ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ကြားခြင်း
Vol. 55 Ch. 818
ထိုအိပ်မက် အမှန်တကယ် ဖြစ်လာစေရန် ဖုန်းယွီသည် သူ့အမှတ်တံဆိပ်များအပေါ် သတိပြုမိမှု မြှင့်တင်ရပေမည်။ လုပ်ငန်းကို ထိန်းချုပ်ရန် အားကောင်းသည့် အမှတ်တံဆိပ် လိုအပ်ပေသည်။
လက်ရှိအခြေအနေ၌ အမေရိကန်တွင် နာမည်ကြီး တရုတ်အမှတ်တံဆိပ် (၂)ခုသာ ရှိပေသည်။ ဤသည်မှာ လေနှင့်မိုး၊ ကျန်းလီပေါင် တို့ဖြစ်သည်။
လေနှင့်မိုး အမှတ်တံဆိပ်များတွင် လူကြိုက်များသည့် ထုတ်ကုန်အများအပြား ရှိပေသည်။ အရွက်မဲ့ပန်ကာ၊ ရေငွေ ထိန်းစက်၊ VCD၊ DVD မူပိုင်ခွင့် စသည် စသည်ဖြင့် ရှိနေသည်။ အမှတ်တံဆိပ်သည် ၎င်း၏ အိမ်သုံးပစ္စည်းများ အတွက် လူသိများကာ အချို့ထုတ်ကုန်များသည် ဈေးကွက်၌ ဦးဆောင်နေပေပြီ။
ကျန်းလီပေါင်သည် တရုတ်ဈေးကွက်၌ အဖျော်ယမကာ လုပ်ငန်း ခေါင်းဆောင်ဖြစ်သည်။ ယမန်နှစ်က စုစုပေါင်း ရောင်းအား ယွမ်(၄)ဘီလီယံကျော် ရှိကာ အမြတ်ငွေ ယွမ်သန်း(၄၀၀)ကျော်ဖြစ်သည်။ နိုင်ငံပေါင်း (၁၀)ခုကျော်၌ ရုံးခွဲများရှိကာ နိုင်ငံပေါင်း (၃၀)ကျော်တွင် ရောင်းချလျှက် ရှိသည်။
လီဟဟသည် တရုတ်ဈေးကွက်တွင် ကျန်းလီပေါင်အား အမီလိုက်နေသော်လည်း တရုတ်နိုင်ငံအတွင်း၌သာ ကန့်သတ်ထားသည်။ လီဟဟ၏ ထုတ်ကုန်များသည် ထိုင်ဝမ်၊ ဟောင်ကောင်နှင့် မကာအိုတို့၌သာ ရောင်းချ နေပေသည်။ ဂျပန်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း ရောင်းအား မကောင်းသဖြင့် ဆုတ်ခွာခဲ့ရသည်။ တရုတ် အမှတ်တံဆိပ် တစ်ခုဖြစ်ကြောင်း သိရှိသွားပြီးနောက် ဂျပန်တို့ မဝယ်ချင်ကြချေ။ ကျောက်ချင်းရှန်ဆိုလျှင် စိတ်ဆိုးလွန်း၍ ကိုယ်အလေးချိန်ကျကာ ပိန်သွားသည်အထိပင်။
ကျန်းလီပေါင်သည် တရုတ်နိုင်ငံ၏ ဦးဆောင်သူ ဖြစ်ပြီး၊ ၎င်းနောက်တွင် လီဟဟ၊ လီပိုင်ရှီ၊ အုန်းပင်၊ ကျန်းကျန်း၊ တက်နေအုပ်စုနှင့် အခြားသော အမှတ်တံဆိပ်များစွာ ရှိနေပေသည်။ ထိုကုမ္ပဏီများ၏ စုစုပေါင်းရောင်းအားသည် ကန်ဒေါ်လာ (၃)ဘီလီယံကျော်ဖြစ်သည်။ ယမန်နှစ်က အမေရိကန် အဖျော်ယမကာ ကုမ္ပဏီများ၏ စုစုပေါင်း ရောင်းအားမှာ မည်မျှနည်း။ (၁၀)ဘီလီယံဒေါ်လာ ရှိပေသည်။
တရုတ်နိုင်ငံတွင် လူဦးရေ (၁.၂)ဘီလီယံရှိပြီး အမေရိကန်တွင် သန်း(၂၀၀)သာ ရှိပေသည်။ နိုင်ငံ(၂)ခုအကြား စားသုံးသူ အသုံးစရိတ် ကွာခြားချက်မှာ ထင်ရှားလွန်းပေသည်။
ဖုန်းယွီသည် လီဟဟကို တရုတ်မှ ခေါ်လာချင်နေသည်။ ယခင်ဘဝက လီပါ့ရှန် ဤသို့ လုပ်ရန် ကြိုးစားခဲ့သော် လည်း မအောင်မြင်ခဲ့ချေ။ လီပါ့ရှန် အထွတ်အထိပ်ကာလာ၌ ရောင်းအားသည် ကန်ဒေါ်လာ (၂၅)သန်းထက် မပိုချေ။ ကျန်းလီပေါင်ထက် များစွာ ဆိုးရွားကာ အုန်းပင် ထက်သာပေသည်။
အမေရိကန် အစားအစာစိစစ်ရေး အဖွဲ့သည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ဖြစ်သည်။ မည်သည့် ဖျော်ယမကာ မဆို အစားအစာ စိစစ်ရေးအဖွဲ့ (FDA) စစ်ဆေးမှု အောင်မြင်ပါက အခြားနိုင်ငံများ၌ အောင်မြင်ရန် ပြဿနာ မရှိတော့ချေ။
ကျန်းလီပေါင်သည် (FDA) စစ်ဆေးမှု အောင်မြင်ခဲ့ပြီး အမေရိကန်တွင် အခြေခိုင်ရန် စီမံခဲ့သည်။
အမေရိကန်တွင် ကျန်းလီပေါင်၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ဆို့လျှက်ရှိသည်။ အဓိကအားဖြင့် ကျန်းလီပေါင်သည် ဖျော်ယမကာ တစ်မျိုးတည်းသာရှိနေသဖြင့် အမေရိကန်တွင် အဖျော်ယမကာ ကုမ္ပဏီကြီး (၂)ခုရှိနေသေးသည်။
ကျန်းလီပေါင်သည် ပက်ပ်စီ နှင့် တွဲလုပ်ရန် အခွင့်အရေး ရခဲ့သည်။ ကိုကာကိုလာနှင့် ပူးတွဲ ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ကြသော်လည်း ညှိနှိုင်းမှုအတွင်း ကျန်းလီပေါင်၏ အကြီးအကဲ လီကျန်းဝေသည် အလွန်မောက်မာသည့် စကားတစ် ပြောခဲ့မိသည်။
“ပက်ပ်စီဆိုတာ နိုင်ငံတကာ အဖျော်ယမကာ လုပ်ငန်းမှာ ဦးဆောင်နေတဲ့ သူပါ.. ကျုပ်တို့နဲ့ ပူးပေါင်းပြီး ကျုပ်တို့ရဲ့ ထုတ်ကုန်တွေကို ကြိုဆိုသလို ခင်ဗျားလဲ ကြိုဆိုဖို့အတွက် ကျန်းလီပေါင် ကိုယ်စား ပြောပါတယ်..”
လီကျန်းဝေသည် ပက်ပ်စီကို သူတို့၏ ကန်ထရိုက်တာများထဲမှ တစ်ယောက်ဖြစ်လိုခြင်းပင်။
ပက်ပ်စီ၏ ကိုယ်စားလှယ် မျက်နှာအမူအရာ ပြောင်းသွားကြောင်း ကောလာဟလများ ပေါ်ထွက်ခဲ့သေးသည်။ ပက်ပ်စီသည် ထိုပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးအမြတ်များမည့် စည်းကမ်းချက်များဖြင့် ကမ်းလှမ်းခဲ့သည်။ ကျန်းလီပေါင်သည် ပက်ပ်စီကို တရုတ်နိုင်ငံတွင် အချိုရည် ဈေးကွက်တင်ရန်နှင့် ကိုကာကိုလာကို နှိမ်နင်းရန် ကူညီမည် ဖြစ်သည်။ အခြားတစ်ဖက်တွင် ပက်ပ်စီမှ ကျန်းလီပေါင်ကို အမေရိကန်တွင် အချိုရည်ဈေးကွက်တင်ရန် ကူညီပေးမည် ဖြစ်သည်။
ဤသည်က ဈေးကွက် ဖလှယ်မှုဖြစ်ပြီး ကုမ္ပဏီ (၂)ခုစလုံးအတွက် ရလဒ်ကောင်းတစ်ခုပင်။ သို့ရာတွင် လီကျန်းဝေ ရင့်သီးလွန်းကာ အဖျော်ယမကာ ကုမ္ပဏီကြီး (၂)ခုကို နှိမ်ချခဲ့သည်။ ၎င်းတို့၏ ထုတ်ကုန်များသည် စားသုံးသူ အတန်းအစား အသီးသီးကို ပစ်မှတ်ထားခြင်းကြောင့်လည်း ဖြစ်ပေသည်။
ကျန်းလီပေါင်၏ ထုတ်ကုန်သည် အားကစားသမားများကို ပစ်မှတ်ထားသည့် အားကစား အချိုရည်ဖြစ်သည်။ ကျန်းမာရေးနှင့်လည်း ညီညွတ်သည့် အချိုရည်နှင့် ပက်ပ်စီဖြစ်ပြီး ကိုကာကိုလာသည် လီကျန်းဝေအတွက် အချိုရည်များသာ ဖြစ်သည်။ ထိုအချိုရည်များသည် အမေရိကန်ရှိ ကျန်းလီပေါင်ကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း ခံစားမိ၍ ဖြစ်သည်။
အစပိုင်းတွင် ကျန်းလီပေါင်သည် အမေရိကန်ဈေးကွက်သို့ မိတ်ဆက်မှုသည် ချောမွေ့စွာ လုပ်ကိုင်နေပေသည်။ တရုတ် နိုင်ငံ၏ ထိပ်တန်းအဖျော်ယမကာ ကုမ္ပဏီသည် အမေရိကန် ဈေးကွက်သို့ ဝင်ရောက်လာပြီးနောက် အမေရိကန်တွင် ၎င်း၏ ဈေးကွက်ဝေစု တိုးချဲ့မှု အောင်မြင်ခဲ့သည်။
သို့ရာတွင် ကိုကာကိုလာကုမ္ပဏီ (၂)ခုမှာမူ တရုတ်ဈေးကွက်သို့ မထိုးဖောက်နိုင်တော့ဘဲ ၎င်းတို့ပိုင်နက်အတွင်းသို့ ကျန်းလီပေါင် ကျူးကျော်ဝင်ရောက်လာကြောင်း သိသွားသည့်အချိန်၌ ကျန်းလီပေါင် ကို စတင်နှိမ်နင်းတော့သည်။
ကုမ္ပဏီ (၂)ခုသည် အမေရိကန်တွင်သာမက အခြားနိုင်ငံ အများအပြားတွင် ကျန်းလီပေါင်းကို နှိမ်နင်းခဲ့ကြသည်။ ကုမ္ပဏီကြီး (၂)ခုသည် ကျန်းလီပေါင်အား လက်တွဲကိုင်တွယ်ပြီးနောက် ကျန်းလီပေါင်၏ နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်မှုမှာ အကန့်အသတ် ရှိလာတော့သည်။
ကျန်းလီပေါင် အကူအညီလိုအပ်နေချိန်၌ ဖုန်းယွီသည် အမေရိကန်ရှိ ကျန်းလီပေါင် အကြီးအကဲ လင်းချီရှုကို ဆက်သွယ်ခဲ့သည်။
ကျန်းလီပေါင်သည် အမေရိကန်ရုံးချုပ်အဖြစ် အဆောက်အဦးတစ်ထပ်လုံး ဝယ်ယူခဲ့သည်။ ၎င်းတို့ ရုံးခန်းသည် အင်ပါယာစတိတ် အဆောက်အုံနှင့် မဝေးချေ။ ဖုန်းယွီသည် ယခုအခါ သတင်းစာများ၏ ဖျော်ပြချက်များကြောင့် အမေရိကန်တွင် အလွန်ကျော်ကြားနေပေသည်။ လင်းချီရှုသည် ဖုန်းယွီ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံစကားပြောကာ ချက်ချင်းပင် တွေ့ဆုံရန် သဘောတူခဲ့သည်။
ဖုန်းယွီသည် အင်ပါယာစတိတ် အဆောက်အဦး အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းတွင် လင်းချီရှုနှင့် တွေ့ဆုံခဲ့သည်။
“မင်းက မစ္စတာဖုန်း ဆိုတာလား..”
သတင်းစာများသည် ဖုန်းယွီ၏ ဓာတ်ပုံကို မဖော်ပြသဖြင့် လင်းချီရှုသည် ဖုန်းယွီကို မသိချေ။ သို့ရာတွင် အစည်းအဝေး ခန်းအတွင်း လူတစ်ယောက်သာ ရှိနေသဖြင့် မေးလိုက်ခြင်းဖြစ်သည်။ လင်းချီရှုသည် သူ့ရှေ့မှလူအား ငယ်ရွယ်လွန်း သဖြင့် ဖုန်းယွီဟု မထင်ချေ။
“မန်နေဂျာလင်း.. တွေ့ရတာ ဝမ်းသာပါတယ်.. ကျုပ်က ဖုန်းယွီပါ..”
လင်းချီရှုသည် ဖုန်းယွီ၏ အသံကို မှတ်မိသွားကာ လက်ဆွဲနှုတ်ဆက်လိုက်သော်လည်း ထိုလူငယ်မှာ ဖုန်းယွီဖြစ်ကြောင်း မယုံနိုင်သေးချေ။
“တွေ့ရတာ ဝမ်းသာပါတယ်.. မစ္စတာ ဖုန်း…”
“မန်နေဂျာလင်း.. ခင်ဗျား ကျုပ်ဘာလို့ ဖိတ်ခေါ်လိုက်တယ်ဆိုတာ သိချင်နေတာလား.. ကျုပ် ဝေ့မနေချင်တော့ဘူး.. ကျန်းလီပေါင်ကို ကူညီချင်လို့ပါ..”
ဖုန်းယွီ ပြုံးရင်းဖြင့် ပြောလိုက်သည်။
လင်းချီရှု မျက်မှောင်ကြုတ်လိုက်သည်။
“ဘာကို ပြောချင်တာလဲမသိဘူး.. ကျန်းလီပေါင်က ဘာအကူအညီမှ မလိုပါဘူး..”
ဖုန်းယွီသည် ကျန်းလီပေါင်တွင် အစုရှယ်ယာ ဝယ်ချင်နေသည်ဟု လင်းချီရှု ထင်သွားသဖြင့် သဘောတူမည် မဟုတ်ချေ။ ကျန်းလီပေါင်သည် အောင်မြင်သည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းဖြစ်ပြီး ပြင်မလူများ ရှယ်ယာ မဝယ်နိုင်ချေ။
“တကယ်ကြီးလား.. ကျန်းလီပေါင်က ခင်ဗျားတို့ထုတ်ကုန်တွေကို အဓိက ကုန်တိုက်တွေမှာ ရောင်းချဖို့ အငြင်းခံနေ ရတယ်လို့ ဘာကြောင့်များ ကြားနေရလဲမသိတော့ဘူး..”
ကုန်တိုက်ကြီးများတွင် ဝင်ရောက်ရောက်ချနိုင်ခြင်းသည် ကုမ္ပဏီ၏ ရောင်းအားနှင့် အမြတ်ငွေများ တိုးမြင့်လာမည် ဖြစ်သည်။ ကျန်းလီပေါင်သည် ကုန်တိုက်ကြီးများသို့ မဝင်ရောက်နိုင်ပါက အမေရိကန်ဈေးကွက်ရှိ ကိုကာကိုလာ ကုမ္ပဏီ(၂)ခုနှင့် မည်သည့်အခါတွင်မှ ယှဉ်ပြိုင်နိုင်မည် မဟုတ်တော့ချေ။
လင်းချီရှု ဖုန်းယွီအား ကြည့်လိုက်သည်။ ဤသည်မှာ လျှို့ဝှက်ချက် မဟုတ်သော်လည်း ကျန်းလီပေါင် အကြောင်း သုတေသန လုပ်မထားပါက မည်သူမှ မသိနိုင်ချေ။ မစ္စတာဖုန်းသည် ကျန်းလီပေါင်အကြောင်း သေချာ စုံးစမ်းထားသည်လော။
“မစ္စတာဖုန်း ငါတို့ကို အကူအညီ ပေးနိုင်မှာလား.. ကျုပ်ကို ရှင်းအောင် ပြောမှရမယ်.. ကျန်းလီပေါင်ကို အမေရိကန်က ကုန်တိုက်တွေမှာ တင်ရောင်းဖို့ အငြင်းခံရတာမဟုတ်ဘူး.. ကျုပ်တို့ ညှိနှိုင်းနေတုန်းပဲ.. စည်းမျဉ်းတွေ သဘောမတူရသေးလို့ပါ..”
ကျန်းလီပေါင်သည် ကိုကာကိုလာ ကုမ္ပဏီ(၂)ခုကဲ့သို့ စည်းမျဉ်းအတူ ဖြစ်ချင်ပေသည်။ စားသုံးသူများကို ဖမ်းစားနိုင် သည့် ဆိုင်ဘုတ်များကို အကောင်းဆုံးနေရာများတွင် သူတို့အတွက် သီးသန့် စင်တစ်ခုဖြင့် လိုချင်ကြသည်။ သို့ရာတွင် ကုန်တိုက်ကြီးများမှ သဘောမတူချေ။ ကျန်းလီပေါင်သည် အမေရိကန်တွင် အမှတ်တံဆိပ် သိမြင်မှု အနည်းငယ် ရှိသော်လည်း ကုန်တိုက်ကြီးများတွင်မူ ကိုကာကိုလာ ကုမ္ပဏီ(၂)ခုနှင့် အဆင့်တူ မဟုတ်သေးချေ။
အခြား အရေးကြီးသည့် အကြောင်းပြချက်တစ်ခု ရှိနေသေးသည်။ ကျန်းလီပေါင်သည် သောက်စရာ တစ်မျိုတည်းသာ ရှိပေသည်။ သောက်စရာ တစ်ခုဖြင့် စင်တစ်ခုလုံးကို မည်သည့်အတွက် သိမ်းပိုက်နိုင်မည်နည်း။
“ခင်ဗျားတို့ကို ပိုပြီး ဆွဲဆောင်မှု ရှိတဲ့ အနေအထား ရလာအောင် ကျုပ်ကူညီပေးနိုင်မယ်ဆိုရင်ရော ဘယ်လို လုပ်မှာလဲ..”
ဖုန်းယွီ ပြန်မေးလိုက်စဉ် မျက်နှာတွင် အပြုံးထေ့ထေ့ ဝင့်နေပေသည်။
--------**$$^$$**--------