← Chapters

အတွင်းဘက်နယ်မြေနှင့် စိတ်ဝိညာဉ်ပုံဆောင်ခဲ၊ ရွှီယန်၏ နောက်ထပ် နားလည်သဘောပေါက်မှု ရလာခြင်း

Vol. 8 Ch. 116

အတွင်းဘက်နယ်မြေနှင့် စိတ်ဝိညာဉ်ပုံဆောင်ခဲ၊ ရွှီယန်၏ နောက်ထပ် နားလည်သဘောပေါက်မှု ရလာခြင်း

Vol. 8 Ch. 116

ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်တွင် ရွှီယန်နှင့် ရှဲ့လင်ဖုန်း၊ မုန့်ချုံနှင့် ဟူရှန်းတို့က သိုင်းပညာ ယှဉ်ပြိုင်နေကြသည်။ လီရွှမ်မှာတော့ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ ရေးပေးထားသည့် သိုင်းပညာများကို ကြည့်နေပါသည်။

“အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာကလည်း စွမ်းအားကြီးတာပဲ။ စစ်ဘုရင်အဆင့် သိုင်းသမားတွေက အထင်သေးလို့ မရဘူး”

ကျင့်စဉ်တို့ကို ကြည့်ကာ လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။

ရွှယ့်ဝူရှင်းပဲဖြစ်ဖြစ်၊ ရှဲ့လင်ဖုန်း(သို့) ဟူရှန်းပဲဖြစ်ဖြစ် သူ၏ အမြင်တွင် သူတို့ အားလုံးမှာ အားနည်းလှပါသည်။ ရွှီယန်နှင့် နှိုင်းယှဉ်လျှင်ပင် အများကြီး နောက်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်၏။

သို့ရာတွင် ရွှီယန်၌ ကျောက်စိမ်းအရိုး အခြေခံ ရှိပါသည်။ မူလအဆင့်သို့ ချိုးဖျက်စဉ်ကလည်း နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိညာဉ်အရိုးကို ဖွဲ့စည်းနိုင်ခဲ့၏။ ဓါးဆန္ဒကိုပင် နားလည်သဘောပေါက်ထားသည်။

နဂါးနိုင်လက်ဝါးသိုင်း၏ စစ်မှန်သည့် အဓိပ္ပာယ်ကိုလည်း နားလည်၏။ ခွန်အားက ရှဲ့လင်ဖုန်းကဲ့သို့ အတွင်းဘက်နယ်မြေရှိ သိုင်းသခင်များ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

သို့ရာတွင် အတွင်းဘက်နယ်မြေက သိုင်းပညာစနစ်ကို အားနည်းသည်ဟု ပြောရန်မှာတော့ ယှဉ်ပြိုင်သည့် အရာအပေါ်တွင် မူတည်ပေလိမ့်မည်။

သို့ပေမယ့် ယခု သူတီထွင်လိုက်သည့် သိုင်းပညာ စနစ်ကတော့ သံသယဝင်စရာ မကောင်းလောက်အောင် အတွင်းဘက်နယ်မြေရှိ သိုင်းပညာထက် ပိုမိုသန်မာပါသည်။ ဤသည်က အတွင်းဘက်နယ်မြေရှိ သိုင်းပညာများကို အားနည်းသည်(သို့) တန်ဖိုးနည်းသည်ဟု မဆိုနိုင်ခြင်းသာ ရှိ၏။

“ရှီအာလို ကြေးအရိုး အခြေခံနဲ့ သိုင်းသမား တစ်ယောက်ဆိုရင်တော့ မူလအဆင့်ကို ချိုးဖျက်ပြီးတဲ့နောက်မှာ ရှဲ့လင်ဖုန်းကို အနိုင်ယူနိုင်မယ်လို့ တပ်အပ်မပြောနိုင်ဘူး”

လီရွှမ်က တိတ်ဆိတ်စွာဖြင့် စဉ်းစားချင့်ချိန်မှုတို့ကို ပြုလုပ်သည်။

ကိုးကားရန်အတွက် ကျင့်စဉ်တို့ ရလာကာ ရှဲ့လင်ဖုန်းတို့၏ သက်ဆိုင်ရာ ခွန်အားကို သိရှိနေခြင်းက သူ့ကို အလွယ်တကူ သုံးသပ်ချက်တစ်ခု ရလာစေနိုင်သည်။

“ရှဲ့လင်ဖုန်းရဲ့ ပါရမီက တကယ့်ကို အရမ်းမြင့်မားတယ်။ အတွင်းဘက်နယ်မြေက လူငယ် မျိုးဆက်တွေထဲမှာ သူကလည်း ထိပ်တန်းအဆင့်ကို ဝင်တယ်။ ရှီအာက သူ့ထက် နိမ့်ကျတာ အံ့ဩစရာ မရှိဘူး။ ဒါပေမယ့် ဟူရှန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ မနိမ့်လောက်ဘူး။ သာတောင်သာနေမှာ”

လီရွှမ်က သူတို့နှစ်ယောက်၏ ခြားနားချက်ကို စိတ်ထဲတွင် စဉ်းစားသည်။

ခြုံငုံကြည့်ပါက သူတီထွင်လိုက်သည့် သိုင်းစနစ်က ပိုမိုသန်မာကာ အလားအလာလည်း ပိုရှိပါသည်။

အထူးသဖြင့် သိုင်းပညာကို အခြေခံ ချမှတ်ရာတွင် ဖြစ်၏။ အတွင်းဘက်နယ်မြေထက် များစွာ ပိုမိုသာလွန်သည်။ နားထောင်ရသည်မှာလည်း ပိုမို နက်နဲ၏။

ရှဲ့လင်ဖုန်းကို သူ့ကိုယ်သူ အတုအယောင် သိုင်းပညာအား ကျင့်ကြံနေခြင်း ဖြစ်သည်ဟု ယုံကြည်သွားစေတာ အံ့ဩစရာ မရှိပေ။

“ဒီနှိုင်းယှဉ်မှု အပြီးမှာ ငါ့ရဲ့ သိုင််းပညာစနစ်က လုံးဝ အနိုင်ရခဲ့တယ်။ အတွင်းဘက်နယ်မြေမှာ စစ်ဘုရင်အဆင့် သိုင်းသမားတွေက တကယ်ပဲ အထွတ်အထိပ်ကို ရောက်ပြီလားတော့ မသိဘူး”

လီရွှမ်က လက်ထဲရှိ ကျင့်စဉ်တို့ကို ကြည့်သည်။ စစ်ဘုရင်အဆင့်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်၏။ သို့ပေမယ့် ရှဲ့လင်ဖုန်းတို့ အနေနှင့် စစ်ဘုရင်အဆင့်၏ အထက်ရှိ ကျင့်စဉ်များနှင့် ထိတွေ့နိုင်ခြင်း မရှိသေးတာလည်း ဖြစ်နိုင်ပါသည်။

“စစ်ဘုရင်အဆင့်က တကယ့် အထွတ်အထိပ်လို့ ငါမထင်ဘူး။ ကြည့်ရတာ ရှဲ့လင်ဖုန်းတို့တွေပဲ စစ်ဘုရင်အဆင့်ကို ကျော်လွန်တဲ့ လျှို့ဝှက်ချက်တွေနဲ့ မထိတွေ့မိသေးတာ ဖြစ်မယ်”

လီရွှမ်က ရှေးဟောင်းသရေ စာအုပ်ကို ထုတ်သည်။ သူ့အနေနှင့် ၎င်းကို နားလည်သဘောပေါက်ခြင်း မရှိပေမယ့် ဤသည်မှာ ထူးကဲပြီး အလွန်မြင့်မားသည့် လျှို့ဝှက်ချက််တို့ ဖုံးကွယ်ထားသည်ဟု ခံစားနိုင်၏။

သူ၏ လက်ရှိစွမ်းအားနှင့် နားလည်နိုင်ခြင်း မရှိသေးတာသာ ရှိသည်။ အကြိမ်တိုင်း စာအုပ်ကို ကြည့်လိုက်တိုင်းတွင် ခြားနားသည့် နားလည်မှုတစ်ခုကို ရလာသည်ပုံ ရှိ၏။ ထို့အပြင် မြင်တွေ့ခဲ့သည့် သင်္ကေတများကလည်း ပြောင်းလဲသွားပုံ ရှိသည်။

ထို့ကြောင့် တစ်ခုတည်းသော သုံးသပ်ချက်မှာ သူ၏ သိုင်းပညာအဆင့်က အလွန် နိမ့်ပါးလွန်းလှ၍ လျှိ့ဝှက်ချက်ကို မမြင်နိုင်ခြင်း ဖြစ်မည်ဟု ဖြစ်၏။

“ရှေးဟောင်း သရေစာအုပ်က ဝူနိုင်ငံရဲ့ တော်ဝင်ရတနာတိုက်ထဲက ရလာတာ။ ဒါက အတိတ်ရဲ့ အမွေအနှစ် တစ်ခုပဲ။ ဆိုလိုတာက စွန့်ပစ်ဒေသမှာ တစ်ချိန်က စွမ်းအားကြီး ပုဂ္ဂိုလ်တွေ ရှိခဲ့လိမ့်မယ်”

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီတို့ လွင့်ပါးသွားမှုကြောင့် စွန့်ပစ်ဒေသတွင် ကျင့်ကြံရန် မဖြစ်နိုင်တော့ပေ။ သို့ပေမယ့် ဘယ်အချိန်က လွင့်ပါးသွားခဲ့သည် ဟူသည်ကိုတော့ သိရှိရန် မဖြစ်နိုင်ပေ။ ရှဲ့လင်ဖုန်းတို့လည်း သိရှိမည် မဟုတ်ပေ။

“တူညီတဲ့ လောကတစ်ခုမှာ ရှိနေပြီး အတွင်းဘက်နယ်မြေမှာကျ လင်းကျီ ရှိနေပြီး စွန့်ပြစ်ဒေသမှာကျ လွင့်ပါးသွားခဲ့တယ်။ ဖြစ်နိုင်တာက အချိန်ကြာလာတာနဲ့အမျှ လင်းကျီက ကျုံ့သွားတာများလား။ စွန့်ပစ်ဒေသနဲ့ နီးတဲ့ အတွင်းဘက်နယ်မြေက နေရာတွေလည်း လင်းကျီလွင့်ပါးမှုကို ကြုံတွေ့လာကြမလား”

လီရွှမ်၏ မျက်နှာက ပဟေဋိဖြစ်သွားသည်။

အတွင်းဘက်နယ်မြေရှိ သိုင်းပညာစနစ်ကို ကျင့်ကြံရန်အတွက် လင်းကျီ၏ တည်ရှိမှုက မရှိမဖြစ် လိုအပ်သည်။ လင်းကျီနှင့်သာလျှင် လူတစ်ယောက်သည် စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်၏။

လင်းကျီနှင့်သာလျှင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားက ညင်သာနေကာ ခန္ဓာကိုယ်အတွင်းသို့ သန့်စင်နိုင်၏။

“ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက ဘယ်လိုများပါလိမ့်”

လီရွှမ်သည် စွန့်ပစ်ဒေသမှ ဘယ်တုန်းမှ ထွက်ခွာဖူးခြင်း မရှိပေ။ မူလအဆင့်သို့ ချိုးဖျက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်၏ တည်ရှိမှုကို ခံစားလာနိုင်ပေမယ့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီကိုတော့ ဘယ်တုန်းကမှ ခံစားမိခြင်း မရှိခဲ့ပေ။

“ငါ့ရဲ့ သိုင်းပညာစနစ်က လင်းကျီ ရှိရှိ၊ မရှိရှိ ကျင့်ကြံမှု ပြုနိုင်တယ်။ အဲ့ဒါက လင်းကျီက ကျင့်ကြံမှုမှာ မရှိမဖြစ် လိုအပ်နေတာ မဟုတ်ဘူးလို့ ပြသနေတယ်”

လီရွှမ်က ရှေးဟောင်း သရေစာအုပ်ကို ဆက်လက်လှန်လော၏။

ရွှီယန်တို့ ယှဉ်ပြိုင်လေ့ကျင့်မှုမှ ပြန်လာချိန်တွင် ရှဲ့လင်ဖုန်းတို့ နှစ်ယောက်က လီရွှမ်ဆီမှ သိုင်းပညာ ညွှန်ကြားချက်များကို တောင်းခံပြန်၏။

သူတို့က ဒီရှားပါးသည့် အခွင့်အရေးကို ဖမ်းဆုပ်ကာ ဆရာကြီးဆီမှ အကြံဉာဏ်တို့ကို ရရှိလိုခြင်း ဖြစ်သည်။

လီရွှမ်မှာ သူတို့၏ ကျင့်စဉ်များအား သုံးသပ်မှု ပြီးဆုံးပြီး ဖြစ်ရာ သူ၏ မူလအဆင့် ခွန်အားနှင့် ညွှန်ကြားချက်တို့ ပေးရန်မှာ ခက်ခဲသည့် အရာမဟုတ်ပေ။

ညွှန်ကြားမှု၏ အဓိကအချက်မှာ အစစ်အမှန်ချီအား သန့်စင်မှုအပေါ်တွင် ရှိနေ၏။ အစစ်အမှန်ချီအား သန့်စင်နိုင်သည့် စွမ်းရည်တို့ မရှိပါက အရာအားလုံးတို့ အလကားဖြစ်နေမှာ ဖြစ်သည်။

“ထိုက်ချန်းကို မင်းသိလား”

လီရွှမ်က ရှဲ့လင်ဖုန်းကို ကြည့်ကာ မေးသည်။

ရှဲ့လင်ဖုန်းက မှင်သက်သွား၏။

“ထိုက်ချန်း”

သူက ခေါင်းကိုယမ်းသည်။

“ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး”

လီရွှမ်က တိတ်ဆိတ်စွာ ခေါင်းညှိတ်သည်။ ရှဲ့လင်ဖုန်းတို့လည်း ထိုက်ချန်းကို ကြားဖူးထားခြင်း မရှိပေ။ ဒီရှေးဟောင်း စာအုပ်သည် ပျံ့နှံ့ခြင်း မရှိခဲ့ဖူးသည့် ပုံရှိ၏။

လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို လှည့်ရင်းက ခေါင်းတညှိတ််ညှိတ် ဖြစ်နေ၏။

ရှဲ့လင်ဖုန်းက ဦးညွှတ်ကာ ပြောသည်။

“ဒါဆို ကျွန်တော်တို့တွေ ဆရာကြီးကို မနှောင့်ယှက်တော့ဘူး”

လီရွှမ်က ခေါင်းညှိတ်သည်။

ရွှီယန်က ဧည့်သည်နှစ်ယောက်ကို ဧည့်ခံ၏။

စားသောက်စဉ်အတွင်းတွင် အတွင်းဘက်နယ်မြေ၏ အကြောင်းကို မေးမြန်းမှုများ ပြုလုပ်သည်။ ရှဲ့လင်ဖုန်းတို့ နှစ်ယောက်သားက သူတို့၏ အတွင်းဘက်နယ်မြေ အကြောင်းနှင့် အတွင်းဘက်နယ်မြေရှိ သိုင်းပညာများ အကြောင်းကို စတင် မိတ်ဆက် ပြောပြသည်။

လီရွှမ်လည်း တိတ်ဆိတ်စွာ နားထောင်နေ၏။

ရှဲ့လင်ဖုန်း၏ စကားများအရ သူလည်း အတွင်းဘက်နယ်မြေ၏ ကျင့်စဉ်များအကြောင်းကို ပိုမို ကောင်းမွန်သည့် နားလည်မှုတို့ ရလာ၏။

“အတွင်းဘက်နယ်မြေမှာ သိုင်းပညာ ကျင့်ကြံတဲ့အခါ အဆင့်ကိုးကနေ စတင်တယ်။ ကျင့်ကြံမှုမှာ ဆေးစွပ်ပြုတ်ကို အထောက်အကူအဖြစ် အသုံးပြုလို့ရတယ်.. စိတ်ဝိညာဉ်ဆေးပင်တွေကိုလည်း ဝယ်ယူနိုင်တယ်။ အဲ့ဒါက ကျင့်ကြံရာမှာ ပိုပြီးတော့တောင် ကူညီပေးနိုင်တယ်……”

‘ရှဲ့လင်ဖုန်းရဲ့ စကားအရဆို ဆေးစွပ်ပြုတ်တွေ(သို့) ဆေးတွေကို အရမ်းကြီး သုံးလို့ မရဘူး။ အနည်းဆုံး ဆေးတစ်ခုချင်းစီတိုင်းက ကျန်ရှိတဲ့ အာနိသင်တွေ လုံးဝ ကုန်သွားအောင် ခုနစ်ရက်လောက် စောင့်ဖို့လိုတယ်’

‘မဟုတ်ရင် ခန္ဓာကိုယ်ထဲမှာ စုစည်းနေပြီး အန္တရာယ်ဖြစ်စေနိုင်တယ်’

‘ဒါပေမယ့် စိတ်ဝိညာဉ် ဆေးတွေကတော့ အဲ့လို အားနည်းချက်တွေ မရှိဘူး။ သူတို့မှာ သန့်စင်တဲ့ စိတ်ဝိညာဉ် ဆေးစွမ်းအားပဲ ပါဝင်ပြီး အလွယ်တကူ ကြေညက်သွားတယ်။ ဘာအကြွင်းအကျန်မှ မရှိဘူး။ ဒါပေမယ့် စိတ်ဝိညာဉ်ဆေးတွေက ရှားပါးပြီး ပုံမှန်ဆို သာမန်သိုင်းသမားတွေ ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး’

အတွင်းဘက်နယ်မြေတွင် အင်မော်တယ် ဝတ္ထုများထဲကကဲ့သို့ ဆေးသန့်စင်သူများ မရှိကြောင်းကို တွေ့လိုက်ရသည်။ သို့ပေမယ့် ဆေးပညာရှင်များတော့ ရှိနေ၏။ သို့ပေမယ့် သူတို့တွေ ဆေးလုံးကို မည်ကဲ့သို့ ပြုလုပ်လဲ မသိပေ။

စိတ်ဝိညာဉ်ဆေးပင်များမှာ ရိုးရှင်းစွာဖြင့် ပြုတ်ကာ တစ်ခါတည်း စားသောက်လို့ရ၏။ ခြားနားသည့် ဆေးပင် အမျိုးအစားအတိုင်း ခြားနားသည့် အာနိသင်များကို ပေးစွမ်းသည်။ ပေါင်းစပ်ကာ ဆေးလုံးများအဖြစ် သန့်စင်သည့် နည်းလမ်းမျိုးတော့ မရှိပေ။

‘

All Chapters