အတွင်းဘက်နယ်မြေနှင့် စိတ်ဝိဉာဥ်ပုံဆောင်ခဲ၊ ရွှီယန်၏ နောက်ထပ် ဉာဏ်အလင်းပွင့်မှု ရလာခြင်း
Vol. 8 Ch. 117
"အတွင်းဘက် နယ်မြေမှာ သန့်စင်ထားတဲ့ ဆေးလုံးမျိုးမရှိဘူး။ ဒါဆိုရင် ငါဆေးသန့်စင်ခြင်း နည်းလမ်းတစ်ခုကို ဖန်တီးလို့ရတယ်။ အောင်မြင်သွားရင် သေချာပေါက် သိုင်းသမားတွေ အကြားမှာ အလိုအပ်ဆုံး ဖြစ်လာမှာ.."
လီရွှမ်က အလွန်စိတ်လှုပ်ရှားသွား၏။
"သိုင်းသခင်အဆင့်နဲ့ သူ့အထက်မှာရှိတဲ့ သိုင်းသမားတွေက စိတ်ဝိဉာဉ် ဆေးတွေကို တစ်ခါတည်း စားသုံးပြီး ကျင့်ကြံနိုင်ကြတယ်.."
"ဒါပေမယ့် သာမန် စိတ်ဝိဉာဉ်ဆေးတွေက သူတို့အတွက် အရမ်းကြီး မထိရောက်တော့ဘူး။ အဲ့ဒါကြောင့် ကျင့်ကြံရာမှာ ကိုယ့်ကိုကိုပဲ အများဆုံး မှီခိုကြရတယ်.."
"ဒါမှမဟုတ်ရင် စိတ်ဝိဉာဉ် ပုံဆောင်ခဲတွေနဲ့ ကျင့်ကြံပြီး အတွင်းအားချီကို သန့်စင်ရာမှာ အမြန်နှုန်းကို တိုးမြင့်အောင် လုပ်ကြတယ်။ ဒါပေမယ့် စိတ်ဝိဉာဉ်ပုံဆောင်ခဲက ရှားပါးပြီး သိုင်းပညာ အတွင်းအားချီကို စုစည်းရာမှာ ယာယီပဲ အရှိန်မြှင့်တင် ပေးနိုင်တယ်။ အဲ့ဒါကြောင့် ပုံမှန်ဆိုရင် ကျင့်ကြံဖို့အတွက် များများစားစား အသုံးမပြုနိုင်ဘူး.."
"အများအားဖြင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာ ကုန်ဆုံးသွားတဲ့ အတွင်းအားချီရဲ့ ပြန်လည်ဖြည့်တင်းမှု အမြန်နှုန်းကို တိုးမြင့်စေဖို့အတွက် အသုံးပြုကြတယ်.."
ရှဲ့လင်ဖုန်းက သိုင်းသခင်အဆင့် သိုင်းသမားများ၏ ကျင့်ကြံမှု အကြောင်းကို ပြောပြသည်။
"စိတ်ဝိဉာဉ် ပုံဆောင်ခဲတွေလား.."
ရွှီယန်က သိလိုစိတ်တို့ဖြင့် ပြည့်နှက်နေ၏။
"ဒီဟာက စိတ်ဝိဉာဉ်ပုံဆောင်ခဲရဲ့ ပုံစံပဲ"
ရှဲ့လင်ဖုန်းက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုတို့ကို ထုတ်ကာ ရှင်းပြသည်။
ရွှီယန်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုကို ကောက်ယူလိုက်၏။ အတွင်းထဲတွင် ပါဝင်သည့် စိတ်ဝိဉာဉ်စွမ်းအင်ကို ခံစားနိုင်ပါသည်။
၎င်းသည် သူအာရုံခံစားကာ ကျင့်ကြံလေ့ရှိသည် သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်နှင့် နှိုင်းယှဉ်ပါက များစွာ ပိုမိုညင်သာ၏။ သို့ပေမယ့် စိတ်ဝိဉာဉ် ပုံဆောင်ခဲတစ်ခု အတွင်းတွင် ပါဝင်သည့် စိတ်ဝိဉာဉ်စွမ်းအင် ပမာဏက များပြားခြင်း မရှိပါ။
"စိတ်ဝိဉာဉ် ပုံဆောင်ခဲတွေက ပုံမှန်အားဖြင့် သဘာဝအတိုင်း ဖွဲ့စည်းလာကြတယ်။ အတွင်းဘက် နယ်မြေမှာတောင် တော်တော်လေး ရှားတယ်လို့ ပြောလို့ရတယ်။.."
"လက်ရှိသိုင်းသမားတွေရဲ့ ငွေကြေးအဖြစ် အသုံးပြုကြတယ်။ စိတ်ဝိဉာဉ်ဆေးတွေ၊ ရတနာတွေနဲ့ အခြားပစ္စည်းတွေကို လဲလှယ်ဖို့အတွက် စိတ်ဝိဉာဉ် ပုံဆောင်ခဲကိုပဲ အသုံးပြုလို့ ရတယ်.."
ရွှီယန်၏ စိတ်ဝိဉာဉ်ပုံဆောင်ခဲ၏ အရင်းအမြစ်နှင့် မရင်းနှီးပုံကို တွေ့ရပြီးနောက် ရှဲ့လင်ဖုန်းက ရှင်းပြသည်။
"စိတ်ဝိဉာဉ် ပုံဆောင်ခဲတွေရဲ့ ဖွဲ့စည်းလာမှုက စွန့်ပစ်ဒေသမှာရှိတဲ့ ကျောက်စိမ်း သတ္တုတွင်းတွေနဲ့ တူညီတယ်.."
"ဒါပေမယ့် ခြားနားချက်က.. အတွင်းဘက်နယ်မြေက စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေက ကျောက်စိမ်း သတ္ထုတွင်းကိုမှ ထပ်ပြီးတော့ အဆင့်မြင့်လာတာလို့ ပြောရမယ်.."
"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင် ပါဝင်တဲ့ ကျောက်စိမ်း သတ္တုတွင်းတွေက အချိန်ကြာလာတာနဲ့အမျှ စိတ်ဝိဉာဉ် ပုံဆောင်ခဲတွေ ဖြစ်လာနိုင်ကြတယ်.."
"ကြီးမားတဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ သတ္တုတွင်းတွေက တစ်ခုလုံး စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ဖြစ်နေပြီးပြီလို့ ပြောလို့ရတယ်.."
"ဒါပေမယ့် အများစုက ကျောက်စိမ်း သတ္တုတွင်းတွေထဲမှာ ရောထွေးနေကြတယ်။ ဘာလို့လဲဆိုတော့ ကျောက်စိမ်းရဲ့ တစ်စိတ်တစ်ပိုင်းကပဲ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ အဖြစ် ပြောင်းလဲသွားလို့ပဲ.."
"အတွင်းဘက် နယ်မြေမှာရှိတဲ့ ကျောက်စိမ်းသတ္တုတွင်းတွေက အရမ်းကို အဖိုးတန်ကြတယ်။ ဘာလို့လဲဆိုတော့ ကျောက်စိမ်းသတ္တုတွင်း အများစုမှာ အနည်းဆုံး စိတ်ဝိဉာဉ်ပုံဆောင်ခဲ အချို့တော့ ပါဝင်နေလို့ပဲ.."
ရွှီယန်နှင့် မုန့်ချုံတို့က တောသားများ သဖွယ် ရှိနေကြ၏။ လောကကြီးကို မမြင်ဖူးသကဲ့သို့ ဒီအချိန်၌ ဉာဏ်အလင်းတို့ ပွင့်လာကာ မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို နားလည်လာခဲ့သည်။
သူတို့သည် မနေနိုင်ဘဲ အတွင်းဘက်နယ်မြေကို မျှော်လင့် တောင့်တမိကြ၏။ အတွင်းဘက်နယ်မြေသည် သိုင်းသမားတို့၏ လှည့်လည်မှုတို့ဖြင့် စည်ကား သိုက်မြိုက် နေပါသည်။ စွန့်ပစ်ဒေသထက် အများကြီး ပိုမိုစိတ်ဝင်စားစရာ ကောင်းလှ၏။
"ကျွန်တော် ဒီစိတ်ဝိဉာဉ် ပုံဆောင်ခဲတွေကို ညီလေးရွှီကို လက်ဆောင်အဖြစ် ပေးမယ်.."
ရှဲ့လင်ဖုန်းက အပြုံးတစ်ခုဖြင့် ပြောသည်။
"ဒါဆိုလည်း အားမနာတော့ဘူး.."
ရွှီယန်က ပျော်ရွှင်စွာဖြင့် လက်ခံလိုက်၏။
ထိုပုံကို တွေ့ရပြီးနောက် ဟူရှန်းကလည်း စိတ်ဝိဉာဉ်ပုံဆောင်ခဲ၅ခုတို့ကို ထုတ်ကာ မုန့်ချုံကို ပေးသည်။
"ကျေးဇူးတင်ပါတယ်.. ကျေးဇူးပဲ.."
မုန့်ချုံလည်း ပျော်သွား၏။
"အတွင်းဘက်နယ်မြေမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုက ရွှေ၁၀၀၀၀လျှံနဲ့ ညီမျှတယ်။ ဒါပေမယ့် စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေနဲ့ ရွှေကို အလွယ်တကူ လဲလှယ်လို့ရပေမယ့် ရွှေနဲ့တော့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို လဲလှယ်ဖို့ ခက်ခဲတယ်။ ပုံမှန်အားဖြင့် ဘယ်သူမှ စိတ်ဝိဉာဉ်ပုံဆောင်ခဲကို အမှန်တကယ် အသုံးပြုပြီး ရွှေနဲ့ လဲလှယ်မနေဘူး.."
"ဘာပဲဖြစ်ဖြစ် ရွှေနဲ့ဝယ်လို့ မရနိုင်ဘဲ စိတ်ဝိဉာဉ်ပုံဆောင်ခဲကိုပဲ အသုံးပြုရတဲ့ ပစ္စည်းတွေ ရှိနေလေသည်.."
ရှဲ့လင်ဖုန်းက စိတ်ဝိဉာဉ်ပုံဆောင်ခဲ၏ အသုံးပြုမှုများကို ဆက်လက်ရှင်းပြသည်။
ထိုပုံကို ကြည့်ကာ လီရွှမ်က သက်ပြင်းချ၏။
ရုတ်တရက် သူ၏တပည့်များ သူ့ထက် ပိုမိုကာ ချမ်းသာလာကြောင်းကို နားလည်လိုက်သည်။ မဟုတ်သေးပေ။ သူ၏ တပည့်များသည် အမြဲတမ်း သူ့ထက် ချမ်းသာ ကြွယ်ဝခဲ့၏။
"အတွင်းဘက်နယ်မြေက စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်။ စွန့်ပစ်ဒေသကတော့ အရမ်းကို နောက်ကျကျန်ခဲ့နေပြီ.."
"ဒီနေရာကို တိတ်ဆိတ် ခြောက်ကပ်တဲ့ မြို့ငယ်လေးလို့ပြောရင် အတွင်းဘက်နယ်မြေက စည်ကားသိုက်မြိုက်နေတဲ့ မြို့ကြီးတစ်ခုပဲ.."
"အတွင်းဘက်နယ်မြေကို သွားပြီးရင် စွန့်ပစ်ဒေသကို ပြန်မလာချင်တော့လောက်ဘူးမလား.."
လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစား၏။
သူသည် အတွင်းဘက်နယ်မြေကို သေချာပေါက်သွားရောက်မှာ ဖြစ်၏။ သို့ပေမယ့် အရမ်းကြီး လောစရာမလိုပေ။
ရှဲ့လင်ဖုန်းနှင့် သူ၏အဖော်တို့သည် ယွင်ရှန်းမြို့ငယ်တွင် ပင် နေထိုင်ကြသည်။ နေ့စဉ်နေ့တိုင်း ရွှီယန် မုန့်ချုံတို့နှင့် လာရောက်ယှဉ်ပြိုင် လေ့ကျင့်မှု ပြုကြ၏။
အစစ်အမှန်ချီအဖြစ် ပြောင်းလဲခြင်း ကျင့်စဉ်ကို ကျင့်ကြံရာ၌ ရွှီယန်က သူတို့အတွက် ညွှန်ကြားချက်တို့ကို ထောက်ပံ့ပေးသည်။
ဘာပဲဖြစ်ဖြစ် သူသည် မူလအဆင့်ရှိ သိုင်းသမားတစ်ယောက်ဖြစ်ပြီး သွေးနှင့်ချီကို အစစ်အမှန်ချီအဖြစ် သန့်စင်ခြင်းနှင့် အလွန်ရင်းနှီးနေပြီး ဖြစ်၏။
ထို့ကြောင့် လီရွှမ်က ရှဲ့လင်ဖုန်းတို့ကို သင်ကြားပေးသည့် ချီသန့်စင်ခြင်း နည်းလမ်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး ကျင့်စဉ်၏ စစ်မှန်သည့် အဓိပ္ပါယ်ကို နားလည်သဘောပေါက် နိုင်ပါသည်။
သို့ရာတွင် ရှဲ့လင်ဖုန်းတို့မှာတော့ အစစ်အမှန်ချီကို မစုစည်းနိုင်သေးဘဲ ရှိနေ၏။ ခဏတာအတွင်း စိတ်ဓါတ်ကျစွာ ခံစားလာရသည်။
"ဆရာ့ကို မေးကြည့်ရအောင်.."
ရွှီယန်က အကြံပေး၏။
ရှဲ့လင်ဖုန်းနှင့် သူ၏အဖော်တို့က ခေါင်းငြိမ့်ကြသည်။
သူတို့၏ တစ်ခုတည်းသော လမ်းကြောင်းမှာ ပိုမိုအတွေ့အကြုံ ကြွယ်ဝသည့် ဆရာကြီးဆီမှ အကြံဉာဏ်များကို တောင်းခံခြင်းသာ ရှိ၏။
သူတို့၏ အဖြစ်အပျက်ကို နားထောင်ပြီးနောက် လီရွှမ်က ချက်ချင်းပင် ပြဿနာ၏ တည်ရှိမှုကို နားလည်လိုက်သည်။
"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီ.."
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် အတွင်းဘက်နယ်မြေမှ သိုင်းသမားများ ဖြစ်ကြ၏။ ကျင့်ကြံရန်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီကို လိုအပ်ပါသည်။
သူတို့၏ သိုင်းပညာ အတွင်းအားချီကို သန့်စင်ကာ အစစ်အမှန်ချီအဖြစ် စုစည်းချင်လျှင်လည်း သဘာဝ၏ လင်းကျီတို့ မရှိပါက လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သူတို့သည် အတွင်းဘက်နယ်မြေ၏ သိုင်းပညာကို ကျင့်ကြံထားကြ၏။ ခန္ဓာကိုယ်အတွင်းတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားမရှိပေ။
စွန့်ပစ်ဒေသတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီမရှိရာ စိတ်ဝိဉာဉ်စွမ်းအင်၏ တည်ရှိမှုကို အာရုံခံနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ကျင့်ကြံနိုင်ခြင်း မရှိပါ။
အတွင်းအားချီကို သန့်စင်ပြီး အစစ်အမှန်ချီအဖြစ် စုစည်းရန်မှာ မဖြစ်နိုင်လုနီးပါး ရှိနေ၏။
ရှဲ့လင်ဖုန်းတို့ နှစ်ယောက်ကို သူလက်ဆင့်ကမ်းပေးခဲ့သည့် ကျင့်စဉ်မှာတော့ သေချာပေါက် ပြဿနာမရှိပါ။
အကြောင်းပြချက်ကို နားလည်လာပြီးနောက် လီရွှမ်ကပြော၏။
"အတွင်းဘက်နယ်မြေက သိုင်းသမားတွေအတွက် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက မရှိမဖြစ်လိုအပ်တယ်။ အစစ်အမှန်ချီကို သန့်စင်ပြီး စုစည်းနိုင်ဖို့အတွက် လင်းကျီက မရှိမဖြစ် လိုအပ်နေတယ်။ ဒါကြောင့် မင်းတို့နှစ်ယောက် အစစ်အမှန်ချီကို စုစည်းနိုင်ခြင်း မရှိကြတာ.."
ထိုစကားကို ကြားရပြီးနောက် ရှဲ့လင်ဖုန်းတို့ နှစ်ယောက်လည်း ရုတ်တရက် မည်သည်တို့ ဖြစ်နေသည့်အား နားလည်သွားကြသည်။ သူတို့၏ နှလုံးသားက နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်လာခဲ့၏။
"ညွှန်ကြားမှု ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး.."
စွန့်ပစ်ဒေသတွင် ကျင့်ကြံရန် မဖြစ်နိုင်ကတည်းက အတွင်းဘက်နယ်မြေသို့ ပြန်ရန် အချိန်သို့ ကျရောက်လာခဲ့ပါပြီ။ မူလက ဒီနေရာသို့ ရောက်လာရသည့် ရွယ်ချက်မှာ ရွှယ့်ဝူရှင်းကို သတ်ဖြတ်ရန်ဖြစ်၏။
"ရှဲ့အကို.. မင်းတို့တွေ ဘယ်တော့ ပြန်ကြမှာလဲ.."
ရွှီယန်လည်း အမှန်တရားကို နားလည်၏။
ရှဲ့လင်ဖုန်းက ပြတ်သားစွာနှင့် ပြောသည်။
"သိုင်းပညာ ကျင့်ကြံမှုဆိုတာ တစ်ရက်တောင်မှ နှောင့်နှေးနေလို့ မရဘူး။ ညီလေးရွှီ.. မနက်ဖြန်မှာပဲ ငါတို့တွေ အတွင်းဘက်နယ်မြေကို ပြန်ကြတော့မယ်.."
"ကောင်းပြီ။ တစ်နေ့မှာ ကျွန်တော်လည်း အတွင်းဘက်နယ်မြေကို လာပြီး အကိုရှဲ့ကို လာရှာမယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"ညီလေးရွှီ.. အတွေးဘက်နယ်မြေကို မင်းလာတဲ့အခါ ပြဿနာတွေ ကြုံတွေ့ခဲ့ရင် ငါ့ရဲ့နာမည်ကိုသာ စိတ်ချလက်ချ သုံးလိုက်။ ငါရှဲ့လင်ဖုန်းရဲ့ အမည်က အတွင်းဘက်နယ်မြေမှာ ဂုဏ်သတင်းအချို့တော့ ရှိနေသေးတယ်.."
ရှဲ့လင်ဖုန်းက စိတ်ရင်းဖြင့် ပြောသည်။
ရွှီယန်၏ မျက်လုံးများက လင်းလက်သွားပြီး ပျော်ရွှင်စွာ မေး၏။
"တကယ်လား.."
"ဒါပေါ့.."
ရှဲ့လင်ဖုန်းက ရင်ဘတ်ကိုပုတ်ကာ ဂုဏ်ယူစွာပြော၏။ "ဓားသခင် ချောက်ကမ်းပါးက ငါ.. ရှဲ့လင်ဖုန်းကလည်း အတွင်းဘက်နယ်မြေမှာ တော်တော်လေး နာမည်ကြီးပါတယ်ကွ.."
"ကောင်းပါပြီ.."
ရွှီယန်က ဝမ်းသာသွား၏။ ထို့နောက် မေးသည်။
"အဲ့ဒါဆို ဘာလုပ်လုပ် မင်းရဲ့ နာမည်ကို ပြောလို့ရတယ်မလား.."
ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်ကာ ပြောသည်။
"ဒါပေါ့။ ဘာဖြစ်ဖြစ် အဆင်ပြေတယ်။ ဘယ်ခက်ခဲမှုဖြစ်ဖြစ် ဘယ်ပြဿနာပဲဖြစ်ဖြစ် ကြုံတွေ့လာရင် ငါ့နာမည်ကိုသာ ပြောလိုက်.."
"ကောင်းပြီ။ ကျွန်တော်နားလည်ပြီ.."
ရွှီယန်က လေးနက်စွာ ခေါင်းငြိမ့်သည်။
"ငါ့အတွက်ကရော.."
မုန့်ချုံကလည်း ရှေ့သို့တက်ကာ မေး၏။
"ညီလေးမုန့်.. မင်းလည်း ငါ့ရဲ့နာမည်ကို ပြောလို့ရတယ်.."
ရှဲ့လင်ဖုန်းက ရင်ဘတ်ကိုပုတ်ကာ ဖြေကြား၏။
"အတွင်းဘက်နယ်မြေမှာ မင်းရဲ့နာမည်ကို ပြောတာက အဲ့လောက်ထိတောင် အသုံးဝင်တာလား.."
မုန့်ချုံက အံ့သြစွာ မေးသည်။
"ဒါက ကိစ္စသေးလေးပါ.."
ရှဲ့လင်ဖုန်းသည် နောက်ဆုံးတွင် အနည်းငယ် ဂုဏ်ယူမှုတို့ ပြန်လည် ရရှိလာခဲ့၏။
"ငါက ရှဲ့လင်ဖုန်းပဲ.. အတွင်းဘက်နယ်မြေမှာ နာမည်ကျော်ကြားပြီး လူသိများတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ တော်တော်လေး ဂုဏ်သတင်းရှိတယ်လို့ ပြောလို့ရတယ်.."
မုန့်ချုံက ခေါင်းငြိမ့်ကာ ပြောသည်။
"တစ်ခုခုဖြစ်ရင် အားနာမနေတော့ ဘူးနော်။ မင်းရဲ့နာမည်ကို သေချာပေါက် ပြောလိုက်မယ်.."
ဟူရှန်းက ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
"အင်း.. အဲ့လိုဆိုရင် မင်းငါ့နာမည်ကိုလည်း ပြောလို့ရတယ်။ ငါကလည်း အတွင်းဘက်နယ်မြေမှာ သခင်လေးလိုပဲ နာမည်ကျော်ကြားတယ်.."
ဓားသခင်ချောက်ကမ်းပါးမှ သိုင်းသခင် ဟူရှန်းမှာလည်း အတွင်းဘက်နယ်မြေတွင် နာမည်ကျော် သိုင်းသမားတစ်ယောက် ဖြစ်သည်။
"ကောင်းပြီ.."
မုန့်ချုံက ခေါင်းငြိမ့်သည်။
လီရွှမ်က ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကို ကြည့်ကာ သူ၏ပုံစံက အနည်းငယ် ထူးဆန်းသွားသည်။ အတွင်းဘက်နယ်မြေကို သွားပြီးပါက မည်သည့်ပြဿနာကိုမဆို ကြုံတွေ့ရလျှင် သူတို့၏ နာမည်များကို ပြောနိုင်သည်လား။
ဒီနှစ်ယောက်တော့ ပြဿနာတက်တော့မည်ကို သူ၏ စိတ်ထဲတွင် အာရုံတစ်ခု ရလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့တပည့်များ၏ အတွေးအခေါ်များသည် တစ်ခါတစ်ရံတွင် သာမန်လူများထက် ခြားနားနေတတ်၏။
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က နှုတ်ဆက်စကား ပြောကာ ထွက်ခွာသွားကြ၏။ အတွင်းဘက်နယ်မြေသို့ မပြန်ခင်တွင် သူတို့နှစ်ယောက်သည် ချီနိုင်ငံ၏ မြို့တော်ဆီသို့ သွားရောက်ရန် စီစဉ်ထားကြသည်။
ရှဲ့လင်ဖုန်း၏ အမြင်တွင် ဧကရာဇ်ချီမှာ လူကောင်းတစ်ယောက်ဖြစ်၏။ သူ့ကို မောင်းမဆောင်သို့ သွားရောက်ပြီး စိတ်အခြေအနေအား ကျင့်ကြံရန်အတွက် ကိုယ်လုပ်တော်များကို ငှားရမ်းခဲ့၏။
မထွက်ခွာခင်တွင် အနည်းဆုံးတော့ ကျေးဇူးတင်စကား ပြောခဲ့သင့်၏။
ရွှီယန်ကလည်း သူ၏ထောက်ခံမှုကို ဖော်ပြသည်။
ဧကရာဇ်ချီကို အမှန်တကယ် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ဆို၏။
သူလည်းပဲ မောင်းမဆောင်မှ မိန်းမလှလေးများကို အသုံးပြုကာ စိတ်အခြေအနေကို မြှင့်တင်ခဲ့ပြီး သိုင်းပညာနှလုံးသားအတွက် အခြေခံကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရှဲ့လင်ဖုန်းတို့ကို နှုတ်ဆက်စကား ပြောပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့သည် သဘာဝတရား၈ပါး ပုံကြမ်းကို ဆက်လက်လေ့လာကြသည်။ နေထိုင်မှု ဘဝက ပုံမှန်အတိုင်း ပြန်လည် ဖြစ်လာခဲ့၏။
လီရွှမ်က နေ့စဉ်နေ့တိုင်း ရှေးဟောင်းသားရေစာအုပ်ကို ဖတ်လေ့ရှိသည်။ ထိုအပြင် အတွင်းဘက်နယ်မြေရှိ သိုင်းကျင့်စဉ်များကို ကိုးကားမှုပြုကာ မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်အား မြှင့်တင်မှုများ ပြုလုပ်၏။
မုန့်ချုံမှာ ချီနှင့်သွေးအဆင့်၏ ကျင့်ကြံခြင်းအတတ်အား နားလည်သဘောပေါက်ပြီး ဖြစ်သည်။ လက်ရှိအချိန်သည် ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်၏ မူလအဆင့် ကျင့်စဉ်အား တီထွင်ရန် အချိန်ရောက်ပါပြီ။
ရွှီယန်မှာ မူလအဆင့်သို့ ချိုးဖြတ်ပြီးဖြစ်၏။ စတင်ဝင်ရောက်ခါစသာ ရှိသေးပေမယ့် သူ့ကိုလည်း မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်အားသင်ပေးလို့ ရပါသည်။
ရွှီယန်သာ ကြိုတင် နားလည်သဘောပေါက်မှုတို့ ရလာပါက ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုများ ရရှိလာမှာ ဖြစ်သည်။ ထိုအခါ သူလည်း အဆင့်ချိုးဖြတ်နိုင်မှာ ဖြစ်၏။
ရှီအာမှာ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ သူသည် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ရန် ဝေးကွာခြင်း မရှိတော့ပါ။
'ရှီအာက ငါ့ရဲ့ အစေခံတစ်ယောက်ပဲ။ သူစတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးရင် ဘယ်လို တန်ပြန်အကျိုးပြုမှုတွေ ရမလဲ မသိဘူး..'
လီရွှမ်က စိတ်ထဲတွင် စဉ်းစားသည်။ ရှီအာက အစေခံတစ်ယောက်ဖြစ်၏။ တပည့်တစ်ယောက် မဟုတ်ပေ။
ကျင့်ကြံသည့် ကျင့်စဉ်မှာလည်း နဂိုကတည်းက ပြည့်စုံပြီးဖြစ်သည့် သိုင်းကျင့်စဉ် ဖြစ်၏။ အသစ်တီထွင်ထားသည့် ကျင့်စဉ်မျိုး မဟုတ်ပေ။
ထို့ကြောင့် တန်ပြန်အကျိုးပြုမှုတို့ ရနိုင်မည်လား ဟူသည်မှာ မသိနိုင်ဘဲရှိနေ၏။ အလွန်နည်းပါးစွာ ရလာနိုင်လျှင်တောင် မည်သည်မှ မရခြင်းထက်တော့ ပိုမိုကောင်းမွန်ပါသည်။
ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်တွင် ရွှီယန်က သဘာဝတရား၈ပါး ပုံကြမ်းအပေါ်တွင် ကျင့်ကြံနေ၏။
ရုတ်တရက် သူ၏ခြေထောက်များက "ကျန်း" နေရာတွင် ရပ်တန့်သွားသည်။
"ကျန်း" ဟာ မိုးကြိုးကိုကိုယ်စားပြု၏။
သူ၏စိတ်ထဲတွင် တယ်လီပို့ခြင်း၊ ဘဲငန်းလှုပ်ရှားမှု အတတ်နှင့် နားလည်သဘောပေါက်ထားသည့် သဘာဝတရား၈ပါး၏ အသိအမြင်များက ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် ဉာဏ်အလင်းပွင့်မှုတစ်ခု ရရှိလာပုံပေါ်၏။
"မိုးကြိုးလို မြန်ဆန်ပြီး ခန္ဓာကိုယ်က အရိပ်မရှိဘူး... လျှပ်စီးဆိုတာ တစ်ချက်လက်လိုက်ရုံပဲ။ ဘာသဲလွန်စမှ မကျန်ခဲ့ဘူး.."
ရွှီယန်၏ စိတ်ထဲတွင် နားလည်သဘောပေါက်မှု တစ်ခု ရသွားခဲ့ပြီး ဒီအချိန်၌ သူက ဉာဏ်အလင်းပွင့်မှု ရလာခဲ့သည်။ သူ၏ စိတ်ထဲတွင် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ် အသစ်တစ်ခုက ထွက်ပေါ်လာခဲ့၏။
"ဝူ့.."
သူ၏ပုံရိပ်က ရပ်နေသည့် နေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး မည်သည့် သဲလွန်စမှ ကျန်ရစ်ခြင်း မရှိတော့ပေ။
မုန့်ချုံ၏ မျက်လံုးများက ပြူးကျယ်နေပြီး ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေ၏။ သူ၏ စီနီယာအကို မည်သည့်နေရာတွင် ရှိသည်ကို တွေ့မြင်နိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။
မျက်စိတမှိတ်အတွင်းတွင် မြင်ကွင်းအတွင်းမှ ရှိ၏။