← Chapters

လျှို့ဝှက်ချက်

Vol. 55 Ch. 815

လျှို့ဝှက်ချက်

Vol. 55 Ch. 815

“ညီနောင်ဖုန်း.. ငါ အရှေ့တောင်ပိုင်းကို စာတင်မလို့ .. ငါ့ကို ကူညီလို့ရနိုင်မလား..”

ဤသည်မှာ ယနေ့ ညစာစားပွဲ လုပ်ရခြင်း၏ ရည်ရွယ်ချက် ဖြစ်တော့သည်။ နိုင်ငံရေး ဂုဏ်သတင်းများ ရရန် ဖုန်းယွီ၏ အကူအညီ လိုနေပေသည်။

မျိုးဆက်သစ် အရာရှိများအားလုံး မည်သည့်အတွက် ဤမျှ ရာထူးတိုး ရသနည်း။ အောက်ခြေအဆင့်သို့ သွားသည့်အခါ အဆက်အသွယ်များ၊ ရင်းနှီးမြုပ်နှံမှုများ လက်ကိုင်ထားကြသည်။ ၎င်းတို့သည် လူများကို အကျိုးဆောင်မှုများ ရရန် ကူညီပေးနိုင်ပေသည်။ မှန်ပေ၏။ အခြားအကြောင်းအရင်းမှာ သူတို့ထံမှ အကျိုးဆောင်မှုများကို မည်သူမှ လုယူရန် သို့တည်းမဟုတ် တားဆီးရန် သတ္တိမရှိကြချေ။

မျိုးဆက်သစ်များသည် ငယ်စဉ်ကတည်းက အရာရှိဖြစ်ရန်အလို့ငှာ အကြီးအကဲများထံမှ သင်ယူခဲ့ကြသည်။ သို့ရာတွင် အောက်ခြေအဆင့်အတွက်မူ ပျက်ကွက်သူ အများအပြား ရှိသေးပေသည်။

သခင်လူကို အရှေ့တောင်ပိုင်းသို့ ပို့မည်ဖြစ်ပြီး သူနှင့်အတူ စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုများ ပါလာမည် ဖြစ်သည်။ ထိုစီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုများသည် (၅)နှစ်အတွင်း ဒုမြို့တော်ဝန် အဖြစ် ရာထူးတိုးရန် လုံလောက်ပေသည်။ ဤသည်ကိုပင် နှေးကွေးလွန်းသည်ဟု ခံစားနေရသည်။

ထိုမျိုးဆက်များသည် အလွန်ဂုဏ်ဆာကာ မိမိကိုယ်မိမိ အထင်ကြီးတတ်ကြသည်။ မျှော်မှန်းရာထူး အထိ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း ရာထူးတက်သည်ကို မလိုချင်ပေ။

“သခင်လူ.. ဘာလို့ အရှေ့တောင်ပိုင်းကို သွားမှာလဲ..”

“ဖူကျင်းပြည်နယ်.. ဖူထျန်းခရိုင်မှာ ငါတာဝန်ခံဖြစ်ရမယ်..”

သခင်လူသည် ဂုဏ်ယူဝံ့ကြွားသည့် အကြည့်ဖြင့် ပြောလာသည်။ သူ့အသက်အရွယ်ဖြင့် ထိုရာထူး ရရှိရန် အလွန်ရှားပေသည်။

“ဂုဏ်ယူပါတယ်..”

ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ ဖူကျင်းလော။ နန်ဖူ ဘက္ထရီ၏ ဌာနချုပ်ဖြစ်ပေသည်။

ဖုန်းယွီသည် နန်ဖူဘက္ထရီကို အချိန်အကြာကြီး စောင့်ကြည့်နေပေသည်။ ယခင်ယဝက ထိုကုမ္ပဏီကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ လွှဲပြောင်းရယူသွာသည်။ ထိုကုမ္ပဏီသည် ယခင်က နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး နိုင်ငံခြားသားများ လက်အတွင်းသို့ အဆုံးသတ်သွားရသည်။

ဤသည်က နိုင်ငံရေးကြောင့်ပင်။ ကုမ္ပဏီသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ ခေါ်ယူရန်အတွက် နိုင်ငံအစိုးရ၏ စကားကို နားထောင်ခဲ့သည်။ နန်ဖူ ဘက္ထရီကို နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်းသည့်အချိန်၌ ကုမ္ပဏီသည် မည်သည့်ရန်ပုံငွေမှ မရှိချေ။ လုပ်ငန်းချဲ့ထွင်ရန်အတွက် ဘဏ်များမှလည်း ချေးငွေထုတ်ပေးလိုကြသည်။ သို့ရာတွင် အစိုးရမှ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်လိုပြီး နန်ဖူ ဘက္ထရီ၏ ရှယ်ယာများ ရောင်းချရန် ဖိအားပေးခဲ့သည်။ အဆုံးသတ်တွင် မော်ဂန်စတန်လေသည် ကုမ္ပဏီ၏ ရှယ်ယာများကို အခြားရှယ်ယာရှင် များထံမှ ရယူကာ နန်ဖူဘက္ထရီ၏ ပြိုင်ဘက်ထံ ရောင်းချခဲ့သည်။

သခင်လူသည် ဖူကျင်းပြည်နယ်သို့ သွားမည်ဆိုကတည်းက ဖုန်းယွီသည် နန်ဖူဘက္ထရီကို ရယူရန် ဆုံးဖြတ် လိုက်သည်။ ထိုကုမ္ပဏီကို နိုင်ငံခြားသား လက်အတွင်း ရောက်သွားမည်ထက် သူပိုင်ထားပါက ပိုကောင်းပေလိမ့်မည်။

ဖုန်းယွီအနေဖြင့် ပထမဆုံး သခင်လူကို တွန်းတင်ရမည်။ ထိုနည်းဖြင့် သခင်လူသည် ဖူကျင်းပြည်နယ် ဒုတာဝန်ခံ ဖြစ်ရပေမည်။ ဖူတျန်းခရိုင်အတွင်း ဆက်ရှိနေပါက အကူအညီရနိုင်မည် မဟုတ်ချေ။

“သခင်လူ.. ကျုပ် ဖူတျန်းမှာ မော်တော်ဆိုင်ကယ် စက်ရုံတစ်ခု ဆောက်ဖို့ ပမ့်မြို့တော် ယန္တရားကုမ္ပဏီ လွှတ်လိုက်မယ်..”

ဖူကျင်းပြည်နယ်သည် ပြည်နယ်(၃)ခုဗဟိုတွင် ရှိပေသည်။ ထိုနေရာ၌ စက်ရုံတည်ဆောက်ခြင်းသည် နီးစပ်ရာ ဒေသများအား ဝန်ဆောင်မှု ပေးနိုင်ပေသည်။ စက်ယန္တရားကုမ္ပဏီမှ စက်ရုံခွဲ ဖွင့်လှစ်တည်ဆောက်ရန် စီစဉ်ထားသည့် နေရာများအနက်မှ တစ်ခု ဖြစ်ပေသည်။

သခင်လူ ဝမ်းသာသွားကာ..

“အဲ့ဒါ စောင်ကျင်း မော်တော်ဆိုင်ကယ်လား.. ကျေးဇူးအရမ်းတင်တယ်ကွာ.. ညီနောင်ဖုန်း မင်းတကယ်ကို အကူအညီ ကောင်းပေးလိုက်တာပဲ..”

သခင်လူ ခေတ္တစဉ်းစားပြီးနောက်..

“ညီနောင်ဖုန်း.. မင်း ဆိုင်ကယ်စက်ရုံ တစ်ခုပဲ ဆောက်မှာလား.. ဆောင်ကျင်းကားကိုလဲ ဟိုမှာ စက်ရုံခွဲတစ်ခု ထူထောင်လို့ မရဘူးလား..”

“သခင်လူ.. မော်တော်ကား စက်ရုံအတါက် ရင်းနှီးမြုပ်နှံမှု ကြီးကြီးလိုတယ်.. ငွေက ပြဿနာမဟုတ်ဘူး.. ဒါပေမယ့် တရုတ်ရဲ့ မော်တော်ကား ဈေးကွက်က အခု ဝယ်လိုအား နည်းနေတယ်.. ဖောဆိုလဲ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံး ဈေးကွက်ဝေစု ရထားတယ်.. ဈေးကွက်ဝေစုကို ဖြည်းဖြည်းချင်း တိုးအောင် ကြိုးစားနေတုန်းပဲ.. ဒါပေမယ့် အကန့်အသတ်တွေ ရှိတယ်.. ဖူကျင်းမှာ မင်း ဘယ်လောက် ကြာအောင်နေမယ် ရည်မှန်းထားလဲ.. မင်း (၁၀)နှစ်ကျော်အောင်နေမယ် ဆိုရင်တော့ (၃)နှစ်ကနေ (၅)နှစ်အတွင်း ငွေဘယ်လောက်ကုန်ကုန် စက်ရုံခွဲတစ်ခု ငါဆောက်မယ်..”

ဖုန်းယွီ ပြန်ပြောလိုက်သည်။

ဖုန်းယွီသည် ထိုမျိုးဆက်သစ်များသည် ၎င်းတို့၏ ရာထူးတိုးနိုင်ရန်အတွက် အောက်ခြေအဆင့်သို့ ပြောင်းရမည်ကို သိပေသည်။ သခင်လူသည် ဝန်ကြီးဌာနများတွင် ဌာနခွဲမှူး အဆင့်သို့ ရောက်လာပေမည်။ အောက်ခြေအဆင့်သို့ ခန့်အပ်မည်ဖြစ်ပြီး ဒုတိယ ဌာနညွှန်ကြားရေးမှူးရာထူး ရရှိပြီးနောက် ဌာနဆိုင်ရာများသို့ ပြန်လည် ခန့်အပ်မည် ဖြစ်သည်။ နောက်တစ်ကြိမ် အောက်ခြေအဆင့်သို့ ပြန်လည် ခန့်အပ်ခံရပါက ဌာနညွှန်ကြားရေးမှူးအဆင့် ဖြစ်လာမည် ဖြစ်သည်။

အခြားလူများသည် ရာထူးကို ဖြည်းဖြည်းချင်း တက်ရပေမည်။ ထိုမျိုးဆက်သစ်များသည် ရာထူးတိုးရန် နည်းလမ်းများစွာရှိပြီး ၎င်းတို့ရာထူးတိုးများမှာ အခြားလူများထက် ပို၍ မြန်ဆန်ပေသည်။

“ညီနောင်ဖုန်း.. ဆိုင်ကယ်စက်ရုံဆို လုံလောက်ပါပြီကွာ..”

သခင်လူ ရှက်ရယ် ရယ် လိုက်သည်။ ကတိမပေးရဲချေ။ အထက်တန်းအဆင့်များတွင် လစ်လပ်နေရာ ရှိပါက အစွမ်းကုန် ကြိုးစား ရယူသွားမည်ပင်။

အခြားလူများထက် သာလွန်သူများသာ ထိပ်တန်းရာထူး (၉)ခုကို ရရှိမည် ဖြစ်သည်။

“သခင်လူ.. မင်းသူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့တော့ မင်းကို သတိပေးလိုက်မှရမယ်.. ပထမအချက်က မင်းမှာ ငွေမရှိဘူး.. မဟုတ်တဲ့ငွေတွေ ဘယ်တော့မှ အိတ်ထဲမထည့်နဲ့..”

“အေးပါကွာ.. အစောကတည်းက ရှယ်ယာတွေကို ငါ့ယောက္ဖဆီ လွှဲပေးထားတယ်.. ငွေလိုရင်တော့ သူထုတ်ပေးမှာပေါ့ကွာ..”

“ဒုတိယအနေနဲ့.. လောဘစိတ်ဆိုတာ မင်းခေါင်းပေါ် ဓားမိုးထားသလိုပဲ.. မင်းရူးကြောင်ကြောင်နေတာလဲ ကြာခဲ့ပြီ.. အခု အိမ်ထောင်ကျသွားပြီ.. စိတ်ကစားရတော့မယ့် အချိန်မဟုတ်တော့ဘူး.. တခါတရံ လျှောက်ပတ်တာ ငါနားလည်ပေးနိုင်တယ်.. ဒါပေမယ့် တကယ့် ခံစားချက်အစစ်နဲ့တော့ မင်းမိသားစုကို ဘယ်တော့မှ ထိခိုက်အောင် မလှည့်စားနဲ့..”

“အေးပါကွာ.. ဒါတွေ ငါသိပါတယ်.. ဒီအပြောင်းအရွှေ့ကို ငါကိုယ်တိုင် တောင်းဆိုလိုက်တာပါ.. ငါလဲ အသက်မွေး ဝမ်းကြောင်း သေချာလုပ်ချင်တယ်.. ဝေ့မနေနဲ့တော့ ဆက်ပြောကွာ..”

“တတိယအချက်က မင်းအကြောင်း ငါကောင်းကောင်းသိတယ်.. မင်းက သူငယ်ချင်းတွေ အရမ်းမင်တယ်.. တကယ်ကို ကောင်းတယ်.. ဒါပေမယ့် မင်းနောင်ရေးအတွက် မကောင်းဘူး.. မင်းမှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်… လူတန်းစားလဲ စုံတယ်.. သူတို့ ဒုက္ခရောက်တိုင်း လိုက်ကူညီနေမယ်ဆိုရင် မင်းပါ တိုင်ပတ်လိမ့်မယ်..”

သခင်လူ မျက်မှောင်ကြုတ်လိုက်သည်။

“မင်းပြောတာ မလွန်ဘူးလားကွာ.. ငါ့သူငယ်ချင်းတွေကို မကူညီရင် ငါ့ကို ဘယ်လိုမြင်ကြမလဲ..”

“အသေးအဖွဲကိစ္စဆို ပြဿနာမရှိဘူး.. ဒါပေမယ့် မင်းပြဿနာက ဘယ်သူငယ်ချင်းဖြစ်ဖြစ် မင်းဆီ အကူအညီ လာတောင်းရင် ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး.. မင်း ဘာတွေပဲ လုပ်ရလုပ်ရ ဒုတိယ အခွင့်အရေး ရအောင်ပေးမှာ.. ဒါပေမယ့် တစ်ချို့ အမှားတွေက ခွင့်လွှတ်လို့ မရဘူးဆိုတာ မင်းတွေးဖူးလား..”

“ဘယ်သူမှ စင်းလုံးချောမနေဘူးလေကွာ.. ကိုယ်စီဘဝတွေမှာ ဘာအမှားမှ မလုပ်ဖူးဘူးလို့ ဘယ်သူပြောရဲမှာလဲ.. သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ သူတို့ကို ငါကူညီရမှာပေါ့.. သူတို့ ဒုက္ခရောက်နေတဲ့အချိန် အကူအညီ မပေးရင် ဘယ်လိုလုပ် သူငယ်ချင်းလို့ ခေါ်နိုင်တော့မှာလဲ..”

သခင်လူ၏ အကျင့်မှာ သူငယ်ချင်း ဖြစ်ထိုက်ပေသည်။ သို့ရာတွင် ထိုအကျင့်ကြောင့် အစိုးရဌာနအတွင်း ရှိမနေသင့် ချေ။

“သခင်လူ.. မင်းအဆင့်အတန်းကို မမေ့ပါနဲ့.. မင်း အစိုးရဌာနမှာ အသက်မွေးဝမ်းကြောင်း လုပ်ချင်တာ.. အဲ့သူငယ်ချင်း တွေကပဲ မင်းကို ဆွဲချလိမ့်မယ်.. မင်း သူတို့ကို စောင့်ရှောက်လို့ရတယ်.. ဒါပေမယ့် အတိုင်းအတာ ကန့်သတ်ထားရမယ်.. မင်းတိုင်းပြည်အတွက် တခြားကိစ္စတွေ ခေါက်ထားမှ ရမယ်..”

“ဒါလဲ ငါသိတယ်.. တိုင်းပြည်အတွက်ပဲ ဦးစားပေးမှာပါ.. ငါလဲ ပါတီဝင် တစ်ယောက်ပဲလေ..”

သခင်လူ ရယ်မောလိုက်သည်။

ဖုန်းယွီစိတ်အတွင်း၌မူ မိမိ ယခင်ဘဝက ဤကောင် ထိုသို့တွေးနိုင်ပါက ကျရှုံးမည် မဟုတ်ချေ။ ထိုကဲ့သို့ အမှားမျိုး ထပ်မလုပ်မိပါစေနှင့်ဟုသာ။

“မင်းနားလည်တယ်ဆို ဝမ်းသာပါတယ်.. တစ်ချို့လူတွေက သူငယ်ချင်း ဖြစ်ဖို့ မထိုက်တန်ဘူး.. မင်း အရှေ့တောင် ဘက် ရောက်ရင် နာမည်ကြီး သူငယ်ချင်းတွေ မပေါင်းပါနဲ့.. ရှေးခေတ်ကတည်းက အဲ့လိုလူတွေက အဆုံးအစ မရှိကြဘူး..”

“အေးပါကွာ.. ဒီနေ့ မင်းဘာဖြစ်နေတာလဲ.. ငါ ဖူကျင်းမှာ အလုပ်သွားလုပ်မှာပါဟ.. အန္တရာယ်တောထဲ တိုးမှာ မဟုတ်ပါဘူး..”

သခင်လူ ရယ်မောလိုက်သည်။

ဖုန်းယွီ သက်ပြင်းချကာ ဆက်မပြောတော့ချေ။

တစ်ချို့အရာများသည် ထုတ်ပြော၍ မရချေ။ နျိုမင်၏ မိသားစုနှင့် အရှေ့တောင် ဒေသရှိ စီးပွားရေး လုပ်ငန်းရှင်တို့သည် နောင်တွင် လူအများအပြားကို ထိခိုက်စေလိမ့်မည်။

ထိုလျှို့ဝှက်ချက် ထိန်းထားရန် ခက်ခဲလွန်းပေသည်။

--------**$$^$$**--------

All Chapters