← Chapters

သူ့ကို ဘယ်သူမှ နားမလည်နိုင်ဘူး

Vol. 55 Ch. 811

သူ့ကို ဘယ်သူမှ နားမလည်နိုင်ဘူး

Vol. 55 Ch. 811

“ကျစ်ကန်း.. ငါတို့ ကုမ္ပဏီက ငွေဘယ်လောက် ထုတ်လို့ရနိုင်မလဲ..”

ဖုန်းယွီ ဆိုဖာပေါ်ထိုင်ကာ မေးလိုက်သည်။

“ကျုပ်တို့မှာ ယွမ် သန်း(၆၀)လောက် ရှိလိမ့်မယ်.. ပြည်နယ်အသီးသီးက ကျုပ်တို့ ကိုယ်ပိုင် ဖြန့်ဖြူးရေး လမ်းကြောင်းတွေ ထူထောင်ဖို့ ပြောမလို့လား..”

ဝူကျစ်ကန်း စပ်စုလိုက်သည်။ ကုမ္ပဏီသည် ကိုယ်ပိုင် ဖြန့်ဖြူးရေး လမ်းကြောင်း ထူထောင်ရန် ယခုနှစ် အစောပိုင်း အမြတ်အစွန်းများမှ ထုတ်နုတ်ထားသည်။ မန်နေဂျာဖုန်း မည်သည့်အတွင် ငွေအကြောင်း မေးနေသနည်း။

“ကျုပ်တို့ ဖြန့်ဖြူးရေးလမ်းကြောင်းတွေ ရပ်တန့်နေလို့မရဘူး.. ငွေမလောက်ရင် ချေးငွေယူလိုက်.. ကျုပ်တို့ ပြည်နယ်ရဲ့ ရေလုပ်ငန်းဌာနကို ငွေလွှဲဖို့ ယွမ်သန်း(၅၀)ပြင်ပေးထားပါ.. ရေလုပ်ငန်းက အဲ့ငွေတွေ ဘယ်လိုသုံးမယ်ဆိုတာ စောင့်ကြည့်ထား.. တခြားဌာနက အဲ့ငွေတွေ ထိရဲရင် ဒါမှမဟုတ် ဆောက်လုပ်ရေးပိုင်း ခိုတာရှိရင် ကျုပ်ကို ချက်ချင်း ဖုန်းဆက်ပေး…”

ဖုန်းယွီ တစ်ခါတည်း အပြီး ညွှန်ကြားလိုက်သည်။

အစိုးရ အရာရှိများအားလုံး တလွဲသတ္တိများ ကောင်းကြသည်။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ အလှူငွေများကို အပထား၍ ဗဟိုအစိုးရမှ ပေးသည့် ရန်ပုံငွေများကိုပင် အလွဲသုံးစား လုပ်ဝံ့ကြပေသည်။

အစိုးရအရာရှိများသည် ရန်ပုံငွေ အလွဲသုံးစားလုပ်ရန် အကြောင်းပြချက်မျိုးစုံကို အစဉ်သုံးတတ်ကြသည်။ အများသုံး ယာဉ်လိုင်းများ၊ ရုံးသုံးပစ္စည်းများ၊ ရုံးအဆောက်အဦးအသစ်များ ဆောက်လုပ်ခြင်း စသည်ဖြင့် အရေအတွက် တိုးမြှင့်ရန် ထိုရန်ပုံငွေများကို သုံးကြပေလိမ့်မည်။ ဖုန်းယွီ ထိုကဲ့သို့ ခွင့်မပြုနိုင်ချေ။

“ရေလုပ်ငန်းဌာနကိုလား.. မန်နေဂျာဖုန်း.. ခင်ဗျား ဘာတွေ စီစဉ်နေတာလဲ..”

ဝူကျစ်ကန်း စိတ်ဝင်တစား မေးလိုက်သည်။

“မြစ်ရေကာတာတွေ ပြုပြင်မလို့..”

“ဆည်တွေ ပြုပြင်မလို့လား.. မစ္စတာဖုန်း ဘာလို့ဆည်တွေ ပြုပြင်တာလဲ.. အဲ့ဒါ အစိုးရအလုပ်လေ.. လှူချင်ရင် ထိုင်ဟွာ ပညာရေး အနေနဲ့ လှူလို့ရတာပဲ..”

ဝူကျစ်ကန်းသည် ဖုန်းယွီ မည်သည့်အတွက် ဆည်များ ပြုပြင်ချင်သည်ကို နားမလည်ချေ။ ဆည်များကို မည်သူမှ ဂရုမစိုက်သလို သူ့ဂုဏ်သိက္ခာလည်း တိုးလာမည် မဟုတ်ချေ။

“ငါတို့ ပြည်နယ်မှာ မြစ်(၃)စင်းရှိတယ်.. ရေကြီးရင် ပျက်စီးမှု တော်တော် ပြင်းထန်မှာ.. လယ်တွေ ရေလွှမ်းသွားမယ်.. ဆည်ကျိုးရင် အိမ်တွေ ပျက်စီးမယ်.. အသက်တွေ အများကြီး ဆုံးရှုံးရလိမ့်မယ်..”

“ဒါ တော်တော် ဆိုးလို့လား.. (၁၉၉၁)တုန်းက လောင်ကျင်းမှာ ရေကြီးဖူးတယ်.. ဒါပေမယ့် အေးဆေးပါပဲ.. အထက်အရာရှိတွေ ဆည်တွေ အင်အားကောင်းကောင် ရန်ပုံငွေတွေထုတ်ပြီး ကာကွယ်ရေး အစီအမံတွေ အများကြီး လုပ်ထားတယ်.. ဘာဖြစ်မှာမို့လို့လဲ.. ပြီးတော့ အမြဲတမ်းလဲ ရေးကြီးမှာမှ မဟုတ်တာ..”

ဝူကျစ်ကန်း ပြန်ဖြေလိုက်သည်။

ဖုန်းယွီ အစိုးရိမ်ဆုံးမှာ ထိုကိစ္စပင်။ ယခင်ဘဝကလည်း လူများစွာသည် ရေလွှမ်းမိုးမှု အန္တရာယ်ကို လျစ်လျူရှုခဲ့ကြသည်။ လောင်ကျင်းရှိ ဆည်များသည် ပြိုကျခြင်း မရှိသော်လည်း ဆည်များ၏ ဒီဇိုင်းများနှင့် ရေလွှမ်းမိုးမှု ကာကွယ်ရေး အစီအမံများသည် (၁၉၉၈)ခုနှစ် ရေလွှမ်းမိုးမှုကို ကိုင်တွယ်ရန် မလုံလောက်ချေ။

တစ်ပြည်လုံး ရေနစ်မြုပ်မည် မဟုတ်ချေ။ တရုတ်နိုင်ငံတွင် ရေကြီးသည့် အခါတိုင်း လောင်ကျင်းပြည်နယ်သည် ထိခိုက်နစ်နာမည် ဖြစ်သည်။ အဘယ့်ကြောင့်ဟူမူ လောင်ကျင်းပြည်နယ်တွင် မြစ်အ‌ရေအတွက် များပေသည်။ ရေကြီးသည့်အချိန်တွင်မှ ဆည်များ ခိုင်ခံ့ရန် ဆောင်ရွက်ပါက နောက်ကျပေလိမ့်မည်။

အမှန်တကယ်တွင် ဖုန်းယွီသည် ရေကြီးမည်ကို ကြိုမသိပါက သူကိုယ်တိုင်လည်း ဂရုစိုက်မည် မဟုတ်ချေ။ ပမ့်မြို့တော်သည် ရေကြီးခြင်းမှ ကင်းဝေးပေသည်။

မည်သို့ပင်ဖြစ်စေ ဖုန်းယွီ ယခင်ဘဝက လောင်ကျင်း ပြည်နယ်ကို မည်မျှ စိုးရွားစွာ ထိခိုက်ခဲ့သည်ကို သတိရလိုက်သည်။ ဒုက္ခရောက်နေသည့် လူများ၏ ပုံရိပ်များ စိတ်ထဲ၌ စွဲနေဆဲပင်။ ဤတစ်ကြိမ် သမိုင်းကို ပြောင်းလဲနိုင်မည်ဟု မျှော်လင့်မိပေသည်။

“ဒီနှစ်နဲ့ နောက်နှစ်တော့ ရေကြီးမှာ မဟုတ်ဘူး.. နောက်(၂)နှစ်နေလို့ ရေကြီးရင်ရော.. ဘာမှမလုပ်ရင် နောက်ကျသွားပြီ.. ကြိုတင်ကာကွယ်တယ်ဆိုတာ ကုသခြင်းထက် ပိုကောင်းပါတယ်.. လိုအပ်တာတွေသာ သွားပြင်ဆင်လိုက်.. ဒါဆို အားလုံးပြေလည် သွားပြီ..”

ဖုန်းယွီသည် လက်ကာပြလိုက်ကာ ထပ်ရှင်းပြမနေချင်ပေ။

ဝူကျစ်ကန်း ဘာမှ မပြောနိုင်တော့ချေ။ ဖုန်းယွီသည် သူတို့ကို တစ်နှစ်ထက်တစ်နှစ် လစာတိုးပေးခဲ့ပြီး ဆုကြေးငွေ များလည်း နှစ်စဉ်တိုးလာပေသည်။ ယခု ဖုန်းယွီသည် သူဤကုမ္ပဏီကို စတင်ကတည်းက လက်တွဲခဲ့သူများအား စောင်ကျင်းကား တစ်စီးစီ ပေးခဲ့သည်။ သူတို့အားလုံး ဂဏန်း(၆)လုံးခန့် စုဆောင်းထားနိုင်ခဲ့သည်။ ဟိုစဉ်က ဤမျှထိ သက်တောင့် သက်သာနေနိုင်လိမ့်မည်ဟု မည်သူမှ စိတ်ကူးပင် မယဉ်ခဲ့ဘူးချေ။

မန်နေဂျာဖုန်း ပြောသမျှကို လိုက်နာရပေမည်။ မန်နေဂျာဖုန်း၏ စကားနားထောင်ခြင်းဖြင့် မည်သို့မှ မှားမည် မဟုတ်ချေ။ ဤသည်က သူတို့ ယုံကြည်မှုပင်။ ဝူကျစ်ကန်းသည် ဖုန်းယွီ၏ ဆုံးဖြတ်ချက်ကို ပဟေဠိဖြစ်နေ သော်လည်း အမိန့်အတိုင်း လုပ်ဆောင်နေပေပြီ။

ကုမ္ပဏီမှ ရန်ပုံငွေများကို လွှဲပေးခဲ့ပြီး ထိုင်ဟွာကုန်သွယ်ရေးသည် ICBC မှ ချေးငွေရယူခဲ့ရသည်။ ထိုင်ဟွာ ကုန်သွယ်ရေးသည် ICBC နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိပြီး အတိုးနည်းချေးငွေကို အလွယ်တကူ ရနိုင်ပေသည်။

ယခုမတိုင်မီကလည်း ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်တွင် ရင်းနှီးမြုပ်နှံရန်အတွက် ရန်ပုံငွေ အားလုံးနီးပါးကို သုံးခဲ့ဖူးပေသည်။ ဖုန်းယွီ၏ ကုမ္ပဏီများအားလုံး ကောင်းမွန်စွာ လည်ပတ်နေသော်လည်း ထိုင်ဟွာ ကုန်တိုက်များသည် ဘဏ်များသို့ ငွေအမြောက်အများ ပေးဆောင်နေပေသည်။ အမြတ်ဝေစု မရသေးချေ။ လီဟဟ သည်လည်း တိုးချဲ့နေပေပြီ။ ပြန်လည်ရရှိသည့် အမြတ်ဝေစု အလွန်နည်းပေသည်။ ပမ့်မြို့တော် ယန္တရားကုမ္ပဏီသည်လည်း တိုးချဲ့နေပြီး စက်ယန္တရားများ အဆင့်မြှင့်တင်ရန် လိုအပ်ပေသည်။ ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည်လည်း အလားတူသာပင်။ စက်ရုံ (၂)ရုံ ထပ်မံ ဝယ်ယူခဲ့သည်။

လေနှင့်မိုး လျှပ်စစ်ပစ္စည်းများ၊ လေနှင့်မိုး အိမ်သုံးပစ္စည်းများ၊ အိုက်ဝါ လျှပ်စစ်၊ အိုက်ဝါ အိမ်သုံးပစ္စည်းများသည် ထိုင်ဟွာ ကုန်သွယ်ရေးနှင့် အတူတူပင်။ လွန်ခဲ့သည့် နှစ်က ဖုန်းယွီသည် အမေရိကန် စတော့ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် ထိုကုမ္ပဏီများထံမှ ငွေကြေး အမြောက်အများ ထုတ်ယူခဲ့သည်။ CCTV နှင့် အားကစား သိပ္ပံဌာနသို့လည်း အကြီးအကျယ် စပွန်ဆာ ပေးထားသည်။ သူ့ထံ၌ ငွေသိပ်မကျန်တော့ချေ။

ဖုန်းယီသည် လျင်မြန်စွာ မြင့်တက်လာသည့် စတော့ဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် ငွေအမြောက်အများ စုစည်း နိုင်ရေး စဉ်းစားနေပေသည်။

“ကျန်းမင် ကုမ္ပဏီမှာ အမြတ်ဘယ်လောက် ကျန်သေးလဲ..”

“သန်း(၁၀၀)လောက်တော့ ထုတ်လို့ရမယ်.. မန်နေဂျာဖုန်း.. မင်း ငွေလိုလို့လား. ဝက်သားထွက်ကုန် ထုတ်လုပ်မှု လိုင်း တိုးချဲ့မယ်လို့ မင်းပြောထားတယ်မို့လား..”

“အဲ့ဒါလုပ်ဖို့ ချေးငွေယူလိုက်.. လောလောဆယ် ကျုပ်ကို ငွေအရင်ထုတ်ပေး..”

ဖုန်းယွီသည် အိုက်ဝါကုမ္ပဏီထံမှလည်း ငွေအမြောက်အများ ထုတ်ယူခဲ့သည်။ ထိုသို့ဖြင့် ယွမ်သန်း(၃၀၀)လောက် ရသွားသည်။

“ယောက္ဖ မင်းမှာ ငွေဘယ်လောက်ရှိလဲ.. ငါ့ကို နည်းနည်းလောက် ချေးပေးအုံး..”

လီကျစ်ချမ်း အံ့အားသင့်သွားသည်။ ဖုန်းယွီသည် သူ့ထံမှ ငွေချေးချင်နေသည်လော။ ဖုန်းယွီ၏ ကုမ္ပဏီများ အားလုံးသည် သူ၏ လေနှင့်မိုး ပို့ဆောင်ရေးထက် အမြတ်အစွန်း ပိုရကြသည်။

“ဘယ်လောက် လိုလို့လဲ..”

လီကျစ်ချမ်းသည် တောင်ပိုင်းသို့ လုပ်ငန်းများ တိုးချဲ့ရန် ဆုံးဖြတ်ထားသည်။ သူ၏ ရေကြောင်း ပို့ဆောင်ရေး ချဲ့ထွင်ရန် လိုအပ်သဖြင့် ရန်ပုံငွေ အများကြီးမရှိချေ။

“မင်းမှာ ဘယ်လောက်ရှိလဲ..”

ဖုန်းယွီ မေးလိုက်သည်။

“ရှောင်ယွီ.. မင်းကုမ္ပဏီတွေမှာ ပြဿနာရှိလို့လား..”

လီကျစ်ချမ်း သိချင်နေပေသည်။ ဖုန်းယွီ၏ တရုတ်ကုမ္ပဏီများတွင် ဘာမှ မဖြစ်သည်ကို သူသိထားသည်။ ဖုန်းယွီ၏ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွင်များ ဖြစ်နိုင်မည်လော။

“ငါ့ကုမ္ပဏီလုပ်ငန်းတွေ ပြဿနာမရှိပါဘူး.. ငါ့ငွေတွေအားလုံး စတော့ဈေးကွက်မှာ ရင်းနှီးမြုပ်နှံထားတာ.. ရှယ်ယာဈေးတွေ တက်နေတုန်းဆိုတော့ ထုတ်လဲ မရောင်းချင်သေးဘူး.. ရေကာတာ ပြင်ရအောင် အလှူငွေ ထည့်ဖို့ စီစဉ်နေတာ..”

လီကျစ်ချမ်း ဖုန်းယွီ၏ အတွေးများကို နားမလည်ချေ။ လက်ထဲတွင် ငွေမရှိဘဲ မည်သည့်အတွက် ဆည်များ ပြုပြင်ရန် လှူချင်နေသနည်း။ လှူချင်လျှင်ပင် ရှယ်ယာများ ရောင်းပြီးသည်အထိ စောင့်သင့်ပေသည်။

“ငါ မင်းကို ယွမ်(၁၀)သန်း ချေးပေးလို့ရတယ်.. အဲ့ဒါဆို လောက်မလား.. အနည်းဆုံး သန်း(၂၀)ထိ တိုးပေးလို့ရမယ် ထင်တယ်..”

လီကျစ်ချမ်းသည် အသေးစား သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလေးတစ်ခု၏ သူဌေးမဟုတ်တော့ချေ။ လေနှင့်မိုး သယ်ယူပို့ဆောင်ရေး၏ ဈေးကွက်တန်ဖိုးသည် ယခုအချိန်၌ သန်း(၁၀၀)ကျော်နေပေပြီ။ သို့ရာတွင် သယ်ယူ ပို့ဆောင် ရေးလုပ်ငန်းမှ အမြတ်ငွေ သိပ်များချေ။

(၁၀)သန်း၊ သန်း(၂၀)လော။ အလွန်နည်းပေသည်။

“ထားလိုက်ပါတော့.. ငါ တခြားလူပဲ ရှာလိုက်မယ်..”

“ခနလေး.. ဆည်တွေအတွက် ဘာလို့ လှူတာလဲ..”

“ရေကြီးရေလျှံတာ ကာကွယ်ဖို့..”

လီကျစ်ချမ်း မပြောနိုင်တော့သည်။ ဖုန်းယွီ၏ အတွေးများကို သူနားမလည်ချေ။ ဖုန်းဘွီသည် ဆည်များ ပြုပြင်နိုင် ရေး လှူဒန်းရန် ငွေချေးရသည်ကို ကြိုက်သည်လော။ ထိုသို့ လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဆည်များ ပြုပြင်ရန် မည်သူက အလှူခံနေသနည်း။ မည်သည့်နေရာတွင် ရေကြီးနေသနည်း။

“နောက်နှစ်မှ ဆည်တွေ ပြင်လဲ ရတာပဲ..”

“အချိန်မရှိတော့ဘူး..”

ဖုန်းယွီ တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သည်။

“အချိန်မရှိဆော့ဘူးဆိုတာ ဘာကိုပြောတာလဲ..”

“ဘာမှ မဟုတ်ပါဘူး.. ကျုပ်က သိပ်စိတ်မရှည်တတ်ဘူးဆိုတာ မင်းလဲသိတာပဲ.. တခြားလူဆီ အကူအညီ တောင်လိုက်အုံးမယ်.. ဒီကိစ္စ အိမ်ကို မပြောနဲ့နော်.. ကျုပ်ငွေတွေ ဖြုန်းနေတာ မဟုတ်ဘူး..”

လီကျစ်ချမ်း ပြန်တွေးနေမိသည်။ ဤသည်ကို ငွေဖြုန်းတီးခြင်းဟု မခေါ်နိုင်ဘူးလော။ သို့ဆိုလျှင် မည်သို့ ခေါ်ရမည်နည်း။

ဖုန်းယွီ၏ ခေါင်းထဲတွင် ဘာတွေ ဖြစ်နေသနည်း။

--------**$$^$$**--------

All Chapters