← Chapters

ဆရာကြီးဆီကနေ လမ်းညွှန်ချက်အချို့ လိုချင်ပါတယ်(၂)

Vol. 8 Ch. 115

ဆရာကြီးဆီကနေ လမ်းညွှန်ချက်အချို့ လိုချင်ပါတယ်(၂)

Vol. 8 Ch. 115

“သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး”

ရှဲ့လင်ဖုန်းက လေးစားစွာဖြင့် ဦးသုံးကြိမ် ချသည်။ ဟူရှန်းလည်းပဲ အလျှင်အမြန် နောက်မှ လိုက်လုပ်၏။ နက်ရှိုင်းစွာဖြင့် ဦးသုံးကြိမ် ချသည်။

“ထကြ”

လီရွှမ်က ပြော၏။

ဒီနှစ်ယောက်က တကယ့်ကို လေးစားတတ်ပါသည်။ ယခုကဲ့သို့ ဦးချခြင်းမျိုးမှာ သူ၏ ကိုယ်ပိုင် တပည့်များ တပည့်အဖြစ် တင်မြှောက်သည့် အခမ်းအနားတွင် ပြုခဲ့သည်ထက်ပင် ပိုမိုကာ လေးနက်နေ၏။

“ဒါဆိုရင် ဆရာကြီးရဲ့ အနားယူမှုကို မနှောင့်ယှက်တော့ပါဘူး”

ရှဲ့လင်ဖုန်းက ဦးညွှတ်ကာ ပြောသည်။

“အင်း”

လီရွှမ်က ခေါင်းညှိတ်သည်။

“အစ်ကိုရှဲ့.. ကျွန်တော်တို့တွေ သွားပြီး သိုင်းပညာ ဖလှယ်ရအောင်”

ရွှီယန်က စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။

မူလအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် ရှဲ့လင်ဖုန်းနှင့် တိုက်ခိုက်ရန်အတွက် အခွင့်အရေး မရနိုင်ပဲ ရှိနေပါသည်။ ယခုအချိန်၌ ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးက ရောက်လာခဲ့ပြီ ဖြစ်၏။

“ကောင်းပြီလေ”

ရှဲ့လင်ဖုန်းက သဘောတူစွာ‌ ခေါင်းညှိတ်သည်။

ယှဉ်ပြိုင်တိုက်ခိုက်မှု အကြိမ်တိုင်းက သူ့အတွက်လည်း အကျိုးအမြတ်အချို့ကို ရရှိစေ၏။

မုန့်ချုံက စိတ်အားထက်သန်နေသည့် မျက်နှာနှင့် ကြည့်သည်။ သူ၏အကြည့်က ဟူရှန်းဆီသို့ ရောက်ရှိသွား၏။

“ငါတို့လည်း ပြိုင်ကြည့်ရအောင်”

ဟူရှန်းမှာ စိတ်ထဲတွင် ရှုပ်ထွေးနေဆဲ ရှိသည်။ သူသည် အစစ်အမှန်ချီအား သန့်စင်ရန်အတွက် ကျင့်စဉ်ကို ပြည့်ပြည့်စုံစုံ မှတ်မိနိုင်ခြင်း မရှိခဲ့ပေ။ မမှတ်မိကြောင်းကို ထုတ်ပြောရန်မှာလည်း အလွန် ရှက်စရာကောင်းလှ၏။

“ကောင်းပြီ”

မုန့်ချုံ၏ ဖိတ်ခေါ်မှုကို တွေ့ရပြီးနောက် သူက ငိုင်တိုင်စွာဖြင့် သဘောတူလိုက်သည်။ လေးယောက်သား ခြံဝန်းဆီမှ ထွက်ခွာကာ မြို့ငယ်၏ အပြင်ဘက်ရှိ တောအုပ်ဆီသို့ သွားရောက်ကြသည်။

“သခင်လေး.. ကျွန်တော် ချီသန့်စင်ခြင်းအတတ် တစ်ခုလုံးကို မမှတ်နိုင်လိုက်ဘူး။ နည်းနည်းလောက် ပြောပြပေးပါလား”

ဟူရှန်းးက ရှဲ့လင်ဖုန်းဆီသို့ ချည်းကပ်ကာ နေရခက်စွာ မေးသည်။

ရှဲ့လင်ဖုန်းက သူ့ကို ပြောစရာစကားမဲ့စွာ ကြည့်၏။

“ကျွန်တော်.. ကျွန်တော် ဆရာကြီးရှေ့မှာ ထုတ်မပြောရဲလို့”

ဟူရှန်းက ထစ်ငေါ့စွာဖြင့် ပြော၏။

မုန့်ချုံက သူ၏ ပုခုံးကို ပုတ်ကာ ပြောသည််။

“လာခဲ့.. အတွင်းဘက်နယ်မြေရဲ့ သိုင်းသခင်အဆင့် သိုင်းသမားတွေ ဘယ်လိုဆိုတာသာ ကောင်းကောင်းပြပေး။ မမှတ်မိတာရှိရင် ကျွန်တော် ပြောပြမယ်”

ဟူရှန်းသည် ပိုမို နေရခက်စွာ ခံစားရ၏။ လေးယောက်အတွင်းတွင် သူတစ်ယောက်သာလျှင် မမှတ်မိခဲ့ခြင်း ဖြစ်သည့်ပုံပါ။

“ကောင်းပါပြီ”

သူက ခေါင်းညှိတ်ကာသာ မုန့်ချုံ၏နောက်မှ အခြားနေရာ တစ်ခုဆီသို့ လိုက်ပါသွား၏။

“အစ်ကိုရှဲ့.. ကျေးဇူးပြုပြီး”

ရွှီယန်က သစ်ကိုင်းတစ်ခုကို ဆွဲယူပြီးနောက် ပြုံးသည်။ ရှဲ့လင်ဖုန်းကလည်း သစ်ကိုင်းကို ဆွဲယူတော့မည့် အချိန်၌ သူက ပြော၏။

“အစ်ကိုရှဲ့.. မင်းရဲ့ဓါးကိုပဲ သုံးပါ”

“ကောင်းပြီလေ”

ရှဲ့လင်ဖုန်း၏ ပါးစပ်က တွန့်ကွေးသွား၏။ ရွှီယန်သည် သစ်ကိုင်းတစ်ခုကိုသာ အသုံးပြုပြီး သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရဲသည်အထိ ယုံကြည်ချက်တို့ ရှိလာခဲ့ပြီလား။

ဖြစ်နိုင်တာက မူလအဆင့်သို့ ရောက်ရှိပြီးနောက် ခွန်အားတို့ အလွန်များပြားစွာ တိုးတက်လာခဲ့သည်လား။

သို့ပေမယ့် ရွှီယန်၏ ဓါးဆန္ဒကို စဉ်းစားပြီးနောက် ရှဲ့လင်ဖုန်းသည် သတိလက်လွတ် နေရဲခြင်း မရှိတော့ပေ။ သူက ဓါးကို ဆွဲထုတ်၏။

“ညီလေးရွှီ.. သတိထား”

သူ၏ အသန်မာဆုံး ဓါးသိုင်းဖြစ်သည့် သက်တန့်ပျံဓါးသိုင်းကို အသုံးပြုလိုက်၏။ ဓါးအလင်းက လျှပ်တစ်ပြတ် လက်သွားပြီး အံ့ဖွယ် အမြန်နှုန်းနှင့် ထွက်ခွာသွားသည်။

ရွှီယန်က သစ်ကိုင်းကို လွှဲယမ်းလိုက်သည်။ ဓါးချီတစ်လှိုင်း ထွက်ပေါ်လာကာ ဓါးအလင်းကို ပြိုကွဲသွားစေသည်။ ပြီးနောက် မြစ်ကဲ့သို့ ကျယ်ပြောကာ ရက်စက်သည့် ဓါးချီတစ်ခု ဆက်လက်ပျံသန်းလာခဲ့သည်။

ရှဲ့လင်ဖုန်းက မှင်သက်သွားသည်။ ဤသည်မှာ မြစ်တစ်သောင်းဓါးသိုင်းနှင့် ဆင်တူ၏။ သို့ပေမယ့် ပိုမိုကြမ်းကြုတ်ကာ စွမ်းအားကြီးမားသည်။

“ဒါက မူလအစစ်အမှန်ချီလား”

ဓါးစွမ်းအင်က ထည်ဝါကာ အဆုံးမသတ်ပေ။ သစ်ကိုင်းလေးတစ်ခုကိုသာ အသုံးပြုကာ ဓါးစွမ်းအားကို ထုတ်ဖော်ပြီး ရွှီယန်အနေနှင့် မည်သည့် ဓါးဆန္ဒကိုမှ မထည့်သွင်းခဲ့ပေမယ့် ရှဲ့လင်ဖုန်းတစ်ယောက် ကြီးမားသည့် ဖိနှိပ်မှုကို ခံစားရဆဲ ရှိသည်။

ခွန်အားအားလုံးတို့ကို အသုံးပြုကာ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်၏ အရှိန်အဝါက ထွက်ပေါ်လာ၏။ သူ၏ အတွင်းအားချီကို လှည့်လည်ကာ ဓါးမှ တောက်ပသည့် ဓါးအလင်းတစ်ခု ထုတ်လွှတ်လာ၏။

သူက စွမ်းအား အားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အဆင့်ချိုးဖျက်ပြီးနောက် ရွှီယန်၏ ခွန်အားက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သန်မာလှသည်။ သူသည် တစ်ဖက်လူ၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။

မူလအဆင့်အမှန်ချီ၏ သန့်စင်မှုနှင့် စွမ်းအားက သူ၏ သိုင်းပညာထုတ်လွှတ်နိုင်မှုကို ကြီးစွာ အားဖြည့်ပေးသည်။

ရွှီယန်နှင့် ရှဲ့လင်ဖုန်းတို့၏ ယှဉ်ပြိုင်ပွဲသည် ဓါးသိုင်းပညာဖြင့်သာ ပြီးဆုံးသွားခဲ့၏။ ထက်မြသည့် ဓါးစွမ်းအင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ကြသည်။

မုန့်ချုံနှင့် ဟူရှန်းတို့၏ ယှဉ်ပြိုင်ပွဲမှာတော့ များစွာ ပိုမိုကာပင် ပြင်းထန်နေ၏။ မုန့်ချုံက ကြီးမားသည့် ဓါးမော့ကြီးကို ကိုင်ဆွဲကာ လူတစ်ကိုယ်လုံးက ရွှေသားကဲ့သို့ လင်းလက်နေ၏။ လျှပ်တစ်ပြတ် ဟူရှန်း၏ ဘယ်ဘက်သို့ ရွေ့လျားကာ ဓါးကို ကြမ်းကြုတ်စွာ ခုတ်ပိုင်းချလိုက်သည်။

ဟူရှန်း၏ နှလုံးသား၌ အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ သတ္တုရိုက်သံ တစ်ခုနှင့်အတူ သူက ဓါးဖြင့် ကာလိုက်လေသည်။ ဓါးဆီမှ စီးဝင်လာသည့် ကြီးမားသည့် ခန်အားကို ခံစားရ၏။ အနည်းငယ်ပင် ထိတ်လန့်သွားစေသည်။

“ဘယ်လောက် ကြောက်ဖို့ကောင်းတဲ့ အာဂ ခွန်အားလဲ”

ပြီးနောက် သတိလက်လွတ် မဖြစ်ရဲပဲ လေပြင်းဓါးသိုင်းကိ အသုံးပြုလိုက်သည်။

မုန့်ချုံက သူ၏ ဓါးမော့ကြီးကို ကိုင်ကာ တစ်ချက်ပြီး

တစ်ချက် ခုတ်ပိုင်းသည်။ သူ၏ ချီနှင့် အသက်ဓါတ်တို့က ခေါင်းလောင်းတစ်ခုသဖွယ် ရှိနေပြီး ထွားကြိုင်းနေပြီးဖြစ်သည့် ခန္ဓာကိုယ်က ပိုမိုကြီးထွားလာခဲ့သည်။

သူ၏ တိုက်ခိုက်မှု နည်းလမ်းမှာ အလွန် ကြမ်းကြုတ်ပြီး ခွန်အားအားလုံးတို့ကို ဓါးတစ်ခုတည်း ပေါ်တွင် စုစည်းထားသည်။

သို့ရာတွင် သူသည် ချီနှင့်သွေးအဆင့်၏ အသေးစား ကျွမ်းကျင်မှု အဆင့်တွင်သာ ရှိနေပြီး ခွန်အားက ဟူရှန်းလောက်ပင် မကောင်းပေ။ ပြင်းထန်စွာ တိုက်ခိုက်နေပေမယ့် ဟူရှန်းအနေနှင့် ပုံမှန်အတိုင်း ခုခံနိုင်နေဆဲ ရှိ၏။

ရုတ်တရက် မုန့်ချုံက ပြေးဝင်လာခဲ့သည်။ ဆီးကြိုနေသည့် ဓါးစွမ်းအင်ကို လစ်လျူရှုကာ ဟူရှန်းကို သူ၏ဓါးနှင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။

“သတိထား”

ဟူရှန်း၏ မျက်နှာက ပြောင်းလဲသွားပြီး သူ၏ တိုက်ခိုက်မှုကို အမြန် ရုတ်သိမ်းရန် ကြိုးစားသည်။ သို့ပေမယ့် အလွန် နောက်ကျနေပါပြီ။

ဓါးစွမ်းအင် များစွာတို့ မုန့်ချုံဆီသို့ ပြေးဝင်သွားမှုကို ကြည့်နေ၍သာ နေနိုင်၏။ နှလုံးသားက စိုးရိမ်မှုဖြင့် လေးလံသွားသည်။ ထိုဓါးချက်က မုန့်ချုံကို မသေဆုံးလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်ပါသည်။ မည်ကဲ့သို့ လုပ်ရတော့မည်နည်း။

သို့ရာတွင် သူ့ကို ပိုမိုအံ့ဩထိတ်လန့်စေသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ဓါးစွမ်းအင်က မုန့်ချုံကို ထိမှန်ပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် အလင်းကို အနည်းငယ် လက်သွားစေကာ အက်ကွဲကြောင်းများ ပေါ်လာစေသည်မှ လွဲ၍ ကျန်ရှိသည့် ဓါးစွမ်းအင်တို့သည် မုန့်ချုံ၏ ခန္ဓာကိုယ်ကို ထိမှန်ပြီးနောက် အဖြူရောင် အမှတ်များသာ ရေးတေးတေး ချန်ရစ်နိုင်ခဲ့သည်။

မည်သည့် ဒဏ်ရာတစ်ခုမျှပင် မရှိပေ။

အံ့ဩစွာဖြင့် သူသည် ရုတ်တရက် ဝင်ရောက်လာနေသည့် ပြင်းထန်သည့် ဓါးချက်တစ်ခုကို ခံစားလိုက်ရသည်။ ကိုယ့်ကိုယ်ကိုယ် တစ်ခုခု မှားယွင်းနေပြီဟု တွေးမိပြီးနောက် ဓါးကို အမြန်မြှောက်ကာ ကာလိုက်၏။

“ဘုန်း”

ဓါးနှစ်ခု ပြင်းထန်စွာ ထိမှန်ကြသည်။ ဟူရှန်းသည် ဆေဘာဓါးဆီမှ ကြီးမားသည့် အားတစ်ခု၏ ဖိနှိပ်ဝင်ရောက်လာခြင်းကိုသာ ခံစားလိုက်ရ၏။

လက်တစ်ခုလုံး ချက်ချင်း ကွေးကျသွားခဲ့သည်။ လက်ထဲရှိ ဓါးပင်လျှင် လွတ်ကျလုမတတ် ဖြစ်သွားခဲ့၏။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ခြေထောက်နှစ်ချောင်းတို့ ပေတစ်ဝက်လောက် မြေကြီးထဲသို့ နစ်ဝင်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

သူသည် ထိုဓါးချက်ကို ခုခံရန် ကျရှုံးလုမတတ် ဖြစ်သွားခဲ့၏။ ကတိုက်ကရိုက် နိုင်လှပေမယ့် ဘာပဲဖြစ်ဖြစ် သူသည် သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်ပါသည်။

အတွင်းအား၏ အကူအညီနှင့်ပင် သိုင်းပညာ၏ စတင်ခြင်းသို့ ဝင်ရောက်ရုံ ရှိသေးသည့် မုန့်ချုံ၏ တိုက်ခိုက်မှုကို မခံနိုင်လုနီးပါး ဖြစ်သွားခဲ့၏။

ဤသည်မှာ စစ်မှန်သည့် သိုင်းပညာနှင့် အတုအယောင် သိုင်းပညာတို့အကြား ခြားနားချက်လေလား။

သူ၏ ရတနာဓါးကို လှုပ်ခါစေလိုက်ပြီး ဓါးမော့ကြီးကို တွန်းထုတ်ကာ ခန္ဓာကိုယ်က နောက်သို့ လျှင်မြန်စွာ ဆုတ်ခွာသွားသည်။ မုန့်ချုံကို အံ့ဩစွာ ကြည့်၏။

“မင်းဒဏ်ရာ မရဘူးလား”

မုန့်ချုံက ရင်ဘတ်ကို ပုတ်ကာ ပြောသည်။

“ဘယ်ရမှာလဲ။ မင်းရဲ့ ဓါးစွမ်းအင်က တကယ်ပဲ အရမ်းသန်မာတယ်။ တကယ်တော့ ၅၀၊ ၆၀%လောက်သာ ပိုပြီးအားကောင်းလာရင် ငါ့ကို ထိခိုက်စေနိုင်လောက်တယ်”

ထိုစကားကို ကြားရပြီးနောက် ဟူရှန်းသည် ခဏတာအတွင်း မည်သည်ကို ပြောရမည်မသိ ဖြစ်သွားခဲ့၏။ မည်မျှ ကြောက်စရာကောင်းလှသည့် ခန္ဓာကိုယ် ဖြစ်သနည်း။

သံမဏိဆိုလျှင်တောင် သူအသုံးပြုခဲ့သည့် ဓါးစွမ်းအင်အောက်တွင် တို့ဟူးကဲ့သို့ အလွယ်တကူ ပြတ်တောက်သွားမှာ ဖြစ်သည်။ ရလဒ်အနေနှင့် မုန့်ချုံမှာတော့ ကောင်းမွန်စွာ ရှိနေ၏။

အရေအပြားပေါ်တွင် အဖြူရောင် အမှတ်တစ်ခုသာ ရေးတေးတေး ကျန်ရစ်ခဲ့သည်။ ယခုအချိန်၌ ထိုအမှတ်ကိုပင် မြင်နိုင်ခြင်း မရှိတော့ပေ။ ဒီခန္ဓာကိုယ်က အမှန်တကယ် ကြောက်ဖို့ကောင်းလှ၏။

“ဒါက ခန္ဓာကိုယ် ကျင့်ကြံသူလား”

ဒီအချိန်၌ ဟူရှန်းတစ်ယောက် သူ၏ ခံစားချက်ကို မည်ကဲ့သို့ ဖော်ပြရမည်မသိ ဖြစ်သွားခဲ့သည််။ မုန့်ချုံသာ မူလအဆင့်သို့ ချိုးဖျက်ပြီးပါ သူ့အနေနှင့် အကောင်းဆုံး ကြိုးစားတိုက်ခိုက်လျှင်တောင် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ချိုးဖျက်နိုင်ခြင်း မရှိမှာ စိုးရပါသည်။

မုန့်ချုံက လက်ထဲရှိ အဖိုးတန် ဓါးမော့ကို ကြည့်သည်။ ခုနက သူသည် ပြင်းထန်စွာ တိုက်ခိုက်မှုပြုခဲ့၏။ သို့ပေမယ့် တစ်ခုခု လိုအပ်နေသည်ဟု အမြဲတမ်း ခံစားနေရသည်။ သူ၏ ခွန်အားအပြည့်ကို ပြသနိုင်စွမ်းမရှိ ဖြစ်နေ၏။

“ဘာပဲဖြစ်ဖြစ် ငါတတ်မြောက်ထားတဲ့ ဓါးသိုင်းက နိမ့်ပါးလွန်းတယ်။ ခွန်အားအပြည့်ကို ထုတ်လွှတ်ပြီး သိုင်းစွမ်းအားကို ပြဖို့ မစွမ်းသာဘူး။ ဓါးသိုင်းပညာကို သင်ယူဖို့ ဆရာ့ကို သွားရှာရမယ်”

ထိုကဲ့သို့ တွေးမိပြီးနောက် မုန့်ချုံက ရတနာဓါးကို မြေကြီးထဲတွင် စိုက်လိုက်သည်။ လက်သီးများကို ဆုပ်ကာ ဟူရှန်းကို ကြည့်ပြီး ပြော၏။

“လာခဲ့.. ထပ်ပြီး တိုက်ရအောင်”

ဟူရှန်း၏ မျက်ခုံးများက ကြုံ့သွား၏။

“ငါ ဓါးသိုင်းပညာ မသင်ရသေးဘူး။ အဲ့ဒါကြောင့် ဘယ်လိုသုံးရမလဲလို့ မသိသေးဘူး။ မင်းနဲ့ ယှဉ်ပြိုင်ဖို့ လေမိုးကြိုး ဗာဂျရာလက်သီးကိုပဲ အသုံးပြုတော့မယ်”

မုန့်ချုံက ပြောင်ပြောင်ရှင်းရှင်းသာ ပြော၏။

ဟူရှန်းက ပြောစရာစကား မဲ့သွားသည်။ တစ်ဖက်လူသည် အလွန်ကြမ်းကြုတ်ကာ စွမ်းအားကြီးမားလှ၏။ သို့ပေမယ့် ဓါးသိုင်းပညာကို သင်ကြားရသေးခြင်း မရှိဟု ပြောနေ၏။ ဓါးကို မည်ကဲ့သို့ အသုံးပြုရမည်အား မသိပေဘူးလား။

“ဒီခွန်အားနဲ့ အတွင်းဘက်နယ်မြေက ပထမအဆင့် သိုင်းသမားတောင် သူ့ရဲ့ဓါးချက်ကို မခံနိုင်လောက်ဘူး”

အတွင်းဘက်နယ်မြေတွင် ရှာကြည့်ပါက မုန့်ချုံဆီမှ ယခုကဲ့သို့ ကြမ်းတမ်းသည့် တိုက်ခိုက်မှုကို ခံနိုင်သည့် ပထမအဆင့် သိုင်းသမား အရေအတွက်မှာ လက်တစ်ချောင်းနှင့် ရေတွက်လို့ပင် ရနိုင်ပါသည်။

ထိုပထမအဆင့် သိုင်းသမားများသည် ပထမအဆင့်၏ စစ်မှန်သည့် ထိပ်တန်းသို့ ရောက်ရှိနေပြီး ဖြစ်သည့် သိုင်းသမားများ ဖြစ်ကြမှာ ဖြစ်၏။

မုန့်ချုံမှာ သိုင်းပညာ၏ စတင်ခြင်းအဆင့်၌သာ ရှိပါသေးသည်။ သူ၏ ပြောစကားအရ ချီနှင့်သွေးအဆင့်၏ အသေးစား ကျွမ်းကျင်မှုကိုသာ ရောက်ရှိသေး၏။

ထိုသို့ဆိုပါက အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီးလျှင် အတွင်းဘက်နယ်မြေရှိ ပထမအဆင့် သိုင်းသမား အားလုံးတို့ကို ဖြတ်ကျော်ကာ သာမန် သိုင်းသခင်အဆင့် သိုင်းသမားများကို အနိုင်ယူရန်ပင် ပြဿနာမရှိလောက်ပါ။

ဟူရှန်း၏ နှလုံးသား၌ မျှော်လင့်ချက်တို့ ပြည့်နှက်လာ၏။

“ဒါက စစ်မှန်တဲ့ သိုင်းပညာရဲ့ စွမ်းအားပဲ။ ငါ အစစ်အမှန် စွမ်းအင်ကို စုစည်းနိုင်ရမယ်။ ငါ့ရဲ့ သိုင်းလမ်းစဉ်ကိုသာ အောင်အောင်မြင်မြင် အမှန်ကို ပြောင်းနိုင်ခဲရင် စစ်မှန်တဲ့ သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်ပြီ။ အဲ့ဒါဆို အားနည်းတဲ့ စစ်ဘုရင်အဆင့် သိုင်းသမားအချို့ကို အနိုင်ယူဖို့ အခွင့်အရေး ရှိလာလောက်မလား”

ထိုကဲ့သို့ တွေးမိပြီးနောက် သူ၏ သွေးတို့ ဆူပွက်လာခဲ့သည်။ ဓါးကိုသိမ်းကာ ပြော၏။

“ဒါဆိုရင် ငါလည်း လက်သီးသိုင်းကို သုံးပြီး မင်းနဲ့တိုက်ခိုက်မယ်”

မုန့်ချုံ၏ မျက်ခုံးများက မြင့်တက်သွားပြီး မေး၏။

“မင်းငါ့နဲ့ လက်သီးချင်း တိုက်ခိုက်ချင်တာ သေချာရဲ့လား”

ဟူရှန်း၏ ဓါးပညာက အမှန်တကယ်ကို သန်မာလှသည်။ သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ပေ။

သို့ပေမယ့် လက်သီးချင်း တိုက်ခိုက်လျှင်တော့ ရလဒ်က ခန့်မှန်းရန် ခက်ခဲသွားပါပြီ။ အထူးသဖြင့် အနီးကပ် တိုက်ခိုက်ရေးတွင် ဖြစ်၏။

“မင်းငါ့ကို အထင်သေးနေတာပဲ။ ငါတို့ ဓါးသခင်ချောက်ကမ်းပါးက ဓါးပညာနဲ့ နာမည်ကြီးပေမယ့် လက်သီးသိုင်း၊ လက်ဝါးသိုင်းနဲ့ ကိုယ်ဖော့ပညာတွေကလည်း ပထမတန်းစားမှာ ရှိတယ်”

ဟူရှန်းက လက်သီးများကို ဆုပ်ကာ စတင်ကာ တိုက်ခိုက်မှုပြု၏။

“ကြည့်လိုက်”

“ဘုန်း”

လက်သီးချက်က အလွန်စွမ်းအားကြီးကာ ချက်ချင်းပင် မုန့်ချုံ၏ မျက်နှာဆီသို့ ရောက်ရှိသွား၏။

“ကောင်းတယ်”

မုန့်ချုံ၏ မျက်လုံးများက လင်းလက်သွားပြီး မာန်ဖီသံတစ်ခု ထုတ်လွှတ်လိုက်၏။ ထို့နောက် မိုးကြိုးနဲ့သို့ ကြီးစိုးကာ မြန်ဆန်သည့် လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။

ထို့နောက် ထပ်ထိုးလိုက်ပြန်၏။ လေပြင်းကဲ့သို့ လက်သီးချက်ဖြစ်သည်။ လက်သီးချက်များကို ဆက်တိုက်ထိုးကာ ခန္ဓာကိုယ်က ရွေ့လျားလာ၏။ ဆက်တိုက် နီးကပ်လာခဲ့သည်။ လေမိုးကြိုး၏ အသံတိုးလည်း ပဲ့တင်ထပ်စွာ ထွက်ပေါ်လာ၏။

လူတစ်ကိုယ်လုံးက ဗာဂျရာ အားဟတ်တစ်ယောက်ကဲ့သို့ ပြောင်းလဲလာပုံ ပေါ်ကာ ခဏတာအတွင်းတွင် ဟူရှန်း၏ လက်သီးကို ဖိနှိပ်သွားသည်။

ချက်ချင်းပင် လူချင်း နီးကပ်သွား၏။ မိုးကြိုးပစ်သကဲ့သို့ လက်သီးချက်များက ဟူရှန်း၏ အကာအကွယ် လွတ်ကင်းသည့် နေရာတိုင်းကို ဆက်တိုက် ထိုးလာခဲ့၏။ ခဏတာအတွင်း ဟူရှန်းကို အနည်းငယ် ပြာယာခတ်လာစေသည်။

သူမြင်ရသည့် အရာအားလုံးမှာ လေနှင့်မိုးကြိုး၏ ကြောက်စရာကောင်းသည့် စွမ်းအားနှင့် မြည်တမ်းလာမှု ဖြစ်၏။ ကြောက်စရာ ကောင်းလွန်းလှပြီး ခုခံရန် ဖြစ်နိုင်ခြင်း မရှိဟု ခံစားလာရသည်။

ရုတ်တရက် ဓါးကို သိမ်းခဲ့သည့်အတွက နောင်တတို့ ရလာခဲ့၏။ မုန့်ချုံ၏ လက်သီးသိုင်းက အလွန် ကြောက်ဖို့ကောင်းလှပါသည်။

All Chapters