← Chapters

မင်း ပြည်နယ်လုံးအတွက်လား

Vol. 55 Ch. 812

မင်း ပြည်နယ်လုံးအတွက်လား

Vol. 55 Ch. 812

လောင်ကျင်း ရေအရင်းအမြစ် အကြီးအကဲ ယောင်လီဝမ်သည် ယမန်နေ့က ပြုံးနေပေသည်။ ခေါင်းဆောင်နှင့် တွေ့ပြီးနောက် သူရာထူးတိုးမည်ဟု ကောလာဟလများ ထွက်နေပေသည်။

သို့ရာတွင် ပြည်နယ်အစိုးရမှ ခေါင်းဆောင် အပြောင်းအလဲ ရှိကြောင်း မကြားမိချေ။ ခေါင်းဆောင်တစ်ယောက်ကို ဗဟိုအစိုးရထံ လွှဲပြောင်းပေးမည်လော။ အစိုးရ လူအားလုံး ဝိုင်းမေးကြသည်။ မည်သည့် ခေါင်းဆောင်ဖြစ်ဖြစ် ရာထူးတိုးမည်ဆိုပါက လစ်လပ်နေရာ ရှိလာပေမည်။ အဆင့်တိုင်းသည် ခေါင်းဆောင်များအတွက် တက်လမ်း အခွင့်အရေးရှိပေလိမ့်မည်။

ယနေ့ ယောင်လီဝမ်သည် အလယ်တန်း စီမံခန့်ခွဲရေးမှူးအား အစည်းအဝေးလုပ်ရန် ရုတ်တရက် ပြောလိုက်သည်။ ထိုအစည်းအဝေးသည်သည် ဖွဲ့စည်းတည်ဆောက်ပုံအတွက်ဖြစ်သည်။ ပြည်နယ်အစိုးရ အဖွဲ့ဝင်အားလုံး တုန်လှုပ်သွားကြသည်။

နှစ်ကူးပြီးတိုင်း ဌာနကို ပြန်လည် ဖွဲ့စည်းသည်မှာ ပုံမှန်ပင်။ သို့ရာတွင် ယခုမူ နှစ်ကူး မရောက်သေးချေ။ လောင်ကျင်း ပြည်နယ်သည် နှင်းများ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ရေလုပ်ငန်းဌာနတွင် စီမံကိန်း အသစ်ရှိနေ သည်လော။ ‌ရေခဲတွင်းများ တူးမည်လော။

“မနေ့က ခေါင်းဆောင်တွေနဲ့ တွေ့တော့ သတင်းကောင်း တစ်ခု ရလာတယ်.. ငါတို့ ပြည်နယ်က ဆည်တွေ အားလုံးကို အဆင့်မြှင့်တင်မယ်.. ရန်ပုံငွေတွေ အများကြီး ရတော့မယ်..”

အစည်းအဝေးတက်ရောက်လာသူတိုင်း စိတ်လှုပ်ရှားနေကြသည်။ လုံလောက်သည့် ရန်ပုံငွေဖြင့် စီမံကိန်း များစွာ စတင်နိုင်ပြီး ဆုကြေးများ၊ လူမှုဖူလုံရေးရန်ပုံငွေများ တိုးလာမည် ဖြစ်သည်။ ရန်ပုံငွေရမည့် မြို့များသည် တစ်ခုခု ပြန်ပေးရမည်ကို လုံးဝမလိုသည့် အကျိုးခံစားခွင့်များလည်း ရှိသေးပေသည်။

ပြန်လည် ကျေးဇူး အဆပ်လိုသည်လော။ အခြားမြို့တစ်မြို့ကို ထုတ်ပေးကာ ထိုမြို့ကို ချန်ထားလိုက်ယုံသာပင်။

“ဝမ်းသာနေကြတာလား.. နောက်နှစ်အတွက်ပါ စီမံကိန်းတွေ အများကြီး ကျန်သေးတယ်.. အလုပ်တွေ ရှုပ်မယ်.. အခက်တွေ့မယ်.. မင်းတို့အားလုံး လုပ်စရာတွေ ပုံလာမယ်.. ရေလုပ်ငန်းအတွက် ရန်ပုံငွေရှာဖို့ မြို့တိုင်းမှာရှိတဲ့ ရေလုပ်ငန်းဌာန အကြီးအကဲတွေအားလုံးကို အကြောင်းကြားထားတယ်.. ရန်ပုံငွေအားလုံး ခရိုင်ရေလုပ်ငန်း ဌာနရဲ့ စာရင်းထဲကို သူတို့က (၂)ဆ ထည့်ပေးလိမ့်မယ်..”

အစည်းအဝေး တက်နေသူတိုင်း စိတ်ရှုတ်သွားကြသည်။ မည်သည်ကို ဆိုလိုသနည်း။ ပြည်နယ် အစိုးရမှ ရန်ပုံငွေ ထုတ်ပေးမည် မဟုတ်လော။ ရန်ပုံငွေ ကောက်ခံကာ တိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်း ပေးရမည်လော။

တိုင်းဒေသကြီး အစိုးရမှ ရန်ပုံငွေ (၂)ဆနှုန်းဖြင့် မြို့ကို ပြန်ပေးမည်လော။ ပြည်နယ် အစိုးရမှ ရရှိသည့် အခွန် ပမာဏမှာ အကန့်အသတ်ရှိပေသည်။ မြို့တော် စီမံခန့်ခွဲသူ တစ်ယောက်သည် ယွမ်သန်း(၁၀၀)စုဆောင်း နိုင်မည် ဆိုပါက….။

ဤသည်ကို (၂)ဆနှုန်းဖြင့် ပြန်လည် ထုတ်ပေးမည်လော။ ပြည်နယ် အစိုးရမှ သတ်ပေလိမ့်မည်။

“မင်း ဘာလို့ ငြိမ်နေတာလဲ.. အဘိုးကြီး လျို.. မင်းက ချီမြို့တော် တာဝန်ခံလေ.. မင်း ရန်ပုံငွေ ဘယ်လောက် ရနိုင်မလဲ..”

ယောင်လီဝမ် တစ်ယောက်ချင်း မေးလာချေပြီ။

“အကြီးအကဲ ဘာကို ပြောချင်တာလဲ.. ကျုပ်တို့ဌာနက အင်အားမကောင်းဘူးလေ.. မြို့ကြီးတွေရဲ့ အကြီးအကဲတွေ ပူးပေါင်း မလုပ်ချင်ရင် ဘယ်လိုလုပ်ရမှာလဲ..”

“ဒီကိစ္စ မင်းစိတ်ပူနေစရာ မလိုဘူး.. မြို့တွေအားလုံးကို ပြည်နယ်ကနေ အကြောင်းကြားထားပြီးသား.. သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ်.. ပြည်နယ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းချင်ရင် ကြိုပြောပါ.. ပြည်နယ် အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ပြောပေးမယ်..”

ယောင်လီဝမ် ပြတ်ပြတ်သားသား ပြောလိုက်သည်။

ယောင်လီဝမ်သည် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နှင့် ဘဏ္ဍာရေးဌာန၏ အကြီးအကဲ မဟုတ်ချေ။ များသောအားဖြင့် မြို့တော်ဝန်များ၊ ၎င်းတို့၏ အတွင်းရေးမှူးများသည်ပင် သူ့ကို အလေးဂရုမထားကြချေ။ ၎င်းတို့သည် မြို့အတွက် ရန်ပုံငွေ ထုတ်ပေးခြင်းမဟုတ်သဖြင့် ဘာဝင်ပြောနိုင်မည်နည်း။

ယခုတစ်ကြိမ်၌ မတူချေ။ ခေါင်းဆောင်မှ သူ့ကို ကတိပေးထားသည်။ အကယ်၍ သူသည် ယွမ်(၁)ဘီလီယံ ရှာနိုင်ပါက ပြည်နယ်အစိုးရမှ ထပ်တူထုတ်ပေးမည် ဖြစ်ပြီး စုစုပေါင်း (၂)ဘီလီယံ ရှိလာမည် ဖြစ်သည်။ ပြည်နယ် တစ်ခုလုံး၏ ရေလုပ်ငန်းသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာမည် ဖြစ်သည်။ ဤသည်မှာ မိမိအတွက် ဂုဏ်ယူစရာပင်။

ရှုချန်ယိုသည် ပြည်နယ်အစိုးရ၌ ရန်ပုံငွေ လုံလောက်မှုမရှိသဖြင့် ယခုကဲ့သို့ ကတိရလာခဲ့ခြင်းပင်။ ပိုလျှံ ရန်ပုံငွေအားလုံး ပိုင်တာ့စန်းအုပ်စုတွင် ရင်းနှီးမြုပ်နှံထားပြီး ယခုအချိန်အထိ အကျိုးအမြတ် တစ်စုံတစ်ရာ မရှိသေးချေ။ နောက်နှစ်တွင်လည်း အမြတ်ထွက်အုံးမည် မဟုတ်ချေ။ အကယ်၍ ပြည်နယ်အစိုးရသည် ရေအရင်း အမြစ်အတွက် ငွေအမြောက်အများ မြုပ်နှံလိုက်ပါက အခြားစီမံကိန်းများတွင် ကြန့်ကြာမှုများ ရှိလာနိုင်ပေသည်။

ယခုမူ ဖုန်းယွီမှ (၁)ဆ လှူပေမည်။ ရှုချန်ယိုသည် ထိုအခွင့်အရေးကို မရယူနိုင်ပါက ရူးသွားမိပေလိမ့်မည်။ သို့တိုင်အောင် ပြည်နယ်အစိုးရ၌ ငွေမရှိချေ။ မြို့နယ်များအား သူတို့ကိုယ်တိုင် ရန်ပုံငွေရန်ရန်သာ ပြောနိုင် တော့သည်။

ဆည်များ အဆင့်မြှင့်တင်ခြင်းသည် အလွန်ကောင်းသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ခေါင်းဆောင်များအတွက်လည်း အကျိုးဆောင်မှုများ ဖြစ်လာမည်။ မြို့တော်ဝန်များ ထိုစကားကြားသည့်အခါ ရေးလုပ်ငန်းဌာနအတွက် ရန်ပုံငွေရှာရန် နည်းလမ်းများ တွေးလာကြတော့သည်။

ရန်ပုံငွေ (၂)ဆတိုးပြီးနောက် ထည့်ဝင်ထားသည့် ပမာဏကို ဖယ်ထုတ်ပစ်လိုက်ရပေမည်။ ဆည်များ တည်ဆောက်ပြုပြင်ရန် ရန်ပုံငွေ လုံလောက်သွားပေလိမ့်မည်။

ဖုန်းယွီကမူ ထိုကိစ္စများကို မသိချေ။ အလှူငွေ လောက်ငှနိုင်ရန်အတွက် ငွေလိုက်ချေးနေပေသည်။ ရှုချန်ယို သဘောတူထားသည့် ဖုန်းယွီ ဘာမှ ထပ်ပြောတော့မည် မဟုတ်ချေ။

ဖုန်းယွီသည် သူ့ကုမ္ပဏီများမှ သန်း(၅၀၀)စုစည်းနိုင်ကာ လုံလောက်လိမ့်မည်ဟု ခံစားလိုက်ရသည်။ ပြည်နယ် အစိုးရတွင် ငွေအများကြီး မရှိကြောင်း သူသိထားပေသည်။ ပြည်နယ်သည် အများဆုံး ယွမ် သန်း(၃၀၀)အထိ တိုးလာနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ယွမ်သန်း(၅၀၀)ပြည့်အောင် လှူဒါန်းသွားမည် ဖြစ်သည်။ နောက်နှစ်များတွင်လည်း ငွေများ ထပ်မံလှူဒါန်းအုံးမည်ပင်။ သို့ဆိုလျှင် ပြည်နယ်၏ ရေကြောင်းဆက်သွယ်ရေး အားကောင်းစေရန် လုံလောက်နိုင်ပေလိမ့်မည်။

(၁၉၉၈)ခုနှစ် ရေကြီးချိန်တွင် ဆည်များ ပြိုကျမည် မဟုတ်သဖြင့် ပြည်သူများအနေဖြင့် မိမိတို့ အိုးအိမ်များ ထိန်းသိမ်း နိုင်ပေလိမ့်မည်။ ဖုန်းယွီသည် လယ်ကွင်းရေလျှံခြင်းအတွက် ဖြေရှင်းရန် အခြားနည်းလမ်းများ တွေးနေပေသည်။ လယ်သမားများအား စပါးပြောင်းစိုက်ခိုင်းနိုင်သည်။ ဤသည်မှာ ၎င်းတို့ ရိတ်သိမ်းခွင့် မရခြင်းထက် ပိုကောင်းပေလိမ့်မည်။

ယနေ့ ရှုချန်ယိုသည် ဖုန်းယွီအား ကိုယ်တိုင် တွေ့ရန် ဖိတ်လိုက်သည်။ ပြည်နယ်အစိုးရသည် လာမည့်နှစ်အတွက် ရန်ပုံငွေကို ပြီးမြောက်အောင် စီစဉ်ခဲ့ပေသည်။ ရေအရင်းအမြစ်အတွက် ရန်ပုံငွေ ပိုချပေးထားသည်။

“ယွမ်(၁)ဘီလီယံလား.. ခင်ဗျား ပြောသလိုဆို ပြည်နယ် အစိုးရက ရေအရင်းအမြစ်အတွက် ရန်ပုံငွေ (၁)ဘီလီယံ ချပေးလိုက်တယ်ပေါ့..”

ဖုန်းယွီ သူ့နားသူပင် နားမလည်နိုင်တော့ချေ။ ပြည်နယ်တွင် မည်သည့်အတွက် ငွေအများကြီး ရှိနေရသနည်း။ ဤသည်က (၁)ဘီလီယံဖြစ်သည်။ ယွမ်(၁၀၀၀၀)မဟုတ်ချေ။ မည်သို့များ ရလာကြသနည်း။

ပိုင်တာ့စန်း အုပ်စုသည် ငွေကြေး ဆုံးရှုံးနေပေသည်။ လောင်ကျင်းပြည်နယ်သည် စက်မှုလုပ်ငန်းကို ပြန်လည် အသက်သွင်းထားသော်လည်း ကောက်ခံရရှိသည့် အခွန် အမြောက်အများကို ပြည်နယ် အစိုးရထံ လွှဲပြောင်း ပေးခြင်း မရှိချေ။ ခရိုင်ခွဲရှိ မြို့များသည် ကောက်ခံရရှိသည့် အခွန်များကို တင်းကြပ်စွာ ထိန်းချုပ်ထားပေသည်။ ဖုန်းယွီ၏ ခန့်မှန်းချက်အရ ပြည်နယ်သည် ရေအရင်းအမြစ်အတွက် သန်း(၁၀၀)ထက် ပိုထုတ်ပေးနိုင်မည် မဟုတ်ချေ။

ဖုန်းယွီသည် ရေအရင်းအမြစ်အတွက် လှူဒါန်းမည်ဟု ကတိပေးထားပြီးနောက် ပြည်နယ်အစိုးရသည် သူတို့၏ ရန်ပုံငွေကို တိုးမြှင့်ပေလိမ့်မည်။ သို့ရာတွင် အများဆုံး သန်း (၂၀၀)(၃၀၀) လောက်သာ ရှိနိုင်ပေသည်။ အလွန်ဆုံး သန်း(၅၀၀)မကျော်နိုင်ချေ။ ဤ(၁)ဘီလီယံ မည်သည့်နေရာမှ ရောက်လာသနည်း။

ရှုချန်ယိုသည် မြို့နယ်များမှ သန်း(၈၀၀)ကျော် စုစည်းနိုင်လိုက်ပြီး ကျန်ငွေကို ပြည်နယ်အစိုးရမှ ဖြည့်စွက်ပေး ခြင်းဖြစ်သည်။

ရှုချန်ယိုသည် ကျန်းလွေ့ချန်းအား ဖုန်းယွီတွင် ငွေမည်မျှ ချမ်းသာသနည်း မေးကြည့်မိသည်။ ကျန်းလွေ့ကျန်းမှ ဖုန်းယွီသည် တရုတ်နိုင်ငံတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောလာပေသည်။ ပမ့်မြို့တော်ရှိ သူ၏ ပိုင်ဆိုင်မှုများဖြင့် တရုတ်နိုင်ငံရှိ ထိပ်တန်း သူဌေးကြီး တစ်ယောက် ဖြစ်လာစေရန် လုံလောက်ပေသည်။ ထို့အပြင် ဖုန်းယွီသည် အခြားပြည်နယ်များနှင့် ပြည်ပတွင် ရင်းနှီးမြုပ်နှံမှုများစွာ ရှိနေသေးသည်။ ရှုချန်ယိုသည် ဖုန်းယွီ၏ စုစုပေါင်း ပိုင်ဆိုင်မှုကို (၁၀)ဘီလီယံကျော်မည် ဖြစ်ကြောင်း ပြောနိုင်ပေသည်။

ရှုချန်ယို ထိုစကားကြားသည့်အခါ အလွန် ဝမ်းသာသွားသည်။ (၁၀)ဘီလီယံဆိုသည်မှာ မည်မျှနည်း။ လောင်ကျင်း ပြည်နယ်အတွက် အခွန်ငွေ သိပ်မရလိုက်ချေ။

သို့ရာတွင် ရှုချန်ယို ဘာမှ မပြန်မပြောနိုင်ခဲ့ချေ။ ဖုန်းယွီသည် တရားဝင် စီးပွားရေးလုပ်ငန်းများမှ ငွေများရရှိကာ ခရိုင်အတွင်း ကျောင်းအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် ငွေအများအပြား လှူဒါန်းခဲ့သည်။ သူ့လှူဒါန်းမှု ကြောင့် ပြည်နယ်ပညာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပေသည်။

ကျန်းလွေ့ချန်း၏ သုံးသပ်ချက်ကို ကြားပြီးနောက် ရှုချန်ယို ဆုံးဖြတ်လိုက်သည်။ အကယ်၍ ပြည်နယ်သည် ယွမ်(၁)ဘီလီယံ ရင်းနှီးမြုပ်နှံမည် ဆိုပါက ထိုပမာဏအတိုင်း လှူလိမ့်မည်ဟု ပြောခြင်းလော။ ယခု မိမိထံတွင် (၁)ဘီလီယံ ရှိထားပေပြီ။ ဘာဆက်လုပ်မည်နည်း ကြည့်ရပေတော့မည်။

ကျန်းလွေ့ချန်းမှ ဖုန်းယွီသည် ငွေများ လှူရန် သူ့ကို ဘာမှ ပြောမထားကြောင်း ပြောဖူးပေသည်။ ရှုချန်ယို ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ချေ။

အစီအစဉ်အတိုင်းသာ ဖြစ်ပါက ရှုချန်ယို ပင်ဆင်ယူရန် နှောင့်နှေးသွားနိုင်ပေသည်။ နိုင်ငံရေး အကျိုးဆောင်မှု ရရှိရန်အတွက် ထိုအခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။ နောက်ကျမှ အငြိမ်းစားယူရမည် ဆိုလျှင်ပင် ပြည်သူများ အကျိုးရှိပေလိမ့်မည်။ မည်သို့ပင် ဆိုစေ ငွေများကို ဘုန်းမည် မဟုတ်ချေ။ ပြည်နယ်သည် အပြည့်အဝ အကျိုးရှိစေရပေလိမ့်မည်။

“မန်နေဂျာဖုန်း.. မင်းပဲ ပြည်နယ်က (၁)ဘီလီယံ ထုတ်နိုင်ရင် မင်းလဲ (၁)ဘီလီယံ လှူမယ်လို့ ပြောထားတာလေ.. အခု ပြည်နယ်က ရေအရင်းအမြစ်အတွက် (၁)ဘီလီယံ ရင်းနှီးမြုပ်နှံတော့်မယ်..”

ရှုချန်ယိုသည် ဖုန်းယွီအား ကြည့်ရင်း မြေခွေတစ်ကောင်၏ ကောက်ကျစ်မှု အပြည့်ပါနေသည့် အပြုံးများ ဝေနေပေသည်။

--------**$$^$$**--------

All Chapters