← Chapters

ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း၊ ဓားပျိုးထောင်ခြင်း နည်းလမ်း

Vol. 8 Ch. 118

ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း၊ ဓားပျိုးထောင်ခြင်း နည်းလမ်း

Vol. 8 Ch. 118

ရွှီယန်က နားလည်သဘောပေါက်မှု ရလာပြန်ပြီး တယ်လီပို့ခြင်းနှင့် ဘဲငန်းလှုပ်ရှားမှု အတတ်တို့ကို ပေါင်းစပ်ကာ နောက်ထပ် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ် အသစ်တစ်ခုအား နားလည်လာခဲ့သည်။

မုန့်ချုံက စူးစမ်းရှာဖွေနေ၏။ ရုတ်တရက် သူ၏ဘေးတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကတော့ ရွှီယန်ဖြစ်၏။

"စီနီယာအကို.. ဒါက ဘယ်လို ခြေလှမ်းသိုင်းမျိုးလဲ.." မုန့်ချုံက အံ့သြစွာဖြင့် မေးသည်။ အလွန် မြန်ဆန်ကာ တိတ်ဆိတ်ပြီး သဲလွန်စ ကင်းမဲ့လှသည်။ ပုံရိပ်တစ်ခုကဲ့သို့ ပေါ်လာကာ ပြန်လည် ပျောက်ကွယ်သွားနိုင်၏။

ရွှီယန်က အပြုံးတစ်ခုနှင့် ပြောသည်။

"ဂျူနီယာညီလေး.. ဒါကို ကောင်းကင်လျှပ်စီးအလင်း လှုပ်ရှားမှုအတတ်လို့ ခေါ်တယ်။ ကောင်းကင်လျှပ်စီးလိုပဲ လက်သွားပြီး ဘာသဲလွန်စမှ မကျန်ဘဲ ဖမ်းဆီးဖို့ မဖြစ်နိုင်ဘူး.."

"ကောင်းကင်လျှပ်စီး အလင်းလား.."

မုန့်ချုံက ရေရွတ်သည်။

"ဟုတ်တယ်။ ကောင်းကင်လျှပ်စီး အလင်း.."

ရွှီယန်က လှုပ်ရှားမှု မပြုပါ။ သို့ပေမယ့် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မည်သည့်သဲလွန်စ အစအနမှ မကျန်ရစ်တော့ပေ။

နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေပေမယ့် မုန့်ချုံအနေနှင့် ရွှီယန်က  ကောင်းကင်လျှပ်စီး အလင်းအား အသုံးမပြုခင်တွင် မည်သည့် လက္ခဏာရပ်ကိုမှ သတိထားမိခြင်း မရှိပါ။

ကြည့်ရတာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည့်ပုံ ပေါ်၏။

"ဒီခန္ဓာကိုယ်လှုပ်ရှားမှု အတတ်က အရမ်းကို အစွမ်းထက်လွန်းတယ်.."

မုန့်ချုံက နက်ရှိုင်းစွာ သက်ပြင်းချမိသည်။ စီနီယာအကို၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ အလွန် အားကောင်းလှပြီး အမှန်တကယ်ကို ကြောက်ဖို့ကောင်း၏။

ရွှီယန်က ပြန်ပေါ်လာပြီးနောက် ပြော၏။

"ဂျူနီယာညီလေး.. ငါမင်းကို ကောင်းကင်လျှပ်စီး အလင်း ခြေလှမ်းအတတ်ကို သင်ပေးရင်ရော.."

မုန့်ချုံက ခဏတာ စဉ်းစားသည်။ ထို့နောက် ခေါင်းကိုရမ်းကာ ပြော၏။

"စီနီယာအကို.. ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှုကို ပြုလုပ်တာ။

ကောင်းကင်လျှပ်စီးအလင်းက မြန်ပေမယ့် ကျွန်တော့်အတွက် သင့်တော်တယ်လို့ မထင်ဘူး.."

သူက ခေါင်းကိုကုပ်ကာ ငတုံးတစ်ယောက်ကဲ့သို့ ရယ်သည်။

"ကျွန်တော်က မြန်ဆန်ပြီး ကြမ်းတမ်းတဲ့.. ကြီးစိုးမှုကြီးမားတဲ့ ရွေ့လျားမှု အတတ်မျိုးကိုပဲ ကြိုက်တာ။ အဲ့ဒီ့အပြင် ကောင်းကင်လျှပ်စီး အလင်းကို ကျွန်တော်ကျင့်ကြံရင်တောင် အခု စီနီယာအကို ပိုင်ဆိုင်ထားတဲ့ အဆင့်အထိ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး.."

ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် သဘောတူစွာ ခေါင်းငြိမ့်သည်။ သူတို့၏ ဆရာက လူတိုင်းတွင်  ခြားနားသည့် နားလည်သဘောပေါက်မှုများ ရှိသည်ဟု ပြောခဲ့၏။ မိမိနှင့် သင့်တော်သည့် အရာသာလျှင် အကောင်းဆုံး ဖြစ်သည်။

"ကောင်းပါပြီ။ ဂျူနီယာညီလေး.. ဒါကို ကိုးကားချက်လုပ်ပြီး မင်းရဲ့လမ်းစဉ်ကို နားလည်သဘောပေါက်အောင် လုပ်ပြီး ကိုယ်ပိုင် ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်ကို ဖန်တီးပေါ့.."

"ဟုတ်ကဲ့ပါ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

ရွှီယန်က သဘာဝတရား၈ပါး ပုံကြမ်းပေါ်တွင် ရပ်ရင်းကပြောသည်။

"ဂျူနီယာညီလေး... မင်း.. ကြီးစိုး..လျှင်မြန်ပြီး  ကြမ်းတမ်းတဲ့ လှုပ်ရှားမှု အတတ်မျိုးကို လိုချင်တယ်ဆိုရင် ဒီလျှပ်စီးမိုးကြိုးအပေါ်ကို အာရုံစိုက်ပြီး သေသေချာချာ လေ့လာ.."

မုန့်ချုံက စဉ်းစားပြီးနောက် ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု တွေးမိသည်။

...

လီရွှမ်သည် နေ့စဉ်နေ့တိုင်း ရှေးဟောင်း သားရေစာအုပ်ကို ထုတ်ကာ ဖတ်ရှုသည့် အလေ့အကျင့်တစ်ခု ရလာခဲ့သည်။ တစ်နေ့တွင် သူည် ရုတ်တရက် ဉာဏ်လင်းပွင့်မှု ရလာမှာလည်း ဖြစ်နိုင်၏။ အမြဲတမ်း မိမိဘာသာ ရုတ်တရက် နားလည်သဘောပေါက်မှုများ ရလာနိုင်သည့် ရွှီယန်ကဲ့သို့ပင်။

ရွှေရောင်အလင်းက  ရုတ်တရက် ပေါ်လာခဲ့သည်။ သူက ချက်ချင်းပင် ဝမ်းသာသွား၏။ ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုက ရောက်လာခဲ့လေပြီ။

ဤသည်မှာ မုန့်ချုံ၏ သွေးနှင့်ချီအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိမှု ကြောင့်လား။ ဒါမှမဟုတ် ရွှီယန်၏ မူလအဆင့်တွင် အသေးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိခဲ့မှုကြောင့်လား မသိပေ။

"သင်၏တပည့် ရွှီယန်သည် သင်ဖန်တီးထားသည့် သဘာဝတရား၈ပါး ပုံကြမ်းမှ ကောင်းကင်လျှပ်စီးအလင်း ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်ကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် ကောင်းကင်လျှပ်စီးအလင်းကို ပြည့်စုံစွာ တတ်မြောက်သွားသည်.."

'ရွှီယန်က ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်အသစ်တစ်ခုကို နားလည်သဘောပေါက်ခဲ့တာလား..'

'ကောင်းကင်လျှပ်စီး အလင်းတဲ့..'

ချက်ချင်းပင် သူသည် ကောင်းကင်လျှပ်စီးအလင်း ခန္ဓာကိုယ် လှုပ်ရှားမှု အတတ်အား တတ်မြောက်သွားခဲ့သည်။ တစ်ခါတည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွား၏။ သူ့ကိုယ်သူ ထိုလှုပ်ရှားမှု အတတ်နှင့် မွေးဖွားလာ သကဲ့သို့ ခံစားရသည်။

'ဘယ်လောက် စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်လဲ..'

လီရွှမ်က အံ့သြသွားသည်။

ဒီခန္ဓာကိုယ်လှုပ်ရှားမှု အတတ် ရှိထားရာ ရန်သူနှင့် တိုက်ခိုက်ရာတွင် အနိုင်မရလျှင်တောင် ထွက်ပြေးရန်အတွက် လုံလောက်သည်ထက် ပိုပါသည်။

သူ၏ပုံရိပ်က ကုလားထိုင်ပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဘေးတွင် အပတ်တကုတ် ကြိုးစားကာ ကျင့်ကြံနေသည့် ရှီအာမှာ မည်သည်ကိုမှ သတိထားမိခြင်း မရှိပေ။

ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်တွင်... လီရွှမ်၏ ပုံရိပ်က ထွက်ပေါ်လာခဲ့၏။ သူက အောက်ရှိ သဘာဝတရား၈ပါး ပုံကြမ်း၏ နားလည်သဘောပေါက်မှုတို့အပေါ် ဆွေးနွေးမှု ပြုနေသည့် တပည့်နှစ်ယောက်တို့ကို ကြည့်သည်။

ရွှီယန်၏ ညွှန်ကြားချက်နှင့် ယခုအချိန်၌ မုန့်ချုံက  ကိုယ်ပိုင် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ် တစ်ခုကို ရရှိရန် ချင့်ချိန်စဉ်းစားမှုများ ပြုလုပ်နေပါသည်။ ဉာဏ်လင်းပွင့်မှုအချို့ ရရှိခဲ့ပုံ ပေါ်၏။

ချက်ချင်းပင် လီရွှမ်သည် ကုလားထိုင်ပေါ်သို့ ပြန်လာခဲ့သည်။ ထွက်ခွာမှုနှင့် ပြန်လာမှုတို့ အကြားတွင် ရှီအာနေနှင့် မည်သည်ကိုမှ မသိဘဲ ရှိနေ၏။

'ငါ့ရဲ့ ဒုတိယတပည့်လည်း မကြာခင်မှာ နားလည်သဘောပေါက်မှု ရလာမှာ။ သူဘယ်လိုမျိုး စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်တစ်ခုကို ရလာမလဲ မသိဘူး..'

လီရွှမ်က ဝမ်းသာစွာဖြင့် မျှော်လင့်နေမိ၏။

'ရွှီယန်က တကယ့်ကို စီနီယာအကိုကြီးပဲ။ ငါ့.. သိုင်းပညာလမ်းစဉ်ရဲ့ စစ်မှန်တဲ့ ရှေ့ဆောင်တစ်ယောက်ပဲ။ နောင်မှာ တပည့်တွေ ရလာရင် သူ့ဆီက သင်ယူခိုင်းလို့ရတယ်။ အဲ့ဒါဆိုရင် သူတို့လည်း  နားလည်သဘောပေါက်မှုတွေ တိုးလာမှာ..'

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ နားလည်သဘောပေါက်မှုနှင့် စိတ်ကူးစိတ်သန်း အရာတွင် ရွှီယန်သည် သံသယဝင်စရာ မရှိလောက်အောင် အားအကောင်းဆုံး ဖြစ်၏။

၃ရက်ကြာပြီးနောက်... ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်တွင် ရွှေရောင်အလင်းများ ဖြာထွက်နေပြီး ကြီးစိုး‌ခြင်း အငွေ့အသက်ရှိသည့် ပုံရိပ်တစ်ခု တောထဲ၌ ရွှေရောင်လျှပ်စီးတစ်ခုကဲ့သို့ ဖြတ်ကျော်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

မုန့်ချုံသည် မူလအဆင့်သို့ မရောက်သေးပေ။ သူ့အနေနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ် တစ်ခုကို နားလည်သဘောပေါက် လာနိုင်လျှင်တောင် ရွှီယန်ကဲ့သို့ ကောင်းကင်တွင် ပျံသန်းကာ ချက်ချင်း ပျောက်ကွယ်သွားနိုင်ခြင်း မရှိပါ။

သို့ရာတွင် သူရွေ့လျားဖြတ်ကျော်သွားသည့် အမြန်နှုန်းက ကြောက်စရာကောင်းလှဆဲ ရှိ၏။ ဤသည်မှာ မိုးကြိုးတစ်ခု မြေပြင်ပေါ်တွင် ယှက်ပြေးသွားသည့်နှယ် ရှိနေပြီး ကြီးစိုးကာ အနှိုင်းမဲ့လှသည်။ အမှန်တကယ်ကို မြန်ဆန်ကာ ကြမ်းတမ်း၏။

'ငါနားလည် သဘောပေါက်ပြီ..'

မုန့်ချုံ၏ စိတ်ထဲတွင် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်၏ သဘောတရားတို့ ပေါ်လာခဲ့သည်။

သူသာ မူလအဆင့်သို့ ချိုးဖြတ်ပြီးပါက စစ်မှန်သည့် လျှပ်စီးမိုးကြိုးကဲ့သို့ ကောင်းကင်ကို ဖြတ်သန်း ရွေ့လျားနိုင်မှာ ဖြစ်သည်။ ကြီးစိုးကာ အနှိုင်းမဲ့စွာဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ပျောက်ကွယ်သွားနိုင်၏။

သူ၏ အမြန်နှုန်းက ကောင်းကင်လျှပ်စီး အလင်းထက် အနည်းငယ် နိမ့်ကျပေမယ့် ဒီခန္ဓာကိုယ်လှုပ်ရှားမှုအတတ်မှာ သူ၏ ပုံစံနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေပြီး အရိုင်းဆန်ကာ ကြီးစိုးသည်။

ခဏကြာပြီးနောက် မုန့်ချုံတစ်ယောက် သူစတင်ခဲ့တဲ့ နေရာဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

"စီနီယာအကို.. ငါ.. ဒီခန္ဓာကိုယ်လှုပ်ရှားမှု အတတ်ကို အမည်တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါကို ဒေါသမိုးကြိုးရဲ့ ကောင်းကင်ကို ဖြတ်သန်းခြင်းလို့ ခေါ်မယ်။ မိုးကြိုးပစ်သလို ပဲပေါ့.."

"ဒေါသမိုးကြိုးရဲ့ ကောင်းကင်ကို ဖြတ်သန်းခြင်း... ကောင်းတယ်"

"ငါတို့ရဲ့ ခွန်အားအဆင့်က နိမ့်ပါးနေသေးတယ်။ ဒါကြောင့် သဘာဝတရား၈ပါး ပုံကြမ်းအပေါ် နားလည်သဘောပေါက်နိုင်မှုက အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေပြီ။ ဆက်ပြီးတော့ ရှေ့မတက်နိုင်တော့ဘူး။ ဒါ့ကြောင့် အခု လုပ်ဆောင်ရမယ့် အရာက ခွန်အားအဆင့်ကို မြှင့်တင်ဖို့အတွက် ကြိုးကြိုးစားစား ကျင့်ကြံမှုပဲ.."

ရွှီယန်က ခေါင်းငြိမ့်ကာ ပြော၏။

"ကျွန်တော်လည်း မူလအဆင့်ကို အမြန်ဆုံး ချိုးဖြတ်ချင်ပြီ.."

မုန့်ချုံက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်သည်။

မူလအဆင့်သို့ ချိုးဖြတ်ပြီးမှသာလျှင် ယခုကဲ့သို့ ကြီးစိုးလှသည့် ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်၏ အစွမ်းကို ပြသနိုင်ပေလိမ့်မည်။ သူသည် မျှော်လင့်ချက် အပြည့်ဖြင့် ရှိနေ၏။

လီရွှမ်က ရှေးဟောင်း သားရေစာအုပ်ကို ဖတ်ရှု့နေချိန်တွင် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ သူက ဝမ်းသာသွားသည်။ ဤသည်မှာ မုန့်ချုံ၏ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်အား နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"သင်၏တပည့် မုန့်ချုံသည် သင်ဖန်တီးထားသည့် သဘာဝတရား၈ပါး ပုံကြမ်းမှ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်- ဒေါသမိုးကြိုး၏ ကောင်းကင်အား ဖြတ်သန်းခြင်းကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် ဒေါသမိုးကြိုး၏ ကောင်းကင်ကို ဖြတ်သန်းခြင်း အတတ်အား ပြည့်စုံစွာ တတ်မြောက်သွားသည်.."

"ဒေါသမိုးကြိုး၏ ကောင်းကင်ကို ဖြတ်သန်းခြင်းအတတ်.."

"ဒီခန္ဓာကိုယ်လှုပ်ရှားမှု အတတ်က တကယ့်ကို မုန့်ချုံနဲ့ သင့်တော်တယ်။ သူ့ရဲ့ ကတုံးပြောင်က ကြည့်လိုက်ရင် အကြောက်တရား ကင်းမဲ့ပြီး သန်မာတဲ့  စစ်သည်တစ်ယောက်လို ထင်ရစေတယ်။ ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်က ကြီးစိုးတဲ့ အရှိန်အဝါတွေ ပါဝင်နေပြီး သူနဲ့ပြီးပြည့်စုံစွာ လိုက်ဖက်တယ်.."

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ ဒေါသမိုးကြိုး၏ ကောင်းကင်ကို ဖြတ်သန်းခြင်းမှာ ၎င်း၏ အမည်ကဲ့သို့ပင် ရှိသည်။ ကောင်းကင်လျှပ်စီး အလင်းကဲ့သို့ အလွန်အမြန်ဆန်ကာ သဲလွန်စမရှိအောင် မစွမ်းဆောင်နိုင်ပေမယ့် ၎င်းသည်လည်း အလွန်မြန်ဆန်လှပါသည်။

ဒေါသထွက်နေသည့် မိုးကြိုး၏ ကောင်းကင်ကို  ဖြတ်သန်းသည့်နှယ် ချက်ချင်း ပျောက်ကွယ်သွားနိုင်၏။

"ကောင်းကင်လျှပ်စီးအလင်း+ ဒေါသမိုးကြိုး၏ ကောင်းကင်ကို ဖြတ်သန်းခြင်း...

သင်သည် ဒီဗိုင်းလျှပ်စီးမိုးကြိုး၏ ဟင်းလင်းပြင်ကို ဖြတ်‌ကျော်ခြင်းအား ရရှိသည်.."

ရုတ်တရက် ရွှေရောင်အလင်းက ပေါ်လာပြန်၏။ လီရွှမ်ကဝမ်းသာသွားသည်။

'နောက်ဆုံးတော့ ငါ့ရဲ့ကိုယ်ပိုင် အထူးသီးသန့် ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်တစ်ခု ရှိလာခဲ့ပြီ..'

ဤသည်က အလွယ်ကူခြင်း မရှိခဲ့ပေ။

'ဒီဗိုင်းလျှပ်စီးမိုးကြိုးရဲ့ ဟင်းလင်းပြင် ဖြတ်ကျော်ခြင်းက တကယ့်ကို စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု အတတ် တစ်ခုပဲ..'

All Chapters