လီကျန်းဝေ၏ အစီအစဉ်
Vol. 55 Ch. 824
“မန်နေဂျာလီ ခင်ဗျား ဘာကို ပြောချင်တာလဲ..”
ဖုန်းယွီ ချက်ချင်း ပြန်မေးလိုက်သည်။
ရင်းနှီးမြုပ်နှံရာတွင် နည်းလမ်းများစွာ ရှိပေသည်။ ဖုန်းယွီသည် လီကျန်းဝေ ပြောလိုသည့် ရင်းနှီးမြုပ်နှံမှု အမျိုး အစားကို သိချင်ပေသည်။ လီကျန်းဝေ ကူညီချင်ပါက ဖုန်းယွီသည် ကျန်းလီပေါင်၌ ရှယ်ယာဝင်ရန် ပြဿနာ မရှိချေ။ ကုမ္ပဏီ၌ ထိန်းချုပ်ထားသည့် အစုရှယ်ယာများကိုပင် ရနိုင်သေးသည်။
“မန်နေဂျာဖုန်း.. လီဟဟရဲ့ အကြီးဆုံး ရှယ်ယာရှင်ဖြစ်ပြီး ကျောက်ချင်းရှန်က ကုမ္ပဏီကို ဆက်ပြီး စီမံခန့်ခွဲခွင့် ရနေတယ်.. မင်းသာ ကျန်းလီပေါင်ရဲ့ ရှယ်ယာရှင် ဖြစ်လာရင် ကျုပ်နဲ့ ကျုပ်အဖွဲ့ကို ကျန်းလီပေါင်မှာ ဆက်ပြီး လည်ပတ်ခွင့် ပေးမှာလား..”
လီကျန်းဝေ ဖုန်းယွီအား ကြည့်နေသည်။ ဖုန်းယွီ တုံ့ဆိုင်းသွားသည်နှင့် စိတ်ပြောင်းလိုက်မည်သာပင်။
“ကျုပ်ပြောရင် ခင်ဗျားယုံမှာ မဟုတ်ဘူး.. လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျုပ်ကုမ္ပဏီတွေအားလုံး သူများကို စီမံခွင့် ပေးခဲ့တာတွေကြီးပဲ.. ကျုပ်ရဲ့ စာရင်းဝင်ထားတဲ့ ကုမ္ပဏီမှာ တခြားလူကို ဥက္ကဋ္ဌ ခန့်ပေးထားတာ.. သူတို့နဲ့ ကျုပ်ကြားမှာ သဘောတူညီချက် တစ်ခုခု ရှိကောင်းရှိလိမ့်မယ်လို့ ခင်ဗျားထင်နေလောက်တယ်.. ခက်တာက ဘာမှကို သဘောတူချက်တွေ လုပ်မထားတာ.. အဲ့ကုမ္ပဏီတွေကို စီမံခန့်ခွဲရတဲ့ ကိစ္စ အရမ်းပျင်းတယ်ဗျ.. အခု ကျုပ်ကို ကြည့်ဗျာ.. မိုက္ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရုံးချုပ်မှာ မရှိဘဲ နယူးယောက်ကို ရောက်နေ တယ်လေ။
ဖုန်းယွီသည် ကျန်းလီကိုကို အပြည့်အဝ ရယူလိုက်မည် ဆိုလျှင်ပင် လီကျန်းဝေ၏ နေရာတွင် အခြားလူအား အစားထိုးရန် တစ်ကြိမ်မှ မတွေးဖူးခဲ့ချေ။ ထိုအစား လီကျင်းဝေအား ငှားရမ်းရန်အတွက် ကုမ္ပဏီ ရှယ်ယာ အနည်းငယ်ကိုပင် သုံးလိုက်မည်ပင်။ လီကျန်းဝေသည် (၁၀)နှစ်အတွင်း ကျန်းလီပေါင်ကို ယခုအခြေအနေအထိ တိုးတက်လာစေခဲ့သည်။ ဤသည်က ၎င်း၏ စွမ်းဆောင်ရည်ကို သက်သေပြပြီး ဖြစ်နေပေပြီ။
ဖုန်းယွီသည် လီကျန်းဝေလောက် မတော်ကြောင်း သိပေသည်။ သူ့အနေဖြင့် အလွန်အစွမ်းရည်ရှိသည့် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းထားသဖြင့် ပမ့်မြို့တော် ယန္တရား ကုမ္ပဏီတွင် ဖြစ်ပျက်ခဲ့သမျှ အတိုင်းပင်။ လီကျန်းဝေ အနားယူပြီးနောက်တွင်ပင် ဖုန်းယွီသည် ဆက်ခံသူကို လေ့ကျင့်ပေးရန် ဆက်လက် ငှားရမ်းအုံးမည်ပင်။
ဖုန်းယွီ၏ အဖြေသည် အလွန်ဖြောင့်မတ်နေသဖြင့် လီကျန်းဝေ အလွန် ဝမ်းသာသွားသည်။
“ဒါဆို မင်း ငါ့တောင်းဆိုချက်ကို သဘောတူလား..”
“ဘာဖြစ်လို့လဲ.. ကျုပ်ဘက်က တောင်းဆိုချက် တစ်ခုတော့ရှိတယ်.. စီမံခန့်ခွဲရေး အဖွဲ့မှာ ထိပ်တန်း ရေပေါ်ဆီဝန်ထမ်းတွေရော.. လူပျော့လူညံ့ဝန်ထမ်းတွေရော ပါလိမ့်မယ်.. သူတို့ အဆက်အသွယ်တွေနဲ့ ရထားတဲ့ ဝန်ထမ်းတွေကို ကျုပ်မမြင်ချင်ဘူး.. ပြီးတော့ ကျန်းလီပေါင်ရဲ့ ဌာနချုပ်က အရမ်းဝေးလွန်းတယ်.. ရှန်ကျန်းဖြစ်ဖြစ် ကွမ်ကျိုးလို မြို့တစ်နေရာရာကို ရွေးသင့်တယ်လို့ ကျုပ်ထင်တယ်.. အထက်အရာရှိတွေ ပံ့ပိုးပေးသင့်တယ် မဟုတ်ဘူးလား..”
ဖုန်းယွီထံ၌ တောင်းဆိုစရာ တစ်ခုမှ မရှိပါက လီကျန်းဝေ သံသယ ဖြစ်ပေလိမ့်မည်။ ဖုန်းယွီ၏ တောင်းဆိုချက်များ နားထောင်ပြီးနောက် လီကျန်းဝေသည် ဖုန်းယွီမှာ ကုမ္ပဏီ၏ ဇက်ကြိုးကို ကိုင်ထားနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်သွားသည်။
လီကျန်းဝေသည် ဖုန်းယွီချမှတ်လိုက်သည့် တောင်းဆိုချက် (၂)ခုမှာ သူဖြစ်လိုသည့် ကိစ္စဖြစ်၍ ကျေနပ်မိသည်။ သို့ရာတွင် သူ့တွင် ကုမ္ပဏီ၏ အစုရှယ်ယာများ မပိုင်ဆိုင်ထားသဖြင့် ဘာမှ မလုပ်နိုင်ချေ။
ကျန်းလီပေါင်ကို ပြန်လည်ဖွဲ့စည်းနိုင်ပါက ကုမ္ပဏီကို ပြောင်းလဲနိုင်မည် ဖြစ်သည်။ ထိုပြဿနာ(၂)ခုမှာ ကုမ္ပဏီ၏ အကြီးမားဆုံး စိန်ခေါ်မှုပင်။
“မန်နေဂျာဖုန်း.. အဲ့ပြဿနာ(၂)နခု ဖြေရှင်းပေးမယ်ဆိုရင် မင်းစကားတွေအတိုင်း ငါလိုက်နာမယ်..”
“မန်နေဂျာလင်း.. ကျုပ်တို့ ဆွေးနွေးခဲ့တာ အခုအချိန်မှာ အရေးမကြီးဘူး.. ကျန်းလီပေါင်မှာ ခင်ဗျား ကျုပ်ကို ဘယ်လိုမျိုး ရင်းနှီးမြုပ်နှံစေချင်တယ်ဆိုတာ ကျုပ်အရမ်း သိချင်နေတယ်.. ကျန်းလီပေါင်က အခုဆို (၁၀၀)ရာခိုင်နှုန်း နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း တစ်ခုလေ.. ခင်ဗျားမျာ ရှယ်ယာတစ်ခုတောင် မပိုင်ဘူးလား..”
ဖုန်းယွီ မေးလိုက်မိသည်။
ဖုန်းယွီ၏ စကားများကြားလိုက် သည့်အခါ လီကျန်းဝေ သွေးများ ဆူပွက်သွားသည်။ လီကျန်းဝေသည် ကုမ္ပဏီ၏ ၇ှယ်ယာများ မပိုင်ဆိုင်သော်လည်း သူမရှိပါက ကျန်းလီပေါင် တည်ရှိမည် မဟုတ်ချေ။ ဤသည်မှာ တရားမျှတမှုလော။
“မန်နေဂျာဖုန်း.. မင်းကိုငါ ဇာတ်ကြောင်းလေး တစ်ခု ပြောပါရစေ..”
ဖုန်းယွီ သူ့ဖန်ခွက်ကို ကောက်ကိုင်ကာ ဆိုဖာပေါ် ကျောမှီရင်း စိတ်ဝင်တစား ကြည့်လိုက်သည်..
“ကျန်းလီပေါင်ကို အားကစားအချိုရည်အဖြစ် ဈေးကွက်တင်ထားပြီး အရောင်းမြှင့်တင်ရေး အားလုံးမှာ အားကစားနဲ့ ဆိုင်တယ်.. (၁၉၉၀)တုန်းက စင်ကာပူ ကျန်းလီပေါင် ကုမ္ပဏီနဲ့ အိုလံပစ် ရွှေတံဆိပ်ရှင် လီနင်က ကျန်းလီပေါင် အားကစား ဝတ်စုံ ကုမ္ပဏီ တည်ထောင်လိုက်တယ်.. ကျန်းလီပေါင်က အဲ့ကုမ္ပဏီရဲ့ ရှယ်ယာတွေ ပိုင်ထားပြီး အားကစားဝတ်စုံ အမှတ်တံဆိပ်က လီနင် ဖြစ်နေတယ်..”
ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ ယခင်ဘဝတါင် လီနင် အမှတ်တံဆိပ်သည် ကျန်းလီပေါင် လက်အောက်ခံ အမှတ်တံဆိပ် တစ်ခုဖြစ်ကြောင်း သူကြားဖူးထားသည်။ သို့ရာတွင် လီနင်သည် မိခင် ကုမ္ပဏီမှ မည်သို့ ခွဲထွက်ခဲ့သည်ကို သူသေချာမသိချေ။ ယခုမှ အဖြေရသွားတော့သည်။
ဖုန်းယွီသည် ဘေးနားမှ စားပွဲပေါ်ရှိ ဆေးပြင်းလိပ်ပုံးကိုဖွင့်ကာ ဆေးပြင်းလိပ် (၂)လိပ် ထုတ်လိုက်သည်။ ထို့နောက် တစ်လိပ်ကို ဖင်ဖွင့်ကာ လီကျန်းဝေကို ပေးရင်း..
“ဒါကို စမ်းကြည့်.. သူ့အရာသာက စီးကရက်နဲ့ မတူဘူးဗျ..”
လီကျန်းဝေသည် ဆေးပြင်းလိပ်ကို ယူလိုက်သည့်အခါ ဖုန်းယွီ ခြေချိတ်၍ ပြန်လည် မှီထိုင်လိုက်ရင်း..
“မန်နေဂျာလီ.. ခင်ဗျားဇာတ်လမ်း ပြန်ဆက်ပါအုံး..”
လီကျန်းဝေ အံ့အားသင့်သွားသည်။ ဖုန်းယွီကို ပုံပြော ပြိုင်ပွဲတစ်ခု၏ အကဲဖြတ်ဒိုင် တစ်ယောက်ပမာ ခံစားလိုက်ရ သည်။ ဆေးပြင်းလိပ်ကို မီးညှိလိုက်ကာ..
“လီနင်ရဲ့ တိုးတက်မှုက တော်တော်လေး ကောင်းပြီး ကွမ်ကျုံးရဲ့ အာစီယံ ပြိုင်ပွဲတွေမှာ နာမည်ကြီးလာပြီး နောက်မှာ ရောင်းအား အဆမတန် တိုးလာတယ်.. အဲ့ကုမ္ပဏီရဲ့ အလားအလာ အရမ်းကြီးလွန်းတယ်.. ပြီးခဲ့တဲ့ (၂)နှစ်လောက်က လီနင်က ပေကျင်း ပြန်လည်ဖွဲ့စည်းပုံဆိုင်ရာ ကျွမ်းကျင်သူ လျိုကျီပင်နဲ့ တွေ့ပြီး ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု မရှင်းမလင်းဆိုရင် ကုမ္ပဏီ တိုးတက်မှု ကန့်သတ်ချက် ရှိသွားလိမ့်မယ်..”
ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ ဤသည်မှာ လီနင်သည် ကျန်းလီပေါင်နှင့် လမ်းခွဲရသည့် အကြောင်းအရင်း ဖြစ်သည်။ လီနင်သည် ဂျွမ်းအား ကျွမ်းကျင်ရုံသာမက စီးပွားရေးတွင်လည်း ထူးချွန်သူ ဖြစ်သည်။ လီနင်သည် ကျွမ်းကျင်သူ တစ်ယောက်နှင့် တိုင်ပင်ခဲ့ခြင်းကြောင့်ပင်။
“(၁၉၈၈) အိုလံပစ် အားကစားပြိုင်ပွဲမှာ လီနင် အမှားလုပ်မိလို့ ရွှေတံဆိပ် ဆုံးရှုံးခဲ့ရတယ်.. အဲ့အမှားက လီနင်ကြောင့် ဆိုပေမယ့် အဲ့တုန်းက ကျုပ်သူ့ကို အကူအညီ ပေးလိုက်တော့ သူအရမ်း ကျေးဇူးတင်နေတယ်.. တခြားလူတွေဆို သူ့ကို ကျေးဇူးကမ်းသူ တစ်ယောက်လို့မြင်ပြီး ကျုပ်သွားပြဿနာရှာမှာ ကြောက်နေတယ်.. လီနင်ကုမ္ပဏီရဲ့ ရှယ်ယာ နည်းနည်း ပေးမယ်လို့တောင် ကတိပေးခဲ့သေးတယ်..
ကျန်းလီပေါင် အားကစားဝတ်စုံ ကုမ္ပဏီက ကျန်းလီပေါင်၏ ကုမ္ပဏီခွဲတစ်ခုလေ… အထွေထွေ မန်နေဂျာ အနေနဲ့ ကုမ္ပဏီအပေါ် အခွင့်အာဏာ များစွာ ရှိနေသေးတယ်.. လီနင်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ်ထောက်ခံပြီး လီနင်နဲ့ သဘောတူ စာချုပ် ချုပ်ဖို့ ကုမ္ပဏီကို ကိုယ်စား ပြုလိုက်တယ်.. လီနင်က ကျန်းလီပေါင် စီမံကိန်းရဲ့ အရစ်ကျ ရင်းနှီးမြုပ်နှံငွေ ယွမ်(၁၆)သန်း ပြန်ပေးရမယ်…”
ဖုန်းယွီ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ဤသည်က ကျန်းလီပေါင်၏ ရှယ်ယာများ ဝယ်ရန် ကျန်လီပေါင်၏ ငွေကို ပြန်လည် သုံးလိုက်သလိုပင်။
“အဲ့နောက်ကျ ကျန်းလီပေါင် အားကစား ဝတ်စုံကို လီနင် အားကစားဝတ်စုံ အဖြစ် တရားဝင် နာမည် ပြောင်းလိုက်တယ်.. ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့လက ကွမ်ကျူးကနေ ပေကျင်းကပို ပြောင်းပြီး ဒီနှစ် အိုလံပစ် အသင်းအတွက် ဝတ်စုံတစ်ချို့ စပွန်ဆာ ပေးလိုက်တယ်.. လီနင်ရဲ့ တိုးတက်မှုက ဒီနှစ်ပြီးရင် သိသိသာသာ တိုးလာမယ် ထင်တယ်..”
ဖုန်းယွိ ပြန်တွေးကြည့်မိသည်။ ထိုလူ၏ အတွေး မှန်ပေ၏။ (၂၀၀၈)ခုနှစ် မတိုင်မီ လီနင်အမှတ်တံဆိပ် ရောင်းအားနှင့် အမြတ်များသည် နှစ်တိုင်း မြင့်တက်လာသည်။ (၂၀၀၈)ခုနှစ်သည် လီနင် အမှတ်တံဆိပ်အတွက် အလွန်နိမ့်ကျခဲ့သည့် ကာလဖြစ်ပြီး နောက်ပိုင်းတွင် ပြန်လည် ကောင်းမွန်လာသည်။ ထို့နောက် လီနင်၏ ပိုင်ဆိုင်မှုများ တိုးလာသည်။ လီနင် အမှတ်တံဆိပ်သည် ကျန်းလီပေါင် လက်အောက်တွင် ရှိနေပါက ထိုသို့ ဖြစ်လာမည် မဟုတ်ချေ။
လီကျန်းဝေ၏ ဇာတ်လမ်းတွင် ကျန်းလီပေါင်ကို သူချုပ်ကိုင်ထားဆဲဟု ပြောနေသည်လော။ သို့ရာတွင် လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခု ရောင်းထုတ်လိုက်ခြင်းနှင့် ကုမ္ပဏီ၏ အစုရှယ်ယာများ ရောင်းချခြင်းမှာ မတူချေ။ ဒေသန္တရာအစိုးရမှ သဘောတူမည်လော။
“မန်နေဂျာဖုန်း.. ကျုပ်က ကျန်းလီပေါင်ကို ကိုယ်တိုင် တည်ဆောက်ခဲ့တာလို့ ပြောပြီးပြီနော်.. ကျုပ် ကျန်းလီပေါင် အတွက် ပံ့ပိုးမှု အများဆုံး လုပ်ခဲ့သူလို့ ပြောလို့ရမလား..”
“ဒါပေါ့.. ခင်ဗျား မရှိရင် ကျန်းလီပေါင်ဆိုတာ ရှိမှာမဟုတ်ဘူး..”
“ဒါဆိုရင် ကျန်းလီပေါင်ကို အစုရှယ်ယာ ကုမ္ပဏီတစ်ခုအဖြစ် ပြန်ဖွဲ့စည်းပြီး စီမံခန့်ခွဲရေး ဝန်ထမ်းတစ်ယောက် အနေနဲ့ ရှယ်ယာတွေ ဘာလို့ ဝယ်ခွင့်မပေးရတာလဲ.. လီနင်ဆီက ငွေချေးခဲ့တယ်.. ဒါပေမယ့် အခု ကျုပ်မှာ စိတ်ကူးတစ်ခု ပေါ်လာတယ်.. အစိုးရအနေနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေတော့ တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ ကျန်းလီပေါင်လဲ လိုက်နာရမှာပဲ..”
လီကျန်းဝေ၏ မျက်လုံးများ အရောင်လက်စွာဖြင့် ပြောလိုက်သည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံသူလော။ မိမိအား နိုင်ငံခြား ရင်းနှီးမြုပ်နှံသူအဖြစ် သတ်မှတ်ခံရမည်လော။ မှန်ပေ၏။ ယခု မိမိ၏ အထောက်အထားမှာ ဟောင်ကောင် နိုင်ငံသား ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူ မည်သည့်အတွက် မဖြစ်နိုင်ရမည်နည်း။ ရင်းနှီးမြုပ်နှံရန် အမေရိကန်ကုမ္ပဏီကိုလည်း သုံးနိုင်ပေသည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဟု ယူဆ၍ ရပေသည်။ သို့ရာတွင် ထိုနည်းလမ်းကို မည်သည့်အတွက် ရင်းနှီးနေရသနည်း။
--------**$$^$$**--------