သခင်လူ၏ အန္တရာယ်
Vol. 55 Ch. 814
ပြည်နယ်အစိုးရမှ သန်း(၅၀၀)ရန်ပုံငွေချကာ ဖုန်းယွီမှလည်း ပမာဏတူ လှူဒါန်းမည် ဖြစ်သည်။ ဤငွေ (၁)ဘီလီယံကို လောင်ကျင်းပြည်နယ်၏ ရေအရင်းအမြစ်တွင် အသုံးပြုမည် ဖြစ်သည်။ ခရိုင်အစိုးရ၏ ဂျင်းထည့်ခြင်း ခံလိုက်ရကြောင်း မြို့များ သိလိုက်ကြသည်။ သို့ရာတွင် ဘာမှ လုပ်ပိုင်ခွင့်မရှိချေ။ အသုံးမဝင်သည့် စီမံကိန်းများကို ဆိုင်းငံ့ထားရန်သာ တတ်နိုင်တော့သည်။
နှစ်သစ်ကူးပြီးနောက် ရှုချန်ယို ပေကျင်းသို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ ငွေအနည်းငယ် ထုတ်ပေးရန် အထက်အရာရှိများ လိုအပ်ပေသည်။ ယခုနှစ် ငွေထုတ်မပေးလျှင်ပင် နောက်နှစ်အတွက် ဖြစ်သည်။ ဖုန်းယွီသည် နောက်နှစ်တွင်လည်း ဤပမာဏအတိုင်း လှူဒါန်းရန် သဘောတူထားသည်။
ဗဟိုအစိုးရသည် လောင်ကျင်းသို့ ရန်ပုံငွေ ထုတ်ပေးရန် စိတ်ကူးမရှိချေ။ ရေလုပ်ငန်းအတွင် ယွမ်သန်း(၅၀၀)ပေးမည် ဆိုပါက (၁)ဘီလီယံ တန်ဖိုးရှိ လုပ်ငန်းများ ပြီးမြောက်ပေလိမ့်မည်။ ဤသည်က အထက် အဆင့်ဆင့်အတွက် အကြွေးများပင်။
နှစ်ကူးပြီးနောက် ဖုန်းယွီသည် ပေကျင်းသို့ ပြန်လာလိုက်သည်။ သခင်လူသည် အတွေ့အကြုံရှိရန် အောက်ခြေအဆင့်သို့ ပြောင်းရွှေ့မည် ဖြစ်သည်။ သူမပြောင်းမီ ဖုန်းယွီနှင့် အတူစားချင်၍ဖြစ်သည်။
သခင်လူသည် ဖုန်းယွီအပေါ် အများအပြား ကူညီခဲ့သည်။ ဖုန်းယွီသည် သူ့ကျေးဇူးအတွင် တစ်စုံတစ်ရာ ပြန်ပေးလိုသော်လည်း သခင်လူနှင့် နီးကပ်သည့် ဆက်ဆံရေး ဆက်ရှိချင်သေးသည်။ သခင်လူသည် ထိပ်တန်း အစိုးရ အရာရှိများ မိသားစုမှ ဖြစ်သည်။
သခင်လူ၏ မိသားစု နောက်ခံဖြင့် အုပ်ချုပ်ရေးအဖွဲ့တွင် နေရာရနိုင်ပေသည်။ ဗဟို အစိုးရသို့ စာတင်လိုက်ယုံသာပင်။ ဖုန်းယွီသည် သခင်လူ၏ စရိုက်ကို ကြိုက်ပေသည်။ သူ့သူငယ်ချင်းများသည်လည်း လိုက်လာချင်ကြသည်။
“သခင်လူ.. နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်..”
ဖုန်းယွီ ပြုံးရယ်နေပေသည်။
“ညီနောင်ဖုန်းအတွက်လဲ မင်္ဂလာ နှစ်သစ်ပါဗျာ.. သူငယ်ချင်း တစ်ယောက်နဲ့ မိတ်ဆက်ပေးအုံးမယ်.. နျိုမင်က စစ်တပ်ကလေ.. သူ့အဖေက ဗိုလ်ချုပ်ရာထူးတက်ဖို့ တော်တော်လေး နာမည်ထွက်နေတယ်.. ညီနောင်နျိုက အခု ပို့ဆောင် ဆက်သွယ်ရေးဌာနမှာ လုပ်နေတယ်..”
ဖုန်းယွီသည် နျိုမင်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူ ဒုက္ခရောက်ပေပြီ။ သူသည် သခင်လူ၏ ဘဝဇာတ်ကြောင်းကို ပြောင်းလဲစေမိပြီ ထင်နေမိသည်။ တဖန် ဘာမှ မပြောင်းသကဲ့သို့လည်း ဖြစ်နေပြန်သည်။ ဖုန်းယွီ၏ ယခင်ဘဝတါင် သခင်လူသည် နျိုမင်ကို ကူညီရန် ကြိုးစားသဖြင့် ရွာလည်ခဲ့ရသည်။
ယခုဘဝတွင် ထပ်ဖြစ်အုံးမည်လော။
“ညီနောင်ဖုန်း.. အစ်ကိုလူဆီကတော့ မင်းအကြောင်းတွေ အများကြီး ကြားထားရတယ်.. နောက်ဆုံးတော့ လူချင်း တွေ့ရပြီပေါ့.. နောက်ပါပဲ အနည်းဆုံး (၃)ခွက်လောက် သောက်ရတော့မယ်..”
ဖုန်းယွီအနေဖြင့် နျိုမင် လိမ်နေကြောင်း ပြောနိုင်ပေသည်။ သခင်လူသည် နျိုမင်အား အမှန်တကယ် ပြောထားပါက မိမိသည် အရက်သောက်ရခြင်းကို မကြိုက်ကြောင်း သိထားပေလိမ့်မည်။
သခင်လူ ရယ်မောရင်းဖြင့်..
“ညီနောင်နျို.. ညီနောင်ဖုန်းက အရက်မသောက်ဘူး.. ငါပဲ မင်းနဲ့ နောက်မှ သောက်ပေးပါ့မယ်ကွာ..”
“ဟင်.. အခုထိ မသောက်တတ်သေးဘူးလား..”
နျိုမင် ပြောရင်းဖြင့် ဖုန်းယွီအား ကြည့်လိုက်သည်။ ဤသည်ကပင် ဖုန်းယွီအတွက် ပို၍ စိတ်မသက်မသာ ဖြစ်စေတော့သည်။
မိမိ စော်ကားမိသည်များ ရှိနေ၍လော။
သခင်လူ ကြောင့်သာမဟုတ်ပါက ဖုန်းယွီ ထွက်သွားမိပေလိမ့်မည်။ ဖုန်းယွီ ထိုလူနှင့် သိကျွမ်းလိုစိတ် မရှိချေ။ မိမိသည် အရက်သိပ်မသောက်နိုင်သော်လည်း လူသားတစ်ယောက်ဖြစ်သည်။ ယောက်ျားများ အနေဖြင့် မိမိတို့ သောက်နိုင်သည့် ပမာဏကို မည်သည့်အချိန်ကစ၍ သတ်မှတ်လိုက်ကြသနည်း။ ထိုလူသည် တောတွင်းဓားပြ လော။
တရုတ်စစ်သားများ ပိုဆိုးလာသည်ဟုတော့ လူများမပြောကြချေ။ ထို မျိုးဆက်သစ်များသည်သာ တရုတ်စစ်တပ်၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် မျိုးဆက်များဖြစ်သည်။
“နျိုမင် အခုတောင်းပန်လိုက်..”
သခင်လူ ကြိမ်းမောင်းလိုက်သည်။
“အစ်ကိုလူ.. ဘာအတွက် တောင်းပန်ရမှာလဲ..”
နျိုမင်အနေဖြင့် မှားသည်ဟု မထင်ချေ။
“နျိုမင် .. မင်းနဲ့ငါ သူငယ်ချင်း ဆက်ဖြစ်ချင်ရင် အခုချက်ချင်း တောင်းပန်လိုက်.. အဟုတ်ရင် မင်း အခုပြန်လို့ရပြီ..”
သခင်လူ ခပ်မာမာဖြင့် ပြောလိုက်တော့သည်။
နျိုမင်သည် သခင်လူကို ကြည့်ကာ စိတ်ရှုတ်သွားပြီး ဖုန်းယွီကို ကြည်လိုက်သည်။ သခင်လူသည် ဖုန်းယွီကို မည်သည့်အတွက် ကူညီနေကြောင်း သူနားမလည်ချေ။ ဖုန်းယွီသည် စီးပွားရေးသမား တစ်ယောက်သာပင်။
မည်သို့ပင်ဖြစ်စေ နျိုမင်သည် သခင်လူကို မလွန်ဆန်ရဲချေ။ သူသည် ဖုန်းယွီအား ကြည့်ကာ ကျေကျေနပ်နပ်ဖြင့် တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ်.. နောက်မှပဲ တစ်ခွက်သောက်ပြီး ကိုယ့်ကိုကိုယ် အပြစ်ပေးပါ့မယ်..”
နျိုမင်သည် ထိုစကားပြောနေစဉ် မျက်နှာပြင်၌ အပြုံးပန်းဝေနေသည်။ ဖုန်းယွီ မသောက်တတ်မှန်း သိသဖြင့် အရက်ကောက်၍ တောင်းပန်မည်ဟု ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်းပင်။ ထိုသို့တောင်းပန်ခြင်းသည် ရိုးသား၏လော။
သခင်လူသည် ဖုန်းယွီပုခုံးပေါ် လက်တင်၍..
“ညီနောင်ဖုန်း.. အဲ့ကောင်ကို စိတ်ဆိုးမနေနဲ့.. အဲ့ကောင် အာသမားပါ.. ဘာအန္တရာယ်မှ မရှိဘူး..”
ဖုန်းယွီ စိတ်ထဲ၌ ရယ်မောနေမိသည်။ သိပ်သေချာမနေပေနှင့်။ သူမိသားစု တစ်ခုလုံး သစ္စာဖောက်များဟု မည်သည့်အခါတွင်မှာ စိတ်ကူးမိမည် မဟုတ်ချေ။
ညစာ စားချိန်၌ ဖုန်းယွီ အလွန်တိတ်ဆိတ်နေသည်။ သခင်လူ ရှက်ကာ ဖုန်းယွီနှင့် စကားပြောရန် ကြိုးစား တော့သည်။ ဖုန်းယွီအား ကြည့်၍ နျိုမင် ကျေနပ်နေပေသည်။
ညစာ စားပြီးနောက် နျိုမင်သည် ကာရာအိုကေ သွားဆိုရန် အကြံပေးတော့သည်။ ဆိုင်သစ်ဖွင့်ထားပြီး သီးသန့်ခန်း များရှိကြောင်းပြောလာသည်။ ဖုန်းယွီသည် ထိုအတွေ့အကြုံများ ခံစာရန်၊ အဆိုတော် လုပ်ရန် ထိုနေရာသို့ သွားမည်လော။
“ခင်ဗျားတို့ပဲ သွားလိုက်ကြပါ.. ကျုပ် စိတ်မဝင်စားဘူး..”
ဖုန်းယွီ မတ်တပ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
“ဘာဖြစ်လို့လဲ.. မင်းငါ့ကို မျက်နှာသာ မပေးချင်တာလား..”
နျိုမင် ဒေါသထွက်သွားသည်။
“မင်းက ဘယ်သူလဲ.. ဘာအတွက် မျက်နှာသာ ပေးရမှာလဲ..”
ဖုန်းယွီ နျိုမင်ကို စိုက်ကြည့်နေသည်။
နျိုမင် မျက်နှာအမူအရာ ပြောင်းသွားသည်။ ဒင်း အရိုက်ခံချင်နေသည်လော။
ဖုန်းယွီ ဘာစကားမှ ပြောနေစရာမလိုဘဲ မိန်ကျစ်ကောင်း အပြေးဝင်ရောက်လာပြီး ဖုန်းယွီအနားတွင် ရပ်လိုက်သည်။
“သူဌေး.. ပြဿနာ တစ်ခုရှိနေလား.. ကျုပ်လူတွေ ခေါ်လိုက်မယ်..”
အောက်ထပ်တွင် နောက်ထပ် အဖွဲ့ဝင်(၂)ယောက် အခြားကားဖြင့် ပါလာပေသည်။ ပမ့်မြို့တော် အပြင်ဖက်တွင် ဖုန်းယွီသည် သက်တော်စောင့် နည်းနည်းကို သူနှင့်အတူ ခေါ်လာလေ့ရှိသည်။
နျိုမင်သည် မိန်ကျစ်ကိုကို စိုက်ကြည့်ကာ..
“စစ်သည်လား..”
“ကျုပ်က ယာဉ်မောင်းပါ..”
မိန်ကျစ်ကောင်း အေးစက်စက် ပြန်ဖြေလိုက်သည်။
“ညီနောက်ဖုန်း.. နျိုမင် .. မင်းတို့ကို ငါ့ကို မိတ်ဆွေလို့ သဘောထားကြသေးလား.. ထိုင်ကြစမ်းပါ..”
သခင်လူ မျက်နှာ မည်းမှောင်သွားသည်။ နျိုမင်သည် မျက်နှာနီမြန်းကာ စိတ်မြန်သူဖြစ်ကြောင်း သူသိထားသည်။ သို့ရာတွင် ယနေ့ ဖုန်းယွီ ဘာဖြစ်သွားသနည်း။ ဖုန်းယွီနှင့် သိကျွမ်းခဲ့သည်မှာ (၂)နှစ်နီးပါး ရှိပေပြီ။ ထိုအကျင့်မျိုး မရှိချေ။
ဖုန်းယွီ၏ ကိုယ်ရံတော်များသည် သခင်လူ တည်ခင်းဧည့်ခံသည့် ညစာစားပွဲအား ဝိုင်းထားပါ နောင်တွင် သူ့မိတ်ဆွေများကို မျက်နှာပြရန်ပင် အလွန်ခက်သွားပေလိမ့်မည်။
“အစ်ကိုလူ.. ငါ သူ့ကို ကာရာအိုကေ သွားခိုင်းတာ ငါမှားနေလို့လား..”
နျိုမင် သခင်လူကို ကြည့်နေပေသည်။
“နျိုမင်.. မင်းအရင် ပြန်နှင့်လိုက်.. နောက်နေ့မှ မင်းနဲ့ ငါလာသောက်မယ်..”
နျိုမင် အံ့ဩသွားသည်။ မည်သည်ကို ဆိုလိုသနည်း။ ထိုကောင်သည် စီးပွားရေးသမားမို့ မိမိအား ပြန်ခိုင်းနေသည်လော။
နျိုမင်သည် သခင်လူမှာ သူနှင့်အတူ ကာရာအိုကေ သွားဆိုချင်စိတ်မရှိသည်ကို သိသဖြင့် အပေါ်အင်္ကျီဆွဲယူကာ စားသောက်ဆိုင်မှ ထွက်လာသည်။ ဖုန်းယွီရှေ့ ဖြတ်လျှောက်စဉ် မုန်းတီးစွာ စိုက်ကြည့်သွားသည်။ ဖုန်းယွီသည်လည်း သတိထားမိလိုက်သည်။
နျိုမင် ထွက်သွားပြီးနောက် မိန်ကျစ်ကောင်းလည်း ထွက်သွားကာ တံခါးပိတ်ခဲ့လိုက်သည်။
“ညီနောင်ဖုန်း.. မင်း အရင်က သူနဲ့သိထားလို့လား..”
“မဟုတ်ပါဘူး..”
ဖုန်းယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ မိမိသည် သခင်လူအား ကယ်ချင်၍ မဟုတ်ပါက ထိုလူနှင့် ငြိမည် မဟုတ်ချေ။ သခင်လူ သူ့ဘက်ပါသည်ကို မြင်ရ၍ ဖုန်းယွီ ကျေနပ်သွားကာ နျိုမင်ကို အနိုင်ပိုင်းနိုင်ခဲ့သည်။
သခင်လူသည် ဖုန်းယွီအား လျစ်လျူရှုကာ နျိုမင်နှင့် ထွက်သွားပါက စိတ်ပူနေတော့မည် မဟုတ်ချေ။ ပတ်ဝန်းကျင်တွင် မျိုးဆက်သစ် အများအပြား ရှိပေသည်။ ဖုန်းယွီသည် မည်သည့် မျိုးဆက်သစ်များနှင့်မဆို မိတ်ဖွဲ့နိုင်ဆေပသည်။ ထို့အပြင် ဖုန်းယွီအနေဖြင့် ထိုမျိုးဆက်သစ်များ၏ အကူအညီ မလိုအပ်ချေ။
သခင်လူအနေဖြင့် ဖုန်းယွီမှာ ခေါင်းဆောင်ကြီး၊ သံလက်သီးကျူးတို့နှင့် တွေ့ဆုံဖူးထားပေသည်။ နျိုမင်နှင့် နှိုင်းယှဉ်၍ မရချေ။
နျိုမင်၏ ဖခင်သည် ဗိုလ်ချုပ် တစ်ယောက်သာဖြစ်သည်။ အခြားဌာနတွင် ညွှန်ကြားရေးမှူး အဆင့် အရာရှိ တစ်ယောက်သာပင်။ သခင်လူသည် ခရိုင်တစ်ခု၏ ပါတီအတွင်းရေးမှူးအဖြစ် အောက်ခြေအဆင့်သို့ သွားမည် ဖြစ်သည်။ သူသည် (၁၀)နှစ်အတွင်း ဒါရိုက်တာအဆင့် အရာရှိတစ်ယောက် ဖြစ်လာပေလိမ့်မည်။
နျိုမင်၏ ပိုင်းခြားသိမြင်နိုင်မှုကြောင့် သခင်လူ မိတ်ဆွေလုပ်ထားခြင်းပင်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ ဖုန်းယွီနှင့် နှိုင်းယှဉ်၍ မရချေ။
“ကောင်းပြီလေ.. နောက်နောင် ငါသူ့ကို ထပ်ခေါ်မလာတော့ဘူး.. ဒီနေ့လဲ ဆုံဖို့ ရည်ရွယ်ချက် မရှိပါဘူးလေ.. အဲ့ကောင်း နည်းနည်း ဒေါသကြီးတယ်.. စိတ်ထဲမထားနဲ့တော့..”
“သခင်လူ.. ခင်ဗျား သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ ကျုပ်အကြံပေးစရာရှိတယ်.. သူ မင်းကို ဒုက္ခပေးလိမ့်မယ်.. ဆက်မပေါင်းစေချင်ဘူး..”
ဖုန်းယွီ လေးနက်စွာ ပြန်ဖေလိုက်သည်။
“ဟား.. ဟား.. ဟား.. ညီနောင်ဖုန်း.. ငါ အလုပ်သွားရတော့မယ်လေ.. ဒီကောင် ငါနဲ့အတူ သောက်ချင်ပေမယ့် အချိန်မရှိတော့ဘူး.. အောက်ခြေအဆင့်ဆိုတာ ပေကျင်းမှာလို အနေမချောင်ဘူးလေ..”
သခင်လူ ပြန်ဖြေလာသည်။ ဖုန်းယွီသည် နျိုမင်ကို မကြိုက်၍ ပြောခြင်းဟု ခံစားလိုက်ရသည်။
ဖုန်းယွီ တစ်ယောက်တည်း တွေးလိုက်မိသည်။ နျိုမန်အား အရှေ့တောင်ဘက်ရှိ စစ်အခြေစိုက် စခန်းသို့ ပြောင်းရွှေ့လိုက်ပါက မည်သို့ ဖြစ်မည်နည်း။
သို့ရာတွင် ဖုန်းယွီသည် နျိုမင်၏ ဖခင်သည် သစ္စာဖောက်ဖြစ်ကြောင်း သခင်လူကို မပြောနိုင်ပေ။ သူ့ဟာသူ ဖြေရှင်းလိုက်သည်က ပိုလွယ်ကူပေလိမ့်မည်။
--------**$$^$$**--------