ဆရာကြီးဆီက အကြံပေးချက် အချို့ကို တောင်းခံလိုပါတယ်
Vol. 8 Ch. 114
လီရွှမ်က ရှဲ့လင်ဖုန်းနှင့် သူ၏အဖော်တို့ကို တည်ငြိမ်စွာ ကြည့်သည်။
"မင်းတို့ ဆိုလိုချင်တာကို ငါနားလည်တယ်.."
"တောင်းဆိုပါတယ်။ ကျွန်တော်တို့ကို ညွှန်ကြားချက်အချို့ ပေးပါဆရာကြီး.."
ရှဲ့လင်ဖုန်းက လေးစားစွာ ပြောသည်။
"နားမလည်မှု တစ်ခုအတွက် အဖြေရှာချင်တယ် ဆိုရင် ပထမဆုံး အဲ့ဒါရဲ့ အရင်းအမြစ်ကို သိရမယ်။ မင်းတို့တွေက ဘာကျင့်စဉ်တွေကို ကျင့်ကြံကြတာလဲ.."
လီရွှမ်က လက်လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ပွတ်ရင်းမှ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဆရာကြီး.. ကျွန်တော်တို့ နှစ်ယောက်က ဓားသခင်ချောက်ကမ်းပါးက အမွေအနှစ် သိုင်းပညာတွေကို ကျင့်ကြံပါတယ်.."
ရှဲ့လင်ဖုန်းက ဖြေကြားသည်။
"ကျင့်စဉ်အပေါ်မှာ မင်းတို့တွေ ဘယ်လောက် နားလည်သဘောပေါက်မှု ရခဲ့လဲ.."
လီရွှမ်က ဆက်လက်မေးသည်။
ရှဲ့လင်ဖုန်းက မှင်သက်သွား၏။ သူသည် မည်မျှ နားလည်သဘောပေါက်ခဲ့ သနည်း...
"ကျွန်တော် အားလုံးကို နှလုံးသားထဲမှာ နားလည်သဘောပေါက်ခဲ့ပါတယ်.."
လီရွှမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြီး သူ၏ အပြုံးမှာ အဓိပ္ပါယ်တို့ဖြင့် ပြည့်နက်နေပါသည်။
"မင်းတကယ်ပဲ နားလည်ခဲ့တာလား.."
ထိုစကားကို ကြားရချိန်၌ ရှဲ့လင်ဖုန်းတစ်ယောက် အနည်းငယ် ယုံကြည်ချက်မရှိစွာ ဖြစ်လာခဲ့သည်။
"ငါတစ်ခုခု ကျန်ရစ်ခဲ့တာရှိပြီး ပြည့်ပြည့်စုံစုံ နားမလည်သေးတာများလား.."
ဟူရှန်းလည်း အတွေးနက်သွားသည်။ သူလည်း အမှန်တကယ် နားလည်သဘောပေါက် ခဲ့သည်လားဟု စဉ်းစားနေ၏။
"ကျင့်စဉ်ကို ငါ့ကိုပေး။ ငါတစ်ချက်ကြည့်ပြီးရင် မင်းတို့တွေ ကျင့်စဉ်ရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်လား ဆိုတာ စမ်းသပ်ကြည့်ပေးမယ်.."
လီရွှမ်က သူတို့နှစ်ယောက်အား ကျင့်စဉ်၏ အစစ်အမှန် အဓိပ္ပါယ်အား ဖမ်းဆုပ်နိုင်ခြင်း မရှိသေးဟု သေချာနေသည့် အသွင်ရှိသည်။
"ဟုတ်ကဲ့ပါ ဆရာကြီး.."
ရှဲ့လင်ဖုန်းတို့က အများကြီး စဉ်းစားမနေပါ။ သူတို့သည် ကိုယ့်ကိုယ်ကို အတုအယောင် သိုင်းပညာများအား ကျင့်ကြံနေသည်ဟု ယုံကြည်ကြ၏။ ထို့ကြောင့် သိုင်းပညာများကို အပြင်လူများဆီသို့ ပြသခြင်းအား ဂရုစိုက်ခြင်း မရှိတော့ပါ။
ထို့အပြင် ယခုကဲ့သို့သော ဆရာကြီးတစ်ယောက်က သူတို့၏ အတုအယောင် သိုင်းပညာမျိုးကို အထင်သေးနေမှာတောင် စိုးရပါသည်။
"ကျေးဇူးပြုပြီး ခဏစောင့်ပါ စီနီယာ.. ကျွန်တော် ကျင့်စဉ်ကို ရေးချပေးပါမယ်.."
ရှဲ့လင်ဖုန်းက လေးစားစွာ ပြောသည်။
"ကောင်းပြီ.."
လီရွှမ်က ခေါင်းငြိမ့်သည်။
ရှီအာက စာရွက်တစ်ရွက်နှင့် စုတ်တံတစ်ခုကို ထုတ်ကာ သူတို့နှစ်ယောက်ကို ပေးလိုက်သည်။ ရှဲ့လင်ဖုန်နှင့် ဟူရှန်းတို့က မှတ်သားထားသည့် ကျင့်စဉ်များကို စတင်ရေးချ၏။
လီရွှမ်က ပြောလိုက်ပြန်သည်။
"မင်းတို့သိတဲ့ ကျင့်စဉ်အားလုံးကို ရေးလိုက်။ ဖြစ်နိုင်တာက မင်းတို့တွေ အရမ်းလောဘကြီးပြီး အဲ့ဒါတွေကို ကြေညက်အောင် မလုပ်နိုင်တာ ဖြစ်မယ်။ ဒါကြောင့် အစစ်အမှန် အဓိပ္ပါယ်ကို နားလည်ဖို့ ကျရှုံးခဲ့တာ.."
"ဟုတ်ကဲ့ပါ စီနီယာ.."
ရှဲ့လင်ဖုန်းနှင့် သူ၏အဖော်က အားတက်လာခဲ့သည်။
'ဖြစ်နိုင်တာက ငါကျင့်ကြံတာက အတုအယောင် သိုင်းပညာ မဟုတ်ဘဲနဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်ဖို့ပဲ ကျရှုံးခဲ့တာလား။ အဲ့ဒါကြောင့်မို့လို့ စစ်မှန်တဲ့ သိုင်းပညာကို ကျင့်ကြံဖို့ ကျရှုံးခဲ့တာလား..'
ထိုကဲ့သို့ တွေးမိပြီးနောက် သူတို့၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှု အလင်းတို့ လင်းလက်လာခဲ့သည်။
တစ်နာရီကြာပြီးနောက် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ နှစ်ယောက်လုံး သူတို့ ကျင့်ကြံထားသည့် သိုင်းပညာများနှင့် သိရှိထားသည့် သိုင်းပညာ အားလုံးတို့ကို ရေးချပြီးသည်။
လီရွှမ်က ယူကာ ကြည့်လိုက်၏။ သူက အမှန်တကယ်ကို တစ်ချက်ကြည့်ရုံသာ ရှိပါသည်။ ကျင့်စဉ်၏ သက်ဆိုင်ရာ အချက်အလက်များကိုပင် ကြည့်ရှုခြင်း မပြုပါ။
မည်မျှ အဆင့်မြင့်ပုဂ္ဂိုလ် ပီသလိုက်သနည်း။ ထိုကဲ့သို့သော အကြည့်က ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက်နှင့် အမှန်တကယ်ကို တူပါသည်။
ထို့အပြင် သူတွင် ထိုနှစ်ယောက်၏ သိုင်းပညာများအပေါ် လေးလေးနက်နက် မှတ်ချက်ပေးရန်လည်း ပြင်ဆင်ထားခြင်း မရှိပါ။
"အင်း... အတုပဲဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် မင်းတို့ရဲ့ နှလုံးသားတွေသာ သိုင်းပညာအပေါ်ကို ခိုင်မာမှု ရှိမယ်ဆိုရင် အောင်မြင်မှု တစ်ခုခုကို ရရှိလာမှာပဲ.."
လီရွှမ်က ကျင့်စဉ်တို့ကို ချကာ တည်ငြိမ်စွာ ပြော၏။
ရှဲ့လင်ဖုန်းနှင့် သူ့အဖော်တို့၏ ပုံစံက ချက်ချင်းပင် ယူကျုံးမရ ဖြစ်သွားကြသည်။
'အသေအချာပဲ။ ဒါက အတုအယောင် သိုင်းပညာပဲ။ ဆရာကြီးက ငါတို့ကို နှစ်သိမ့်ပေးနေတာ ဖြစ်မယ်..'
ဟူရှန်း၏ မျက်လုံးများက မှိန်ကျသွားပြီး သူ၏ နှလုံးသားက လေးလံသွားသည်။ မီးမြိုက်လာခါစ ရှိသေးသည့် မျှော်လင့်ချက်လေးသည် တစ်ဖန် ပြန်လည် ငြိမ်းသတ်သွားခဲ့၏။
"ကျွန်တော်တို့ကို ညွှန်ကြားချက်အချို့ ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်ရဲ့ သိုင်းပညာလမ်းစဉ်က ဘယ်နေရာမှာလဲ မသိဘူး.."
ရှဲ့လင်ဖုန်းက ဒူးထောက်ကာ တောင်းဆို၏။
"တောင်းဆိုပါတယ် စီနီယာ.. ကျွန်တော်တို့ကို ညွှန်ကြားချက်အချို့ ပေးပါ.."
ဟူရှန်းကလည်း လိုက်လံကာ ဒူးထောက်ချလိုက်သည်။
လီရွှမ်က စကားလုံးများကို စဉ်းစားချင့်ချိန်မှု ပြုပြီး နောက် ဖြေညှင်းစွာ ပြော၏။
"မင်းတို့ နှစ်ယောက်က အခြေခံကို တည်ဆောက်ပြီးနေကြပြီ။ အဲ့ဒါကြောင့် အစကနေပြန်ပြီး ကျင့်ကြံဖို့ဆိုတာ မသင့်တော်ဘူး။ ဒါပေမယ့် ကျင့်ကြံပြီးပြီ ဆိုမှတော့...အဲ့ဒါကို အစစ်အမှန်ချီလို့ပဲ ယူဆကြတာပေါ့.."
"အစစ်အမှန်ချီက ရောထွေးနေတယ်။ အဲ့ဒါကြောင့် သိုင်းပညာက သန်မာမှု မရှိဘဲ အခြေခံက သိပ်သည်းမှု မရှိဘူး.."
"ပထမဆုံးနဲ့ အဦးဆုံး လုပ်ဖို့လိုတာက အစစ်အမှန်ချီကို သန့်စင်ဖို့ပဲ။ အဲ့ဒါမှ သိုင်းပညာလမ်းစဉ်နောက်ကို ခြေရာပြန်ကောက်နိုင်မှာ.."
ဤသည်မှာ လီရွှမ်အနေနှင့် အချိန်အတော်ကြာအောင် စဉ်းစားထားခဲ့သည့် အဖြေ ဖြစ်သည်။
"ဆရာကြီး.. ကျွန်တော့်ရဲ့ အစစ်အမှန်ချီကို ဘယ်လိုမျိုး စုစည်းရမှာလဲ.."
ရှဲ့လင်ဖုန်းက လေးစားစွာ မေးသည်။
သူသည် ချီနိုင်ငံ၏ မြို့တော်တွင် ရွှီယန်နှင့် ဆွေးနွေးခဲ့စဉ်ကတည်းက ထိုမေးခွန်းအကြောင်းကို စဉ်းစားခဲ့၏။
သို့ရာတွင် ရွှီယန်က မူလအဆင့်ကို ချိုးဖြတ်ခြင်း မရှိသေးဘဲ နည်းလမ်းတစ်ခုကို ထောက်ပံ့ပေးနိုင်ခြင်း မရှိပါ။
သိုင်းပညာ အတွင်းအားချီကို အစစ်အမှန်ချီအဖြစ် စုစည်းလိုက်သည်နှင့် သိုင်းပညာ၏ လမ်းစဉ်ပေါ်သို့ ပြန်လည် ရောက်ရှိနိုင်မှာပါ။ ဤသည်မှာ ပထမဆုံး ခြေလှမ်းနှင့် အရေးအကြီးဆုံး ခြေလှမ်းဖြစ်၏။
အစစ်အမှန်ချီအား စုစည်းနိုင်ခြင်း မရှိပါက အရာအားလုံး အလကားသက်သက် ဖြစ်သွားမှာပါ။
တစ်ခုတည်းသော နည်းလမ်းမှာ အတုအယောင် သိုင်းပညာအား ဆက်လက်ကျင့်ကြံကာ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ဖြစ်သည်။
ဤသည်မှာ ရှဲ့လင်ဖုန်း လိုချင်သည့်အရာ မဟုတ်ပေ။
စစ်ဘုရင်တစ်ယောက် ဖြစ်တော့ရော ဘာအရေးနည်း။
သူသည် ဓားလမ်းစဉ်သို့ပင် ဝင်ရောက်နိုင်ခြင်း မရှိသေးရာ စစ်မှန်သည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်ခြင်း မရှိပေ။
"အစစ်အမှန်ချီကို စုစည်းတာက ခက်ခဲတယ်။ ဒါပေမယ့် မခက်ခဲဘူးလို့လည်း ဆိုနိုင်တယ်.."
လီရွှမ်က အာမခံချက် မပေးပါ။
ဘာပဲဖြစ်ဖြစ် အတွင်းအားချီအား အစစ်အမှန်ချီအဖြစ် သန့်စင်သည့် သူစဉ်းစားထားသည့် နည်းလမ်းမှာ ချီနှင့်သွေးစွမ်းအင်ကို မူလအစစ်အမှန်ချီအဖြစ် သန့်စင်ခြင်းအား အခြေခံထားခြင်း ဖြစ်သည်။
အောင်မြင်နိုင်မည်လား ဟူသည်အား အာမခံနိုင်ခြင်း မရှိပေ။
ဟူရှန်းက အနည်းငယ် ကြောင်တောင်သွား၏။
"ဆရာကြီး.. ဘာကိုဆိုလိုတာလဲ မသိဘူး.."
ဘေးတွင် ရပ်နေသည့် မုန့်ချုံက မနေနိုင်ဘဲ ရှင်းပြသည်။
"ငါ့ရဲ့ဆရာ ဆိုလိုတာက အစစ်အမှန်ချီကို သန့်စင်နိုင်မှာလား မသန့်စင်နိုင်ဘူးလား ဆိုတာက မင်းတို့ရဲ့ ပါရမီနဲ့ ကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှု အပေါ်မှာပဲ မူတည်တယ်လို့ ပြောတာ.."
"လူတွေ ကျင့်ကြံရာမှာ ခြားနားချက် အသီးသီးရှိကြတယ် ဆိုတာကို မင်းတို့လည်း သိတယ်မလား။ အချို့က အောင်မြင်သွားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အချို့လူတွေအတွက်လည်း စတင်မယ့် လမ်းကြောင်းကို ရှာမတွေ့နိုင်တာလဲ ဖြစ်နိုင်တယ်.."
"အဲ့ဒါက ခက်ခဲတယ်။ ဒါပေမယ့် မခက်ခဲတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ပဲ.."
ထိုစကားကို ကြားရပြီးနောက် ဟူရှန်း၏ မျက်နှာက ရှက်ရွံ့မှုဖြင့် နီရဲသွား၏။ သူက ခေါင်းကိုငုံ့ထားပြီး ပြောသည်။
"ကျွန်တော့်ရဲ့ တုံးအမှုအတွက် အရှက်ရမိပါတယ်.."
ပြီးနောက် ကြောက်ရွံ့စွာ ခံစားလိုက်ရ၏။
'ဖြစ်နိုင်တာက ငါအစစ်အမှန်ချီကို နားလည်သဘောမပေါက်နိုင်ဘဲ မစုစည်းနိုင်မှာ များလား..'
ရှဲ့လင်ဖုန်းကတော့ ထိုကဲ့သို့သော အကြောက်တရား မရှိပါ။ သူသည် ကိုယ့်ကိုယ်ကို အစစ်အမှန် စွမ်းအင်အား စုစည်းနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ချက်ရှိ၏။
"ကျေးဇူးပြုပြီး အစစ်အမှန်ချီကို သန့်စင်တဲ့ နည်းလမ်းကို သင်ကြားပေးပါ.."
သူက လေးစားစွာဖြင့် ဒူးထောက်ကာ ပြောသည်။
"ငါတို့ရဲ့ တွေ့ဆုံမှုက ကံတရားပဲ။ ဒါကြောင့် လုပ်ပေးလိုက်မယ်.."
လီရွှမ်က သဘောတူစွာ ခေါင်းငြိမ့်၏။
"ကျေးဇူးတင်ပါတယ် ဆရာကြီး.."
ရှဲ့လင်ဖုန်းနှင့် သူ၏အဖော်တို့က စိတ်လှုပ်ရှားသွားကြသည်။
"မင်းတို့နှစ်ယောက် သေသေချာချာ နားထောင်ကြ..."
လီရွှမ်က သူတို့နှစ်ယောက်အား အစစ်အမှန်ချီကို သန့်စင်သည့် နည်းလမ်းကို လက်ဆင့်ကမ်းပေးလိုက်သည်။
နည်းလမ်းကို နားထောင်ပြီးနောက် ရွှီယန်က ရုတ်တရက် နားလည်သွား၏။
"ဒီလိုကို.."
ဤသည်မှာ ချီနှင့်သွေးစွမ်းအင်အား မူလအစစ်အမှန်ချီအဖြစ် သန့်စင်ခြင်းနှင့် အများကြီး ခြားနားခြင်း မရှိပေ။
"မင်းတို့တွေ မှတ်မိကြလား.."
လီရွှမ်က ရှင်းပြချက်အပြီးတွင် မေးသည်။
"ကျွန်တော်တို့ မှတ်သားထားပါတယ်.."
ရှဲ့လင်ဖုန်းက လေးစားစွာ ဖြေကြား၏။
ဟူရှန်း၏ ပါးစပ်က ပွင့်ဟနေ၏။ သို့ပေမယ့် နောက်ဆုံးတွင် သူလည်းပဲ ခေါင်းငြိမ့်သည်။
"ကျွန်တော်လည်း မှတ်သားထားပါတယ်.."
လီရွှမ်က ဟူရှန်းကိုကြည့်ကာ တစ်ဖက်လူ၏ ကောင်းမွန်စွာ မှတ်သားနိုင်ခဲ့ခြင်း မရှိကြောင်းကို သိလိုက်သည်။
သို့ပေမယ့် သူက ဆက်လက်အာရုံထားခြင်း မရှိတော့ပါ။ နားမလည်တာ ရှိပါက ဟူရှန်းအနေနှင့် ရှဲ့လင်ဖုန်းကို မေးမြန်းလို့ ရ၏။
ဤသည်က သူတို့၏ ပါရမီအကြား ခြားနားချက်ကို ပြသနေပါသည်။