ဖော်ထုတ်ထားသည်
Vol. 55 Ch. 813
ဖုန်းယွီသည် ယွမ်သန်း(၅၀၀)ကိုပင် မနည်း စုစည်းထားရပေသည်။ ဖူကွမ်းကျန့်ထံမှပင် သန်း(၅၀)ချေးလိုက်ရ သေးသည်။ သို့ရာတွင် ပြည်နယ်မှ ယွမ်(၁)ဘီလီယံထိ တိုးလိမ့်မည်ဟု မျှော်လင့်မထားမိချေ။
(၁၉၉၂)ခုနမှစ်တွင် ဆည်များ ပြုပြင်ရန် ဗဟိုအစိုးရမှ ပြည်နယ်များသို့ ရန်ပုံငွေများ ထုတ်ပေးခဲ့သည်။ ဤသည်မှာ ဗဟိုအစိုးရထံမှ မဟုတ်ဘဲ ကောက်ခံထားခြင်း ဖြစ်လောက်ပေသည်။ ပြည်နယ်မှ ထိုပမာဏကို အမှန်တကယ် ထုတ်ပေးနိုင်မည်လော။
“အတွင်းရေးမှူးရှု.. ပြည်နယ်အစိုးရက (၁)ဘီလီယံတောင် ရင်းနှီးမြုပ်နှံမှာလား.. တခြားဌာနတွေအတွက်ရော.. လုပ်ငန်း လည်ပတ်ဖို့ ရန်ပုံငွေ ကျန်မှာ မဟုတ်တော့ဘူး..”
ဖုန်းယွီ လုံးဝယုံကြည်မည် မဟတ်ချေ။ ရှုချန်ယို ဂျင်းထည့်နေကြောင်း ခံစားမိနေသည်။ သူ(၁)ဘီလီယံ လှူလျှင်ပင် ပြည်နယ်မှ သန်း(၁၀၀)လောက်သာ ရင်းနှီးမြုပ်နှံ ပေလိမ့်မည်။
“ကျုပ်တို့ ခရိုင်ရေးလုပ်ငန်းဌာနရဲ့ အကောင့်ကို စစ်ဆေးဖို့ လူလွှတ်လိုက်လို့ရတယ်.. ယွမ်(၁)ဘီလီယံ စာရင်းသွင်းပြီး သွားပြီ.. ပြည်နယ်အစိုးရဘက်က (၁)ရာခိုင်နှုန်းမှ ယူလို့မရစေရဘူးဆိုတာ ကတိပေးတယ်.. အဲ့ငွေတွေကို မြို့နယ် ကိုယ်စီကိုပဲ ခွဲပေးလိုက်မှာ..”
ရှုချန်ယို တစ်ယောက်တည်း တွေးလိုက်မိသည်။ မြို့နယ်အသီးသီးမှ ခေါင်းဆောင်များမှာမူ မည်သည့်နေရာတွင် သုံးမည်ကို ကတိမပေးနိုင်ချေ။
ရှုချန်ယိုပြောထားသည်မှာ ဖုန်းယွီ၏ အလှူငွေများကို မထိရ။ ရေအရင်းအမြစ်၊ ရေမြောင်း အဆင့်မြှင့်တင်ရန် သုံးရမည်။ စုစည်းထားသည့် ပမာဏနှင့်ပတ်သက်၍ သူကိုယ်တိုင် ဂရုမစိုက်ချေ။
“အတွင်းရေးမှူးရှု.. အကောင့်တွေ စစ်ဖို့ ကျုပ်လူတစ်ယောက် လွှတ်လိုက်ပါ့မယ်..”
ဖုန်းယွီ ပြန်ဖြေလိုက်သည်။
“မင်းငွေအများကြီး လှူရမှာဆိုတော့ သေချာလေး စစ်မှ ရမယ်..”
ရှုချန်ယို ပြုံးလိုက်သည်။
ထိုစကားကြောင့် ဖုန်းယွီ ရှုချန်ယိုအား ကြည့်ကာ အလွန်တည်ငြိမ်သွားသည်။ ရေလုပ်ငန်းဌာန၏ အကောင့်တွင် ယွမ်(၁)ဘီလီယံ ရှိပေလိမ့်မည်။ သို့ရာတွင် လောင်ကျင်းပြည်နယ်သည် သူတို့ရထားသည့် အခွန်ငွေအနည်းငယ်မှ ယွမ်(၁)ဘီလီယံ စုစည်းထားနိုင်မည်လော။ တစ်ခုခု လွဲနေပေသည်။
“အတွင်းရေးမှူးရှု.. ခင်ဗျား အထက်လူကြီးတွေဆီက ရန်ပုံငွေ ရလာတာလား..”
ထိုသို့လည်း မဖြစ်နိုင်ချေ။ ဗဟိုအစိုးရသည် လောင်ကျင်းပြည်နယ်အား ယခင်နှစ်က ငွေများချပေးခဲ့သည်။ ထိုငွေများသည် စိုက်ပျိုးရေးအတွက် ဖြစ်သော်လည်း ယခုနှစ်အတွင်း လောင်ကျင်းပြည်နယ်သို့ ငွေအများအပြား မပေးလောက်ချေ။ အခြားပြည်နယ်များ ကြွလာပေလိမ့်မည်။
“အထက်လူကြီးတွေက ရန်ပုံငွေ တစ်ချို့ပဲ ထုတ်ပေးတာပါ.. အများစုက မြို့နယ်ကိုယ်စီက ကောက်ခံထားတာ.. အရိုးသားဆုံးပြောရရင် မင်းစေတနာကြောင့်ပါပဲ..”
ရှုချန်ယို ပြန်ဖြေလိုက်သည်။
ဖုန်းယွီ ရှုချန်ယိုအား ခနကြည့်ကာ မျက်လုံးများ မှိတ်ထားလိုက်သည်။ ထို့နောက် ရုတ်တရက် ထရယ်ကာ..
“အတွင်းရေးမှူးရှု.. ကျုပ် ငွေတွေ အများကြီး လှူလိုက်မယ်.. သုံးစွဲမှုကိုတော့ ကြီးကြပ်ပိုင်ခွင့် လိုချင်တယ်.. ဒါတော့ ပြဿနာမရှိဘူးမို့လား..”
ရှုချန်ယို၏ မျက်နှာပြောင်းလဲသွားကြောင်း ဖုန်းယွီတွေ့လိုက်ရသည်။ ထိုလူ သိနေပေသည်။ ပြည်နယ်အစိုးရသည် အခြားဌာနများအတွက်ပါ ရန်ပုံငွေကို အသုံးချသွားပေလိမ့်မည်။ လုံးဝမဖြစ်ချေ။
“မန်နေဂျာဖုန်း.. စိတ်မပူပါနဲ့.. မင်းအလှူငွေတွေကို ဘယ်သူမှ မထိရဲဘူး.. အလွဲသုံးစား လုပ်ဝံ့ရင် ငါကိုယ်တိုင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်.. အရာရှိအဆင့်ဆိုရင်တောင် အရာခံအဖြစ် ရာထူးချပစ်လိုက်မယ်.. ပြည်နယ် တစ်ခုလုံးစာ မင်းကို ကတိပေးရဲတယ်.. ခရိုင်အစိုးရကလည်း ရန်ပုံငွေ မထိစေရဘူး..”
ရှုချန်ယို ရိုးသားစွာ ပြောလိုက်သည်။
ဖုန်းယွီ ရယ်မောကာ..
“ကျုပ်လူတွေကို ကြီးကြပ်ခိုင်ချင်နေတယ်ဗျာ..”
“မန်နေဂျာဖုန်း.. မင်း ငါ့ကို မယုံဘူးလား..”
ရှုချန်ယို ဒေါသထွက်ဟန် ဆောင်လိုက်သည်။
ဖုန်းယွီ၏ ယခင်ဘဝရော ယခုဘဝတွင်ပါ ရှုချန်ယိုသည် နာမည်ကောင်းရျိပေသည်။ ထိုလူသည် မရိုးဖြောင့်ခြင်းကို မကြိုက်ဘဲ စကားတည်သူဖြစ်သည်။ ကတိစကားတစ်ခွန်ကို မည်သည့်အခါတွင်မှ ဖေါက်ဖျက်မည် မဟုတ်ချေ။ သို့ရာတွင် ရှုချန်ယို၏ ကစားများသည် ထောင်ချောက်တစ်ခုအဖြစ် ဖုန်းယွီ သတိထားမိနေသည်။
မိမိ လှူထားသည့် ငွေများကို မထိဘူးလော။ သို့ဆိုလျှင် ပြည်နယ်မှ ရရှိသည့် ရန်ပုံငွေများကို အခြားနေရာတွင် သုံးမည်လော။ ဆိုလိုသည်မှာ ဆည်များ ပြုပြင်ရန် အလှူငွေများကိုသာ သုံးမည်လော။
ပြည်နယ်မှ ရရှိသည့် ပမာဏသည် အခြားစီမံကိန်းများအတွက် ဖြစ်လောက်ပေမည်။ အလှူငွေများ လှူဒါန်းပြီးနောက် အခြားစီမံကိန်းများမှ ထုတ်ယူထားငွေများ ပြန်လည် လွှဲပြောင်း ပေးလိုက်မည် ဖြစ်သည်။
ဆုတောင်းလေ။
“အတွင်းရေးမှူးရှု.. ကျုပ်စောင့်ကြည့်ချင်တာက (၂)ဘီလီယံ ရန်ပုံငွေ အသုံးပြုမှုကိုပါ.. (၁)ဘီလီယံကို ပြောတာ မဟုတ်ဘူး..”
“မန်နေဂျာဖုန်း.. ပြည်နယ်က ရန်ပုံငွေတွေကို အနီးကပ် စောင့်ကြည့်နေမှာ..”
“လေးစားသမှုနဲ့ကို ယုံပါတယ်ဗျာ.. တခြားမြို့က ခေါင်းဆောင်တွေတော့ မသိဘူး.. ကျုပ်မြို့မှာတော့ မြို့တော်ဝန်ကိုယ်တိုင် ရန်ပုံငွေလိုချင်ရင်တောင် ရေလုပ်ငန်း အကြီးအကဲက ထုတ်ပေးရဲမှာမဟုတ်ဘူး.. တခြားဒေသ တွေမှာ အလှူငွေတွေ မသုံးဘူးလို့ ကတိပေးနိုင်ပါ့မလား.. ပြည်နယ်က ရမယ့် ပမာဏကိုရော ဘယ်လိုသုံးမယ်ဆိုတာ ဂရုစိုက်စရာ မလိုဘူးလား..”
ဖုန်းယွီ ရယ်မောလိုက်သည်။
ထိုလှည့်ကွက်လောက်ဖြင့် မိမိအား ကစားချင်နေပေသည်။
ရှုချန်ယိုသည် ဖုန်းယွီအနေဖြင့် သူ့လှည့်ကွက် မြင်သွားကြောင်း သိပေသည်။ သို့ရာတွင် အလှူငွေများ လိုချင်နေမိ ဆဲပင်။ ပြည်နယ်အတွက် ထိုလှူဒါန်းမှုသည် အလွန်အရေးကြီးပေသည်။
“မန်နေဂျာဖုန်း.. မင်းကို အရိုးသားဆုံးပြောလိုက်မယ်.. ခရိုင်မှာ ရေလုပ်ငန်း အဆင့်မြှင့်တင်ဖို့ ငွေအများကြီး မရှိဘူး.. ငါတို့ ပြည်နယ်မှာ ရှိတဲ့ ဆည်တွေက အခြေအနေကောင်းသေးတယ်.. အများကြီး အဆင့်မြှင့်တင်ဖို့ မလိုသေးဘူး..”
“ဆည်တွေ အဆင့်မြှင့်တင်ဖို့ ကျုပ်ငွေကိုပဲ ပြည်နယ်က သုံးချင်နေတယ်ပေါ့.. ရေလုပ်ငန်းဌာနက ဘာကို သုံးရမှာလဲ.. ကျုပ် (၁)ဘီလီယံနဲ့ ဘာတွေ လုပ်လို့ရမယ်ဆိုတာ ခင်ဗျားသိလား.. ဒီပမာဏကြီး ခင်ဗျားတို့ကို လှူလို့လို့ ကျုပ်အတွက် ဘာပြန်ရနိုင်မှာလဲ.. ကျုပ်အတွက် ဂုဏ်တက်သွားမယ်တော့ လာမပြောနဲ့နော်.. ကျုပ် စိတ်မဝင်စားဘူး..”
ဖုန်းယွီ အေးစက်စက်ဖြင့် ပြောလိုက်သည်။
“မန်နေဂျာဖုန်း.. ဒီကိစ္စ ငါတို့ သဘောတူထားတယ် မဟုတ်ဘူးလား”
“ဟုတ်တယ်လေ.. ကျုပ်တို့ သဘောတူထားတယ်.. ဒါပေမယ့် ပြည်နယ်အစိုးရရဲ့ သဘောထားက ကျုပ် တော်တော်လေး စိတ်ပျက်သွားတယ်.. အားလုံးဝိုင်းပြီး အလှူငွေ လိမ်ယူဖို့ လုပ်နေကြတာပဲ.. ပြည်နယ်အတွက် အလှူငွေ မထည့်ရင်တောင် သိထားသင့်တယ်.. အခု ကျုပ်ပြောနေတာက ယွမ် (၁)ဘီလီယံ လှူမယ်.. ကျုပ်လူတွေ ယွမ်(၂)ဘီလီယံကို စောင့်ကြည့်နေလိမ့်မယ်.. ကျုပ်လူတွေက ဘယ်သူ့ကိုမှ သုံးခွင့်ပေးမှာ မဟုတ်ဘူး..”
ရှုချန်ယို မျက်နှာပြောင်းသွားသည်။
“မန်နေဂျာဖုန်း… အရမ်းလွန်လွန်းတယ်.. အစိုးရရဲ့ ရန်ပုံငွေကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခု စီမံခန့်ခွဲတယ်ဆိုတာ ဘယ်တုန်းက ကြားဖူးလို့လဲ.."
ဖုန်းယွီ ချက်ချင်းပင်..
“ယွမ်(၁)ဘီလီယံတောင် လှူတဲ့သူကိုရော ဘယ်တုန်းက တွေ့ခဲ့ဘူးလို့လဲ..”
မိမိတွင် ငွေရှိသည်။ မိမိသည် သူဌေးဖြစ်သည်။ သူ့ဟာသူ တတ်နိုင်ပါက မိမိ ငွေလှူစရာမလိုကြောင်း ပြောလိုက်ယုံပင်။ ချက်ချင်း ထထွက်သွားမည်ပင်။
နှစ်ယောက်စလုံး အသံတိတ်သွားသည်။ ဖုန်းယွီသည် ဤအဖြစ်အပျက်အတွက် ရှုန်ချန်ယိုအား အလွန်စိတ်ပျက် သွားသည်။
“မန်နေဂျာဖုန်း.. ဒီပမာဏကို (၂)နှစ်အတွင်း ပြည်နယ်မှာ ဘယ်လိုလုပ် ရင်းနှီးမြုပ်နှံနိုင်မှာလဲ.. ဒီနှစ် သန်း(၅၀၀)နဲ့ နောက်နှစ် သန်း(၅၀၀)ရင်းနှီးမြုပ်နှံမယ်..”
ရှုချန်ယို အားတက်သယောက် တွက်ကြည့်ရာ သန်း(၅၀၀)ဖြစ်နိုင်သေးကြောင်း တွေ့လိုက်ရသည်။ မြို့အသီးသီးမှ ကန့်ကွက်သံများကို အာဏာပိုင်များမှ အတင်းအကြပ် ထိန်းချုပ်နိုင်ပေသည်။
“ပြည်နယ်အစိုးရက (၂)နှစ်အတွင်း ရန်ပုံငွေ ခွဲဝေပေးရင် အလှူငွေက (၂)နှစ် ခွဲလှူမှာပေါ့.. အခြေအနေက အတူတူပဲ.. အစိုးရ ရန်ပုံငွေနဲ့ အတူတူလှူမယ်.. ဒီရန်ပုံငွေတွေကို ပြည်သူတွေ စောင့်ကြည့်နေရမယ်.. ဆည်တွေ ပြုပြင်တည်ဆောက်ဖို့ လှူတာ.. တခြားနေရာမှာ သုံးဖို့ လှူတာမဟုတ်ဘူး..”
ဤသည်က ဖုန်းယွီအတွက် ပိုကောင်းပေသည်။ သူသည် သန်း(၅၀၀) ချက်ချင်း ထုတ်နိုင်ပေသည်။ လာမည့်နှစ်အတွက် ပြဿနာ မရှိတော့ချေ။ ထိုအချိန်၌ ရှယ်ယာများ ရောင်းချပြီး ဖြစ်၍ သူ့အရင်း ပြန်ရပေလိမ့်မည်။ သူ့ကုမ္ပဏီများ၏ အမြတ်ငွေသည်မှလည်း ရနိုင်ပေသည်။ ဖုန်းယွီကိုယ်တိုင် ယွမ်(၁)ဘီလီယံကို တစ်လုံးတည်း မထုတ်ချင်ချေ။
“ကောင်းပြီလေ.. မန်နေဂျာဖုန်း.. ပြည်နယ်အစိုးရ ရန်ပုံငွေ သန်း(၅၀၀)နဲ့ မင်းက သန်း(၅၀၀)လှူမယ်.. အဲ့ရန်ပုံငွေ သုံစွဲမှုကို နှစ်ဖက် ပူးပေါင်း စောင့်ကြည့်မယ်.. ရန်ပုံငွေ သုံးတဲ့နေရာမှာ (၂)ဖက်စလုံးက လက်မှတ်လိုမယ်.. အဲ့လိုဆို အဆင်ပြေလား..”
“ပြဿနာမရှိဘူး.. နောက်တစ်ခု ကျုပ်ဖြစ်ချင်တာက ဆည်တွေက ပြင်းပြင်ထန်ထန် ရေကြီး ရေလျှံမှုကို ခံနိုင်ရည် ရှိရမယ်.. အကျင့်ပျက်ခြစားတာတွေ မမြင်ချင်ဘူး.. ပြည်နယ် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ရေလုပ်ငန်း သိပ္ပံက အကြံပေးထားတဲ့ စီမံကိန်းတွေက အရမ်းကောင်းတယ်.. ဆည်တွေကို မြေကျစ်နဲ့ ဆောက်ထားတာ မတွေ့ချင်ဘူး..”
ပုရွက်ဆိတ် သို့တည်းမဟုတ် အင်းဆက်ပိုးမွှားများသည် မြေကျစ်တွင် အသိုက်ဆောက်သည့်အခါ သတိထားမိရန် ခက်ခဲပေသည်။ မြေဆီလွှပြေလျော့ကာ ဆည်ပြိုကျစေနိုင်သည်။
“ရေလုပ်ငန်းဌာနက ခွင့်ပြချက်ပေးရင် အဲ့ဒါ ပြဿနာမရှိဘူး..”
ရှုချန်ယို ကတိပြန်ပေးလိုက်သည်။
“အတွင်းရေးမှူးရှု.. ဆည်တွေ ပြုပြင် အဆင့်မြှင့်တင်ကာ လောင်ကျင်း ပြည်နယ်က လူတွေအတွက် ကျိုးရှိမယ်ဆိုတာ အာမခံတယ်.. နောင်ရေးအတွက် ကြိုတင်ပြင်ဆင်တာက သဘာဝ ဘေးအန္တရာယ် ဖြစ်ပြီးမှ လုပ်တာထက် ပိုကောင်းပါတယ်.. လူတွေအားလုံး ခင်ဗျားကို မှတ်မိနေလိမ့်မယ်..”
ရှုချန်ယို သက်ပြင်းချလိုက်သည်။
“မင်းပြောတာ မှန်တယ်.. ကြိုတင်ပြင်ဆင်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်.. မြို့အသီးသီးက မလိုအပ်တဲ့ စီမံကိန်းတွေ ငါရပ်လိုက်မယ်.. ဒီ(၂)နှစ်အတွင်း ပြည်နယ်က စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကိုပဲ အာရုံစိုက်ထားလိုက်မယ်..”
သို့ဆိုလျှင် အလှူငွေအတွက် စိတ်ချရပေပြီ။ ရေအရင်းအမြစ် အဆင့်မြှင့်တင်ခြင်းသည် စီးပွားရေးကို အထောက်အကူ မပြုသော်လည်း ပြည်သူများအတွက် အကျိုးရှိစေပေလိမ့်မည်။ စီးပွားရေး တိုးတက်မှုအတွက် အခြားနည်းလမ်းဖြင့် စဉ်းစား၍ ရပေသည်။
--------**$$^$$**--------