှင့် သူရဲကောင်း ဖေလ်မော်က ချက်ချင်းပင် ပြောလိုက်သည်။

"ဘာတွေ ဆက်ကြည့်နေကြတာလဲ။ ဆိုးယုတ်တဲ့ မှော်ဆရာ မဟုတ်ဘူးလား။ သူရဲကောင်းတွေက ဒီလိုကိစ္စတွေနဲ့ ပတ်သက်နေစရာ မလိုဘူး။ စစ်တပ်ကို ဆင်းခိုင်းပြီး အကုန်လုံးကို နင်းချေပစ်လိုက်။ ဒါနဲ့ ရေလမ်းကြောင်း ဘယ်တော့ ပွင့်မလဲ"

"စုံစမ်းဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်" ဟု ဒုတိယ တရားသူကြီး လူဆန် က အေးစက်ပြီး ပြတ်သားသော လေသံဖြင့် ပြန်ပြောလိုက်သည်။ သူ၏မျက်နှာထားမှာ တည်ကြည်ပြီး သူ၏မျက်လုံးများမှာ အခြားသူများထက် နှေးကွေးစွာ လှုပ်ရှားနေသဖြင့် အခန်းထဲတွင် အေးစက်သော ခံစားမှု အနည်းငယ် ဖြစ်ပေါ်စေသည်။

"ပြန်လာတဲ့ အဖွဲ့ကို ကျွန်တော် မေးပြီးပြီ။ အထဲမှာ ဆိုးယုတ်တဲ့ နတ်ဘုရားကို ကိုးကွယ်သူတွေ ပါတယ်။ သေလွန်သူတွေကို နှောင့်ယှက်သူတွေ ပြီးတော့ ဆိုးယုတ်တဲ့ မှော်ဆရာတစ်ယောက်လည်း ပါတယ်။ ဒါတွေက ကျွန်တော်တို့ ဘုရားရဲ့ ရောင်ဝါကို စော်ကားတဲ့ မကောင်းဆိုးဝါးတွေပဲ။ သူတို့အကြောင်း အချက်အလက်တွေ စုဆောင်းပြီး တရားစီရင်ရေးအဖွဲ့ရဲ့ လိုချင်သော စာရင်းထဲ ထည့်သွင်းဖို့ ကျွန်တော် အကြံပြုပါတယ်"

"ဒါက မင်းရဲ့ တာဝန်ပဲ"

အနီရောင်ဝတ်ရုံဝတ် ဘုန်းတော်ကြီး ဟို့ခ်က ခေါင်းညိတ် သဘောတူလိုက်သည်။ ဒုတိယ တရားသူကြီး လူဆန် က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူရဲကောင်း ဖေလ်မော် ကတော့ နှာခေါင်းရှုံ့ကာ ခေါင်းလှည့်သွားသည်။ အခြားမည်သူမှ မရှိသကဲ့သို့ ခန္ဓာကိုယ်ကို စိုက်

ကြည့်နေသော ဆရာကြီး တာလန်တိုက ရုတ်တရက် ပြောလိုက်သည်။

"နဂါးရဲ့ အသက်ရှူသံ"

"နဂါးရဲ့ အသက်ရှူသံလား"

ကျန်သုံးဦးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ဆရာကြီး တာလန်တိုက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ အစ်ကို မေနီဝါက ခန္ဓာကိုယ် ကြံ့ခိုင်တဲ့ အဆင့် ၉ သူရဲကောင်းတစ်ယောက် ဖြစ်တယ်။ ပေ ၃၀ အတွင်းမှာ ကတော့ပုံသဏ္ဌာန် မီးလျှံတစ်ခုက သူ့ကို ချက်ချင်း ဒီလိုအခြေအနေအထိ လောင်ကျွမ်းစေခဲ့တာ... ဒါဟာ နဂါးရဲ့ အသက်ရှူသံပဲ ဖြစ်နိုင်တယ်။ တခြား ဘာမှ မဖြစ်နိုင်ဘူး"

မည်သူမျှ တုံ့ပြန်ခြင်းမရှိသည်ကို မြင်တော့ သူက ဆက်ရှင်းပြသည်။

"နဂါးရဲ့ အသက်ရှူသံ ဟာ အဆင့် ၄ မှော်ပညာဖြစ်ပြီး ပြိုင်ဘက်က အဆင့် ၇ နဲ့ အထက် မှော်ဆရာ ဖြစ်ရမယ်..."

"အဲဒါအတွက် နဂါးအကြေးခွံ မလိုဘူးလား"

ဒုတိယ တရားသူကြီး လူဆန်က ကြားဖြတ် ပြောလိုက်သည်။

သူ၏ တည်ငြိမ်နေသည့် မျက်လုံးများထဲ၌ ရုတ်တရက် အပူဓာတ်တစ်စုံတစ်ရာ လက်ခနဲ ပေါ်လာသည်။ ထိုအရာက ငြိမ်သက်နေသည့် အလောင်းတစ်လောင်းက ရုတ်တရက် အသားစား ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသလိုပင်။

"သူတို့ နဂါးအကြေးခွံတွေ ရခဲ့တာလား"

အနီရောင်ဝတ်ရုံဝတ်ထားသည့် ဘုန်းတော်ကြီး ဟို့ခ်က သူ့ကို လျင်မြန်စွာ တစ်ချက်ကြည့်

လိုက်ပြီး ဘာမှမမြင်သလို ခေါင်းလှည့်သွား၏။ ဆရာကြီး တာလန်တိုကတော့ ဘာမှ မသိဟန်ဖြင့် ပေါ့ပေါ့ပါးပါး ဆက်ပြောနေသည်။

"မှော်ပညာနဲ့ ကစားတဲ့ မကောင်းဆိုးဝါးတွေဟာ သမိုင်းရှည်ကြာခဲ့ပြီ။ မကြာခဏဆိုသလို နတ်ဆိုးတွေနဲ့ အရောင်းအဝယ် လုပ်တတ်ကြတယ်။ ဆိုးယုတ်တဲ့ နဂါးအချို့ရဲ့ အကြေးခွံတွေဟာ မရှားပါဘူး"

"ဆိုးယုတ်တဲ့ မှော်ဆရာတွေကို သန့်စင်ရမယ်" ဟု အနီရောင်ဝတ်ရုံဝတ် ဘုန်းတော်ကြီး ဟို့ခ်က လေးနက်စွာ ကြေညာလိုက်သည်။ သူက လူသုံးဦးလုံးကို ဝေ့ကြည့်ရင်း ဂုဏ်ယူစွာ ပြောလိုက်

သည်။

"ဆရာကြီးတို့ ကျွန်တော်တို့ ဘုရားရဲ့ ဂုဏ်သိက္ခာနဲ့ ဘုန်းတော်ကို မြှင့်တင်ဖို့ ခင်ဗျားတို့ရဲ့ တပ်ဖွဲ့တွေကို စေလွှတ်ပေးပါ"

"ကျွန်တော်တို့ ဘုရားရဲ့ ရောင်ဝါက လူတစ်ဦးတည်းအပေါ်မှာပဲ ထွန်းလင်းသင့်တာ မဟုတ်

ဘူး" ဟု ဆရာကြီး တာလန်တို က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

သူက မြေပြင်ပေါ်ရှိ မီးလောင်ထားသည့် အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကို ကျော်ဖြတ်ကာ ထွက်ခွာသွားခဲ့သည်။ သူ၏ ခြေဗလာများက သစ်သားကြမ်းပြင်ကို ကန်လိုက်တိုင်း သစ်သားခြောက်များ ရိုက်ခတ်သကဲ့သို့ ကြည်လင်သော အသံများ ထွက်ပေါ်လာခဲ့သည်။

“ကျွန်တော် သူရဲကောင်းတွေရဲ့ လေ့ကျင့်ရေးကို စစ်ဆေးဖို့ လိုပါတယ်”

သူရဲကောင်း ဖေလ်မော်လည်း ထွက်ခွာသွားသည်။ ရယ်စရာကောင်းသည်မှာ မေနီဝါသည် သူရဲကောင်းအဖွဲ့ဝင်မဟုတ်ပါဘဲနှင့် အဘယ်ကြောင့် ဤနေရာသို့ လူတွေ စေလွှတ်ခဲ့ရတာလဲ။

ဗိမာန်တော်သူရဲကောင်းများ၏ ဂုဏ်အင်္ဂါသည် စစ်မြေပြင်၌သာ ဖြစ်သည်။ ကမ်းပေါ်ပြန်တက်ပြီး အဖွဲ့ဖွဲ့ကာ တိုက်ခိုက်ခြင်း၊ ဘာသာခြားများ၏ စစ်တပ်ကို နင်းချေ၍ သူတို့နယ်မြေကို သိမ်းပိုက်ခြင်း…

ဤသည်တို့မှာ သူရဲကောင်းများ လုပ်သင့်သည့်အရာများပင်။ လိုက်လံဖမ်းဆီးခြင်း၊ ဖမ်းဆီးခြင်း၊ လိုချင်သည့်စာရင်းထုတ်ခြင်း၊ သိမ်းဆည်းခြင်း…

ထိုအရာများကို တရားစီရင်ရေးအဖွဲ့အား လွှဲထားလိုက်ခြင်းက ပို၍သင့်တော်သည်။

ဘုန်းတော်ကြီး ဟို့ခ်သည် သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ဒုတိယ တရားသူကြီး လူဆန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ အမှန်ပင် တရားစီရင်ရေးအဖွဲ့၏ ဤအကြီးတန်း ကွပ်မျက်သူကြီးက သူ၏ဝတ်ရုံကို ပြင်ဝတ်လိုက်ပြီး အေးစက်စွာ ပြောကြားလိုက်သည်။

"ဘာသာခြားတွေကို သန့်စင်တာက တရားစီရင်ရေးအဖွဲ့ရဲ့ တာဝန်ပဲ။ အစ်ကို မေနီဝါရဲ့ မပြီးသေးတဲ့ကိစ္စကို တရားစီရင်ရေးအဖွဲ့ရဲ့ အနက်ရောင် မြင်းစီးသူရဲကောင်းတွေက လွှဲယူဆောင်

ရွက်သွားလိမ့်မယ်"

“ကျေးဇူးတင်ပါတယ် တရားသူကြီး”

ဟို့ခ် ဝမ်းသာသွားသည်။ သူက လူဆန်အား ကိုယ်တိုင်လိုက်ပို့ပေးပြီး လမ်းတစ်ဝက်ရောက်သောအခါ ဒုတိယ တရားသူကြီးက ရုတ်တရက် လှည့်လာပြီး နံရံဘေးက စင်ပေါ်မှ ရွှေရောင်သံလိုက်အိမ်မြှောင်ကို လက်တစ်ဖက်ဖြင့် ဖိလိုက်သည်။

“...”

ဟို့ခ်သည် အလိုလို စိတ်မသက်မသာ ဖြစ်သွားသည်။

ဒုတိယ တရားသူကြီး လူဆန်က သူ့ကို စိုက်ကြည့်နေပြီး မျက်လုံးအိမ်များသည် အချိန်အကြာကြီး မလှုပ်ရှားဘဲ နီရဲနေသော မျက်ဆံများထဲ၌ ဘုန်းတော်ကြီး ဟို့ခ်၏ ပုံရိပ်ကို ထင်ဟပ်နေသည်။

တစ်ဦးတည်း ရင်ဆိုင်နေရချိန်တွင် လူဆန်၏ အသံက ပို၍ အေးစက်လာသည်။ အသံကြိုးတစ်ခုသည် မြေကြီးထဲ၌ အနှစ်နှစ်ဆယ် မြှုပ်နှံထားပြီး ဆီမလိမ်းဘဲ ပြန်တူးဖော်လိုက်သကဲ့သို့ပင်။

“သရဲနှင်အိမ်မြှောင် ပေး... ကျွန်တော် အဲဒါကိုသုံးပြီး ဆိုးယုတ်တဲ့ စွမ်းအင်လှိုင်းတွေကို ဖော်ထုတ်ပြီး ဘာသာခြားတွေကို ရှာချင်တယ်”

...ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပစ္စည်းလေ။ မှော်ဆရာတစ်ယောက်ကို သတ်ပြီး လုယူဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ပဲ။

ဘုန်းတော်ကြီး၏ ရင်ထဲ၌ နာကျင်သွားခဲ့သည်။ သို့သော် ဒုတိယ တရားသူကြီး လူဆန်၏ အေးစက်သော အကြည့်ကို ရင်ဆိုင်ရချိန်တွင် ရန်ငြိုးဖွဲ့ခြင်းနှင့် မျက်နှာပျက်ရခြင်း၏ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားပြီး သူသည် နှုတ်ခမ်းကို မဲ့ကာ မေနီဝါ၏ နာမည်ကို မပြောဘဲ နေခဲ့သည်။

“သုံးရက်တော့ ချေးလို့ရတယ်... အဆင့် ၇ နဲ့ အထက် မှော်ဆရာတွေကို ရှာရတာ လွယ်မှာပါ”

“ရက် ၃၀!”

“သုံးရက်လောက်ဆို လုံလောက်ပြီ မဟုတ်လား”

“နှစ်လ”

“ကောင်းပြီ ရက် ၃၀ ပဲ ထားတော့”

ဤသံလိုက်အိမ်မြှောင်သည် ကုန်းပေါ်သို့ ရောက်ရှိပြီး မှော်ဆရာများကို လိုက်လံရှာဖွေရန် သဋအသုံးပြုခဲ့သော ပစ္စည်းပင်။ သူ့အား နှစ်ပိုင်းခွဲလိုက်သကဲ့သို့ပင်။

လူဆန်က တိတ်ဆိတ်စွာ ခေါင်းညိတ်ပြီး သံလိုက်အိမ်မြှောင်ကို ယူသွားသည်။ သူက သူ၏ကိုယ်ပိုင်သင်္ဘောပေါ် ပြန်ရောက်သောအခါ တရားစီရင်ရေးအဖွဲ့မှ အနက်ရောင် မြင်းစီးသူရဲကောင်းများ အဖွဲ့ (၂၀) သည် ကုန်းပေါ်တက်ပြီး ရှာဖွေပြီးသည့်နောက် သံလိုက်

အိမ်မြှောင်ကို အသက်သွင်းကာ ဂေါ်ဒွန် သေဆုံးသည့်နေရာသို့ ရောက်ရှိပြီး အနီးကပ် ကြည့်ရှုလိုက်သည်။

“အဆင့် ၇ မှော်ဆရာ... မရှိဘူး။

အဆင့် ၆... မရှိဘူး။

အဆင့် ၅... မရှိသေးဘူး။

အဆင့် ၄... သူတို့ မိုင် ၂၀ ဝေးတဲ့နေရာကို ရောက်နေပြီ။ ကြောက်တတ်တဲ့ နတ်ဆိုးတွေပဲ။ သူတို့ကို လိုက်”

မြင်းခွာသံများ တဒုံးဒုံးမြည်ဟီးပြီး သူတို့ ထွက်ခွာသွားကြသည်။

ဂါးရက်နှင့် တခြားသူများက တောင်ကြားထဲ၌ ပုန်းအောင်းနေကြသည်...

သူတို့ ဘယ်သူ့ကို လိုက်နေတာလဲ။ ငါတို့ကိုလား။ လမ်းမှားသွားတာလား။

All Chapters