← Chapters

ဆေဘာကို စိတ်ဖြင့် ပျိုးထောင်ခြင်း၊ ကြီးမြတ်သော နေရွှေခန္ဓာ

Vol. 8 Ch. 120

ဆေဘာကို စိတ်ဖြင့် ပျိုးထောင်ခြင်း၊ ကြီးမြတ်သော နေရွှေခန္ဓာ

Vol. 8 Ch. 120

ဆေဘာပျိုးထောင်ခြင်း နည်းလမ်းအား ညွှန်ကြားပေးပြီးနောက် မုန့်ချုံသည် သူ၏‌ ဆေဘာနှင့် ဘယ်တော့မှ ခွဲခွာခြင်း မပြုတော့ပေ။ ချီနှင့်သွေးကို အသုံးပြုပြီး မကြာခဏ ပျိုးထောင်မှုပြု၏။ တစ်ဆက်တည်းတွင် ဆေဘာကို နှလုံးသားနှင့် မည်ကဲ့သို့ ပျိုးထောင်ရမည်အားလည်း  စဉ်းစားသည်။

မုန့်ချုံအနေနှင့် ဆေဘာကို ပျိုးထောင်ကာ ဆေဘာဝိဉာဉ်ကို နိုးထနိုင်စေမည်လား ဟူသည်ကတော့ လီရွှမ်အနေနှင့် စောင့်ကြည့်ပြီးမှသာ အဖြေတစ်ခု ရနိုင်ပေလိမ့်မည်။

ကံကောင်းစွာပင် မုန့်ချုံသည် သူ၏ကျင့်ကြံမှုတွင်  ဘယ်တော့မှ နှောင့်နှေးသွားသည့် လက္ခဏာတို့ ပြသခြင်း မရှိပါ။ အဲ့ဒီ့အစား ပိုမိုကာပင် ဇွဲလုံ့လ ကြီးလာခဲ့၏။

သူသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို ပြီးမြောက်စွာ ကျင့်ကြံနိုင်ရန် မဝေးတော့ပါ။

ရွှီယန်မှာ ယွင်ရှန်းမြို့ငယ်၊ သုံဟယ်မြို့နှင့် ချီနိုင်ငံ၏ တော်ဝင်မြို့တို့ အကြား သွားသွားလာလာ လုပ်ရင်းမှ  ကောင်းကင်လျှပ်စီး အလင်း၏ နက်နဲမှုနှင့် ဆန်းကြယ်ပုံများအား ပိုမို အသားကျလာခဲ့သည်။

သူသည် ကိုယ်ပိုင် ကျင့်ကြံမှုအတွက်လည်း လျော့ရဲသွားခြင်းမရှိပါ။ မူလအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန်အတွက် ဝေးကွာခြင်း မရှိတော့ပေ။

လီရွှမ်မှာတော့ ဒီအချိန်သည် ရွှီယန်အား မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်ကို သင်ကြားပေးရန်အတွက် အချိန်သို့ ရောက်ရှိလောက်ပြီဟု စဉ်းစားနေပါသည်။

ရွှီယန်၏ ယခုကဲ့သို့ ဆက်တိုက်လှည့်လည် သွားလာနေရခြင်း နောက်ရှိ ရည်ရွယ်ချက်အား သူနားလည်ပါသည်။

ဤသည်မှာ မိဘများနှင့် ဆွေမျိုးများ၏ ခွန်အားကို လျှင်မြန်စွာ မြှင့်တင်ပေးနိုင်ရန် အတွက် ကြိုးစားပေးခြင်းသာ ဖြစ်သည်။

ထိုအခါမှသာ သူ့တွင် လုံလောက်သည့် စွမ်းအားတို့ရှိလာပါက စိုးရိမ်ကြောင့်ကျမှု မရှိဘဲ အတွင်းဘက်နယ်မြေကို စွန့်စားသွားလာနိုင်မည် ဖြစ်သည်။

ရွှီယန်သည် အတွင်းဘက်နယ်မြေကို သွားရောက်ရန်အတွက် မျှော်လင့်ခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်သည်။

သူ့အတွက် စွန့်ပစ်ဒေသသည် မည်သည့် သိုင်းပညာရှင်မှမရှိဘဲ အလွန်ပျင်းဖို့ ကောင်းလှသည် ထင်၏။

ရှဲ့လင်ဖုန်း၏ စကားအရ ရွှီယန်တစ်ယောက် အတွင်းဘက်နယ်မြေ၏ ကျယ်ပြောမှုတို့ကို သိရှိခဲ့ရသည်။

ထိုနေရာတွင် မရေမတွက်နိုင်သည့် ဂိုဏ်းများ၊ များပြားလှသည့် သိုင်းပညာရှင်များဖြင့် ပြည့်နက်နေပြီး သိုင်းလောကကို အလွန်စည်ကား သိုက်မြိုက်စေသည်။

နှိုင်းယှဉ်ကြည့်ပါက စွန့်ပစ်ဒေသမှာ အလွန်တိတ်ဆိတ်‌ခြောက်ကပ်လှ၏။ သိုင်းသမားတစ်ယောက်သည် သိုင်းလောကကို စွန့်စားသွားလာ သင့်ပါသည်။

ရွှီယန်၏ ကူညီမှုဖြင့် ရွှီမိသားစုမှ အခြားအဖွဲ့ဝင်များ၏ ကျင့်ကြံမှုလည်း ပိုမို မြန်ဆန်လာခဲ့သည်။ သို့ပေမယ့် စတင်ခြင်း အဆင့်သို့ ဝင်ရောက်ရန်တော့ သက်ဆိုင်ရာ အချိန်တစ်ခုအား လိုအပ်နေဦးမှာ ဖြစ်၏။

မူလအဆင့်အထိ ကျင့်ကြံရန်မှာတော့ သူတို့၏ လက်ရှိတိုးတက်မှုနှင့် ၁၀နှစ်လောက်ကြာမှ မျှော်လင့်ချက် ရှိလာလောက်ပါသည်။

ယခုအချိန်၌ မုန့်ချုံက ဆေဘာ ပျိုးထောင်ခြင်းအဆင့်တွင် ရှိနေ၏။ သူသည် အချိန်အများစုတို့တွင် မြို့ပြင်ရှိ တောင်များပေါ်၌ ကုန်ဆုံးခြင်း သို့မဟုတ် တောင်စောင်းတစ်ခုပေါ်တွင် ထိုင်နေခြင်းဖြင့်  အချိန်ကုန်ဆုံးလေ့ရှိသည်။ ဆေဘာပျိုးထောင်ခြင်းတွင် ဉာဏ်လင်းပွင့်မှု တစ်ခုအား ရှာဖွေရန် ကြိုးစားနေ၏။ သူ၏နှလုံးသား စိတ်ဆန္ဒတို့နှင့် ဆေဘာပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိရန် မျှော်လင့်နေသည်။

လီရွှမ်အနေနှင့် မုန့်ချုံတစ်ယောက် မည်မျှ တိုးတက်မှုတို့ လုပ်နိုင်ခဲ့ပြီလဲဟု သေချာခြင်း မရှိပါ။

ဆေဘာပျိုးထောင်ခြင်း နည်းလမ်းကို သူကိုယ်တိုင် ဖန်တီးခဲ့တာဖြစ်ပြီး သူ၏ ခွန်အားအဆင့်က မုန့်ချုံထက် များစွာ ပိုမို သန်မာနေလျှင်တောင် ယခုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်လှသည့် ဆေဘာပျိုးထောင်ခြင်း၏ တိုးတက်နှုန်းကို သူ့အနေနှင့် တိကျစွာ မြင်နိုင်ခြင်း မရှိပေ။

သူက ထိုကိစ္စကို အရမ်းကြီး အာရုံထားခြင်း မရှိတော့ပါ။ မုန့်ချုံအနေနှင့် ကျင့်ကြံမှုတွင် လျစ်လျူရှု့ခြင်း မရှိပါက ဆေဘာပျိုးထောင်ခြင်း သို့မဟုတ်  ဆေဘာဝိဉာဉ်ကို နိုးထစေခြင်းတို့အား ပြုလုပ်နိုင်ခြင်း မရှိလျှင်တောင် ကျင့်ကြံမှုအဆင့်အား ဆက်လက်မြှင့်တင် နိုင်နေပါက အဆင်ပြေပါသည်။

သူကား ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုများကို ဆက်လက်ရရှိနိုင်ဦးမှာ ဖြစ်၏။

တစ်နေ့တွင် သူသည် ရှေးဟောင်းသားရေစာအုပ်ကို လေ့လာ နေခဲ့၏။ ဒီတစ်ကြိမ်တွင် ခြားနားသည့် နည်းလမ်းကို အသုံးပြုရန် စဉ်းစားလိုက်သည်။

နေ့စဉ်နေ့တိုင်း ပထမဆုံး စာမျက်နှာကိုသာ လေ့လာပြီး ထိုစာမျက်နှာရှိ ပထမဆုံး သင်္ကေတကိုသာ ကြည့်ရှု၏။ စာရွက်တစ်ရက်တည်းကို စူးစိုက်ထားခြင်းက  တစ်ခုခု ရရှိလာမှာ ဖြစ်နိုင်၏။

ရွှေလက်ချောင်းက ထွက်ပေါ်လာခဲ့သည်။

"သင်၏တပည့် မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို တတ်မြောက်သွားခဲ့သည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က တိုးတက်လာခဲ့၏။ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာကွယ်၏ ခံနိုင်ရည်က မြင့်တက်လာပြီး အစစ်အမှန်ချီတို့ အနည်းငယ် တိုးပွားလာခဲ့သည်.."

မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို ပြည့်စုံစွာ တတ်မြောက်သွားပြီး ချီနှင့်သွေးအဆင့်၏ အကြီးစား ကျွမ်းကျင်မှုသို့ ချိုးဖြတ်သွားသည်။ နောက်တစ်ဆင့်မှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန်ဖြစ်၏။

ထို့ကြောင့် လီရွှမ်လည်းပဲ ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုတို့ကို လက်ခံရရှိခဲ့သည်။

မုန့်ချုံ၏ အဆင့်က သူ့ထက် အဆင့်ကြီးတစ်ဆင့် နိမ့်ပါးကာ တန်ပြန်အကျိုးပြုမှုက နည်းပါးသည်ဟု ဆိုနိုင်ပေမယ့် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်၏ အသွေးအသား ခံနိုင်ရည်က ၂ဆကျော် တိုးတက်လာခဲ့သည်။

သူ၏ အစစ်အမှန်ချီ တိုးတက်မှုမှာတော့  အနည်းငယ်နည်းပါး၏။ ၈၀%လောက်သာ ရှိလောက်ပါသည်။

လီရွှမ်က ခေါင်းငြိမ့်သည်။ သူသည် ရွှေလက်ချောင်းမှ တန်ပြန်ရရှိလာသည့် အကျိုးအမြတ်များအတွက် အလွန်ကျေနပ်သွား၏။

'ငါမုန့်ချုံကို အခုလောက်ဆို ခန္ဓာကိုယ်ကျင့်ကြံမှုစနစ်ရဲ့ မူလကျင့်စဉ်ကို လက်ဆင့်ကမ်းပေး သင့်ပြီ။ အဲ့ဒါကို သူသာ နားလည်သဘောပေါက်နိုင်ရင် ငါလည်း ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်ရဲ့ မူလအဆင့် ခွန်အားကို  ကြိုပြီးတော့ ရရှိလာနိုင်တယ်..'

ပင်ရင်းသိုင်းပညာစနစ်နှင့် ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်တို့ နှစ်ခုလုံး ပေါင်းစပ်လိုက်ပါက သူ့အနေနှင့် ပိုမိုကြီးမားသည့် အကျိုးအမြတ်တစ်ခုကို လက်ခံရရှိလာမည်လား။

ဗာဂျရာစိန်အရိုးနှင့် ကျောက်စိမ်းအရိုးတို့ ပေါင်းစပ်ကာ မူလစိတ်ဝိဉာဉ်အရိုးသို့ ပြောင်းလဲသွားခြင်း ကဲ့သို့သော ကိစ္စရပ်မျိုး ထပ်မံ ဖြစ်လာမည်လား။

လီရွှမ်မှာ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

ပင်ရင်းသိုင်းပညာစနစ်နှင့် ခန္ဓာကိုယ် ကျင့်ကြံမှု သိုင်းပညာစနစ်.. နှစ်ခုစလုံးသာ မူလအဆင့်သို့ ရောက်ရှိပါက သူ၏ခွန်အားမှာ ကြီးစွာ မြင့်တက်လာမှာ သေချာ၏။

ထို့နောက် စစ်ဘုရင်အဆင့် ၅ယောက်၆ယောက်လောက်၏ ဝိုင်းတိုက်ခြင်းကို ခံရလျှင်တောင် အလွယ်တကူ အနိုင်ယူနိုင်လောက်မှာ ဖြစ်သည်။

သူတို့သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို ချိုးဖြတ်နိုင်ခြင်း မရှိမှာတောင် ဖြစ်နိုင်၏။

ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်ရှိ သေးငယ်သည့် တောင်ကုန်းတစ်ခု၏ အပေါ်တွင် မုန့်ချုံက တင်ပျဉ်ခွေထိုင်နေပြီး ဆေဘာရိုးကို လက်ဖြင့် ကိုင်ထား၏။

ဒီအချိန်၌ သူက လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည့်ပုံ ရှိသည်။ လက်ထဲရှိ‌  ဆေဘာက သူ၏ နှလုံးခုန်သံကို တုန့်ပြန်နေပုံ ပေါ်၏။နှလုံးသားနှင့် ဆေဘာကို ပျိုးထောင်နေပြီး ဖြစ်သည့် ပုံပါ။

ဆေဘာပျိုးထောင်သည့် ဒီအချိန်အတွင်းတွင် မုန့်ချုံတစ်ယောက် လက်ထဲရှိ ဆေဘာ၏ ပြောင်းလဲမှု တစ်ခုကို ရေးတေးတေး ခံစားမိနေ၏။

သို့ပေမယ့် ပြောင်းလဲမှုက မည်သည်ဖြစ်သည်ကို အမှန်တကယ် ရှာမတွေ့နိုင်ဘဲ ဖြစ်နေပါသည်။ သူသည် စိတ်ဆန္ဒကို တောင့်ခံနိုင်ခြင်းမရှိဘဲ သိလိုစိတ်ဖြင့် ဓားကို ဆွဲထုတ်ချင်စိတ်တို့တောင် အကြိမ်ကြိမ် ပေါ်လာခဲ့ဖူး၏။

သို့ပေမယ့် အတင်းပြန်လည် ဖိနှိပ်ထားခဲ့သည်။

'လမ်းတစ်ဝက်မှာ ဆေဘာဓားကို ဆွဲထုတ်တာက ကျရှုံးမှုကို ဖြစ်စေလိမ့်မယ်။ ငါဆွဲထုတ်လို့ မရဘူး..'

မုန့်ချုံက ကျင့်ကြံမှုပြုခြင်းက သူ၏ ဆေဘာနှင့်လည်း ဆက်သွယ်ရန် ကြိုးစားနေပါသည်။ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို နောက်ဆုံးတွင် ပြည့်စုံစွာ တတ်မြောက်သွားပြီး  သူ၏ခွန်အားအဆင့်က ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် မဝေးကွာတော့ပါ။

'မူလအဆင့်ကို မချိုးဖျက်ခင်မှာ ဆေဘာပျိုးထောင်မှု အောင်မြင်ပြီး ဆေဘာဝိဉာဉ် နိုးထလာဖို့ ငါမျှော်လင့်တယ်..'

သူသည် ဆေဘာဝိဉာဉ်ကို ပိုမိုမြန်ဆန်စွာ နိုးထစေနိုင်လေလေ အလားအလာတို့ ပိုမိုအားကောင်းလေ ဖြစ်မှာဖြစ်၏။

ချီနှင့်သွေးအဆင့်တွင် ဆေဘာဝိဉာဉ်အား နိုးထစေခြင်းမှာ မူလအဆင့်တွင် ဆေဘာဝိဉာဉ်အား နိုးထစေခြင်းနှင့် နှိုင်းယှဉ်ပါက ခြားနားချက်တို့ ရှိနေမှာပါ။

ချီနှင့်သွေးအဆင့်တွင် ဆေဘာဝိဉာဉ်အား နိုးထစေနိုင်သည့် သိုင်းပညာရှင် တစ်ယောက်သည် မူလအဆင့်သို့ ရောက်ရှိသွားပါက မူလအဆင့်၌ ဆေဘာဝိဉာဉ်ကို နိုးထစေခဲ့သည့် သိုင်းသမားထက် ပိုမို သန်မာနေမှာ ဖြစ်သည်။

ထို့ကြောင့် မုန့်ချုံအနေနှင့် သူ၏ ချီနှင့်သွေးအဆင့်တွင် ဆေဘာဝိဉာဉ်အား နိုးထစေနိုင်ရန်  မျှော်လင့်၏။

ထိုအခါမှသာ အခြေခံနှင့် အလားအလာတို့က ပိုမိုအားကောင်းလာမှာ ဖြစ်သည်။

ဒီအချိန်၌ သူက  ဆေဘာကို ပျိုးထောင်ရင်းနှင့် ကျင့်ကြံမှုပြုနေပါသည်။ ရုတ်တရက် ဉာဏ်လင်းပွင့်မှုတစ်ခု ပေါ်လာပုံပေါ်၏။

'ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို ကျင့်ကြံမှုမှာ ငါ့ရဲ့နှလုံးသားက နေတစ်စင်းလိုပဲ ဖြစ်လာခဲ့တယ်..'

'ဒီအဓိပ္ပာယ်က ထင်ရှားနေပြီ... ငါ့နှလုံးသားက နေတစ်ခုလို ဖြစ်လာပြီး ကောင်းကင်ကနေနဲ့ ထပ်တူကျလာတဲ့ အကြိမ်တိုင်းမှာ ငါ့ရဲ့ကျင့်ကြံမှု အမြန်နှုန်းက မြန်ဆန်လာပြီး ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကလည်း ပိုပြီးတော့ စွမ်းအားကြီးလာတတ်တယ်..'

'ငါပျိုးထောင်ရမှာလည်း အဲ့လိုအတူတူပဲ များလား။ ငါ့ရဲ့နှလုံးသားထဲက ဆေဘာက လက်ထဲမှာရှိတဲ့ ဆေဘာနဲ့ ထပ်တူကျသွားတာမျိုး...ဒါကမှ ပျိုးထောင်ခြင်းဖြစ်မယ်..'

'ဟုတ်တယ်။ ဒါက စစ်မှန်တဲ့ ပျိုးထောင်မှု ဖြစ်မယ်။ ဆေဘာကို ဒီလိုပျိုးထောင်မှပဲ ဆေဘာဝိဉာဉ်ကို နိုးထလာစေနိုင်မှာ..'

'ဒါပေမယ့် ငါ့လက်ထဲက ဆေဘာနဲ့ ဘယ်လိုမျိုး ထပ်တူကျအောင် လုပ်ရမလဲ..'

မုန့်ချုံက အတွေးနက်သွား၏။

သူက သူ၏ နှလုံးသားထဲရှိ ဆေဘာဟာ မည်ကဲ့သို့ ဖြစ်သည်ကိုပင် သိရှိခြင်းမရှိပေ။

'မလောပါဘူး။ ဆက်ပြီးတော့သာ ကျင့်ကြံနေရင် မဆုပ်မနစ် ကြိုးစားမှုကြောင့် ငါ့လက်ထဲက ဆေဘာနဲ့ တစ်နေ့မှာ ထပ်တူကျလာမှာပဲ...'

All Chapters