အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ယူနိုင်ခဲ့ပေပြီ
Vol. 55 Ch. 816
မတ်လဆန်း၌ သခင်လူသည် ဖူကျင်းသို့ သွားကာ ဖုန်းယွီသည် ဟောင်ကောင်မှ နယူးယောက်သို့ ပြန်လာ လိုက်သည်။ စီစဉ်ထားသည်ထက် တစ်ပတ်စောပေသည်။ အဘယ့်ကြောင့်ဆိုသော် ဖုန်းယွီသည် အင်ပါယာစတိတ် အဆောက်အဦးအား အရောင်းအဝယ်လုပ်ရန် အသင့်ဖြစ်နေကြောင်း သတင်းရ၍ ဖြစ်သည်။
ဟီဒီခီယိုကိုသည် ခီခ်ကိုနာကာဟာရာ၏ အဆောက်အဦးရှယ်ယာများကို ဖုန်းယွီအား ရောင်းရန် သဘောတူကြောင်း မသိချေ။ သို့ရာတွင် ဟီဒီခီယိုကိုသည် အမေရိကန် နှင့် ဥရောပရှိ သူ၏ ပိုင်ဆိုင်မှု တော်တော် များများကို ထိုအတွက် စွန့်လွှတ်ခဲ့ကြောင်း ခါမီဒါမာဆောင် ပြောလိုက်သည်။ ထိုအရောင်းအဝယ်ပြီးပါက ဟီဒီခီယိုကိုသည် ခီခ်ကို နာကာဟာရာနှင့် ဆက်ဆံရေးအားလုံး ဖြတ်တောက်မည် ဖြစ်သည်။
ယခုအချိန်မှစ၍ ခီခ်ကိုနာကာဟာရာသည် ယိုကိုမိသားစုနှင့် ဘာမှ မဆိုင်တော့ချေ။ ခီခ်ကို နာကာဟာရာသည် ဟီဒီခီယိုကို၏ ပိုင်ဆိုင်မှု အများစုကို ရရှိမည် ဖြစ်သည်။ သူသည် အမေရိကန်ရှိ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချကာ ပြင်သစ်သို့ ပြောင်းရွှေ့မည် ဖြစ်သည်။ ဥရောပရှိ သူ့ပိုင်ဆိုင်မှုများသည် သူတို့ ဇနီးမောင်နှံအတွက် တစ်သက်တာစာ ဖူလုံပေတော့မည်။
ဒေါ်နယ်ထရမ့်သည် အင်ပါယာ စတိတ် အဆောက်အဦးမှ နှစ်ရည်ငှားရမ်းထားသူ (၂)ယောက်ကို ဖယ်ရှားနိုင်ခဲ့သည်။ အဆောက်အဦးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ထရမ့်သည် အခြားအိမ်ငှားများနှင့် ပူးပေါင်းလုပ်ဆောင်သကဲ့သို့၊ လက်လှမ်းမမှီသော နည်းလမ်းအချို့ကိုပါ အသုံးချကာ ထိုအိမ်ငှားများကို ဖိအားပေး ထွက်ခိုင်းခြင်း၊ ၎င်းတို့နှင့် ပတ်သက်သည့် ကောလာဟလများ ဖြန့်ဝေခြင်း စသည်တို့ကို သုံးခဲ့သော်လည်း ခီခ်ကို နာကာဟာရာသည် ဆိုအိမ်ငှားများအား ငှားရမ်းစာချုပ် ပယ်ဖျက်ရန် ပြန်အမ်းငွေများ ထုတ်ပေးရသည်။
အင်ပါယာစတိတ်အဆောက်အဦးသည် အမေရိကန်တွင် အမြင့်ဆုံး မဟုတ်တော့ချေ။ ယခင်ကလောက် အရေးမပါတော့ချေ။ ခီခ်ကိုနာကာဟာရာ၊ ထရမ့်နှင့် အခြားအိမ်ငှားများသည် ထိုအဆောက်အဦးကို ပြုပြင်မွမ်းမံရန် တောင်းဆိုကြသည်။ သို့ရာတွင် စာချုပ်ပါအချက်များအရ ကုန်ကျစရိတ် အချိုးကျ ပေးရမည်ဖြစ်သည်။ ယခုအချိန်၌ အိမ်ခြံမြေဈေးကွက် မကောင်းသဖြင့် မပေးလိုကြချေ။
အဆောက်အဦး၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ သန်း(၁၀၀)ဖြစ်သည်။ ထရမ့်သည် ရှယ်ယာ (၅)ရာခိုင်နှုန်း လိုချင်သဖြင့် ဖုန်းယွီသည် သူ့ကို ကန်ဒေါ်လာ (၄၅)သန်း လက်ငင်းချေကာ သန်း(၅၀)ထုတ်ချေးလိုက်သည်။ ဖုန်းယွီသည် ရှယ်ယာ (၅၀)ရာခိုင်နှုန်း အတွက် ခီခ်ကိုနာကာဟာရာနှင့် ဟီဒီခီယိုကိုတို့အား ကန်ဒေါ်လာ သန်း(၄၀) ပေးချေလိုက်သည်။
ဖုန်းယွီသည် သူပိုင်ထားသည့် ရှယ်ယာ အချို့ကို ကန်ဒေါ်လာ သန်း(၂၀၀)ဘိုး ထုတ်ရောင်းခဲ့သည်။ နှစ်သစ်ကူး မတိုင်မီ အစုရှယ်ယာများ ရောင်းချပါက သူ၏ အမြတ်ငွေမှာ ကန်ဒေါ်လာ သန်း(၂၀)လျော့သွားပေလိမ့်မည်။ ဖူကွမ်းကျန့်ထံမှ ချေးထားသည့် ငွေများ ပြန်ပေးကာ လက်ကျန်ငွေများကို သူပိုင် အကောင့်ထဲသို့ လွှဲလိုက်သည်။ နယူးယောက်တွင် အိမ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။
ထရမ့်၏ အင်ပါယာစတိတ် အဆောက်အဦး စီမံခန့်ခွဲမှု ကုမ္ပဏီသည် လေနှင့်မိုး အင်ပါစတိတ် စီမံခန့်ခွဲရေး ကုမ္ပဏီ အဖြစ် အမည်ပြောင်းလိုက်သည်။ ဖုန်းယွီသည် ကုမ္ပဏီ ပိုင်ရှင်ဖြစ်ပြီး ရှယ်ယာ (၆၀)ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ကီရီလန်ကိုသည် ဖုန်းယွီအား ငွေအနည်းငယ်ပေးကာ ရှယ်ယာ (၃၅)ရာခိုင်နှုန်း ရလိုက်သည်။ ထရမ့်၏ ရှယ်ယာသည် (၅)ရာခိုင်နှုန်းဖြစ်သည်။
ဘုံသဘောတူညီချက်အရ ထရမ့်သည် လာမည့် (၅)နှစ်အထိ အဆောက်အဦးကို စီမံခန့်ခွဲရမည် ဖြစ်သည်။ ဤသည်က ဖုန်းယွီအတွက် ဒုက္ခများ အလွန်သက်သာစေပေမည်။ ဖုန်းယွီသည် အဆောက်အုံကို ဝယ်ယူပြီးနောက် ပထမဆုံး ဆုံးဖြတ်ချက်မှာ အဆောက်အဦးကို ပြန်လည် ပြုပြင်ရန် ငွေစုစည်းခြင်းပင်။ တစ်ခုတည်းသော လိုအပ်ချက်မှာ အင်ပါယာစတိတ် အဆောက်အဦးအား သက်တောင့်သက်သာအရှိဆုံး ရုံးခန်း အဆောက်အဦး ဖြစ်လာစေရန်ပင်။
ထရမ့်သည် အင်ပါယာစတိတ် အဆောက်အဦးတွင် သူ့ရှယ်ယာများ ရောင်းချခြင်းမှ ရရှိငွေများနှင့် ဖုန်းယွီထံမှ ချေးယူထားငွေများကို အသုံးချကာ မျက်စိကျနေသည့် အဆောက်အဦးတစ်ခု ဝယ်လိုက်သည်။ ဟိုတယ် တစ်ခုလည်း ဝယ်ပေသည်။ ထိုဟိုတယ်အား ထရမ့် ဟိုတယ်အဖြစ် အမည်ပြောင်းမည် ဖြစ်သည်။
ဖုန်းယွီသည် ဟီဒီခီယိုကို၏ သားများအား ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ ရှယ်ယာ အနည်းငယ်ကို ပေးခဲ့သည်။ ရှယ်ယာ အရေအတွက်ကို ကန်ဒေါ်လာ (၁၀)သန်းမှ (၁၃)သန်းအထိ တိုးမြှင့်ပေးလိုက်သည်။ ဟီဒီခီယိုကို၏ သားများကို အစုရှယ်ယာ ပေးပြီးနောက် ဟီဒီခီယိုကိုနှင့် ခီခ်ကို နာကာဟာရာတို့မှ ရှယ်ယာများ ဝယ်စဉ်က ကန်ဒေါ်လာ (၁၀)သန်း ဖယ်ထားသဖြင့် အရှုံးမရှိချေ။
ဤသည်မှာ အဆောက်အဦးအတွက် ပေးရမည့် တန်ဖိုးအစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဖုန်းယွီသည် သူ့ဆဋ္ဌမအာရုံ ကုမ္ပဏီအတွက် စီမံခန့်ခွဲရေး ဝန်ထမ်း (၂)ယောက် ရသွားပေလိမ့်မည်။
“မင်္ဂလာပါဖုန်း.. ငါတို့တွေ အင်ပါယာ အဆောက်အဦး တကယ်ဝယ်လိုက်ပြီပေါ့..”
ကီရီလန်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဟား.. ဟား.. ဟား.. ဈေးနည်းနည်း ကြီးပေမယ့် အဆောက်အဦး ပြန်ပြင်ပြီးရင် ငှားရမ်းခတွေ တိုးလာမယ်လို့ ထရမ့်ပြောထားတယ်.. ပြုပြင်စရိတ်ကို (၂)နှစ်အတွင်း ပြန်ရလိမ့်မယ်..”
ဖုန်းယွီသည် ဝိုင်အနည်းငယ်သောက်ကာ ဖန်ခွက်ပြန်ချထားလိုက်သည်။
အိမ်ငှားခများကို အိမ်ရှင်တိုးချင်တိုင်း တိုး၍မရချေ။ စည်းမျဉ်းစည်းကမ်းများဖြင့် ကန့်သတ်ထားပေသည်။ ကံကောင်းသည်မှာ အဆောက်အဦးတန်ဖိုး တိုးလာသဖြင့် ကန့်သတ်ချက်များ ပိုမြင့်လာစေသည်။
ယခင်က အင်ပါယာစတိတ် အဆောက်အဦး၌ ရုံးခန်း အလွတ် အများအပြား ရှိပေသည်။ အင်ပါယာစတိတ် အဆောက်အဦးကို ပြန်လည် ပြုပြင် မွမ်းမံမည်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ကုမ္ပဏီ အများအပြား ရုံးခန်းနေရာ ငှားရန် စိတ်ဝင်စားကြောင်း ပြရန်အတွက် ထရမ့်နှင့် ဆက်သွယ်လာကြသည်။
အမေရိကန် စီးပွားရေးသည် တိုးတက်လာပြီး အမေရိကန် ဘဏ္ဍာရေး အချက်အချာဖြစ်သည့် နယူးယောက်သည် ကုမ္ပဏီများစွာအတွက် နာမည်ကျော် နေရာဖြစ်သည်။ အမွှာမျှော်စင်၌ ငှားရမ်းခ အလွန်ဈေးကြီးပေသည်။ အခြား ရုံးအဆောက်အဦးများမှာ ကောင်းကောင်း အထိန်းသိမ်းနိုင်ချေ။ အင်ပါယာစတိတ် အဆောက်အဦး ငှားရမ်းခသည် အကျိုးသင့်အကြောင်းသင့်သည့် ပြန်လည် ပြုပြင်ခြင်းဖြစ်သည်။ အင်ပါယာစတိတ် အဆောက်အဦးသည် ကုမ္ပဏီ များအတွက် ဦးစားပေးရွေးချယ်စရာ ဖြစ်လာသည်။
အမွှာမျှော်စင်မှာ ငှားရမ်းသူ အချို့ပင် ပြုပြင်မွမ်းမံပြီးနောက် အင်ပါယာစတိတ် အဆောက်အဦးသို့ ပြောင်းချင်နေ ကြသည်။ ရုံးခန်း ငှားရမ်းခ အလွန်သက်သာပေသည်။
“အင်ပါယာစတိတ် အဆောက်အဦးရဲ့ အမိုးပေါ် ရပ်လိုက်တာနဲ့ နယူးယောက်ရဲ့ အထင်ကရ နေရာတွေကို မြင်နေရတယ်.. အဲ့ခံစားချက် အရမ်းကောင်းတယ်..”
ကီရီလန်ကို၏ သူ့မျက်နှာပေါ်၌ အလွန်ကျေနပ်နေကြောင်း မြင်နေရပေသည်။
ဖုန်းယွီ မျက်စောင်းထိုးကြည့်လိုက်သည်။ အလွန်ကောင်းသည်လော။ ဤမျှ လေထန်နေသည့် နေရာမရှိတော့ချေ။
“ကောင်းပြီလေ.. အပေါ်ဆုံးထပ်ကို မင်းကုမ္ပဏီအတွက် သီးသန့် ထားလိုက်မယ်.. မင်းပျင်းတိုင်း အမိုးပေါ် တက်လို့ရတာပေါ့..”
အအေးဒဏ်မကြောက်ပါက နေ့တိုင်းတက်၍ ရပေသည်။
“ဟေ့ကောင်.. မင်း သူတို့တွေ အဆောက်အဦးရောင်းအောင် ဘာတွေ လုပ်လိုက်တာလဲ..”
ကီရီလန်ကို စပ်စုလိုက်သည်။ သူ့လူများသည် ခီခ်ကိုနာကာဟာရာနှင့် ဟီဒီခီယိုကိုတို့အား ယခင်က ချဉ်းကပ်ခဲ့ဖူး သော်လည်း အဆောက်အဦးရှယ်ယာများ ရောင်းချရန် ငြင်းလိုက်ကြသည်။
ဖုန်းယွီသည် ဟီဒီခီယိုကို၏ မိသားစု ပဋိပက္ခအကြောင်း ကီရီလန်ကိုအား ပြောပြလိုက်သည်။ သူသည် သူ့ကုမ္ပဏီ ရှယ်ယာ အချို့ကိုသာ ပေးပြီး အဆောက်အဦးကို ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဖုန်းယွီသည် ဟီဒီခီယိုကိုအား အလွန်သဘောကျပေသည်။ အလွန်ကောက်ကျစ်သည့် မြေခွေးတစ်ကောင် ဖြစ်ပြီး လှည့်ကွက်များပေသည်။ ဤကိစ္စသည် နဂိုကတည်းက ဟီဒီခီယိုကို ဖြစ်လိုသည့် အတိုင်း ဖြစ်လောက်ပေမည်။ သို့အဟုတ်ပါက ခီခ်ကို နာကာဟာရာသည် သူ့ရှယ်ယာများအား အချိန်တိုအတွင်း မည်သည့်အတွက် ရောင်းချနိုင် မည်နည်း။ ရောင်းဈေးသည် ပေါက်ဈေးထက် သန်း(၁၀) သက်သာနေပေသည်။
ဟီဒီခီယိုကိုသည် သူ့ပိုင်ဆိုင်မှုများကို သမီးနှင့် သား(၂)ယောက်ထံ လွှဲပြောင်း ပေးခဲ့သည်။ သူ့ကုမ္ပဏီအား ချောမွေ့စွာ လည်ပတ်နိုင်စေရေးအတွက် ငွေကြေးများစွာ ရယူနိုင်ခဲ့သည်။ သူ၏ လက်ကျန် အချိန် အနည်းငယ်အား ဘဝသာယာစေရေးအတွက် အကျဉ်းကျခံရန် သုံးလိုက်သည်။
“ဖုန်း.. မင်းအရမ်း ဉာဏ်ကောင်းတယ်.. ငါဘာလို့ မစဉ်းစားမိပါလိမ့်.. အပေါ်ဆုံးအထပ် ပြင်ပြီးရင် အမွှာမျှော်စင် ကနေ ပြန်ရွှေ့မယ်ကွာ.. ငါ့ရုံးခန်းတွေမှာ မြက်ခင်းတွေ ထားလိုက်ရင် ပိုကောင်းမယ်..”
ကီရီလန်ကိုသည် သူ့ဝိုင်ခွက်ကို လှည့်နေရင်း ပြောလိုက်သည်။ အင်ပါယာစတိတ် အဆောက်အဦးကို အောင်မြင်စွာ ဝယ်ယူခြင်းအတွက် ပျော်စရာ အောင်ပွဲ တစ်ခုဖြစ်နေပေသည်။
“သူဌေး.. ဒီသတင်းစာတွေ ကြည့်ပါအုံး..”
ကီရီလန်ကိုနှင့် ဖုန်းယွီ အောင်ပွဲလုပ်နေစဉ် ဝီလ်စင်သည် သတင်းစာတစ်စောင့်အတူ အပြေးဝင်လာသည်။
--------**$$^$$**--------