← Chapters

မဟာဗျူဟာနှင့် အခြေအနေများ

Vol. 55 Ch. 825

မဟာဗျူဟာနှင့် အခြေအနေများ

Vol. 55 Ch. 825

“မန်နေဂျာလီ.. ခင်ဗျားက နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို ကျန်းလီပေါင်မှာ ရင်းနှီးမြုပ်နှံခွင့်ပေးပြီး အစုရှယ်ယာ ကုမ္ပဏီတစ်ခုအဖြစ် ပြန်ဖွဲ့စည်းမယ်လို့ ပြောနေတာလား.. ခင်ဗျား လုပ်နိုင်မှာ သေချာလား..”

ဖုန်းယွီသည်လည်း ထိုသို့ ဖြစ်လာမည်ဟု မျှော်လင့်ထားသော်လည်း လွယ်လွယ်နှင့် မဖြစ်နိုင်ချေ။

လီကျန်းဝေ လက်(၃)ချောင်း ထောင်ပြကာ..

“ပထမဆုံး ကျုပ်က ကျန်းလီပေါင်ရဲ့ အထွေထွေ မန်နေဂျာပါ.. ကုမ္ပဏီက နိုင်ငံပိုင်ဆိုပေမယ့် ကုမ္ပဏီမှာ ပြောစရာ ကိစ္စတော်တော်များတယ်.. အနည်းဆုံးတော့ ဝန်ထမ်းတွေတဲ့ စီမံခန့်ခွဲမှု အဖွဲ့ကို ကျုပ်ဘက်ရပ်အောင် လုပ်နိုင် တယ်.. ဒုတိယအနေနဲ့ နိုင်ငံရေး အကြွေးတစ်ခုဆိုတော့ ပြည်တွင်းအစိုးရ ခေါင်းဆောင်တွေ တော်တော် စိတ်ဝင်စား လိမ့်မယ်.. ခေါင်းဆောင် အကူးအပြောင်းအတွက်လဲ အချိန်က နီးလာပြီ.. သူတို့ ရာထူးတိုးဖို့အတွက်လဲ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ လိုနေတယ်.. ကျန်းလီပေါင်က လီဟဟရဲ့ လက်ဖက်ဖျော်ရည် ဖော်စပ်နည်း ဝယ်သွားမှာ ဆိုတော့ လီဟဟက ကာဗွန်နိတ် လက်ဖက်ရည်ဖျော်ရည် ထုတ်သွားတော့မှာ..”

‘အသေးစိတ် ပြောပါဦး..”

ဖုန်းယွီ စိတ်လှုပ်ရှားနေသည်။ လီကျန်းဝေသည် အားလုံး စီစဉ်ထားပြီးသားပင်။

“ပထမဆုံး ကျန်းလီပေါင်ရဲ့ ခေါင်းဆောင်တွေကို လီဟဟနဲ့ ပူးပေါင်းရမယ် ပြောထားတယ်.. အမေရိကန် ဈေးကွက် က လက်ဖက်ရည်ကြိုက်တော့ ကျန်းလီပေါင်က အမေရိကန်မှာ လက်ဖက်ဖျော်ရည် တစ်မျိုး မိတ်ဆက်နိုင်ရင် ကုမ္ပဏီက အမြတ်အစွန်း အများကြီးရလိမ့်မယ်.. ဒါပေမယ့် ခေါင်းဆောင်တွေ သဘောမတူလောက်ဘူး.. ကျန်းလီပေါင်နဲ့ လီဟဟတို့က ရှယ်ယာ အချိုးတစ်ခု ဖလှယ်ရလိမ့်မယ်.. အများကြီးတော့ မဟုတ်ဘူးပေါ့..”

ဖုန်းယွီ မျက်မှောင်ကြုတ်သွားသည်။ လီဟဟနှင့် ကျန်းလီပေါင်တို့သည် ရှယ်ယာများ ဖလှယ်မည်လော။ ကျောက်ချင်းရှန် သဘောတူမထားကြောင်း ပြောဖူးပေသည်။ သို့ရာတွင် ဖုန်းယွီသည် ကျောက်ချင်းရှန်ကို လီဟဟ သည် ကျန်းလီပေါင်၏ ဖြန့်ဖြူးရေး လမ်းကြောင်းများကို သုံးကာ အမေရိကန်တွင် ကုန်ပစ္စည်းများ ရောင်းချမည် ဆိုပါက ကျောက်ချင်းရှန် သဘောတူပေလိမ့်မည်။ ဖုန်းယွီသည် လီဟဟ၏ စီမံခန့်ခွဲမှုကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း လီဟဟ၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်၍ ကျောက်ချင်းရှန်အနေဖြင့် သူ့စကား နားထောင်ရပေမည်။ ကျောက်ချင်းရှန် သဘောမတူပါက ဖုန်းယွီသည် ထိုသဘောတူညီချက်အတွက် သူ့ကိုယ်ပိုင် လီဟဟရှယ်ယာ များကို အသုံးချသွားမည် ဖြစ်သည်။

“အစီအစဉ် ပထမခြေလှမ်းက အစုရှယ်ယာ ဖလှယ်ခြင်းပေါ့.. လီဟဟက ကျန်းလီပေါင်ကို လက်ဖက်ဖျော်ရည် ဖော်စပ်နည်း ရောင်းလိုက်ရင် ကျန်းလီပေါင်က လီဟဟကို နိုင်ငံခြား ဈေးကွက်တွေထဲ ဝင်ဖို့ ကူညီပေးသွားမှာ..

ဒုတိယအဆင့်အနေနဲ့ ကျန်းလီပေါင်နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ အနည်းဆုံး နိုင်ငံခြားကုမ္ပဏီ (၃)ခုလောက် လိုမှာ.. အဲ့ ဖက်စပ် လုပ်ငန်းက တရုတ် ဖျော်ယမာ အုပ်စု ဖြစ်လာပြီး ကျန်းလီပေါင်က ကုမ္ပဏီရှယ်ယာ (၅၁)ရာခိုင်နှုန်းထိ ဒီဖက်စပ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ ရှယ်ယာတွေ သုံးရတော့မှာ..”

ဖုန်းယွီ ဝါးလုံးကွဲ ရယ်ချလိုက်သည်။ တရုတ် အဖျော်ယမကာ လုပ်ငန်းသည် ကြီးကျယ်ခန်းနားသည့် စကားသံ ဖြစ်ပြီး အစိုးရ တာဝန်ရှိသူများ စိတ်ဝင်စားပေလိမ့်မည်။ ထို အကျိုးတူလုပ်ငန်းသည် နိုင်ငံခြား ရန်ပုံငွေများကို ဆွဲဆောင်နိုင်ကာ နိုင်ငံရေးအရ အကြွေးတင်ပေမည်။

“အရိုးရှင်းဆုံး ပြောရရင်.. အဲ့နိုင်ငံခြား ကုမ္ပဏီတွေက မင်းဆီမှာ ပေါင်းပြီး ဝယ်လိမ့်မယ်.. လီဟဟကလဲ သူ့ရဲ့ ကျန်းလီပေါင် ရှယ်ယာတွေ မင်းကို ရောင်းမှာပဲ.. ပြီးရင် မင်းမှာ ကျန်းလီပေါင် ရှယ်ယာတွေ ချုပ်ကိုင်လာနိုင်မယ်.. ထိန်းချုပ်ထားတဲ့ ရှယ်ယာတွေနဲ့ ကျန်းလီပေါင်းကို စွန်းရှို့ကနေ ကွမ်ကျုံးကို ရွှေ့ဖို့အတွက် ကုမ္ပဏီမှာ ဆုံးဖြတ် ပိုင်ခွင့် ရှိသူ ဖြစ်လာလိမ့်မယ်..”

လီကျန်းဝေ ခေတ္တရပ်ကာ ဆေးပြင်းလိပ်ကို တစ်ရှိုက်ဖွာလိုက်သည်။ မီးခိုးများ မှုတ်ထုတ်ပြီးနောက်..

“ဒီအစီအစဉ်မှာ ခေါင်းဆောင်တွေ သဘောတူနိုင်အောင် ကျုပ်တစ်ယောက်ပဲ စည်းရုံးနိုင်တယ်.. သဘောမတူရင် ဝန်ထမ်းအားလုံး သပိတ်မှောက်ပြီး ကုမ္ပဏီ လုပ်ငန်း လည်ပတ်မှု ရပ်ပစ်လိုက်မှာ.. ဒါ့ကြောင့် ကျုပ်နဲ့ ခင်ဗျား လျှို့ဝှက် သဘောတူ စာချုပ် လက်မှတ်ထိုးထားချင်တယ်.. ကျန်းလီပေါင်ရဲ့ ရှယ်ယာတွေ ထိန်းချုပ်ပြီးရင် ကုမ္ပဏီရဲ့ အစုရှယ်ယာ နည်းနည်းတော့ ကျုပ်အဖွဲ့ကို ရောင်းပေးရမယ်.. (၁၀)ရာခိုင်နှုန်းထက် နည်းလို့မရဘူးလို့ ကတိပေးရမယ်..”

လီကျန်းဝေသည် ဖုန်းယွီအား သူမရှိပါက ထိုအကြံအစည်း အောင်မြင်မှာ မဟုတ်ကြောင်း ပြောနေခြင်းပင်။ အစိုးရ ခေါင်းဆောင်များအား စည်းရုံးနိုင်လျှင်ပင် တား၍ ရပေသည်။ ကျန်းလီပေါင်အား ထိန်းချုပ်နိုင်စေရန် မိမိ အကူအညီ ပေးမည်။ သို့ရာတွင် ကုမ္ပဏီကို လည်ပတ်ခွင့်ပေးကာ ရှယ်ယာ အနည်းငယ် ရောင်းပေးရမည်။

ကုမ္ပဏီ ရှယ်ယာ (၁၀)ရာခိုင်နှုန်းဆိုသည်မှာ များလွန်းပေသည်။ လီကျန်းဝေသည် လောဘကီးကာ သူ့အဖွဲ့သည် ထိုမျှ မတတ်နိုင်မှန်း ဖုန်းယွီသိပေသည်။ လီကျန်းဝေသည် လီနင်နှင့် ဘဏ်များမှ ချေးငွေရခဲ့မည် ဆိုလျှင်ပင် လုံလောက်မည် မဟုတ်ချေ။ စွန့်ဦးအုပ်စုမှ ငွေချေးမည်လော။

“မန်နေဂျာလီ.. ကျုပ်ထိန်းချုပ်နိုင်တဲ့ အနေအထားရပြီးရင် ကုမ္ပဏီရှယ်ယာ (၁၀)ရာခိုင်နှုန်း ခင်ဗျား ဝယ်မယ်ပေါ့.. ခင်ဗျား အဲ့ငွေတွေ ဘယ်ကရမလဲဆိုတာ ကျုပ်မပြောဘူး.. အဲ့ရှယ်ယာ (၁၀)ရာခိုင်နှုန်းက ကျုပ်တစ်ယောက်တည်း ဆီကမဖြစ်သင့်ဘူး.. ခင်ဗျားရဲ့ အစုရှယ်ယာတွေကို ဒေသန္တရအစိုးရဆီကဝယ်ဖို့ရော စည်းရုံးနိုင်ပါ့မလား..”

အစုရှယ်ယာ (၁၀)ရာခိုင်နှုန်းသည် ဖုန်းယွီတစ်ယောက်တည်းထံမှ ဆိုပါက၊ လီကျန်းဝေနှင့် ဒေသဆိုင်ရာ အစိုးရတို့သည် ရှယ်ယာများကို ပေါင်းစပ်လိုက်မည် ဆိုပါက ကျန်းလီပေါင်၏ အစုရှယ်ယာများကို ထိန်းချုပ်မည် ဖြစ်သည်။ ဖုန်းယွီသည် ချုပ်ကိုင်နိုင်သည့် ရှယ်ယာ အရေအတွက်ကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။ ဖုန်းယွီနှင့် လီကျန်းဝေသည် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း မသိသေးချေ။ ဖုန်းယွီ၏ ယခင်ဘဝတွင် လီကျန်းဝေသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း၏ ဘဏ္ဍာငွေများကို အလွဲသုံးစား လုပ်သဖြင့် ထောင်ကျခဲ့ပေသည်။ ဖုန်းယွီအနေဖြင့် သူ့လိုလူကို သတိထားရပေမည်။

“မန်နေဂျာဖုန်း.. ဒေသန္တရ အစိုးရက သူတို့ အစုရှယ်ယာတွေကို ရောင်းဖို့သေချာတယ်ဆိုတာ ယုံထားလိုက်.. ကျန်းလီပေါင်ရဲ့ ဝန်ထမ်းတွေ အားလုံးကို ရှယ်ယာ နည်းနည်း ရပိုင်ခွင့်ပေးလိုက်မှာ..”

လီကျန်းဝေ ရဲရဲတောက် အကြည့်ဖြင့် ပြောလိုက်သည်။

ဝန်ထမ်းများအားလုံးကို ရှယ်ယာပေးမည်လော။ လီကျန်းဝေသည် ဒေသန္တရ အစိုးရကို ဆန့်ကျန်ရန် ကုမ္ပဏီ ဝန်ထမ်းများအားလုံးကို စည်းရုံးလောက်ပေသည်။ သို့ရာတွင် မိမိရှယ်ယာ လျော့မသွားသရွေ့ မိမိပြဿနာ မဟုတ်ချေ။

လီကျန်းဝေသည် အသက်ကြီးနေပြီ ဖြစ်ပြီး နောင်တွင် ဆေးရုံတက်ရပေလိမ့်မည်။ လီကျန်းဝေ နာမကျန်း ဖြစ်ပြီးနောက် သူ့အခွင့်အာဏာ လွှဲပြောင်းပေးမည်ဟု ဖုန်းယွီ ယုံကြည်ပေသည်။ သူသည် ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီ ကို စတင်ပျောက်ကွယ်သွားအောင် တည်ဆောက်ထားသည်။

ကျန်းလီပေါင်၏ ပိုင်ဆိုင်မှုတန်ဖိုးသည် မမြင့်ချေ။ အမှတ်တံဆိပ်သည် တန်ဖိုးတစ်ခု ရှိပြီး လီကျန်းဝေသည် ဒေသန္တရာ အစိုးရအား အမှတ်တံဆိပ်တန်ဖိုး မမြင်အောင် လုပ်နိုင်ပါက ဖုန်းယွီသည် သူ့ရင်းနှီးမြုပ်နှံမှုကို ပြန်လည် ရယူမည် ဖြစ်သည်။ စန်းရှို့တွင် စက်ရုံတစ်ခု ထားကာ ဒေသန္တရအစိုးရထံ ငွေအနည်းငယ် လှူဒါန်းလိုက်ယုံဖြင့် လုံလောက်ပေမည်။

လီကျန်းဝေ သူ့စကားကို အပြည့်အဝ နားထောင်စေရန် ဖုန်းယွီထံ၌ လှည့်ကွက် တစ်ခု ရှိနေသေးသည်။

“မန်နေဂျာလီ.. ကျန်းလီပေါင်ရဲ့ ပုံသေပိုင်ဆိုင်မှုတွေက လက်ရှိဆို ယွမ်သန်း(၃၀၀)ကျော် မလား.. အမြတ်အစွန်း တွေအားလုံး ဒေသန္တရ အစိုးရကို လွှဲပေးနေရမယ်ဆို ဖက်စပ်လုပ်ပြီးရင် ကျန်းလီပေါင်ရဲ့ ပိုင်ဆိုင်မှုတွေ အဆပေါင်း မနည်း တိုးလာလိမ့်မယ်.. ခင်ဗျားနဲ့ ခင်ဗျားအဖွဲ့က ရှယ်ယာ (၁၀)ရာခိုင်နှုန်းအတွက် ယွမ် သန်း(၆၀)လောက် ပေးဖို့ လိုမယ် မို့လား..”

လီကျန်းဝေ မျက်နှာပြောင်းသွားသည်။

“စိတ်မပူပါနဲ့.. ချေးငွေရမယ်လို့ ယုံကြည်ပါတယ်.. ချေးငွေမရရင်တော့ အရစ်ကျစနစ်နဲ့ ပြန်ဆပ်ဖို့ သဘောတူလိမ့် မယ်လို့ မျှော်လင့်ပါတယ်.. ကျန်းလီပေါင်ရဲ့ ငွေတွေကိုတော့ ကျုပ်မထိနိုင်ဘူး..”

လီကျန်းဝေသည် စီမံခန့်ခွဲမှု လစာများ တိုးမြှင့်ပေးကာ လိုအပ်သည့်ငွေကို အစိုးရထံမှ ချေးငွေယူလိုခြင်းပင်။ သို့ဆိုပါက ရှယ်ယာ(၁၀)ရာခိုင်နှုန်း ဝယ်ရန် လုံလောက်ပေမည်။ အဆင်မပြေသေးပါက အရစ်ကျ ပြန်ဆပ်ပေမည်။

“အရစ်ကျဆိုတာက ကျန်းလီပေါင်ရဲ့ ရှယ်ယာတွေ ဝယ်ဖို့ ကျန်းလီပေါင်က ရန်ပုံငွေကို ပြန်သုံးမယ့် သဘောပေါ့..”

ဖုန်းယွီ ဖြတ်မေးလိုက်သည်။ ယခင်ဘဝတွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း အများအပြားသည် ထိုနည်းလမ်းကို သုံးကာ ပုဂ္ဂလိကပိုင် ပြုလုပ်သွားကြသည်။ တရားဝင်ဖြစ်သော်လည်း ထိုနည်းလမ်းမှာ မေးခွန်းထုတ်စရာပင်။

“မန်နေဂျာဖုန်း.. မင်း ကျုပ်တောင်းဆိုချက်တွေ သဘောမတူဘူးလား..”

လီကျန်းဝေ အနည်းငယ် စိတ်ဆိုးသွားသည်။ ဖုန်းယွီသည် ကျန်းလီပေါင်ကို ထိန်းချုပ် နိုင်စေရန် ကူညီပေးမည် ဖြစ်ကာ သူတည်ဆောက်ထားသည့် ကုမ္ပဏီ၏ ထိန်းချုပ်အစုရှယ်ယာများ စွန့်လွှတ်မည် ဖြစ်ကြောင်း သေချာ ပြောခဲ့ပြီး ဖြစ်သည်။ သို့တိုင်အောင် ဖုန်းယွီ မကျေနပ်သေးချေ။

“မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး.. မန်နေဂျာလီ ခင်ဗျား ကျုပ်ကို အထင်လွဲနေပြီ.. တကယ်တော့ ခင်ဗျားကို အစုရှယ်ယာ နည်းနည်း ပြန်ပေးသင့်တယ်လို့ ကျုပ်စဉ်းစားထားပြီးသာ.. ရှယ်ယာတွေ ဝယ်ဖို့လဲ ကျုပ်ခင်ဗျားကို ငွေချေးပေးချင်တယ်.. အတိုးနှုန်းက ဘဏ်တွေထက် မပိုစေရဘူး.. ခင်ဗျားတို့တွေလဲ ဘဏ်တွေကလဲ ဒီလောက် များတဲ့ ငွေပမာဏ ရအောင် ချေးနိုင်မှာ မဟုတ်ဘူး..”

လီကျန်းဝေ အံ့ဩသွားသည်။ ဖုန်းယွီ ပြောစကားသည် သူမျှော်လင့်ထားသလို မဟုတ်ချေ။ ဖုန်းယွီ၏ ကမ်းလှမ်းချက်မှာ သူတောင်ဆိုထားသည်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိပေသည်။

“မန်နေဂျာဖုန်း ဘယ်လို စည်းကမ်းချက် ရှိမှာလဲ..”

ဖုန်းယွီ ပြုံးလိုက်မိသည်။ ဉာဏ်ကောင်းသူများနှင့် စကားပြောရသည်မှာ အလွန်လွယ်ကူပေသည်။

“မန်နေဂျာလီ… ခင်ဗျားလဲ အသက်မငယ်တော့ဘူး.. ခင်ဗျားကလေးတွေ စီမံခန့်ခွဲမှု ကောင်းရင် ဒါရိုက်တာ ဘုတ်အဖွဲ့ ဒါမှမဟုတ် အထွေထွေ မန်နေဂျာနေရာကို နောင်မှာ ဝင်လို့ရတယ်.. ဒါပေမယ့် သူတို့ အဆင်မပြေရင်တော့ ခင်ဗျားအငြိမ်းစားယူပြီးတာနဲ့ ဒါရိုက်တာ ရာထူးရော.. အထွေထွေ မန်နေဂျာရာထူးရော စွန့်လွှတ်ရမယ်.. ကျုပ်ပြောချင်တာ ခင်ဗျား နားလည်မှာပါ.. ကျောက်ချင်းရှန်ကျုပ် ကျုပ်ကြားမှာလဲ ဒီလိုမျိုး သဘောတူညီချက်ပဲ ရှိတယ်..”

ဖုန်းယွီ ပြုံးရင်းပြောလိုက်သည်။

ဖုန်းယွီ၏ အပြုအမူသည် မကြမ်းတမ်းချေ။ လီကျန်းတွေသည် ကုမ္ပဏီအပေါ် ဩဇာလွှမ်းမိုးမှု ရှိကာ သူအနားယူ ပြီးနောက် ပြဿနာများ ဖန်တီးလာမည်ကို စိုးရိမ်မိသည်။ လီကျန်းဝေသည် နောင်တွင် သူ၏ အခွင့်အာဏာကို စွန့်လွှန်ရန် ငြင်းဆန်မှုကို တားဆီးရန် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားသည်က ပိုကောင်းပေသည်။

လီကျန်းဝေ ခေတ္တစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ.. ကျုပ်သဘောတူတယ်..”

--------**$$^$$**--------

All Chapters