← Chapters

ပူးပေါင်းကြံစည်မှု သီအိုရီများ

Vol. 55 Ch. 817

ပူးပေါင်းကြံစည်မှု သီအိုရီများ

Vol. 55 Ch. 817

ဖုန်းယွီသည် အမေရိကန်၌ နောက်ထပ် (၂)နှစ် ထပ်နေမည် ဖြစ်သဖြင့် ဝီလ်စင်သည် နယူးယောက်တွင် ဥပဒေကုမ္ပဏီ တစ်ခု တည်ထောင်ခဲ့သည်။ ဖုန်းယွီအား ဥပဒေကြောင်းအရ စာရွက်စာတမ်းများကိစ္စ ကူညီခြင်း အပြင်၊ ကီရီလန်ကို၏ အမေရိကန်နိုင်ငံ ကိုယ်စားလှယ်ရှေ့နေဖြစ်လာပေသည်။ ထို(၂)ယောက်မှ ရရှိသည့် သူ့ကုန်ကျစရိတ် ကာမိရန် လုံလောက်ပေသည်။ ထို့အပြင် သူ့ကုမ္ပဏီမှ အခြားအလုပ်များ လက်ခံ လုပ်နိုင်သေးသည်။

ယမန်နေ့က ဝီလ်စင်သည် ဖုန်းယွီအတွက် အင်ပါယာစတိတ် အဆောက်အဦး၏ စာရွက်စာတမ်းများ ပြီးစီးအောင် လုပ်ပေးခဲ့သည်။ ယနေ့နံနက် သူ့ရုံးခန်းထဲ၌ အင်ပါယာစတိတ် အဆောက်အဦးရောင်းရငွေနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ် တွေ့လိုက်ရသည်။

အင်ပါယာစတိတ် အဆောက်အဦးသည် ယခုအခါ သတင်းစာ ခေါင်းကြီးပိုင်း ဖြစ်နေပေသည်။ သို့ရာတွင် သတင်း ကောင်းတစ်ခုတော့ မဟုတ်ချေ။

လျှို့ဝှက်ဆန်းကြယ်သည့် တရုတ်စီးပွားသမား တစ်ယောက်သည် အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ယူလိုက်သည်။

အင်ပါယာ စတိတ် အဆောက်အဦးသည် ပိုင်ရှင်းများ ပြောင်းလဲသွားပေပြီ။ ကျွန်ုပ်တို့၏ အထင်ကရ သမိုင်းဝင် အဆောက်အဦးကို ပြင်ပလူတစ်ဦး မည်သည့်အတွက် ပိုင်ဆိုင်သွားရသနည်း။

တရုတ်အရင်းရှင်သည် အမေရိကန်အား ကျူးကျော်နေပေပြီ။

ထို့နောက် စာကြောင်း (၁၀)ခုကျော်မှာ အင်ပါယာစတိတ် အဆောက်အဦး ရောင်းရငွေများ အကြောင်းဖြစ်သည်။ အစီရင်ခံစာများတွင် မိုက္ခရိုဆော့၏ ရှယ်ယာရှင် တစ်ယောက်အနေဖြင့် ဖုန်းယွီကြောင်း ဖော်ပြထားသည်။ ကျန်ကုမ္ပဏီများအကြောင်း ထည့်မထားချေ။ သတင်းထောက်များသည့် သူ၏ အခြားသော စီးပွားရေး လုပ်ငန်းများ အကြောင်း မသိကြသေးချေ။

ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ အမေရိကန်တို့ လုပ်နေကျ ပူးပေါင်းကြံစည်မှု သီအိုရီ တစ်ခုဖြစ်သည်။ သို့ရာတွင် အမေရိကန်များသည် တစ်ကိုယ်ကောင်းဆန်သည့် လူများဖြစ်သည်။ အင်အားကြီး နိုင်ငံတစ်ခုတွင် ရှိနေခြင်း၏ အကျိုးကျေးဇူးများကိုသာ ခံစားချင်သော်လည်း တိုင်းပြည်အတွက် ၎င်းတို့၏ အကျိုးအမြတ်များ မစွန့်လွှတ်ချင်ကြချေ။

ထိုသီအိုရီများသည် ဖုန်းယွီ၏ အမေရိကန်၌ ရင်းနှီးမြုပ်နှံမှုများအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ချေ။ ကုမ္ပဏီများ သည် အင်ပါယာစတိတ် အဆောက်အဦးတွင် ရုံးခန်း နေရာများကို ငှားနေကြမြဲဖြစ်ပြီး ဖုန်းယွီသည် သူ၏ မိုက္ခရိုဆော့ဖ် ရှယ်ယာများ ရောင်းချရန် အတင်းအကြပ် တွန်းအားပေး၍ မရချေ။

ဖုန်းယွီသည် ထိုဆောင်းပါးများ၌ နိုင်ငံရေး ဩဇာ လွှမ်းမိုးမှုရှိသည်ကို သတိပြုမိလိုက်သည်။ ထိုသို့သော ဇာတ်လမ်းများကို သူနိုင်ငံသား တရုတ်လူမျိုးများ အလေးထားပေသည်။ ဤသည်က အမေရိကန်များ ယုံကြည်ထား သည့် တရုတ် ခြိမ်းခြောက်မှု သီအိုရီနှင့် ကိုက်ညီပေသည်။

ဖုန်းယွီသည် ဆောင်းပါကို ဖတ်ပြီးနောက် ကီရီလန်ကိုအား မေးချင်သော်လည်း သူ့ထက်ပင် ဒေါသ ပိုထွက်နေကြောင်း သတိထားမိလိုက်သည်။ ထိုသတင်းထောက်များသည် မည်သို့ ဖြစ်နေသနည်း။ ရုရှား ခြိမ်းခြောက်မှု သီအိုရီကို မည်သည့်အတွက် မဖော်ပြသနည်း။

ကီရီလန်ကိုသည် ရုရှားကို ချန်ထားသဖြင့် ဒေါသထွက်နေပေသည်။ မိမိသည် အင်ပါယာစတိတ် အဆောက်အဦး၏ ရှယ်ယာရှင်တစ်ယောက်ဖြစ်ပြီး ငွေများစွာ သုံးခဲ့ရသည်။ ဖုန်းယွီအကြောင်းသာ ပါပြီး မိမိအကြောင်း မည်သည့်အတွက် မပါသနည်း။ ရုရှားကိုကျော်၍ မည်သည့်အတွက် တရုတ်ကို စိုးရိမ်ရသနည်း။ လွန်လွန်းပေသည်။

“ဖုန်း… ငါတို့ လက်တုန့်ပြန်ရမယ်..”

ကီရီလန်ကို အော်လိုက်သည်။

ဖုန်းယွီသည် ထိုသတင်းများကို ပြန်လည်ချေပသင့်သည်ဟု ပြောချင်ပေသည်။ ကီရီလန်ကိုသည် ဤဆောင်းပါး၌ လုံးဝ ဖော်ပြထားခြင်း မရှိချေ။

သို့ရာတွင် ညီနောင်ကီမှာ ထင်ပေါ်ကျော်ကြားချင်သဖြင့် မတားတော့ချေ။ မည်သို့ပင်ဖြစ်စေ ဖုန်းယွီသည် ထင်ပေါ် ကျော်ကြားမှုကို မလိုလားချေ။

“ကောင်းပြီလေ.. ငါတို့ ဘယ်လို လက်တုံ့ပြန်ရမှာလဲ..”

ဖုန်းယွီသည် ကီရီလန်ကို၏ စိတ်ကူးများကို သိချင်ပေသည်။

ဤသည်က အမေရိကန်ဖြစ်သည်။ ဤသတင်းစာများကို အဓိကအားဖြင့် အမေရိကန် လူမျိုးများအတွက် ရည်ရွယ် ထားပေသည်။ မိမိတွင် ဆောင်းပါးတစ်ပုဒ် ရှိနေလျှင်ပင် မီဒီယာ၌ ထုတ်ဝေနိုင်မည် ဖြစ်သည်။ ထုတ်ဝေ နိုင်ခဲ့လျှင်ပင် ဆောင်းပါးသည် အမေရိကန်တို့၏ ချီးကျူးထိုက်သည့် စံနှုန်း မပြည့်ပါက အမေရိကန်လူမျိုးများ ဖတ်မည် မဟုတ်ချေ။ ဖုန်းယွီမှာမူ ကီရီလန်ကိုကဲ့သို့ လုပ်မည် မဟုတ်ပေ။

ကီရီလန်ကိုသည် ဂျပန်ကဲ့သို့ အမေရိကန်စီးပွားရေး ပြိုလဲသွားရန် မစောင့်နိုင်တော့ချေ။ နောက်တစ်နေ့ အမေရိကန် စီးပွားရေး ပြိုကျသွားပါက ကီရီလန်ကို အားရပါးရ ပြုံးနေမည်ဖြစ်ကြောင်း ဖုန်းယွီ သံသယမရှိချေ။

“သူတို့ မာနတွေကို ငါဝယ်ပစ်မယ်ဆိုပြီး အမေရိကန်တွေကို ပြောရမယ်.. ငါတို့ အင်ပါယာစတိတ် အဆောက်အုံကို ဒီနေ့ဝယ်တယ်နော်.. နောက်နေ့ လွတ်လပ်ရေး ရုပ်ထုကို ငါတို့ဝယ်ပစ်မယ်ကွ..”

“ဖူး….”

ဖုန်းယွီမှာ လက်ဖက်ရည်သောက်ရင်း ထွေးထုတ်လိုက်မိတော့သည်။ လွတ်လပ်ရေး ရုပ်တုကို ဝယ်ချင်နေသည် လော။ မည်သည့်အတွက် အိမ်ဖြူတော်ကို ဝယ်ရန် မပြောသနည်း။

ဤသည်မှာ အမေရိကန် အမျိုးသား အထိမ်းအမှတ်နှင့် လွတ်လပ်ရေးကို ကိုယ်စားပြုပေသည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ မဟာ တံတိုင်းကြီး၊ ပြစ်သစ်ရှိ အီဖယ်မျှော်စင်နှင့် အီဂျစ်ရှိ ပိရမစ်များကဲ့သို့ပင်။ တိုင်းပြည် တည်ရှိနေသ၍ မည်သည့်အခါတွင်မှ ရောင်းမည် မဟုတ်ချေ။

“အဟွတ်.. အဟွတ်.. ညီနောင်ကီ လာနောက်နေတာလား.. မော်စကိုက ကရင်မလင်ကို တစ်ယောက်ယောက်က ဝယ်ချင်နေရင် ဘယ်လိုလုပ်မလဲ..”

“ဟာသထင်လဲ ဂရုမစိုက်ဘူးကွာ..”

မိမိကိုပင် ထိုလူမိုက်က ကျော်တက်ချင်နေသည်လော။ သင်ကိုယ်တိုင် ကြိုးစားကြည့်နိုင်ပေသည်။ အကြံအစည်မှာ မိုက်မဲလွန်းပေသည်။

အင်ပါယာစတိတ် အဆောက်အဦးကို အခြားသော ဂျပန်တစ်ယောက် သို့တည်းမဟုတ် အာဖရိကမှ လူမျိုးစု အကြီးအကဲ တစ်ယောက်ထံ ရောင်းချပါက ထိုသို့သော သတင်းမျိုးထွက်မည် မဟုတ်ကြောင်း ဖုန်းယွီ သိထားပေသည်။ သို့ရာတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှု အချို့ကြောင့် အမေရိကန်အတွက် စိုးရိမ်စရာ ဖြစ်နေပေသည်။

တရုတ်နိုင်ငံသည် ယမန်နှစ်က စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပြီး ယခုနှစ်တွင် နောက်ထပ် စစ်ဆေးလေ့ကျင့်မှု တစ်ခု လုပ်ရန် စီစဉ်ထားပေသည်။ ယခုနှစ် စစ်ရေးလေ့ကျင့်မှုအတွက် ရန်ပုံငွေ ယွမ်(၄)ဘီလီယံကျော် ဖြစ်သည်။ ဤသည်က အမှန်တကယ် စစ်ရေးလေ့ကျင့်မှုလော။

ဖုန်းယွီအနေဖြင့် အဘိုးကြီးသည် ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်ချင်နေသည်ဟုပင် ယုံကြည်ထားသည်။ ထိုစစ်ရေးပြ လေ့ကျင့်မှု အစီအစဉ်များ ပေါက်ကြားသွားပေသည်။ သို့မဟုတ်ပါက တရုတ်၏ အကြံအစည် အောင်မြင် နိုင်ပေသည်။

ယမန်နှစ် နှစ်လယ်ပိုင်း၌ အမေရိကန်သည် ထိုင်ဝမ်အစိုးရထံ ကြားဝင်စွက်ဖက်ခဲ့ပြီး တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးကို ယိုယွင်းစေတော့သည်။ သမ္မတကလင်တန်သည် တရုတ်နိုင်ငံ၏ စည်းမျဉ်းများကို စမ်းသပ်ခဲ့ပြီး နောက်ထပ် သက်တမ်းတစ်ခုအတွက် ထောက်ခံမှုရရန် ကြိုးစားခဲ့သည်။

သမ္မတ ကလင်တန်၏ သက်တမ်းအတွင်း အမေရိကန်စီးပွားရေးသည် ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ အမေရိကန်သည် စစ်အင်အားနှင့် စီးပွားရေးအရ ဂျပန်နှင့် ဆိုဗီယက်ပြည်ထောင်စုထံမှ ကွာခြားချက်ကို လမ်းပြ ပေးခဲ့သည်။

ယခုအချိန်၌ တရုတ်၏ ခြိမ်းခြောက်မှု ထပ်မံထွက်ပေါ်လာပြီး ပြည်သူများအနေဖြင့် သတိပြုမိမည်သာပင်။ အမေရိကန် နိုင်ငံသားများ ဂုဏ်ယူစေရန် စွမ်းအား ထုတ်ပြကြပေလိမ့်မည်။ ထိုနည်းဖြင့် ကလင်တန်သည် မဲဆန္ဒရှင်များ၏ ယုံကြည်မှုကို ပြန်လည်ရရှိစေပေလိမ့်မည်။

တရုတ်နိုင်ငံ၏ စစ်အင်အားသည် အာရှ၌ လက်ရှိ အင်အားအကြီးဆုံး ဖြစ်သည်။ အဓိကမှာ အဘိုးကြီးသည် အနီးကပ် ရှိနေပြီး ခေါင်းဆောင်အားလုံး စည်းလုံးကြသောကြောင့် ဖြစ်သည်။

ထို့အပြင် အဘိုးကြီးသည် ထိုင်ဝမ်ကို ပြန်လည် သိမ်းယူချင်နေသည်။ တရုတ်သည် ဟောင်ကောင်နှင့် မကာအိုကို ပြန်လည် သိမ်းပိုက်နေပေပြီ။ ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် အပြည့်အဝ ပြန်လည် မပူးပေါင်းသေးသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ ဤသည်မှာ လျှို့ဝှက်ချက် မဟုတ်သလို တစ်ကမ္ဘာလုံးမှ သိနေပေသည်။

လွန်ခဲ့သည့်နှစ်က ထိုင်ဝမ်အား ထောက်ပံ့ရန် လေယာဉ်တင်သင်္ဘောတစ်စီးကို အမေရိကန်မှ စေလွှတ်ခဲ့ပြီး ယခုနှစ်တွင် နောက်ထပ် လေယာဉ်တင်သင်္ဘောတစ်စင် စေလွှတ်ခဲ့သည်။ ဤသည်က ထိုင်ဝမ်ကို မသိမ်းပိုက်ရန် တရုတ်ကို သတိပေးခြင်းပင်။ သို့မဟုတ်ပါက စစ်ဖြစ်တော့မည်။

တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ယခုအချိန်၌ မည်သည့်စစ်ပွဲများတွင်မှ မပါဝင်နိုင်သေးချေ။ ရုရှား၏ သဘောထားကိုမူ မသိရသေးချေ။ အိမ်နီးချင်း နိုင်ငံများ အားကောင်းလွန်းသဖြင့် တရုတ်မှ ထိုင်ဝမ်ကို ပြန်သိမ်းခြင်းအား ရုရှား မလိုလားချေ။

တရုတ်သည် ရှေးယခင်ကတည်းက စစ်ဖြစ်ခဲ့သည်။ ရုရှားသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှု၏ သက်ရောက်မှုမှ ပြန်လည် နာလန်ထူရန် ကြိုးစားနေရပြီး တရုတ်နိုင်ငံ အလွန်အင်အားကြီးလာရန် အခွင့်အရေး မပေးချေ။

အကယ်၍ တရုတ်သည် ထိုင်ဝမ်အား ပြန်လည်သိမ်းပိုက်လိုက်ပါက ၎င်း၏ စီးပွားရေးသည် လျင်မြန်စွာ ကြီးထွားလာပြီး ရုရှားကို အချိန်တိုအတွင်း ကျော်တက်သွားမည်ဖြစ်သည်။ ငွေကြေး အလုံအလောက် ရှိပါက တရုတ်စစ်တပ်သည် ပို၍အားကောင်းလာမည်ဖြစ်ပြီး ရုရှားသည် ယခင်က တရုတ်၏ အစိတ်အပိုင်းများကို သိမ်းပိုက်ထားသောကြောင့် စိုးရိမ်နေမည် ဖြစ်သည်။

သို့ဖြစ်၍ အမေရိကန်သည် တရုတ်ကို ခြိမ်းခြောက်ရန် လေယာဉ်တင် သင်္ဘောများ စေလွှတ်ခြင်းအား ရုရှားမှ ငြိမ်နေခြင်းဖြစ်သည်။

ထိုလေယာဉ်တင် သင်္ဘော(၂)စင်းသည် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်းမြို့များကို ခြိမ်းခြောက်ရန် လုံလောက် ပေသည်။ ထိုမြို့များသည် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု၏ မှတ်တိုင်များပင်။ အကယ်၍ ထိုမြို့များသည် စစ်ပွဲကြောင့် ပျက်စီးသွားပါက တရုတ်၏ စီးပွားရေး ပြင်းပြင်းထန်ထန် ထိခိုက်ကာ နောက်ဆုံး၌ ထိုင်ဝမ်ကို တရုတ် သိမ်းပိုက်နိုင်သည့်အခါ ၎င်းတို့၏ စီးပွားရေး လှုပ်ခတ်သွားပေလိမ့်မည်။ ဤသည်က တရုတ်မမြင်လိုသည့် ကိစ္စပင်။

ထိုင်ဝမ်ကို ခြိမ်းခြောက်ပြီးနောက် တရုတ်မှ အရှုံးပေးမည်ဖြစ်ကြောင်း ဖုန်းယွီ သိပေသည်။ ယခင်ဘဝက အဘိုးကြီးသည် ထိုကိစ္စကြောင့်ပင် ထိုင်ဝမ်ပြန်လည် ပူးပေါင်းသည်အထိ မစောင့်နိုင်တော့ခြင်း ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။

ဖုန်းယွီကမူ လုံးဝ ဂရုမစိုက်ချေ။ အမေရိကန်သည် တရုတ်၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ဆောင်းပါး ရေးလိုပါက ဆက်ရေးနိုင်ပေသည်။ တရုတ်သည် နောက်တစ်ဖန် ပြန်လည်ရုန်းထကာ အမေရိကန်၏ စီးပွားရေးကို ကျော်တက်သွားလိမ့်မည်ဟု ပြောချင်နေကြသည်လော။

နောင်တွင် ထိုသို့ ဖြစ်အောင် လုပ်ရပေလိမ့်မည်။

--------**$$^$$**--------

All Chapters