ရင်းနှီးမြုပ်နှံမှု အသစ်၏ ဦးတည်ချက်
Vol. 55 Ch. 821
“သူဌေး ကုမ္ပဏီမှာ ခင်ဗျားနဲ့ပတ်သက်တဲ့ ကောလာဟလတွေ အများကြီး ပေါ်နေတယ်.. ခင်ဗျား တစ်ခုခုတော့ လုပ်သင်တယ် မထင်ဘူးလား..”
ရီလ်ဖာ ပြောလာသည်။ မိုက္ခရိုဆော့တွင် ဖုန်းယွီ ရာထူးမှ ဖယ်ရှားခံရပါက သူ့အတွက် များစွာ ထိခိုက်စေပေ လိမ့်မည်။
“ငါက ဘာလုပ်ရမှာလဲ.. အဲ့ကောလာဟလတွေက ငါ့ကို ဘာလုပ်လို့ ရမှာလဲ.. ငါက တရုတ်ဈေးကွက်ကို ထိန်းချုပ်ထားတုန်းပဲလေ.. မိုက္ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာလဲဟုတ်တယ်.. ရှယ်ယာရှင်လဲ ဖြစ်နေတုန်းပဲလေ..”
ဖုန်းယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ဖုန်းယွီသည်လည်း ထိုကောလာဟလများနှင့် ပတ်သက်၍ တစ်ခုခု လုပ်ချင်နေသည်။ သို့ရာတွင် မည်သို့ လုပ်နိုင် မည်နည်း။ ၎င်းတို့ကို စစ်ထုတ်၍ ထိုအတင်းအဖျင်းသမားများကို သတိပေးရမည်လော။ ဝန်ထမ်း (၁)ယောက် (၂)ယောက်မှ ကောလာဟလ ဖြန့်ပါက ဒါရိုက်တာအဖြစ် ဆက်လက် လုပ်နေ၍ ရသေးသည်။ ဘီလ်ဂိတ်မှလည်း ထောက်ခံမည်သာပင်။ သို့ရာတွင် ယခုမူ မီဒီယာများနှင့် အင်ဂျင်နီယာများ အားလုံးနီးပါး၏ ဆွေးနွေးစရာ ဖြစ်နေပေသည်။ ဖုန်းယွီအနေဖြင့် ၎င်းတို့အားလုံးကို ပစ်မှတ်ထားနိုင်မည်လော။
မိုက္ခရိုဆော့ဖ်အပေါ် ဖုန်းယွီ၏ လွှမ်းမိုးနိုင်မှု အလွန်နည်းပါးပေသည်။ မိုက္ခရိုဆော့ဖ်သည် ဘီလ်ဂိတ်၏ လက်ထဲ၌ ဖြစ်ပြီး နောက်ဆုံးဆုံးဖြတ်နိုင်သူမှာ သူတစ်ယောက်တည်းသာ ဖြစ်သည်။
“သူဌေး.. ခင်ဗျား အင်ပါယာစတိတ် အဆောက်အဦးကို တကယ်ကြီး ဝယ်လိုက်တာလား..”
ရီလ်ဖာ စိတ်ဝင်တစား မေးလိုက်သည်။
“ငါ.. အဖော်တစ်ယောက်နဲ့ စပ်တူ ဝယ်လိုက်တာပါကွာ.. အဓိက ရှယ်ယာရှင်ကတော့ ငါပေါ့..”
ဖုန်းယွီ ခပ်ပေါ့ပေါ့သာ ဖြေလိုက်သည်။ သူအမေရိကန်၌ မရှိစဉ် ရီဖာ၏ အဓိက အလုပ်မှာ ကုမ္ပဏီ၏ နောက်ဆုံး အဖြစ်အပျက်များကို သူ့ထံ အီးမေးလ် ပို့ပေးရန်သာပင်။ ပေးပို့လာသည့် အီးမေးလ်များမှာလည်း အသေးစိတ်ကျသဖြင့် ဖုန်းယွီ အလွန်ကျေနပ်ပေသည်။
“သူဌေး.. ကျုပ်ကို အင်ပါယာစတိတ် အဆောက်အဦးမှာ အလုပ်လုပ်ခွင့် ပေးနိုင်မလား..”
ရီလ်ဖာ မေးလိုက်လိုက်သည်။ မျှော်လဲ မျှော်လင့်နေပေသည်။
“ငါ မင်းအတွက် ရုံးခန်းတစ်ခု လုပ်ထားတယ်.. နောက်မှပဲ ပြုပြင်မွမ်းမံရေး အစီအစဉ်တွေ ပို့ပေးမယ်.. မင်း စိတ်တိုင်းမကျရင် ထပ်ပြောင်းခိုင်းလို့ရတယ်..”
ရီလ်ဖာ၏ ပုခုံးအား လက်ဖြင့် ပုတ်ရင်း ပြောလိုက်သည်။
ရီလ်ဖာ အလွန်ဝမ်းသာသွားသည်။
“ကျေးဇူးတင်ပါတယ် သူဌေး.. နောက်ဆုံးတော့ အင်ပါယာစတိတ် အဆောက်အဦးမှာ ကျုပ်အလုပ် လုပ်ခွင့်ရပြီပေါ့..”
ရီလ်ဖာ၏ ဖခင်သည် ယခင်က အောင်မြင်သော စီးပွားရေးသမား တစ်ယောက်ဖြစ်ပြီး အင်ပါယာစတိတ် အဆောက်အဦးတွင် ရုံးခန်း ငှားခဲ့သည်။ (၁၉၈၀)နောက်ပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးခဲ့ရသဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ဤသည်က ရီလ်ဖာ၏ဘဝတွင် အကြီးမားဆုံး နောင်တတရားပင်။
ရီလ်ဖာသည် သူ့ဘဝ၌ အင်ပါယာစတိတ် အဆောက်အဦးသို့ ပြန်လည် ရောက်ရမည်ဟု ကျိမ်ဆိုထားသည်။ ဤသည်က အကြီးမားဆုံး ဆန္ဒဖြစ်ပြီး သူ့အိပ်မက်များ ဤမျှ အမြန်ဖြစ်လာမည်ဟု မျှော်လင့်မထားမိချေ။
“အမေဇုံရဲ့ တိုးတက်မှုကရော ဘယ်လိုလဲ..”
ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် အစီရင်ခံစာများ ဖတ်ရင်း မေးလိုက်သည်။
“ဂျက်ဖ်က သူ့အိမ်နဲ့ ငွေချေးစာချုပ်တွေ ရောင်းလိုက်တယ်.. အမေဇုံမှာ သူ့ရှယ်ယာ (၂၁)ရာခိုင်နှုန်းရအောင် ရှယ်ယာရှင်တွေ အားလုံးနဲ့ ဆက်သွယ်ထားတယ်.. အဲ့လူတွေက သူတို့ရှယ်ယာတွေကို အာမခံကြေးနဲ့ လိုချင် နေကြတာ.. အဲ့လိုမှ မဟုတ်ရင် ရောင်းမှာ မဟုတ်ဘူး.. အသေးဆုံး ရှယ်ယာရှင်(၂)ယောက်ဆို ကျုပ်တို့ကို ပြောင်ငြင်းလိုက်တယ်.. ကုမ္ပဏီမှာ အစောဆုံး ရင်းနှီးမြုပ်နှံသူတွေ ဖြစ်လောက်တယ်.. ဂျက်ဖ်လဲ သူတို့ကို တစ်ခုခုူ ပြောထားလောက်တယ်..”
ဖုန်းယွီ ခေါင်းညိတ်ပြရင်း..
“အဆင်ပြေပါတယ်.. အဲ့လူတွေ ဘယ်ဈေးလိုချင်လို့လဲ..”
အာမခံဈေးနှုန်းများ မဖြစ်မနေ လိုအပ်ပေသည်။ ဖုန်းယွီသည် အမေဇုံတွင် ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ပြီးနောက် ရှယ်ယာများအတွက် အာမခံကြေးဖြင့် ပေးချေနေပေသည်။ ရှယ်ယာရှင်များသည် ဈေးကွက် ပေါက်ဈေးထက် (၂)ဆ လိုချင်လျှင်ပင် ဖုန်းယွီအတွက် မများချေ။ အရေးအကြီးဆုံးမှာ ရှယ်ယာများနှင့် အင်တာနက် လည်ပတ်မှု ပုံစံ ဖြစ်သည်။
“အစုရှယ်ယာရှင်တွေ ဆွေးနွေးထားကြပုံပဲ.. သူတို့တွေအားလုံး (၃၀)ရာခိုင်နှုန်း ပိုလိုချင်နေကြတာ.. တစ်ယောက်ချင်း တွေ့ပြီး စကားပြောလို့လဲရတယ်.. (၁၅)ရာခိုင်နှုန်းလောက်ဆို တော်လောက်ရောပေါ့.. ခက်တာက သူတို့ရှယ်ယာတွေကို ဈေးကွက် ပေါက်ဈေးနဲ့ ရဖို့တော့ မဖြစ်နိုင်ဘူးလို့ ကျုပ်မှန်းထားတယ်.”
ရီလ်ဖာ အနေဖြင့် အလုပ်ကို အကောင်းဆုံး မလုပ်နိုင်ခဲ့ကြောင်း ခံစားမိ၍ ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
“အဖွဲ့ဖွဲ့ဖို့ကရော ဘယ်လိုရှိလဲ..”
အခြား သူဌေးများတွင် အတွင်းရေးမှူးအဖွဲ့များနှင့် လက်ထောက်အဖွဲ့များ ရှိပေသည်။ သို့ရာတွင် ဖုန်းယွီသည် ရီလ်ဖာအား ငှားရမ်းထားပြီး ရီဖာသည် ထိုအလုပ်တာဝန်ကို မကိုင်တွယ်နိုင်ခဲ့ချေ။
“ကျုပ်မိတ်ဆွေ (၂)ယောက်နဲ့ တခြားကုမ္ပဏီက (၂)ယောက် ငှားလိုက်တယ်.. ကျုပ်တို့ အဖွဲ့မှာ အခု လူ(၄)ယောက် ရှိတယ်..”
ရီလ်ဖာအား အဖွဲ့ ဖွဲ့ခိုင်းကာ ၎င်းတို့၏ လစာကို ဖုန်းယွီ ပေးချေမည် ဖြစ်သည်။ ဤသည်ကို ရီလ်ဖာ မည်သည့်အတွက် ငြင်းနေရသနည်း။ လူများများ ရှိခြင်းသည် အကျိုးဆောင်မှုများ ခွဲဝေပေးရမည် ဖြစ်သော်လည်း ပို၍ ထိရောက်ပေလိမ့်မည်။
အကယ်၍ ရီလ်ဖာသည် အလုပ်ကိစ္စများကို သူကိုယ်တိုင် ဖြေရှင်ကာ အမှားအယွင်းများ ရှိလာပါက အပြည့်အဝ တာဝန်ယူရမည်ဖြစ်သည်။
“နောက်ဆို.. မင်းရဲ့ တာဝန်တွေ တိုးလာတော့မှာ.. အဖွဲ့က နည်းလွန်းတယ်.. နောက်ထပ် လူငှားပြီး အမေဇုံရဲ့ ရှယ်ယာရှင်တွေနဲ့ ဆက်သွယ်.. သူတို့ရှယ်ယာတွေကို အာမခံကြေးနဲ့ ပေးရမှာက ပြဿနာမဟုတ်ဘူး.. ဒါပေမယ့် (၁၅)ရာခိုင်နှုန်းအောက်နဲ့ ရမယ်ဆိုရင် မင်း ငါ့အတွက် ဝယ်ပေးသမျှရဲ့ (၃၀)ရာခိုင်နှုန်း ရမယ်..”
ရီလ်ဖာ၏ မျက်လုံးများ အရောင်လက်လာသည်။ ဤသူဌေး ဆုကြေးပေးရာ၌ ရက်ရောလွန်းလှသည်။
“သူဌေး.. စိတ်မပူနဲ့.. ဈေးလျော့ရဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်.. စိတ်မပျက်စေရဘူး..”
“မိုက္ခရိုဆော့ဖ်မှာ ဒါရိုက်တာတွေကို သူတို့ ရှယ်ယာတွေကို အပေါင်ထားပြီး ချေးငွေမယူဖို့ တားမြစ်ထားတဲ့ စည်းကမ်းချက် ရှိလား..”
“မိုက္ခရိုဆော့ဖ်မှာ အဲ့လိုမျိုး စည်းကမ်းချက် မရှိဘူး.. အဲ့လို စည်းကမ်းမျိုးက တခြားကုမ္ပဏီတွေမှာ ရှိရင်တောင် မဲပေးပိုင်ခွင့် ရှယ်ယာတွေအတွက်ပဲ.. သူဌေးရဲ့ ရှယ်ယာတွေက မဲပေးပိုင်ခွင့်မရှိတဲ့ ရှယ်ယာတွေလေ..”
ရီလ်ဖာ သိချင်မိသွားသည်။ ဖုန်းယွီ မည်သည့်အတွက် ချေးငွေယူရန် မေးရသနည်း။ အမေဇုံအား ဝယ်ယူရန် ငွေကြေး မလုံလောက်၍လော။
ဤသည်က ပြဿနာ မရှိလောက်ချေ။ မိုက္ခရိုဆော့ဖ်သည် ယခုနှစ်အတွင် ရှယ်ယာဈေးနှုန်းများ (၆၀)ရာခိုင်နှုန်း ကျော် တက်လာမည်ဟု ခန့်မှန်းထားသည်။ ဆိုလိုသည်မှာ ဖုန်းယွီ၏ ပိုင်ဆိုင်မှုသည် အမြတ်ဝေစု မပါသေးဘဲ အနည်းဆုံး (၆၀)ရာခိုင်နှုန်း တိုးလာပေလိမ့်မည်။ နောက်(၂)နှစ်အတွင်း ဖုန်းယွီ၏ ပိုင်ဆိုင်မှုသည် ကန်ဒေါ်လာ (၁၀)ဘီလီယံကျော်သွားနိုင်ပေသည်။
ဖုန်းယွီသည် အောင်မြင်သည့် ရင်းနှီးမြုပ်နှံမှု အနည်းငယ် လုပ်ပါက ရီလ်ဖာအတွက် ဆုလာဘ်များ သေချာပေါက် ရပေလိမ့်မည်။
ဖုန်းယွီ ယခု ချေးငွေ ယူလိုသည်မှာ လှူဒါန်းမှု တစ်ခု လုပ်ခဲ့ယုံသာမက အင်ပါယာစတိတ် အဆောက်အဦးကိုလည်း ဝယ်ယူခဲ့သေးသည်။ နယူးယောက်တွင် အိမ်တစ်လုံး ဝယ်ချင်နေသေးသည်။ လက်ထဲ၌ ငွေအများအပြား ရှိမနေချေ။
ယခုယူမည့် ချေးငွေမှာလည်း ထိုက်တန်ပေသည်။ ဖုန်းယွီသည့် လူကြိုက်များသည့် ရှယ်ယာအချို့တွင် သူ့ငွေများကို ရင်းနှီးမြုပ်နှံ ခိုင်းမည် ဖြစ်ပြီး ပြန်အမ်းငွေများမှာ ဘဏ်တိုးနှုန်းထက် အဆမတန် ပိုများနေပေလိမ့်မည်။ ဘဏ်များ၏ ငွေကို အရင်းအနှီးအဖြစ်သုံး၍ ငွေရှာသည်က အလွန်ကောင်းသည့် ရင်းနှီးမြုပ်နှံမှုမျိုးပင်။
ဖုန်းယွီသည် ယခုနှစ်နှင့် လာမည့်နှစ်အတွင်း အမေရိကန် စတော့ဈေးကွက်တွင် အားကောင်းလာမည်ကို သိထားပေသည်။ အစုရှယ်ယာ အများစု မြင့်တက်လာမည် ဖြစ်ပြီး ဖုန်းယွီသည် ဖျော်ဖြေရေး ရှယ်ယာ တစ်ခု နှစ်ခု ကိုပင် ရွေးချယ်နိုင်သေးသည်။ တစ်လအတွင်း ရင်းနှီးမြုပ်နှံမှုများကို နှစ်ဆ တိုးနိုင်ပေလိမ့်မည်။
ယခင်ဘဝက ဖျော်ဖြေရေး ကဏ္ဍများကို သတိမထားမိခဲ့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းက စာတမ်းတစ်စောင် တွေ့လိုက်ရသည်။ တရုတ် ပရိုဂရမ်မာ ယန်းကျီယွင်နှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုဖြစ်သည်။ ၎င်းသည် ရာဟူး၏ ပူးတွဲ တည်ထောင်သူ တစ်ယောက်လည်း ဖြစ်သည်။
ယခုလ အစောပိုင်း၌ ရာဟူးသည် စာရင်းဝင်ခဲ့ပြီး ဖုန်းယွီသည် ထိုကုမ္ပဏီအကြောင်း မမှတ်မိသည့်အတွက် နှောင်တရ ခဲ့ရသည်။ ထို ထိပ်တန်း အင်တာနက် ကုမ္ပဏီ၌ အစောကတည်းက ရင်းနှီးမြုပ်နှံထားသင့်ပေသည်။
အကယ်၍ ထိုကုမ္ပဏီအကြောင်း စောစောကတည်းက မှတ်မိပါက ပမာဏ များပြားစွာ ရရှိပြီး ဒါရိုက်တာများထဲမှ တစ်ယောက်ပင် ဖြစ်လာနိုင်ပေသည်။
သို့ရာတွင် ဖုန်းယွီအတွက် ချိန် ကျန်သေးသည်။ ရာဟူး၏ ရှယ်ယာများသည် ယခုအချိန်၌ ကန်ဒေါ်လာ(၄၀)ပင် မရှိကာ ကုမ္ပဏီ အရှုံးပေါ်နေပေသည်။ နည်းပညာ မျှဝေမှု တစ်ခုဖြစ်ပြီး လူအများ စိတ်ဝင်စားသော်လည်း ရှယ်ယာ ဈေးနှုန်းများမှာ အခြားသော နည်းပညာ ရှယ်ယာများကဲ့သို့ လျှင်မြန်စွာ တက်မလာချေ။
ဖုန်းယွီသည် ဒါရိုက်တာ ဘုတ်အဖွဲ့သို့ မဝင်နိုင်သော်လည်း ရာဟူး၏ ပျံ့နှံ့နေသည့် ရှယ်ယာများကို တတ်နိုင်သမျှ ရယူနိုင်သေးသည်။ အစုရှယ်ယာများ ကိုင်ထားကာ (၁၉၉၇)ခုနှစ်တွင် ဈေးနှုန်းများ အထွတ်အထိပ်ရောက်ရှိရေး စောင့်ဆိုင်းနေယုံသာပင်။
ဖုန်းယွီသည် ထိုအစုရှယ်ယာများအတွက် ချေးငွေယူရန် ယခုအချိန်သည် အကောင်းဆုံးပင်။ ဈေးကစားသူများကို တိုက်ထုတ်ရန် ငွေအမြောက်အများ လိုအပ်ပေသည်။
“မင်္ဂလာပါ မိုင်ယာစ်.. ကျုပ် ဖုန်းယွီပါ.. ကျုပ်ရဲ့ မိုက္ခရိုဆော့ဖ် ရှယ်ယာတွေကို အပေါင်ထားပြီး ချေးငွေ ယူချင်လို့ပါ..”
ဖုန်းယွီသည် မြို့တော်ဘဏ် ဒုဥက္ကဋ္ဌထံ ဖုန်းခေါ်လိုက်သည်။ ယခင်က ဆဋ္ဌမအာရုံ ကုမ္ပဏီ စာရင်းသွင်းရာ၌ မြို့တော်ဘဏ်နှင့် လက်တွဲခဲ့ဖူးသည် မဟုတ်ပေလော။
--------**$$^$$**--------