လီကျန်းဝေ၏ ဒုက္ခများ
Vol. 55 Ch. 820
ဖုန်းယွီသည် သတင်းကို စိတ်ရှည်ရှည်ဖြင့် စောင့်နေချိန်၌ လင်းချီရှုသည် လီကျန်းဝေနှင့် တွေ့ရန် တရုတ်သို့ ပြန်သွားသည်။ ဖုန်းယွီ၏ မဟာမိတ်များအကြောင်း သတင်းပို့ရန် လိုအပ်ပေသည်။
လီကျန်းဝေသည် လင်းချီရှုထံမှ သတင်းကြားပြီးနောက် အခြားသော အစီအစဉ်များ စတင်ပြုလုပ်ခဲ့သည်။
လီကျန်းဝေသည် ကျန်းလီပေါင်ကို ကနဦးကတည်းက တည်ဆောက်ခဲ့သော်လည်း ဤကုမ္ပဏီနှင့် မည်သို့မှ မဆိုင်ချေ။ သူသည် ကုမ္ပဏီတွင် အလုပ်သမား တစ်ဦးသာပင်။ သာမန် အလုပ်သမား တစ်ယောက်တော့ မဟုတ်ချေ။ သူမရှိပါက ယခုကဲ့သို့ အောင်မြင်သည့် ကျန်းလီပေါင် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ သူ့နယ်မြေတွင် သူသည် သူရဲကောင်းတစ်ယောက် ဖြစ်သည်။
လီကျန်းဝေကမူ သူရဲကောင်းတစ်ယောက်အဖြစ် မကျော်ကြားလိုချေ။ ကုမ္ပဏီကိုသာ ပိုင်ဆိုင်ချင်နေသည်။ သူမရှိပါက ကျန်းလီပေါင် ရှိမည်မဟုတ်ကြောင်း အားလုံးသိထားသည်။ ကုမ္ပဏီ၌ လုပ်ပိုင်ခွင့် ပိုရလာသည့်အခါ အစိုးရမှ သူ့အပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကြောင့် မကျေမနပ် ဖြစ်သွားသည်။
အစိုးရသည် ကျန်းလီပေါင်၌ အနည်းဆုံး ဒေသခံ(၄၀)ရာခိုင်နှုန်းကို ခန့်အပ်ရမည်ဟူသည့် စည်းမျဉ်းကို အတင်းအကြပ် ချမှတ်ခဲ့ပြီး အလယ်တန်း စီမံခန့်ခွဲမှု အရာရှိများမှာ အစိုးရနှင့် ပတ်သက်သော လူများ ဖြစ်သည်။ ကျန်းလီပေါင် ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန် အနှောက်အယှက်ပေးသဖြင့် ထိခိုက်ရပေသည်။
ထိုလူများ မရှိတော့ပါက ကျန်းလီပေါင်သည် ပိုမိုအောင်မြင်မည်ဟု ခံစားနေရသည်။ ပြည်တွင်းပြည်မ ဖြန့်ဖြူးရေး လမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထား ဆောင်ရွက်နေရသည်။ ပြည်တွင်း ဖြန့်ဖြူးရေးလမ်းကြောင်း များတွင် လီဟဟနှင့် လီပါ့ရှီး တို့နှင့် မယှဉ်ပြိုင်နိုင်ချေ။
ကုမ္ပဏီသည် ၎င်းတို့၏ ဖြန့်ဖြူးရေး လမ်းကြောင်းများကို ဖွံ့ဖြိုးတိုးတက်စေရန် အလွန်အကျွံ သုံးစွဲထားရသည်။ လမ်းကြောင်းများ မည်သည့်အတွက် မဖွံ့ဖြိုးသေးသနည်း။ ဖြန့်ဖြူးသူများအပေါ် မှီခိုနေရဆဲပင်။ ဖြန့်ဖြူးသူနှင့် တစ်ခုခု အဆင်မပြေပါက ကျန်းလီပေါင်၏ ရောင်းအား ကျဆင်းသွားမည်ဖြစ်သည်။ ကျန်းလီပေါင်၏ ဖြန့်ဖြူးရေး လမ်းကြောင်းများသည် လီဟဟကဲ့သို့ ဖွံ့ဖြိုးလာပါက အခြားသော အဖျော်ယမကာများ မဖွံ့ဖြိုးနိုင်ရေး တားဆီးနိုင်ပေမည်။
အစိုးရသည် ကျန်းလီပေါင်၏ အမြတ်အစွန်းများကို သိမ်းယူနေပေသည်။ သို့အတွက် ကျန်းလီပေါင်၌ ရန်ပုံငွေ မလုံလောက်မှု ဖြစ်ပေါ်လာတော့သည်။ လီကျန်းဝေသည် ထုတ်ကုန်အသစ်များကို တီထွင်ဖန်တီးလိုပေသည်။ အမြတ်အစွန်းများကို သုတေသနတွင် ပထမနေရာထား၍ ရင်းနှီးမြုပ်နှံထားသင့်သည်။
လီကျန်းဝေ၏ အိပ်မက်မှာ ကိုကာကိုလာကဲ့သို့ ဖြစ်ရန်ပင်။ ကျန်းလီပေါင်သည် ကုမ္ပဏီ၏ အဓိက ထုတ်ကုန်ဖြစ်ပြီး အခြားအချိုရည်များသည် သူတို့အတွက် အဖြည့်ခံများပင်။ ထိုနည်းဖြင့် ကုမ္ပဏီသည် ပြိုင်ဆိုင်မှု ပြင်းထန်လာ ပေမည်။
ယခုမူ ကျန်းလီပေါင်၌ ထုတ်ကုန် တစ်ခုတည်းသာရှိသည်။ အစိုးရ အရာရှိများမှ အခြားထုတ်ကုန် မလိုအပ်ဟု စွတ်အတင်း ပြောနေကြ၍ဖြစ်သည်။ ထုတ်ကုန် တစ်မျိုးတည်းထားကာ ကုမ္ပဏီ၏ ထုတ်ကုန် တိုးမြှင့်ရေး ရန်ပုံငွေများကို သိမ်းယူနေတော့သည်။ လွန်ခဲ့သော နှစ်များက ကျန်းလီပေါင်သည် လက်ဖက်ရည် ဖျော်ယမကာ တီထွင်ရန် စီစဉ်ခဲ့သော်လည်း အစိုးရမှ နှောက်ယှက်နေသဖြင့် လီဟဟ မှ ခြေလှမ်းဦးသွားပြန်သည်။
လီကျန်းဝေသည် အစိုးရမှ ရန်ပုံငွေများ ထုတ်ယူနေသည်ကို တားဆီးရန် အမေရိကန်ရှိ ဌာနခွဲ ကုမ္ပဏီ၌ ထုတ်ကုန် အသစ်များ တီထွင်ရေးကိုသာ ခွင့်ပြုနိုင်တော့သည်။
(၁၉၈၀) ခုနှစ်အစောပိုင်းကတည်းမှ တရုတ်အစိုးရသည် ပုဂ္ဂလိက တစ်ယောက်ချင်း ရင်းနှီးမြုပ်နှံရန် သို့တည်းမဟုတ် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ရယူခွင့်ပေးခဲ့သည်။ ထိုမူဝါဒကြောင့် လီကျန်းတွေ မျှော်လင့်ချက် ရှိလာသည်။
လီကျန်းဝေသည် ကျန်းလီပေါင်အတွက် အရေးပါသည့် ပံ့ပိုးကူညီမှုများ လုပ်ထားသည်ဟု ထင်မြင်ကာ ကုမ္ပဏီ၏ ပိုင်ဆိုင်ခွင့် အခွင့်အရေးများကို ရှင်းရှင်းလင်းလင်း ဖော်ပြရန် တောင်းဆိုချက်ကို အစိုးရမှ ထောက်ခံပေလိမ့်မည်။ နောက်တစ်နည်းမှာ နိုင်ငံပိုင် ကုမ္ပဏီ တော်တော်များများ ထိုသို့ လုပ်နေပေသည်။ ကုမ္ပဏီများကို အများဆုံး ပံ့ပိုးသူအား ရှယ်ယာ အနည်းငယ် ပေးပေသည်။ ဒေသခံ အစိုးရမှ သူ့အား ဆုပေးခြင်းနှင့် လစာအနည်းငယ် တိုးပေးခြင်းတို့သာ လုပ်ထားသည်။
ခက်ခဲလွန်းသည့် အခြေအနေအောက်၌ လီကျန်းဝေသည် ကျန်းလီပေါင်၏ ကြီးထွားမှုက၇◌ို ထိန်းချုပ်ခဲ့သည်။ ကျန်းလီပေါင် ပိုမို အောင်မြင်လာမည် ဆိုပါက သူနှင့် သူ့အဖွဲ့အတွက် ကုမ္ပဏီရှယ်ယာများ ရနိုင်ခြေ ပို၍ နည်းသွားမည်ကို သိထားပေသည်။
လီကျန်းဝေသည် ရှန်ကျန်း၌ မိုးမျှော်တိုက်တစ်လုံး ဆောက်ကာ ကျန်းလီပေါင် ရုံးချုပ်ကို ထိုနေရာသို့ ပြောင်းရွှေ့ ချင်နေသည်။ သူသည် ကုမ္ပဏီကို ခရိုင်ငယ်လေးမှ ရွှေ့ပြောင်းလိုခြင်းပင်။ လက်ရှိခရိုင်နေရာသည် စီးပွားရေးဇုံ နယ်မြေအပြင်ဘက်ရောက်နေကာ ကုမ္ပဏီ တိုးတက်မှုကို ကန့်သတ်ထားပေသည်။
လိကျန်းဝေသည် ကုမ္ပဏီရှယ်ယာများ မည်သို့ဝယ်ယူရမည်ကို အစီအစဉ် ရှိထားပေသည်။ ကျန်းလီပေါင်အား စာရင်းသွင်းလိုက်ခြင်းပင်။
အစိုးရ အရာရှိများသည် ၎င်းတို့၏ လက်အောက်ရှိ ကုမ္ပဏီများကို စာရင်းပြုစုထားကြသည်။ ကျန်းလီပေါင် စာရင်း သွင်းပြီးသည်နှင့် ဈေးကွက်တန်ဖိုး မြင့်တက်လာမည် ဖြစ်ပြီး ချေးငွေများ ရလာပေလိမ့်မည်။
လီကျန်းဝေသည် ထိပ်တန်း စီမံခန့်ခွဲရေး အဖွဲ့အား ကုမ္ပဏီ၏ ရှယ်ယာရှင်များ ဖြစ်လာစေရန် အစိုးရအား စည်းရုံးနိုင်မည်ဟု ခံစားနေမိသည်။
သို့ရာတွင် လက်တွေ့၌ လီကျန်းတွေ မျှော်လင့်ထားသည်နှင့် တခြားစီဖြစ်နေသည်။
နှစ်ကူးမတိုင်မှီ လီကျန်းဝေသည် ကျန်းလီပေါင်အား စာရင်းသွင်းရန် အဆိုပြုခဲ့သော်လည်း ပယ်ချခံခဲ့ရပေသည်။ ဒေသန္တရာအစိုးရ ခေါင်းဆောင်များသည် ဆိုရှယ်လစ်စနစ်မှ လမ်းကြောင်းပြောင်းကာ တိုင်းပြည်အတွက် ပံ့ပိုးမှု မလုပ်လျှင်ပင် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ပံ့ပိုးကူညီမှု။ လွန်ခဲ့သော နှစ်ပိုင်းများ၌ မိမိ လုပ်ဆောင်ခဲ့သည်များကို ပံ့ပိုးကူညီမှုဟု မယူဆနိုင်ပြီလော။
လီကျန်းဝေ ဒေါသထွက်သွားသည်။ အလွန်အမင်း ကြိုးစားခဲ့သော်လည်း ဘာတစ်ခုမှ ပြန်မရခဲ့ချေ။ သူ၏ ‘စာရင်းသွင်းခြင်းနှင့် မိုးမျှော်တိုက်’ အစီအစဉ်များ အတည်ပြုချက် မရခဲ့ချေ။ ကုမ္ပဏီ၏ ရှယ်ယာရှင် ဖြစ်လာရန် နည်းလမ်း မရှိချေ။ လုံးဝ စိတ်ပျက်နေချေသည်။
ထိုအချိန်၌ သတင်းပို့လာသည့် ကိစ္စမှာ လီကျန်းဝေကို ပို၍ပင် ဒေါသထွက်စေတော့သည်။
TCL တည်ထောင်သူ လီသောင်ရှန်းသည် ဒေသဆိုင်ရာ အစိုးရနှင့် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုး ခဲ့သည်။ လီသောင်ရှန်းအဖွဲ့မှ ကုမ္ပဏီသည်နှစ်စဉ် (၁၀)ရာခိုင်နှုန်း တိုးလာမည်ဟု အာမခံရမည် ဖြစ်ကာ အစိုးရမှ စီမံခန့်ခွဲရေးအဖွဲ့အား ကုမ္ပဏီရှယ်ယာများ အချိုးကျ ဝယ်ယူခွင့်ပြုမည် ဖြစ်သည်။
ကျန်းလီပေါင်နှင့် သိပ်မဝေးသည့် မြို့တစ်မြို့တွင် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခု တည်ထောင်သူနှင့်အဖွဲ့အား ထိုသို့ ရောင်းချခြ့သည်။
အလားတူ သတင်းမျိုး အများကြီး ရှိခဲ့ပေသည်။ နိုင်ငံပိုင် ကုမ္ပဏီများ၏ စီမံခန့်ခွဲမှုအဖွဲ့အား ကုမ္ပဏီ၏ အစုရှယ်ယာများ ပေးခဲ့သည်။ အချို့မှာ ရှယ်ယာ အများအပြား ရကာ အချို့မှာမူ အနည်းငယ်သာ ရပေသည်။ လီကျန်းဝေ၏ ကျန်းလီပေါင်၌သာ မည်သည့် ရှယ်ယာမှ မရခြင်းဖြစ်သည်။
ဒေသန္တရအစိုးရ၏ ဝင်ငွေအဓိကနေရာမှာ ကျန်းလီပေါင်မှ ဖြစ်ပြီး လီကျန်းဝေသည် ခေါင်းဆောင်များကို ရာထူးတိုးရန် ကူညီပေးခဲ့သူ ဖြစ်သည်။
သို့ရာ၌ ထိုအစိုးရအရာရှိများသည် လီကျန်းဝေ၏ နောက်ဆုံးမျှော်လင့်ချက်ကို ပျက်စီးစေခဲ့သည်။ လီကျန်းဝေ ပိုမို ဒေါသထွက်စေသည်မှာ လွန်ခဲ့သည့် နှစ်ပိုင်းက ကျန်းမာရေး ဖြည့်စွက်စာ ထုတ်ကုန်များ ထွန်းကားလာချိန်၌ အစိုးရမှ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်။ ထိုအရာရှိများက ကျန်းလီပေါင်ကိုပါ အလားတူ လုပ်စေချင်နေ ကြသည်။
တာဝန်ရှိသူများသည် ကျန်းလီပေါင်ကို ကျန်းမာရေး ဖြည့်စွက်စာ ထုတ်ကုန်အဖြစ် မြှင့်တင်လိုသည်။ ကျန်းလီပေါင်ကို ဖျားနာမှုများအားလုံး ကုသပေးမည့် အချိုရည်အဖြစ် ဈေးကွက်တင်ချင်နေကြသည်။
လီကျန်းဝေကမူ ထိုကျန်းမာရေး ဖြည့်စွက်အားအေးများ၏ ဝင်ငွေထက် အဆပေါင်းများစွာ တိုးမြင့်ကာ (၁)နှစ် အတွင်း ယွမ်(၂)ဘီလီယံကျော် တန်ဖိုးရှိသည့် ကုမ္ပဏီ ဖြစ်လာသော်လည်း ထိုယူအဆကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။ သူသည် လုံးဝ အလျော့မပေးဘဲ တင်းခံထားပေသည်။
CCTV မှ ထိုကျန်းမာရေး ဖြည့်စွက်ပစ္စည်းများကို ထုတ်ဖော်ကာ လိုလုပ်ငန်းများ ပြိုလဲစေသည့်အခါတွင်မှ အနှီ အစိုးရ တာဝန်ရှိသူများသည် လီကျန်းဝေ မှန်ကန်ကြောင်း နားလည်သွားကြသည်။
လီကျန်းဝေသည် ထိုလူများကို ကျန်းလီပေါင်အား စီမံခန့်ခွဲခွင့်ပေးပါက ကုမ္ပဏီသည် နှစ်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက ပျောက်ကွယ်သွားလိမ့်မည်ဟု ခံစားလိုက်ရသည်။
စက်ရုံများ ပြိုလဲပြီးကတည်းက ကျန်းမာရေးဆိုင်ရာ ဖြည့်စွက်ကုမ္ပဏီ(၂)ခုဖြစ်သည့် လီပါ့ရှစ်နှင့် လီဟဟ တိုသာ ရပ်တည်ကျန်ရစ်ခဲ့ပြီး ထိုကုမ္ပဏီများသည် အဖျော်ယမကာများ ထုတ်လုပ်ရန် ပြောင်းလဲခဲ့သည်။ ထို(၂)ခုထဲတွင် လီဟဟသည် ကျန်းလီပေါင်အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာတော့သည်။
ယခုအချိန်၌ လီဟဟ၏ အဓိကရှယ်ယာရှင်သည် ပြည်ပဈေးကွက် ဖွင့်ရန် ပူးပေါင်းချင်နေပေသည်။ လီကျန်းဝေသည် ထိုကုမ္ပဏီ (၂)ခုစလုံးမှာ ပြိုင်ဖက်များဖြစ်၍ အစပိုင်း၌ သဘောမတူလိုချေ။
သို့တိုင်အောင် လီကျန်းဝေ သေချာ စဉ်းစားနေပေသည်။ ထိုကိစ္စဆွေးနွေးရန် မစ္စတာဖုန်းနှင့် တွေ့သင့်သည်ဟု ထင်မိသည်။ အကယ်၍ မစ္စတာဖုန်းထံမှ ငွေကြေးအထောက်အပံ့ရနိုင်ပါက……..
--------**$$^$$**--------