ကောက်ကျစ်သောမြေခွေး၊ ဒေါသထွက်နေသည့် ဧကရာဇ်ဝူ
Vol. 8 Ch. 108
"အင်း.. ရတယ်.."
လီရွှမ်က ခေါင်းငြိမ့်သည်။ ထို့နောက် ပြော၏။
"ပုံပြင်စာအုပ်၊ အထွေထွေမှတ်ချက်၊ ဆေးပညာစာအုပ်တွေ...အဲ့ဒါတွေက ဖတ်ရတာ အပျင်းပြေစေတယ်.."
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"ဆရာ.. ဂျူနီယာညီလေးက ဝူနိုင်ငံကိုသွားပြီ။ ကျွန်တော်လည်း သုံဟယ်မြို့ကို ပြန်ချင်တယ်.."
မုန့်ချုံက ဝူနိုင်ငံသို့ သွားရောက်ကာ ဧကရာဇ်ဝူကို ပြဿနာရှာ၏။ သူ့အနေနှင့် ယာယီအချိန် အတွင်းတွင် သဘာဝတရား၈ပါး ပုံကြမ်းအကြောင်း အသိအမြင်များကို ဖလှယ်လို့ရမည် မဟုတ်ပေ။
ထို့ကြောင့် အိမ်သို့ပြန်ကာ မိဘများ၏ အရိုးသန့်စင်မှု၌ ဓားဆန္ဒကို အသုံးပြုပြီး အမြန်နှုန်း ကူညီမြှင့်တင်ပေးရန် စီစဉ်၏။
"သွားလေ.."
လီရွှမ်က ခေါင်းငြိမ့်သည်။
နောက်တစ်ရက်တွင် ရှီအာက စာအုပ်အချို့ကို ယူလာခဲ့၏။ ထိုအားလုံးတို့မှာ ကောင်းကင်မိခင်ဂိုဏ်း၏ ရတနာများ၊ သိုင်းလောက၏ အထွေထွေ မှတ်တမ်းများနှင့် ဆေးပညာစာအုပ်များ ဖြစ်ကြသည်။
နေ့လည်ခင်းတွင် ရွှီယန်လည်း စာအုပ်အချို့ကို ပို့လာခဲ့၏။ လီရွှမ်က ပထမဆုံး ဆေးပညာစာအုပ်များကို ဖတ်ရှု့ကာ စွန့်ပစ်ဒေသ၏ ဆေးပညာစနစ် အကြောင်းကို နားလည်အောင် ပြုလုပ်သည်။ အတွင်းဘက်နယ်မြေ၏ ဆေးပညာ အကြောင်းကိုပင် စဉ်းစားချင့်ချိန် ကြည့်၏။
'အပ်စိုက်ကုထုံး၊ အဓိက၊ ဦးစားပေးနဲ့ အထောက်အကူပြု ဆေးတွေကို အသုံးပြုတဲ့ သဘောတရားတွေ မရှိဘူး...'
ဆေးစာအုပ် များစွာတို့ကို ဖတ်ကြည့်ပြီးနောက် လီရွှမ်သည် သူစိတ်ကူးထားသည့် သိုင်းပညာ အကိုင်းအခက် စနစ်အား ပိုမိုပိုမိုကာ ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလာရသည်။ အောင်မြင်ပါက သိုင်းပညာလောကအား နောက်ထပ် ပြောင်းလဲမှုကြီးတစ်ခု ယူဆောင်လာမှာ ဖြစ်၏။
'အခု ငါလုပ်ဖို့လိုတာဆိုလို့ သီအိုရီကို ပြည့်စုံအောင်လုပ်ပြီး အဲ့ဒါကို နားလည်သဘောပေါက်အောင် လေ့လာနိုင်တဲ့ တပည့်တစ်ယောက်ကို ရှာဖို့ပဲ ကျန်တယ်..'
လီရွှမ်က တိတ်ဆိတ်စွာ စဉ်းစားသည်။
ထန်းဖင်တောင်သည် ၎င်း၏ ကျယ်ပြောမှုနှင့် ညီညာပြန့်ပြူးသည့် တောင်ထိပ်အတွက် နာမည်ကျော်ကြား၏။
ဝူနိုင်ငံရှိ သိုင်းပညာရှင်များက သိုင်းလောကညီလာခံတစ်ခုကို စည်းဝေးပြီး မုန့်ချုံကို ဖမ်းဆီးကာ ဧကရာဇ်ဝူဆီမှ ဆုကြေးများကို ရရှိရန် ရည်ရွယ်ကြသည်။
နာမည်ကျော်ကြသည့် သိုင်းလောကမှ သိုင်းသမားများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေကြ၏။ အားလုံး၏ ရည်ရွယ်ချက်မှာ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ရာထူး ရရန်အတွက် ဖြစ်သည်။
သူတို့သည် ဝူနိုင်ငံနှင့် ချီနိုင်ငံရှိ သိုင်းသမားများကို ဦးဆောင်ပြီး မုန့်ချုံကို ဖမ်းဆီးကာ သိုင်းအရှင်သခင်ဟူသည့် ဘွဲ့ကို အရယူမည် ဖြစ်သည်။ ထိုအခါ ထိုသိုင်းလောကရှိ သိုင်းသမားများသည်လည်း အလေးစားခံ ဂုဏ်သတင်းအား ရရှိလာမှာ ဖြစ်၏။
ထို့အပြင် သူတို့တွင် အပိုင်စား မြို့တစ်ခုကိုလည်း ရလာမှာ ဖြစ်သည်။ ဤသည်က သိုင်းလောကအတွက် အခြေခံတစ်ခု ပိုင်ဆိုင်လာခြင်းနှင့် ညီမျှ၏။
ထန်းဖင်တောင်ကို လာရောက်ပြီး သိုင်းလောက၏ ညီလာခံတွင် ပါဝင်ဆင်နွှဲနိုင်သည့် လူများမှာ သိုင်းလောကရှိ ထိပ်တန်းသိုင်းသမားများ ဖြစ်ကြသည်။
ကျန်းဟူ၏ နာမည်ကျော် ပုံရိပ်များစွာတို့ ယနေ့တွင် ထန်းဖင်တောင်၏ တောင်ခြေ၌ ဆက်တိုက်ပေါ်လာနေကြ၏။
"အဲ့ဒါက စီနီယာထယ်မလား။ သူလည်း ဒီကိုရောက်လာတာလား.."
"စီနီယာထယ်က ငါတို့ ဝူနိုင်ငံရဲ့ လွန်ခဲ့တဲ့နှစ်၂ဝက ထိပ်တန်းသိုင်းသမားတစ်ယောက် ဖြစ်တယ်။ အနားယူသွားခဲ့တာ ကြာပြီ။ သူ့ကို ဒီနေ့မှာ ပြန်တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး.."
"တော်စမ်းပါ... ဒါက သိုင်းလောကရဲ့ အရှင်သခင်ဘွဲ့ပဲ.. ဘယ်သူက မလိုချင်ဘဲ နေမှာလဲ.."
"အတိအကျပဲ.. မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ရာထူးကိုရတဲ့ ဘယ်သူမဆို ဒီမျိုးဆက် သိုင်းလောကရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ.."
လူများစွာတို့က နှလုံးသားထဲတွင် သက်ပြင်းချမိသည်။ သူတို့၏ မျက်နှာများက အားကျမှုတို့ဖြင့် ပြည့်နက်နေ၏။
ယခုအချိန်၌ သူတို့၏ လုံလောက်မှု မရှိသည့် ခွန်အားအတွက် နောင်တရနေပါသည်။ သူတို့သည် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယှဉ်ပြိုင်မှုတွင် ပါဝင်ဆင်နွှဲနိုင်မည် မဟုတ်ပေ။
ထိုယှဉ်ပြိုင်ပွဲတွင် အရည်အချင်းပြည့်မှီသူ အားလုံးတို့မှာ သိုင်းလောက၏ ထိပ်တန်းသိုင်းသမားများ ဖြစ်ကြ၏။
ထန်းဖင်တောင်ပေါ်တွင် သိုင်းလောက၏ သူရဲကောင်းများ စုစည်းနေကြသည်။ ဝူနိုင်ငံမှ နာမည်ကျော် သိုင်းသမား ရာချီကာ ရှိနေ၏။ ထိုအထဲတွင် ရန်ငြိုးရန်စ ရှိသူများလည်း ပါဝင်ကြသည်။
သို့ရာတွင် ဒီအချိန်၌ သူတို့အားလုံး မဟာမိတ်ခေါင်းဆောင် ရာထူးအတွက် ရောက်လာကြခြင်း ဖြစ်၏။ ထို့ကြောင့် တွေ့ဆုံကြသည်နှင့် သူသေကိုယ်သေ တိုက်ခိုက်ခြင်း မပြုကြပါ။
အားလုံးတို့သည် မဟာမိတ်ခေါင်းဆောင် နေရာကို ရရှိပြီးမှ သိုင်းလောက သူရဲကောင်းများကို ချက်ချင်း အမိန့်ပေးကာ ရန်သူများကို သတ်ဖြတ်ရန် တွေးတောနေကြသည်။
"ဝူနိုင်ငံ သိုင်းလောကရဲ့.. အလေးစားခံ အကြီးအကဲ.. စီနီယာဝူကို သိုင်းလောက ညီလာခံမှာ သဘာပတိအဖြစ် ဆောင်ရွက်ပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်.."
သိုင်းသမားတစ်ယောက်က ခေါင်းလောင်းထိုးသကဲ့သို့ ကျယ်လောင်သည့် အသံတစ်ခုဖြင့် အော်လိုက်၏။
မြင့်မားသည် စင်မြင့်ပေါ်တွင် အသက်၁၀၀နီးပါးလောက်ရှိသည့် ခါးကိုင်းသည့် လူအိုကြီးတစ်ယောက်သည် ကုလားထိုင်တစ်ခုပေါ်သို့ ကူညီနေရာချပေးခြင်းအား ခံရ၏။
"ဒါက စီနီယာဝူပဲ.."
စင်မြင့်အောက်ရှိ လူများက တစ်ယောက်နှင့်တစ်ယောက် တီးတိုးကြသည်။
"စီနီယာဝူက အသက်၁၀၀နီးပါး ရှိနေပြီမလား.."
"ဟုတ်တယ်။ စီနီယာဝူပဲ သဘာပတိအဖြစ် ဆောင်ရွက်ဖို့ သင့်တော်လိမ့်မယ်.."
သိုင်းလောကရှိ လူများက တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချကြသည်။ သူတို့သည် ဒီသိုင်းပညာ ညီလာခံ၌ အကြီးအကဲဝူက သဘာပတိအဖြစ် ဆောင်ရွက်မည်ဟု ထင်မထားခဲ့ပေ။
ဤသည်မှာ သိုင်းလောက၏ စစ်မှန်သည့် ဒဏ္ဍာရီတစ်ခုဖြစ်၏။ သူသည် အိုမင်းလာကာ ခွန်အားမှာ အထွတ်အထိပ် အခြေအနေ၏ ၁၀%လောက် လျော့ပါးနေပေမယ့် ဝူနိုင်ငံ၏ သိုင်းလောကတွင် သူ၏ဂုဏ်သတင်းက မည်သူမှ ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။
ထို့အပြင် စီနီယာဝူတွင် တိုက်ရိုက်တပည့် ၅ဦးရှိပြီး တစ်ယောက်ချင်းစီတိုင်းမှာ ထိပ်တန်းသိုင်းသမားများ ဖြစ်ကြသည်။
တပည့်တစ်ယောက် ဆိုလျှင် ဝူနိုင်ငံ၏ တော်ဝင်မိသားစုမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ သူ၏ တပည့်များအပြင် မြေးတပည့်များတွင်လည်း ထိပ်တန်းသိုင်းသမား ၃ဦး ပါဝင်ကြသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အကြီးအကဲဝူ၏ ဝူနိုင်ငံ၏ သိုင်းလောကရှိ ဂုဏ်သိက္ခာ မြင့်မားပုံကို တွေ့မြင်နိုင်ပါသည်။
"မဟာမိတ် ခေါင်းဆောင်ရဲ့ ယှဉ်ပြိုင်ပွဲက ခွန်အားနဲ့ သိက္ခာသမာဓိ နှစ်ခုလုံးအပေါ်မှာ မူတည်တယ်။ တစ်ခုမှ လစ်ဟင်းလို့ မရဘူး။ ကိုယ်ကျင့်သိက္ခာ မကောင်းတဲ့သူတွေက သိုင်းလောကကို ထိခိုက်နိုင်တယ်။ ခွန်အားမလုံလောက်တဲ့ လူတွေကလည်း ဝူနိုင်ငံရဲ့ သိုင်းလောကရဲ့ မျက်နှာသာကို လူအထင်သေး ခံရစေနိုင်တယ်.."
အကြီးအကဲဝူက လေးနက်သည့် လေသံဖြင့်ပြော၏။ မဟာမိတ်ခေါင်းဆောင် ယှဉ်ပြိုင်ပွဲအတွက် အခြေအနေများကို ရှင်းပြသည်။
"ဒီလိုအပ်ချက်တွေကို မင်းတို့ထဲက ဘယ်သူမှ မကန့်ကွက်ကြဘူးမလား.."
သိုင်းလောကရှိ လူများအားလုံးက အကြီးအကဲဝူ၏ စည်းမျဉ်းစည်ကမ်းအပေါ် ထောက်ခံမှုအား ဖော်ပြကြသည်။
"မဟာမိတ်ခေါင်းဆောင် ရွေးချယ်မှုအတွက် တိုက်ပွဲက စွမ်းရည်ကို ပြသဖို့အတွက်ပဲ.. ငါတို့တွေ အချင်းချင်း သင့်မြတ်မှုကို ထိခိုက်စေလို့ မဖြစ်ဘူး။ အဲ့ဒါက ဝူနိုင်ငံသိုင်းလောကရဲ့ ခွန်အားကို ထိခိုက်စေနိုင်တယ်.."
အကြီးအကဲဝူက ဆက်လက်ပြောသည်။ ထို့နောက် စကားကိုပြောင်းကာ သူ၏ တောက်ပနေသည့် မျက်လုံးများထဲ၌ လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
"အခုတလော ကြားတာတော့.. ချီနိုင်ငံမှာရှိတဲ့ ငါတို့ရဲ့ သိုင်းလောကက လူတွေက စစ်မှန်တဲ့ သိုင်းပညာကို သင်ယူဖို့ စွမ်းအားကြီး ဆရာသခင်အချို့ကို ရှာဖို့နဲ့ အလုပ်များ နေတယ်လို့ ကြားသိခဲ့တယ်။ ဒါက တကယ့်ကို ဟာသတစ်ခုပဲ.."
"စာအုပ်တွေထဲက ပုံပြင်တွေက စိတ်ကူးယဉ်ဆန်တဲ့ စာပေသမားတွေက ရေးထားတဲ့ ဟာတွေပဲ။ အဲ့ဒါကို ယုံကြည်တဲ့ သူတွေတောင် ရှိနေသေးတယ်.."
ထိုစကားကို ကြားရပြီးနောက် သိုင်းသမားများအားလုံးက ရယ်ကြ၏။
"ဟုတ်တယ်။ ငါလည်း အဲ့အကြောင်းကို ကြားတယ်.."
"ချီနိုင်ငံက လူတွေရဲ့ဦးနှောက်က သိပ့်ပြီးတော့ မကောင်းဘူး ထင်တယ်။ ဒီအကြောင်းကို လူလိမ်အချို့က သတင်းဖြန့်ခဲ့တာ ဖြစ်မယ်.."
"ဟား ဟား ဟား.. ညီလာခံပြီးတဲ့ အချိန်ကို စောင့်တာပေါ့။ ပြီးရင် မုန့်ချုံကို သွားဖမ်းပြီး ချီနိုင်ငံက သိုင်းသမားတွေကို လှောင်ခဲ့ဦးမယ်.."
ထန်းဖင်တောင်ပေါ်တွင် သိုင်းလောကရှိ သိုင်းသမားများ အလွန် တက်ကြွလှုပ်ရှား နေကြ၏။ အကြီးအကဲဝူက မြေပြင်ကို တောင်မွှေးဖြင့် ခေါက်ကာ ပြောသည်။
"အခု မဟာမိတ်အဖွဲ့ ခေါင်းဆောင် နေရာအတွက် ယှဥ်ပြိုင်မှု စတင်ပြီ။ ဘယ်သူ အရင်ဆုံးလာမလဲ.."
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုက ထန်းဖင်တောင်တလျှောက် ပျံ့နှံ့သွားသည်..
"ငါလာမယ်.."
ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှ သက်ဆင်းလာပြီး မြင့်မားသည့် စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့၏။
မုန့်ချုံသည် ယွင်ရှန်းမြို့ငယ်မှ ထွက်ခွာခဲ့ပြီး နောက်ဆုံးတွင် ထန်းဖင်တောင်၏ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။ ထန်းဖင်တောင်ကို ခေါင်းမော့ကြည့်ကာ ရှာဖွေပြီးနောက် တောင်ခြေအနီးတစ်ဝိုက်တွင် မည်သည့် သိုင်းသမားပုံရိပ်မှ ရှိမနေကြောင်းကို တွေ့လိုက်ရသည်။ ညီလာခံက စတင်ပြီး ဖြစ်ပုံပေါ်၏။
သူက မြင်းပေါ်မှ ဆင်းကာ တောင်ပေါ်ကို တက်တော့မှာပါ။ သို့ပေမယ့် ရုတ်တရက် ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်၏။ ထို့နောက် ဘေးရှိ သူ၏မြင်းကို ကြည့်သည်။