← Chapters

အပေါင်ချေးငွေ

Vol. 55 Ch. 822

အပေါင်ချေးငွေ

Vol. 55 Ch. 822

မိုက္ခရိုဆော့ဖ် ရှယ်ယာရှင်တစ်ယောက်သည် ချေးငွေယူရန်အတွက် ရှယ်ယာများကို အပေါင်ပစ္စည်းအဖြစ် အသုံးချ လိုသည်လော။ မြို့တော်ဘဏ်မှ သေချာပေါက် ကြိုဆိုမည်သာပင်။ ချေးငွေမှ ရရှိသည့် အတိုးသည် ဘဏ်များ၏ အဓိက ဝင်ငွေ အရင်းအမြစ် မဟုတ်ပေလော။

ဘဏ်များအတွက် တစ်ဖက်မှ ပြန်လည်ပေးဆပ်နိုင်မှု၊ အပေါင်ပစ္စည်းတန်ဖိုး စသည်များကို ထည့်သွင်းစဉ်းစားရပေမည်။

အစုရှယ်ယာများသည် အန္တရာယ်များပေသည်။ (၁၉၈၀)ကျော် နှစ်များတွင် ဂျပန်မှလွဲ၍ အမေရိကန်သည် အိမ်ခြံမြေ အကျပ်အတည်း ရင်ဆိုင်ရသည့် ပထမဆုံး နိုင်ငံတစ်ခုဖြစ်သည်။ ထိုအချိန်၌ အမေရိကန်သည် နည်းပညာနှင့် စစ်ပွဲများကြောင့် အကျပ်အတည်း ရှောင်ရှား နိုင်ခဲ့သည်။ ဂျပန်မှာမူ ကံမကောင်းခဲ့ချေ။ ဂျပန်နိုင်ငံ၏ စီးပွားရေး အကြပ်အတည်းသည် ပြန်လည်ကောင်းမွန်ရန် အနည်းဆုံး (၁၀)ခန့် ကြာပေလိမ့်မည်။

ထိုကာလအတွင်း ဘဏ်များအားလုံးသည် အစုရှယ်ယာများနှင့် အိမ်ခြံမြေ ပေါင်နှံခြင်း ချေးယူခြင်းများကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ ဒေါ်နယ်ထရမ့်သည် ဘဏ်အများအပြား၌ အကြွေးတင်နေကာ ဘဏ်များကို ခြိမ်းခြောက်နေသူများထဲမှ တစ်ယောက်ဖြစ်သည်။

အချို့လူများသည် ဒေဝါလီခံသည်ဟု ကြေငြာသွားကြသည်။ ၎င်းတို့၏ ရှယ်ယာများသည် တန်ဖိုးမရှိသဖြင့် ဘဏ်များသည် တစ်ပြားတစ်ချပ်မှ ပြန်မရနိုင်တော့ချေ။

ထိုအချိန်မှစ၍ နောက်ပိုင်းတွင် ဘဏ်များသည် အန္တရာယ်ဆိုင်ရာ အကဲဖြတ်မှုနှင့် ပတ်သက်၍ ပြင်းထန်သည့် စည်းမျဉ်းများ ချမှတ်ခဲ့သည်။ သို့ဖြစ်၍ ဖုန်းယွီ၏ ရှယ်ယာများသည် လက်ရှိဈေးကွက် ပေါက်ဈေးထက် နည်းပေ လိမ့်မည်။

ဖုန်းယွီသည် ချေးငွေရရှိနိုင်မည့် ပမာဏသည် ဈေးကွက်တန်ဖိုးထက် နိမ့်မည်ကို သိပေသည်။ သို့ရာတွင် မိုင်ယာစ်မှ ချေးငွေ ပမာဏကို ပြောလာသည့်အချိန် မပျော်တော့ချေ။

“မစ္စတာ မိုင်ယာစ် .. ချေးငွေအတွက် ကျုပ်သုံးနေတဲ့ အပေါင်ပစ္စည်းက မိုက္ခရိုဆော့ဖ်ရဲ့ ရှယ်ယာတွေလေ.. မိုက္ခရိုဆော့ဖ်ရဲ့ အမြတ်အစွန်းတွေကိုရော သိရဲ့လား.. မိုက္ခရိုဆော့ဖ်ရဲ့ ရှယ်ယာတန်ဖိုးတွေဆိုလဲ ဒီနှစ်အတွင်း သေချာပေါက် တက်လာအုံးမှာ.. ဘယ်လိုကြောင့် တန်ဖိုး ကျသွားနိုင်မှာတုန်း.. မိုက္ခရိုဆော့ဖ်နဲ့ ကွန်ပျူတာ ထုတ်လုပ်သူတွေ ချုပ်ထားတဲ့ စာချုပ်တွေဆို ဘယ်လောက်တောင် တန်လိုက်လဲ.. မိုက္ခရိုဆော့ဖ်ရဲ့ ရုံးသုံး ဆော့ဖ်ဝဲနဲ့ ဆာဗာတွေ ရောင်းအားဆိုလဲ အရမ်းကောင်းနေတာ.. ရှယ်ယာတွေ တန်ဖိုး တက်လာအုံးမှာ သေချာကြီးကို..”

ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။

ယခုချေးငွေအတွက် မိမိသည် မိုက္ခရိုဆော့ဖ် ရှယ်ယာ မည်မျှ သုံးထားသနည်း။ ထိုအစုရှယ်ယာများ၏ ဈေးကွက် တန်ဖိုးသည် အနည်းဆုံး ကန်ဒေါ်လာ (၁.၅)ဘီလီယံ တန်ကာ (၁.၂)ဘီလီယံ ချေငွေယူခြင်းသည်ပင် အလွန်နည်း လွန်းနေပေသည်။ မိမိအား ဒေါ်လာ သန်း(၇၀၀)သာ ချေးပေးနိုင်သည်ဟု လာပြောနေသည်လော။

မိုက္ခရိုဆော့ဖ်၏ ရှယ်ယာများသည် (၃)နှစ်အတွင်း (၅၀)ရာခိုင်နှုန်း ကျဆင်းနိုင်ခြေရှိသည်ဟု ပြောနေသည်လော။ မည်မျှ မိုက်မဲရသနည်း။

“မစ္စတာဖုန်း.. စိတ်အေးအေးထားပါ.. ရှယ်ယာ ဈေးနှုန်းတွေဆိုတာ မငြိမ်သက်ဘဲ အတက်အကျ ရှိပါတယ်.. ကျုပ်တို့ အကဲဖြတ်မှုက တော်တော်လေး ပြင်းထန်နိုင်ပေမယ့် မင်းနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်..”

“ကျုပ်ဘယ်လိုမှကို နားမလည်နိုင်တာ.. ဒီအစုရှယ်ယာတွေကို (၁.၂)ဘီလီယံဒေါ်လာလေးပဲ လိုချင်တာလေ.. အဲ့ဒါ တော်တော် များနေလို့လား.. ဒီအစုရှယ်ယာတွေ တန်ဖိုးက အနည်းဆုံး (၁.၅)ဘီလီယံဒေါ်လာရှိတယ်.. အတိုးလဲ ကောင်းကောင်းရမှာ.. ချေးငွေ ပမာဏ များနေလို့လား.. နောက်နှစ်ဆို အဲ့ရှယ်ယာတွေ (၂)ဆတောင် ဖြစ်သွားနိုင် သေးတယ်.. ခင်ဗျားတို့ အန္တရာယ် အကဲဖြတ်အဖွဲ့ အဲ့ဒါတွေ မမြင်တာလား..”

အစုရှယ်ယာ (၁.၅)ဘီလီယံ တန်ဘိုးရှိ အစုရှယ်ယာသည် သန်း(၇၀၀)သာ ချေးငွေ ရနိုင်သည်လော။ ဤသည်က ရယ်စရာ ကောင်းလွန်းလှသည်။ မြို့တော် ဘဏ်သည် ထိုပမာဏကို အခိုင်အမာ ဆက်ပြောနေပါက ဖုန်းယွီ အနေဖြင့် အခြားဘဏ်တွင်သာ ချေးငွေ ရယူတော့မည်။ သို့ရာတွင် သူသည် တရုတ်လူမျိုးဖြစ်ကာ ဂျပန်နိုင်ငံတွင် ပေးထားသည့် အလွန်နိမ့်သည့် အတိုးနှုန်းများလောက် ခံစားရမည် မဟုတ်ချေ။ သို့မဟုတ်ပါက ဂျပန်ဘဏ်များထံမှ ချေးငွေ ရပေလိမ့်မည်။

“တောင်းပန်ပါတယ်.. မစ္စတာဖုန်း.. အဲ့ဒါ ကျုပ်တို့ဘဏ်ရဲ့ စည်းမျဉ်းတွေ မို့ပါ.. ချေးငွေ ပမာဏ တိုးလိုချင်ရင် ခင်ဗျားရဲ့ အပေါင်တန်ဖိုးလဲ တိုးပေးမှ ရမယ်..”

မိုင်ယာစ်သည် ဖုန်းယွီအား ချေးငွေ ပမာဏ တိုးမြှင့်ပေးလိုပေသည်။ ဖုန်းယွီသည် အပေါင်ပစ္စည်းအဖြစ် မိုက္ခရိုဆော့ဖ် ရှယ်ယာများကိုသာ သုံးနေပေသည်။ ဖုန်းယွီ ချေးငွေရရန် သူ့ရှယ်ယာအားလုံး သုံးပါက ချေးငွေပမာဏ နည်းတော့မည် မဟုတ်ချေ။

မိုင်ယာစ်၏ စွမ်းဆောင်ရည်ကို ချေးငွေ ထုတ်ပေးသည့် ပမာဏဖြင့် တိုင်းတာပေသည်။ ချေးငွေ များများ ထုတ်ပေးနိုင်လေလေ အပိုဆု ပိုရလေလေ ဖြစ်သည်။

မိုင်ယာစ်သည် ထိုကဲ့သို့ ပမာဏ နည်းပါးစွာ ထုတ်ပေးခြင်းဖြင့် စိတ်စွမှုများ ပြုလုပ်ကာ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရှယ်ယာ အရေအတွက် သေချာပေါက် တိုးလာမည် ဖြစ်ပြီး ချေးငွေပမာဏကို အနည်းငယ် တိုးမြှင့်ပေးမည် ဖြစ်သည်။

သို့ရာတွင် မိုင်ယာစ် ထင်မှတ်မထားသည်မှာ ဖုန်းယွီသည် ရုတ်တရက် ထရပ်ကာ လှည့်ထွက်သွားခြင်းပင်။

“မစ္စတာဖုန်း.. ကျုပ်တို့ရဲ့ မြို့တော်ဘဏ်က အချေငွေ ထုတ်ပေးရတဲ့ အခြေအနေက တခြားဘဏ်တွေနဲ့ အတူတူပဲ.. နယူးယောက်က ဘယ်ဘဏ်တွေမှာမဆို ကျုပ်ထက် ပိုသာတဲ့ ကမ်းလှမ်းမှု ရနိုင်မှာမဟုတ်ဘူး..”

မိုင်ယာစ် ထပ်အော်လိုက်ပြန်သည်။

“အစုရှယ်ယာ အရေအတွက် တိုးမယ်ဆိုရင် ချေးငွေ ရာခိုင်နှုန်း တိုးပေးမှာပါ..”

ဖုန်းယွီ စကားတစ်ခွန်းမှ မပြောတော့ဘဲ မိုင်ယာစ်၏ ရုံးခန်းထဲမှ ထွက်သွားတော့သည်။

မိုင်ယာစ် ထိတ်လန့်သွားသည်။ ဖုန်းယွီသည် တုန့်ဆိုင်းမှုပင် မရှိဘဲ ထွက်သွားခြင်းဖြစ်သည်။

မိုင်ယာစ်၏ စကားများမှာ အချို့အဝက် မှန်ပေသည်။ နယူးယောက်ရှိ ဘဏ်အားလုံးတွင် ချေးငွေအတွက် အသုံးပြုသည် ရှယ်ယာ အပေါင်ပစ္စည်း များကို တင်းကြပ်စွာ အကဲဖြတ်ပေသည်။ ချေးငွေနှင့် အစုရှယ်ယာ အချိုးအစား အလွန်နည်းပေသည်။

ဖုန်းယွီသည် အခြား ကုမ္ပဏီ၏ ရှယ်ယာများ သုံးခဲ့ခြင်းမဟုတ်ဘဲ ရင်းနှီးမြုပ်နှံသူများအားလုံး ရှာဖွေနေသည့် အကောင်းဆုံးသော ဆော့ဖ်ဝဲ ကုမ္ပဏီ၏ ရှယ်ယာများ ဖြစ်သည့် မိုက္ခရိုဆော့ဖ် ရှယ်ယာများ သုံးနေခြင်း ဖြစ်သည်။ အချိုးအစား ဤမျှ နည်းစရာ အကြောင်းမရှိချေ။

မိုင်ယာစ်သည် ဖုန်းယွီ ထွက်သွားသည်ကို ကြည့်ကာ သူ့အနီးပတ်ဝန်းကျင် ဘဏ်အချို့၏ ထိပ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်းအနည်းငယ်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ၎င်းတို့သည် ပြိုင်ဖက်များ ဖြစ်သော်လည်း တစ်ခါတရံ ပူးပေါင်း လုပ်ကိုင်တတ်ကြသည်။

ဥပမာအားဖြင့် ယခု မိုင်ယာစ်သည် ဖုန်းယွီ၏ တစ်ကိုယ်ရေ ချေးငွေ ပမာဏကို လျော့ချရန်အတွက် အခြားဘဏ် များကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။ ထိုတရုတ်အမျိုးသားကို သင်ခန်းစာ တစ်ခု ပေးချင်ပေသည်။ အခြား ဘဏ်များအား ကမ်းလှမ်းသည့် အခြေအနေနှင့် ပမာဏတူပါက ဖုန်းယွီအား ပူးပေါင်း ချေးငွေ ထုတ်ပေးမည် ဖြစ်သည်။

ထိုဘဏ်များ၏ ပိုင်ရှင်များ သဘောတူလိုက်သော်လည်း မိုင်ယာစ်၏ စကားအတိုင်း လုပ်ဆောင်မည် ဆိုသည်မှာ မသေချာပေ။ ဖုန်းယွီသည် ၎င်းတို့အား ဆက်သွယ်လိမ့်မည်ဟု ဘဏ်လုပ်ငန်းရှင်များ အသာလေး မျှော်လင့် နေသော်လည်း အံ့ဩစရာ ကောင်းသည်မှာ ဖုန်းယွီသည် ၎င်းတို့အုပ်စုအတွင်း မည်သူ့ကိုမှ မဆက်သွယ်ခဲ့ချေ။

ဘဏ်များအားလုံး ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် ဖုန်းယွီအား အမြန်ဆက်သွယ်ကာ ၎င်းတို့၏ သဘောထားကို ပြောင်းလဲ ပြစ်လိုက်ရသည်။ ဘဏ်လုပ်ငန်းရှင်များသည် ချေးငွေ အချိုးကို တိုးမြှင့်လိုကာ အထက်အရာရှိများမှလည်း သဘောတူမည်ကို သိထားကြပေသည်။ မိုက္ခရိုဆော့ဖ်၏ ရှယ်ယာများ တန်ဖိုးကျဆင်းလိမ့်မည်ဟု မည်သူမှ မယုံကြည်ကြချေ။

သို့ရာတွင် ဘဏ်လုပ်ငန်းရှင်များမှ ဖုန်းယွီအား ဆက်သွယ်သည့်အခါ ချေးငွေပမာဏ တိုးပေးသော်လည်း ငြင်းပယ် ခံလိုက်ရသည်။

မိုင်ယာစ် ကိုယ်တိုင်လည်း ထိုင်မနေနိုင်တော့ချေ။ ဖုန်းယွီထံ ဖုန်းဆက်ကာ ငွေပမာဏ မှားယွင်း ပြောမိကြောင်း ပြောပြလိုက်သည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရှယ်ယာများကို သုံး၍ ရရှိမည် ချေးငွေပမာဏမှာ ဤမျှ နည်းမည် မဟုတ်ကြောင်း၊ မြို့တော်ဘဏ်မှ အဆင့်မြင့်အရာရှိများသည် ချေးငွေ ပမာဏကို ကန်ဒေါ်လာ (၁.၂)ဘီလီယံအထိ တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။

ဖုန်းယွီ ရယ်လိုက်ကာ..

“သူတို့တွေ အဲ့ပမာဏအတိုင်း သဘောတူကြတယ်လား.. ခက်တာက ခင်ဗျားဘဏ်ကနေ လောလောဆယ် ချေးငွေ မယူချင်သေးဘူး.. အော်.. မစ္စတာမိုင်ယာစ်ရေ.. ခင်ဗျားတို့ ဘဏ်ဥက္ကဋ္ဌကို ကျုပ်ပြောအုံးမှာပါ.. ခင်ဗျားတော့ နည်းနည်း ဒုက္ခရောက်လိမ့်မယ် ထင်တယ်..”

မိုင်ယာစ် အံ့ဩသွားသည်။ ဖုန်းယွီအား အခြားလူများကဲ့သို့ ဆက်ဆံလိုက်မိသည်မှာ အမှားတစ်ခု ဖြစ်သွားကြောင်း နားလည်လိုက်သည်။ ဤသည်ကို ဘဏ်ဥက္ကဋ္ဌသိသွားပါက ဘုတ်အဖွဲ့မှ ထုတ်ပယ်မည်မှာ သေချာပေသည်။ ဤကဲ့သို့သော လစာမြင့်မားသည့် အလုပ်မျိုး အခြားမည်သည့်နေရာတွင်မှ မရနိုင်ချေ။

မိုင်ယာစ်သည် မက်မောလောက်စရာ ရှယ်ယာမရသည့် တစ်ဦးတည်းသော ထိပ်တန်း စီမံခန့်ခွဲသူ တစ်ယောက် ဖြစ်သည်။ သူသည် ဖုန်းယွီ၏ ချေးငွေကို အသုံးချကာ သူ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် နှစ်ကုန်တွင် ဆုကြေးရှယ်ယာ ရချင်လိုခြင်းပင်။ ယခုမူ ရှယ်ယာ မရယုံမျှမက အလုပ်ပင် ပြုတ်သွားနိုင်ပေသည်။

“မစ္စတာဖုန်း.. ကျုပ်တို့ကြားမှ နားလည်မှုလွဲသွားတာ ရှိလိမ့်မယ်ထင်တယ်.. အေးအေးဆေးဆေး တွေ့ပြီး ရှင်းပြ ပါရစေ.. “

“မလိုပါဘူးဗျာ… ခင်ဗျားရှင်းပြတာ နားထောင်ဖို့ ကျုပ်မှာ အချိန်မရလို့ပါ..”

ဖုန်းယွီ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပေသည်။

မိုင်ယာစ် အနေဖြင့် မြို့တော်ဘဏ်သည် အားကောင်းလွန်သည် ထင်နေသည်လော။ ဤကမ္ဘာ၌ ဘဏ်များ ပေါပေသည်။ မြို့တော်ဘဏ်မှ မိမိအား ငွေမချေးသဖြင့် အခြားဘဏ်များ ထိုသို့ ငြင်းဆိုမည် ထင်နေသည်လော။

ဖုန်းယွီသည် HSBC မှ ချေးငွေ ရယူထားပြီး ဖြစ်သည်။ ကန်ဒေါ်လာ (၁)ဘီလီယံအား အတိုးနှုန်း အနည်းဆုံးဖြင့် ရထားပေသည်။ အပေါင်ပစ္စည်းအဖြစ် အသုံးချခဲ့သည့် မိုက္ခရိုဆော့ဖ် ရှယ်ယာများသည် ကန်ဒေါ်လာ (၁.၁)ဘီလီယံသာ တန်ဘိုးရှိပေသည်။ ဤသည်က မြို့တော်ဘဏ်နှင့် ကွာခြားချက်ကြီးပင်။

ချေးငွေသည် မိုက္ခရိုဆော့ဖ် ရှယ်ယာကြောင့် မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ လီကျယ်ခိုင်နှင့် ဖူကွမ်းကျန့် တို့သည် ဖုန်းယွီအတွက် အာမခံ ပေးသူများ ဖြစ်ခြင်းကြောင့်ပင်။ ဖုန်းယွီသည် သူ့မိုက္ခရိုဆော့ဖ် ရှယ်ယာများကို ချေငွေယူရန်နှင့် အမေရိကန် စတော့ဈေးကွက်တွင် ရင်းနှီးမြုပ်နှံမှုများ ဆက်လက် သုံးစွဲသွားမည် ဖြစ်သည်။

မိုင်ယာစ် အတွက်မူ ဤသည်က တစ်သက်တာ မမေ့နိုင်သည့် သင်ခန်းစာ ဖြစ်သွားပေလိမ့်မည်။

--------**$$^$$**--------

All Chapters