← Chapters

ရှေးဟောင်းသားရေစာအုပ်၊ လျှို့ဝှက်ဆန်းကြယ်သည့် အသံ

Vol. 8 Ch. 110

ရှေးဟောင်းသားရေစာအုပ်၊ လျှို့ဝှက်ဆန်းကြယ်သည့် အသံ

Vol. 8 Ch. 110

အသံနှင့်အတူ ကြံ့ခိုင်တောင့်တင်းသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တွင် မျက်စိစူးစရာ အကောင်းဆုံးမှာ တောက်ပနေသည့် ဂတုံးပြောင် ဖြစ်၏။

ဧကရာဇ်ဝူက ချက်ချင်းပင် ထိတ်လန့်သွားသည်။

“မုန့်ချုံလား”

အမှုထမ်းများလည်း ကြောင်တောင်သွားကြ၏။

“မုန့်ချုံလား”

သူတို့အားလုံးသည် မုန့်ချုံနှင့် ရင်းနှီးသူများ ဖြစ်ကြပြီး မုန်းတီးစွာဖြင့် အံကြိတ်မိကြ၏။

‘သူက ဘာလို့ လာတာလဲ’

‘ရုံးတော် ညီလာခံမှာ ဘယ်လိုလုပ်ပြီး လာသောင်းကျန်းရဲတာလဲ’

ဧကရာဇ်က ကဗျာကယာ ထရပ်ကာ သူ၏ မျက်နှာက အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေ၏။

“အစောင့်တွေ.. သူ့ကို ဝိုင်းဖမ်းကြ”

ဤသည်မှာ နန်းတော်တစ်ခု ဖြစ်သည်။ တော်ဝင်ခုံရုံး၏ အဓိကနေရာလည်း ဖြစ်၏။ မုန့်ချုံက မည်ကဲ့သို့ ချိုးဖျက်ဝင်ရောက်ခဲ့သနည်း။

အင်ပါရီယာ အစောင့်များသည် ဘယ်တုန်းက ယခုမျှအထိ အသုံးမဝင် ဖြစ်လာခဲ့သနည်း။

“မုန့်ချုံ.. အခု အညံ့ခံစမ်း”

ခန်းမအတွင်းတွင် စစ်ဘက်ရေးရာ အမှုထမ်းများက ချက်ချင်းပင် တက်ကြွလာကြသည်။ အကျိုးဆောင်နိုင်မည့် အခွင့်အလမ်းတစ်ခု ရောက်လာခဲ့၏။ အော်သံတစ်ခုနှင့်အတူ အားလုံးတို့ ပြေးတက်သွားကြသည်။

မုန့်ချုံက လက်ကိုဆန့်ကာ ကြက်ငှက်များကို ဖမ်းသကဲ့သို့ ထိုအမှုထမ်း အားလုံးတို့ကို ဖမ်းကိုင်လွှင့်ပစ်လိုက်သည်။

မုန့်ချုံ၏ စွမ်းအားကြီးမားလှသည့် သရုပ်ပြမှုကို တွေ့ရပြီးနောက် အမှုထမ်း အားလုံးတို့ ဝိညာဉ်လွင့်မတတ် ကြောက်ရွံ့သွားကြသည်။

ထိုစစ်ဘက်ရေးရာ အမှုထမ်းများ အကြားတွင် ထိပ်တန်း သိုင်းသမားများ များစွာ ပါဝင်၏။ သူတို့ပင် ခုခံရန် အခွင့်အရေး တစ်ခုမျှ မရှိပေဘူးလား။

ဧကရာဇ်ဝူမှာ ထိတ်လန့်မှုဖြင့် ပိုမိုကာ ဖြူရော်လာခဲ့သည်။ ပုန်းအောင်းရန် ကြိုးစား၏။ သို့ပေမယ့် လွတ်မြောက်နိုင်ခြင်း မရှိပေ။ မုန့်ချုံက သူ့ကို ဖမ်းဆွဲကာ ပြုံးသည်။

“ဧကရာဇ်ဝူ… မင်းငါ့ကို အကြွေးတင်နေတဲ့ ရွှေ၁၀၀၀၀၀၊ နှစ်၃၀၀၀ဂျင်ဆင်းနဲ့ အဖိုးတန် ဆေး၁၀ခုကို မှတ်မိသေးလား”

“မ… မမေ့ပါဘူး”

ဧကရာဇ်ဝူမှာ သတိလစ်လုမတတ် ကြောက်ရွံ့နေပါပြီ။ အထစ်စွာဖြင့် ပြန်ပြော၏။

မုန့်ချုံက အင်ပါရီယာ ပလ္လင်ပေါ်တွင် ထိုင်ကာ မဟာမိတ်ခေါင်းဆောင် အမိန့်ပြားကို ထုတ်ကာ စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။

“ဒါက မဟာမိတ်ခေါင်းဆောင် အမိန့်ပြားပဲ။ ကတိပေးထားတဲ့ အတိုင်း ဆိုရင် ငါ့ကို ဘွဲ့ထူးတစ်ခု ပေးသင့်တယ်။ ဒါပေမယ့် အဲ့ဒါကို ငါမလိုချင်ဘူး။ ဒါ့ကြောင့် လက်မခံတော့ဘူး။ အဲ့ဒီအစား မင်းရဲ့ နန်းတော် ရတနာတိုက်ထဲက တစ်ခုခုကို ပေးရင်ရော။ အဲ့ဒါက မျှတတယ်မလား”

ဧကရာဇ်ဝူက ခေါင်းငြိမ့်သည်။

“မျှတပါတယ်။ မျှတပါတယ်”

ယခုအချိန်၌ သူသည် ဒီလူဆိုးကောင် မုန့်ချုံ၏ လက်မှသာ လွတ်မြောက်လိုနေ၏။

ပြီးလျှင် နန်းတွင်းမှ ထိပ်တန်း တိုက်ခိုက်ရေး သမားများကို အမိန့်ပေးကာ ဝိုင်းဝန်းသတ်ဖြတ်ခိုင်းရပေမည်။

ထိုအချိန်၌ ခန်းမအတွင်းရှိ ရုံးတက်သူများက မုန့်ချုံ၏ သူတို့အား အာရုံမထားမှုကို တွေ့လိုက်ရသည်။

တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီးနောက် နားလည်မှုတစ်ခု ရလိုက်သည့်အလား တုန်ယင်စွာဖြင့် နောက်သို့ ဆုတ်ခွာသွားကြသည်။ ထွက်ပြေးရန် ပြင်ဆင်၏။

ဧကရာဇ်ဝူ၏ သေခြင်းရှင်ခြင်းမှာတော့.. သူတို့လည်း ကူညီရန် ခက်ခဲနေပါသည်။

ဒီအဖြစ်အပျက် အပြီးတွင် နောက်ထပ် ဧကရာဇ်တစ်ပါးကို နန်းတင်ရန်မှာ ရိုးရှင်းသည့် ကိစ္စတစ်ခုသာ ဖြစ်သည်။

သူတို့၏ အသက်များကို စတေးမှုပြုရန် ထိုက်တန်ခြင်း မရှိပါ။ ထို့အပြင် သူတို့အနေနှင့် တစ်ဖက်လူကို အနိုင်ယူကာ အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်းလည်း မရှိပေ။

မုန့်ချုံက ခန္ဓာကိုယ်များ ကျုံ့ကာ နောက်သို့ အလစ် ဆုတ်ခွာနေသည့် ရုံးတက်သူများကို ကြည့်ကာ အပြုံးတစ်ခုနှင့် ပြောသည်။

“ဧကရာဇ်ဝူ.. မင်းရဲ့ ဒီနန်းတွင်းသူ၊ နန်းတွင်းသားတွေက သစ္စာသိပ်ရှိပုံ မပေါ်ဘူးနော်”

အားလုံးတို့က ထိတ်လန့်သွားကြသည်။ ခြေလှမ်းများကို အမြန် ရပ်လိုက်ကြ၏။

ဧကရာဇ်ဝူက အမျက်ချောင်းချောင်း ထွက်ကာ အံကိုကြိတ်မိသည်။

“အရှင်မင်းကြီး.. ကျွန်တော်တို့က သစ္စာရှိပါတယ်။ အခုက စစ်ကူတွေ သွားခေါ်ပြီး အရှင့်ကို ကယ်တင်မလို့ပါ”

“ဟုတ်ပါတယ် အရှင်မင်းကြီး.. ကျွန်တော်တို့က စစ်ကူသွားခေါ်မလို့ပါ”

အမှုထမ်းများက ဖြောင့်မတ်စွာဖြင့် ပြောကြသည်။

မုန့်ချုံက ဧကရာဇ်ဝူကို ဆွဲကိုင်ကာ ခတ်ထန်စွာ ပြောသည်။

“ဧကရာဇ်ဝူ.. မင်းက ငါ့ကို လက်စားချေနိုင်အောင်လို့ ကူညီပေးခဲ့တယ်။ ဒါ့ကြောင့် မင်းကို ခက်ခဲအောင် ငါမလုပ်ချင်ဘူး။ မင်းမကျေနပ်ဘူး ဆိုတာကို ငါသိတယ်။ ပြောကြတာက.. ဝူနိုင်ငံရဲ့ ကောင်းကင်လျှို့ဝှက် စောင့်ရှောက်သူအဖွဲ့က နိုင်ငံ့အကာအကွယ်တဲ့”

“ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ကောင်းကင်လျှို့ဝှက် စောင့်ရှောက်သူတွေကို ခင်းကျင်းလိုက်။ သူတို့တွေ ငါ့ကိုသတ်နိုင်ရင် မင်းမှာ စွမ်းရည်ရှိတယ်လို့ သတ်မှတ်လိုက်မယ်”

သူ၏ စီနီယာအစ်ကို ဖြစ်သူက ချီနိုင်ငံ၏ ရှန်းဝိန်စစ်တပ်ကို တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့ရာ သူကလည်းပဲ ဝူနိုင်ငံ၏ ကောင်းကင်လျှို့ဝှက်စောင့်ရှောက်သူများကို အနိုင်ယူရပေမည်။

ဤသည်မှာ မုန့်ချုံ၏ အတွေးဖြစ်၏။

“တကယ်လား”

ဧကရာဇ်ဝူက ဝမ်းသာသွားသည်။

“ကောင်းပြီ။ ဒါဆိုရင် လေ့ကျင့်ရေး ကွင်းပြင်မှာ တိုက်ခိုက်ကြမယ်”

ထိုစကားကို ကြားရပြီးနောက် အမတ်ကြီးများ အားလုံးတို့က မုန့်ချုံကို အံ့ဩစွာ ကြည့်ကြသည်။ ဦးနှောက်မကောင်းဘူးလားဟု တွေးမိ၏။

သူက ကောင်းကင်လျှို့ဝှက် အစောင့်များကို တစ်ယောက်တည်း တိုက်ခိုက်ချင်သည်လား။

ပြီးနောက် သူတို့အားလုံးလည်း ပျော်သွားကြသည်။ ဒီကောင်လေးက ဘဝဆုံးပါပြီ။

ကောင်းကင်လျှို့ဝှက် အစောင့်များ၏ လေ့ကျင့်ရေးကွင်းပြင်တွင်.. ပြင်းထန်သည့် လူသတ်ငွေ့တို့ ပြည့်နှက်နေ၏။

မုန့်ချုံက တစ်ယောက်တည်း ရပ်နေကာ ချပ်ဝတ်တန်ဆာ အပြည့်ကို ဝတ်ဆင်ထားသည့် ကောင်းကင်လျှို့ဝှက် အစောင့်များ၏ ဝန်းရံခြင်းကို ခံထားရ၏။

ဧကရာဇ်ဝူက အံကိုကြိတ်ကာ ကောင်းကင်လျှို့ဝှက် အစောင့်အဖွဲ့၏ ခေါင်းဆောင်ကို ကြမ်းကြုတ်စွာ အမိန့်ပေးသည်။

“သူ့ကို သတ်ပစ်လိုက်”

“အမိန့်တော်အတိုင်းပါ”

ကောင်းကင်လျှို့ဝှက်အစောင့် ခေါင်းဆောင်က လေးနက်စွာ ခေါင်းညှိတ်သည်။

“ဘုန်း”

အဖွဲ့က တိုက်ခိုက်မှုကို စတင်ပြုကြ၏။ အရပ်မျက်နှာ အားလုံးတို့ဆီမှ ပြေးဝင်သွားသည်။

မုန့်ချုံ၏ ထွက်ပြေးနိုင်မည့် လမ်းကြောင်းမှန်သမျှကို တစ်ခါတည်း ပိတ်ဆို့ကာ နေရာလပ် အားလုံးတို့ကို ဖယ်ရှားလိုက်သည်။

သူတို့အားလုံးက လှံများကို ရှေ့သို့ဆောင်ကာ မာကြောစွာ ကိုင်ထားကြသည်။ ဒုန်းဆိုင်းနေသည့် မြင်းများ၏ အရှိန်အားနှင့် မုန့်ချုံကို ရက်စက်ကြမ်းကြုတ်စွာ ထိုးပစ်လိုက်၏။

သို့ရာတွင် အံ့ဩစရာ ကောင်းလှသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ လှံအားလုံးတို့သည် အလယ်မှ ကျိုးကုန်ကြပြီး မုန့်ချုံသာလျှင် အထိအခိုက် ကင်းမဲ့စွာ ကျန်ရစ်ခဲ့၏။

“ဒါအကုန်ပဲလား”

မုန့်ချုံက ရယ်၏။ သူ၏ ခန္ဓာကိုယ်က ဗာဂျရာ အားဟတ်တစ်ယောက်ကဲ့သို့ ရွှေရောင်ရွှေဝါတို့ လင်းလက်လာခဲ့သည်။ ကောင်းကင်လျှို့ဝှက် အစောင့်များကို တစ်ယောက်တည်း ခုခံ၏။

အမတ်ကြီးများ အားလုံးတို့မှာ ပြောစရာစကား မရှိလောက်အောင် အံ့ဩကုန်ကြသည်။ ဧကရာဇ်ဝူ၏ မျက်နှာက မှင်သက်နေပြီး ရေရွတ်၏။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲ့ဒီအသံက ငါ့ကို လိမ်ခဲ့တာပဲ။ ဒီနေရာမှာ စစ်မှန်တဲ့ သိုင်းသမားတွေ ပေါ်ထွန်းမလာနိုင်ဘူးလို့ ပြောရဲတယ်။ ငါ့ကို ဘယ်လို လိမ်ရဲတာလဲ”

တစ်ခုခုကို တွေးမိပြီးနောက် ဧကရာဇ်ဝူ၏ မျက်နှာက ညို့မှိုင်းလာခဲ့သည်။ သူက အံကိုကြိတ်ကာ ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။

မုန့်ချုံက ဧကရာဇ်ဝူ၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ဦးခေါင်းပြောင်ကို ပွတ်ကာ အပြုံးတစ်ခုနှင့် ပြောသည်။

“ဧကရာဇ်ဝူ.. အခုရော ဘယ်လိုထင်လဲ”

ဧကရာဇ်ဝူက အသက်ကို နက်ရှိုင်းစွာ ရှူပြီး ပြောသည်။

“မုန့်ချုံ.. မင်းဘာပဲ လိုချင်လိုချင် ငါမင်းကိုပေးမယ်။ သိုင်းအရှင်သခင်ဘွဲ့ပဲဖြစ်ဖြစ်.. ဘုရင်ဘွဲ့ပဲ ဖြစ်ဖြစ်ကွာ..”

“ဘာဘွဲ့မှ မလိုဘူး။ ဆုပေးဖို့အတွက် ကတိပေးထားတဲ့ ပစ္စည်းတွေပဲ ပြင်ထားလိုက်။ ရာထူးဘွဲ့တွေကတော့.. နန်းတော်ထဲက ရတနာတွေနဲ့ လဲလှယ်လို့ရတယ်”

မုန့်ချုံက ဆုံးဖြတ်ချက်ချပြီး ဖြစ်၏။

“သဘောတူတယ်”

ဧကရာဇ်ဝူက ပြတ်သားစွာ ခေါင်းညှိတ်သည်။

ဝူနိုင်ငံ၏ နန်းတော်အတွင်းတွင် မုန့်ချုံ၏ ရှေ့သို့ ရွှေတုံးသေတ္တာများ ရောက်ရှိလာ၏။ ရွှေတုံများကို ကြည့်ကာ မုန့်ချုံက ခဏတာ ရပ်တန့်သွားပြီးနောက် ပြောသည်။

“အခုတော့ ရွှေတွေကို ဒီမှာပဲ ထားလိုက်ဦး။ ငါသယ်သွားဖို့ မသင့်ဘူး”

“ကောင်းပြီ”

ဧကရာဇ်ဝူက တည့်တိုးဆန်စွာသာ ပြောသည်။

မုန့်ချုံက နှစ်၃၀၀၀ဂျင်ဆင်းနှင့် အဖိုးတန် ဆေးပင်များကို ယူလိုက်သည်။ ဧကရာဇ်ဝူကို ရတနာတိုက်ဆီသို့ လမ်းပြရန် အချက်ပေးလိုက်၏။

ရတနာတိုက်သို့ ရောက်ရှိပြီးနောက် ဧကရာဇ်ဝူက ဝင်ရောက်ခြင်း မပြုပါ။

“အကုန်လုံး ကြိုက်တာယူသွားလို့ ရတယ်။ ငါမင်းကို အကုန်ပေးတယ်”

ဧကရာဇ်ဝူက အသက်ကို နက်ရှိုင်းစွာ ရှူပြီး ပြတ်သားစွာ ပြောသည်။

မုန့်ချုံက ရတနာတိုက်အတွင်းသို့ ဝင်ရောက်ပြီးနောက် ရတာနာများကို စတင် ရွေးချယ်၏။

“ဆရာလိုချင်တဲ့ စာအုပ်နဲ့ အခြားပစ္စည်းတွေတော့ ရှာတွေ့ပြီ။ ဒါပေမယ့် ဒီကျောက်မျက်တုံးတွေက အသုံးသိပ်မဝင်ဘူး”

“ဧကရာဇ်ဝူရဲ့ ရတနာတိုက်က ဘာမှ မကောင်းပါလား။ ဘာလို့ အများစုက ကျောက်မျက်တုံးတွေ ဖြစ်နေရတာလဲ။ အဖိုးတန် ဆေးပင်လည်း အနည်းငယ်ပဲ ရှိတယ်။ ဒါတွေ အားလုံးကို ယူသွားလိုက်မယ်”

မုန့်ချုံက ရတနာတိုက်အတွင်းတွင် လှည့်လည်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားသည်။ သိုင်းသမားတစ်ယောက် ဖြစ်လာပြီးနောက် အဖိုးတန် ကျောက်မျက်များမှာ သူ့အတွက် ဆွဲဆောင်မှု မရှိတော့ပေ။

ဆရာ့အတွက် ယူဆောင်သွားနိုင်သည့် စာအုပ်အချို့မှ လွဲ၍ အခြား သင့်တော်သည့် ပစ္စည်းများအား ရှာတွေ့ခြင်း သိပ်မရှိပါ။

All Chapters